ဗိုလ် လုပ်ချင်သလား အမျိုးသမီးများ--ဖီလော်ဆိုဖာမော င်မြသာ
17 October 2013 11:14 PM Htut Htut No comments
ဘွဲ့ရ အမျိုးသမီးတွေကို စစ်တပ်ကဗိုလ်လောင်းအဖြစ်နဲ့ခေါ်ေ နသတဲ့ ..ရုတ်တရက်ကြည့်ရင် ၀မ်းသာစရာ၊အလုပ်မရှိသေးတဲ့ ဘွဲ့ရအမျိုးသမီးတွေတော့ပျော်စရာ ဘ၀ အတွက် အခွင့်အလမ်း လို့ ယူဆလို့ရတာပေါ့ ..အပေါ်ယံပိုင်းကကြည့်ရင်လဲမှန်သ လိုပဲ၊တပိုင်းကပြန်ကြည့်ရင်တော့ ..သတိထားရမှာက တပ်ထဲမှာမရောက်ခင်တုန်းကတော့ တမျိုးပြော၊ တမျိုးလုပ်ပြီး တပ်ထဲအတွင်းစည်းထဲရောက်ပြီဆိုရင် အမိန့်တွေတပ်စည်းကမ်းဆိုတဲ့ စကားလုံးတွေနဲ့အပိုင်ချည်တော့တာ ပဲ..ဆိုတာကိုတော့ ကြိုပြီးသိထားဖို့လိုတယ်၊
ဒီ စစ်သူနာပြု ဟာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကမြန်မာနိုင်ငံအမျိုး သမီးသူနာပြုအသင်းမှာ ဥက္ကဌ လုပ်ခဲ့ဖူးသေးတယ်၊အဲဒီအရှိန်ကို ယူပြီး ဗိုလ်နေ၀င်းသူ့လက်ထက်လဲရောက်ရော စစ်သူနာပြု Nursing cadet ဆိုပြီးအမျိုးသမီးတွေကိုခေါ်ပါတော့တယ်၊ဗိုလ်နေ၀င်းအာဏာသိမ်းပြီး ဆိုရှယ်လစ်စံနစ်ကို အသက်သွင်းတော့လဲ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ဆြို ပီးဝါဒဖြန့်၊နောက်မှထင်ရာလုပ်တော့တာပဲ၊
အဲဒီကစပြီး တိုင်းပြည်မှာလဲရုံးထဲက ပန်ကာအောက်ထိုင်ပြီးသူခိုးကြီးေ တွဖြစ်၊ ဌာနဆိုင်ရာ
က ၀န်ထမ်းတွေကလဲ အေးဓါးမြတွေဖြစ်၊အကျင့်ပျက်လာဒ် စားပြီးတိုင်းပြည်မွဲလာတာယနေ့ထိ ပဲ၊
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကို ဂုဏ်ပြုသလို လို နဲ့စတင်ခဲ့ပြီး နောက်တော့ ဗိုလ်နေ၀င်းသမီးစန္ဒာဝင်း
က အရင်ဆုံး တပ်ထဲမှာအရာရှိဖြစ်တာပဲ၊ အပြင်ကထက် တပ်အသိုင်းအ၀န်းထဲက..သို့မဟုတ်. ..တပ်နဲ့
အနီးကပ်ပတ်သက်တဲ့ သူမှ ရွေးပါတယ်၊ နောက်တော့လာဒ်ထိုးပြီးဝင်ရတဲ့အေ ခြနေပါ။
အဲဒီစစ်သူနာပြုအမျိုးသမီးတွေက အပြင်ကအရပ်သားကို မယူရဘူးဆိုပြီးတပ်တွင်းစည်းကမ်း ထွက်လိုက်သေးတယ်၊တပ်စည်းကမ်းကလဲ လိပ်ခေါင်းရောဂါ လိုပဲ ထွက် လာလိုက် ပြန် ၀င်သွားလိုက်ပါပဲ။.
..တပ်ကအထက်ကလူကြီး တွေ မူးမူးရူးရူးနဲ့ ပါးစပ်ထဲတွေ့တာကို ထုတ်ပြောရင်အမိန့်ဖြစ်တယ်၊
စည်းကမ်းဖြစ်တယ် ဆိုတာ အခုအမျိုးသမီးဗိုလ်လောင်းလုပ်ချ င်တဲ့အမျိုးသမီးများ သိထားသင့်တယ် ဆိုတာပဲ။
ဗိုလ်နေ၀င်းသမီး စန္ဒာဝင်းက...ဆယ်တန်းမှာ ALL D ထွက်တယ်ဆိုပြီးဆေးကျောင်းတက်တယ် ပေါ့၊
နိုင်ငံခြားပညာသင် ၄ ဦးလား ၆ ဦးလားမသိဘူး၊စန္ဒာဝင်းတယောက်ပဲ အရည်အချင်းမမှီလို့ အင်္ဂလိပ်စာကို
အခြေခံကစပြီးပြန်သင်ရမယ်ဆိုပြီး ပြန်လွှတ်တယ်လို့အပြင်မှာအသံထွက် ခဲ့ပါတယ်၊နောက်တော့ ဗိုလ်နေ၀င်းကမြန်မာနိုင်ငံပညာရေးကို
အင်္ဂလိပ်စာကို သူငယ်တန်းက စပြီးသင်ရမယ်ဖြစ်လာတယ် ။အင်္ဂလိပ်စာကိုသူငယ်တန်းက စ
သင်ရမယ်ဆိုတာ အဲဒီက စ လာတာ...ကျနော်တို့ တုန်းက အင်္ဂလိပ်စာကို
ငါးတန်းရောက်မှအေ ဘီ စီ ဆိုပြီး စသင်ရတယ်။ အခုသူငယ်တန်းက စပြီး
အင်္ဂလိပ်စာသင်နေရတဲ့ ကလေးအများစုကကျနော်တို့ ငါးတန်းမှ အင်္ဂလိပ်စာ
သင်ရတဲ့သူတွေထက် ပိုညံ့လာတယ်၊ စဉ်းစားစရာပေါ့ ..အဲဒီနောက် စန္ဒာဝင်းလဲ
ဘာမသိညာမသိ ဆရာဝန်ကနေ တပ်ထဲရောက်ပြီး ဗိုလ်မှုးစန္ဒာဝင်းဖြစ်တော့တာပဲ ။
အရင်ကတော့ ဆယ်တန်းအောင်ပြီးဝင်ရင် သင်တန်းသုံးနှစ်လားမသိဘူး၊နဲနဲေ မ့နေလို့..
မင်္ဂလာဒုံစစ်ဆေးရုံနဲ့အမှတ် ( ၁ ) စစ်ဆေးရုံမှာစာတွေ့လက်တွေ့ တက်ရတယ်။
သင်တန်းပြီးရင် ဒုဗိုလ် ..တပွင့် ပေါ့ ..နောက်အပြင်အင်္ဂျင်နီယာတက္ကသိုလ် ၊ အပြင်ဆေးတက္ကသိုလ်က ဘွဲ့ရပြီးလို့တပ်ထဲဝင်ရင် သင်တန်းပြီးရင်ဗိုလ်အဆင့်ပေးတယ် ။နှစ်ပွင့်ပေါ့
...အဲလို..နောက် တပ်ထဲရောက်ပြီး မှ စစ်တပ်ကလဲ အပိုင် ကိုင်တော့ တာ
...အခုလက်ရှိ ရှိနေတယ်၊ တပ်မတော် စစ်သူနာပြု တက္ကသိုလ် ဆိုပြီးတော့
လေ..ယောင်္ကျားလေးတွေ...အရင်မင်္ဂလာ ဒုံ ဆေးတက္ကသိုလ်ဝန်းနဲ့အဆောက်အဦးကို
တပ်က အပိုင်သိမ်းပြီးတော့ အပြင်ဆေးတက္ကသိုလ်MC. 2 ကို မြောက်ဥက္ကလာဖက်ကို
နှင်လိုက် တာ ...အဲဒီ တပ်မတော် စစ်သူနာပြု တက္ကသိုလ် ကဆင်းလာတဲ့
သူတွေက အရာရှိ လို့ပြောရအောင်ကလည်း ပုခုံးပေါ်မှာအပွင့်မပါဘူး၊ ကော်လံမှာ
ဗီယက်နမ် စစ်သားတွေလိုရာထူးအဆင့်ကို ပြထားတယ်။ ပုခုံးပေါ်မှာ အပွင့် မပါတော့
Other Rank တွေက အလေးပြု ရမှာလား..မပြုရဘူးလား နဲ့ ရှုပ်နေတာ
ခုချိန်ထိမသဲကွဲဘူး၊ ဒါပေမဲ့ လစာကတော့ အရာရှိလစာ ပေးထားပြန်တယ်၊
အခုလက်ရှိအမျိုးသမီးဆေးတပ်အရာရှိတွေမင်္ဂလာဒုံစစ်ဆေးရုံမှာနဲနဲကျ န်နေသေးတယ်၊
အရင်လက်ကျန်တွေပေါ့၊တပ်ထဲကရောအြ ပင်လူတွေကရော ဗိုလ်ကြီး မမ တွေ လို့ ကွယ်ရာမှာခေါ်ကြတယ်။
အဲဒီအမျိုးသမီး စစ်သူနာပြုတွေနဲ့ တပ်ထဲက လုပ်ပိုင်ခွင့်ရှိတဲ့ အရာရှိကြီးတွေနဲ့လဲ ...ရာထူးတိုးဖို့အရေး၊
နေရာကောင်းရဖို့အရေး မှာ လိင်ကိစ္စအနံ့တွေ လှိုင်နေအောင်ထွက်တာ ..
တပ်ထဲဝင်မယ်ဆိုရင် Bond စာချုပ် ချုပ်ရတယ်၊ ဘယ်နှစ်နှစ် လုပ်ရမယ်ဆိုပြီးတော့သတ်မှတ်ချက် ပေါ့။
တပ်ထဲမ၀င်ခင်ကတော့ စာချုပ်သက်တမ်းပြည့်ရင် ထွက်လို့ရတယ်လို့ ပါးစပ်စကားပြောခဲ့ပေမဲ့
စာချုပ်သက်တမ်းပြည့်ပြီးလို့ မပျော်ရင်ပဲဖြစ်ဖြစ်.. ထွက်တော့မယ်လဲဆိုရော စာချုပ်သက်တမ်းပြည့်လဲ ထွက်မရဘူး၊စာချုပ်သက်တမ်းပြည့်တ ယ်ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ်ထွက်ရင်တော့ တပ်ပြေး အမှု နဲ့ ဖမ်းပြီးထောင်ချ တာပဲ ။
Deserter ဆိုပြီးတော့ ပေါ့။အခုလိုအချိန်အခါမျိုးမှာ ဘွဲ့ရ
အမျိုးသမီးတွေကို ဗိုလ်လောင်းအဖြစ်ခေါ်တာ ဒီလက်ရှိစစ်တပ်အဖွဲ့အစည်းမှာ
အကြံအစီတခုခုတော့ရှိလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ..
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု ကည်ကအမျိုးသမီးတွေကိုအထူးဦးစား ပေးပြီးနိုင်ငံရေးမှာ
ပါဝင်ဆောင်ရွက်ဖို့အလေးထားပြီးေ ပြာဆိုစည်းရုံးနေစဉ်မှာဘွဲ့ရအမျိုးသမီးတွေကိုစစ်တပ်ကခေါ်တာအတော် ထူးဆန်းနေတာကို
တွေ့ရတယ်။
လက်ရှိ တိုင်းပြည်ကဘွဲ့ရလူငယ်တွေ အနေနဲ့ အလုပ်လဲရမယ်၊ အရာရှိလဲဖြစ်မယ် ဆိုတဲ့ အတွေးသက်သက်နဲ့တော့မ၀င်စေချင်ဘူး၊ သေချာလေ့လာ စုံစမ်းပြီး မှ လုပ်စေချင်တယ်။
လက်ရှိစစ်အစိုးရဟာမဖြစ်မနေ ကို အရာရာမှမဖွင့်ချင်ပဲနဲ့ ဖွင့်ပေးနေရတဲ့အခြေအနေဖြစ်တယ်။
အပြင်ကုမ္မဏီမှာအလုပ်ဝင်လုပ်လို့ မကြိုက်ရင်ဒီနေ့ စာတင် မနက်ဖြန်ထွက်နိုင်ပေမဲ့ စစ်တပ်မှာတော့
တပ်ပြေးအမှုနဲ့ အဖမ်းခံရမယ်ဆိုတာကိုလည်းသိထားသင့်တယ်။နောက်တခုက ပုံစံခွက်ထဲကို
အတင်းသွတ်သွင်းခံလိုက်ရတာက လူရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးကိုပါ ဆုတ်ယုတ်ပျက်စီး သွားတယ်ဆိုတာပဲ။
လူဟာ ခိုင်းမှ အမိန့်အရ ဆိုတဲ့ စကားလုံးနဲ့ မှ ဘာမဆိုလုပ်တတ်၊ကိုင်တတ်တော့တယ်။ ထိုးထွင်းဥာဏ်တွေ၊ သိမြင်မှုတွေကို တုံးသွားစေတာက ပိုဆိုးတယ်၊
ဝေးဝေးမကြည့်နဲ့ ..အခုလက်ရှိ တိုင်းပြည်မှာ စစ်တပ်ကနေ အာဏာသိမ်းပြီးတော့
စစ်ခေါင်းဆောင်တွေက စီမံခန့်ခွဲလိုက်တာတိုင်းပြည် ဘာဖြစ်သွားသလဲ ဆိုတာကို
ဆန်းစစ်ကြည့်ရင် မြင်နိုင်တယ်၊
အခုဘွဲ့ရအမျိုးသမီးတွေဟာ စစ်တပ်ထဲရောက်ရင် အခု တိုင်းပြည်ကိုမွဲ အောင်ဖန်တီးတတ်တဲ့၊ တိုင်းပြည်မှာပြသာနာတွေရှုပ်သထက် ရှုပ်ထွေးအောင်လုပ်တတ်တဲ့စစ်ခေါင်းဆောင်တွေလက်အောက်မှာ
အမှုထမ်းရမယ်ဆိုတာကိုပါထည့်စဉ်းစား ထားသင့်တယ်လို့ အကြံပြုပါတယ်၊ ဒါပေမဲ့ စစ်တပ်ဟာအရင်ပုံစံအချိုးတွေ အကျင့်ဟောင်းတွေကို တိုင်းပြည်တိုးတက်ရာတိုးတက်ကြော င်းအတွက် ပြုင်ပြီး ဒီမိုကရေစီတိုင်းပြည်တည်ဆောက်မယ်ဆိုတဲ့ စိတ်
ကောင်း စေတနာကောင်းတွေနဲ့ အမှန်တကယ် ပြင်လာတယ်ဆိုရင်တော့လဲ ကျဉ်ပွေ့ အတက်ပေါက်သလိုပေါ့..
တကယ်တော့ { တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် } ဆိုတာကိုကျနော်တော့လက်မခံဘူး။
{ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာသာဖြစ်တယ်}
တိုင်းပြည်ကမွဲနေပြီးတော့တပ်မတော်မှာလူများနေရင်တပ်မတော်ဟာလူကြ မ်းဖြစ်လာပြီးပြည်သူနဲ့
ကင်းကွာသထက်ကင်းကွာလာတတ်တာလက်တွေ့ပဲ။
ဘွဲ့ရ လူငယ် အမျိုးသမီးအမျိုးသားတွေဟာ စစ်တပ်ထဲဝင်တာထက် ကြောက်ရွံ့
မှုကင်းကင်းနဲ့ စိတ်ကို ပွင့်လင်းလွတ်လပ်မှု့နဲ့ အတူ
တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ ဒီမိုကရေစီခေါင်းဆောင်နောက်ကနေ သတ္တိရှိရှိရွပ်ရွပ်ချွန်ချွန်ဖြ င့်မဝေးတော့တဲ့သမိုင်းတခေတ်ကိုတို့ဖွင့်လှစ်မယ်ဆိုတဲ့ခိုင်မာသောစိတ်ဓါတ်များဖြင့်ကျိုးစား
အားထုတ်သင့်လှကြောင်းတင်ပြလိုက် ပါတယ်။
ဖီလော်ဆိုဖာမောင်မြသာ
: http://www.dawnmanhon.com/ 2013/10/ blog-post_6672.html#sthash.zLig Er2p.dpuf
17 October 2013 11:14 PM Htut Htut No comments
ဘွဲ့ရ အမျိုးသမီးတွေကို စစ်တပ်ကဗိုလ်လောင်းအဖြစ်နဲ့ခေါ်ေ
ဒီ စစ်သူနာပြု ဟာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကမြန်မာနိုင်ငံအမျိုး
အဲဒီကစပြီး တိုင်းပြည်မှာလဲရုံးထဲက ပန်ကာအောက်ထိုင်ပြီးသူခိုးကြီးေ
က ၀န်ထမ်းတွေကလဲ အေးဓါးမြတွေဖြစ်၊အကျင့်ပျက်လာဒ်
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကို ဂုဏ်ပြုသလို လို နဲ့စတင်ခဲ့ပြီး နောက်တော့ ဗိုလ်နေ၀င်းသမီးစန္ဒာဝင်း
က အရင်ဆုံး တပ်ထဲမှာအရာရှိဖြစ်တာပဲ၊ အပြင်ကထက် တပ်အသိုင်းအ၀န်းထဲက..သို့မဟုတ်.
