Monday, February 4, 2013

အေဘီအက်စ်ဒီအက်ဖ်ကို တိုက်ခိုက်နေသည်။ သတိထားကြ။


by Moethee Zun on Monday, February 4, 2013 at 8:55pm ·
အေဘီအက်စ်ဒီအက်ဖ်ကို လူယုတ်မာတွေ
အစီအစဉ်ရှိရှိနဲ့ တိုက်ခိုက်နေတယ်။


ညီငယ်ညီမငယ်တို့  တော်လှန်ရေးသတိရှိပါ။

တော်လှန်ရေးရဲ့ သဘာဝ ၊ နိင်ငံရေးလှုပ်ရှားမှုရဲ့သဘာဝ ဟာ ပန်းခင်းလမ်းမဟုတ်ဘူး။ လှုပ်ရှားမှုတွေ၊ရုမ်းကန်မှုတွေ ရှိတယ်။
သူယုတ်မာတွေရှိတယ်။ သူတော်ကောင်းတွေရှိတယ်။ သူရဲကောင်းတွေရှိတယ်။
သူရဲဘော်ကြောင်တွေရှိတယ်။ အလားတူပဲ ခွေး အ တွေ လို အူ နေတဲ့ သူတွေလဲရှိတယ်။ လ ဒ တွေ ပဲ သူများရဲ့ အပုတ် မှာ အသက်မွေးဝမ်းကြောင်းနေတဲ့သူတွေရှိတယ်။

ငါ ရှင်တို့  ငါကို ပြောစမ်း။ ဘယ်တော်လှန်ရေး မှာ မကွဲကြတာ၊ မပြဲကြာတရှိသလဲ။ ငါ့ရှင်တို့  ငါကို ပြောစမ်း။

မသိသေးဘူးဆိုရင်တော့ လေ့လာကြဖို့ တိုက်တွန်းလိုတယ်။
ဒါအာဏာလုတာမဟုတ်။ ပေါ်လစီရေးရာကိစတွေမှာ ရပ်တည်ချက်နဲ့နည်းနာတွေမှာ အဆင့်တိုင်းမှာ အခြေအတင်တွေ ငြင်းခုန်တာတွေ သဘောထားကွဲတာတွေရှိနေမှာဖြစ်တယ်။

လွတ်လပ်ရေးကြိုးပန်းမှုကာလမှာ ဘယ်နှစ်ဖွဲ့  ဖွဲ့ ခဲ့ရတယ် သင့်တို့ သိပါလား။
ဂျီစီဘီအေ ၊ ၀ိုင်အမ်ဘီအေ၊ ဒို့ ဗမာအစည်းအရုံး၊ ဖဆပလသမိုင်းတွေဟာ
ချောမွေ့ ခဲ့တယ်လို့ သင်တို့ ထင်ပါသလား။


ဒီကနေ သင်တို့ တွေ့ နေရ တဲ့ ကေအင်ယူ ၊ ကေအိုင်အို ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေဟာ ပါတီတွင်းတိုက်ပွဲတွေကို ဘယ်လို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သင်တို့ သိပါရဲ့ လား ။

စစ်အုပ်စုအတွင်းမှာ ဖြစ်နေတဲ့ အပြောင်းလဲတွေ၊ အတွင်းကျိတ်တိုက်ပွဲတွေဟာ
သူအလိုလိုဖြစ်နေတယ်လို့ သင်ယူဆနေသလား။

ဟုတ်တယ်။ အဖွဲ့ စည်း တခုဖြစ်လာရင် အားပြိုင်မှုရှိကိုရှိရမယ်။
အားပြိုင်မှုမရှိရင် ဒီမိုကရေစီမရှိလို့ ပွင့်လင်းမှု မရှိကြလို့ ပဲ။

အမေရိကန် ရွေးကောက်ပွဲကာလာ အခြေအတင်ဆွေးနွေးမှုတွေကို သင်နားထောင်ဘူးပါသလား။

ဒီနေ့  သူများတွေ တိုက်ပွဲအကြောင်းကို ဟာသ လုပ်တာဟာ တနည်းအားဖြင့်
ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့  အခက်ခဲဆုံးအကြမ်းတမ်းဆုံး အပိုင်း ကို သင် မပါခဲ့ဘူးဘူးဆိုတာ ကို ၀ံခံလိုက်တာပဲဖြစ်တယ်။

ဒါမှမဟုတ် သင့်ရဲ့  ညဏ်ရည်ညဏ်သွေး ချွတ်ခြုံကျမှုကို သင်ဝံခံနေတာဖြစ်တယ်။

ငါဒို့ သည် တသွေးတသံတမိန့်  လူအဖွဲ့ စည်း (  Monolithic  Society )  တည်ထောင်ဖို့  တိုက်ပွဲဝင်နေခြင်းမဟုတ်။
ငါဒို့ သည်  အသွေးရောင်စုံတဲ့  ဒီမိုကရက်တစ် လူအဖွဲ့  အတွက်တိုက်ပွဲနေခြင်းဖြစ်တယ်။မတူကွဲပြားမှုတွေကို
ပညာရှိတွေက အခြေတင်ငြင်းခုန်မှု လို မြင်နေချိန်၊လူပိန်း တွေအဖို့ တော့ ဒါကို အကွဲပြဲလို့ မြင်တာသိပ်မဆန်းပါဘူး။


အေး ငါတခုတော့ပြောမယ်။ သမိုင်းမှာအဖွဲ့ တွေကွဲခဲ့ကြတယ်။
ဒါပေမဲ့ ပြန်ပေါင်းလို့ ရခဲ့တာ အေဘီအက်စ်ဒီအက်တခုပဲရှိတယ်။

အေဘီအက်စ်ဒီအက်ခေါင်းဆောင်တွေဟာ စစ်သွေးကြွတွေ၊ မျက်ကန်းမျိုးချစ်တွေ မဟုတ်ဘူး။ အမြင်ကျယ်တဲ့သူတွေ၊ ပညာတတ်တဲ့သူတွေပါ။ အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်တွေဟာ
စစ်တိုက်တတ်တဲ့ တပ်မှုးတွေကို ပဲ မွေးထုတ်ပေးနေတာမဟုတ်ဘူး။

လူမှုရေး၊ သံတမန်ရေး နဲ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်
ပညာတတ်ခေါင်းဆောင်တွေ အများကြီးကို မွေးထုတ်ပေးခဲ့ပါတယ်။

အေဘီအက်စ်ဒီအက်ဖ်ကို စိတ်ဝင်စားရင် အေဘီရှိရာကိုလာပြီး ကိုယ်တိုင်လေ့လာ
နိင်ပါတယ်။

အမိမြေလွတ်မြောက်ရေးပတွက် အေဘီအက်စ်ဒီအက် စစ်ရေး၊ ပြည်တွင်းလှုပ်ရှားမှု၊ သံတမန်ရေး
နိင်ငံရေးကြိုးပန်းဆောင်ရွက်မှု တွေကို နယ်သာလန်နိင်ငံက Social Museum မှာ မှတ်တမ်းတွေ ကိုသိမ်းဆည်းထားပါတယ်။

တိုင်းပြည်လွတ်မြောက်သွားရင် ရန်ကုန်တက္ကသိုလ်ကို တမူ လျူဒန်းမှာပါ။
လေ့လာနိင်ပါတယ်။ ဒီကြားထဲမှာလေ့လာခြင်ရင်လဲ ဆက်သွယ်ပါ လိုက်ပို့ ပေးပါမယ်။



မိုးသီးဇွန်


အေဘီအက်စ်ဒီအက်ဖ်ကို တိုက်ခိုက်နေသည်။ သတိထားကြ။



ပြန့်ကျဲနေသော အပိုင်းအစများ
------------------------------
-------
ဒီနေ့ ကျမတို့မြစ်မခရဲ့ သတင်းအယ်ဒီတာ တယောက်က ပလပ်စတစ်အကြည်ရောင်နဲ့ဖုံးထားတဲ
့ စာအုပ်သစ်လေး တအုပ်ကို ကျမ ဖတ်ဖို့ဆိုပြီး ပေးလာခဲ့တယ်။
ကြည့်လိုက်တော့ 88 တောခိုကျောင်းသားများ ထိုင်းမြန်မာနယ်စပ် ABSDF သေ့ဘောဘိုး စခန်းဖြစ်ရပ်မှန်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ပါ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာ ထုတ်ဝေဖြန့်ချိတယ်။

ABSDF ဆိုတော့ကျမ စိတ်ဝင်စားသွားတယ်။ပြီးတော့သူ့ရဲ့ ကျမအပေါ် ထားတဲ့ စေတနာကို အသိအမှတ်အပြုသလို၊ သူဝယ်လာတဲ့စာအုပ်သစ်လေး သူလည်း ဖတ်ချင်လိမ့်မယ်ဆိုတဲ့ စိတ်နဲ့ ဒီနေ့ညပဲ ပြီးအောင်ဖတ်သင့်တယ်လို့ စိတ်ကူးပြီး ညပိုင်း သတင်းအလုပ်ပြီးချိန်ကနေ ခုချိန်ထိ တထိုင်တည်းနဲ့ ပြီးအောင် ဖတ်ဖြစ်ပါတယ်။

စာရေးသူက မိုးတိမ်(သေ့ဘောဘိုး) လို့ပါရှိပါတယ်။
သေ့ဘောဘိုးစခန်းက ကျမတို့ ကျောင်းသားတွေရဲ့ တောတွင်းဒုက္ခ
္ခတွေကို သူနဲ့အတူ ကျမ ခံစားနားလည်ရပါတယ်။

ပြီးတော့ ဗဟိုကော်မတီရဲ့ ဥက္ကဋ္ဌ လုကြတဲ့ မိုးသီးဇွန်းနဲ့ ဒေါက်တာနိုင်အောင်တို့ရဲ့ တိုက်ပွဲ အကြောင်း။

ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အကြောင်းတွေနဲ့ ကျောင်သားတွေရဲ့ အခက်အခဲပြဿနာတွေကို သိခွင့်ရတယ်။

စာအုပ်ကို ဖတ်ပြီးတော့ ကျမ ABSDF မြောက်ပိုင်းကိစ္စကို စပြီး စိတ်ဝင်စားမိရာကနေ ဆက်ပြီး စိတ်ဝင်စားမိသွားတဲ့ ကိစ္စတွေက အများကြီးဖြစ်လာတယ်။

တောင်ပိုင်း ကိစ္စတွေမှာလည်း စိတ်ဝင်စားစရာတွေ အပြည့်ဖြစ်နေတယ် ပြီးတော့ အခြား စခန်းတွေမှာရော ဆိုပြီး ဆက်စဉ်းစားစရာတွေ ပြည့်နေတယ်။

မိတ်ဆွေတို့ရေ... ကျမ မသိသေးတာတွေက အများကြီးပဲ၊ ကျမ ဆက်ပြီး မေးမြန်းရဦးမှာကလည်း အများကြီးပါပဲလား။

ဒေါက်တာ နိုင်အောင်ပြီးရင် မိုးသီးဇွန်အပါအ၀င် ကျန်ရဲဘော်တွေ ဖြစ်နိုင်ရင် စခန်း ၁၉ ခုလုံးက ရဲဘော်တွေနဲ့ တွေ့ပြီး မေးချင်လာတယ်။

ကျမမှာ သိချင်တာတွေ များနေပြီ။ ကျမ ဆက်ပြီး မေးရတော့မယ် ရေးရတော့မယ် ထင်ပါရဲ့။
ကျမ ရေးချင်ပါတယ်၊ တတ်နိုင်တဲ့သူများ ကူညီပေးကြပါဦး။

မေသင်္ကြန်ဟိန်(မြစ်မခ)

 

 

 

 

No comments: