မင်းသားလွင်မိုးပိုင်တဲ့ “၀”မင်းကုမ္ပဏီရယ်၊သြစတေးလျကုမ္ပဏီရယ်ပေါင်းပြီး
သတ္တု သန့်စင်စက်ရုံတည်ဖို့ ကျွန်တော်တို့ မော်ချီးဒေသကို
လာပြီးလေ့လာသွားတယ်။ သူတို့လေ့လာမှုတွေကို ကျွန်တော်တို့ဒေသခံတွေအနေနဲ့
ကျေနပ်မှုမရှိပါဘူး။ လုပ်ကိုင်မယ့်စနစ်ကလည်း ခဲတွေအရမ်းပျံ့မယ့်
အနေအထားရှိနေတယ်။ပြီးတော့ အစိုးရနဲ့နီးစပ်တဲ့လုပ်ငန်းရှင် တွေကိုပဲလုပ်ခွင့်ချထားပေးပြီး ကျွန် တော်တို့ ဒေသခံတွေရဲ့ခံစားချက်နဲ့ရပ်တည်မှုကို အလေးမထားတဲ့လုပ်ရပ်တွေအပေါ်မှာ ကျွန်တော် တို့ဒေသခံတွေက အရမ်းစိတ်ပျက်နေမိလို့ အခုလိုဒေသခံတွေရဲ့သဘောထားကြေညာချက်ကို ထုတ် ပြန်လိုက်တာပါလို့ မော်ချီးဒေသဖွံ့ ဖြိုးရေးလူမှုအဖွဲ့အစည်းတာဝန်ရှိ သူတစ်ဦးက First Weekly အား ယခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ အဆိုပါမော်ချီးဒေသခံများက ၎င်းင်းတို့ဒေသအတွင်း သတ္တုသန့်စင်စက်ရုံတည်ဆောက်ရန်ကြိုးစားမှု၊
သတ္တုတူးဖော်မှုလုပ်ငန်းတွေမှာ နိုင်ငံတော်အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်များနဲ့
အဆိုပါတူးဖော်မှုလုပ်ငန်းများအား ၎င်းင်းတို့ဒေသအတွင်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားတဲ့ကြေညာချက်တစ်စော င်ကိုလည်း တစ်ချိန်တည်းမှာပဲ ထုတ်ပြန်လိုက် တယ်လို့သိရှိရပါတယ်။ ကယန်းပြည်သစ်ပါတီမှ အတွင်းရေးမှူးဗိုလ်မှူးကြီးစောလွင်က
ဒေသခံတွေကိုညှိနှိုင်းမှုမရှိဘဲ၊ အကျိုးခံစားခွင့်မရှိဘဲ၊ အခွင့်အရေးမပေးဘဲ အစိုးရနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်ခရိုနီတွေ ပဲ လုပ်ခွင့်ရနေတာကို ကျွန်တော်တို့ဒေသခံတွေကအဓိကထားက န့်ကွက် နေကြတာပဲဖြစ်ပါတယ်။ အခုကိစ်္စကကြေညာချက်ထုတ်ရုံနဲ့မလုံလောက်ရင်
နောက်ထပ်ဆန်္ဒဖော်ထုတ် တာတွေ၊ ဆန်္ဒပြတာတွေဖြစ်လာနိုင်တယ်။ အခု
တစ်နိုင်တစ်ပိုင်တူးနေတဲ့ ဒေသခံတွေကို အဲဒီစက်ရုံက
သူတို့ပိုင်ဧရိယာတွေအဖြစ် ကန့်သတ်လိုက်ရင် အလုပ်လက်မဲ့ပြဿနာတွေဖြစ်ပွားနို င်သလို
မလိုလား အပ်တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေလည်း ဖြစ်လာနိုင်တယ်လို့
ကယန်းပြည်သစ်ပါတီအတွင်းရေးမှူး ဗိုလ်မှူး ကြီးစောလွင်ကပြောကြောင်းလည်းသိရှိရပါတယ်။ “၀”မင်းကုမ္ပဏီဒါရိုက်တာမင်းသားလွင်မိုးက-
ကျွန်တော်တို့က သတ္တုသန့်စင်စက်ရုံကဆောက်ပြီး ရလာတဲ့သတ္တုတွေကို အဆင့်မြင့် နည်းပညာနဲ့သန့်စင်ပေးသွားမှာ၊သတ္တုတူးမှာလည်းမဟုတ်ဘူး။
သန့်စင်ပြီးတဲ့သတ္တုကိုဝယ်မယ်။ ပြီးရင် နိုင်ငံခြားကို Export လုပ်မယ်။
သတ္တုသန့်စင်တယ်ဆိုတာကလည်း ကျောက်ခဲကိုအမှုန့်ကျိတ်ပြီး
ရေဆေးပြီးသန့်တာ၊ဘာဓာတုပစ္စည်းမှ လည်းမပါဘူး။ ဒီတော့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်၊ မထိ ခိုက်ဆိုတာ ပညာရှင်တွေကသိမှာပါလို့ပြောကြော င်း မီဒီယာများဖော်ပြချက်အရသိရှိရပါ တယ်။
သရုပ်ဆောင်မင်းသားလွင်မိုး
ဒါရိုက်တာတာဝန်ယူထားတဲ့ “၀”မင်းကုမ္ပဏီအနေနဲ့ နှစ်ကုန်ပိုင်းလောက်မှာ
အဆိုပါဒေသမှာ စက်ရုံစတင်လည်ပတ်နိုင်ဖို့အတွက် မကြာမီပြည်ပမှစက် ယန္တရားကြီးများ ရောက်ရှိလာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။
၁၀.၁၀.၂၀၁၃ နေ့ထွက် First Weekly Journal မှ
No comments:
Post a Comment