လက်ရှိစစ်တပ်ကသာ ကြားနေမည် ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်စေရန် ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းလိုသည်ဟု ဦးခင်ညွန့်မှ ပြောကြား
၁၉၈၈ ကနေ ၂၀၁၀ အထိ မြန်မာနိုင်ငံ သမိုင်းကို အမှန်သိစေရန် မျက်နှာချင်းဆိုင် ဖြေရှင်းမှုများ ပြုလုပ်ရန် လိုအပ်ဟု ဦးခင်ညွန့်မှပြောကြားလိုက်ပါ
အမိုင်းအမှန်ပေါ်ပေါက်ဖို့အတွက် လက်ရှိစစ်တပ်ကိုယ်တိုင်က လိုလိုလားလားရှိရမှာဖြစ်ပြီး တိတိကျကျကြားနေဖို့လည်း အထူးလိုအပ်တယ်လို့လည်း ပြောကြားလိုက်ပါတယ် ၊
မြန်မာပြည်အပေါ် စေတနာထားကြတဲ့ အငြိမ်းစား ပြန်တမ်းဝင်အရာရှိတွေ အများအပြားရှိကြပါတယ် ၊ သူတို့က အသက်အရွယ်အရရော အတွေ့အကြုံအရပါ မြန်မာနိုင်ငံကြီးကို အမှား သံသရာထဲ ဆက်ပြီးမျော နေတာကို မမြင်လိုကြတော့ပါဘူး လို့လည်း
သူကပြောကြားခဲ့ပါတယ်
အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်မည်ဆိုပါက အနာဟောင်းအနာဆွေးများ ဖြစ်နေသော သမိုင်းဆိုင်ရာ အချက်အလက်အမှားများကို ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းသွားချင်တယ်ဟုလည်း ပြောကြားခဲ့ပါတယ် ၊
အဘက သူမျက်နှာမလွှဲခင် မြန်မာပြည်ကို သမိုင်းအမှားတွေကြားမှာ မနစ်မွန်းခဲ့စေချင်ဘူးလို့ ခဏခဏပြောဖူးပါတယ် ၊
ဦးနေဝင်း နဲ့ ဦးအောင်ကြီးတို့ သမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက်တွေနဲ့ ခွဲခဲ့တဲ့ ကိစ္စကလည်း တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုး အပြစ်ပုံချပြီး ဒီအတိုင်းပဲ တို့လို့တန်းလန်း ဖြစ်နေတာပဲလေ ၊ အမှန်က ဦးနေဝင်း နဲ့ ဦးအောင်ကြီး နှစ်ယောက် မျက်နှာချင်းဆိုင်
တွေ့ပြီး ရှင်းတာမျိုးလုပ်ခဲ့ရမှာ ၊
ကျနော်က ဒီဥပမာကိုပေးရတာက ဒါက နိုင်ငံရေးစိတ်ဝင်စားတဲ့သူတိုင်
မျက်နှာချင်းဆိုင်ဖြေရှင်းဖို
အနည်းဆုံးတော့ ကိုယ်လုပ်ခဲ့တာကို ကိုယ်လုပ်ပါတယ်လို့ ပြောရဲရမှာပေါ့ ၊ ဒီလိုမပြောရဲပဲ ဟိုလူလုပ်တာလိုလို ဒီလူလုပ်တာလိုလို ကောလဟာလလွှင့် လွှဲချခဲ့တာတွေ ရှိလို့ အခုအချိန်အထိ သမိုင်းအမှန်မပေါ်နိုင်ပဲ ရှုပ်ထွေးမှုတွေဖြစ်နေတာပေါ့ ၊
လက်ရှိစစ်တပ်က ဒီနေရာမှာ လုံးဝ အတိအကျ ကြားနေပေးရမှာလေ ၊ စစ်တပ်ကိုယ်တိုင်က ကျောသားရင်သားမခွဲခြားပဲ ကြားနေရမှာ ၊ ဒါက လူသားတမျိုးနွယ်လုံးနဲ့ဆိုင်တဲ့ သမိုင်းလေ ၊ စစ်တပ်ကိုယ်တိုင်က သမိုင်းအမှန်ကို ချစ်တတ်ရမယ့် အခြေအနေမှာ
ရှိနေရမှာလေ ၊
ဗိုလ်ချုပ်မှူးကြီးစောမောင် ဓါတ်ပုံကို မချိတ်ဖို့ ညွှန်ကြားထားတာတွေကို ကျနော်တို့လည်း သိရပါတယ် ၊ စိတ်မကောင်းပါဘူး ၊ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ စစ်သားကောင်းကြီးပါ ၊
သမိုင်းအမှန်ပေါ်ပေါက်စေချင်ပါ
ဖြစ်ရပ်မှန်တွေကို ရင်ဖွင့်ချင်တဲ့သူတွေ အများကြီးရှိနေပါတယ် ၊
တစ်ခုတော့ရှိတယ် ၊ ကျနော်တို့ အမှန်ကို ရင်ဖွင့်ပြောဆိုတာ နဲ့ ပတ်သတ်လို့ ပြည်သူကို အတားအဆီးမရှိ တိုက်ရိုက် တင်ပြတာမျိုးဖြစ်ရမယ်လေ ၊ စစ်တပ်ကကြားနေရုံတင်မက သတင်းထုတ်လွှင့်မှုအပိုင်းမှာ တိုက်ရိုက်ဖြစ်နေရမယ် ၊
ဟုတ်ကဲ့ ၊ အဘဦးခင်ညွန့်က ဦးသန်းရွှေ နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းချင်ေ
ဒါမျိုးဖြစ်နိုင်ပါတယ် ၊ ဒါကလည်း သိပ်ဝေးတော့မယ် မထင်ပါဘူး ၊
ကျနော်လည်း အဲဒီလို မျက်နှာချင်းဆိုင် ဖြေရှင်းတာမျီုးဖြစ်စေချင်ပါတယ် ၊ ကျနော်တို့ ထောက်လှမ်းရေးအဖွဲ့ မလုပ်ပဲနဲ့ လုပ်ခဲ့ပါတယ် လို့ ခေါင်းခံထားရတဲ့ ကိစ္စတွေ အများကြီးရှိတယ်လေ ၊ ကျနော်တို့လုပ်သွားသလိုလို နဲ့ ထင်ယောင်ထင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကလည်း
တပုံကြီးရှိသေးတယ် ၊
၂၀၁၅ မတိုင်မီမှာ အဘဦးခင်ညွန့်နဲ့ ဦးသန်းရွှေ နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းတာမျု
အဘက သူ့လုပ်ရပ်တွေ အတွက် သူတာဝန်ယူဖို့ အသင့်ရှိတဲ့သူတွေပါ ၊ အဲဒီအချိန်အဲဒီအခါက အထက်ကပေးလာတဲ့ အမိန့်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာချည်း
ကျနော်တို့ အဖွဲ့ကို ဖျက်သိမ်းပြီး အားလုံးကို ဖမ်းတယ်ဆိုတုန်းကလည်း ကျနော်တို့ ဘာမှ စောဒက မတက်ခဲ့ဘူးလေ ၊ ဒီအတိုင်း အဖမ်းခံခဲ့ကြတာပဲ မဟုတ်လား ၊
ဒီကနေ့အချိန်မှာ အဘက သူလုပ်ခဲ့တာတွေကို ပြည်သူတွေကို ရှင်းပြချင်နေတဲ့သူပါ ၊ မြန်မာပြည်ကြိးကိုလည်း ဆင်းရဲတွင်းနက်နေတဲ့ သံသရာက ရုန်းထွက်စေချင်နေပါတယ် ၊ အာလုံးကို ရှင်းပြပြီး တဲ့နောက် သူ့လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် ပြည်သူက သူ့ကို
ကြိုးပေးရင် အဘက ကြိုးစင်ပေါ် ရဲရဲတက်ပြီး ကြိုးပေးခံဝံ့တဲ့လူစားမျိုးပါ ၊
ဟုတ်ပါတယ် ၊ ဒီစကားက အဘပြောခဲ့တဲ့စကားပါ ၊ အဘနဲ့ ဗိုလ်ရွှေမန်းရယ် ဗိုလ်မြင့်ဆွေရယ် ဆရာတော်တွေကို သွားကန်တော့ တုန်းက ဗိုလ်ရွှေမန်းနဲ့ဗိုလ်မြင့်ဆွေကိ
အင်တာဗျူးမှ အချက်အလက်များဖြစ်ပါသည်
From Hawdeka Khalaylay's Facebook မှရယူသည်"
No comments:
Post a Comment