by Aung Moe Win on Friday, February 1, 2013 at 1:17am ·
မြောက်ပိုင်းဒေသ
အရိုးတွန်သံများ ရဲ့ အဆင့် (၃) မှာ ကျနော်ပြောခဲ့သလိုပါပဲ
တူရာစုကြလိမ့်မယ် လို့။ အမှန်တရားကို လိုလားသူ၊ ပေါ်ပြူလာလုပ်ချင်သူ၊
မိတ်ဆွေတန်ဘိုးကို နားမလည်သူ၊ တောကျီးကန်းတွေလို
ဆူညံနေသူ--စသည့်ဖြင့်ပေါ့။ အပိုင်း(က) ဒီ လူသတ်မှုကြီးကို ရေးတဲ့အခါ၊ System Dynamics တခုလိုတည်ဆောက်ထားတယ် လို့ ပြောခဲ့ပါတယ်။ အင်ဂျင်နီယာတိုင်းသိတဲ့ဝေါဟာရပါ။
System တခုကို အခိုင်အမာတည်ဆောက် ထားပြီးပြီ ဆိုရင် ဘယ်သူ့မှ
ထွက်လို့မရပါဘူး။အချိန်တန်တော့ လည်ပတ်နေတဲ့အရှိန်အတိုင်း လိုက်လည်ရမယ်။
ခရီးတခုကို ရောက်သွားလိမ့်မယ်။ ဘာကိုမှ ပူနေစရာမလိုပါဘူး၊ တရားမျှတမှု နဲ့
အမှန်တရားဆီကို ရောက်သွားပါလိမ့်မယ်။ ခုတောင် တောကျီးကန်းတချို့ ဝန်ခံကုန်ကြပြီမို့လား။ မြောက်ပိုင်းအရိုးတွန်သံများကို စရေးတုံးက ဒီအချက်တွေဟာ ဖြစ်နိုင်ပါ့မလား။ အစိုးရသတင်းစာထဲက အချက်အလက်တွေမို့လား ဆိုပြီး ဂဏာမငြိမ်အော်ဟစ်နေတဲ့အုပ်စုတွေ၊
ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်၊ လက်ဖြတ်၊ လက်ဝါးကပ်တိုင်မှာ ရိုက်--
သတ်တာတွေ ကို မငြင်းကြတော့ပါလား။ ခုတော့-- ဒီကျောင်းသားတွေဟာ ကျောင်းသား
အစစ်တွေပါလို့ ဝန်ခံပြောကြရတဲ့ အဆင့်ကို ရောက်ခဲ့ကြရပြီ။ ကာယကံရှင်တွေ ရဲ့
မိသားစုတွေ ဓါတ်ပုံအောက်မှာ ထပ်တူထပ်မျှ ဝမ်းနည်းရပါသည် ဆိုတာတွေ
ရေးကြရပြီ။ မရေးလို့လည်း မရတော့ဘူး။ ပြည်တွင်းမှာက ဒီလို အောက်တန်းကျကျ
ရက်စက်ယုတ်မာမှုကြီးကို လက်မှမခံနိုင်ကြတာ။ ဒါပေမဲ့ ထုံးစံအတိုင်း၊
တောကျီးကန်း နဲ့ တစ်တီတူး ဆိုတာ တည်တည်ငြိမ်ငြိမ်၊ စံနစ်တကျ
ရေးတတ်တာမှမဟုတ်တာ။ သူတို့လုပ်မှပဲ နန်းအောင်ထွေးကြည်က အင်မတန်တော်၊
အင်မတန်ထက်နေတဲ့ အမျိုးသမီးတယောက်ဖြစ်နေပြန်တယ်။ ဂျိန်းစဘွန်းရုပ်ရှင်ကို မိန်းမတယောက်က ဦးဆောင်ရိုက်နေသလိုမျိုးဖြစ်နေပြန်တယ်။
နန်းအောင်ထွေးကြည်က သူတို့ပြောသလို တော်လို့လား။ ကျနော်ကတော့ မထင်ပါ။
မြောက်ပိုင်းဒေသမှာ ချာတူးလံချင်း ဘယ်သူက ပိုပြီး ညံ့ခဲ့တယ် ဆိုတာ
ပြနေကြတယ် လို့ပဲ မြင်ပါတယ်။ အပိုင်း(ခ)
နန်းအောင်ထွေးကြည်အပါအဝင်၊ မြောက်ပိုင်းရဲဘော်တွေ ကြုံတွေ့ခဲ့ရတာကို
ကာယကံရှင်တွေရေးကြဖို့ ဒီ အဆင့်မှာ လွှတ်ပေးထားခဲ့ပါတယ်။
နှစ်ဘက်အုပ်စုအမြင်တွေရေးကြပေါ့။၊
ကိုယ့်ကိစ္စမှ မဟုတ်တာ။ အမှားလုပ်ခဲ့သူတွေရှင်းကြပေါ့။ တရားမျှတတဲ့
ပွဲဖြစ်စေရပါမယ် လို့ ပြောထားခဲ့တယ်။ ဒါပေမဲ့ ခင်ရွှေလှိုင်ခင်ဗျာ
ထုံးစံအတိုင်း စာကောင်းကောင်းမရေးတတ်ဘူး။( မြန်မာစာဖြေရင်တော့ ကျမှာ
အသေအချာပဲ) အချက်အလက်တွေက ရှေ့နောက်မညီ၊ တောင်ရောက်မြောက်ရောက် နဲ့။
အရေးထဲ သူက ကိုယ့်နာမည်ကို တ တ နေရှာတယ်။ ကိုယ့်နာမည်ကို တ နေတော့လည်း
မေတ္တာထားသောအားဖြင့် ရေးရတော့မှာပေါ့။ (၁) နေ့သစ်မှာ တင်တဲ့ မဒမ်သံခဲရဲ့ အရင်ဆောင်းပါးတွေမှာတော့- မြောက်ပိုင်းမှာ ကျောင်းသားတွေခုလိုသတ်ခံရတာမဟုတ်ပါဘူး။ ပခုံးလေးပေါ်က အဝတ်လေးတွေကို လျောချပြီးမှ သတ်တာဆို။ အခုဆောင်းပါးတွေကျတော့---ခုလိုနှိပ်စက်သတ်ဖြတ်တာတွေကို၊ နန်းအောင်ထွေးကြည်၊ ကိုအောင်မိုးဝင်း၊ ကိုညီညီကျော်တို့ ရေးမှ သိရပါတယ်တဲ့။ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင်တော့ မကောင်းဘူးပေါ့ တဲ့။ ဖြစ်ရပြန်ပြီ။ အရူးလင်လုပ်ရသလိုမျိုးပါလို့ (၂) တယောက်ချင်းစီ ဘယ်လိုသတ်ခံရတယ် ဆိုတာ ကိုကျော်ခိုင်ရဲ့ အစီရင်ခံစာမှာပါတာပါ။ နန်းအောင်ထွေးကြည်
ရဲ့ အာဘော်တွေချည်းပဲလို့ ပြောရလောက်အောင် - အရိုးတွန်သံများရေးတဲ့အခါ
အစီရင်ခံစာတွေကို မူရင်းလက်ရေးတွေ၊ ဆက်သွယ်ရန် ဖုံးနံပါတ်တွေ နဲ့
ညွှန်းထားခဲ့ပါတယ်။ မဒမ်သံခဲ တယောက် စာဖတ်တတ်အောင်
လေ့ကျင့်စေချင်ပါတယ်။ (၃) ဟုတ်ပြီ။ နန်းအောင်ထွေးကြည်ရဲ့
ရေလှိုင်းစစ်ဆင်ရေးကြောင့်၊ တနွယ်ငင်တစင်ပါဖြစ်ခဲ့ရတယ်။
ကျောင်းသားတွေဖမ်းခံရတယ် ဆိုတော့-- မသိလို့မေးပါရစေအုံး။
ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေကလည်း တော့တော့ကို ဥနှောက်နည်းပြီး စောက်ရူးထတဲ့
ကောင်တွေပါလား လို့ စဉ်းစားမိတော့မယ်။ မိန်းကလေးတယောက်က ပြောသမျှ လိုက်ဖမ်း၊ ညှင်းပမ်းနှိပ်စက်၊ ခေါင်းဖြတ်၊ ခြေဖြတ် လုပ်ခဲ့တယ် ဆိုတော့--- မိန်းကလေးတယောက်ရဲ့ စကားလုံးတွေ၊ လိမ်ညာမှုတွေ ၊ ဇာတ်လမ်းဆင်မှုတွေ အောက်မှာ ပြားပြားမှောက်ခဲ့တဲ့ ကောင်တွေ-- ဘယ်လိုလုပ် စစ်အစိုးကို တော်လှန်ကြမှာလဲ။ ဒီလောက် စဉ်းစားဥာဏ်မရှိတဲ့ကောင်တွေ၊ စောစောစီးစီးအဖွဲ့ဖျက်ပစ်လိုက်တာကမှ ဇာတ်သိမ်းကောင်းအုံးမယ်။ နန်းအောင်ထွေးကြည်က တော်တာလား။ မြောက်ပိုင်းကျောင်းသားခေါင်းဆောင်တွေက ချာတူးလန်တာလား။ ကဲ- ခင်ရွှေလှိုင်ရေ- မစဉ်းစားတတ်ရင် ပရိုတိန်းသာ များများစားပေတော့။ ကျောက်ဆည် ငရုပ်ချည်း အဟုတ်မှတ်မနေနဲ့အုံး။ (၄) ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ဘာလို့ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်တာလဲ။ ပင်လုံစာချုပ် ချုပ်ခဲ့တဲ့အထဲမှာ အဲ့ဒီကျောင်းသားတွေ ရဲ့ မိဘတွေ ပါနေလို့လား။ ဒါမှမဟုတ် ဒီဇာတ်လမ်းကို ဖန်တီးခဲ့ပါတယ် ဆိုတဲ့သူတွေက သတ်ခိုင်းတာလား။
အမိန့်ပေးသူက သံချောင်းလား၊ မျိုးဝင်းလား။ နန်းအောင်ထွေးကြည်လား၊ နောက်ကွယ်က ကေအိုင်အေ လား။ (၅) ရော်နယ်အောင်နိုင် နဲ့ ကိုထွန်းအောင်ကျော်က ညီအကိုလိုချစ်ကြတာ ဆို၊ ဘာလို့ ရော်နယ်အောင်နိုင် က နန်းအောင်ထွေးကြည် ရဲ့ ရေလှိုင်းစစ်ဆင်ရေးဇာတ်လမ်းကြီးကို ယုံသွားပြီး၊ ကိုထွန်းအောင်ကျော်ကို " ဥက္ကဋ္ဌ ၊ ဝန်ခံလိုက်ပါ " ဆိုတဲ့၊ မေးခွန်းတွေ မေးခဲ့ရတာလဲ။ ( စစ်ကြောရေးခွေ ကို ပြန်ကြည့်လိုက်ပါအုံး၊ ကြည့်ရော ကြည့်ဘူးရဲ့လား မဒမ်သံခဲရယ်၊ မကြည့်ဘူးရင် ခုလို မီဒီယာခေတ်မှာ အားလုံးကြည့်လို့ရအောင် အွန်လိုင်းပေါ်တင်ပေးလိုက်ပါ လို့ အစကတည်းက ပြောခဲ့ပါတယ်။ ဒါမှ ဘယ်ဟာအမှန်လဲ၊ ဘယ်ဟာ ဟာသ လဲ ကြည့်ရအောင်လို့ပါ) ရော်နယ်အောင်နိုင်က နောက်ဆုံးအချိန်အထိ၊ ကိုထွန်းအောင်ကျော် တို့ဟာ ထောက်လှမ်းရေးဖြစ်ကြောင်း အင်တာဗျူးတွေမှာ ပြောခဲ့တာမို့လား။ (၆) ကိုညီညီကျော်၊ ကိုရဲလင်း၊ ကိုစိုးလင်း အပါအဝင်၊ လူတွေအားလုံး ဆုံရှင်းကြမဲ့အချိန်ကို စောင့်နေပါတယ် ဆိုတော့ စာလေးလည်းဖတ်၊ သတင်းလေးလည်း နားထောင်ပါအုံး လို့ တိုက်တွန်းပါရစေ တစ်တီတူးရေ။ မြောက်ပိုင်းပြန်တွေက သူတို့ကိုထောက်လှမ်ရေးလို့ စွပ်စွဲထားတဲ့ကိစ္စကိုရှင်းပေးဖို့ အတွက် ပြည်တွင်းထဲကနေ တရားဝင်တောင်းဆိုထားတာ မဖတ်မိဘူးလား။ ဒီလောက်မီဒီယာမှာ ဟိုးလေးတကျော်ပါနေတဲ့ကိစ္စ။ သတ္တိရှိရှိ ဆုံမရှင်းရဲတာက မြောက်ပိုင်းကျောင်းသားခေါင်းဆောင်တွေလေ။ . (၇) " တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ ....." တဲ့ ကဲ-- ကျနော်တို့မှာ ရှိတဲ့စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ မိဘတွေဆီပြပြီး ရှင်းပြမှာပါ။ သူတို့ဟာ တကယ်ထောက်လှမ်းရေးတွေဖြစ်လို့ အပြစ်ပေးလိုက်ရတာပါ လို့ တလျှောက်လုံးပြောလာတဲ့ ABSDF ခေါင်းဆောင်များ-- အကောင်းဆုံးကတော့ ခင်ဗျားတို့သိတ်သေချာနေတဲ့ သက်သေတွေကိုင်ပြီး အမြန်ဆုံး ဆုံရှင်းလိုက်ကြပါ။ အသတ်ခံရတဲ့ မိသားစုတွေက စောင့်နေပါတယ်။ လူအများကြီး သတ်လာတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်စားလှယ်တွေ နဲ့တောင်တွေ့ရဲသေးတာပဲ။ အသတ်ခံရတဲ့ကျောင်းသားတွေရဲ့ မိဘတွေကို ဘာလို့မတွေ့ရဲတာလဲ။ အပိုင်း(ဂ) အချိန်တန်တော့ ဒီကိစ္စတွေက ပြီးသွားပါလိမ့်မယ်။ အိန္ဒိယ ရုပ်ရှင်ဇာတ်ကားကြည့်ရသလို၊ နဟီ -- နဟီ သီချင်းအော်ဆိုပြီး တောင်ကုန်းပေါ်ပြေးသွားလိုက်၊ ဇာတ်လိုက်မင်းသားရင်ခွင်ထဲ ခိုဝင်လိုက်၊ နောက်-- တွန်းလှဲပြီး သီချင်းဆိုလိုက် လုပ်လို့မရပါ။ အချိန်ဆိုတဲ့အရာကို ပေးနိုင်သလောက်ပဲ ပေးကြမှာပါ။ ဖဲတွေပစ်ပေးထားပြီးပြီ။ ဘယ်သူ့လက်ထဲမှာ ဘာဖဲရှိတယ် ဆိုတာလည်း သိပြီးပြီ။ ဘာကို ပူရမှာလဲ။ သေချာတာတခုကတော့- ခင်ရွှေလှိုင်ကို စာပြန်ရေးရတာ တကယ့်ကို ပျင်းဖို့ကောင်းပါတယ်။ သူ့ခင်ဗျာ- နန်းအောင်ထွေးကြည်အပေါ် ဂရုဏာသက်မိတဲ့ ကျနော်နဲ့ ကိုထွန်းအောင်ကျော်ကိုလည်း မကျေမနပ်ဖြစ်နေပုံရတယ်။ ရဲဘော်ဖိုးသံချောင်းဆီက ထောက်ခံချက်ကိုလည်း ယူစေ့ချင်တယ်။ ( သိမ်ငယ်စိတ်တွေ သိတ်မထားစေချင်ပါ) မဒမ်သံခဲရေ- ဥပမာလေးတခုနဲ့ပဲ နိဂုံးချုပ်ပါရစေတော့။ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း နာမည်ကြီးနေတုံးက ၊ ကျနော်တို့ ရပ်ကွက်ထဲမှာ စီးကရက်လက်ကြားညှပ်ပြီး၊ စိတ်ကြီးဝင်နေတဲ့ ခပ်ပျက်ပျက် မိန်းမတယောက်နာမည်ကလည်း ခင်သီတာထွန်း ပဲ။ သူက ဆိုက္ကားဂိတ်မှာ ထိုင်ထိုင်ပြီး၊ လမ်းသွားလမ်းလားတွေ အာရုံစိုက်အောင် လုပ်လေ့ရှိတယ်။ ကိုယ့်အိမ်မှာ လူထု နံမည် နဲ့ ပုံနှိပ်စက်ရှိတိုင်း၊ လူထုဒေါ်အမာရဲ့ လူထု တိုက်လိုလို လူလေးစားခံချင်တယ် ဆိုရင်တော့ ရပ်ကွက်ထဲက ခင်သီတာထွန်းလို ဖြစ်နေပါအုံးမယ်။ ဆိုက္ကားဂိတ်မှာ မထိုင်ပါနဲ့ဗျာ။

No comments:
Post a Comment