Monday, February 11, 2013

Security warnings for suspected state-sponsored attacks

ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး Eleven Media နဲ့ The Voice Weekly အပါအဝင် ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာတွေကို ဟက်ကာတွေရဲ့ တိုက်ခိုက်ခံရတဲ့အပြင် သမ္မတရုံးဝဘ်ဆိုက်ဒ်ကိုပါ DDos နဲ့ တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် အင်တာနက်လုံခြုံရေးနဲ့ပတ်သက်ပြီး နည်းပညာကျွမ်းကျင်သူတွေနဲ့ကာကွယ်မှုတွေ တိုးလာသလို ဒီလိုတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်နိုင်သလဲဆိုတာ သတင်းမီဒီယာတွေကြား မေးခွန်းထုတ်စရာတွေဖြစ်လာနေခဲ့ပါတယ်။ ဒီရက်အပိုင်းမှာလည်း မြန်မာပြည်တွင်းက သတင်းမီဒီယာသမားတွေရဲ့ Gmail တွေကို ခိုးယူခံနေရတဲ့အပြင် The Voice Weekly ပိုင် ဂျီမေးလ်အခိုးခံရပြီး သူတို့ရဲ့ Facebook ကိုပါ Hackers တွေက အပိုင်စီးထားခဲ့ပါတယ်။ အမေရိကန် အခြေစိုက် အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Google က သူ့ရဲ့ အီးမေးလ်တွေကို အသုံးပြုနေကြတဲ့ မြန်မာနိုင်ငံတွင်းကလူတွေအားလုံးဆီကို State Sponsor Attack အဖြစ် တိုက်ခိုက်ခံရနိုင်ချေ ရှိတဲ့အပေါ် သတိထားဖို့ ဆော်သြစာတွေပို့နေပါတယ်တဲ့ ခင်ဗျာ။

ဒီအကြောင်း VOA က ညပိုင်း ၉း၀၀-၁၀း၀၀ ရေဒီယိုသတင်း ကို ကျနော် နားထောင်ပြီး တိုက်ရိုက် ကာ ဖြန့်ဝေပေးလိုက်ပါတယ်။
------------------------------------------------------------------------------------
https://www.facebook.com/photo.php?fbid=10152562643885788&set=a.197492240787.257386.729135787&type=1&theater
Photo
ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး Eleven Media နဲ့ The Voice Weekly အပါအဝင် ပြည်တွင်းသတင...Continue Readingရင်ထဲငြိလာသော ဓါတ်ပုံများ


သတင်းထောက်တွေရဲ့ Gmail ဖောက်ဖို့ ကြိုးစားမှုနဲ့ မပတ်သက်ကြောင်း အစိုးရ ငြင်းဆို

2013-02-11
မြန်မာနိုင်ငံအကြောင်း သတင်း၊ ဆောင်းပါးတွေရေးနေ ကြတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေရဲ့ Gmail တွေထဲကို ဝင်ရောက်ထိုးဖေါက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ မပတ်သက်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆိုခဲ့ပါတယ်။
ကမ္ဘာတဝှမ်း အသုံးများတဲ့ Google သတင်းအချက်အလက်ရှာဖွေရေး အင်တာနက် စာမျက်နှာရဲ့ အီးမေးကို အသုံးပြုသူ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်တွေရဲ့ ကွန်ပြူတာတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တိုက်ခိုက်ဖို့ ကြိုးစားခံခဲ့ရကြောင်း Google က သတိပေးခဲ့ပါတယ်။
ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ သင့်ရဲ့ကွန်ပျူတာ သို့မဟုတ် သင့်ရဲ့အကောင့်ကို အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်ရယူဖို့ ကြိုးစားနေပုံရတယ် ဆိုတဲ့ သတိပေးစာ ပေါ်လာတယ်လို့ ဆိုပါတယ်။
ဒီသတိပေးစာပေးပို့ကြောင်း Google ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taj Meadows က အတည်ပြုပြောဆိုခဲ့သလို၊ သတင်းထောက် ၁၂ ယောက်လောက်ကလည်း ဒီသတိပေးစာ ရရှိတဲ့အတွက် သူတို့ရဲ့ ကွန်ပျူတာ စကားဝှက်တွေကို ပြောင်းလဲခဲ့ကြရတယ်လို့ ပြောကြပါတယ်။
အဲဒီထဲမှာ ပြည်တွင်းက အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာ၊ ကျိုဒို သတင်းထောက်တွေ၊ The Voice နဲ့ Eleven ဂျာနယ်၊ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက် ဘာတေးလစ်တနာ တို့အပြင် တခြားနိုင်ငံတွေက သတင်းထောက်တွေလည်း ပါဝင်ကြပါတယ်။
Google က အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေလို့ ဆိုပေမဲ့  ဘယ်အစိုးရဆိုတာ တိတိကျကျမပြောခဲ့ပါဘူး။ မြန်မာအစိုးရ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ကတော့ Google အနေနဲ့ ဒီကိစ္စအတွက် တာဝန်ရှိသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်ပြောဆိုဖို့လိုကြောင်း၊ အခုလို အစိုးရ ကျောထောက်နောက်ခံပြုလို့ ဝေဝေဝါးဝါးပြောဆိုတာဟာ မိမိတို့အစိုးရကို ထိခိုက်ကြောင်း၊ အစိုးရမှာ ဒီမူဝါဒမရှိကြောင်း ပြောကြားလိုက်ပြီး၊ သူရဲ့ Gmail မှာလည်း ဒီသတိပေးစာရရှိကြောင်း Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ လကလည်း အမေရိကန်ပြည်ထောင်စုက အဓိကရ သတင်းမီဒီယာကြီးတွေဖြစ်တဲ့ The New York Times နဲ့ The Wall Street သတင်းစာတွေရဲ့ ကွန်ပျူတာကွန်ရက်တွေဟာ တရုတ်ပြည်က လာတယ်လို့ယူဆရတဲ့ အင်တာနက် ထိုးဖေါက်တိုက်ခိုက်မှုခံခဲ့ရပါတယ်။ တရုတ်အစိုးရကတော့ ဒီကိစ္စနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

No comments: