Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

Tuesday, October 8, 2013

NLD ၏ပြည်သူများသိရှိစေရန် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်

----- Forwarded Message ----- From: Myo Min
NLD ၏ပြည်သူများသိရှိစေရန် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်
------------------------------------------------------------------------

၁ ။ နိုင်ငံတော်၏ အခြေခံမူများတွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု
အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် "
ဟုချမှတ်ထားခြင်း ။ ။ ပုဒ်မ - ၆ (စ)

၂ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် " စစ်ရေးအမြင်ရှိရမည် "
ဟူသော အချက်ကို ထည့်သွင်းထားခြင်း ။ ။ ပုဒ်မ ၅၉ (ဃ )

၃။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့်
ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း ။
ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)

၎ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ်
ခန်.အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု
သတ်မှတ်ထားပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက်
ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် )
နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊၁၆၁ (ဃ )

၅ ။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျင်းပြီး
ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက
ရယူခြင်း ။ ။ ပုဒ်မ - ၂၃၂ (ခ) (၂ )

၆ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား
ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။ ပုဒ်မ - ၂၃၂ (ဃ)

၇ ။ ရာထူးမှနုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှင်
နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
ပုဒ်မ - ၂၃၅ ( ဂ ) ( ၂ )

၈ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော်သားများ ပါဝင်နေခြင်း ။ ။ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ )
ပုဒ်မ - ၂၆၄ ( ခ ) ( ၁ ) ( ၂ )

၉ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့် ဖွဲ.စည်းထားရာ
ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊
စုစုပေါင်း ( ၆ ) ဦးတို့ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း ။ ပုဒ်မ - ၂၀၁

၁၀ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း ။

၁၁ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း ။ ပုဒ်မ - ၃၃၈

၁၂ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်မျာညးနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း

၁၃ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး
၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၄၃၆

၁၄ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန်မပြီးပြတ်သေးကြောင်း အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။
ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လပေးနိုင်သည် ။ နှစ်ကြိမ်ထိပေးပိုင်ခွင့်
ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ်ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။
ပုဒ်မ - ၄၂၁ (ခ ) ၄၂၅

စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော
ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ်ရေးဆွဲထားသည်ကို တွေ.ရသည် ။

ဗဟိုအလုပ်မှုဆောင်အဖွဲ.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။
--------------------------
မှတ်ချက်။ ကိုကြည်ဝင်း၏ဖေ့စဘုတ်မှကူးယူဖေါ်ပြပါတယ်။
----------------end of message------------------------------

Thursday, October 3, 2013

EITI အစည်းအဝေး ထုတ်ပြန် ကြေညာချက်

EITI အစည်းအဝေး Strand Hotel တွင် ၃ ရက် တိတိ ဆွေးနွေးပြီး ယနေ့ထုတ်ပြန်လိုက်သည့် ကြေညာချက်

အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ သဘောထားကြေညာချက်
နေ့စွဲ: ၃.၁၀.၂၀၁၃

သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ခြင်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အရပ်ဖက် လူမှုအဖွဲ့အစည်းများက ဦးဆောင်၍ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ နိုင်ငံတစ်ဝန်းလုံးမှ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ဆောင် လျက်ရှိသော အရပ်ဖက် လူမှုအဖွဲ့အစည်း (၁၃၆) မှ ကိုယ်စားလှယ်များ တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသော သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ခြင်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ဝင်ဖြစ်လာရေးဆောင်ရွက်နေမှုကို ယေဘုယျအားဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် အရပ်ဖက်လူမှုအဖွဲ့အစည်းများက အသိအမှတ်ပြုပါသည်။ သို့သော် အီးအိုင်တီအိုင် အဖွဲ့ဝင်အဖြစ် လျှောက်ထားရေးအတွက် လိုအပ်သော သုံးပွင့်ဆိုင် ညွှန်ပေါင်းအဖွဲ့ ဖွဲ့စည်းရာတွင် အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးနှင့် ပတ်သက်၍ အောက်ပါတောင်းဆိုချက်များကို နိုင်ငံတော်အစိုးရက တိကျစွာ တာဝန်ခံဆောင်ရွက်မှသာလျှင် ဖြစ်နိုင်မည်။

(က) (EITI 2013 Standard) ၂၀၁၃ အီးအိုင်တီအိုင် စံသတ်မှတ်ချက် တွင် ဖော်ပြပါ ရှိသည့်အတိုင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ လွတ်လပ်စွာ ပြောဆိုစည်းရုံး၊ တင်ပြဆွေးနွေး၊ ပြန်ကြားဆက်သွယ်နိုင်ခွင့် ကတိကဝတ်ကို နိုင်ငံတော်အစိုးရက တရားဝင် ကြေညာချက်ထုတ်ပြန်ပေးရန်။ (နောက်ဆက်တွဲတွင်ပူးတွဲပါရှိပါသည်။)

(ခ) အီးအိုင်တီအိုင် စံသတ်မှတ်ချက်တွင် ဖော်ပြထားသည့်အတိုင်း သဘာဝသယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာ အကြောင်းအရာများကို တရားဝင်တင်ပြဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင် ဒေသဆိုင်ရာ အစိုးရအဖွဲ့၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများပါဝင်သော အစည်းအဝေး များကို (၄) လတစ်ကြိမ် ဆောင်ရွက်ခွင့်ပြုရန်နှင့် အစည်းအဝေးအတွင်း ဆွေးနွေးချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တာဝန်ယူဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေတို့ကို ပုံမှန်ထုတ်ပြန် ကြေညာရန်။

(ဂ) အီးအိုင်တီအိုင် စံသတ်မှတ်ချက်အရ အရပ်ဖက်လူမှုအဖွဲ့အစည်းများက လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ရေးအတွက် အဟန့်အတား၊ အကန့်အသတ်ဖြစ်နေသော ဥပဒေများ ဥပမာ - ပုဒ်မ (၁၈)၊ ပုဒ်မ (၁၄၄)၊ ရပ်/ကျေး(၂၆)၊ အရပ်ဖက်လူမှုအဖွဲ့အစည်းဆိုင်ရာ ဥပဒေ၊ မီဒီယာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ အစရှိသည်တို့ကို အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး၍ အလျင်အမြန် ပြုပြင်ပေးရန်။

(ဃ) လက်ရှိအချိန်တွင် မိမိတို့ယုံကြည်ချက်ကြောင့် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်းနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် ဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများအား အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းအကျဉ်းချ ထားမှုများ ရှိနေပါသည်။ ၎င်းတို့အား ခြွင်းချက်မရှိ အလျင်အမြန် လွှတ်ပေးရန်။

ဤကြေညာချက်ပါ ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက အရပ်ဖက် လူမှုအဖွဲ့အစည်းများက လက်ရှိအစိုးရ၏ အီးအိုင်တီအိုင်အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထား ဆောင်ရွက် နေသည့်အပေါ် ပူးပေါင်း ဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် နိုင်ငံတကာအီးအိုင်တီအိုင် အတွင်းရေးမှူးရုံးသို့လည်း အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ သဘောထားကို ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ဤကြေညာချက်ပါ အချက်အလက်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြန်ကြားဆက်သွယ် ဆောင်ရွက်သွားနိုင်ရန် ပြည်နယ်နှင့် တိုင်းအလိုက် တာဝန်ခံ ကိုယ်စားလှယ်များကိုလည်း အောက်ပါအတိုင်း ယာယီဖွဲ့စည်းလိုက်သည်။

အရပ်ဖက်လူမှုအဖွဲ့အစည်း အီးအိုင်တီအိုင် ဖော်ဆောင်ရေးဦးဆောင်အဖွဲ့ (ယာယီ)

စဉ် အမည် အဖွဲ့ ပြည်နယ်/တိုင်းဒေသကြီး
၁ ဦးထက်ဦးကျော် အစိမ်းရောင်အသံ ပဲခူးတိုင်း
၂ ဦးငြိမ်းချမ်းဝေ အစိမ်းရောင်မျိုးဆက် ပဲခူးတိုင်း
၃ ကိုမိုး မျိုးဆက်သစ် (ရှမ်းပြည်) ရှမ်းပြည်နယ် (တောင်ပိုင်း)
၎ ကိုအိန္ဒ Community Sustainable Development Center ရှမ်းပြည်နယ် (တောင်ပိုင်း)
၅ ဦးကျော်ဝေ စိမ်းရောင်စို ရှမ်းပြည်နယ် (မြောက်ပိုင်း)
၆ မိုင်းနေဝင်း Ta’ aung Youth Association (Lashio) ရှမ်းပြည်နယ် (မြောက်ပိုင်း)
၇ ဦးတင်သစ် စိမ်းရောင်စို မန္တလေး
၈ ဒေါ်ရွယ်ဆိုင်နူး အထက်မြန်မာပြည် ရှေ့နေကွန်ယက် မန္တလေး
၉ ဦးဟိန်းရာဇာ Myanmar Buddhist Youth Development & Justice မန္တလေး
၁၀ ဒေါ်မိုးမြင့်သန္တာ ဒုတိယရေသောက်မြစ် မန္တလေး
၁၁ ဦးခိုင်ကောင်းစံ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ရခိုင်
၁၂ ဦးစံတင် ကျောက်ဖြူလူမှုကွန်ယက် ရခိုင်
၁၃ နိုင်မြင့်နိုင် Human Right Foundation of Mon Land မွန်
၁၄ မင်းအောင်ဇေ ရာမညငြိမ်းချမ်းရေးဖောင်ဒေးရှင်း(မော်လမြိုင်) မွန်
၁၅ ဦးမျိုးမြင့်ဦး Green Network မကွေး
၁၆ ဦးအောင်ကျော်ကျော် မြစ်ကွေ့ဧရာ လူမှုကွန်ယက် မကွေး
၁၇ ဦးသန့်ဇင် AWDO(Ayarwaddy West Development Organization) မကွေး
၁၈ ဦးကျော်ငြိမ်း Green Future မကွေး
၁၉ ဦးကျင်ခန့်လျန် အရုဏ်ဦးလူမှုဖွံ့ဖြိုးရေးအသင်း ချင်း
၂၀ Andrew Thatuang Chinland Natural Resources Watch Group (CNRWG) ချင်း
၂၁ ဒေါ်မီမီထွန်း မျိုးဆက်သစ် (ဝန်းသို) စစ်ကိုင်း
၂၂ ဦးကျော်မင်းထွဋ် သူရိယစန္ဒာ စစ်ကိုင်း
၂၃ ဦးရဲရင့်ကျော် နဒီချင်းတွင်း စစ်ကိုင်း
၂၄ ဦးရှမ်းမော် Naga Baptist Convention နာဂ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)
၂၅ ဦးစောနွဲ့ဆားတော် နမ့်ကျိုပရဟိတ ဖောင်ဒေးရှင်း (ရှမ်းစာပေ) ကချင်
၂၆ ဦးမုန်ဒန် Humanity Institute & Kachin Peace Network ကချင်
၂၇ ဦးလဒွဲ Kachin Legal Aid Network Group (KLANG) ကချင်
၂၈ ဦးသန်းထွန်းနိုင် ဖြူစင်မေတ္တာ ဧရာဝတီ
၂၉ ဦးနိုင်လင်းထွဋ္ဋ် ပျိုးခင်းသစ် ဧရာဝတီ
၃၀ ဦးသန့်ဇင် DDA(Dawei Development Association) တနသာင်္ရီ
၃၁ ဦးတင်ကိုကိုဦး ၈၈ မျိုးဆက် (မြိတ်) တနသာင်္ရီ
၃၂ ဦးထင်ကျော် ၈၈ မျိုးဆက် (ကော့သောင်) တနသာင်္ရီ
၃၃ ဦးစောမိုးမြင့် Myanmar Green Network ရန်ကုန်
၃၄ ဒေါ်နှင်းယုရွှေ Myanmar China Pipeline Watch Committee ရန်ကုန်
၃၅ ဦးကိုကိုလွင် Spectrum ရန်ကုန်
၃၆ Liz ခင်နှင်းလှိုင် IFI Watch Myanmar (International Financial Institutions Watch) ရန်ကုန်
၃၇ ဦးကျော်သူ Paung Ku ရန်ကုန်
၃၈ ဦးဝင်းမျိုးသူ EcoDev ရန်ကုန်
၃၉ ဒေါ်လဖိုင်ဂျာရာ Gender & Development Initiative ရန်ကုန်
၄၀ ကိုဒီးဒီ ကရင်နီပြည် လူငယ်များသမဂ္ဂ ကယား
၄၁ ကျော်ဇင်ဝင်း ဆာမူထော် ကရင် (မြောက်ပိုင်း)
၄၂ စောကျော်လင်းထွန်း Youth Circle ကရင် (တောင်ပိုင်း)
၄၃ စောမီဗွေဒိုထွန် ဟူးဖိုးကပေါ် ကရင်
၄၄ အဲလက်(စ်) KESAN ကရင်
၄၅ ကယ်ရယ်မို့မို့အေး Myanmar Coalition for Transparency ကရင်

ဆရာမ ဒေါ်စိုစိုးခိုင် ကိစ္စ တက္ကသိုလ်ဆရာ ၊ ဆရာမ များ အသင်းက နောက်ဆုံး အကြိမ် သဘောထားကြေညာချက်ထုတ်ပြန်



ချိုချိုသန်း

ရန်ကုန် ၊ အောက်တိုဘာ ၂ ။ ။ တက္က သိုလ်ဆရာ၊ ဆရာမများအသင်း အနေဖြင့် ဆရာမဒေါ်စိုးစိုးခိုင် ကိစ္စနှင့်ပတ်သက်၍ သဘော ထား ကြေညာချက် ကို တတိယအကြိမ် ထုတ်ပြန်လိုက်ပြီး ယင်းနှင့်ပတ် သက်၍ ရက်ပေါင်းနှစ်ဆယ်အတွင်း ဝန်ကြီးဌာနဘက်မှ ပွင့်လင်းမြင် သာစွာဖြေရှင်းမှုမရှိပါက စွဲချက် တင်တော့မည်ဖြစ်ကြောင်း အဆို ပါအသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ ဥပဒေကိုမျက်ကွယ်ပြုပြီး အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်း၊ နေပြည်တော်မှ အလယ် တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ရာထူးမှထုတ်ပယ်ခဲ့မှုနှင့်ပတ်သက် ၍ နောက်ဆုံးအကြိမ်(တတိယ အကြိမ်) သဘောထားကြေညာ ချက်ကို အောက်တိုဘာ ၁ရက် တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကြေညာချက်နှင့်ပတ်သက် ၍''ပထမကြေညာချက်တုန်းက လဲ ဝန်ကြီးဌာနကိုပို့လိုက်ပေမယ့် လက်ခံရရှိကြောင်းမပြောသလို ပုဂ္ဂလိကသတင်းစာတွေမှာတွေ့ လို့ ပြန်ဖြေရှင်းတဲ့ပုံစံမျိုးလုပ်လိုက် တာ။

အခုလဲ ပို့တော့ပို့လိုက်တာ ပဲ။ လက်ခံရရှိကြောင်းမပြန်ပေ မယ့် မီဒီယာတွေမှာပါလာရင်သိ သွားမှာပဲလေ။ ဆရာတို့ကတော့ ဆရာ၊ ဆရာမအားလုံး၊ ဝန်ထမ်း အားလုံးအတွက်လုပ်တာပါ။ ဒီ တစ်ခါ နောက်ဆုံးကြေညာချက် ထုတ်တာတောင်ဘာမှ မတုံ့ပြန် ဘူးဆိုရင် တရားဥပဒေအရ ရင် ဆိုင်မှဖြစ်တော့မှာ''ဟု ဦးသန်း ထိုက်အောင်က ဆိုသည်။

အဆိုပါကြေညာချက်တွင် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒေါ်စိုးစိုးခိုင် ၏ပြန်တမ်းနှင့် ပတ် သက်၍ ဝန်ထမ်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း ထည့်သွင်း ဖော်ပြထားသည့် အချက်ခြောက် ချက်ပါရှိသည်။

ယင်းအပြင် သဘောထား ထုတ်ပြန်ကြေညာချက် ကို ဝန်ကြီး ဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းဖြင့်ညီညွတ်သော အပြု သဘောဆောင် သည့် ဖြေရှင်း မှု တစ်ခုကိုလည်း ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း နှစ်ဆယ်အတွင်း ဖော်ဆောင်ပေး ရန်လိုလားကြောင်း ထည့်သွင်း ဖော်ပြထားပြီး

အကယ်၍ ဥပဒေ ကြောင်းအရ ညီညွတ်မျှတသည့် ဖြေရှင်းချက် တစ်စုံတစ်ရာမရရှိ ပါက တက္ကသိုလ်ဆရာ၊ ဆရာမ များအနေဖြင့် ညီနောင်မိတ်ဖက် အဖွဲ့အစည်းများနှင့်လက်တွဲ ကာ ဒေါ်စိုးစိုးခိုင်ကိစ္စအား ပြေလည် အောင် ဝန်ကြီးဌာနနှင့် မလွှဲ မရှောင်သာ ထိပ်တိုက်ရင်ဆိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပညာ ရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရာ အဆိုပါကိစ္စနှင့်ပတ် သက်၍ မသိရှိသေးသည့်အတွက် မဖြေကြားနိုင်ဟု တာဝန်ရှိသူတစ် ဦးက ပြန်လည်ဖြေကြားခဲ့သည်။


Link =>http://goo.gl/SDbeuX
Yangon Media Group

Friday, August 9, 2013

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံငွေရတု နိုင်ငံရေးဆွေးနွေးပွဲ မှ အကြံပြုချက်များ

၂၀၁၃-ခုနှစ်၊ သြဂုတ်လ ၆-၇ ရက်နေ့
မြန်မာကွန်ဗင်းရှင်းစင်တာ
ရန်ကုန်မြို့ ။
အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေးလုပ်ငန်းစဉ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်သော နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန်။
- နှစ်ဖက်စလုံးမှ စောင့်ကြည့်မှု (Monitoring) များရှိရမယ်။
- စစ်ဘက်ဆိုင်ရာကျင့်ဝတ် (Military Code of Conduct) ရှိရန်လိုအပ်သည်။
- International Observers များထားရှိရန်လိုအပ်။
- တိုင်းရင်းသားလက်နက်ကိုင်များသည် တိုင်းရင်းသားပြည်သူလူထု ကို ကိုယ်စားပြုရန်လိုအပ်သည်။
- အစိုးရ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
- နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အခန်းကဏ္ဍ ပါဝင်ရန်လိုအပ်သည်။
- အတင်းအကျပ်ပြောင်းရွေ့မှုများ မပြုလုပ်ရန်လိုသည်။
- တိုင်းရင်းသားများ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်အတွက် ပြည်တွင်းကို ၀င်လာချိန်အတွင်း နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိရန်လိုအပ်သည်။
- အပစ်ရပ်ပြီး လွတ်တော်ထဲသို့ဝင်ခြင်းဖြင့် စစ်မှန်သောငြိမ်းချမ်းရေး မရနိုင်ပေ။
- အပစ်ရပ်ပြီး Political Dialogue လုပ်ရန် Time Frame ချမှတ်ရန် လိုအပ်သည်။
- ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရန် မတရားအသင်းကြေငြာခြင်းကို ပယ်ဖျက်ရမည်။
- တစ်နိုင်ငံလုံးအတိုင်းအတာထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးရမည်။
- ယခုလက်နက်နှင့်နိုင်ငံရေးအာမခံချက်ဖြစ်ရန်လိုအပ်။
- ဒီကနေ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကြိုးစားနေကြတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေအစိုးရတွေအနေနဲ့ Political Will (နိုင်ငံရေးစိတ်ဆန္ဒ) တကယ်ပြင်းပြဖို့ လိုလိမ့်မယ်။
- ငြိမ်းချမ်းရေး/အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်တဲ့သဘောထား Policy သည်အရေး ကြီးသည်။
- စစ်ပြေးဒုက္ခသည်တွေအရမ်းများသည့်အတွက် ဒုက္ခသည်အရေးလည်း ထည့်သွင်းစဉ်းစားရန်။
- အပစ်အခတ်ရပ်စဲရေးနှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ လုပ်ဆောင်ရနိုင်ငံရေးလမ်းပြမြေပုံကိုအစိုးရ/တိုင်းရင်းသား/ပြည်သူအားလုံးပူးပေါင်းချမှတ်သင့်သည်။
- အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးစွာလုပ်ဆောင်ရမည် (အစိုးရနှင့်အတိုက်အခံအဖွဲ့အစည်းများအကြား) (ဗမာနှင့်တိုင်းရင်းသားများအကြား)။
- ဒေသအခြေပြု ပြည်သူလူထုအပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မှုကို အသိအမှတ်ပြု ပြီးတာဝန်ခံ ဆောင်ရွက်ပေးရမှာဖြစ်တယ်။
- အလွှာတိုင်းကသာမန်ပြည်သူလူထုအပါအ၀င်ဆက်စပ်ပတ်သက်နေသူများအားလုံးနားလည်၊သဘောတူညီပြီးလွှတ်တော်ကဥပဒေဖြင့်ကာကွယ်ထားပေးသော Political Dialogue Framework မူဘောင်တည်ဆောက်ရမယ်။
- စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရသရွေ့အကြီးစားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတော်စီမံကိန်းများ ကိုရပ်ထား ရပါမယ်။
- ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိရမည်။
- ဆုံးဖြတ်ချက်ချတဲ့အဆင့်တိုင်းမှာပြည်သူလူထုရဲ့အခန်းကဏ္ဍကိုမြှင့်တင်ရမည်။
- တိုင်းရင်းသားများအပေါ်တွင် စစ်မှန်သော စေတနာဖြင့် ဒုက္ခအခက်အခဲများကို နိုင်ငံရေး အင်အား စုများအနေဖြင့် ကိုယ်တိုင်လာရောက်ဖြေရှင်းပေစေချင်။
- အပစ်အခတ် ရပ်စဲရေးသည် ပြည်နယ်လူထုအားလုံးကိုယ်စားမပြု
- တိုင်းရင်းသားချင်း အပြန်အလှန်လေးစားမှု တန်းတူမှု လွတ်လပ်ခြင်း တရားမျှတခြင်းများလိုအပ်
- အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ သက်သက်ဆွေးနွေးခြင်းမျိုးမဟုတ်ဘဲ ပြည်သူများဆန္ဒ သဘောထားရယူဖို့လို
- မတရားသည့် ဥပဒေများ ပယ်ဖျက်ရန် ကန့်သတ်ချုပ်ခြယ်မှုကင်းသော၊ နှောင်ကြိုးမဲ့သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးကြေညာပေးရန်
- အပစ်အခတ် ရပ်စဲရေးကိစ္စများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ တစ်တိုင်း တစ်ပြည်လုံး အကောင်အထည်ဖော်ရန်
- အစိုးရတပ်များအနေဖြင့် အပစ်အခတ် ရပ်စဲစဉ်ကာလအတွင်း သဘောတူညီချက်များကို တိကျစွာ လိုက်နာရန်
- တပ်နေရာချထားရေးကိစ္စရပ်များကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်
- အပစ်အခတ် ရပ်စဲမှုနှင့် နိုင်င့ရေး ဆွေးနွေးပွဲ အဆင့် ကူးပြောင်းရာတွင် အချိန်မဆွဲသင့်
- အပစ်အခတ် ရပ်စဲသော အဖွဲ့အစည်းများ၏ ရဲဘော်များအတွက် ထောက်ပံ့ငွေ ပေးအပ်ရန်၊ မဟုတ်ပါက တပ်များ ရှင်သန်ရေးအတွက် မူတည်ပြီး ငြိမ်းချမ်းရေး ပျက်ပြယ်နိုင်
- - ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှိ၍ လိုက်နာကျင့်သုံးရန်
- Media Particiaption in conflict area
- - ဗမာလူမျိုး အားလုံးကို မမုန်းတီးရန်လို
- - တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်မှုလို
- - အချိန် ကန့်သတ်မှု ပြုရေး
- - လွတ်ငြိမ်းချမ်းသာခွင့် ပြုရေး
- မတရားအသင်းဟု သတ်မှတ်ထားမှုမှ တပါတည်း ဖျက်သိမ်းပေးဖို့
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန်။
- လူမျိုးတိုင်းတန်းတူညီမျှမှုရှိရမှာဖြစ်သည့်အတွက် ဗမာလူမျိုး ဗမာပြည်နယ် ရှိရန်လည်းလိုအပ်သည်။
- ဖက်ဒရယ်ပြည်နယ်များသတ်မှတ်နိုင်ရန်အတွက် တိုင်းရင်းသား လူမျိုးများစာရင်းများအား ကောက်ယူရန်လိုအပ်သည်။
- လူမျိုးစုလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ရှိရန်လိုအပ်သည်။
- ပြည်ထောင်စု တပ်မတော်ထားရှိရန်လိုအပ်သည်။
- ပြည်ထောင်စုအတွင်း ခွဲထွက်ခွင့်ကိစ္စကို အလေးနက်အစဉ်းစား ရန်လိုအပ်သည်။
- ခွဲထွက်ခြင်းကိုမစဉ်းစားသော/မပါသော ဖက်ဒရယ်ဖြစ်ရန်လိုအပ်။
- တိုင်း (၇)ခု ပြည်နယ် (၇)ခု မထားရှိသင့်။
- အခြေခံမှု (၈) ချက်ရှိရန်လိုအပ်သည်။
၁)အချူပ်အခြာအာဏာ (Sovereign Power)
နိုင်ငံတော် အချူပ်အခြာအာဏာဟူသမျှသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်။
(၂ ) တန်းတူရေး (Equality)
တိုင်းရင်းသားလူမျိုးတိုင်း နိုင်ငံရေးအရဖြစ်စေ လူမျိုးရေးအရ ဖြစ်စေ တန်းတူရည်တူအခွင့် အရေး ရရှိရမည်။
(၃) ကိုယ်ပိုင်ပြဌာန်းခွင့် (Self-Determination)
တိုင်းရင်းသားလူမျိုးတိုင်းသည်နိုင်ငံရေးစီးပွားရေးလူမှုရေးနှင့်ယဉ်ကျေးမှုစသည့်ကဏ္ဍအသီး
သီးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရရှိစေရမည်။
(၄) ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်မူ (Federal Principles)
(က) ပြည်ထောင်စုမြန်မာနိုင်ငံကို ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိ သော ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။
(ခ) ပြည်ထောင်စုလွှတ်တော်တွင် အာဏာတူ လွှတ်တော် (၂) ရပ်ရှိရမည်။ အထက် လွှတ်တော် (၀ါ) အမျိုးသားလွှတ်တော်တွင် ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ် များကို စေလွှတ် ကြရမည်။
(ဂ) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့် ကျင် ခြင်း မရှိဘဲ သီးခြားလွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့် ပေးရမည်။
(ဃ) ပြည်နယ်နှင့် ပြည်ထောင်စုကြား အာဏာခွဲဝေခြင်း (Division of Power) အတိအကျပြဌာန်းသတ် မှတ်ရမည်။
(င) ပြည်နယ်များက စုပေါင်းကျင့်သုံးရန် ပြည်ထောင်စုကို လွဲအပ်ထားသော နိုင်ငံရေး အာဏာများမှ အပ ကြွင်းကျန်သောအာဏာများ (Residual Power) ကို အမျိုးသား ပြည်နယ်များထံတွင် အပ်နှံရ မည်။
(၅) လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း(Minority Rights)
ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အ၀ ကာကွယ်ပြဌာန်းပေးရမည်။
(၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံအခွင့်အရေးနှင့် ကျား/မ တန်းတူရေး
လိင်ကွဲပြားမှု၊ ဘာသာအယူဝါဒ အသားအရောင် ခွဲခြားမှုတို့ကို အခြေခံသော ခွဲခြားဆက် ဆံခြင်းမရှိစေဘဲ အခြေခံလူ့အခွင့်ရေးများနှင့် ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်ပြဌာန်း ပေးရမည်။
(၇) ပါတီစုံ ဒီမိုကရေစီစနစ်
ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံနိုင်ငံရေးစနစ်အဖြစ် ကျင့်သုံး ရမည်။
(၈) ဘာသာရေးကို အခြေမခံသော နိုင်ငံ (Secular State)
ဘာသာရေးကို အခြေမခံသော နိုင်ငံတော်ဖြစ်ရမည်။ ဘာသာရေးနှင့် နိုင်ငံရေးရောစပ်ခြင်း မရှိ စေရ။
- အနာဂတ်ဖွဲ့စည်းပုံတွင် ဗမာပြည်နယ်ယူရန်။
- တိုင်းရင်းသားများ ပါဝင်သော ပြည်ထောင်စု Federal တပ်မတော်တည်ဆောက်ရန်။
- လူမျိုးတစ်မျိုး၊တစ်ဘာသာကိုအခြေခံ၍အမျိုးသားနိုင်ငံထူထောင်ရန်မသင့်။
- ဖက်ဒရယ်ပြည်ထောင်စု၏အချုပ်အခြာအာဏာသည်တိုင်းရင်းသားပြည်သူလူထုတရပ်လုံးထံမှဆင်း
သက်လာစေရမည်။
- တိုင်းရင်းသားလူမျိုးတိုင်းသည်နိုင်ငံရေအရဖြစ်စေ၊လူမျိုးရေးအရဖြစ်စေတန်းတူရည်တူအခွင့်အရေးရှိ
စေရမည်။
- တိုင်းရင်းသားလူမျိုးတိုင်းသည်နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနှင့်ယဉ်ကျေးမှုစသည့်ကဏ္ဍအသီးသီးတွင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိစေရမည်။
- ဖက်ဒရယ်ပြည်ထောင်စုကိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသောအမျိုးသားပြည်နယ်များဖြင့်ဖွဲ့စည်းရ
မည်။ပြည်ထောင်စုလွှတ်တော်တွင်အာဏာတူလွှတ်တော် (၂) ရပ်ထားရှိစေရမည်။
- ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်အမျိုးသားပြည်နယ်များအတွင်းနေထိုင်ကြသောတိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးများကိုအပြည့်အဝကာကွယ်ပြဋ္ဌာန်းပေးရမည်။
- ဖက်ဒရယ် မူဝါဒကို တစ်နိုင်ငံလုံးမှ နားလည် သဘောပေါက် လက်ခံလာအောင် တိုက်တွန်း ဆောင်ရွက်ပေးဖို့။
- အနာဂတ်ပြည်ထောင်စုကို အတွေးအခေါ်အသစ် ပုံသဏ္ဍန်အသစ်နှင့် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်သော ပုံစံဖြင့် ဆောင်ရွက်ရန် စဉ်းစား ဆွေးနွေးကြစေချင်။
- တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ဘယ်လိုပုံစံမျိုးနဲ့ အနာဂတ်ပြည်ထောင်စုမှာ စီမံထားရှိမလဲ စဉ်းစားကြစေချင်။
- အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုမှာ အမျိုးသားများနှင့်အတူ အမျိုးသမီးများပါ တန်းတူ ရဲဝင့်စွာ ချီတက်နိုင်ကြဖို့လို။
- မြန်မာနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ အနေဖြင့် ဖက်ဒရယ်ကို သဘောတူထောက်ခံမှုပြု လုပ်ပေးရန် လိုအပ်သည်။
- ပြည်ထောင်စုယူနစ် - Federal Unit အရေအတွက် ဘယ်လောက်ထားမလဲ
- ၈ပြည်နယ်ထားခြင်း အစွန်းတဖက် ၁၄ ပြည်နယ် (၇ပြည်နယ်၊ ၇တိုင်း) အစွန်းတဖက်
- လွှတ်တော်နှစ်ရပ် (bicameral legislature) ရှိရမည်ဖြစ်ပြီး
(a) အထက်လွှတ်တော်(သို့) အမျိုးသားလွှတ်တော် (သို့) လူမျိုးစုလွှတ်တော် (လူမျိုးစုတစ်စုခြင်းမှ တူညီသောအရေအတွက် လူမျိုးစုတစ်ခုသည် တစ်ခြားလူမျိုးစုတစ်ခုထက် ကိုယ်စားလှယ်ပိုမရှိစေ ရ၊ ဗမာတိုင်းရင်းသားများသည် တခြားတိုင်းရင်းသားများထက် ကိုယ်စားလှယ်ပိုမရှိစေရ)
(b) အောက်လွှတ်တော် (သို့) ပြည်သူ့လွှတ်တော် (သို့) လူဦးရေအခြေခံသောလွှတ်တော်
- အဓိကလူမျိုးစုကြီးများကို သတ်မှတ်ရမည်။
- ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရမည်။
- ပြည်ထောင်စုတပ်မတော်သည် ပြည်ပရန်မှ ကာကွယ်ရေးအတွက်သာဖြစ်ရမည်။
- ပြည်တွင်းလုံခြုံရေးအတွက် ပြည်ထောင်စုတွင် ပြည်ထောင်စုတရားစီရင်ရေးစနစ်နှင့် ပြည်ထောင်စုရဲ့တပ်ဖွဲ့ရှိရမည် ဖြစ်ပြီး ပြည်နယ်များတွင် ပြည်နယ်တရားစီရင်ရေးစနစ်နှင့် ပြည်နယ်ရဲ့ တပ်ဖွဲ့ရှိရမည်။
- ပြည်နယ်များတွင်ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမည်ဖြစ်ပြီး ထိုအခြေခံဥပဒေသည် ပြည်ထောင်စုအခြေခံဥပဒေကို မဆန့်ကျင်ရ
- စစ်မှုမထမ်းမနေရ (national service) ဖြင့်ပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းရမည်။
- ပြည်ထောင်စု vs ပြည်နယ် အာဏာခွဲဝေမှု၊ အာဏာမျှဝေမှု၊ ဘဏ္ဍာရေးခွဲဝေမှု၊ မျှဝေမှုတို့ကို (Residual Power / Concurrent Power/ Exclusive Power) တို့ကို အခြေခံဥပဒေတွင် သေသေချာချာ ပြဌာန်းရမည်။
- ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရမည်။
- ပြည်နယ်နှင့် ဒေသတိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲများ ညီလာခံများပြုလုပ်ပြီး နောက်ဆုံးတွင် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပ
- ကာ/ချုပ် = သမ္မတ အတူတူဖြစ်ရမည်။ (ကန့်ကွက်ထား)
- သမ္မတအောက်တွင် စစ်ဗိုလ်ချုပ်များရှိရမည်။
- ပြည်နယ်အသစ်များ လိုအပ်လျှင် ထပ်မံဖွဲ့စည်း၊ ပြည်နယ်များ အမည်ပေးမှု ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး လူထုဆန္ဒခံယူပွဲ ကျင်းပရန်လို
- တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရန်
ပြည်ထောင်စု ---- ပြည်သူ ----- ပြည်နယ်
စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု
- Federal ကိုခွဲထွက်ရေးမဟုတ်ကြောင်း အများသိရှိရန်လို
ပင်လုံစိတ်ဓါတ်ကို အခြေခံသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ပြည်ထောင်စုညီလာခံတစ်ခု ကျင်းပရန်။
• အကြေအလည်ဆွေးနွေးရန်လိုအပ်။
• ကြိုတင် ကန့်သတ်ခြင်းမရှိစေရ။
• ညီလာခံမလုပ်ခင် တိုင်းရင်းသားလူမျိုးစုများအားလုံးသဘောတူညီချက်တစ်ခု လုပ်ဆောင်ရန်လိုအပ်။
• တိုင်းရင်းသားလူမျိုးများအကြောင်းကိုလည်း အတိအလင်းပြန်လည်သတ်မှတ်သင့်။
• တိုင်းရင်းသားအနေနဲ့ ကိုယ်စားပြုနိုင်သူတွေသာညီလာခံတွင်ထည့်သင့်။
• တိုင်းရင်းသားလူမျိုးများ နေမြေဒေသပေါင်းစုံတွေကပါဝင်နိုင်ရန် ကြိုတင်ပြီးတော့ မီဒီယာများကတစ် ဆင့်/ အခြားသောအစီစဉ်များချမှတ်ရမည်။
• ညီလာခံကျင်းပရန် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ရပ်ရှိရန်လိုအပ်။
• ပါဝင်နိုင်မှု အချိုးအစားကိုလည်း သတ်မှတ်ပေးရန်လိုအပ်သည်။
• လူမျိုးပေါင်းစုံ အလွှာပေါင်းစုံပါဝင်နိုင်တဲ့ လွတ်တော်ပြင်ပ ညီလာခံဖြစ်ရန်လိုအပ်သည်။
• တိုင်းရင်းသားကို အခြေခံသော ကိုယ်စားလှယ်များ၊ ဒေသကိုအခြေခံသော ကိုယ်စားလှယ်များဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရမည်။
• လွှတ်တော်ပြင်ပဆိုသော်လည်း လွှတ်တော်ထဲက ကိုယ်စားလှယ်များပါဝင်သင့်သည်။
• တိုင်းရင်းသားစိတ်ဓါတ်အားလုံးပါသောပင်လုံကဲ့သို့စာချူပ်လုပ်ရန်လိုအပ်၊အမျိုးသားလုပ်ငန်းစဉ်၊ပြည်ထောင်စုလုပ်ငန်းစဉ်လမ်းပြမြေပုံတစ်ခုလုပ်ရမည်။
• လူမျိုးရေးရာပြသနာများဖြစ်၍ နှစ်ဖက်ပြေလည်မှုနည်းလမ်းရှာရမည်။
• ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးရန်။
• တနိုင်ငံလုံး ဆွေးနွေးပွဲမှာ တည်ဆဲဥပဒေ၊ အခြေခံဥပဒေစသည့် ဘောင်များ ခတ်မထားဘဲ လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေးရန်
မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသများမှာ ရှိသော လူမျိုးစု အားလုံး(၁၃၅ မျိုးတွင် မပါဝင်သော လူမျိုးစုငယ်များပါ ထည့်သွင်းစဉ်းစားရန်)ဖိတ်ကြားပြီး တိုင်ပင်ဆွေး နွေးရန်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ပြန်လည် ရေးဆွဲရေး
- ဗမာနှင့်တိုင်းရင်းသားတွေကြားတန်းတူညီမျှမှုရှိရန်ဖွဲ့စည်းပုံမှညှိ့နိုင်းပေးရမည်။
- ဖွဲ့စည်းပုံမှတရားမျှတမှုအခြေခံတဲ့ရွေးချယ်တင်မြောက်ထားသောအစိုးရဖြစ်ရမည်။
- ပင်ဆင်ရေးပြန်လည်ရေးဆွဲရေးလို့ပြောနေသူများကလွတ်တော်တွင်းမှာရှိနေသောပြောင်းလဲလုပ် ဆောင်မှုများကိုစောင့်ကြည့်သင့်သည်။
- စစ်မှန်သော ဖက်ဒရယ်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲသင့်။
- ပြဿနာရဲ့ရင်းမြစ်ဖြစ်တဲ့နိုင်ငံရေး၊စီးပွားရေး၊ဘာသာရေးဖိနှိပ်ချုပ်ချယ်မှုကိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးဖြေရှင်းရပါမယ်။
- အခြေခံဥပဒေကို လွှတ်တော်ပြင်ပကနေ ပြင်ရပါမယ်။
- တိုင်းရင်းသားများအား စာတတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်သည်။
- အစိုးရနှင့် တိုင်းရင်းသားများအဖြင့် လူထုဆန္ဒကို ယူပြီးဆောင်ရွက်ပြီး ပြည်သူများပူးပေါင်းပါဝင်လာ နိုင်ရန် လှုံ့ဆောင်မှုများလုပ်သင့်သည်။
- စစ်မှန်တဲ့ Federal Constitution ဖော်ထုတ်နိုင်လျှင် စစ်မှန်သော ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင် မည်ဖြစ်သည်။
- ပြည်သူ့ဆန္ဒသဘောထားကို အခြေခံ၍ အခြေခံဥပဒေကိုပြင်ဆင်ရမည်။
- ပညာရှင်တွေ ပြင်တာထက် နိုင်ငံရေးသမားတွေ ပြင်တာက ပိုမြန်ဆန်မည်။
- အသစ်ပြန်လည် ရေးဆွဲတာပဲ ဖြစ်ဖြစ်၊ ပြင်ဆင်တာဖြစ်ဖြစ် ပြည်သူလူထု အားလုံး ပါဝင်ဖို့
- ဖယ်ဒရယ် ပြည်ထောင်စု တစ်ရပ်ကို ရေးဆွဲမယ့် သူတွေ စုပြီးတော့ လက်ခံနိုင်မယ့် M၀del တစ်ခု ရေးဆွဲသင့်တယ် Model ကိုကြည့်ပြီး ပြင်ဆင်ရမှာပါ။
- သမ္မတရွေးချယ်ပုံ၊ ၀န်ကြီး၊ ဒုဝန်ကြီး ရွေးချယ်ပုံ ဥပဒေများကို ပြင်ဆင်ရန် လိုအပ်
- အရည်အချင်းပြည့်ဝသော၊ ပြည်သူလူထု လက်ခံသော နိုင်ငံရေး ခေါင်းဆောင်များ တိုင်းပြည်ပြန်လည် တည်ဆောက်ခွင့်/ လုပ်ပိုင်ခွင့် ရှိရန် အရေးကြီး
- အာဏာ ၃ ရပ်စလုံးတွင် တပ်မတော်၏ အခန်းကဏ္ဍ ပါဝင်နေခြင်းကို ပြင်ဆင်ရန် အရေးကြီး။
- ဖယ်ဒရယ်
- လက်နက်မချဘဲ လွှတ်တော်အတွင်း ၀င်ရောက် ယှဉ်ပြိုင်ကာ ဖက်ထရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်စေချင်
- ဖယ်ဒရယ်ဟူသော စကားရပ်အား သာမန်ပြည်သူတို့ နားလည် သဘောပေါက် လွယ်သော ရိုးရှင်းသည့် မြန်မာ စကားရပ်နှင့် ဖလှယ် သုံးစွဲကြရန်
- လွှတ်တော် စနစ်မှာ အောက်လွှတ်တော်မှာ လူအရေအတွက်ကို အခြေခံပြီး၊ အထက်လွှတ်တော်က လူမျိုးစုတွေ အခြေခံသော လူမျိုးစု လွှတ်တော်မျိုး ဖြစ်ရန်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု
အကြံပြုချက်
အထွေထွေပိုင်း
- ဒီမိုကရေစီအင်အားစုများအနေဖြင့်စစ်အာဏာရှင်စနစ်၏အကြွင်းအကျန်များ၏အန္တရာယ်ကိုသတိပြုဆောင်ရွက်ရန်။
- စစ်တပ်အနေဖြင့်ပြည်သူလူထုဘက်မှရပ်တည်ရန်။
- ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင်ပြည်သူလူထုများပါဝင်ရန်လိုအပ်။
- အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်သည့်ဥပဒေကို ပြဌာန်းပေးရန်
- နိုင်ငံတော်အနေဖြင့် မလိုအပ်တော့သည့် လယ်ယာသမဝါယမကဲ့သို့သောအဖွဲ့အစည်းများကိုဖျက်သိမ်းပေး၍ လူမှုဖူလုံရေးအစီအမံများကိုအကောင်အထည်ဖော်ရန်
- အစိုးရ/ပုဂ္ဂလိကအလုပ်များလျှောက်ထားရာတွင် မလိုအပ်သည့်ဖြည့်သွင်းခိုင်းမှုများကိုဖယ်ရှားပေးရန် (ဥပမာ-လူမျိုး၊ ဘာသာ)
- ဝန်ကြီးဌာနများဖွဲ့စည်းရာတွင် သက်ဆိုင်ရာပညာရှင်များကိုအလေးထား၍ ပေါင်းစပ်ပါဝင်ဖွဲ့စည်းရန်
- နယ်စပ်အခြေစိုက်အဖွဲ့အစည်းများကိုမတရားအသင်းသတ်မှတ်ထားခြင်းမှပယ်ဖျက်၍ပြည်တွင်းသို့ပြန်လာခွင့်ပြုရန်
ဖွဲ့စည်းပုံဥပဒေ
- ပြည်သူလူထုအချင်းချင်းညီညွတ်ရေးမှအမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ပြီးပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသောဖွဲ့စည်းပုံအသစ်ပေါ်ထွက်ရေးဆောင်ရွက်ရန်။
- ပင်လုံကဲ့သို့ညီလာခံကြီးခေါ်ယူ၍ တိုင်းရင်းသားအခွင့်အရေးများ/ရပိုင်ခွင့်ကိုကာကွယ်ပေးပြီး ဖက်ဒရယ်ဖွဲ့စည်းပုံကိုအကောင်အထည်ဖော်ရန်
- ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲကိုလွတ်လပ်ပြီးမှန်ကန်တရားမျှတစွာကျင်းပပေးရန်
- သန်းခေါင်စာရင်းများကောက်ယူရာတွင် တိုင်းရင်းသားအခွင့်အရေးများ/ရပိုင်ခွင့်ကိုမဆုံးရှုံးစေရေးကာကွယ်ပေးရန်
- မိမိခံယူလိုသောတိုင်းရင်းသားဖြစ်ပိုင်ခွင့်ကိုဖော်ပြခွင့်ပြုရန်/ခံယူခွင့်ပေးရန်
- ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များတွင် ပါရှိသည့်လူ့အခွင့်အရေးနှင့်မကိုက်ညီသည့်အချက်များကို ပယ်ဖျက်ရန်၊
- ဥပဒေများသည် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့်ကွဲလွဲခြင်းမရှိစေရ
- ဖွဲ့စည်းပုံအခြေခံဥပဒေကိုလူ့အခွင့်အရေးကိုအလေးထား၍ ပြဌာန်းရန်
- ဥပဒေများပြဌာန်းရာတွင် လူ့အခွင့်အရေးချိုးဖောက်သည့်အချက်များပါဝင်ပါကတည်ဆဲဥပဒေအရအလိုအလျောက်ပျက်ပြယ်စေရမည်။
- နိုင်ငံတကာမှသတ်မှတ်ထားသောအမျိုးသမီးအခွင့်အရေးစံနှုန်းများနှင့်အညီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ရန်
ဥပဒေ
- ပြဌာန်းရေးဆွဲပြီးသားဥပဒေများအားလူ့အခွင့်အရေးစံနှုန်းများနှင့်အညီပြန်လည်သုံးသပ်ပြီးပြင်ဆင်၊ ပယ်ဖျက်ရန်၊
- အမျိုးသမီးအခွင့်အရေးကို မြှင့်တင်သည့်ဥပဒေများ ပြဌာန်းပေးသင့်
- ပြည့်တန်ဆာကာကွယ်ရေး/လုပ်ကိုင်ခွင့်ဥပဒေကို ပြဌာန်းသင့်
- တရားမဝင်ပြည့်တန်ဆာဥပဒေကို ဖျက်သိမ်းရန်
- ဗုဒ္ဓဘာသာအမျိုးသမီးများအိမ်ထောင်ပြုခြင်းဥပဒေကိုလေ့လာသင့်
ဖွံ့ဖြိုးရေးပေါ်လစီ
- တိုင်းပြည်ကြွယ်ဝချမ်းသာမှုအတွက် သဘာဝသယံဇာတတစ်ခုတည်းကိုအားကိုးမနေဘဲနည်းပညာများကိုသော်လည်းကောင်း၊ ခေတ်မှီသောစီမံခန့်ခွဲမှုများကိုလည်းကောင်းအသုံးချရန်၊
- နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအားခွင့်ပြုသဘောတူ လက်မှတ်ရေးထိုးရာတွင် လူ့အခွင့်အရေးဆိုင်ရာတာဝန်ရှိမှုနှင့် ကာကွယ် ပေးမှုများကို ထည့်သွင်းရေးဆွဲလက်မှတ်ထိုးရန်၊
- တိုင်းပြည်နှင့် ပြည်သူများအားအသိပေးတိုင်ပင်သည့် လုပ်ငန်းစဉ်များရှိသော၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်မှုရှိသော၊စီမံကိန်းနှင့်ပတ်သက်သည့်အချက်အလက်များကိုသိရှိခွင့်ရှိသော၊ အကျိုးခံစားမှုများကိုခံစားရာတွင် သက်ဆိုင်သည့်ဒေသခံများအပါအ၀င် ပြည်သူများပါဝင်ခံစားခွင့်ရှိသောစီမံကိန်းများဖြစ်စေအောင် သေချာစေခြင်း၊အလွန်အကျွံ့သယံဇာတထုတ်ယူခြင်းမပြုရန်
လယ်ယာမြေကဏ္ဍ
- လယ်ယာမြေမသမာသိမ်းဆည်းမှုများကိုရပ်ဆိုင်းရန်
- လယ်ယာမြေနှင့် မြို့/ရွာ/အင်းနယ်နမိတ်ခွဲခြားဆောင်ရွက်မှုကိုအလျှင်အမြန်ဆောင်ရွက်ပေးပြီး ပြည်သူများဖြတ်သန်းသွားလာရေးလွယ်ကူအောင် ဆောင်ရွက်ပေးရန်
- လယ်ယာမြေဥပဒေများရေးဆွဲရာတွင် လယ်သမားများကိုယ်တိုင် ပါဝင်ပြီးလယ်သမားများအကျိုးစီးပွားကိုကာကွယ်ပေးသည့်ဥပဒေများဖြစ်စေရန်
- ဥပဒေထဲတွင်ရေလုပ်သား/ကပ်ပါးလုပ်သား(အင်း/လယ်ကိုမှီခိုလုပ်ကိုင်ကြရသည့်အခြေခံလုပ်သားများ)များအကျိုးကို ကာကွယ်ပေးရန်
- လယ်ယာမြေဥပဒေရေးဆွဲရာတွင် သိမ်းဆည်းခံလယ်သမားများလုပ်ငန်းခွင်ပြန်လည်ရရှိရန် အထူးအလေးထားစီမံဆောင်ရွက်ပေးရန်
- လယ်ယာမြေဥပဒေများပြဌာန်းရာတွင် ပြည်သူ/တောင်သူလယ်သမားများကိုဥပဒေဆိုင်ရာအသိပညာပေးရန်/ ရှင်းလင်းဆွေးနွေးပေးရန်
- လယ်ယာသိမ်းဆည်းမှုကိစ္စများတွင်
ဖြေရှင်းပေးရသည့်အစိုးရအနေဖြင့် အချိန်နှင့်တပြေးညီအလျှင်အမြန်ဆောင်ရွက်ပေးသင့်
- အငြင်းပွားမှုဖြစ်လာပါကအရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများပါ ပါဝင်၍ ညှိနှိုင်းဆောင်ရွက်ရန်
- လယ်ယာမဲ့ပြည်သူများအားစားကျက်၊ မြေလွတ်၊ မြေရိုင်းများနှင့် လစ်လပ်လယ်ယာမြေများကိုစီစစ်ဖော်ထုတ်၍ လုပ်ကိုင်ခွင့်ပေးရန်
နိုင်ငံရေးအကျဉ်းသားများ
- နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိလွှတ်ပေးပြီး ပြန်လည်လွတ်လာသူများ၏ ဘဝရပ်တည်ရေးကို ပြန်လည်ထူထောင်ပေးရန်
- နိုင်ငံရေးအကျဉ်းသားများသည် တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့သူများဖြစ်သောကြောင့် အားလုံးအားအကြွင်းမဲ့လွှတ်ပေးသင့်ရုံသာမက ၎င်းတို့၏အခန်းကဏ္ဍကိုအသိအမှတ်ပြုရန်၊
- ဘဝရပ်တည်ရေးကို ပြန်လည်ထူထောင်ပေးရန်
- အကျဉ်းထောင်တွင်းရှိအခြေအနေများကိုစောင့်ကြည့်ရန် နိုင်ငံတွင်းတွင် အဖွဲ့အစည်းတစ်ခုဖွဲ့စည်းဆောင်ရွက်ရန်၊တရားဥပဒေဆိုင်ရာအကူညီပေးရေး၊ ကျန်းမာရေးစောင့်ကြည့်ရေး၊ ပညာသင်ကြားရေး၊ အကျဉ်းသူများ၏ ကလေးများအရေးကိုအလေးထားလုပ်ဆောင်ရန်၊
- အကျဉ်းထောင်အဆင့်အတန်းဆိုင်ရာ မြှင့်တင်ရေး၊ ပြုပြင်ရေးလုပ်ငန်းများကို ပြုလုပ်ရန်
လွတ်လပ်စွာပြောဆို၊စုဝေး၊အဖွဲ့အစည်းဖွဲ့စည်းခွင့်
- လွတ်လပ်စွာသတင်းရယူခွင့်ကို တားမြစ်သောအပြုအမူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်နေသော ကြောင့် ဖျက်သိမ်းရန်နှင့် အကာအကွယ်ပေးသည့်ဥပဒေပါပြဌာန်းရန်။
- အသင်းအဖွဲ့ဖွဲ့စည်းမှုကို နှောက်ယှက်သူများကို အရေးယူနိုင်ရန် ဥပဒေပြဌာန်းသင့်
- အသင်းအဖွဲ့ဝင်များအား ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသောအချက် (သို့မဟုတ်) အသင်းအဖွဲ့ဆိုင်ရာမှတ်ပုံတင်ခြင်းဥပဒေတစ်ခုလုံးကို ဖျက်သိမ်းသင့်
လူ့အခွင့်အရေးစောင့်ကြပ်မှုယန္တယား
- အစိုးရ၊အရပ်ဖက်နှင့်နိုင်ငံတကာအဖွဲ့အစည်းများမှလူ့အခွင့်အရေးကာကွယ်ခြင်း၊ မြှင့်တင်ခြင်းလုပ်ငန်းများဖော်ဆောင်နိုင်ရန်အတွက်ထိရောက်သည့် ကာကွယ်မှုယန္တားများထားရှိဆောင်ရွက်ရန်
- လူ့အခွင့်အရေးချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်လူ့အခွင့်အရေးကော်မရှင်၏လုပ်ပိုင်ခွင့်များကိုပိုမိုအားကောင်းအောင်နှင့် အနှောင်အဖွဲ့ကင်းအောင်လုပ်ဆောင်ရန်၊
- အခွင့်အရေးမဟာမင်းကြီးရုံးအား နိုင်ငံတွင်း ရုံးဖွင့်လုပ်ဆောင်ခွင့်များ ပြုရန်၊
- လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့များကိုလွတ်လပ်စွာဖွဲ့စည်းခွင့်ပေးရန်၊
- လူ့အခွင့်အရေးဆိုင်ရာရှေ့နေအဖွဲ့များအပါအဝင်ရပ်ရွာအဆင့်စောင့်ကြည့်ရေးအဖွဲ့များကိုတနိုင်တပိုင်ဖွဲ့စည်းပြီးထိုအဖွဲ့များတိုးပွားအောင် ဆောင်ရွက်သင့်၊
နိုင်ငံတကာစာချုပ်များကိုလေးစားခြင်း
- CEDAW ကော်မတီ၏အကြံပေးချက်များအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်
- "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အမျိုးသမီးများပါဝင်မှုသည်အရေးကြီးသည်" ဆိုသောကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်(၁၃၂၅)ကိုအကောင်အထည်
ဖော်ရန်
- လက်မှတ်ရေးထိုးပြီးဖြစ်သောကုလသမဂ္ဂစာချုပ်များအားစာချုပ်ပါအချက်များနှင့်အညီအ
ပြည့်အ၀အကောင်အထည်ဖော်ရန်
- ကုလသမဂ္ဂလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာကြေညာစာတမ်းပါအချက်များအားအသိအမှတ်ပြုကာကွယ်ပေးရန်
- ကုလသမဂ္ဂက အကြံပြုထားသည့် လူ့အခွင့်အရေးဆိုင်ရာဆုံးဖြတ်ချက်များကို
အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန်၊
- CEDAW ကော်မတီ၏အကြံပေးချက်များအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်
- "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အမျိုးသမီးများပါဝင်မှုသည်အရေးကြီးသည်" ဆိုသောကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်(၁၃၂၅)ကိုအကောင်အထည်
ဖော်ရန်
နိုင်ငံတကာစာချုပ်များကိုလက်မှတ်ထိုးခြင်း
- နိုင်ငံသားနှင့်နိုင်ငံရေးဆိုင်ရာအခွင့်အရေးစာချုပ်နှင့်နှိပ်စက်ညှင်းပမ်းခြင်းနှင့်အခြားရက်စက်စွာ၊လူမဆန်စွာ၊နှိမ့်ချစွာဆက်ဆံမှု (သို့မဟုတ်) အပြစ်ပေးမှုအားဆန့်ကျင်သည့်သဘောတူစာချုပ်များကိုလက်မှတ်ရေးထိုးအတည်ပြု၍အကောင်အထည်ဖော်ဆောင်ရွက်ရန်
- ILO ၏သဘောတူထားသည့်အချက်များကိုလေးစားစွာလိုက်နာ၍ ILO၏ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ကိုမလိုက်နာသူများ/နှောက်ယှက်သူများကိုအလုပ်သမားဥပဒေအရပြစ်ဒါဏ်ချမှတ်နိုင်သည့်ဥပဒေပြဌာန်းရန်
လူ့အခွင့်အရေးပညာပေးမှုအပိုင်း
- လူ့အခွင့်အရေးဆိုင်ရာအသိတရားပညာပေးဖြန့်ဝေမှုများ၊ လက်ကမ်းစာစောင်ဝေခြင်း၊ ကျောင်းစာသင်ခန်းစာနှင့် နိုင်ငံပိုင်မီဒီယာများမှတဆင့်လူ့အခွင့်အရေးအကြောင်း ပညာပေးခြင်းများ လုပ်ဆောင်ရန်၊
- လူမှုကွန်ရက်မီဒီယာ၊မိုဘိုင်းနည်းပညာ၊ရေဒီယို၊တီဗွီ၊ပုံနှိပ်ထုတ်ဝေခြင်းမှတဆင့်အမျိုးသမီးများ၏အခွင့်အရေးကိုပြည်သူများအားပညာပေးရန်။
- အမျိုးသမီးအခွင့်အရေးနှင့်ပါတ်သက်၍ ဥပဒေပိုင်းအရ ရသင့်ရထိုက်သောအခွင့်အရေးများကို အမျိုးသမီးထုကိုယ်တိုင်အားထုတ်လေ့လာကြရန်
- ပြစ်မှုဆိုင်ရာဥပဒေများအကြောင်းကိုအခြေခံပညာအလယ်တန်းအဆင့်မှစ၍ ထည့်သွင်းသင်ကြားရန်
- တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးဝန်ထမ်းများအကြား၊ အစိုးရဌာနများနှင့် လူ့အခွင့်အရေးဥပဒေများအကြောင်းကို ထိရောက်စွာ ပညာပေးရန်၊ (AMM)
- ပြည်သူ့ကိုယ်စားလှယ်များကိုယ်တိုင် ပြည်သူအတွက် အကျိုးရှိ/မရှိကိုသိရှိကြရန်နှင့် ပြည်သူများကလည်းကိုယ်စားလှယ်များကိုအသိပေးစည်းရုံရသည့်နည်းဖြင့် စည်းရုံးကြရန်
- ပညာရေးဘတ်ဂျက်ကိုတိုးမြင့်ပြီးကျောင်းတွင်းသင်ထောက်ကူပစ္စည်းများကိုတိုးချဲ့အသုံးပြုရန်၊
- ပညာသင်ကြားရာတွင် ပညာနှင့် သညာပါဝင်သည့် သင်ကြားမှုမျိုးစေလူတိုင်းပညာသင်ကြားပိုင်ခွင့်ရှိသည်ဆိုသော UDHR အရကလေးများကိုပညာ၊ သညာသင်ကြားပိုင်ခွင့် အားလုံးရရှိသင့်
- "ဒီမိုကရေစီ" ဘာသာရပ်ကို ကျောင်းသင်ခန်းစာတွင်ထည့်သွင်းသင်ကြားရန်
ဥပဒေများရေးဆွဲခြင်းနှင့် ပြည်သူလူထုပါဝင်မှု
- ဥပဒေရေးဆွဲရာတွင်သက်ဆိုင်ရာအဖွဲ့အစည်းများအပြင်အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သက်ရောက်မှုခံစားရမည့်သူများ၏ပါဝင်ပါတ်သက်ခွင့်များအားကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်အကောင်ထည်ဖော်ရန်
- ဥပဒေတစ်ခုပြဌာန်းရာတွင် ပြည်သူလူထုအနေဖြင့် အကြံပေးနိုင်အောင် အချိန်လုံလောက်စွာပေး၍ လက်ခံရန်၊
တရားစီရင်မှုအပိုင်း
- အစိုးရဌာနများနှင့်အစိုးရအဖွဲ့အစည်းများ၏လူ့အခွင့်အရေးချိုးဖောက်မှုများကိုထိရောက်စွာအရေးယူပြီး အမှန်တရားဖော်ထုတ်ရေးနှင့်တရားမျှတမှုအစီအစဉ်ကိုဆောင်ရွက်သင့်။
- စစ်ပွဲအတွင်းတွင် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုများအား လက်နက်သဖွယ်အသုံးချနေမှုကို အရေးယူဆောင်ရွက်ပေးသင့်
- လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုဖြစ်ပွားခဲ့သည့်အမှုများကို တရားမျှတမှုနှင့် အမှန်တရားဖော်ဆောင်ပေးသင့် (Transitional Justic)၊ စုံစမ်းစစ်ဆေးရေးကော်မတီကိုလည်း ဖွဲ့စည်းရန်
ကလေးအခွင့်အရေး
- ကလေးအလုပ်သမားများ၏လက်တွေ့ဘ၀ကိုကွင်းဆင်းစစ်တမ်းယူရန်။ (အလုပ်ချိန်၊လုပ်ငန်းခွင်ကျန်းမာရေး၊ခွဲခြားဆက်ဆံခံရခြင်း၊အကြမ်းဖက်ခံရခြင်း၊လုပ်အားခ၊အနည်းယူချိန်၊အလုပ်ချိန်ပြင်ပပညာရေး)
- ကလေးအလုပ်သမားများအပေါ်ကာကွယ်ပေးသည့်ဥပဒေပြဌာန်းသင့်။
- ကလေးစစ်သားကိစ္စကိုအထူးအလေးပေးဆောင်ရွက်သင့်
- ကလေးစစ်သားအသုံးပြုသည့်အစိုးရပိုင်းအားအရေးယူနိုင်သည့် ဥပဒေပြဌာန်းသင့်
- ကလေးငယ်များကိုတရားစီရင်ရေးထက် ပြန်လည်လေ့ကျင့်ရေးစခန်းများသာထားရှိသင့်
တွေ့ဆုံဆွေးနွေးပွဲမှ ရရှိချက်များ၇
စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေး
အကြံပြုတင်ပြချက်
- အားလုံးတွေ့ဆုံပြီးဆွေးနွေးနိုင်သော နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်သင့် ပါတယ်။ ဘယ်အဖွဲ့အစည်းကိုမှ ချန်လှပ်ထားခြင်းမရှိသင့်။ (ဥပမာ- ဗမာပြည်ကွန်မြူနစ်ပါတီ)
- အပစ်အခတ် ရပ်စဲရေးနဲ့စတင်ရင် တပ်ဟာတပ်ခြင်း အပစ်အခတ်ရပ်စဲမှုလုပ်ရပါမယ်။ အပစ်ရပ်စဲမှု လုပ်တဲ့အခါမှာ လည်း တာဝန်ယူမှု၊ တာဝန်ခံမှုလည်းရှိရပါမယ်။
- လုပ်ငန်းစဉ်ကိုလွှတ်တော်ပတွင် ရှင်းဖို့လိုပါတယ်။ ပင်လုံကဲ့သို့တွေ့ဆုံဆွေးနွေးပွဲကြီးဖြစ်ဖို့လိုပါတယ်။
- အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ပြောင်းလဲရာတွင် အဟန့်အတားဖြစ်စေသော အခြေအနေများ ကိုဖယ်ရှားဖို့ လိုပါတယ်။
- ပြည်ထောင်စုကိုပြန်လည်ဖွဲ့စည်းရာတွင် တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် စစ်မှန်သော ဒီမိုကရေစီစနစ်ကိုကျင့်သုံး ရမှာဖြစ်ပါတယ်။
- အပစ်အခတ်ရပ်စဲရေးလုပ်ရာတွင် တိုင်းရင်းသားလူမျိုးများဆိုင်ရာအခွင့်အရေးနှင့် အခြားအခွင့်အရေး များ ရရှိဖို့လိုပါတယ်။
- ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင်လည်းတိုင်းရင်းသားရပိုင်ခွင့်ရရှိဖို့နဲ့ ဒီမိုကရေစီစနစ် တည် ဆောက်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
- စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရာတွင် နိုင်ငံရေးဆိုင်ရာပြဿနာများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿများ၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဌာန်းချက်၏ ကန့်သန့်ချက်များ လက်ဝါးကြီး အုပ် ထားမှုများကိုဖြေရှင်းဖို့လိုပါတယ်။
- ခေတ်ကောင်းဖို့ဆိုလျှင် နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီလိုလားသူတွေအားလုံးမှာတာဝန်ရှိပါသည်။
- လွှတ်တော်တွင်း၊ လွှတ်တော်ပဆွေးနွေးမှုများလည်းရှိဖို့လိုပါသည်။
- ပြည်သူတွေအားလုံးမှာလည်းတာဝန်ရှိပါသည်။
- - နိုင်ငံရေးကိုယ်စားပြုလွှတ်တော် ပေါ်ထွန်းရေး (တိုင်းရင်းသားလူမျိုးစုများအားလုံးကိုမှန်ကန်စွာကိုယ်စားပြုနိုင်သည့် ပြည်ထောင်စုလွှတ် တော်ပေါ်ထွန်းရေး)
- - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
- - ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး
- - နိုင်ငံရေးဆွေးနွေးပွဲများမှန်မှန်ကန်ကန် ဖြစ်ထွန်းမှုနှင့် ရလဒ်ကိုအာမခံချက်ပေးနိုင်ရေး
- - အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ရှေ့ရှုရန် နိုင်ငံရေးအဖွဲ့အစည်းများကဆောင်ရွက်ရာတွင် လွှတ်တော် အင်စတီကျူးရှင်းကိုဦးတည်သင့်
- ကွဲလွဲမှုများကိုသည်းမခံနိုင်ခြင်းနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျင့်ဝတ်တန်ဖိုးဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးကြီးလာ
- အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ နားလည်ခွင့်လွတ်ခြင်းဖြစ်လာဖို့ အသိအမှတ်ပြုခြင်းနှင့် မှားသူများ ဖက်မှ တောင်းပန်ခြင်း။
- အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန်
- လက်နက်ကိုင်ပဋိပက္ခများမှသည် အပစ်အခတ်ရပ်စဲရေး သို့ဖြစ်စဉ် ၊ အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီသို့ဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှသည် အမျိုးသားရင်ကြားစေ့ရေးဆီသို့
- ပြည်တွင်းစစ်ရပ်၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းလုပ်ဆောင်တဲ့နေရာမှာ လုပ်နည်း လုပ်ဟန်မှန်ကန်ဖို့နှင့် ပြသာနာအရင်းခံကို ဖြေရှင်းရာမှာ သဘောထားမှန်ကန်ရန်လိုအပ်။
- ၂၀၀၈ ဖွဲ့စည်းပုံကို အသွင်ကူးပြောင်းရေး ကြားခံဖွဲ့စည်းပုံအဖြစ်ထားရှိ၍ ဖွဲ့စည်းပုံကို ပြန်လည်ပြင် ဆင်ရန်။
- တိုင်းရင်းသားများနှင့် လူမျိုးစုများကို တိကျစွာ ပြဌာန်းပေးရန်။
- ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်နယ်များနှင့် ပထ၀ီပေါ်အခြေခံသော ပြည်နယ်များနှင့်ပေါင်းစပ်သော စနစ်ကို ထူထောင်ရန်။
- ဗမာလူမျိုးနှင့်တိုင်းရင်းများကြား အထင်လွဲမှုများရှိနေသော လုပ်ဆောင်မှုများကို ရှင်းရှင်းလင်းလင်းဖြစ် ဖို့လိုအပ်
လုပ်ငန်းစဉ်များ။
- ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းများနှင့် ဆွေးနွေးပွဲများကို နိုင်ငံအ၀န်းကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်။
- ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ မပြတ်သားမရှင်းလင်းသော ရှေ့နောက်မညီသော ဥပဒေများကို မေးမြန်းရန်။
- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဦးထိပ်ပန်ဆင်ထား သော အစိုးရ ကိုယ်စားလှယ်မျးကို ပါတီကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များ ကျောင်းသား ကိုယ်စားလှယ်များ အတက်ပညာရှင်များ အရပ်ဖက် အဖွဲ့အစည်းများ အသီးသီး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီနှင့် မူကြမ်းရေးဆွဲရေးကော်မတီ ဖွဲ့စည်းရန် ဆွေးနွေးချက်များကို ပြည်သူများသို့ပြန်ကြားရန်။
- အစိုးရနှင့်စစ်တပ်ကြားမှ ပြည်သူတို့ တရားဝင်ဝန်ချတောင်းပန်ရန်။
- ဖွဲ့စည်းပုံပြင်ဆင်ရာတွင် စစ်တပ်၏ အခန်းကဏ္ဍလျော့ချရန်။
- စစ်မှန်သည့်ယုံကြည်မှုအပြည့်နှင့် ထာဝရငြိမ်းချမ်းရေးကို ခိုင်မြဲနိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူရန်လိုအပ်သည်။
တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ
အကြံပြုချက်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
တရားဥပဒေစိုးမိုးရေး
အုပ်ချုပ်ရေးကဏ္ဍ
စီးပွါးရေး
ပညာရေး
ကျန်းမာရေး
လယ်ယာမြေနှင့် လယ်သမားအခွင့်အရေး
အလုပ်သမား
ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး
အသွင်ကူးပြောင်းရေး
ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ
၂၀၀၈ ဖွဲ့စည်းပုံ
• ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရည်အ သွေးများကို ပြန်လည်ဆန်းစစ်ဖို့လို၊ အများသိအောင် (ပြည်သူ့ဆန္ဒခံယူခြင်း) လုပ်ဖို့လိုအပ်
1. လူထုဆန္ဒခံယူပွဲပြန်လုပ်ဖို့ လွတ်တော်မှာအဆိုတင်သွင်းသင့်
2. လူထုထောက်ခံမှု့ ၅၀% ကျော်လျှင်ဖွဲ့စည်းပုံပြင်ဆင်ရေးကိုဆက်လုပ်၊ ၅၀% အောက်ရောက် လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲဖို့ လုပ်ရန်လိုအပ်
• ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှ ဒီမိုကရေစီကျင့်စဉ်များနှင့် မညီညွတ်သောပုဒ်မများကို ပြင်ဆင်ရေးလိုအပ်သည်။ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်သူလူထု၏ စုစည်းညီညွတ်မှုအင်အား အပြည့်အ၀ရယူပြီးအမြန်ဆုံးစုပေါင်းဆောင်ရွက်ရန်လိုအပ်သည်။
• ၂၀၀၈ ဖွဲ့စည်းပုံကိုဖျက်သိမ်းပြီး ဒီမိုက်ရေစီံ ဖွဲ့စည်းပုံအသစ်ကို ပြင်ဆင်ရေးဆွဲရမည်။၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသည့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို အလျှင်အမြန်ရေးဆွဲပြဌာန်းရန်။
• ဖွဲ့စည်းပုံသည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်-
1. political institution များ အား ကောင်း ပါ မှ အာ ဏာ (၃) ရပ် အား ကောင်း ပြီး ဖွံ့  ဖြိုး တိုး တက် မှု အရှိ ရှိန် ကောင်း မည် ဖြစ် သဖြင့် အခြေ ခံ ဥ ပဒေ အား ကောင်း အောင် ဆောင် ရွက် သင့်
2. အခြေ ခံ ဥ ပေ ဒ ဟူ သော အစိုး ရ နဲ့ ပြည်သူ ကြား ချုပ် ဆို သော ပဋိညဉ် စာ ချုပ် သည် နှစ် ဖက် မျှ တ သော အခွင့်ေ၇းတန်းတူ ညီမျှ မှု ရှိ သင့်
3. တိုင်း ရင်းသား ပြည် သူ တို့ နဲ့ သဟဇာတအဖြစ်ဆုံးသောအခြေခံ ဥပဒေတရပ်ပေါ်ထွန်းလာရေး
4. အရပ်ဖက်လူ့အဖွဲ့အစည်းများ အပါအ၀င် အင်အားစုများ ပါဝင်ခွင့်ရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် သဘောတူညီချက် ရရေးလို
5. တိုင်းရင်းသားပေါင်းစုံ လူထုလူတန်းစား အလွှာ အသီးသီးနှင့် အသိပညာရှင် အတတ်ပညာရှင်းများနှင့် ဆွေးနွေး ရေးဆွဲရန်လို
• ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ပြည်ထောင်စုအဆင့်ရှိဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်သူတွေနှင့် တစ်သားတည်းကျသော ဥပဒေများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအတွက် အထောက်အကူပြုမည့် ဥပဒေများ မြန်မြန်ဆန်ဆန်ပြုပြင်ဖို့လိုအပ်
• ၁၉၈၂ အောက်တိုဘာ မတိုင်မီ နိုင်ငံသားဖြစ်ပြီးသူများကို နောက်ကြောင်းပြန်၍ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရန်နှင့် နိုင်ငံတကာ စံချိန်များနှင့် အညီပြုပြင်ရေးဆွဲရန်လို။
• အသစ်တစ်ခုရေးဆွဲရန်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရားဥပဒေစိုးမိုးရေး
• တရားစီရင်ရေးအာဏာ၊ ဥပဒေပြုမှုအာဏာ၊ အုပ်ချူပ်မှုအာဏာ တို့ကိုဟန်ချက်ညီညီ ထိန်ညှိုထားနိုင်ရန် လိုအပ်သည်။
• တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြားလွတ်လပ်စွာထားရှိရန်။
• တရားဥပဒေစိုးမိုးမှုရှိရန် လူတိုင်းလူ့အခွင့်အရေးကို တန်ဘိုးထားတက်ရန်နှင့် တာဝန်ယူတက်၊ တာဝန်ခံတတ်ရန်လိုအပ်သည်။
• တရားသပဒေစိုးမိုးရေးကို ပြန်လည်တည်ဆောက်ရန်လိုအပ်။
• နစ်နာခဲ့သော နိုင်ငံရေးသမားများ၊ အလုပ်သမား လယ်သမားများကို တရားဥပဒေနှင့် အညီ ကူညီ စောင့်ရှောက်ပေးရန်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အုပ်ချုပ်ရေးကဏ္ဍ
• ပျက်ပြားနေသော အုပ်ချုပ်ရေးယန္ဒယားကောင်းမွန်ရန်လိုအပ်။
• အုပ်ချုပ်ရေးကဏ္ဍတွင် အခြေခံအဆင့်မှစပြီး အဆင့်တိုင်းတွင် အမှန်တရား၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တရားဥပဒေစိုးမိုးမှုရှိစေရန်။
• နိုင်ငံတော်၏အခန်းကဏ္ဍအသီးသီးတွင် အမှန်တကယ်တတ်ကျွမ်းနားလည်သူများ၊ ကျွမ်းကျင်သူပညာရှင်များ၊ အရည်အချင်းရှိသူများအား လုပ်ပိုင်ခွင့်အပြည်အ၀ရရှိရန်။ ထိုက်တန်သောအခွင့်အရေးများ၊ ရာထူးများရရှိရန်၊ နိုင်ငံတော်မှလည်း ထိုသူများအား အသိအမှတ်ပြုပေးစေနိုင်ရန်။
• လဒ်ပေးလဒ်ယူကင်းရှင်ပြီး သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ ကောင်းမွန်သောအုပ်ချူပ်မှု၊ စီမံခန့်ခွဲမှုရှိရန် အရေးကြီးသကဲ့သို့ပြည်သူတစ်ရပ်လုံး
ပါဝင်ဆောင်ရွက်ဖို့လိုအပ်သည်။
• အုပ်ချုပ်ရေးယန္ဒယားပြုပြင်ပြောင်းလည်းရန်နှင့် လေ့ကျင့်ပညာပေးရေးများလုပ်ရန်လိုအပ်။
• အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အစိုးရအရာရှိများအပါအဝင် ပြည်သူများသိရှိလိုအပ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စီးပွါးရေး
• အာစီယံနိုင်ငံများကို လိုက်မှီဖို့ရာ မြန်မာနိုင်ငံ၏ GDP စံနှုံန်းကို အာစီယံနိုင်ငံများနှင့်အညီံမြင့်ရန် လိုအပ်။ အာစီယံနိုင်ငံများနှင့် တန်းတူရင်ဘောင်တန်းနိုင်ဖို့ရာ ကားပြိုင်ပွဲ ဥပမာ နှင့် သင်ခန်းစာယူမည်ဆိုလျှင်
(က) အင်ဂျင်စွမ်းအား ကောင်းရန်လို (ကုန်ထုတ်စွမ်းအားကောင်းရန်လို)
(ခ) ချောမွတ်သော လမ်းကြောင်းရှိရန်လို (စီးပွားရေးကုန်သွယ်မှုလမ်းများ တိုးမြင့်ဖွင့်ပေးရန်)
(ဂ) ကျွမ်းကျင်တဲ့ ကားမောင်းသူဖြစ်ရန် (ဒီမိုကရေစီ ခေါင်းဆောင်ကောင်းများ ဦးဆောင်ရန်လို)
(ဃ) ကောင်းမွန်သည့် ပူးပေါင်းလုပ်ဆောင်တဲ့ (Team-work) ဖြစ်ရန်လို
• အာစီယံ တိုင်းပြည်များအကြား အမှီလိုက်နိုင်ရန် မြန်မာပြည်၏ ကုန်ထုတ်စွမ်းအား GDP နှုံန်းအား မြှင့်တင်ရန် လိုအပ်သလို ကုန်ထုတ်စွမ်းအား အရေအသွေးအား မြှင့်တင်ရန် လိုအပ်
• ယနေ့ကြုံတွေ့နေရသော စီးပွါးရေး စိန်ခေါ်မှုများကို ဖြေရှင်းရန် အားလုံးပါဝင်နိုင်သော ချဉ်းကပ်မှုမျိုး (Inclusive Approach) ဖြစ်ရန်လို
• အဓိကလိုအပ်ချက်တွေများကို အများပြည်သူအတွက် ဂဏ္ဍပေါင်းစုံတွင် ရရှိနိုင်ဖို့၊ လက်လှမ်းမှီနီုင်ဖို့ အစိုးရအနေနဲ့ လုပ်ဆောင်ပေးရန်လိုအပ်
• ဆင်းရဲနွမ်းပါးမှု ပပြောက်စေဖို့ရာ အကြံပြုချက်များမှာ
(က) ကြွေးမှီများကို လျှော်ပစ်ရန် နှင့် ချေးငွေများ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ပေးရန်
(ခ) မြေယာပိုင်ဆိုင်ခွင့် ဥပဒေနှင့် ပြဌာန်းပေးရန်
• မဟာဗျူဟာ နည်းဗျူဟာ၊ အကောင်အထည်ဖေါ် ဆောင်ရွက်ရန် အစီအစဉ် နှင့် စောင့်ကြည့်လေ့လာမှုများရှိရန်လိုအပ်သည်။
• အစိုးရက စီးပွားရေးမဟာဗျူဟာ စီးပွားရေးမူဝါဒတွေကို ဘက်စုံစဉ်းစားပြီး စနစ်တကျ ချမှတ်ဆောင်ရွက်ရန်လို။ ရည်မှန်းချက်များအဖြစ်-
(၁) ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊
(၂) အလုပ်လက်မဲ့ လျော့ပါရေး၊
(၃) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊
(၄)ပြည်ပငွေပေးငွေယူရှင်းတမ်း ဘက်ညီစေရေး၊
(၅) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး။
• မူ ၀ါ ဒ ကောင်း များ နှင့် ချ မှတ် ထား သော မူ ၀ါ ဒ များ ကို အမှန်တကယ် အကောင် အထည် ဖော်ရန်လိုအပ်သည်။ တည်ငြိမ်ပြီး ရေရှည်တည်တံ့သောမူဝါဒများဖြစ်ရန်လို။
• ပြည်တွင်းပြည်ပငွေကြေးကစားသမားများ၏ အကျိုးအမြတ်ထုတ်နေခြင်းများအား အချိန်မီတားဆီးနိုင်ရန်လိုအပ်။
• ငွေကြေးဖေါင်းပွမှုရာခိုင်နှုန်းအပေါ်မူတည်၍ ၀န်ထမ်းလစာများကို ပုံမှန်တိုးမြင့်ပေးရန်လိုအပ်။
• အခြေခံလူတန်းစား၏ လူနေမှုအဆင့်အတန်းနှင့် စီးပွါးရေးတိုးတက်ကောင်းမွန်ရန် ရေရှည်စီမံကိန်းတစ်ခုအနေဖြင့် စတင်ဆောင်ရွက်နိုင်ရန်။
• အသေးစားလုပ်ငန်းများကိုနိုင်ငံတော်အစိုးရမှ ပံ့ပိုးအားပေးရန်အထူးလိုအပ်သည်။
• ကုန်ထုတ်လုပ်မှု အဆင့်ကို တိုးတက်အောင် ဆောင်ရွက်ရန်လို။
• မှန်ကန်တိကျသည့် စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ ရှိရန်လို။
• ပုဂ္ဂလိက လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြု့န်လိုအပ်။ မျှတသည့်ယှဉ်ပြိုင်မှု ဝန်းကျင်ဖြစ်ရန်လိုအပ်။
• ကုန်ကြမ်းအစား ကုန်ချောအဖြစ် ထပ်ဆင့်ပြုပြင်ပြီး တင်ပို့နိုင်အောင် ကြိုးပမ်းရန်လို။ (သယံဇာတ ပစ္စည်းများ ကုန်ကြမ်းအတိုင်း သယ်ထုတ်ခြင်းအပါအ၀င်)
• နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဖြစ်နိုင်သမျှ ပုဂ္ဂလိကပိုင် ပြုလုပ်ရန်လို။
• ဈေးကွက်စီးပွါးရေးလုပ်ငန်းများအနေဖြင့် Professional အဆင့် ယှဉ်ပြိုင်နိုင်ရန်လိုအပ်
• အသက်မွေးဝမ်းကြောင်းမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်လိုအပ်
• စီးပွါးရေးဖွံ့ဖြိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခြင်းဆိုသော ချိန်ခွင်လျှာအား ဟန်ချက်ညီ တိုးတက်ရန်လို။
• တရုတ်ရင်းနှီးမြုပ်နှံမှု ဖြစ်တဲ့ မြစ်ဆုံစီမံကိန်း၊ သံလွင်မြစ်တွင် တည်ဆောက်မည့် ရေအားလျပ်စစ် စီမံကိန်းများ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ တည်ဆောက်ရေးစီမံကိန်း စသည့် ထိုင်းရင်းနှီးမြုပ်နှံမှု ကဲ့သို့သော နိုင်ငံများနှင့် ချူပ်ဆိုထားသည့် စီမံကိန်းကြီးများ ပိုမို ပွင့်လင်းမြင်သာရန်နှင့် မျှတသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ရန်လိုအပ်သည်။
• အာဆီယံနှင့် မဟာမဲခေါင် ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်များသည် မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ဖွံဖြိုးတိုးတက်မှု ကွာဟချက်ကို လက်တွေ့အရ ကျဉ်းမြောင်းစေရန် မျှတသည့် အကျိုးအမြတ် မျှဝေမှုပုံစံဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်လိုအပ်သည်။ထိုသို့ ဖြစ်ရန် ကောင်းမွန်သော စီးပွားရေး မူဝါဒ ရှိရန်လို
• လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်ကို ထိရောက်စွာ အသုံးချရေး၊ အခွင့်အလမ်းများဖန်းတီးပေးရေး၊ လုပ်ငန်းများအပြင် တည်ရှိပြီးလူသားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုပြီး မပြုန်းတီးအောင် ထိန်းသိမ်းသည့် အစီအစဉ်များပါ လိုအပ်သည်။
• သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် ဒေသခံများ၏သဘောထားရယူရန်နှင့် ဒေသခံများ၏ အကျိုးစီးပွါးဖြစ်ရန် လိုအပ်။
• အခွန်စနစ်ပြုပြင်ရန်လိုအပ်။ အခွန်စည်းကြပ်မှုကို စနစ်တကျကောင်ခံရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပညာရေး
• လွတ်လပ်သည့် ဒီမိုကရေစီ ပညာရေးစနစ်ဖြစ်ရန်လိုအပ်။ ကျောင်းသားအဖွဲ့အစည်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိရန်လို။
• လူတိုင်းရနိုင်မည့် အခြေခံပညာရေးရအောင်လုပ်ပေးရန်
• ဆင်းရဲနွမ်းပါးသူများနှင့် အလှမ်းဝေးဒေသများကို လက်လှမ်းမီအောင်ဆောင်ရွက်ပေးရန်လို
• အဆင်းရဲဆုံးအုပ်စုကို ဦးစားပေးရန်
• ပညာရေးအတွက် ဘက်ဂျက်တိုးရန်
• အရွယ်ရောက်သူကလေးတိုင်း မူလတန်းပညာရေး(အခြေခံ) မသင်မနေရ(အခမဲ့) ပညာရေးစနစ်ဖြစ်ရန်လိုအပ်။
• ပညာရေးအရည်အသွေးနှင့် စီမံအုပ်ချုပ်မှုကောင်းမွန်အောင်လုပ်ခြင်း
- သင်ရိုးညွှန်းတန်းကို ပြင်ရမည်
- ကလေးဗဟိုပြုသင်ကြားခြင်းလုပ်ရန်
- ၄ တန်းနှင့် ၈ တန်းကို အစိုးရစစ်လုပ်ရန်
- စာမေးပွဲစနစ်ပြောင်းရန်/စာမေးပွဲကျတာလက်ခံရမည်
• တိုင်းရင်းသားများအတွက် ပညာရေး
- ကလေးများကို မိခင်ဘာသာစကားဖြင့် သင်ကြားခွင့်ရအောင်လုပ်ပေးရန်
- တိုင်းရင်းသားကလေးများသည် ဗမာများကဲ့သို့ ဗမာစကားမတတ်တာစဉ်းစားပေးရန်
- သင်ရိုးကို တိုင်းရင်းသားအတွက် လုပ်ပေး (၈၀-၂၀)၊ (၆၀-၄၀)၊ ၁၀၀-၀ သမိုင်း၊ သင်္ချာ၊
• နိုင်ငံသားဖွံ့ဖြိုးရေးအသိပညာသင်ပေးရန်
• ပညာရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးများကို သင်ရိုးညွှန်းတန်းမှာထည့်ပေးရန်နှင့် နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုများပါ ပါဝင်ရန်
• တက္ကသိုလ်/ အဆင့်မြင့်ပညာရေးစနစ်နှင့် တက္ကသိုလ်ကျောင်းသား/သူ များ၏ဘ၀ကို ရှင်သန်နေထိုင်မှုရှိရန်လိုအပ်။ တက္ကသိုလ်ကျောင်းသားများ တက္ကသိုလ်ကျောင်းဝန်းကျင်တွင်နေထိုင်ပညာသင်ကြားခွင့်ရှိရန်လိုအပ်။
• စာသင်ကျောင်းများတွင် ကျောင်းသားများ အကြား အမုန်းပွားစေနိုင်သော သွန်သင်ဆုံးမမှုများနှင့် ဆက်ဆံမှုများ မရှိရန်လို။
• ပညာရေးစနစ်အား အခြေခံမှစ၍ ပြောင်းလဲရန်လိုအပ်။ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍများမှစ၍ပြောင်းလဲရန်။ ဆရာအတတ်သင်ပညာရေးကို အလေးထားဆောင်ရွက်ရန်။
• နိုင်ငံသားတိုင်းစာတတ်မြောက်ရန်နှင့် အနှိမ့်ဆုံးပညာအရည်အချင်းတခု(မူလတန်း၊ အလယ်တန်း )တတ်မြောက်ရန်။
• ကျောင်းသားတိုင်းစာသင်ချင်စိတ်ဖြစ်လာရန်၊ ကျောင်းတက်ချင်စိတ်ဖြစ်လာရန်နှင့် မိမိသင်ကြား နေသော ပညာရေးအား ယုံကြည်မှုရှိလာစေမည့် ပညာရေးဝန်းကျင်ဖြစ်ရန် လိုအပ်။
• ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်ကို ပိုမိုသုံးစွဲသင့်။
• အဖက်ဖက်မှပြည့်အ၀ဖွံ့ဖြိုးရေးအတွက် ပညာရေးစနစ်၏ ကလေးငယ်များအပေါ် ပိတ်ဆို့မှုဖြစ်စေခဲ့သော အကြောင်းအရာများအားပြုပြင်ရန်လိုအပ်။
• လူထု၏ အသိပညာ မြင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရမည်။
• တက္ကသိုလ်ပညာရေး လွတ်လပ်ခွင့်ရှိရမည်။ ဘဝတသက်တာ ပညာဆည်းပူးခွင့် အခွင့်အလမ်းရှိရမည်။
• တက္ကသိုလ်ပညာရေးသည် သုတေသနအခြေပြုရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ဆက်စပ်ရန်လိုအပ်။
• ကျောင်းသားများ၏ ဗလ (၅) တန်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ရံပုံငွေတရပ်ထူထောင်ထားရှိရန်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျန်းမာရေး
• ကျန်းမားရေးစောင့်ရှောက်မှု၊ ပညာပေးမှုပြုပေးခြင်း
• အခြေခံကျန်းမာရေးဝန်ဆောင်မှုနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်လိုသည်
• အရပ်ဖက်အဖွဲ့အစည်းများကဏ္ဍ သည် ကျန်းမာရေးပညာပေးလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်သည်။
• ဆင်းရဲနွမ်းပါးသူများ။ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအတွက် လူမှုစောင့်ရှောက်ရေးစနစ်တွေလုပ်ဖို့လို။ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးစောင့်ရှောက်ရေးကို အစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက်ရန်လို
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လယ်ယာမြေနှင့် လယ်သမားအခွင့်အရေး
• လယ်ယာ မြေ လုပ် ကိုင် ခွင့် များကို မူလ တောင်သူ လက် ၀ယ် ရရှိ ရေးလိုအပ်သည်။ တောင်သူလယ်သမားများထံမှ ကုမ္ပဏီများ၊ စစ်တပ်များ၊ ပုဂ္ဂလိကများ မတရားသိမ်းထားသော လယ်ယာမြေများကို မူလလယ်သမားများထံ အမြန်ပြန်ပေးရန်လိုအပ်သည်။ စားကျက်မြေများ ပြန်လည်ရရှိရန်လိုအပ်သည်။ ဆုံးရှုံးနစ်နာခဲ့သူများအတွက် ကုစားပေးရန်။
• လယ်ယာစိုက်ပျိုးမြေ ကိန်းဂဏန်းများပြုစုရေးလိုအပ်။ လက်တွေ့ကွင်းနှင့် မြေစာရင်ဌာနမှ မြေပုံများ ကိုက်ညီမှုရှိရေး ဆောင်ရွက်ပေးရန်လိုအပ်။
• တောင် သူ လယ် သမား ၊ ရေလုပ်သား၊ အလုပ်သမားများ၏ အကျိုးစီးပွါးနှင့် အခွင့်အရေးများကို ကာကွယ်သည့် ဥပဒေများ၊ နည်းဥပဒေများ အမြန်ပြဌါန်းပေးရန်လိုအပ်သည်။ ဖိနှိပ်ချုပ်ချယ်သ်ည့် ဥပဒေများ ဖျက်သိမ်းပေးရန်။
• တောင်သူလယ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိရန်လိုအပ်သည်။ တောင်သူလယ်သမား အဖွဲ့အစည်းများသည် တောင်သူလယ်သမားကိုယ်စားလှယ် အစစ်အမှန်ဖြစ်ရန်လို
• အစိုးရမှ တောင်သူလယ်သမားများတွက်ခြေကိုက်သော သီးနှံဈေးဖြင့် အာမခံဝယ်ယူပေးပါ။ လယ်သမားများအနေဖြင့် စိုက်ပျိုးသီးနှံများလွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့်ရှိရန်လို။
• ၈၈ ကျောင်းသားများ တောင်သူလယ်သမားဘ၀တွေ သိအောင် လယ်ထဲဆင်းပြီး လေ့လာသင့်၊ တောင်သူလယ်သမားများအတွက် လိုအပ်သည့် စိုက်ပျိုးနည်းပညာများ အကူအညီများအား ပြည်တွင်း ပြည်ပ အလှူရှင်များထံမှ ရရှိရေး ကူညီဆောင်ရွက်ပေးစေလို
• မြေရှင်ကြီးများ ပြန်လည်မပေါ်ပေါက်ရန်အတွက် မြေယာပိုင်ဆိုင်မှု ပမာဏကို ကန့်သတ်ထားရန်လိုအပ်သည်။
• ဆည်မြောင်းရေကာတာ ရေတံခါးများ စနစ်တကျပြုလုပ်ပေးရန်လိုအပ်။
• တောင်သူလယ်သမားများအား ခေတ်မှီစိုက်ပျိုးနည်းပညာများ၊မျိုးစေ့များ၊ လုပ်ငန်းအရင်းအနှီးများ ပံ့ပိုးပေးရန်လိုအပ်သည်။
• အင်းနယ်နမိတ်များ သတ်မှတ်ပြီး အကောင်အထည်ဖော်ပေးရန်လို
• မြေယာသိမ်းဆည်းမှုများအတွက် အမှန်တရား ဖော်ထုတ်ရေး စစ်ဆေး ဆောင်ရွက်ပေးရန်လို။ ပြည်သူသိရှိရန် ထုတ်ပြန်ပေးရန်လိုအပ်။
• လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေး အစိုးရမှဆောင်ရွက်ပေးရန်။
• ပြည်ပပို့ကုန်ခွဲတန်းကို တောင်သူများအတွက် အချိုးကျ သတ်မှတ်ပေးထားရန်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အလုပ်သမား
• ဘ၀အာမခံချက်ရှိသော အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ပေါ်လာရေး လိုအပ်။
• နစ်နာခဲ့သော နိုင်ငံရေးသမားများ၊ အလုပ်သမား လယ်သမားများကို တရားဥပဒေနှင့် အညီ ကူညီ စောင့်ရှောက်ပေးရန်။
• အလုပ်ချိန် ၈ နာရီ၊ လုငန်းခွင်သာယာရေးနှင့် လုံခြုံစိတ်ချရေး၊ အနိမ့်ဆုံးလုပ်ခနှုန်းထားနှင့် အချိန်ပိုလုပ်ခနှုန်းထားများ သတ်မှတ်ပြဌါန်းပေးရေး။ လိုအပ်သည့် ဥပဒေ နည်းဥပဒေများပြဌာန်းပေးရန်လိုအပ်၊ ဥပဒေများအား လိုက်နာအကောင်အတည်ဖော်ဆောင်ရွက်ရန် အစိုးရမှ လက်ငင်းချက်ချင်း အမြန်ဆုံး စနစ်တကျ ဆောက်ရွက်ပေးရန်၊
• အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိရန်။
• အလုပ်သမားများ၏ လူမှုဖူလုံရေးအာမခံချက်ရှိစေရန်၊ လုပ်ငန်းခွင့်ထိခိုက်ဒဏ်ရာရမှုများ သေဆုံးမှုများအတွက် မျှတသည့် လျော်ကြေးငွေရရှိရေးကို ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ပေးရန်၊
• လုပ်ငန်းကျွမ်းကျင်သော သင်တန်းများ ပံ့ပိုးပေးရန်။
• ပြည်ပရွေ့ပြောင်းအလုပ်သမားများအတွက် အရေးပေါ်စီမံဆောင်ရွက်မှုများ ပြင်ဆင်ထားရှိပေးရန်။
• အရွယ်မရောက်သေးသော ကလေးအလုပ်သမားများအရေး အမြန်ရေးယူဆောင်ရွက်ရန်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး
• ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဖြစ်ပေါ်တိုးတက်မှုနှင့် ဖယ်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်ရေးကိုဦးတည်ရန်လိုအပ်သည်။ ပွင့်လင်းမြင်သာရန် လိုအပ်သည်။ ပြည်သူလူထုက စောင့်ကြည့်ခွင့်ရှိရမည်။ အချိန်ဇယားရှိရမည်။ သက်ဆိုင်သူများပါဝင်ခွင့်ရှိရမည်။
• တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်အပါအဝင် အစိုးရကိုယ်စားလှယ်များနှင့် ပြည်သူများပါဝင်သည့် ညီလာခံတစ်ရပ် ခေါ်ဆိုရန်လိုအပ်။
• ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဒိုင်ယာလော့ခ်များ၊ အကြမ်းဖက်မှု တားဆီးရေး အစီအစဉ်များ စနစ်တကျ ရှိရန်လို။
• ဘာသာရေးကို နိုင်ငံရေးအလို့ငှါ အလွဲသုံးစားပြုမှုများကို ထိရောက်စွာ အရေးယူနိုင်သည့် ဥပဒေကို အမြန်ဆုံး ပြဌါန်းရန်။
• လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် အဓိကရုဏ်းများတွင် နစ်နာခဲ့သော ပြည်သူတို့၏ အိမ်ခြံမြေများပြန်ရရေး၊ ဘာသာရေးဆိုင်ရာဝတ်ကျောင်းများနှင့် သာသနိက အဆောက်အအုံများ ပြန်ဖွင့်နိုင်ရေး ကူညီရန်။
• အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်အတူ တိုင်းပြည်ဖွံ့ဖြိုးရေးကို တပြိုင်နက်တည်းလုပ်ကြရန်လိုအပ်။
• တိုင်းပြည်ပြဿနာများကို တွေ့ ဆုံ ဆွေး နွေး ရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရန်လိုအပ်သည်။
