Friday, February 1, 2013

" လူတို့ အကြိုက် ဆယ်ခါ လိုက်လည်း မလိုက်တခါ ရှိခဲ့ပါ က ကြီးစွ ရန်သူ စွဲမှတ်ယူ၏ "


 

ထာ ၀ရ တော် လှန် ရေး လုပ် လို ကြ ပါသလား ဟု ပြည်သူ တွေက မေး လာခဲ့ လျှင် တော် လှန် ရေး ကြီး အဓွန့် ရှေပါစေ ဟု အဘယ်သူ မျှ ဖြေကြမည် မထင် ပါ...
 
စစ်မှန်သော ပန်းတိုင် ရောက် ဖို့ ရန် အတွက် လက်တွေ့ ကြ သော ဖ်ြစ်နိုင်သော တော် လှန် ရေး ဖြတ် လမ်း ရှိခဲ့ သည် ဆို လျှင် .. ရာ နှုံး အဘယ်မျှက ဖြတ် လမ်း မှ ယုံကြည် စွာ လိုက်လျှောက်ရန် ဆန္ဒ ရှိပြီး ရာနုံး အဘယ်မျှသော တော် လှန် ရေး သမား များက ကိုယ် လက် ကိုယ် ချေ ကို ယ့် စိတ် ကြိုက် လုပ် ရ မှ ယုံ မည် လိုက် လျှောက်မည် ဟုဆိုကာ ကြာ လျှင် ကြာပါ စေကွာ ဟု ဆို ကာ မူလ ပုံ မှန် အတိုင်း လမ်း ရှည် မှ သွားလို ကြမည် နည်း...
 
နောက် တက်လာသော လူသစ် စစ်ဗိုလ် ချုပ်ကြီး များ က ငါ တို့ အလှည့် ရောက် ကာ မှ ဒီမိကရေစီ ပန်းတိုင်ကြီး ရောက် ခဲ့ လျှင် ရှေး က ဗိုလ် ချုပ် ကြီး များ ကဲ့ သို့  အာဏာ ရစ် မူး ရန် အခွင့် နှင့်  အချိန် မရ လိုက် ကြမည် ငါ တို့ အရေး မပါ အရာ မရောက် ကြတော့ မည် ကို စိုးရိမ် ပြီး ဒီမို ကရေစီ လမ်း ကြောင်း တတ် နိုင်သမျှ နှောင့် နှေး ကြံ့ ကြာ အောင် ဆွဲ ထား လို ကြသော် လည်း ဒီမို ကရေစီ ခေါင်း ဆောင် ကြီး များ တော် လှန်ရေး ခေါင်း ဆောင် ကြီး များ ကတော့  ပြည် သူ တို့ ၏ မြေဇာပင် ဘ၀ ကို အမြန်ဆုံး ကယ်တင် လို ကြမည် ပင် ဖြစ် ပါသည်..
 
ခိုနီ ၊  ခိုပြာ ငှက်တွေ နှင့်  ခွပ်ဒေါင်း ၊ ကဒေါင်း ၊ ဇာမဏီ ၊ ဖီးနိပ် စသည့် ငှက် တို့  သည် တန် ဘိုး ဂုဏ်ရည် မတူ ညီ ကြသည် ကို အား လုံး သိကြပါ သော် လည်း .. တော် လှန်ရေး ကစား ကွက် နှင့်  နိုင် ငံ ရေး ကစား ကွက် သဘောတရားတို့ မတူညီ ပဲ ပရိရယ် ကွဲပြား ကြသည် မှာ လည်း ချက် ထိုး  ပွဲ နှင့် ကျား ထိုး  ပွဲ ကစားကွက် ကွာသလို မျိုး ခပ် ဆင် ဆင် ပေ လား ဟု လူပြိန်း တွေး တွေး မိ ပြန်ပါသည်..
 
ဘဲ အုပ် ကတရာ နှစ် ရာ မဗေဒါ က တပင် ထဲ ဆို သည့် အတိတ် ကာ လ များ တွင် အမျိုးသား ခေါင်းဆောင် လူထု ခေါင်းဆောင် ကို လမိုက် ည ကာလများ တွင် လမင်းကြီးကို မျှော်ခဲ့ ကြ သလို တစာ စာ ရေ ငတ်ခဲ့ ကြရ သည့် ခံစား ချက်များ ၊ ခံစား ဖေါ် ခံစား ဖက်များကိုလည်း ပြန်လည် သတိယမိ နေ ပါသည်..
 
