ချိုချိုသန်း
ရန်ကုန် ၊ အောက်တိုဘာ ၂ ။ ။ တက္က သိုလ်ဆရာ၊ ဆရာမများအသင်း အနေဖြင့်
ဆရာမဒေါ်စိုးစိုးခိုင် ကိစ္စနှင့်ပတ်သက်၍ သဘော ထား ကြေညာချက် ကို တတိယအကြိမ်
ထုတ်ပြန်လိုက်ပြီး ယင်းနှင့်ပတ် သက်၍ ရက်ပေါင်းနှစ်ဆယ်အတွင်း
ဝန်ကြီးဌာနဘက်မှ ပွင့်လင်းမြင် သာစွာဖြေရှင်းမှုမရှိပါက စွဲချက်
တင်တော့မည်ဖြစ်ကြောင်း အဆို ပါအသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနမှ ဥပဒေကိုမျက်ကွယ်ပြုပြီး အမှတ် (၅) အခြေခံပညာအထက်တန်း
ကျောင်း၊ နေပြည်တော်မှ အလယ် တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား
ရာထူးမှထုတ်ပယ်ခဲ့မှုနှင့်ပတ်သက် ၍ နောက်ဆုံးအကြိမ်(တတိယ အကြိမ်) သဘောထားကြေညာ ချက်ကို အောက်တိုဘာ ၁ရက် တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကြေညာချက်နှင့်ပတ်သက် ၍''ပထမကြေညာချက်တုန်းက လဲ
ဝန်ကြီးဌာနကိုပို့လိုက်ပေမယ့် လက်ခံရရှိကြောင်းမပြောသလို
ပုဂ္ဂလိကသတင်းစာတွေမှာတွေ့ လို့ ပြန်ဖြေရှင်းတဲ့ပုံစံမျိုးလုပ်လိုက် တာ။
အခုလဲ ပို့တော့ပို့လိုက်တာ ပဲ။ လက်ခံရရှိကြောင်းမပြန်ပေ မယ့်
မီဒီယာတွေမှာပါလာရင်သိ သွားမှာပဲလေ။ ဆရာတို့ကတော့ ဆရာ၊ ဆရာမအားလုံး၊
ဝန်ထမ်း အားလုံးအတွက်လုပ်တာပါ။ ဒီ တစ်ခါ နောက်ဆုံးကြေညာချက်
ထုတ်တာတောင်ဘာမှ မတုံ့ပြန် ဘူးဆိုရင် တရားဥပဒေအရ ရင်
ဆိုင်မှဖြစ်တော့မှာ''ဟု ဦးသန်း ထိုက်အောင်က ဆိုသည်။
အဆိုပါကြေညာချက်တွင် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒေါ်စိုးစိုးခိုင်
၏ပြန်တမ်းနှင့် ပတ် သက်၍ ဝန်ထမ်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း
ထည့်သွင်း ဖော်ပြထားသည့် အချက်ခြောက် ချက်ပါရှိသည်။
ယင်းအပြင်
သဘောထား ထုတ်ပြန်ကြေညာချက် ကို ဝန်ကြီး ဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံး
လုပ်နည်းဖြင့်ညီညွတ်သော အပြု သဘောဆောင် သည့် ဖြေရှင်း မှု တစ်ခုကိုလည်း
ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း နှစ်ဆယ်အတွင်း ဖော်ဆောင်ပေး
ရန်လိုလားကြောင်း ထည့်သွင်း ဖော်ပြထားပြီး
အကယ်၍ ဥပဒေ ကြောင်းအရ
ညီညွတ်မျှတသည့် ဖြေရှင်းချက် တစ်စုံတစ်ရာမရရှိ ပါက တက္ကသိုလ်ဆရာ၊ ဆရာမ
များအနေဖြင့် ညီနောင်မိတ်ဖက် အဖွဲ့အစည်းများနှင့်လက်တွဲ ကာ
ဒေါ်စိုးစိုးခိုင်ကိစ္စအား ပြေလည် အောင် ဝန်ကြီးဌာနနှင့် မလွှဲ မရှောင်သာ
ထိပ်တိုက်ရင်ဆိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍
ပညာ ရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရာ အဆိုပါကိစ္စနှင့်ပတ် သက်၍
မသိရှိသေးသည့်အတွက် မဖြေကြားနိုင်ဟု တာဝန်ရှိသူတစ် ဦးက
ပြန်လည်ဖြေကြားခဲ့သည်။