• ဒုက္ခသည်များနှင့် အိုးအိမ်စွန့်ပြည်တွင်း ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် အခြားလူသား လုံခြုံရေး ပြဿနာများကိုအလေးထားထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ အကူအညီပေးရေးအဖွဲ့အစည်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုရန်။
• ပြီးခဲ့သည့် အစိုးများလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမှန်တရားနှင့် တရားမျှတမှုများဖော်ထုတ်ရန်လိုအပ်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြည်လည်ကုစားပေးရန်လိုအပ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အသွင်ကူးပြောင်းရေး
- တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး၊ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်လို။ အဆိုပါလုပ်ငန်းစဉ်များတွင် ပြည်သူများ ပါဝင်မှုရှိရန်လို။
- ပြည်သူများ၊ ရပ်ရွာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခွင့်။ (စီမံကိန်းများ ပြင်ဆင်ရာမှ ဆုံးဖြတ်သည်အထိ)
- နိုင်ငံတော် ဖွံ့ဖြိုးရေးများတွင် ပြည်သူရပ်ရွာ အဖွဲ့အစည်းများ ပါဝင်ခွင့်ရရှိရန်။
- နယ်စပ်အခြေစိုက် အဖွဲ့များကို ဥပဒေအရ အာမခံချက်ပေးပြီး ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခွင့်ပေးရန်။ (အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်)
- မတရားအသင်း အက်ဥပဒေ ၁၇/၁ အပါအဝင် ပြည်သူတို့၏ အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကို ပယ်ဖျက်ရန်နှင့် အသစ်ထပ်မံပြဌါန်းခြင်းမပြုရေး အာမခံချက်ရှိရန်။(ဥပမာအားဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းရေးဥပဒေကြမ်းကို အတည်မပြုရန် လိုအပ်သည်။)
- ပြည်သူတို့၏အခြေခံအခွင့်အရေးများကို ကာကွယ်သည့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ဥပဒေများပြဌါန်းပေးရမည်။
- အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ်တွင် ခြွင်းချက်မရှိလက်မှတ်ရေးထိုးရန် လိုအပ်။
- ILO ၏စာချုပ် C 98 ကိုလက်မှတ်ရေးထိုးရန်လိုအပ်။
- အောက်ခြေအဆင့်မှ ပြည်သူများ၏ အသံများကို အစိုးရ လွှတ်တော် တပ်မတော် နိုင်ငံရေးပါတီ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ စီးပွားရေး အသိုင်းအဝိုင်းများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နိုင်ငံတကာ အလှူရှင်များထံ ကျယ်လောင်စွာဖော်ပြပေးရန်။
- ပြည်သူ့အခြေပြု မူဝါဒများ ပေါ်ပေါက်လာရန်။
- တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများ အမျိုးသမီးများ လူငယ်များ တောင်သူလယ်သမား အလုပ်သမားများ ဒုက္ခသည်များ ရွှေ့ပြောင်းဒုက္ခသည်များနှင့် အခြားထိခိုက်လွယ်သော ရပ်ရွာအဖွဲ့အစည်းများ၏ အသံများ ကိုဖော်ပြပေးရန်။
- ပြည်ပ/နယ်စပ်အခြေပြု အဖွဲ့များ၏ အတွေ့အကြုံနှင့် အရည်အချင်းကို အသုံးချခြင်း။
- အသွင်ကူးပြောင်းရေးကာလ အချိန်သတ်မှတ်ချက်ရှိရမည်။
- အသွင်ကူးပြောင်းရေးကာလကိုအချိန်ကာလတစ်ခု သတ်မှတ်ပြီးသည့်နောက်တွင် တစ်နိုင်ငံ
လုံးအတိုင်းအတာဖြင့် ဗဟိုမှသည်မြို့နယ်၊ကျေးရွာများရှိ အုပ်ချူပ်ရေးရာထူးတာဝန်များတွင်
(တိုင်း၊ပြည်နယ်၊အစိုးရအပါအ၀င်)လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်ဘက်အရာရှိများ၏
နေရာတွင် ဒီမိုကရေစီဘက်တော်သားများ(သို့)စစ်ဘက်အရာရှိမဟုတ်သူများက လွှဲပြောင်း
တာဝန်ယူခွင့်ရနိုင်အောင် နည်းစနစ်တစ်ခု သတ်မှတ်အဆိုပြုသင့်ပါသည်။မည့်သည့်အချိန်ကာ
လအတိုင်းအတာအတွင်း အုပ်ချူပ်ရေးရာထူးနေရာ စုစုပေါင်း၏ မည်သည့်ရာခိုင်နှုန်းအထိ ရာ
ထူးနှင့်တာဝန်ကိုလွှဲပြောင်းသင့်ကြောင်းဆုံးဖြတ်ကြရပါမည်။ထိုလွှဲပြောင်းရာတွင်အမျိုးသမီး
နှင့်လူငယ်များတာဝန်ယူနိုင်ရန် ရာခိုင်နှုန်းမည်မျှအား ယင်းတို့ဖြင့် အစားထိုးသင့်ကြောင်းကိုပါ
ထည့်သွင်းအဆိုပြုသင့်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ
• အဖွဲ့စွဲ ပုဂ္ဂိုလ်စွဲမထားပဲ အင်းအားစုများအကြား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။
• အနာဂတ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အားကောင်းစွာဖော်ဆောင်နိုင်ရေးအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တဦးချင်းနှင့် အဖွဲ့လိုက် စွမ်းရည်မြှင့်တင်မှုများပြုလုပ်သွားရန် အရေးကြီးလိုအပ်နေသည်။
• နိုင်ငံရေးအင်အားစုများက နိုင်ငံရေးအရည်အသွေးမြင့်တက်ရန်လိုအပ်သည်။
• လူထုကို ကိုယ်စားပြုသည့် အရည်အချင်းရှိသောလွှတ်တော်နိုင်ငံရေးသမားများလိုအပ်။
• နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှု့အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး အရေးတကြီးလိုအပ်
• နိုင်ငံရေးပါတီအဖွဲ့အစည်းများခိုင်မာသန်စွမ်းရေးကိုကြိုးပမ်းရန်လိုအပ်သည်။
• ၈၈ မျိုးဆက်၏ကမကထပြုမှု့ဖြင့် ပြည်တွင်းမှာ ရှိနေသော နိုင်ငံရေးအခြေပြုအဖွဲ့အစည်းများ စုစည်းနိုင်ရေး လိုအပ်
• နိုင်ငံရေးပါတီများ ပါတီဝင်အင်အား များရေးထက် ပါတီထောက်ခံသူပြည်သူလူထုအင်အားက အရေးကြီး ဟုမြင်ဖို့လိုအပ်
• လူမျိုးစုပါတီများ (တိုင်းရင်းသားနိုင်ငံရေးပါတီများ) မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင် ပြဌာန်း ခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် တန်းတူရည်တူအခွင့်အရေးများ လက်တွေ့ကျကျ ရရှိအောင် ဖော်ဆောင်ရာတွင် ဗမာအခြေပြုအခြားနိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ နှင့်မပြတ်ထိတွေ့နေ ရန်လိုအပ်။
• ဒီမိုကရေစီအင်အားစုများသည် လူ့အခွင့်အရေးကို တန်ဘိုးထားတက်ရန်နှင့် တာဝန်ယူတက် တာဝန်
ကျေမှသာ တရားဥပဒေစိုးမိုးမှုရှိမှာမို့ မြန်မာနိုင်ငံရေးအတွက် အထူးပင် အရေးတကြီးလိုအပ်လှပေးသည်။
• တတိုင်းပြည်လုံး၊ တကမ္ဘာလုံးက ချစ်ခင်ကြည်ညိုလေးစားသော လူထုခေါင်းဆောင်မှ သမ္မတဖြစ်မြောက်လာရေး။
• ဒီမိုကရေစီအင်အားစုများ စည်းလုံးညီညွတ်စွာ လွှတ်တော်အတွင်း၊ လွတ်တော်အပ ဆက်စပ်ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်သည်။
• မြန်မာ့ဒီမိုကရေစီရေးရဲ့ ရှေ့လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ရာတွင် လူမှန်နေရာမှန်ဖြစ်စေရန်
သက်ဆိုင်ရာဒေသရှိရှစ်ဆယ့်ရှစ်မျိုးဆက်အဖွဲ့အစည်းအားလုံးနှင့်တိတိကျကျညိုနှိုင်းဆောင်ရွက်ရန်
• ပြည်ပနိုင်ငံအသီးသီးတို့တွင် ရောက်ရှိနေကြတဲ့ရှစ်ဆယ့်ရှစ်မျိုးဆက်များအား မိမိတို့ရောက်ရှိနေထိုင်
ရာနိုင်ငံတစ်ခုခြင်းအလိုက်စုစည်းညီညွတ်တဲ့အဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက်နိုင်ငံအလိုက်ကွန်ယက်များ
ထားရှိပြီးညှိနှိုင်းဆောင်ရွက်ရေးကိုတွန်းအားပေးရန်
• မြန်မာပြည်တွင်းနှင့် ပြည်ပရောက်ရှစ်ဆယ့်ရှစ်မျိုးဆက်များဟန်ချက်ညီညီပူးပေါင်းပြီးမြန်မာဒီမိုကရေစီ
ရေးလှုပ်ရှားမှုကိုထိရောက်စွာဆောင်ရွက်ရန်
• မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရန်ရှစ်ဆယ့်ရှစ်မျိုးဆက်ကျေားင်းသားခေါင်း
ဆောင်များပါဝင်တဲ့နိုင်ငံရေးပါတီတည်ထောင်ခြင်း၊လူမှုရေးအဖွဲ့အစည်းတည်ထောင်ခြင်းတို့နှင့်ပါတ်သက်တဲ့ဆုံးဖြတ်ချက်များကို ၂၀၁၃ ခုနှစ်မကုန်မှီပြည်သူများကို ပြတ်ပြတ်သားသားအသိပေးကြရန်
• အစိုးရနှင့် အတိုက်အခံများ၊ ပြည်သူများအားလုံး ညီညွတ်စွာလက်တွဲဆောင်ရွက်ရန် အထူးလိုအပ်သောကာလဖြစ်သည်။
• တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် နိုင်ငံသာအားလုံး အသိစိတ်ဓါတ်ကိုယ်စီဖြင့် ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသလောက် ပါဝင်လာနိုင်သော နိုင်ငံရေးအသိတရားများ ဖြစ်ပေါ်လာစေရန်အတွက် စည်းရုံး၊ လှုံ့ဆော် ပညာပေးနိုင်ရန် ( အထူးသဖြင့် လူငယ်များပါဝင်လာနိုင်ရန်)
• ထိပ် တိုက် တွေ့ ဆုံ မှု များ မဖြစ် လာ စေ ရေး ကို ဒီမို ကရေ စိ အင် အား စု များ အထူး သတိ ထား ရန် လို အပ်။
• နိုင်ငံ တော် တည် ဆောက် ရေး မြန် ဆန် ချော မွေ့ စေ ရေး မှာ political institution များ ၊ ပြည် သူ၊ အစိုး ရ ၊ တပ်မတော်၊နိုင် ငံေ၇း အင် အား စု များမျှ တ ဟန် ချက် ညိ စွာလုပ်ဆောင် သင့်
• အင်အားစုများအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် common ground ရှိ ရန်လိုအပ်သည်။
• ညီညွတ်သောအင်အားစု တရပ်( united front) ပေါ် ထွက် လာရန်လိုအပ်သည်။
• နိုင်ငံရေးအင်အားစုအားလုံးပါဝင်သည့် အသွင်ကူးပြောင်းရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်လို
• ၁၉၆၂ မှစတင်၍ သမိုင်းအဆက်ဆက် သစ္စာရှိရှိပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအားလုံး ရှေ့ဆက်မည့် တိုင်းကျိုးပြည်ပြု လုပ်ငန်းများတွင် ထဲထဲဝင်ဝင် တရားဝင် ထမ်းဆောင်နိုင်ရန် လိုလာပါသည်. ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်အရေးတွင် အဆင့်တိုင်းတွင်ပါဝင်စေချင်ပါသည်။
• နိုင်ငံရေးအင်အားစု အချင်းချင်းအကြားမှာ ကန့်သတ်၊ ဘေးဖယ၊် ပထုတ်တဲ့ အပြုအမှုတွေ (Marginalize) လုပ်တာတွေကို မရှိသင့်။
• အုပ်ချုပ်ရေး ဌာနတိုင်းလိုလိုမှာရော ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်တိုင်းအဆင့်ဆင့် စစ်တပ်အရာရှိများ ပါဝင် ဦးဆောင် နေမှု ကဏ္ဍမှာ ဒီမိုကရေစီအင်အားစုများမှ ဝင်ရောက်တာဝန်ယူနိုင်ဖို့ လိုအပ်။
• တိုင်းရင်းသားပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အစိုးရ နှင့် တပ်မတော်အကြားမှာ အမျိုးသားစည်းလုံးညီညွတ်ရေး (The National Unity) တနေ့နေ့ တချိန်ချိန်မှာ ပြန်လည်ရရှိဖို့ နိုင်ငံရေးအင်အားစုများ စွမ်းဆောင်ရမယ် ဖြစ်တယ်။
• ရွေးချယ်ရမည့်နည်းလမ်း(၄)သွယ်မှာ-
(၁) ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ စုစည်းညီညွတ်စွာနဲ့ မိမိတို့ ဖြစ်စေလိုတဲ့ တိုင်းပြည်တပြည် ဖြစ်လာဖို့ လက်ရှိအစိုးရ အာဏာပိုင်အဖွဲ့ကနေ ဦးဆောင် လုပ်နေတာတွေကို ဆန့်ကျင် ပြီးသွားကြမလား၊
(၂) ကျနော်တို့တတွေအနေနဲ့ ကျနော်ဖြစ်စေချင်တဲ့ တိုင်းပြည်အတွက် ချမှတ်လုပ်ဆေါင်ရမဲ့ မှုဝါဒတွေ ပေါ်လစီတွေ အလုပ်တွေကို လက်ရှိအစိုးရ အာဏာပိုင်အဖွဲ့က လုပ်ဆောင်ပေးဖို့ ကြိုးစားကြမလား၊
(၃) ကျနော်တို့ ဖြစ်စေချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရှိတဲ့ စုစည်းညီညွတ်တဲ့ တိုးတက်တဲ့ ချမ်းသာတဲ့ သာယာပျှော်ရွှင်ဘွယ်ကောင်းတဲ့ တိုင်းပြည်တပြည်ဖြစ်လာဖို့ ကျနော်တို့တတွေအားလုံး ယခုရရှိထားတဲ့ ပွင့်လင်းစပြုနေပြီဖြစ်တဲ့ အခွင့်အရေးကို မိမိရရ ဆုတ်ကိုင်ပြီး လက်ရှိအစိုးရ အာဏာပိုင်အဖွဲ့ နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြမလား၊
(၄) နောက်ဆုံးအချက်နေကတော့ ကျနော်တို့ ဒီနည်းလမ်း သုံးခုစလုံးကို သူ့နေရာနဲ့သူ အလျှင်းသင့်သလို စုစည်းညီညွတ်စွာနဲ့ အားလုံး အတူတကွ လုပ်ဆောင်ဆေါင်ကြမလား ဆိုတာတွေကို ရွေးချယ်ရမယ် ဖြစ်ပါတယ်။
မှတ်ချက်။ ။ ဤအကြံပြုချက်များသည် ၂၀၁၃ခုနှစ်၊သြဂုတ်လ ၆၊၇ ရက်နေ့များတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲများမှ ကောက်နုတ်ဖော်ပြချက်များ ဖြစ်ပါသည်။
စုံညီဆွေးနွေးပွဲကြီးတွင် ဖြည့်စွက်ဆွေးနွေးချက်များနှင့် စာဖြင့် အကြံပြု ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။