တောင်ဝှေး  လဲ လျှင် ဖိုးသူ တော်ထူနိုင် သော် လည်း ဖိုးသူ တော် လဲ လျှင် တောင် ဝှေး ထူး ပေး ရန် မ လွယ် ကူ ကြောင်း နဖူး တွင် အနီစ ပတ် ကာ သံ ရုံး များ ရှေ့ တွင် အော် ခဲ့ ဘူး ကြ သော သူတိုင်း  သိ ရှိ ခံစား ခဲ့ ကြ ဘူးပါသည်...
 
အင်း.....ဒေါ် စု နေရာ မှာ ငါ သာ ဆို ဘာ လုပ် မလဲ ဆို သည် ကို အစား ၀င် တွေး ကြည့်  ကိုယ်ချင်းစာ ခံစား ကြည့် တိုင်း ...တိုင်း ပြည် နှင့် လူ မျိုး တို့ ၏ နာ တာ ရှည် ဘ၀ ၊  ငိုချင်း ရှည် ည များ စွာ ၏ အဖြေသည် ထင် သလောက် မလွယ် ကူ မှန်း သိရှိ စိတ် မော ခဲ့ ရ ပြီး ကံ ကောင်း ထောက် မ ၍ အသက် မသေ ၊ ဘ၀ မပျက် ခဲ့ ပဲ ယခု လို တတိယ နိုင်ငံ ရောက် ခဲ့ ရသည် မိမိ ကို မိမိ ပင် အား မလို အား မရ ဖြစ် ခဲ့ ပေါင်း များ လှ ပေ ပြီ...
 
မိမိ ကိုယ် တိုင် က ရော ဆင်းရဲသား ပြည် သူ တွေ အတွက် ဘယ် လောက် ဘာတွေ လုပ် ပေးနိုင်သလဲ ဆို သည် ကို တွေး ကြည့် ရင်း ပြည် သူ တို့ ၏ လက်တွေ့ ဘ၀နှင့် ဆန္ဒ ကိုဖြည့် ဆည်းပေး နိုင်သော အုပ်တချပ် သဲ တပွင့်  မှ ငါ ဟုတ် ပါသေး ရဲ့ လား ပြည် သူ တွေက ရော အသိ အမှတ် ပြု ပါ သေး ရဲ့ လား ဟု သုံးသပ် ခဲ့ ဘူးပါသည်..
 
မဟာဗျူဟာ ၊ နည်း ဗျူ ဟာ များ အရ မိမိ တို ပါဝင် တည်ရှိ နေ ကြရ သော အခြေ အနေ အရပ် ရပ် ပေါ် မူတည် ၍ နည်း ပရိရယ် ကြွယ်ဝဖို့ လို လိမ္မာ ပါး နပ်ဖို့ ရောက် ရာ နေရာ မှာ ကြ ရာ တာ ၀န် ကျေပွန် ကြဖို့  စစ် ကြောင်း ခွဲ ချီတက် ကြသလို ၊ လမ်းကြောင်းခွဲ လုပ်ဆောင် ကြ ဖို့ လိုပါတယ် ၊ ငါနှင့် မတူ ငါ့ ရန် သူ ဟု မသိစိတ် မှ ချက်ချင်း ထကြွ ကာ ၊ ပြန်လည် ချေပ အတိုက် အခံ ရေး ပြော ဆို နိမ့် ချလို သော သဘော.. ထား များ သည် ရန် သူ ထောင် ချောက် အတွင်း သို့  ပြန်လည် ၀င် ရောက် နောက် ပြန် ဆွဲ သွားနိုင်ပါသည်။
 
