မြန်မာပြည်မှာ ဗုံးတွေကွဲတာနဲ့ ခွပ်ဒေါင်းနီမင်း ဖြစ်စဉ်ကလေးတောင်နဲနဲပြတ်သွားတယ်… အော်…နီမင်း ကျဆုံးပြီးတာတောင် ဗုံးစတွေက ခင်ဗျားသမိုင်းလာမှန်နေသေးတယ်…. ထားပါတော့ …
ကျွန်တော် ရှေ့တန်းကပြန်လာတော့ … ဆက်သွယ်ရေးသင်တန်း အဖွဲ့ကလေး
လူစုကွဲသွားကြပြီ….. မိခင်စခန်း အသီးသီးပြန်ကြပြီ။
နီမင်းကိုစုံစမ်းတော့…စိတ်မကောင်းစရာကြားရတယ် ။ မိခင်သေ့ဘောဘိုး စခန်းမှာလဲမနေ ဆက်သွယ်ရေးတပ်ရင်းထောင်မယ်ဆိုပြီး မဲဆောက်မှာ အရူးတစ်ယောက်လိုလျှောက်သွားနေတယ်…တဲ့
၊ တောင်ငူသားကြီး…ဦးအေးဆောင် အိမ်မှာနေတယ်လို့လဲကြားတယ်။
ရဲဘော်ရဲဘက်အများစုက နီမင်းကြောင်နေပြီ …ရူးနေပြီ…ဆိုပြီး အလေးမထားကြဘူး။
သူခံစားခဲ့ရတာသိနားလည်ထားတော့လဲ .. ကျွန်တော်ကမနေနိုင်ခဲ့ဘူး….မဲဆောက်ကိုလိုက်သွားခဲ့တယ်။
တကယ်တမ်း ကျတော့.....ကိုယ်တိုင် ကလဲ ထိုင်းမြေပေါ်မှာ
တရားမ၀င်တစ်ယောက်ဆိုတော့ အပြင်တောင် ကြာကြာ မထွက်ရဲဘူး။
တစ်နေ့ …..တစ်ကိုယ်လုံးအေးစက်ပြီး….သတိမရတချက်
..ရတစ်ချက် ဖြစ်နေတဲ့နီမင်းတစ်ယောက်…ဆရာမ ဆင်သီယာမောင်
ဆေးခန်းရောက်လာတော့ မှဘဲတွေ့တော့တယ်။ နဲနဲသက်သာလာတော့ သူသံယောဇာဉ်
ရှိတဲ့…သူအရေးကြီးတယ်ထင်တဲ့…ဆက် သွယ်ရေး
အုပ်စုလေး ပြန် စုစည်းပြီး ABSDF ရှေ့ ရေးအတွက်
ခိုင်မာတဲ့တပ်ရင်းလေးတစ်ခု ဖေါ်ဆောင်ဖို့ ကိစ္စဘဲအမြဲပြောတယ်။
ကျွန်တော့ကိုလဲကူညီဖို့အတင်းတို က်တွန်းတယ်…မဲဆောက်ထဲမှာလဲ
ဟိုခေါ်ဒီခေါ် လျှောက်ခေါ်တယ်။
.ကိုထွန်းဦး(ကျဆုံး)နဲ့ လဲအတင်းတွေ့ ခိုင်းတယ်။စစ်ထောက်လှမ်းရေးလက် ထဲမှာ…. သူခံစားခဲ့ရတာတွေကြောင့် ရခဲ့တဲ့ စိတ်ဒါဏ်ရာကိုယ်ဒါဏ်ရာ အကြောင်းသိထားတော့…ပစ်မထားရက်လို့ ထိုင်းရဲကို ကြောက်ကြောက်နဲ့ဘဲ သူ့နောက်က လျှောက်လိုက်ထိမ်းသိမ်းပေးခဲ့တယ်။
အဲဒါကို..ထိုစဉ်ကဒညတနဲ့ပေါင်းပြီးမဲဆောက်(FirstHotal)ဟိုတယ်ပေါ် မှာ
ရှေ့တန်းစခန်းဖွင့်ထားတဲ့ ၂၁၀ တပ်ရင်းမှူး
ကြီးကိုတင်စိုးက…. ကျွန်တော်ဟာ AB ထဲမှာနေရာလိုချင်လို့
…ရူးနေတဲ့နီမင်းပြောတာတွေ အဟုတ်မှတ်ပြီး နောက်ကလျှောက်လိုက်နေတယ်လို့
ပြောသေး…. ဆိုဘဲဗျာ …. ၊ အဲဒီနောက်တော့…သူ့ကိုမိခင်တပ်ရင်းမှာပြန်နေဖို့တိုက်တွန်းပြီး
လူချင်း ကွဲသွားကြတယ် ဒီနေ့အထိဆိုပါတော့။
ခွတ်ဒေါင်းနီမင်းနဲ့ ကြုံသမျှသိသမျှတော့..ဒါပါဘဲ……. ။
မကြာခင်
ခရီးထွက်စရာလေးတစ်ခုရှိလို့…. ရှိသမျှ နီမင်းပါတဲ့ပုံနဲ့အတူ ..ဆက်သွယ်ရေး
သင်တန်းအပြီး သံလွင်ကမ်းမီးပုံပွဲမှာ…မခွဲခင် ပျော်နေကြတဲ့
ဆက်သွယ်ရေးခွပ်ဒေါင်းတို့ပုံ။ မာနယ်ပလော မကျမီ နောက်ဆုံးတွေ့ခဲ့တဲ့
၂၁၀ ချစ်ခွပ်ဒေါင်း ရဲဘော်တွေရဲ့ပုံ…တို့ ကို မျှဝေထားပါတယ် ။
မြန်မာပြည်မှာ ဗုံးတွေကွဲတာနဲ့ ခွပ်ဒေါင်းနီမင်း ဖြစ်စဉ်ကလေးတောင်နဲနဲပြတ်သွားတယ
ကျွန်တော် ရှေ့တန်းကပြန်လာတော့ … ဆက်သွယ်ရေးသင်တန်း အဖွဲ့ကလေး လူစုကွဲသွားကြပြီ….. မိခင်စခန်း အသီးသီးပြန်ကြပြီ။ နီမင်းကိုစုံစမ်းတော့…စိတ်မကောင
အဲဒါကို..ထိုစဉ်ကဒညတနဲ့ပေါင်းပြ
No comments:
Post a Comment