Link =>http://goo.gl/SDbeuX
Yangon Media Group
ချိုချိုသန်း
ရန်ကုန် ၊ အောက်တိုဘာ ၂ ။ ။ တက္က သိုလ်ဆရာ၊ ဆရာမများအသင်း အနေဖြင့် ဆရာမဒေါ်စိုးစိုးခိုင် ကိစ္စနှင့်ပတ်သက်၍ သဘော ထား ကြေညာချက် ကို တတိယအကြိမ် ထုတ်ပြန်လိုက်ပြီး ယင်းနှင့်ပတ် သက်၍ ရက်ပေါင်းနှစ်ဆယ်အတွင်း ဝန်ကြီးဌာနဘက်မှ ပွင့်လင်းမြင် သာစွာဖြေရှင်းမှုမရှိပါက စွဲချက် တင်တော့မည်ဖြစ်ကြောင်း အဆို ပါအသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနမှ ဥပဒေကိုမျက်ကွယ်ပြုပြီး အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်း၊ နေပြည်တော်မှ အလယ် တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ရာထူးမှထုတ်ပယ်ခဲ့မှုနှင့်ပတ်သက်
ကြေညာချက်နှင့်ပတ်သက် ၍''ပထမကြေညာချက်တုန်းက လဲ ဝန်ကြီးဌာနကိုပို့လိုက်ပေမယ့် လက်ခံရရှိကြောင်းမပြောသလို ပုဂ္ဂလိကသတင်းစာတွေမှာတွေ့ လို့ ပြန်ဖြေရှင်းတဲ့ပုံစံမျိုးလုပ်လ
အခုလဲ ပို့တော့ပို့လိုက်တာ ပဲ။ လက်ခံရရှိကြောင်းမပြန်ပေ မယ့် မီဒီယာတွေမှာပါလာရင်သိ သွားမှာပဲလေ။ ဆရာတို့ကတော့ ဆရာ၊ ဆရာမအားလုံး၊ ဝန်ထမ်း အားလုံးအတွက်လုပ်တာပါ။ ဒီ တစ်ခါ နောက်ဆုံးကြေညာချက် ထုတ်တာတောင်ဘာမှ မတုံ့ပြန် ဘူးဆိုရင် တရားဥပဒေအရ ရင် ဆိုင်မှဖြစ်တော့မှာ''ဟု ဦးသန်း ထိုက်အောင်က ဆိုသည်။
အဆိုပါကြေညာချက်တွင် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒေါ်စိုးစိုးခိုင် ၏ပြန်တမ်းနှင့် ပတ် သက်၍ ဝန်ထမ်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း ထည့်သွင်း ဖော်ပြထားသည့် အချက်ခြောက် ချက်ပါရှိသည်။
ယင်းအပြင် သဘောထား ထုတ်ပြန်ကြေညာချက် ကို ဝန်ကြီး ဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းဖြင့်ညီညွတ်သော အပြု သဘောဆောင် သည့် ဖြေရှင်း မှု တစ်ခုကိုလည်း ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း နှစ်ဆယ်အတွင်း ဖော်ဆောင်ပေး ရန်လိုလားကြောင်း ထည့်သွင်း ဖော်ပြထားပြီး
အကယ်၍ ဥပဒေ ကြောင်းအရ ညီညွတ်မျှတသည့် ဖြေရှင်းချက် တစ်စုံတစ်ရာမရရှိ ပါက တက္ကသိုလ်ဆရာ၊ ဆရာမ များအနေဖြင့် ညီနောင်မိတ်ဖက် အဖွဲ့အစည်းများနှင့်လက်တွဲ ကာ ဒေါ်စိုးစိုးခိုင်ကိစ္စအား ပြေလည် အောင် ဝန်ကြီးဌာနနှင့် မလွှဲ မရှောင်သာ ထိပ်တိုက်ရင်ဆိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ပညာ ရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရာ အဆိုပါကိစ္စနှင့်ပတ် သက်၍ မသိရှိသေးသည့်အတွက် မဖြေကြားနိုင်ဟု တာဝန်ရှိသူတစ် ဦးက ပြန်လည်ဖြေကြားခဲ့သည်။
Link =>http://goo.gl/SDbeuX
Yangon Media Group
No comments:
Post a Comment