ရန်သူ လက်ထဲ က လက် နှက် မိမိ လက်ထဲ ရောက် မှ ၊ ရန် သူ လက်ထဲ ကဒါး မိမိ ဆီ ရောက် ဖို့  သည် အချို့ သော တိုက်ပွဲ ပုံသန်တန် အခြေ အနေ အခင်း အကျင်း မျိုး တို့ တွင် ရန်သူ ကို အပြီးသတ် အောင် နိုင် ရေး အတွက် မလွဲမသွေ ဖြတ်သန်း ရန်လို သည့် အဆင့် တခု ဖြစ်ပြီး စိတ် လော ၍ မရ ပေ.. တော် လှန် ရေး ခရာတေး အကွက် များ နှင့်   နိုင် ငံ ရေး ဂျူဒို အတွက် များ  လှုပ်ရှား ပုံ ခြင်း မတူ နိုင် ပေ...လာသမျှ တွေ့ သမျှကို အတိုက် အခံ လုပ်မည့် အစား သူ လာရာ လမ်း အတိုင်း အလိုက်သင့်  ဆွဲ ပေး သည့်  ဂျူဒိုနည်း ကို သုံးသင် လျှင် သုံး ရ ပေ မည်... သို့ သော် ရန် သူ နှင့် တိုက် ခိုက် နေချိန် အတွင်း တွင် နောက် တိုက် ကွက် က ဘာ ၊ ဘယ် လို လုပ် လိုက် မှာ ပါ ဟု အား လုံး ချ ပြ လို့ မ ရ နိုင် ပါ ..
 
အချို့ သော နေ ရာ အချို့ သော သူ အချို့ သော အခြေအနေ မျိုး တွင် ထာဝရ ရန် သူ ထာ ၀ ရ မိတ် ဆွေ ဆို တာ မထား သင့်  ပဲ ပူး ပေါင်း ပါ ၀င် အား ဖြည် မူ့ ကို ကြို ဆိုသည့်  သဘော ၊ ငါးကျင်းဆီ နှင့် ငါးကျင်း ကြော်သည့် သဘော ကို နား လည် နိုင်စွမ်း မရှိ လျှင် မလို အပ် ပဲ အား သုံး သုံး နေ သည့်  စစ် မရောက် ခင် မျှား ကုန် ဆိုသလို မျိုး  ဖြစ် သွား နိုင် ပါသည်။
 
သင် ပုံး ချေ ရေး ၊ အမျိုး သား ရင် ကြား စေ့ ရေး ဆို သည့်  နည်း ဗျူ ဟာ အစိတ် အပိုင်း အခန်း ကန်ဏ တွင် အာဂါတ ရား များ ၊ က လဲ့ စား ချေလို မူ့  အစွယ် များ ပေါ် ပေါက် နေ လျှင် နောက် ကြောင်း ပြန် ဆွဲ လို သော သူ တို့ ကို အား ပေး သလို ဖြစ် သွား နိုင် ပြီး  ပန်း တိုင် နှင့် ပို ဝေး သွား နိုင် ပါသည်။ ရန်ငါ စည်း ခွဲခြား သည့် နေရာ တွင် တော် လှန် ရေး ဗျူ ဟာ နှင့်  နိုင် ငံ ရေး ပရိ ရယ် မတူ နိုင် ပေ ။
 ပြည် သူ တို့ ဆန္ဒ နှင့်  ယနေ တိုင်း ပြည် အခြေ အနေ အရပ် ရပ် လို အပ် ချက် များ ကို လည်း ထဲ့ တွက်ဖို့ လိုပါ သည်..
 
ယနေ့  ..အမေရိကန် ၊ ကနေဒါ စသည့်  နိုင်ငံတွေမှာ လည်း ဒီလို ခရိနီတွေ ရှိ ပါတယ် .. ထို ကုမဏီ များတွင် မြန်မာ များ စွာ လုပ် ကိုင် နေ ပါ သဖြင့် နာမည် ထုတ် ဖေါ် မပြော လို တော့ ပေ ၊ ထို သူ တို့ သည် ပြိုင် ဖက် ပါတီ ကြီး နှစ် ခု စလုံးကို အလှူ ငွေ များ စွာ လူ နေ ကြ ပြီး နိုင် ငံ ရေး ကို စီးပွား ရေး ရင်း နှီး မြုတ် နှံ သကဲ့ သို့  လုပ် ဆောင် နေကြ လေ သည် ။ ဒီ အလှူငွေ တွေ ကို ဒီ ပါ တီ က မယူ လျှင် လက် မခံ လျှင် လည်း အခြား ပါ တီ က လက် ခံ ယူ ပြိး ကစား လိုက် လျှင် မိမိ ပါ တီ က မိ အေး နှစ်ခါ နာ ဖြစ် သွား ရုံ မှ အပ အခြား ဘာ အောင် နိုင် အံ နည်း ၊ စိးပွား ရေးသမား က စိးပွား ရေး တွက် တွက် လျှင် နိုင် ငံ ရေး သမားက လည်း နိုင်ငံ ရေး တွက် တွက် ရမည် သာ တည်း ၊ အချစ် နှင့် စစ် တွင် မတရားတာ မရှိ ဘူး ဟု ဆို လျှင် နိုင်ငံ ရေး တိုက် ပွဲ တွင် ကြိုက် ဖဲ ပေါ် လာ လျှင် မဆွဲ ပဲ နေမည် လော..
 