၂၅ နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံကြီးသို့  မြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့ ၏ သဘောထားထုတ်ပြန်ချက်

Thursday, May 30, 2013


နိုင်ငံတကာရောက် (၈၈) မျိုးဆက်ကျောင်းသားများနှင့် ဒီမိုကရေစီအင်အားစုများ
The 88 Generation Students (International) and the Democratic Forces
Statement of the Joint Action Working Committee on organizing a political forum between the 88 Generation Students (Burma and International) and the Democratic Forces

Date: 31 May 2013
1.      The Joint Action Working Committee (JAWC) has come together to work toward enabling cooperation among the 88 Generation Students (Burma and International) and the Democratic Forces, since the release of leaders of the 88 Generation Students Burma.  The efforts of the JAWC were primarily focused on convening a political forum between those inside Burma and international and the democratic forces after more than 20 years apart.
2.      Subsequently, the JAWC established an organizing committee tasked with finding ways for responding to current situations andfor formulating future workplans as for preparation for convening the political forum.  Hence, the Organizing Committee was established with the following terms of reference:
a)      Reflection on the struggles for regime change and democracy restoration over the past 25 years
b)      Analysis and evaluation of the military’s imposed 2008 Constitution and present situations
c)      Ways forward for responding to future challenges and for formulating workplans.
3.      The aim of the JAWC to enhance international collaboration for convention of an international conference.  It negotiated with all parties, including those in Fort Wayne and the Canadian Friends of Burma.  Though the parties agreed to collaborate, the JAWC ceased its collaboration (with the two mentioned parties) due to disagreement on the primary aims and missions of the conference and the lacking in transparency and dishonesty and insincerity.
The party in Fort Wayne proposed ‘Citizenship rights in Burma of the exiles’ as the primary aim for the conference.  This is politically immature and against the aims of the JAWC.
Similarly, the Canadian Friends of Burma (CFOB) displayed its dishonesty and insincerity in negotiation with the JAWC.  In addition, the CFOB showed little understanding of the conference’s aims and lacked good negotiation spirits.
4.      However, the JAWC continues its efforts to implement its original aim of convening a political forum focused on high level and mainstream discussions.  The JAWC states that it has disassociate d with the Party in Fort Wayne and the CFOB.
5.      The following international members of the JAWC can be contacted regarding this statement and the political forum.
MaungMaungThein (USA, 415-680 8806)
AungKyiOo (USA, 607-280 4883)
Ye Htut (USA, 347-226-0572)
Kyaw Than (India, 91-8800 552 792)
TayzaThuya (Europe, 45-4550 347 952)
Maung Maung Maw (Europe, -31-6168 52 614
SoeLwin (Australia, 61-412 387 263)
Zaw Naing Wynn (Australia, 61-414 311 647)
       Min Naing (Canadian,604-300-0589)
       Tin  Nwe    (Canadian ,604-817-1693)
        Htun Htun Oo (Canadian, 416-564-1952)
88transitorycommittee@gmail.com

Wednesday, October 31, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)


 
 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
အဖွဲ့အစည်းတည်ထောင်ခြင်း (၂၄)နှစ်မြောက် ထုတ်ပြန်ကြေငြာချက်
(၁)        ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့သော မကဒတ (ကျောင်းသားတပ်မတော်)သည် -
- တိုင်းရင်းသား လူမျိုးပေါင်စုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး
ဟူသော နိုင်ငံရေး ဦးတည်ချက်လေးရပ်ကို အခိုင်အမာ ကိုင်စွဲလျက် ၂၄ နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့ပြီးဖြစ်သည်။
(၂)        ဤ ၂၄ နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း မကဒတ (ကျောင်းသားတပ်မတော်)မှ ကျဆုံး ရဲဘော် ၆၂၇ ဦး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၉၉ ဦး ပေးဆပ်ခဲ့မှုအား အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထို့အတူ အခက်အခဲ အကျပ်အတည်းများမှ ယနေ့တိုင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲများနှင့်အတူ ယုံကြည်ချက်ခိုင်မာစွာဖြင့် ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည့် မကဒတ ကျောင်းသားတပ်မတော် ရဲဘော်များ အားလုံးကို ဦးညွတ်အလေးပြု လိုက်ပါသည်။
(၃)        ယနေ့ကာလသည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်များ ဖြစ်ထွန်းနေသည်ဟု ရှုမြင်သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်တွင်း နိုင်ငံရေးထဲပါဝင်နေခြင်း၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ကိုယ်တိုင် လူထုကြားတွင် နိုင်ငံရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်လာခြင်း၊ နိုင်ငံတကာ အင်အားစုများက မြန်မာနိုင်ငံအပေါ် ယခင်ထက် ပိုမိုနီးကပ်စွာ လက်တွဲ ဆောင်ရွက်လာခြင်း၊ လွှတ်တော်နှင့် အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုသည့် ဝေါဟာရများအား တရားဝင်ထုတ်ဖော် ပြောဆို လာနေသည့်  ကာလဖြစ်သည်။
သို့သော် ပြည်သူလူထု၏ မြေယာပိုင်ဆိုင်ခွင့် အပါအ၀င် အခြေခံ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ရပိုင်ခွင့် များ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အခွင့်အရေးများအတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲဖြစ်သည်။ ထို့ပြင် ယနေ့ နိုင်ငံရေးဖြစ်စဉ်မှာ အင်အားစုအားလုံး အတူတကွ အလုံးစုံ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေ မရောက်ရှိ သေးပေ။ သတိရှိရှိဖြင့် အကန့်အသတ်များကြားမှ ထိတွေ့ ဆက်ဆံနေရသည့် ကာလဟု မှတ်ယူသည်။ 
(၄)        တဆက်တည်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ ကျောရိုးပေါ်မှ ပေါ်ထွက်လာသည့် လွှတ်တော်နှင့် အစိုးရ ကိုယ်တိုင် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်း၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံစကားပြောနေခြင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေခြင်းများကို  အပြုသဘောအနေဖြင့် ကြိုဆိုသည်။ သို့သော် နိုင်ငံရေး ပြဿနာများကို မှန်ကန်စွာ ဆွေးနွေးအဖြေရှာခွင့်မရှိသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ သမိုင်း သင်ခန်းစာကို မိမိတို့အားလုံး ကောင်းစွာထုတ်ယူကြရန် လိုသည်။ ထို့ကြောင့်
(က)      ယနေ့ကာလဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲသွားရန်အတွက် လက်ရှိ အစိုးရ အနေဖြင့် တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိဖြင့် ဆောင်ရွက်ရေး၊
(ခ)        တရားမျှတမှု (Justice)၊ တန်းတူရည်တူမှုရှိ (Equality)နှင့် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် (Political Rights) တို့ကို ဂုဏ်သိက္ခာရှိစွာ ရှာဖွေဖော်ထုတ်နိုင်မည့် နိုင်ငံရေး အင်အားစုအားလုံး ကိုယ်စားပြု ပါဝင်နိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး၊
(ဂ)        ထိုမှတဆင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေး တို့အတွက် ကြိုးစား ဆောင်ရွက်ကြရမည်ဟု အလေးအနက်ယုံကြည်သည်။ 
သို့မှသာ ရည်ရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့် ရလဒ် ကောင်းများကို ရရှိမည်ဖြစ်သည်။
(၅)        ဤပကတိ နိုင်ငံရေးအခြေအနေအောက်တွင် မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်) အနေဖြင့် ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံစကားပြောမှုများ ရှိနေသလို တဖက် တွင်လည်း ပြည်တွင်း/ပြည်ပ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်း သား လက်နက်ကိုင် အင်အားစုများနှင့်အတူ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကာ တတိုင်းပြည်လုံး လက္ခဏာဆောင်သည့် နိုင်ငံရေး လုပ်ငန်း စဉ်များတွင် အခိုင်အမာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခုကျရောက်သည့် ၂၄ နှစ်မြောက် မကဒတ (ကျောင်းသား တပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ တွင် ထုတ်ပြန်အပ်ပါသည်။
 
ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ ကျောင်းသား တပ်မတော်)
ရက်စွဲ။  ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်

__._,_.___
Attachment(s) from M.THIHA MYAT
1 of 1 File(s)
Re

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှအသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်စပ်လျဉ်း၍အချက် ၆ ချက်ပါသော အသိပေးကြေညာချက်ကို အောက်တိုဘာ၃၁ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ယင်းကြေညာချက်မှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။

၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

Tuesday, September 25, 2012

ဦးညိုအုံးမြင့် (NLD-LA) အဖွဲ့ဝင်ဟောင်း နှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်


၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ အဖွဲ့ဝင် တဦးဖြစ်ခဲ့ဘူးသူ ဦးညို
အုံးမြင့်အနေဖြင့်လွန်ခဲ့သည့်စက်တင်ဘာလဆန်းတွင်ပြည်တွင်းသို့ဝင်ရောက်သွားပြီးသတင်းမီဒီ
ယာများနှင့် တွေ့ဆုံဆွေးနွေးခန်းများလုပ်ဆောင်နေမှုနှင့်စပ်လျဉ်း၍အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)၏ သဘောထားကိုထုတ်ပြန်လိုက်ပါသည်။
၂။ဦးညိုအုံးမြင့်သည် သက္ကရာဇ် ၂၀၀၂ ခုနှစ်ကစတင်၍၂၀၁၂ခုနှစ်ဇူလိုင်လအထိNLD(LA)တွင်ဝင်
ရောက်တာဝန်ယူခဲ့ပါသည်။ ၄င်းအား အဖွဲ့ဝင်အဖြစ်တာဝန်ရှိခဲ့သည့် ကာလများအတွင်းအမျိုးသား
ဒီမိုက ရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၏ နိုင်ငံခြားရေးဌာနတာဝန်၊ NCUB တပ်ပေါင်းစုကြီး
၏ နိုင်ငံခြားရေး တာဝန်များကို ပါ ပူးတွဲ ထမ်းဆောင်ရန် တာဝန်ပေးခဲ့ပါသည်။
၃။ဦးညိုအုံးမြင့်အနေဖြင့် ၀န်ကြီးဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင်
အချိန်ပြည့်တာဝန်ထမ်းဆောင်ရန်အတွက် ၄င်းကိုယ်တိုင်၏ ဆန္ဒအရ သက္ကရာဇ် ၂၀၁၂ခုနှစ်
ဇူလိုင်လ (၇) ရက်စွဲပါစာဖြင့် NLD(LA) ၏ အမှုဆောင် အဖြစ်မှလည်းကောင်း၊ အဖွဲ့ဝင်အဖြစ်မှ
လည်းကောင်း နှုတ်ထွက်ခွင့်ပြုရန်တင်ပြလာမူအပေါ် (၂၂ - ၇ - ၂၀၁၂)တွင်ပြုလုပ်ခဲ့ သည့်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ - ဦးညိုအုံးမြင့်အား NLD(LA)
ကပေးအပ်ထားသည့် တာဝန်အသီးသီးကိုလုံးဝရပ်ဆိုင်း လိုက်ပြီးအဖွဲ့ဝင်အဖြစ်မှပါအပြီး တိုင်
နှုတ်ထွက်ခွင့် ပြုလိုက်ပြီးဖြစ်ပါသည်။
၎။ထို့ပြင်NLD(LA) ၏ကိုယ်စားလှယ်အဖြစ် NCUB တပ်ပေါင်းစုကြီးအပါအ၀င် မဟာမိတ် အဖွဲ့အ
စည်းအသီးသီးတွင် ဆက်စပ်တာဝန်ပေးထားမှုများအားလုံးနှင့်စပ်လျဉ်း၍လည်း လက်ရှိတာဝန်များ
အားလုံးကို လုံးဝရပ်စဲ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သက္ကရာဇ် ၂၀၁၂ခုနှစ် ဇူလိုင်လ (၂၈) ရက်
နေ့ရက်စွဲ ဖြင့် NCUBတပ်ပေါင်းစုကြီး နှင့် မဟာမိတ်အဖွဲ့အစည်းအသီးသီး သို့တရားဝင်
အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။ တပြိုင်နက်တည်းတွင် ဦးညိုအုံးမြင့်သို့လည်းအကြောင်း ကြား
ခဲ့ပြီးဖြစ်ပါသည်။ထိုအချိန်မှစတင်၍ ဦးညိုအုံးမြင့်သည် မိမိတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) နှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့ပါ။
၅။ သို့သော် ယခုကာလအတွင်း သတင်းမီဒီယာများတွင် ဦးညိုအုံးမြင့် သည်မိမိတို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွင်တာဝန်ရှိသယောင်ယောင် ထင်ယောင်
ထင်မှားဘွယ်ရာများ တွေ့မြင်နေရပါသည် ။ ဦးညိုအုံးမြင့်၏ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်
ရောက်မှုသည်လည်းကောင်း၊ သတင်းဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခြင်းများ
သည်လည်းကောင်း၊ ယင်းဆွေးနွေးမှုများ တွင်၎င်းကိုယ်တိုင် ပြောဆိုခဲ့သည့် အကြောင်းအရာ
အချက်အလက်များသည် လည်းကောင်း၊အင်တာဗျူးပြုလုပ်ရာတွင် ယခင် တာဝန်များကို ပြန်
လည်ဖေါ်ပြစေခဲ့မှုများသည်လည်းကောင်း၊တာဝန်ခံ ဖြေကြားသည့်ဦး ညိုအုံးမြင့် နှင့်သာတိုက်ရိုက်
သက်ဆိုင်ပြီး၊မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နှင့် လည်းကောင်း၊
NCUB ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ တပ်ပေါင်းစုကြီးနှင့် လည်း ကောင်း မည်သို့မျှ
ဆက်စပ်ပါတ်သက်ခြင်းမရှိကြောင်း တိတိလင်းလင်းကြေညာအပ်ပါသည် ။
၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သည်၊ ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄)
ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးဗဟိုဌာနချုပ် (မာနယ်ပလော) တွင် စတင်တည်ထောင်
ခဲ့သည့် အချိန်မှစတင်၍ ယနေ့အထိ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအင်အားစုအဖွဲ့အစည်း
အသီးသီး နှင့်လည်းကောင်း၊ ညီနောင် ဒီမိုကရေစီအင်အားစုများနှင့်လည်းကောင်း၊ခိုင်မာစွာလက်
တွဲပြီး မြန်မာနိုင်ငံ၏သမိုင်းပေးတော်လှန်ရေးတာဝန်များကို စဉ်ဆက်မပြတ်ထမ်းဆောင်နေသော
အဖွဲ့အစည်းတရပ်ဖြစ်ပါသည်။
၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေဖြင့် တော်လှန်ရေးဖြတ်သန်းမှုကာ
လတလျှောက်ကြုံတွေ့ခဲ့ရသည့်ဆိုးကျိုး၊ကောင်းကျိုးမှန်သမျှကိုတိကျခိုင်လုံသည့် အချက်အလက်
အထောက်အထားများဖြင့် နိုင်ငံတော်နှင့် ပြည်သူတရပ်လုံးသို့ လိုအပ်သည့်အချိန်တွင်ရှင်းလင်း
တင်ပြသွားမည်ဖြစ်ပါသည်။
၈။ သို့ဖြစ်ပါ၍ ဦးညိုအုံးမြင့်အနေဖြင့် ယခုကဲ့သို့သော နားလည်မှုရူပ်ထွေးစေသည့် သတင်းဌာန
များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခြင်း နှင့် ယင်းဆွေးနွေးချက်များပါ အကြောင်းအရာဖေါ်ပြမှု
များနှင့် အချက်အလက်များသည် မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်း နှင့် အဖွဲ့အစည်း၏တာဝန်ရှိသူတဦးအနေဖြင့် တာဝန်ရှိမှုအ
ရ လုပ်ဆောင်ခဲ့မှုများ (လုံးဝ) မဟုတ်ပါကြောင်းသိသာနိုင်ရန် ထုတ်ပြန်လိုက် ပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရက်စွဲ - ၂၀၁၂ခုနှစ် စက်တင်ဘာ (၂၅) ရက်။
ဆက်သွယ်ရန် - ဦးမြင့်သိဏ်း - အတွင်းရေးမှူး (ဖုံး - ၀၈၄ ၄၅၆ ၅၅၈၃ )