အနီးကပ်ပတ်သက်တဲ့ သူမှ ရွေးပါတယ်၊ နောက်တော့လာဒ်ထိုးပြီးဝင်ရတဲ့အေ
အဲဒီစစ်သူနာပြုအမျိုးသမီးတွေက အပြင်ကအရပ်သားကို မယူရဘူးဆိုပြီးတပ်တွင်းစည်းကမ်း
..တပ်ကအထက်ကလူကြီး တွေ မူးမူးရူးရူးနဲ့ ပါးစပ်ထဲတွေ့တာကို ထုတ်ပြောရင်အမိန့်ဖြစ်တယ်၊
စည်းကမ်းဖြစ်တယ် ဆိုတာ အခုအမျိုးသမီးဗိုလ်လောင်းလုပ်ချ
ဗိုလ်နေ၀င်းသမီး စန္ဒာဝင်းက...ဆယ်တန်းမှာ ALL D ထွက်တယ်ဆိုပြီးဆေးကျောင်းတက်တယ်
နိုင်ငံခြားပညာသင် ၄ ဦးလား ၆ ဦးလားမသိဘူး၊စန္ဒာဝင်းတယောက်ပဲ အရည်အချင်းမမှီလို့ အင်္ဂလိပ်စာကို
အခြေခံကစပြီးပြန်သင်ရမယ်ဆိုပြီး
အရင်ကတော့ ဆယ်တန်းအောင်ပြီးဝင်ရင် သင်တန်းသုံးနှစ်လားမသိဘူး၊နဲနဲေ
သူတွေက အရာရှိ လို့ပြောရအောင်ကလည်း ပုခုံးပေါ်မှာအပွင့်မပါဘူး၊ ကော်လံမှာ ဗီယက်နမ် စစ်သားတွေလိုရာထူးအဆင့်ကို ပြထားတယ်။ ပုခုံးပေါ်မှာ အပွင့် မပါတော့ Other Rank တွေက အလေးပြု ရမှာလား..မပြုရဘူးလား နဲ့ ရှုပ်နေတာ ခုချိန်ထိမသဲကွဲဘူး၊ ဒါပေမဲ့ လစာကတော့ အရာရှိလစာ ပေးထားပြန်တယ်၊
အခုလက်ရှိအမျိုးသမီးဆေးတပ်အရာရှ
အရင်လက်ကျန်တွေပေါ့၊တပ်ထဲကရောအြ
အဲဒီအမျိုးသမီး စစ်သူနာပြုတွေနဲ့ တပ်ထဲက လုပ်ပိုင်ခွင့်ရှိတဲ့ အရာရှိကြီးတွေနဲ့လဲ ...ရာထူးတိုးဖို့အရေး၊
နေရာကောင်းရဖို့အရေး မှာ လိင်ကိစ္စအနံ့တွေ လှိုင်နေအောင်ထွက်တာ ..
တပ်ထဲဝင်မယ်ဆိုရင် Bond စာချုပ် ချုပ်ရတယ်၊ ဘယ်နှစ်နှစ် လုပ်ရမယ်ဆိုပြီးတော့သတ်မှတ်ချက်
တပ်ထဲမ၀င်ခင်ကတော့ စာချုပ်သက်တမ်းပြည့်ရင် ထွက်လို့ရတယ်လို့ ပါးစပ်စကားပြောခဲ့ပေမဲ့
စာချုပ်သက်တမ်းပြည့်ပြီးလို့ မပျော်ရင်ပဲဖြစ်ဖြစ်.. ထွက်တော့မယ်လဲဆိုရော စာချုပ်သက်တမ်းပြည့်လဲ ထွက်မရဘူး၊စာချုပ်သက်တမ်းပြည့်တ
Deserter ဆိုပြီးတော့ ပေါ့။အခုလိုအချိန်အခါမျိုးမှာ ဘွဲ့ရ အမျိုးသမီးတွေကို ဗိုလ်လောင်းအဖြစ်ခေါ်တာ ဒီလက်ရှိစစ်တပ်အဖွဲ့အစည်းမှာ အကြံအစီတခုခုတော့ရှိလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ..
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု
ပါဝင်ဆောင်ရွက်ဖို့အလေးထားပြီးေ
တွေ့ရတယ်။
လက်ရှိ တိုင်းပြည်ကဘွဲ့ရလူငယ်တွေ အနေနဲ့ အလုပ်လဲရမယ်၊ အရာရှိလဲဖြစ်မယ် ဆိုတဲ့ အတွေးသက်သက်နဲ့တော့မ၀င်စေချင်ဘူ
လက်ရှိစစ်အစိုးရဟာမဖြစ်မနေ ကို အရာရာမှမဖွင့်ချင်ပဲနဲ့ ဖွင့်ပေးနေရတဲ့အခြေအနေဖြစ်တယ်။
အပြင်ကုမ္မဏီမှာအလုပ်ဝင်လုပ်လို့
တပ်ပြေးအမှုနဲ့ အဖမ်းခံရမယ်ဆိုတာကိုလည်းသိထားသင
အတင်းသွတ်သွင်းခံလိုက်ရတာက လူရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးကိုပါ ဆုတ်ယုတ်ပျက်စီး သွားတယ်ဆိုတာပဲ။
လူဟာ ခိုင်းမှ အမိန့်အရ ဆိုတဲ့ စကားလုံးနဲ့ မှ ဘာမဆိုလုပ်တတ်၊ကိုင်တတ်တော့တယ်။
ဝေးဝေးမကြည့်နဲ့ ..အခုလက်ရှိ တိုင်းပြည်မှာ စစ်တပ်ကနေ အာဏာသိမ်းပြီးတော့ စစ်ခေါင်းဆောင်တွေက စီမံခန့်ခွဲလိုက်တာတိုင်းပြည် ဘာဖြစ်သွားသလဲ ဆိုတာကို ဆန်းစစ်ကြည့်ရင် မြင်နိုင်တယ်၊
အခုဘွဲ့ရအမျိုးသမီးတွေဟာ စစ်တပ်ထဲရောက်ရင် အခု တိုင်းပြည်ကိုမွဲ အောင်ဖန်တီးတတ်တဲ့၊ တိုင်းပြည်မှာပြသာနာတွေရှုပ်သထက်
အမှုထမ်းရမယ်ဆိုတာကိုပါထည့်စဉ်းစ
ကောင်း စေတနာကောင်းတွေနဲ့ အမှန်တကယ် ပြင်လာတယ်ဆိုရင်တော့လဲ ကျဉ်ပွေ့ အတက်ပေါက်သလိုပေါ့..
တကယ်တော့ { တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် } ဆိုတာကိုကျနော်တော့လက်မခံဘူး။
{ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာသာဖြစ်တယ်}
တိုင်းပြည်ကမွဲနေပြီးတော့တပ်မတေ
ကင်းကွာသထက်ကင်းကွာလာတတ်တာလက်တေ
ဘွဲ့ရ လူငယ် အမျိုးသမီးအမျိုးသားတွေဟာ စစ်တပ်ထဲဝင်တာထက် ကြောက်ရွံ့ မှုကင်းကင်းနဲ့ စိတ်ကို ပွင့်လင်းလွတ်လပ်မှု့နဲ့ အတူ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှ
အားထုတ်သင့်လှကြောင်းတင်ပြလိုက်
ဖီလော်ဆိုဖာမောင်မြသာ
: http://www.dawnmanhon.com/
No comments:
Post a Comment