ရှေ့ က ဦးဆောင်တဲ့ သူ ကဦး ဆောင် ၊လုပ်တဲ့ သူက လုပ် ၊ရင်းနှိး ပေးဆပ်တဲ့ သူ က ပေးဆပ် လုပ်နေတဲ့ အချိန် မှာ အချို့ က တော့ တော် လှန် ရေး နိုင် ငံ ရေး လုပ် ဖေါ် ကိုင်ဖက် အနစ် နာ ခံ ဖက် အချင်း ချင်း ကို မိမိတို့ စေခိုင်းထားတဲ့ ဝန်ထမ်း တဦး ကဲ့ သို့ စောင် ကြည့်  နေ ပြီး ...ဒီ ကတိ တွေ ၊ ဒါ တွေ ပြော တာ ဖြစ် သလား ၊ ဟို ဟာ ဆုံး ဖြတ် တာ က မှားတယ် ၊ စသည် ဖြင့်  အခြင်း ခြင်း အတွင်း ပတိပက္ခ ပုံ သန်တန် မျိုး ထက် ပြင်းထန် သော ဝေ ဖန် တိုက်ခိုက် ပုတ်ခတ် မူ့ မျိုး သည် ဟင်္သာ ကိုးသောင်း ပျက် စီး ကြောင်း ၏ လမ်း စ အစ ပေလော...
ကိုယ် နိုင်ရာ ကျရာ တာဝန် ဖက် က လုပ် နေကြ ချိန် တိုက် ပွဲ မပြီး သေး ခင်တွင် ဆုံး ဖြတ် ဝေဖန် ရန် အချိန် စော ပါ သေးသည်။
မိမိ တို့ နှင့် အတူ မရှိတော လျှင် မယုံ တော့ ပဲ  မထောက် ခံ တော့  ပဲ မြင့်  တက်လာ တဲ့ လူတိုင်းကို ဆွဲချဖို့  ၊ တိုက်ခိုက် ဖို့ လုပ် နေလို့ တော့  မဖြစ်ပေ.
 
မိမိ ခေါင်း ဆောင် တင်ထားခဲ့ ဘူးသူ တယောက် ယောက် တက် လာလျှင် ပင် ကျန်သူ အား လုံး က ၀ိုင်းဝန်း တော်လှန် ပြီး  ၊ တော် လှန် သော အရှိန် ရ လာ လေ လေ တွေ့ သမျှ မိမိ သူငယ် ချင်း လုပ်ဖေါ် ကိုင်ဖက် ပါ မကျန် တော်လှန်ရင်း ကွဲကြ ပြဲက ဖြစ် လေ... တော်လှန်ရေး သက်ဆိုး ရည်လေ ၊ ပြည်သူ တိုင်းပြည် ဒုက္ခ ရောက် လေ ဖြစ် ပြီး  ပြည် ပ ရောက် များ အတွင်း မှာ တော့  ပို မို ရှုပ်ထွေး လေ ဖြစ် လာ နိုင်ပါသည်။
 
ကျွန်တေ် တို့ ဘောလုံး ပွဲကြည့် ကြတဲ့ အခါ မိမိ အား ပေး သည့် အသင်း သို့ မဟုတ် ဘောလုံး သမားကို အား ရ ပါးရ အားပေး ရင်း အား မလို အား မရ ဖြစ်မိတာ ဆဲမိတာ အပြစ်တင်မိတာ ကွင်းဘေး ကပတ်ပြေးနေမိတာ တွေကို ဖြစ် နိုင် သော် လည်း  ၊ မိမိ မမေ့ ဖို့ အချက်က တော့  တဖက် အသင်း နှင့်  အကြိပ် အနယ် ယဉ် ပြိုင် နေရဆဲ အ ချိန် ဖြစ် နေသေးတယ် ဆို တာပါပဲ ၊ အဲ.. မိမိ လောင်း ကြေး ဆုံးသွား မှာ မိမိ ရှုံး သွား မှာ စိုးလို့  အား ပေး ပုံ မျိုး နှင့် တော့ မတူ ဘူးပေါ့  ရှံး ရှံး နိုင် နိုင် ဒီအသင်းနှင့်  ဒီ အားကစား သမားကို ချစ် လို့ မြတ်နိုး လို့  အား ပေး ပုံ မျိုး နှင့်  နှစ်အုပ် စု ကွဲ သွား နိုင်ပါသည် ။
 
မိမိ ကိုယ်တိုင် ကွင်း ထဲ ၀င် ကန် ကြည့် မှ အခြေ အနေ အချိန် အခါ အလိုက် အလျှင်းသင့် သလို အရေး ပေါ် ဆုံး ဖြတ် လုပ် ကိုင် သွား ရ ကြောင်း ၊ အား ပေး နေ သည် သရိသတ် ကိုပင် လှည် ကြည့် ရန် အခွင့် အရေး မရ လိုက် ကြောင်း ကိုယ်ချင်းစာ နိုင်လာပါလိမ့် မည်။
 
ကိုယ်ချင်းစာနာ စိတ် ဆိုသည်မှာ သူ့ နေရာမှာဆို ငါ ဘယ်လို လုပ်မလဲ ဆိုသည့် အတွေမျိုး ၀င်ကြည့် ခြင်းပါ ဖြစ်ပါသည် ။ လူ့ အလို နတ် မလိုက်နိုင် ဆို သည့် စကား ပုံကိုလည်း ကြားဘူး ကြ ပါလိမ့် မည် ။ ဤ သို့ ဆို လျှင်  ချီးးမွမ်း ၇ ရက် က့ဲရက် ၇ ရက် ဆို သလို ပဲ ဥပက္ခာ တရား ကို ထား ရ င်း အချိန် ဆိုသည် တရားသူ ကြီး၏ အဆုံ အဖြတ် ကို စောင့် ကြည့် သင့် သည် လော ၊ မွေ မှန် လျှင် တွင်းဝင် ဖြောင့်ြ
 က ပါလိမ့် မည် ။
 
ကျွန်တော် တို့  ၏ မိခင်  တိုင်းသည် ကျွန်တော် တို့ ကို ချစ်သည် မှာ မယုံနိုင်စရာ မရှိသော်လည်း မိမိ သား များ အတွက် ဆုံး ဖြတ်ချက် မှား ခံ သည် များ မပြည့် စုံ ခဲ့ သည် များ ၊ မိမိ မိခင် ကို ပင် အား မလို အား မရ ဖြစ် ခဲ့ ကြ ဘူး သည် များ တွေ့ ကြုံ ခံစား ခဲ့ ကြ ဘူး ပေ လိမ် မည် ။ မိမိ ၏ မိခင် သည် ဖန်ဆင်းရှင် နတ် တပါး ၊ တန်ခိုး ရှင် မဟုတ် သည် ကို သိ နေ ခဲ့ သဖြင့်  မိမိ မိ ခင် ရှံးနိမ့် သွား သည့်  ဖြစ် ခြင်တာတွေ ၊ မိမိ လို အပ် တာ တွေ မစွမ်း ဆောင် ပေး နိုင် ခဲ့ လျှင် တောင် မှ ရိုးသား စွာ နား လည် နိုင်ပါသည် ။ နိုင် လျှင် ငါ့ ကြက် ရှုံးလျှင် ရိုက်ချက်စား မည် ဆိုသည့်  သဘော မှာ သစ္စာ တရား နှင့်  လားလား မျှ ဆန့် ကျင် လျှက် ရှိ ပါ သည်။
 
၂၀၁၅ ရွေးကောက်ပွဲ တွင် မဲကွဲလျှင် ဘာဖြစ် လာနိုင်သလဲ ၊ အများ စု က တော့  ထာ ၀ရ တော် လှန် ရေး မလုပ် ဆောင် လို ကြပါ ၊ ပြန်လည် တည်ဆောက် ရေး ကာ လ အမြန်ဆုံး ရောက်နိုင်လေ နိုင်ငံ ၊ လူမျိုး နှင့် ပြည်သူ တွေ အတွက် အမြန်ကောင်း လေ လေ ပဲ ဖြစ် သည် မဟုတ် ပါလော..
 
ဒီမိုကရေစီ တောင် ထိပ် သို့ တက် နေကြသော ကျွန်တော် တို့ အား လုံးတွင် မိမိတို့ အထဲ မှ စိတ်ချရသူ တဦး ဦး က တောင်ထိပ် သို့ ကြို ရောက် နေ နှင့် လျှင် မိမိတို့ အား လုံးအတွက်  ပို မို ဖြစ် နိုင် ခြေ များလာပါသည် ။
 
ကျွန်ုပ်တို့ ငယ်ငယ်တုံးက စစ်တိုက်တမ်း ကစား ခဲ့ ကြဘူး စဉ် တွင် .... ( ၁ ) နေရာ ယူ ( ၂ ) အသင့် ပြင် ( ၃ ) မောင်းတင် ( ၄ ) ပြစ်နိုင်ပြီ ဟု ဆို ပြီး ကစား ခဲ့ ကြဘူးပါသည် ။ မိမိ သင့် တော် ရာ ဖြစ် နိုင်ရာ နေ ရာ အသီး သီး တွင် နေယာ ယူ ထား ကြပါ ။ ပြစ် တော့ ဟု ဆို လျှင် အဘယ် နေရာကို ပြစ် ရမည် ကို ကျွန်ုတို့ အား လုံး သိပါသည်..
 
 ဘဲအုပ်က တရာ နှစ်ရာ မဗေဒါ က တပင်ထဲ ဆိုသည် ... ကာလ ၊ ခံစား ချက် များကို လည်း ကျွန်တော် တို့ မေ့ ကြ ဦး မည် မထင် ပါ...
 
 ဦး ဆောင် နေကြ သော တော် လှန် ရေး သမား တို့ သည် ..မိမိ သိ လျှင် ပင် .ပြည်သူ တွေ ထင် ရောင် ထင် မှား ဖြစ် အောင် ဝေ ၀ါး သွား အောင် တော့ မလုပ် သင့် သေး ပေ
 
ရပ်ကွက်ထဲ တွင် သူခိုးကို မိသောအခါ ဆွမ်းကြီး ၀ိုင်းလောင်းကြသော သူ အုပ် အများ စု နှင့် အတူ ၀င်ရောက် လက်စွမ်း ပြ လို သူ က များတပ် ပါသည် ။ ဘာခိုးတာ လဲ ၊ ဘယ်လို ဖြစ်တာလဲ ၊တော် ကြပါတော့ ကွာ ဟု ၀င် ရောက့် ဟန့် တား ရဲ သောသူ နည်း ပါး သည် မှာ မိမိ ကို ပြန်လည် ဦး တည် တိုက်ခိုက် လာ မှာကို ကြောက် ကြ သော ကြောင့် ပေလော...
 
  • လူတို့ အကြိုက် ဆယ်ခါ လိုက်လည်း မလိုက်တခါ ရှိခဲ့ပါ က ကြီးစွ ရန်သူ စွဲမှတ်ယူ၏ "
  • လူ့ အကြိုက် လိုက် မဆုံး
  • သကြားမင်း ကျွဲ ယောင်ဆောင် ပြီး ဆင်လာလျှင်တောင် မှ ကိုယ်မဲသလေး ဂျိုပြဲ သလေး ဟု ဆို ကြဦး မည် လော
  • ကိုယ် မျက်ချေး ကိုယ် မမြင် သူ များ မျက်ချေး သာ မြင်သည် ဆို ကြ ဘူးပါသည်
 
ပြည် သူ တွေ အတွက် တော်လှန် ရေး အဒွန့်  မရှည် ပါစေ နှင့် ဟု ဆန္ဒ ပြုရင်း...
 
 
ဖေ့ ဘုတ်များ ၊ blogs များ မှ စု စည်း ၍ ...


No comments: