Tuesday, October 1, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ အောက်တိုဘာ ရေဒီယို မိန့်ခွန်း အပြည့်အစုံ

Tuesday, October 1, 2013
ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ သမ္မတ ဦးသိန်းစိန်ပြောကြားတဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံပါ။ 
ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်ကနေ တဆင့် ကူးယူပြီးပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 




မိဘပြည်သူများ ခင်ဗျား 

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြော 
ကြား နေကျဖြစ်တဲ့အတိုင်း ယခုလည်း စက်တင်ဘာလ အတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများ ကို ပြောကြားရခြင်း ဖြစ်ပါတယ်။ 

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ် မှာ ယခင်လက အထူးပြု 
ပြောကြားခဲ့တဲ့ ရေရှည်တည်ဆောက်ရမယ့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနဲ့ တိုက်ရိုက် သက် ဆိုင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေကို ဦးစားပေး ပြောကြားသွားမှာ ဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ရရှိထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှု များဟာလည်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များနဲ့ အခြေခံကျကျ ဆက်နွှယ်နေတဲ့ အတွက် ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ 

ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစဉ်တစိုက် ကြိုးပမ်းခဲ့ကြ ပါတယ်။ လုပ်ဆောင် မှုပုံစံနှင့် စိတ်စေတနာမှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းက အဆုံးအဖြတ်ပေးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ 
သေချာတဲ့ အရှိတရား တစ်ခုကတော့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေပြီး ပြည်သူ လူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ခိုင်မာ၍ ရေရှည်တည်တံ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာပဲ ဖြစ်ပါတယ်။ 

ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ နိုင်ငံရေး အရှိတရားပဲ ဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့ လက်
တွေ့ သင်ခန်းစာတွေက ညွှန်ပြနေတဲ့ အချက်တစ်ခုကတော့ တိုင်းရင်းသား များအားလုံးပါဝင်တဲ့ ခိုင်မာ ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ် အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့ အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး တည်ဆောက် မှုအောင်မြင်ဖို့ စတင်စဉ်းစားတဲ့ ကာလကတည်းက ရှေ့မှာပြောကြားခဲ့တဲ့ အရှိတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အစပြုခဲ့ပါတယ်။ 

ကျွန်တော်တို့ အစိုးရသစ် စတင်ဖွဲ့စည်းပြီး များမကြာမီမှာ ကျွန်တော့်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအားလုံးကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကို လာရောက်ဖို့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ မပါဘဲ စိတ်ရင်းစေတနာ သန့်သန့်ဖြင့် ဖိတ်ခေါ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ 

အဲဒီဖိတ်ခေါ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးက အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုများနဲ့ စတင်ခဲ့ပါတယ်။ လိုအပ်ချက်များစွာ၊ စိန်ခေါ်မှုများစွာကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင် ခဲ့ကြတဲ့ အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးရဲ့ မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ ကျော်လွှားပြီး ယနေ့ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေကို တက်လှမ်း နိုင်ခဲ့တာဖြစ်ပါတယ်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တွေကို အဆင့်ဆင့် အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည့်တိုင် မလွှဲ မရှောင်နိုင်ခဲ့တဲ့ ထိတွေ့မှုများ ဖြစ်ပွားခြင်းများ ရှိသလို တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အဆင့်ဆင့် ညှိနှိုင်းမှုများဖြင့် တိုက်ပွဲပေါင်းများစွာကို ရှောင်လွှဲနိုင်ခဲ့တဲ့ သာဓက များ ရှိတယ်ဆိုတာ ကိုလည်း ပြောကြားလိုပါတယ်။ 

တိုက်ပွဲကြီး/ ငယ်ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းများနဲ့ စစ်ရှိန်လျှော့ချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီသာဓကတွေ ကိုကြည့်ရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြင်းပြတဲ့ ဆန္ဒရှိကြ တယ်ဆိုတဲ့ အချက်ရယ်၊ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေကို အခြေခံပြီး ညှိနှိုင်းမှုများကို ဇွဲသန်သန်ဖြင့် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်နှစ် ချက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ 


လိုအပ်ချက် ပေါင်းများစွာနဲ့ အားနည်းချက် ပေါင်းများစွာ ရှိနေတဲ့ကြားက ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ် စဉ် အတွက် ကြိုးပမ်းအားထုတ်မှုများနဲ့ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်မှုများကို ချိန်ထိုးကြည့် မယ်ဆိုရင် တစ်ဖက်ကရှိနေတဲ့ လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်တွေထက် အောင်မြင်မှုများက များစွာ ကျော်လွန်တဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးဖက်များဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီး သီး ရဲ့ ခေါင်းဆောင်များကို လည်း ကောင်း၊ တပ်မတော်ကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို လည်းကောင်း ချီးကျူး ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ 

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအနက် ကျွန်တော့်အနေနဲ့ အားရမှုအရှိဆုံး ရလဒ်ကတော့ မိမိတို့ သဘောအလျောက် ပြည်ထောင်စုအတွင်း ပါဝင်ခြင်းဆိုတဲ့ အခြေခံမူကို ထင်ဟပ်စေ တဲ့ 
ပြည်ထောင်စု မှ ခွဲထွက်ခြင်း မပြုဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တိုင်းရင်းသားများ အားလုံးက အခိုင်အမာ ဆုပ်ကိုင်ထားမှုပဲဖြစ်ပါတယ်။ 

အထက်ပါ ဖြစ်ထွန်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေဖို့အတွက် တစ်ပြည်လုံး အတိုင်းအတာ အကျုံးဝင်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို မကြာမီ ကာလများ မှာ ရေးထိုးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ 

ဒီလုပ်ငန်းရပ်ဟာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် သဘောတူညီချက်များ ရေးထိုးစဉ်က တောင်းဆိုထားတဲ့ အချက်ကို အကောင်အထည် ဖော်ဖို့ အတွက် 
ဖြစ် ပါ တယ်။ 

အခုလိုရေးထိုးခြင်းဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းဖြင့် ရပ်တန့်ရန် ကြိုးပမ်းမှု မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ လိုလားချက်ဖြစ်တဲ့ မိမိတို့နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများကို အခြေခံ ဇာစ်မြစ်များမှ ဖြေရှင်းနိုင်ရန် အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုနိုင်ရန် ဖြစ်ပါတယ်။ 

နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက် ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ် မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် (Political Dialogue Framework) များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးတို့ အဆင့်ဆင့်ညှိနှိုင်းရေးဆွဲ၍ သဘောတူ ညီမှု ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ သဘောတူ ညီချက် ရရှိပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံး အတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသား အဆင့် ငြိမ်းချမ်းရေး ဆိုင်ရာ ညီလာခံ တစ်ရပ် ကျင်းပရန် ဦးတည်ချက်ထား လုပ်ဆောင် သွားရ မှာ ဖြစ်ပါတယ်။ 

နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ ကျင်းပခြင်းနဲ့ ပတ်သက် တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးပွဲအဆင့်ဆင့်မှာ မည်သို့မည်ပုံ ကျင်းပမယ်၊ အချိန်ကာလမည်မျှ သတ်မှတ် ထားရှိမယ်၊ ကိုယ်စားလှယ်တွေ ဘယ်လိုရွေးချယ်မယ်၊ ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးညှိနှိုင်း မှုများအပေါ် အခြေခံ၍ ကျွန်တော့်အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံးကို အလျဉ်းသင့်သလို တင်ပြသွားမှာလည်း ဖြစ်ပါတယ်။ 

ယခုလို ပြင်ဆင်ဆဲကာလမှာ နိုင်ငံတော် သမ္မတ တစ်ဦးအနေဖြင့် ပြောကြားနိုင်တဲ့ သဘောထားနဲ့ ရပ်တည် ချက် ကတော့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့်အချက်များကို အခြေခံမူများ အဖြစ်ခံယူပြီး အပြု သဘော ဆောင်သည့် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ခိုင်မာစေရေး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ အားလုံးကို တံခါးဖွင့်ကြိုဆို လျက်ရှိကြောင်း 
ပြောကြားလိုပါတယ်။ 

အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုပြီး ကျွန်တော့် အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနဲ့ စက်တင်ဘာလ လယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် ရှင်သန် ခိုင်မာစေဖို့ ကျွန်တော် တို့ အနေနဲ့ အစဉ်ရှေးရှု လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားမှု တစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေး ပွဲတော်တွေကို ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒတွေ ကိုထင်ဟပ်ပြီး ဝိုင်းဝန်းကျင်းပ ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ၊ အထူးသဖြင့် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင် ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြင်းပြတဲ့ဆန္ဒကနေ ပေါက်ဖွားလာတဲ့ တက်ကြွ လှုပ်ရှားမှုတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ် မိပါတယ်။ 

ပြည်သူလူထု ပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အောင်မြင်မှု ရရှိမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ 

ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကြိုးစား အကောင်အထည်
ဖော် ဆောင်ရွက်လာခဲ့တာမှာ ဒီမိုကရေစီနဲ့ ခွဲခြားလို့ မရစကောင်းတဲ့ လွတ်လပ်ခွင့်ကိုလည်း ကြိုးစား အကောင် အထည်ဖော် ပေးခဲ့တာကို မိဘပြည်သူများ အသိပင်ဖြစ်ပါတယ်။ 

လွတ်လပ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့် ကိုလည်း အရှေ့တောင်အာရှ နိုင်ငံ အတော်များ များ ထက်ပင် ရှေ့ရောက်နိုင်အောင် တိုးတက်ဖော်ဆောင် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

လွတ်လပ်ခွင့် ရှိလာတာနဲ့ အမျှ တာဝန်ယူမှုလည်း ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီ အတွက် မရှိမဖြစ်လိုအပ်တဲ့ မီဒီယာ လွတ်လပ် ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့ အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်းများကို လိုက်နာဖို့၊ အခြေ အမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်။ 

ယခုလို သမိုင်းဝင်၊ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီ လက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမယ့် အချိန်အခါ မျိုးမှာ မီဒီယာ လွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ 

ကျွန်တော့်အနေနဲ့ ထပ်မံ ပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့ အစိုးရအနေ နဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ ပြည်သူလူထု ဗဟိုပြု အုပ်ချုပ်မှုဆိုင်ရာ ပြုပြင် ပြောင်း လဲရေးများနဲ့ ပတ်သက်ပါတယ်။ 

ကျွန်တော်တို့ အစိုးရ အဖွဲ့ တာဝန်ယူမယ့် ကျန်ရှိတဲ့ အချိန်တွေ မှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် တဲ့ နေ ရာမှာ ပြည်သူတွေရဲ့ လိုအင်တွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်း စည်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ 
ပြု ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီတွေကို ပြုပြင် ပြောင်းလဲရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် သက်ဆိုင်ရာ ဝန်ကြီးတွေက ပြည်နယ်/ တိုင်းဒေသကြီး အားလုံးကို ကွင်းဆင်း သွားရောက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။ 

ဒါ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့ သလို ပြည်သူလူထု ရဲ့ နေ့စဉ်ဘ၀ဆိုင်ရာ လက်တွေ့ သတင်း အချက်အလက်တွေကို ရယူခဲ့ပါတယ်။ 

ဒီအချက်အလက်တွေ အပေါ်အခြေခံ ပြီး နောင်ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲတဲ့အခါ မှာ ပြည်သူတွေရဲ့ လက်တွေ့ လိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အမှန်တကယ် ကိုက်ညီစေမယ့် ဘတ်ဂျက် ကို ရေးဆွဲ အတည်ပြုနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ 

ပြည်သူလူထု ပါဝင်တာနဲ့အမျှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်၊ ထိရောက်၊ အောင်မြင်လာ မှာ ဖြစ်တဲ့ အတွက် ဒီဖွဲ့စည်းထားတဲ့ ကော်မတီတွေမှာလည်း စိတ်အားထက်သန်စွာ ပါဝင်အကြံပြု တိုက် တွန်းကြဖို့ ကျွန်တော့် အနေနဲ့ ပန်ကြားလိုပါတယ်။ 

ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဖြစ်ထွန်း တိုးတက်မှုများ၊ သဘောထား ရပ်တည် ချက် များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြနိုင်တဲ့ အတွက် အားရ ကျေနပ်မိသလို ကျွန်တော်တို့ ငြိမ်းချမ်းရေး 
ဖြစ်စဉ်ကို စိုးရိမ် စိတ်တွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ရှိနေရင်လည်း လုံလောက်တဲ့ ရှင်းလင်းမှု
တွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်လို့ ရှေ့မှာပြောကြား ခဲ့တဲ့အတိုင်း ပါဝင်ပတ်သက်သူ အသီးသီးရဲ့ စိတ်ရင်း စေတနာကိုအခြေခံတဲ့ ယုံကြည်မှုဖြင့်သာ တည်ဆောက်ထားရတဲ့ အတွက် အစိုးရ၊ လွှတ်တော် များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစု အသီးသီး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်။ 

လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းစီ ပူးပေါင်းပါဝင်တဲ့ အမျိုးသားရေး အင်အားစု တစ်ရပ် တည်ဆောက်နိုင်မယ် ဆိုပါက မိမိတို့အားလုံး ရယူပိုင်ဆိုင်လိုတဲ့ ခိုင်မာ၍ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်မှာ ဖြစ်ကြောင်း အလေးထား ပြောကြား လိုပါတယ်။ 

ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော်တာဝန်ယူထားတဲ့ သက်တမ်း အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာအောင် နောင်အနာဂတ် မျိုးဆက်
တွေ အတွက်ပါ ပိုမို ကောင်းမွန်ပြည့်စုံတဲ့ ဘ၀တွေ ပိုင်ဆိုင် လာကြဖို့ အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကို ရှေးရှုပြီး တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။ 

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

" ကမန် ” (သို့မဟုတ်) “ ကုလား ” ၀င်ပေါက်


-----------------------------------------
ခိုင်ထူး (ARG-222)
ရခိုင်မျိုးစောင့်အုပ်စု
ဂျပန်

" အမှန်က နှစ်သောင်းလောက်ရှိတဲ့ ကမန်လူမျိုးဟာ နှစ်သိန်းလောက်ဖြစ်နေလို့ ကျွန်တော်တို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်၊ ကုလားကို ကမန်ဖြစ်အောင် လ၀ကကပဲ လာဒ်စားပြီး လုပ်ပေးနေတာ၊ ခံရတာက ကျွန်တော်တို့ကမန်တွေပဲ "လို့ ရမ်းဗြဲမြို့နယ်က " ကမန် "တစ်ယောက် BBC ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍကနေ ၂၀၀၄-ခုနှစ်လောက်က ထအော်တာကို ကြားလိုက်ရတော့ ကျွန်တော့်ကိုယ်တွေ့ ကမန်အသွင်ပြောင်းလဲမှုကို တင်ပြချင်နေခဲ့တယ်။ ခုအခြေအနေမှာ လိုအပ်ချက်ကလည့် ရှိနေပြီမို့ အုပ်စိုးသူအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ မြန်မာရဟန်းရှင်လူ ပြည်သူပြည်သားတွေ စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။

၁၉၉၂-ခုနှစ် ပတ်ဝန်းကျင်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ သိမ်ကျောင်းရွာထိပ်မှာ ကျွန်တော်က သစ်စက်လုပ်ငန်းလုပ်နေတယ်။ တစ်နေ့မှာ ကျွန်တော်တို့နဲ့ ကပ်ရပ်ကုန်ခြောက်ဆိုင်ကို ဈေးဝယ်ရန်သွားတော့ ကျွန်တော်နဲ့ အထူးခင်မင်ရင်းနှီးနေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက" ဒါမင်းတို့ရခိုင်ပြည်က ကမန်လူမျိုးတွေပဲ "လို့ လူစိမ်းငါးယောက်နဲ့ မိတ်ဆက်ပေးတယ်။

ကျွန်တော်က "မင်းတို့ဘယ်ကလဲ"လို့ ရခိုင်စကားနဲ့မေးလိုက်တော့၊ လ၀က ပုံစံစာရွက်တွေ ဖြည့်နေသူတစ်ဦးက "မြောက်ဦးမြို့ကပါ "လို့ ရခိုင်စကားနဲ့ပြန်ပြောတယ်။ "မြောက်ဦးမြို့ ဘယ်ရပ်ကွက်ကလဲ"လို့ ထပ်မေးတော့ "ရွှေဂူတောင်ကပါ"တဲ့။ "ငါမြောက်ဦးမြို့သားပဲ၊ ရွှေဂူတောင်မှာ ကုလားပဲနည်းနည်းပါးပါးရှိတယ်၊ ကမန်မှမရှိတာ"လို့ ပြန်ပြောလိုက်တော့ သူငြိမ်သွားတယ်။ ကျန်လေးယောက်ကို "မင်းတို့ကကောဘယ်ကလဲ"လို့ ရခိုင်လိုမေးတော့ နားမလည်သလို ပြန်ကြည့်နေလို့၊ ဗမာစကားနဲ့ မေးလိုက်တော့လည်း နားမလည်ကြ။ ပထမဆုံး ရခိုင်လိုဖြေခဲ့တဲ့လူကိုပဲ ကုလားလိုမေးနေကြတယ်။ အဲဒီလူက သူတို့ကို ကုလားလိုပြန်ပြောလိုက်တော့ ကြောက်ကြောက်လန့်လန့်မျက်နှာနဲ့ ကျွန်တော့်ကို ငေးကြည့်နေကြတယ်။ အဲဒီ ၄-ယောက်က ရခိုင်ပြည်မှာပင် မနေဖူးပဲ ဘင်္ဂလားဒေ့ခ်ျက တိုက်ရိုက်ဝင်လာသူတွေဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။

" သူတို့ခမျာ မြန်မာစာလည်းမရေးတတ်တော့ ငါကပဲဒီပုံစံတွေကို ဖြည့်ပေး၊ တို့ရှေ့က လ၀ကနဲ့ ဆက်သွယ်ပေး လုပ်နေရတယ်။ လ၀က က တစ်ယောက်ကို သုံးထောင်ကျပ်နှုန်းယူတယ်၊ အဒေါ့်ကိုတော့ လ္ဘက်ရည်ဖိုးလောက်ပဲပေးတယ်။ ဒါပေမဲ့ လာလုပ်တဲ့ ကမန်တွေကများတော့ အိမ်စရိတ် နည်းနည်းပါးပါး ကာမိတာပေါ့ "လို့ ဆိုင်ရှင်အဒေါ်ကြီးကပြောတော့ ကျွန်တော်တို့ သစ်စက်ရှေ့မှာရှိတဲ့ လ၀ကရုံးကလူကြီးတွေ ညဘက်မှာလည့် အိမ်မပြန်ကြပဲ စားကြသောက်ကြ၊ တရုန်းရုန်းနဲ့ မိန်းမပျက်တွေနဲ့ ပျော်ပါးနေကြတာ ဒီဝင်ငွေကြောင့်ပဲလို့ နားလည်လိုက်တယ်။

စစ်အစိုးရက နိုင်ငံအနှံ့ မြို့သစ်တွေဖေါ်ပေးနေတယ်၊ ကျူးကျော်ရပ်ကွက်တွေကိုပါ မြို့သစ်တွေမှာ နေရာချထားပေးတော့ သန်းခေါင်စာရင်းပျောက်တဲ့လူနဲ့ မှတ်ပုံတင်မရှိတဲ့လူတွေ အများကြီးဆိုတော့၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးနေခဲ့တယ်။ ဒီအကွက်ကို ကုလားတွေက ကောင်းကောင်းအသုံးချပြီး လှိမ့်ဝင်လာတာတွေ အကုန်လုံး မြို့သစ်တွေမှာလာပြီး မှတ်ပုံတင်လုပ်ကြတယ်။ မှတ်ပုံတင်မှာမှ " ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် အဆင့်တင်မကပဲ၊ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား " အထိ လုပ်ပေးလိုက်ကြတယ်။

မြို့သစ်ပေါင်း မြောက်များစွာမှာ သူတို့ဘယ်လောက်များများ လုပ်သွားကြပြီလဲ၊ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ရမ်းဗြဲမြို့နယ်က ကမန်တစ်ယောက် ၂၀၀၄-ခုနှစ်ပတ်ဝန်းကျင်မှာ BBC ကနေပြောလိုက်တဲ့အချိန် နှစ်သိန်းရှိနေပြီဆိုတော့ ခုဆိုဘယ်လောက်များ ရှိနေပြီလဲ၊ ဌာနဆိုင်ရာတွေနဲ့ ရဲ၊ စစ်တပ်တွေထဲကို ကုလားတွေ ကမန်အရေခြုံပြီး ဘယ်လောက် များများစားစား ၀င်ရောက်နေရာယူထားကြပြီလဲ၊ စဉ်းစားမိတိုင်း တုန်လှုပ်ခြောက်ခြားမိရတယ်။
ကမန်ကို တိုင်းရင်းသားအဖြစ် သွတ်သွင်းလိုက်တာကတော့ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအတည်ပြုပြီးမှ မဆလ အစိုးရက သတ်မှတ်လိုက်တာ။ မြန်မာပြည်သူတွေ အကုန်လုံးကို ချပြအသိပေးဖို့ မပြောနဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောတူညီချက်ကိုပင် မေးစမ်းမကြည့်ပဲ ထင်သလိုလုပ်ခဲ့တယ်။ အဲဒီတုန်းက ရခိုင်စကားပြောပြီး ရခိုင်မှာ အနေကြာလာတဲ့ ဒီကမန်လူမျိုးတွေကို ခင်မင်မှုအစွဲနဲ့ ရခိုင်ပညာရှင်တစ်ချို့က မဆလ အစိုးရနဲ့အတူ တိုင်းရင်းသားအဖြစ် လက်ခံခဲ့ပေမယ့် ပညာရှင်အများစုနဲ့ ရခိုင်ပြည်သူတွေက လုံးဝလက်မခံခဲ့ကြဘူး။

လက်မခံတဲ့ ရခိုင်ပညာရှင်အများစုနဲ့ ပြည်သူတွေရဲ့ သဘောထားကတော့- နံပါတ် (၁) အချက်-ကမန်ဆိုတာ မြို၊ သက်၊ ဒိုင်းနက်၊ ခမွီး၊ ရခိုင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကရင်တို့လို ဒီမြေ၊ ဒီရေမှာ ဘယ်အချိန်ကာလကစပြီး နေထိုင်လာကြသလဲဆိုတာကို မှန်းဆမှုသာပြုနိုင်တဲ့ တိုင်းရင်းသား စစ်စစ်မျိုးမဟုတ်ဘဲ ၁၆၆၀-ခုနှစ်လောက်မှာမှ တိုင်းတစ်ပါး အာဖကန်နစ္စတန်က လာရောက်နေထိုင်သူတွေ ဖြစ်နေလို့ပဲ။

နံပါတ် (၂) အချက်က ကမန်ကိုအကြောင်းပြုပြီး ကုလားတွေ ရခိုင်ကိုပိုင်ဆိုင်ဖို့ ကြိုးစားမှုတွေ သမိုင်းမှာရှိနေတော့ ကမန်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်တာဟာ ကုလားတွေအတွက် တိုက်ကွက်ကြီး ဖြစ်လာနိုင်တာကို ရခိုင်ပညာရှင်အများစုနဲ့ အသိအမြင်ကျယ်တဲ့ ပြည်သူတွေက သိထားခဲ့ကြသလို ထင်ခဲ့တဲ့အတိုင်းလည်း ဖြစ်လာခဲ့တာပါပဲ။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ကမန်ကိုရှေ့ကတင် ကုလားတွေက ၀ိုင်းပြီးမေးပေးခဲ့လို့ စစ်တွေမဲဆန္ဒနယ်မြေမှာပင် ကမန်တစ်ယောက် မဲအနိုင်ရခဲ့တယ်။

ခုဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ခိုးဝင်၊ တိုက်ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ပဲ ဖြစ်နေကြတာမဟုတ်ပါဘူး၊ အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ ဖြစ်နေကြတာပါလို့ ကမ္ဘာကို လှည့်စားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုလားတွေက ကမန်ကိုပါ ပြဿနာထဲပါလာအောင် ဆွဲသွင်းနေတယ်။ ၈၈-ကျောင်းသားခေါင်းဆောင် ကိုမြအေးစကားကို ငှားယူပြောရရင် " ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အရေးကို အစ္စလာမ်ဘာသာအရေး ဖြစ်လာအောင် ဖန်တီးနေကြတာပါ "လို့ ပြောချင်တယ်။

ကမန်ဆိုတာက အစ္စလာမ်ဘာသာကို ကိုးကွယ်တာကလွဲလို့ ရခိုင်လိုပြောပြီး၊ ရခိုင်လိုနေကြသူတွေ၊ ကုလားစကား(ဘင်္ဂလီစကား)လည်း မတတ်ကြဘူး။ ကုလားစာတတ်ဖို့ကအဝေးကြီး၊ ကုလားတွေဟာ သူတို့ထက် နိမ့်ကျတဲ့လူမျိုးတွေလို့ သတ်မှတ်ပြီး ကုလားနဲ့သားပေး သမီးယူလည့် မလုပ်ခဲ့ကြဘူး၊ ရခိုင်တွေနဲ့ပဲ ရင်းနှီးခင်မင်စွာနဲ့ နေထိုင်လာခဲ့ကြတယ်။

ခက်တာက ကုလားစာမတတ်တော့ ဗလီဆရာတွေကို ဘူးသီးတောင်၊ မောင်တောဘက်က ခေါ်ယူကြရတယ်။ အဲဒီအယူသည်း ဗလီဆရာတွေရဲ့ မှိုင်းတိုက်မှု၊ စစ်အစိုးရလက်အောက် ရခိုင်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေလာမှု၊ ကုလားတွေက နိုင်ငံတကာအထောက်အပံ့တွေ ရရှိနေမှု၊ လာဒ်ပေးလာဒ်ယူနည်းနဲ့ ကုလားတွေ ကြီးပွားလာမှုတွေကြောင့် ကမန်ဟာ နောက်ပိုင်းမှာ ကုလားတွေဘက်ကို ယိမ်းလာကြတယ်။ ဘယ်အထိယိမ်းလာလဲ ဆိုရင် ပင်လယ်ပြင်ကို စက်လှေနဲ့ ငါးဖမ်းထွက်တော့ စက်လှေပေါ်မှာ ငါးယောက်လောက်ပဲပါသွားတာ ပြန်ဝင်လာတော့ ကုလားအယောက် နှစ်ဆယ်လောက် ပါလာတယ်။ သူတို့ရပ်ရွာတွေမှာ ၀ှက်ထားပေးပြီး လာဒ်ပေးလာဒ်ယူနည်းနဲ့ မှတ်ပုံတင်ယူပေးလိုက်ကြတယ်။ ဘူးသီးတောင်၊ မောင်တောက ဗလီဆရာတွေရဲ့ ဘာသာရေးမှိုင်းက ဘယ်လောက်ထိ ၀င်လာလဲဆိုရင် အမေရိကန်နိုင်ငံ တိုက်ညီနောင်ကို လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့ ၂၀၀၁-ခုနှစ် (၉)လပိုင်း၊ (၁၁)နေ့ကဆိုရင် စစ်တွေမြို့ နာဇီရပ်ကွက်နဲ့ တစ်ပြိုင်တည်း ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်မှာ ထမင်းစားပွဲကြီးတွေလုပ်ပြီး အောင်ပွဲခံခဲ့ကြတယ်။ (၉/၁၁)နှစ်ပတ်လည်နေ့ကိုလည်း နှစ်တိုင်း အောင်ပွဲပြုလုပ်ကြသေးတယ်။ အဲဒီလိုနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တစ်စတစ်စ ဝေးကွာလာတဲ့ ကမန်တွေဟာ ခုပဋိပက္ခမှာလည်း ကုလားဘက်ပါသွားတာ မဆန်းပါဘူး။

၂၀၁၂.၁၀.၃၀-ရက်နေ့ ကျောက်နီမော် ပဋိပက္ခအတွက် ၃၀-ရက်နေ့ည BBC အကြီးတမ်းသတင်းထောက် ဦးကိုကိုအောင်က Interview လုပ်တာကြားလိုက်ရတယ်။ ကမန်ခေါင်းဆောင် "အုလမာ သာသနာ့ပညာရှင်များအဖွဲ့ ဥက္ကဌ ဦးမောင်မောင်တင်"ဆိုတဲ့လူဟာ အင်တာဗျူးမှာ ဗမာစကားကို ကုလားလိုပြောနေတယ်။ အမှန်က ကမန်ဆိုတာ ကုလားစကားတစ်ခွန်းမှ တတ်တဲ့လူတွေမဟုတ်ဘူး။ ရခိုင်စကားကို ရခိုင်တွေပြောသလိုပဲ ပီပီသသပြောနေကြတဲ့လူတွေ၊ သူတို့ ဗမာစကားပြောရင်လည့် ရခိုင်တွေဝဲသလိုပဲဝဲကြတယ်။ ခုတော့ ကမန်ခေါင်းဆောင် "ဦးမောင်မောင်တင်"ဟာ ကုလားသံနဲ့ပြောနေတော့ သေချာတာပေါ့ ကမန်ဝင်ပေါက်က ၀င်နေတဲ့ ကုလားတစ်ယောက်ပေါ့။

ခိုင်ထူး (ARG-222)
ရခိုင်မျိုးစောင့်အုပ်စု
ဂျပန်

ဘတ်ဂျက်ကြောင့် ကန် အစိုးရဌာနတွေ ပိတ်ရပြီ

အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်မှာ ရီပက်ဘလီကန်တွေနဲ့ ဒီမိုကရက်တွေအကြား ဘတ်ဂျက် အသစ် ပြဋ္ဌာန်းဖို့ကိစ္စ အတည်မပြု နိုင်ခဲ့တဲ့အတွက် အရေအတွက် ၁ သန်း လောက်အထိ ရှိလာနိုင်မယ့် ဗဟို အစိုးရ ဝန်ထမ်းတွေဟာ စတင် အလုပ်လက်မဲ့ ဖြစ်ကြရပြီလို့ သိရပါတယ်။

တချို့သူတွေကတော့ သူတို့ အလုပ်စားပွဲတွေကို ရှင်းလင်းဖို့အတွက် ရုံးတွေကို ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ရုံးတွေ ပိတ်ပစ်ဖို့ အပြည့်အဝ သက်ရောက်မှု မတိုင်ခင် အချိန် အနည်းငယ်တော့ ရကောင်းရနေနိုင်သေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီကနေ့မှာ တစိတ်တပိုင်း စတင် အသက်ဝင်ပြီ ဖြစ်တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမားရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ရီပတ်ဘလီကန်တွေက ဆိုင်းငံ့ထားစေချင်တာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် အခု ဘတ်ဂျက်ကို အတည်ပြုပေးဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို သဘာမတူနိုင်ခဲ့တဲ့အတွက် အိုဘားမား အစိုးရ အနေနဲ့ မတိုးသာ မဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သိပ်အရေးမကြီးတဲ့ အစိုးရဌာန တချို့ကို ရပ်ဆိုင်းဖို့ အိမ်ဖြူတော်က အမိန့်ထုတ်လိုက်ရတာ ဖြစ်ပါတယ်။

www.bbc.co.uk
အရေအတွက် ၁ သန်း လောက်အထိ ရှိလာနိုင်မယ့် ဗဟို အစိုးရ ဝန်ထမ်းတွေဟာ စတင် အလုပ်လက်မဲ့ ဖြစ်ကြရပြီ

What services are affected when the US government shuts down

Because Congress failed to avert a shutdown, 800,000 federal employees have been told to stay home. What else is affected?
US Congress
About half of the Defense Department's civilian employees have been told to stay home. Photograph: Mladen Antonov/AFP/Getty Images
Well, they did it. The US government is officially on a partial shutdown, with Congress having failed to reach an agreement by midnight on Monday.
The shutdown will have far-reaching effects throughout the US. Though some services – mail delivery, Social Security and Medicare benefits – are not affected, others, like national parks and routine safety inspections of food, are curtailed as the majority of federal employees tasked with their operation have been ordered not to report to work on Tuesday.
A look at how a shutdown will affect other services across the federal government:

Federal workers

About 800,000 federal employees are not furloughed and will not be paid. Already hit hard by several unpaid furlough days caused by sequestration this year some workers have begun lobbying to receive back pay in the event of a shutdown. While Congress agreed to retroactively pay them during previous shutdowns, the fractured nature of this Congress makes such a step unlikely.

US military

The military's 1.4 million active-duty personnel will stay on duty, but their paychecks initially faced a threat of delay. Amid the division, the House passed – and Obama signed – a bill to ensure their checks would still be delivered on time. "You and your families deserve better than the dysfunction we're seeing in Congress," Obama said.
About half of the Defense Department's civilian employees are furloughed.

Food programs

The Wic program, which provides low-income pregnant women, new mothers and children up to the age of five with healthy food, is not funded as of Tuesday morning. "No additional federal funds would be available," says the Department of Agriculture, though it suggests that some states – some, not all – may have a state-run fund that can fill in the gaps for women who need help purchasing things like formula. They estimate the state funds would last about a week.
School lunches for low-income students are not affected. Food stamps are not affected.

Public health

The Centers for Disease Control and Prevention are facing a reduced ability to detect and investigate disease outbreaks. The annual influenza program – the one that tracks the flu and helps people get flu shots – has been shut down. The CDC has also stopped offering its usual assistance to state and local authorities, who rely on the agency for help in tracking unusual outbreaks.
The National Institutes of Health will continue to treat patients at its hospital center, but no new clinical trials will begin.

“ထောင်ချောက်ထဲ သက်ဆင်းမိသော သံတွဲသားများ”


^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီနေ့ မနက် 9:30 နာရီခန့်မှာ ငါးစိမ်းသည်နှစ်ယောက် စကားများရန်ဖြစ်ကြပါတယ်။ ဒွါရာဝတီသံတွဲ ဈေးထဲမှာပါ။ ဂျိတ်တောမှာ ရခိုင်ငါးစိမ်းသည်နှင့် သံတွဲမှ မူဆလင်ငါးစိမ်းသည်တို့ စကားများကြတာပါ။ နှစ်ဖက်အုပ်စု အင်အားများလာပြီး ဆိုင်တွေပိတ်ကြတဲ့အထိ ကောလာဟလကြီးမားသွားပါတယ်။
သဗြုချိုင်အောက်ရွာ၊ သဗြုချိုင်အလယ်ရွာ၊ သဗြုချိုင်တောင်ပေါ်ရွာ-(သဗြုချိုင်သုံးရွာ) သို့ အင်းအား ၂၀၀ ခန့်ရှိ ရခိုင်လူအုပ်ကြီး ချီတက်သွားရာမှ အိမ်ခြေ (၁၄) လုံး မီးရှို့ခံရတာပါ။
လင်းသီ-ပြင်ယောင်း-ရွှေလှေ ရွာတို့မှာလည်း- ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း အခြေအနေအရပ်ရပ်တပ်အပ် မပြောနိုင်ကြောင်း
သံတွဲအနောက်ဘက် နှစ်မိုင်ခန့်ကွာဝေးတဲ့ မဲကျွန်းရွာမှ မူဆလင်အိမ်(၂၀) အဖျက်ဆီးခံရကြောင်း
ယနေ့ (1.10.2013) မနက် 10:00 နာရီခန့်မှာ သံတွဲမြို့ အမှတ် (၅) မူဆလင်ရပ်ကွက်မှ ရခိုင်များ ဘုန်းကြီးကျောင်းများသို့ ပြောင်းကြကြောင်း၊ အဖိုးအဖွားနှင့် အမျိုးသမီးများ၊ ကလေးများ ပြောင်းကြတာဖြစ်ပြီး အမျိုးသားများသာ အိမ်စောင့်ကျန်ခဲ့ကြကြောင်း သိရသည်။
သဗြုချိုင်သုံးရွာမှ မူဆလင်များနှင့် ရွှေလှေရွာမှ မူဆလင်များ တောထဲမှာ ပုန်းခိုနေကြရကြောင်း၊ ညမထွက်ရ အမိန့်ကို ညနေ 6:00 နာရီမှ မနက် 6:00 နာရီထိ တိုးမြှင့်ခဲ့ကြောင်း၊ လုံခြုံရေးများကို တိုးမြှင့်ချထားခဲ့ကြောင်း၊ ည 7:00 မှာ ခြောက်လှန့်ပစ်သံများ ဆူညံနေခဲ့ကြောင်း၊ ယခုညတော့ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။
သံတွဲသားတွေ ထောင်ချောက်မိသွားပြီ။ မကြာမီလာပါတော့မည်။ လူနည်းစုဆိုတာတွေ၊ ဗုဒ္ဓဘာသာအကြမ်း ဖက် လူရမ်းကားအုပ်စုဆိုတာတွေ၊ ဘာသာရေး-လူမျိုးရေး ဖိနှိပ်မှုဆိုတာတွေ-ဓာတ်ပုံ-ရုပ်သံမှတ်တမ်း စုံလင်စွာ ဖြင့် မျက်ရည်ပါသော ငိုခြင်းရော-မျက်ရည်မပါသောငိုခြင်းပါ ငိုခြင်းသည်မျိုးစ၏ုံ ရင်ဖွင့်သံများ ကြားရ ပေ တော့ မည်။
သံတွဲသားတို့ရေ-သားသမီးမကောင်း မိဘခေါင်းဗျ။ သမ္မတကြီးတော့ ခံပေရော့ပဲ။ (သမ္မတကြီး၏ သံတွဲခရီးစဉ် မသေချာတော့ကြောင်း သိရသည်။)

ဦးသိန်းစိန် ရခိုင် ရောက်စဉ် သံတွဲ ပဋိပက္ခ ထပ်ဖြစ်၊ လူတဦး သေဆုံး

မွတ်စလင်, ရခိုင်, ဗုဒ္ဓဘာသာ, ပဋိပက္ခ
မိတ္ထီလာမြို့တွင် မတ်လ ၂၂ ရက်နေ့က မီးလောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
သမ္မတ ဦးသိန်းစိန်သည် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိစဉ် သံတွဲမြို့ ပေါ် နှင့် ကျေးရွာများတွင် ဓာတ်ဆီဆိုင်၊ ဗလီနှင့် နေအိမ် ၃၀ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ပဋိပက္ခကြောင့် အနည်းဆုံး လူတဦး သေဆုံးသွားကြောင်း သံတွဲမြို့နယ် ရဲစခန်း ထံမှ စုံစမ်းသိရှိရသည်။
သမ္မတဦးသိန်းစိန်သည် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ဒေသခံများ နှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှာကြားစစ်ဆေးနေချိန် သံတွဲမြို့နှင့် ၂၈ မိုင်ဝေးသော ရွှေလှေသပြုချိုင် တောင်ပေါ်ဒေသတွင် မွတ်စလင်များ၏ နေအိမ်များကို ဒေသခံ တိုင်းရင်းသား အင်အား တထောင်ခန့်က ၀င်ရောက် မီးရှို့ခဲ့ပြီး အနည်းဆုံး နေအိမ် ၃၀ လုံး မီးလောင် ကျွမ်းခံခဲ့ ရကြောင်း၊ အကြမ်းဖက်သူများ၏ ရိုက်နှက်မှုကြောင့် အသက် ၉၄ နှစ်အရွယ် ကမန်အစ္စလမ် ဒေါ်အေးကြည်ဆိုသူ အမျိုးသမီးတဦး သေဆုံးသွားကြောင်း၊ အကြမ်းဖက် လူအုပ်စုကို လုံခြုံရေး တပ်ဖွဲ့ဝင် များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကလည်း သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီ ဆိုင်တဆိုင် မီးရှို့ခံခဲ့ရပြီး သံတွဲမြို့ နှင့် ၂၅ မိုင်အကွာ ကျောက်ကြီးရွာတွင် ဗလီတလုံး ဖြိုချ ဖျက်ဆီးခံခဲ့ရ ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။
“အကြမ်းဖက်သူတွေရဲ့ အရိုက်ခံရလို့ ဒေါ်အေးကြည်ဆိုတဲ့ ကမန်တဦး သေသွားတယ်။ အသက် ၉၄ နှစ်ရှိပြီ။ ကျနော်တို့ ပစ်ခတ်ပြီး တော့တောင် လူစုခွဲရတယ်။ အဲဒါမှ သူတို့ ဆုတ်ပြေးသွားတာ။ တယောက်မှ မဖမ်းမိလိုက် သေးဘူး။ မြို့က လုံခြုံရေး အခြေအနေစိုးရိမ်ရတယ်။ သံတွဲ မြို့ပေါ် ဓာတ်ဆီဆိုင်ကို ပထမ တခေါက် မီးရှို့ဖို့ ကြိုးစား တယ်။ မအောင်မြင်လို့ မနေ့ညက ထပ်ဝင်ရှို့တာ။ ဆိုင်ထဲက ပစ္စည်းတွေ အကုန်လုံးနီးပါး ရွှေ့ထားလို့ ပစ္စည်းဆုံးရှုံးမှု ကတော့ တက်မလာဘူး ´´ဟု သံတွဲမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ကြပ်ကြီးက ပြောသည်။
မီးရှို့ခံခဲ့ရသော သပြုချိုင် ကျေးရွာမှ ကမန် မွတ်စလင်တဦး ဖြစ်သူ ကိုညီလေးက အိမ်ခြေ ၉၀ ခန့်ရှိသည့် သပြုချိုင် ကျေးရွာသို့ ယနေ့ မနက် ၄ နာရီခန့်အချိန်က ရခိုင် ဆင်ခေါင်းရွာမှ လူတချို့ မီးကွင်းပစ်ခဲ့ပြီး မွတ်စလင်နှင့် ရခိုင် အိမ်များ မီးလောင်ကျွမ်းခဲ့ သော်လည်း ရွာသားများက အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ပထမအကြိမ်တွင် မအောင်မြင် သော ကြောင့် မနက် ၁၀ နာရီ ခန့် တွင် ထပ်မံ ၀င်ရောက်ဖျက်ဆီးရာ လူအင်အားများသောကြောင့် ထွက်ပြေးခဲ့ရပြီး ယခု ကမန် မွတ်စလင် အများစု တောထဲ တွင် ပုန်းအောင်းနေရကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ တောထဲ ရောက်နေတယ်။ ကျနော်တို့ကို လိုက်သတ်နေတယ်။ ရဲတွေကလည်း မိုးပေါ်ထောင် ပစ်နေတယ်။ ဖုန်းဘက်ထရီ ကလည်း ကုန်တော့မယ်´´ဟု ကိုညီလေးက ဆိုသည်။
သံတွဲမြို့ အခြေစိုက် လူမှုကွန်ရက်တာဝန်ခံ ရခိုင်လူငယ်ခေါင်းဆောင်တဦးက ၂၀၁၂ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ သံတွဲမြို့တွင် ရခိုင်နှင့် မွတ်စလင်များ အကြား ဖြစ်ပွားသော အမှုအခင်းပေါင်း ၂၅ မှုအထိ ရှိပြီး အမှုများ တွင် ရခိုင်အများစု ခံခဲ့ရကြောင်း၊ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရခြင်း၊ ရခိုင်အမျိုးသားတဦး ခေါင်းဖြတ် အသတ်ခံ ရခြင်း၊ ဘုန်းတော်ကြီးတပါး အရိုက်ခံရခြင်း အပါအ၀င် အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားမှု အကြိမ်ရေ များစွာ ဖြစ်ပေါ် လာသဖြင့် ယခုအကြိမ်တွင် သည်းမခံနိုင်တော့ဘဲ ရခိုင်လူမျိုးများ ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ပြီးခဲ့တဲ့ ပဋိပက္ခ တွေမှာ ကျနော်တို့ မပါခဲ့ဘူး။ အေးအေးဆေးဆေးနေခဲ့တယ်။ အခုက သူခိုးက အိမ်ရှင်ကို စော်ကားတဲ့ပြဿနာ ။ ကျနော်တို့ တောက်လျှောက် သည်းခံခဲ့ပေမယ့် ဒီတခါတော့ မခံနိုင်တော့ဘူး။ ကမ္ဘာက ရခိုင်ကို လူဆိုးကြီး လို့မြင်နေတာ။ တကယ်ခံနေရတာက ကျနော်တို့ပါ”ဟု ယင်း လူမှုကွန်ရက်တာဝန်ခံက ဆိုသည်။
သံတွဲမြို့တွင် အခြေအနေများ ပိုမိုဆိုးရွားလာသည့်အတွက် လတ်တလောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ထပ်တိုး ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း၊ သံတွဲအခြေစိုက် တပ်ရင်း ၅၆၆၊ ရဲတပ်ရင်း ၃၃ ၊
သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ ၊ အခင်းဖြစ်ပွားရာ အပိုင် ရွှေလှေရဲစခန်း စခန်းမှူး ဦးတင်မောင်လွင်နှင့် အဖွဲ့ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအ၀င် အနည်းဆုံး လုံခြုံရေးအင်အား ၆၀ ခန့်က ပဋိပက္ခ မပြန့်ပွားစေရန်နှင့် နယ်မြေလုံခြုံရေးရရှိရန် ဆောင်ရွက်နေသော်လည်း လုံခြုံရေး အင်အား လုံလောက်မှုမရှိကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း သံတွဲမြို့တွင် မွတ်စလင်တဦး ပိုင်ဆိုင်သော အရောင်းဆိုင်ရှေ့ တွင် ဗုဒ္ဓဘာသာ သာသနာ့ အလံပါ သုံးဘီး ဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်မှု ပေါ်မူတည်ပြီး မွတ်စလင်တချို့၏ နေအိမ်တချို့ မီးရှို့ခံခဲ့ရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းနှင့် တွေ့ဆုံခြင်း

Written by  နော်ကိုကို

မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု အသီးသီး ထောက်ပြ ပြောဆိုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေးနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒ သဘောထားကို ပြောပြပေးပါ။
UYH : ကျွန်တော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထား ဆိုတာထက် ကျွန်တော့် ထင်မြင်ယူဆချက်ကိုပဲ ပြောပါရစေ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယ အပတ်ထဲက တောင်ကြီးမြို့မှာ ကျွန်တော်တို့ပါတီက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဓိကကတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာ သုံးသပ်ရေး ကော်မတီမှာပါတဲ့ ကျွန်တော်တို့ပါတီက အဖွဲ့ဝင်လေးဦးကို အချက်အလက်တွေ စုဆောင်းပေးတဲ့ အစည်းအဝေးပေါ့။ အဲဒီမှာ ကျွန်တော် နားလည်လိုက်တဲ့ သဘောထားကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းထက် ပြင်ဆင်ဖြည့်စွက် အသုံးပြုခြင်းက နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ပိုမိုကောင်းမွန်တယ်။ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဝိုင်းဝန်းကြိုးစား ရာမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးမှာ တိုးတက် ကောင်းမွန်လာနေတဲ့ အပြန်အလှန် ယုံကြည်မှုကို မထိခိုက်စေရန်။ (၃) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက ရည်မှန်းချက်အဖြစ် ထားရှိသင့်တဲ့ ကိစ္စဟာ တိုင်းရင်းသားတိုင်း တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိရေးတို့အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်ရေး စတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်သုံးချက်ဟာ ပါတီရဲ့ အမြင်ဖြစ်တယ်လို့ ကျွန်တော်မှတ်ယူပါတယ်။
Voice : တောင်ကြီးမှာ လုပ်ခဲ့တဲ့ မွန်၊ ရှမ်း၊ ကယားညီလာခံမှာ အခြေခံဥပဒေပြင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးနှစ်မျိုး ပြောထားပါတယ်။ ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် ဘယ်လမ်းက ပိုပြီးသင့်တော်မလဲ။ ဘာကြောင့်လဲ ဆိုတာကော နည်းနည်းလောက် ရှင်းပြပါလား။
UYH : ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် အသစ်ပြန်လည် ရေးဆွဲတာထက် တိုင်းပြည် တည်ငြိမ်ပြီး ကြီးပွားတိုးတက်ဖို့အတွက် လိုအပ်တယ်လို့ ဘုံသဘောတူ ယူဆထားချက်တွေကို ပြင်ဆင် အသုံးပြုတာက ပိုကောင်းပါတယ်။ ယခု ဘုံသဘောမတူနိုင်သေးတဲ့ အချက်တွေကို ခဏထားလိုက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ တပ်မတော်က ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး တောက်လျှောက် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့ရာက တပ်မတော် စိတ်ကြိုက် နိုင်ငံနဲ့ သင့်တော်မယ်လို့ သူတို့ယူဆတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်လာတာ ၂ နှစ်ခွဲကျော်ကျော်ပဲ ရှိပါသေးတယ်။
တချို့ကိစ္စတွေမှာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း လက်တွေ့မှာ မကျင့်သုံးသေးတာမျိုးတွေ ရှိနေလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်လား၊ လက်တွေ့ အကောင်အထည် ဖော်နေသူတွေရဲ့ အားနည်းချက်ကြောင့်လားဆိုတာ အသေအချာ မပြောနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေကို စပွန်ဆာလုပ်ခဲ့တဲ့ တပ်မတော်ဟာ ကနေ့မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးမှာ အဓိကအင်အားစု တစ်ရပ်အနေနဲ့ ရှိမြဲ ရှိနေပါသေးတယ်။
ကနေ့သွားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ တကယ်တော့ စစ်ဘက်-အရပ်ဘက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးပဲဖြစ်လို့ အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးကို ထိပ်တန်း တင်လိုက်ရင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်။

Voice : အသစ်ပြန်ရေးမယ် ဆိုတဲ့အခါ နိုင်ငံရဲ့လက်ရှိသွားနေတဲ့ လမ်းကြောင်းနဲ့ အနာဂတ်ကို ဘယ်လို အကျိုးသက်ရောက် နိုင်မလဲ။
UYH : နိုင်ငံ လက်ရှိသွားနေတဲ့ လမ်းကြောင်းက စစ်ဘက်-အရပ်ဘက် ယုံကြည်မှု တည်ဆောက်ရေး၊ တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေး။ အဲဒီမှာ အဓိကဦးဆောင်တဲ့ အင်အားစုက တပ်မတော် ဖြစ်နေသေးတယ်။ အဲဒီအင်အားစုက နားလည် သဘောပေါက်လာအောင် လုံလောက်တဲ့ အချိန်နဲ့ လက်တွေ့ ဖြတ်သန်းမှု တစ်စုံတစ်ရာ မလုပ်ရသေးခင်မှာ သူတို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဘေးချိတ်လိုက်ပြီး အသစ်ပြန်လည် ရေးကြစို့လို့ပြောရင် ရန်စကား ပြောသလို ဖြစ်နေလို့ အနည်းနဲ့အများ ဆိုသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
Voice : ခုတိုင်းပြည်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ကြတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် အဟန့်အတားတွေ ရှိနေတယ်လို့ ဆရာ့အနေနဲ့ ယူဆပါသလား။ တချို့အဖွဲ့တွေက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး ပြောကြတော့ ငြိမ်းချမ်းရေးအတွက် ဘယ်လို ရှေ့ဆက်သွားသင့်သလဲ။
UYH : လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အတွင်းကျကျ ပါဝင်ခဲ့တဲ့သူ မဟုတ်တော့ သူတို့က ဘာတွေ တောင်းဆိုတယ်။ တိုင်းပြည် အနာဂတ်မှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ရင် သူတို့က ဘယ်လို ဖြစ်စေချင်တယ်ဆိုတာ အတိအကျ မသိရပါဘူး။ အဲဒီအချက်တွေကို အတိအကျ သိရရင်တော့ အဟန့်အတား ဖြစ်နေတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လား၊ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချက်လားဆိုတာ ထောက်ပြ ဝေဖန်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက် ပြောဆိုချက်တွေကို အသိပေး ထုတ်ပြန် ကြေညာသင့်ပါတယ်။
Voice : ခုတွေ့နေရတာက ကြံ့ခိုင်ရေးကလည်း အခြေခံဥပဒေ ပြင်တဲ့အခါ သူတို့ အကျိုးစီးပွား မထိခိုက်အောင် ထိန်းသိမ်းချင်တဲ့ သဘောရှိတယ်။ တိုင်းရင်းသားပါတီ အသီးသီးကလည်း ဖက်ဒရယ်ကို အမျိုးမျိုး အားပြုပြောနေကြတယ်။ တစ်ဖက်မှာ အဓိက အတိုက်အခံဖြစ်တဲ့ NLD မှာလည်း ကိုယ်ပိုင် Interest ရှိနေတယ်။ ဒီလို လမ်းကြောင်းတွေ မတူကြတဲ့အပေါ် ဘယ်လို သဘောထားပါသလဲ။
UYH : ပါတီစုံ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီအကျိုး စီးပွားအတွက်လည်းဖြစ်တဲ့ ကိစ္စတစ်ခုကို ဒါဟာ ပြည်သူ့ အကျိုးစီးပွားပါလို့ ပြောကြာ ဓမ္မတာပါပဲ။ သိပ်တော့ မဆန်းပါဘူး။ လွတ်တော်ထဲမှာ အင်အားတောင့်တဲ့ ပါတီကတော့ ပြောလည်းပြော အကောင်အထည်လည်း ဖော်သွားနိုင်မှာပေါ့။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို သူအလှည့် ရှိသလို ကိုယ့်အလှည့်လည်း ရှိမှာပေါ့။
Voice : အခြေခံဥပဒေကို ပြင်တဲ့အခါ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုအသီးသီး၊ တိုင်းရင်းသားအဖွဲ့တွေ ဘယ်လိုလက်တွဲ အလုပ်လုပ်သွားနိုင်မယ်လို့ ခန့်မှန်းပါသလဲ။
UYH : အခုလေ့လာသုံးသပ်ရေး ကော်မတီက Guidelines ချထားရာမှာ ကော်မတီအနေနဲ့ ဖြစ်စေ၊ ကော်မတီဝင် တစ်ဦးချင်းဖြစ်စေ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုတွေ၊ ပညာရှင်တွေ၊ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး သဘောထား ရယူနိုင်ကြောင်း ပြောထားတာ ရှိလေတော့ အဲဒီကိစ္စအတွက် လွတ်လွတ်လပ်လပ် အကြံပေးနိုင်ကြမှာပါ။
Voice : လတ်တလောမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးဖို့ပြောတဲ့ အသံတွေ အားကောင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ တပ်မတော်မှာက အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေးဆိုတဲ့ ဦးတည်ချက် ရှိနေတော့ အဲဒီနှစ်ခု ထိပ်တိုက်တွေ့ခဲ့ရင် အားလုံးစိုးရိမ်တဲ့ နောက်ကြောင်း ပြန်လှည့်မှုမျိုးဆိုတာ ဖြစ်သွားနိုင်လား။
UYH : ဒီမိုကရေစီစနစ် လူ့ဘောင်မှာ လူတိုင်းလွတ်လပ်စွာ သဘောထား ဖော်ထုတ်ခွင့်ရှိတယ် ဆိုတာရယ်၊ အခြေခံဥပဒေ အပါအဝင် ဥပဒေ ပြဋ္ဌာန်းရေးဟာ လွှတ်တော်ကပဲ ဆုံးဖြတ်တာ ဖြစ်တယ် ဆိုတာရယ်၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရမယ်၊ မလိုက်နာရင် အရေးယူခံရမှာ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ပါဝင်ပတ်သက်နေသူ အားလုံးက လေးလေးနက်နက် သဘောပေါက်ကြရင် ဘာအန္တရာယ် မှမရှိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ဖက်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာနဲ့ အားမရသေးဘဲ လူ့အဖွဲ့အစည်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ပြီး မိမိတို့ တောင်းဆိုချက်တွေကို အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ် ရှိသလို တစ်ဖက် မှာလည်း သူတစ်ဖုံငါတစ်မျိုး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာ လေးလောက်ကို တိုင်းပြည်တော့ ပြိုကွဲတော့မှာပဲလို့ ပုံကြီးချဲ့ တွေးတောပြီး ၆၂ ခုနှစ်ကလို ပြန်လုပ်ကြမယ် ဆိုရင်တော့ အန္တရာယ် ရှိတာပေါ့။
ဒါက တပ်မတော် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး နားလည်မှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။

Voice : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့ အခြေခံဥပဒေမှာပါတဲ့ အချက်တချို့ကို ဖယ်ရှားမယ်ဆိုရင် အမျိုးသား လုံခြုံရေးဘက်မှာ စိုးရိမ်စရာ ရှိတယ်လို့ ပြောကြတော့ ဘယ်လို ဖြေလျှော့မှုက အကောင်းဆုံး ဖြစ်နိုင်မလဲ။
UYH : အကောင်းဆုံး ဖြေလျှော့မှုကတော့ လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းနိုင်ငံတစ်ခု ကောင်းမွန်တဲ့ စနစ်တစ်ခုဆီကို ချီတက်ရာမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းထက် Institution များ ပြောင်းလဲရေးက ပိုမိုအဓိက ကျတယ်ဆိုတဲ့ အချက်ရယ်၊ ဒီနေ့ အခြေခံဥပဒေမှာ သမ္မတမှာလည်း လုပ်ပိုင်ခွင့် ရှိသလို ပါတီပိုင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန် နှစ်ခုလုံးကို ပူးတွဲ တာဝန်ယူထားနိုင်တဲ့ ပုဂ္ဂိုလ်မှာလည်း ကြီးမားတဲ့ လမ်းညွှန်မှုပေးတဲ့ အလုပ်တွေ လုပ်နိုင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ရင် အားလုံး အဆင်ပြေသွားမှာပါ။ ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆိုရင် သမ္မတဖြစ်ရေးထက် ပါတီခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေအထားကို ပိုသဘောကျမိမှာ အမှန်ပဲ။
Voice : ဦးရဲထွန်းကိုယ်တိုင် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေတာဆိုတော့ အခြေခံဥပဒေ ပြန်ရေးကြမယ်ဆိုတဲ့ သဘောထားအပေါ်မှာ ဘာများပြောချင်ပါလဲ။
UYH : မျက်မှောက်နိုင်ငံရေး အခြေအနေကို ထည့်သွင်း စဉ်းစားတာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် အခြေခံဥပဒေ အသစ်ပြန်ရေးမယ်ဆိုတဲ့ သဘောထားက စိတ်ကူးယဉ် ဆန်လွန်းပါတယ်။
Voice : လက်နက်ကိုင် တိုက်ပွဲမှာလည်း ပါခဲ့ဖူးတယ်။ အခု လွှတ်တော်တွင်းကနေ တိုင်းပြည် အပြောင်းအလဲကိုလည်း ဖော်ဆောင်နေသူဖြစ်တော့ လက်ရှိ နိုင်ငံသွားနေတဲ့ အနေအထားနဲ့ ၂၀၁၅ ထိ ရှေ့အလားအလာကို ဘယ်လို သုံးသပ်မလဲဗျ။
UYH : ဒီကိစ္စသုံးသပ် ပြောကြားဖို့ကတော့ သိပ်ကျယ်ပြန့်ပါတယ်။ တိုတိုနဲ့ ပြောရင်လည်း မပြည့်မစုံ ဖြစ်နေနိုင်တယ်။ ၂၀၁၅ ခုနှစ်အထိ သုံးသပ်ရမယ် ဆိုရင်တော့ အရင်ထက်စာရင် ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ကျင့်စဉ်တွေနဲ့ ပိုမိုယဉ်ပါးလာမှာ ဖြစ်သလို၊ ပါတီ တည်ဆောက်ရေး၊ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာရေး စတာတွေမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ပါတယ်။ ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်နဲ့ သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကြားမှာလည်း ယခင်ကထက် ပိုမိုစည်းလုံး လာနိုင်ဖွယ်ရာ အရိပ်အယောင် တွေ့ရပါတယ်။
တစ်ဖက်ကိုတစ်ဖက် အပြုတ်တိုက်ရေး လုပ်တာဟာ အားလုံးအတွက် အကျိုးမရှိဘူးဆိုတာ (တိုင်းပြည် အတွက်ရော၊ ပြည်ခိုင်ဖြိုးပါတီ အတွက်ရော) နားလည် သဘောပေါက် လာကြရင်ပေါ့။

Voice : NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်း သဘောတူညီချက်အရ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို ပြည်သူ့ သဘောဆန္ဒ ကောက်ယူပြီး လွှတ်တော် ပူးပေါင်း ကော်မတီထံ အစီရင်ခံစာ တင်သွင်းသွားမယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ Awareness နဲ့ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို တည့်တည့်မတ်မတ် သဘောဆန္ဒ ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
UYH : ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ သာမာန်ပြည်သူ တစ်ယောက်အဖို့ မဆိုထားနဲ့ ရိုးရိုးဥပဒေဘွဲ့ရ ပညာတတ်ပုဂ္ဂိုလ် တစ်ယောက်သည်ပင်လျှင် နိုင်ငံရေးကို လေ့လာလိုက်စား နားလည်မှု မရှိရင် ထိုအခြေခံဥပဒေဟာ တိုင်းပြည်တစ်ခုအတွက် တော်၏ မတော်၏ သင့်၏ မသင့်၏ဆိုတဲ့ ကိစ္စများကို မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ အင်မတန် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို နိုင်ငံရေး အခြေအနေအရ အထိအခိုက် မခံနိုင်တဲ့ အနေအထားမျိုး (တစ်နည်းအားဖြင့် ပြောရရင် အမျိုးသား ရင်ကြားစေ့ရေးကို ကြိုးစား တည်ဆောက်နေဆဲ ကာလမျိုး) မှာ ပြည်သူတွေအတွင်း ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာစေနိုင်တဲ့ ကြီးလေးတဲ့ ကိစ္စကို ဆန္ဒခံယူပွဲ လုပ်ပြီး သဘောထား ရယူသွားမယ်ဆိုတာ မသင့်တော်ဘူးလို့ မြင်ပါတယ်။
Voice : ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်က ယိုယွင်းခဲ့တဲ့ တိုင်းပြည်ကို ပြန်တည်ဆောက်စ ကာလမှ ဒီလိုကြီးလေးတဲ့ ဝတ္တရားမျိုးကို ပြည်သူကို တာဝန်ယူစေသင့်လား။ ဒါမှမဟုတ် ပြည်သူကို ဦးဆောင်မယ့် သူတွေက ရဲရဲဝံ့ဝံ့ တာဝန်ယူသင့်လားဆိုတာ ဦးရဲထွန်းရဲ့ အမြင်ကို သိပါရစေ။ အထူးသဖြင့် အများကြီး Academic ဆန်တဲ့ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေလို ကိစ္စမျိုးမှာပေါ့။
UYH : ဒီလို ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေကို ချမှတ်နေဆဲ ကာလမှာ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ နိုင်ငံရေး တာဝန်ကြီးကို အဓိက ထမ်းဆောင်ရင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ နှစ်ဖက် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းကသာလျှင် တိုင်းပြည်ကို တည်ငြိမ်စွာ တဖြည်းဖြည်း အကောင်းဘက်သို့ ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း၊ နှစ်ဖက် အပြန်အလှန် အယုံအကြည် ပျက်စေမယ့် ကိစ္စမျိုးတွေကို ဒီအချိန်မှာ အဓိက မထားသင့်ကြောင်း နိုင်ငံရေးပါတီများက ပြည်သူကို ရှင်းလင်း ပြောပြသင့်ပါတယ်။ ဒါဟာ ပြည်သူအများစုရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ထင်ပါတယ်။
Voice : အဓိက အတိုက်အခံပါတီနဲ့ တိုင်းရင်းသားပါတီ ၁၀ ခုကျော်က အခြေခံဥပဒေအသစ် ပြန်ဆွဲရေးဘက်ကို ဦးတည် သွားနိုင်ခြေတွေ လက်ရှိအနေအထားအရ တွေ့နေတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါသလဲ။
UYH : အမြင်မတူတဲ့ နိုင်ငံရေးပါတီတွေက အသစ်ပြန်လည် ရေးဆွဲရေးကို စည်းရုံး ဟောပြောနေတာ လောက်နဲ့ကတော့ ပြဿနာ မကြီးပါဘူး။ ဒါဟာ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်ဆိုတဲ့ လူ့အခွင့်အရေးရဲ့ အခြေခံရပိုင်ခွင့်ကို အသုံးချတာဘဲ ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေကို ပြင်ဆင်၊ ပြုစု၊ ပြဋ္ဌာန်းရမှာက ပြည်ထောင်စု လွှတ်တော်ပဲဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အများဆန္ဒနဲ့ ဆောင်ရွက်လိုက်တာဟာ မိမိတို့ဆန္ဒနဲ့အညီ အခြေခံဥပဒေကို ပြင်ဆင်ပေးတာမျိုး မဟုတ်လို့ဆိုပြီး ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြလာအောင် လုပ်ကြမယ်။ ဆူဆူပူပူ ဖြစ်အောင် ဖန်တီးကြမယ် ဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်သွားဖို့အတွက် အချက်အလက် ဖန်တီးပေးရာ ရောက်မှာ အသေအချာပဲ ဖြစ်ပါတယ်။
တစ်ဖက်ကလည်း (တပ်မတော် ဘက်ကလည်း) ပြည်သူတွေ အကြားမှာ ငြိမ်းချမ်းစွာ ဆွေးနွေးရုံ၊ ဟောပြော ဆွေးနွေးရုံ၊ ငြိမ်းချမ်းစွာ ဆန္ဒပြရုံနဲ့တော့ တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ် ရှိနေပြီဆိုပြီး အလျင်စလို အာဏာ ပြန်သိမ်းတာမျိုး မလုပ်သင့်ပါဘူး။ နှစ်ဖက်စလုံးက ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာဖို့ လိုပါတယ်။

သံဃာတော်တွေထဲမှာ အစိုးရသူလျှိုတွေ ရှိနိုင်လား

သင်္ကန်းခြုံထားတဲ့ပုဂ္ဂိုလ်တွေထဲမှာ အစိုးရသူလျှိုတွေ ရှိနိုင်လားလို့ မေးရင် သေချာပေါက် ရှိတယ်လို့ပဲ ဖြေရပါလိမ့်မယ်။ အစိုးရရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ နအဖအစိုးရလက်ထက်ကနေ အခုချိန်ထိ လူတန်းစား (၇) ရပ်နဲ့ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ၊ သတင်းတွေကို စောင့်ကြည့်လေ့လာ၊ စိစစ်သုံးသပ်မှုတွေ လုပ်နေရသလို အခြေအနေအရ လိုအပ်သလို အသွင်ယူ သတင်းစုဆောင်းတဲ့နည်းတွေကိုလည်း သုံးရပါတယ်။ လူတန်းစား (၇) ရပ်ဆိုတာကတော့ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ ပညာတတ်၊ ပညာမဲ့ နဲ့ ၀န်ထမ်း တို့ကို သတ်မှတ်ထားတာပါ။ တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းသားတွေရဲ့ သတင်းတွေကို ရယူဖို့အတွက် ကျောင်းသားတွေထဲက သတင်းပေးတွေ မွေးမြူသလို လိုအပ်ရင် ကျောင်းသားအသွင်ယူပြီး ထိုးဖောက် သတင်းရယူ ပါတယ်။ အဝေးသင်တက်ဆဲဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဝေးသင်ကာလ ရောက်လို့ ကျောင်းသွားတက်ပြီဆိုတာနဲ့ သတင်းရယူဖို့ပါ တာဝန်ပေးအပ် လိုက်တဲ့စနစ်လည်းရှိပါတယ်။ ဒီလိုပါပဲ ရဟန်း၊ သံဃာတော်တွေထဲမှာလည်း သတင်းပေးတွေရှိသလို အသွင်ယူ ထိုးဖောက်ထားသူတွေရှိပါတယ်။

သံဃာတော်တွေထဲမှာ မြှုပ်နှံထားတဲ့ သူလျှိုတစ်ယောက်ကြောင့် DVB သတင်းထောက်တွေကို ဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို ဥပမာပြောပြပါမယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတုန်းက DVB က သတင်းထောက် မလှလှဝင်းကို ဖမ်းဆီးနိုင်တဲ့ဖြစ်စဉ်ပါ။ အဲ့ဒီတုန်းက မလှလှဝင်းနဲ့ သူ့အဖော်တစ်ယောက်က ရွှေဝါရောင် နှစ်ပတ်လည်အတွက် ပခုက္ကူမြို့က ဘုန်းကြီးကျောင်းတစ်ခုမှာ သံဃာတော်အချို့နဲ့အင်တာဗျူးလာလုပ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဘုန်းကြီးကျောင်းမှာ အစိုးရသတင်းပေး သင်္ကန်းဝတ်ပုဂ္ဂိုလ်တစ်ပါး ရှိနေတယ် ဆိုတာ သူတို့မသိကြပါဘူး။ အဲ့ဒီလို အင်တာဗျူးလာလုပ်တာကို အဲ့ဒီပုဂ္ဂိုလ်က မြို့နယ်မှူးကို ဖုန်းဆက် အကြောင်းကြားလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီကလည်း ရဲစခန်းတွေကို စစ်ဆေးရင်း ညအိပ်ရပ်နားဖို့ ရောက်ရှိနေပါတယ်။ ရွှေဝါရောင် နှစ်ပတ်လည်အချိန်မို့ ပခုက္ကူမြို့မှာ တစ်ခုခုဖြစ်ခဲ့ရင် အနီးကပ်ကိုင်တွယ်နိုင်ဖို့ ရည်ရွယ်ရောက်ရှိ နေတာလို့လည်း ပြောလို့ရပါတယ်။ အဲဒီလို DVB သတင်းထောက်တွေ ရောက်ရှိ အင်တာဗျူးတဲ့သတင်းဟာ ရဲချုပ်ဆီရောက်ရှိသွားတဲ့ အခါမှာ ဦးခင်ရီတစ်ယောက် “ငါလို ရဲချုပ်တစ်ယောက်လုံးရှိနေတာတောင် သင်းတို့က လာရဲသလား” ဆိုပြီး ဒေါသထွက်သွားပါတယ်။ အဲ့သလိုနဲ့ ဒီကောင်တွေကို မလွတ်စေနဲ့၊ မမိ မိအောင်ဖမ်းကွာ ဆိုပြီး ရဲချုပ်ကိုယ်တိုင် စက်ပေါ်က ကွပ်ကဲပိတ်ဆို့ပြီး ဆင်းဖမ်းတဲ့တာမို့ ခမျာတို့နှစ်ယောက် ပြေးမရရှာပဲ ဖမ်းမိသွားပါတယ်။ အဲ့ဒီ မလှလှဝင်းနဲ့ ကိုမြင့်နိုင်ကို ထောင် (၇) နှစ်စီ အပြစ်ပေးလိုက်တယ်လို့ ကြားလိုက်ပါတယ်။ ခုဆိုရင်တော့ လွတ်လာပြီ ထင်ပါရဲ့။

ပြောချင်တာကတော့ နေရာတိုင်းမှာ အရေခြုံတွေရှိနိုင်တယ်ဆိုတာပါပဲ။ သတိမူနိုင်ကြပါစေ။

မိုးဇေညိမ်း

(ဤ Post ကြောင့် သာသနာ့ဝန်ကို ထမ်းဆောင်နေသည့် ရဟန်းတော်စစ်စစ်များအပေါ် ယုံကြည်မှုသဒ္ဓါ မပျက်ပြားကြရန် မေတ္တာရပ်ခံပါသည်)

ဂျပန် ချစ်ကြည်ရေး စစ်သဘောင်္(၃)စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိ(ရုပ်သံ၊ ဓာတ်ပုံ)


Posted: 30 Sep 2013 07:43 AM PDT
ဂျပန်၊ မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ...
စက်တင်ဘာ(၃၀)

ဂျပန် စစ်သဘောင်္များဖြစ်တဲ့ Kashima, Shirayuki and Isoyuki,သုံးစီးဟာ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ယနေ့ နေလည်ပိုင်းက သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာပါတယ်..။ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဂျပန်ရေတပ် သဘောင်္(၃)စီးမှ အရာရှိနှင့် တပ်သား ၇၀၀ခန့်ပါရှိလာခဲ့ပြီး အောက်တိုဘာလ(၄)ရက်နေ့မှာ မြန်မာနိုင်ငံမှ
ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

စစ်ရေး စီးပွားရေး မဟာဗျူဟာ ကျတဲ့ မြန်မာနိုင်ငံသို့ အာရှမှ ဂျပန်နဲ့ အနောက်နိုင်ငံများမှ စစ်ရေး၊ စီးပွားရေးပိုမို ရင်းနှီးနီးကပ်လာမှု အပေါ်တရုတ်နိုင်ငံမှ အထူးသတိထား စောင့်ကြည့်နေပါတယ်..။ ယနေ့ တရုတ်ရုပ်သံ သတင်းများမှာလည်း ဂျပန်စစ်သဘောင်္များ ရောက်ရှိလာတဲ့ သတင်းအား ထုတ်လွှင့် ပြသသွားခဲ့ပြီး သီလဝါဆိပ်ကမ်းသို့ တရုတ်သတင်းထောက်များမှ သတင်းလာရောက်ယူ ရိုက်ကူးတာကို မြင်တွေ့ရကြောင်း သတင်းသွားရောက် ရယူခဲ့တဲ့ မြန်မာသတင်းထောက် တဦးမှ ဒီမိုဝေယံသို့ ပြောကြားပါတယ်..။

နှစ်ပေါင်းများစွာ တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုအောက်မှာ နေခဲ့ရတဲ့ မြန်မာတပ်မတော် အနေနဲ့ ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြတဲ့ ဂျပန်နဲ့ အနောက်နိုင်ငံများနဲ့ စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံလာမှု အပေါ် အထူးဝမ်းသာမိကြောင်း အဆိုပါ သတင်းထောက်က ဆိုပါတယ်..။

ဂျပန်စစ်သဘောင်္များ ယခုအကြိမ် လာရောက်ခြင်းဟာ စစ်ရေးထက် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ကြောင်း သိရှိရပါတယ်..။

ဂျပန်၊ မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..။
ဒီမိုဝေယံ

ဓာတ်ပုံ စိုးဇေယျာထွန်း (Reuters)
ရုပ်သံ EMG

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး


----------------------------------------------------------------------
မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်းအချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အေဟင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။

အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကာ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ဖွဲ့စည်းပုံဥပဒေကို လွှတ်တော်ထဲမှာပြင်ဘို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။


NLD ဟာ လွှတ်တော်အတွင်းကိုဝင်ခဲ့တာ ၂ နှစ်ရှိသွားပါပြီ။ ဒီ၂နှစ်အတွင်းမှာ ဘာတစ်ခုမှမလုပ်နိုင်ပါဘူး။ဖွဲ့စည်းပုံဥပဒေပြင်ဖို့ကိစ္စဆို၇င်လည်းအပြင်မှာပဲပြောနေပြီး လွှတ်တော်ထဲမှာမပြော၇ဲ မဆို၇ဲ မလုပ်၇ဲနဲ့ အချိန်တွေသာကုန်ခဲ့ပါတယ်။ လုပ်သင့်၇ဲ့ သားနဲ့မလုပ်ခဲ့တာတွေကို ကိုယ်ကလူနည်းစုဆိုပြီးအကြောင်းပြလို့မ၇ပါဘူး။ ဦးသိန်းညွန့်ဆို၇င်သူ့ပါတီက ဘယ်နှစ်ယောက်ရှိလို့လဲ။
တိုင်း၇င်းသားတွေနဲ့ သဘောတူညီချက်မ၇လို့ ပြည်သူ့ဆန္ဒခံယူမယ် ဆိုတာ ကတော့ ကိုယ်လုပ်၇မယ့်အလုပ်ကို မလုပ်နိုင်လို့ တိုင်၇င်းသားတွေနဲ့ပြည်သူတွေ ကို အသုံးချတာပဲ။ အပြင်ပန်းကြည့်၇င် အခြေခံဥပဒေပြင်ဆင်ေ၇းမှာ တိုင်း၇င်းသားတွေနဲ့ သဘောကွဲလွဲလို့ ဆန္ဒခံယူမယ်ပေါ့။ တကယ်တော့ ဖွဲ့စည်းပုံဥပဒေမှာကိုယ်ပြင်ချင်တဲ့ အချက်တွေကိုလွှတ်တော်ထဲမှာပြင်လို့မ၇နိုင်ဘူးဆိုတာNLDမပြောနဲ့တိုင်း၇င်း တွေေ၇ာ
ပြည်သူတွေကပါသိနေ။နားလည်နေကြပါတယ်။ဆန္ဒခံယူဖို့လိုလို့လား။တိုင်း၇င်းသား တွေကရိုးကြပါတယ်။ အထဲကပြင်လို့မ၇နိုင်မှန်းသိလို့ အပြင်ကပြင်မယ်လို့ ၇ိုး၇ိုးသား သားပြောကြတာပါ။ သူတို့ဘက်ကရှင်းနေပါတယ်။ကိုယ့်ဖက်ကြတော့ေ၇ာ လွှတ်တော် ထဲမှာရှိနေတော့ ပြင်လို့ကလည်းမ၇၊ အပြင်ထွက်ပြင်မယ်ဆို၇င်လည်း ရွေးကောက် ပွဲကော်မရှင်ဥပဒေတွေ။ လွှတ်တော်ဥပဒေတွေကိုမကျော်၇ဲ။ ဒီတော့ NLD ခေါင်း
ဆောင်များကိုပြောချင်ပါတယ်။ ကိုယ့်၇ဲ့ယုံကြည်ချက်တွေ။ ကိုယ့်၇ဲ့ကတိစကားတွေ။ ၉၀ရွေးကောက်ပွဲ၇လဒ်တွေ။ ၇ဲဘော်၇ဲဘက် သေဖော်သေဖက်တွေကို စွန့်လွှတ်ပြီး လွှတ်တော်ထဲဝင်ခဲ့တာပဲ။ သမ္မတကြီးကိုယုံပါတယ်လို့အကြိမ်ကြိမ်ပြောခဲ့တာပဲ။ ဦးရွှေမန်းနဲ့လည်း၇င်းနှီးကြတာပဲ။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းတော်လှန်ေ၇းနေ့အခန်းအနားကိုတောင်ဖိတ်ကြားခဲ့သေးတာပဲ။ ၇အောင်ပြင်ပေါ့။ကြိုးစားပေါ့။ တင်ပြပေါ့။ဒါမှမလုပ်နိုင်၇င်လည်း မလုပ်နိုင်ဘူး။မလုပ်၇ဲ၇င်လည်းမလုပ်၇ဲဘူးလို့ ရိုးရိုးပြောပေါ့။ကိုယ်မလုပ်၇ဲလို့သူများတွေကိုအသုံးချတာကတော့မလုပ်သင့်ပါဘူး။ အထူးသဖြင့်တိုင်း၇င်းသားတွေကိုပေါ့။ သူတို့တတွေဟာ ဗမာတွေနဲ့အတူကိုလိုနီ နယ်ချဲ့အောက်မှာ နှစ်၁၀၀ကျော်နေခဲ့၇တာပဲ။နောက်လွတ်လပ်ေ၇း၇ပြန်တော့လည်း သူတို့၇မယ့်အခွင့်အေ၇းတွေ ၇ခဲ့ကြလို့လား။စစ်တပ်၇ဲ့အကြိမ်ကြိမ်အာဏာသိမ်း မှု
တွေကြားမှာ သံသ၇ာလည်နေပြီး ဒီနေ့ဒီအချိန်အထိ တောထဲမှာလက်နက်ကိုင်
နေ၇တုန်း။တိုက်နေ၇တုန်းပဲလေ။ ကိုယ်ချင်းစာစိတ်ကလေးတွေတော့ထားကြပါအုံး။ ဗမာအပါအ၀င်တိုင်း၇င်းသားလူမျိုးစုအားလုံးကိုကိုယ်စားပြုတဲ့ စစ်မှန်တဲ့ဖယ်ဒ၇ယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမပေါ်ထွန်းလာသ၍ ဒီပြသနာတွေဟာမငြိမ်းနိုင်ပါဘူး။ ယာယီပဲ၇ပါမယ်။ထာ၀၇ဆိုတာဖြစ်မလာနိုင်ပါဘူး။ဒီတော့ လွှတ်တော်အ၀င်မှာ စကားလုံးလှလှလေးတွေနဲ့အပြုံးကိုယ်စီနဲ့ဝင်သွားခဲ့ကြပြီး အထဲေ၇ာက်မှ မြွေပါလည်း ဆုံးသားလည်းဆုံး၇တဲ့ ဘ၀မျိုးေ၇ာက်ခဲ့၇င်တော့ ခင်ဗျားတို့ဟာသမိုင်းတ၇ားခံ
တွေဖြစ်မှာပဲ။

ဒေးဗစ်လှမြင့်
လွှတ်တ်ာကိုယ်စားလှယ်(၁၉၉၀)

တတိုင်းပြည်လုံး အပစ်ရပ်ပြီး ရှေ့နှစ်ထဲ နိုင်ငံရေး ဆွေးနွေးမည်


မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို နှစ်မကုန်မီ ဆောင်ရွက်ဖို့ အစိုးရက ထပ်မံကတိပြုလိုက်ပါတယ်။ လတ်တလောမှာတော့ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC ကလည်း တပြည်လုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ တဖွဲ့ချင်းစီရဲ့ သဘောထားကောက်ယူနေကြတာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အလားအလာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လက်ရှိ အစိုးရရဲ့ နိုင်ငံရေး Road Map လို့ ပြောရမယ့် ရှေ့လုပ်ငန်းစဉ်တွေကို နိုင်ငံရေးပါတီ ၄၀ နီးပါးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနင်္ဂနွေနေ့ က ရှင်းလင်းတင်ပြခဲ့တာပါ။ ဒီလိုရှင်းပြခဲ့တဲ့ အဓိက အချက်တွေကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒုဥက္ကဋ္ဌဦးအောင်မင်းကတော့ နှစ်ဆန်းလောက်မှာ ဆောင်ရွက်မယ့် National Dialogue မှာ နိုင်ငံရေးပါတီတွေ ပါဝင်နိုင်ဖို့ အဓိကပါပဲ၊ သူပြောတာ အဓိက-က ဒါပါပဲ။ ဒါပေမဲ့ အဲဒီကို ရောက်အောင်မသွားခင်မှာ အောက်တိုဘာလကုန်၊ သို့မဟုတ် နိုဝင်ဘာလဆန်းမှာလုပ်မယ့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုနဲ့ Frame Work Meeting ပေါ့ဗျာ။ မူဘောင်ဆိုင်ရာ အစည်းအဝေးတွေကိုတော့ ဖြတ်ရမယ်။ အဲဒီမှာလည်း အားလုံးပါဝင်နိုင်ဖို့ ကိုလည်း သူ့ဘက်ကတော့ ပြောတာပါပဲ။ National Dialogue မှာလည်း အားလုံးပါဝင်ကိုတော့ ပြောတယ်။ တခြားဟာတွေကိုတော့ အားလုံးဝိုင်းဝန်း ကူညီပေးဖို့ဆိုတာတွေ ပြောတာပါပဲ။”

ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုရင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးဟာ ပိုပြီးနီးစပ်လာနိုင်တယ်လို့ ပြောပါတယ်။

“နီးစပ်လာမယ်လို့တော့ ပြောလို့ရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်မယ်ဆိုရင် နီးစပ်လာတယ်၊ သို့သော် အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကို လုပ်တဲ့ဟာကို အပစ်အခတ်ရပ်စဲရေး စာချုပ်ထဲမှာကို ထည့်ရေးထားရမယ်၊ နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်အောင်မြင်ပြီးရင် ရက်ပေါင်း ၃၀ လား၊ ရက်ပေါင်း ၆၀ လား၊ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လုပ်မယ်ဆိုတဲ့ Time Frame ကို ထည့်ဖို့ပေါ့။”

လောလောဆယ်မှာတော့ UNFC အဖွဲ့ဝင်တွေဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကို သဘောထားကောက်ယူနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“အခု အဖွဲ့ဝင်တွေကို တဖွဲ့ချင်း၊ တဖွဲ့ချင်း သဘောထားမေးနေကြတယ်ခင်ဗျ။ အဲဒါတွေအားလုံး ရပြီးရင် ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေကိုပေါ့။ တဖွဲ့သုံးယောက်လောက် တက်ရောက်ပြီးတော့ သဘောထားချမှတ်ပေးမယ့် အစည်းအဝေးက (၇) ရက်၊ (၈) ရက်ဖြစ်တယ်ခင်ဗျ။ အခု အောက်တိုဘာပေါ့။ (၇) ရက်၊ (၈) ရက်၊ (၉) ရက်ပြီးရင်တော့ တရားဝင် ထုတ်ပြန်မှာဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့အမြင်ကတော့ စိတ်စေတနာကောင်းတယ်၊ ရည်ရွယ်ချက်ကောင်းတယ်၊ သဘောထားကြီးတယ်ဆိုရင်တော့ လက်မှတ်ရေးထိုးပွဲ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပွဲကို ကိုယ်တိုင်ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးခဲ့တဲ့အချက်ပေါ် အခြေခံပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“အခု စက်တင်ဘာလမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ အောက်တိုဘာလမှာ ငြိမ်းချမ်းရေး စခေါ်ချင်တယ်ဆိုလို့ရှိရင် အဲဒါက ဖြစ်နိုင်ပါ့မလားလို့၊ နောက်ပြီးတော့ အားလုံးကို ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြရအုံးမယ်ထင်တယ်။ လာ- လက်မှတ်ထိုး- ဆိုရင်တော့ အခက်အခဲရှိမယ်ထင်တယ်လို့ ကျနော် ပြောပြတာပေါ့လေ။ သူကတော့ ပြောပြီးပြီတော့ ပြောတာပဲ။ ဒါပေမဲ့ ရှင်းလည်းရှင်းအုံးမယ်။ ဒါပေမဲ့ အချိန်က တစ်လတည်းနဲ့ မပြီးသေးဘူးလေ။ အဖွဲ့က နည်းတာမှ မဟုတ်တာ။ အဖွဲ့က ၁၄ ဖွဲ့ပေါ့။ နောက်ပြီးတော့ အဖွဲ့တွေ အကုန် မရဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ၊ အဓိက-က ကချင်နဲ့ ပလောက် ကျန်တာကိုး။ အဲဒီတော့ အခက်အခဲတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။”

UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး PSLF ဟာ အစိုးရနဲ့အပစ်အခတ်ရပ်စဲဖို့ သဘော တူညီချက် မရသေးပါဘူး။ အောက်တိုဘာလ ၇ရက်နေ့မှာတော့ KIO နဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ ရှိနေပါတယ်။ PSLF နဲ့ကတော့ အောက်တိုဘာလအတွင်းတွေ့ဆုံဖို့ ပြင်ဆင်ထားပေမဲ့ ရက်အတိအကျ မသတ်မှတ်နိုင်သေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ပါဝင် လက်မှတ် ရေးထိုးဖို့ လက်ခံထားပါတယ်။ RCSS/SSA တောင်ပိုင်းနဲ့ KNU တို့ဟာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို လွှတ်တော်ပြင်ပမှာ ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

( VOA )

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

"တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ကျမဘယ်တုန်းကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိနြေ္ဒရရနေနိုင်မှာ"

တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီတဲ့၊ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
တပ်မတော်နဲ့ ပတ်သက်တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

RFA Burmese

ငြင်းခုံခြင်းကို ရှောင်ကြဉ်၍ အမှားကို ၀န်ခံပါ

 ( Written by လှမြင့် (ရန်ကုန်တက္ကသိုလ်) )

ငြင်းခုံခြင်းဟူသည် သူမှန်သည် ငါမှန်သည် စသည်ဖြင့် စကားအချေအတင် ပြောဆိုမှု ဖြစ်သည်။ လူမှုရေးရာ ကိစ္စအဖြာဖြာဖြစ်သော အုပ်ချုပ်ရေး ကိစ္စ၊ ပေါင်းသင်းဆက်ဆံရေး ကိစ္စ၊ အလုပ်ကိစ္စ၊ အိမ်မှုကိစ္စ၊ စီးပွားရေးရေးရာ စသောကိစ္စ အ၀၀တွင် စကားပြောဆို ဆက်ဆံမှုသည် အလွန်အရေးကြီးပေသည်။ ထိုသို့သော နေ့စဉ်နှင့်အမျှ ပေါ်ပေါက်ကြုံတွေ့ နေရသော ကိစ္စအ၀၀ကို ချောမောပြေပြစ်အောင် ဆောင်ရွက်ရာ၌ တစ်ခါတစ်ရံတွင် အကျဉ်းအကျပ်များနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံရတတ်သည်။ ပြောရဆိုရ ခက်သူများလည်း ရှိတတ်သည်။ ပြောမှားဆိုမှားလည်း ရှိတတ်သည်။ ထို့ကြောင့် အရေးပါသော အရေးကြီးသော၊ လေးနက်သော အကြောင်းအရာများကို ပြောဆိုဖြေရှင်းရာတွင် "စကားလိမ္မာ အောင်မြင်ရာ" ဟူသော စကားနှင့်အညီ လိမ္မာပါးနပ်စွာ ပြောဆိုတတ်ရန် အရေးကြီးပေသည်။

လူမှုဆက်ဆံရေး နယ်ပယ်တွင် မိတ်ဆွေကဲ့သို့ ဆက်ဆံပြောဆိုခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သည်။ မိတ်ဆွေဖြစ်ခြင်းသည် ချစ်ကြည်ရင်းနှီး မှုမှတစ်ဆင့် ပေါက်ဖွားလာခြင်း ဖြစ်သည်။ မည်သည့်အကြောင်း ကိစ္စတွင်မဆို စေတနာထား၍ ဆောင်ရွက်လျှင် မိတ်ဆွေကောင်းကို တွေ့ရစမြဲ ဖြစ်သည်။ ကြီးသည့်ကိစ္စ ငယ်သည့်ကိစ္စ မဟူ၊ ကူညီမစတတ်သူ၊ ဆောင်ရွက်ပေးတတ်သူတို့သည် မိတ်ဆွေပေါများသည်။ ခင်မင်သူ မိတ်ဆွေပေါများ လိုသူတို့သည် အာဃာတစိတ်ကို ပယ်ဖျောက်ထားရမည်။ အာဃာတစိတ်ဟူသည် တစ်စုံတစ်ဦးအပေါ် မကျေနပ်သောကြောင့် အန္တရာယ်ပြုရန် စိတ်တွင်တေးမှတ်ထားခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ရန်ငြိုးထားခြင်းပင် ဖြစ်သည်။ မိတ်ဆွေပေါများ လိုသူသည် အာဃာတ ရန်ငြိုး မထားသင့်ပေ။ အာဃာတရန်ငြိုး မထားခြင်းဖြင့် ရန်သူဟူ၍ မရှိဘဲ မိတ်ဆွေသာ ရှိစေသည်။

လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အာဃာတတရား မထားမှုနှင့်အတူ ငြင်းခုံမှုကိုလည်း ရှောင်ရှားရမည် ဖြစ်သည်။ တစ်ဖက်သားကို မိမိဘက်သို့ ပါလာစေရန် လုပ်ဆောင်မှုများတွင် အကောင်းဆုံး နည်းလမ်းတစ်ရပ်မှာ ငြင်းခုံခြင်းကို ရှောင်ရှားရမည်ဟူ၍ ပညာရှင်များ မိန့်ဆိုလမ်းညွှန်ခဲ့သည်။ ငြင်းခုံခြင်းသည် မိမိအတွက်လည်း အကျိုးမရှိနိုင် အခြားသူ တစ်ဦးအတွက်လည်း အကျိုးမရှိနိုင်ပေ။ ငြင်းခုံခြင်းဖြင့် မိမိက အနိုင်ရရှိမှုသည် အမြတ်ရရှိခြင်း မဟုတ်။ ဆုံးရှုံးမှုကို ဖြစ်စေသည်။ မိမိအတွက် မိတ်ဆွေတစ်ဦး ဆုံးရှုံးမှုပင် ဖြစ်သည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် ငြင်းခုံစရာ၊ အငြင်းထွက်စရာ အကြောင်းကိစ္စတစ်ရပ် တွေ့ကြုံပေါ်ပေါက်လာလျှင် ထိုအကြောင်းအရာကို ပြောင်းလွဲလိုက်ခြင်းသည် လည်းကောင်း ပြောဆိုမှုကို ရပ်နားလိုက်ခြင်းသည် လည်းကောင်း၊ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ စကားဖြင့် ငြင်းခုံ အနိုင်ရသူသည် လတ်တလောတွင် စိတ်ကျေနပ်မှု ရရှိမည် မှန်သော်လည်း ပေါင်းသင်းဆက်ဆံရေးတွင်မူ ကျဆုံးသူ ဖြစ်သွားစေသည်။

သင်သည် တစ်ဖက်သားကို ဆန့်ကျင်ဘက် ပြုလုပ်၍ ငြင်းခုံခဲ့လျှင် တစ်ခါတစ်ရံ သင်ပင်လျှင် အနိုင်ရကောင်း ရပေမည်။ သို့ရာတွင် ထိုသို့အနိုင်ရခြင်းသည် အကျိုးမရှိသော နိုင်ခြင်းပေတည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အနိုင်ရလိုက်ခြင်းဖြင့် သင်သည်တစ်ဖက်သား၏ ကြည်ညိုခြင်းကို ခံယူရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်ကိုယ်တိုင် ချိန်ဆ၍ ကြည့်ပါ။ စကားအနိုင်ရမှုကို ယူမည်လော သို့တည်းမဟုတ် လူတစ်ယောက်၏ ကြည်ညိုခြင်းကို ခံယူမည်လော။ ဤမေးခွန်း နှစ်ခုသည် တစ်ပြိုင်တည်း အခွင့်အရေးရရန် ခဲယဉ်းသောကြောင့် ပေတည်းဟူ၍ အင်္ဂလိပ် စာပေပညာရှင် ဘင်ဖရန့်ကလင်က လမ်းညွှန်မိန့်ကြားခဲ့သည်။

ငြင်းခုံခြင်း၏ မကောင်းကျိုး တစ်ရပ်ကို အမေရိကန်သမ္မတ ၀ီလ်ဆင် အစိုးရအဖွဲ့၏ ဘဏ္ဍာရေး ၀န်ကြီးဖြစ်သော ၀ီလျံဂျီမက်အဒူးက "ကျွန်ုပ်သည် နှစ်ပေါင်းများစွာ နိုင်ငံရေး နယ်ပယ်တွင် ကျင်လည်ခဲ့ပြီးနောက်၊ လက်တွေ့သိရှိ ရရှိခဲ့ရသော ဘ၀သင်ခန်းစာ တစ်ရပ်မှာ "ငြင်းခုံခြင်းသည် လူပြိန်းတစ်ယောက် စိတ်ကိုပင် မပြောင်းလဲနိုင်ဟူသော သင်ခန်းစာပင် ဖြစ်သည်" ဟူ၍ ထုတ်ဖော်ဝန်ခံ ခဲ့သည်။

ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကလည်း "ဒေါသကို မေတ္တာဖြင့် အောင်နိုင်စေရာသည်" ဟူ၍ ငြင်းခုံခြင်းဟူသော ဒေါသကို သည်းခံခွင့်လွှတ်ခြင်းဟူသော မေတ္တာဖြင့် အောင်မြင်စေကြောင်းကို မိန့်ကြားလမ်းညွှန်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦး အယူအဆ ကွဲပြားနေမှုကို ငြင်းခုံခြင်းဖြင့် ကွယ်ပျောက်သွားအောင် မပြုလုပ်နိုင်။ သာယာချေငံ ချိုသာစွာ ပြောဆိုခြင်း၊ တစ်ဖက်သားကို အလျှော့ပေးခြင်း၊ တစ်ဖက်သား၏ ဆန္ဒကို အမှန်တကယ် ပြည့်စုံအောင် လုပ်ကိုင်ဆောင်ရွက် ပေးလိုသော စိတ်ထားကောင်း ရှိနေခြင်းတို့သည်သာ တစ်ဦးနှင့်တစ်ဦး အယူအဆ လွဲမှားနေခြင်းဟူသည့် ငြင်းခုံခြင်းကို ပပျောက်အောင် စွမ်းဆောင်နိုင်သည်။ ယင်းသို့သော အနှစ်သာရကို ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် သိင်္ဂါလသုတ်တွင် "အကြင်သူသည် သူတစ်ပါးကို ချီးမြှောက်တတ်၏။ အဆွေခင်ပွန်းကောင်း ပြုတတ်၏။ သူ့ကျေးဇူးကို သိတတ်၏။ ကင်းသောမစ္ဆရိယ ရှိ၏။ သူတစ်ပါး၏ အကျိုးကို ဆောင်တတ်၏။ ဆောင်ရွက်တတ်၏။ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် အခြံအရံကို ရနိုင်၏" ဟူ၍ မိန့်ကြားခဲ့သည်။

အမေရိကန်သမ္မတ လင်ကွန်း၏ "မိမိကိုယ်ကိုယ် အထက်ဆုံး အတန်းသို့ ရောက်ရှိအောင် ရည်ရွယ်ချက်ရှိသူသည် စကားအနိုင်လု၍ ငြင်းခုံနေရန် အချိန်မရှိပေ။ ငြင်းခုံခြင်းမှ ပေါ်ပေါက်လာသော စိတ်တိုခြင်း၊ ဒေါသမထိန်းသိမ်းနိုင်ခြင်း စသည့်ဆိုးကျိုးတို့သည်လည်း မလိုလားအပ်ပေ။ ထို့ကြောင့် နှစ်ဦးဆတူ ဖြစ်နေလျှင် မိမိက လျှော့ပေးလို့ရလျှင်လည်း လျှော့ပေးပါ။ သင်ပိုင်ဆိုင်သောနေရာ ဖြစ်ပါစေ။ ထိုနေရာကို ရရန်အတွက် အကိုက်ခံပြီး ခွေးတစ်ကောင်နှင့်ဖက်၍ လုမနေပါနှင့်။ ခွေးကိုက်ခံရလျှင် ထိုခွေးကို သေနတ်ဖြင့် ပစ်သတ်သော်လည်း အနာပျောက်မည် မဟုတ်ပေ" ဟူ၍ ဆုံးမမှုသည် လေးစားမှတ်သားဖွယ် ဖြစ်သည်။

လူမှုဆက်ဆံရေး နယ်ပယ်တွင် သူမှန်သည် ငါမှန်သည် စသည်ဖြင့် စကားအချေအတင် ပြောဆိုငြင်းခုံမှုများကို ရှောင်ကြဉ်၍ ငြင်းခုံခြင်း ပြုနေမည့်အစား မိမိ၏ အမှားကို ၀န်ခံခြင်းဖြင့် ဆွဲဆောင်သင့်ပေသည်။ လူတိုင်းတွင် အမှားအယွင်းနှင့် မကင်းနိုင်ပေ။ အနည်းနှင့် အများသာ ကွာခြားတတ်သည်။ လူအများသည် မိမိ၏ အမှားများစွာကို ဖုံးကွယ်လေ့ရှိပြီး သူတစ်ပါး၏ အမှားအနည်းငယ်ကို တွေ့လျှင် ပုံကြီးချဲ့ ပြောဆိုတတ်ကြသည်။ ထို့ကြောင့်ပင် ပညာရှိများက "ကိုယ့်အပြစ်ကို ကိုယ်ဖုံးကွယ်ရန်အတွက် ပညာရှိဖို့ မလို။ ပညာမဲ့သူတိုင်း လိုလိုပင် ကိုယ့်အပြစ်ကို ကိုယ်ဖုံးကွယ်တတ်ကြသည်။ သို့ရာတွင် မိမိ၏ အပြစ်အမှားကို ၀န်ခံတတ်ခြင်းသည် ထိုဝန်ခံတတ်သူအား လူသာမန်တို့ထက် ထူး၍မြင့်မြတ် စေသည်။ မိမိ၏ အမှားကို ၀န်ခံလိုက်ခြင်းဖြင့် ၀န်ခံသူ၏ စိတ်ဆန္ဒ၏ ထူးကဲသော အရသာကို ခံစားရတတ်သည်။ မိမိအမှားကို ထုတ်ဖော်ဝန်ခံခြင်းသည် လူ၏ဂုဏ်ရည်တစ်ရပ် ဖြစ်သည်ဟု မိန့်ဆိုခဲ့သည်။

မိမိ၏ အမှားအပြစ်ကို ထုတ်ဖော်ဝန်ခံခြင်းသည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်ရည်တစ်ရပ် ဖြစ်သည်ဟူသော ၀ိသေသကို ထာဝရလက်စွဲ ပြုကျင့်သုံးခဲ့သော ပုဂ္ဂိုလ်ထူး တစ်ပါးမှာ မြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂစကာနှင့် ပညာအရာတွင် ဧတဒဂ်ရတော်မူသော ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးပင် ဖြစ်သည်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ခုနစ်နှစ်အရွယ် သာမဏေငယ်၏။ သင်္ကန်းတော် မညီမညာ ဖြစ်နေသည်ကို "အရှင်ဘုရား ဤသို့လည်း ၀တ်ကောင်းပါလော" ဟု လျှောက်ထားခဲ့မှုကို နာယူ၍ ညီညွတ်အောင် ပြင်ချေပြီးမှ သာမဏေငယ်အား ရိုသေသော အမူအရာဖြင့် "ခုနစ်နှစ် အရွယ်ဖြစ်သော ယနေ့ရဟန်းပြုသော သာမဏေငယ်သည် ငါ့ကိုဆုံးမသည်ဖြစ်စေ၊ သာမဏေငယ် ကဲ့သို့သော သူ၏အဆုံးအမကိုလျှင် ဦးထိပ်ဖြင့် ငါခံ၏" ဟု ဆုံးမနာတော် မူသတည်းဟူ၍ အမှားကို ၀န်ခံတတ်ခြင်း ဂုဏ်ရည်ကောင်းကို ပါရာယန၀တ္တု (ရှင်မဟာသီလ၀ံသ) တွင် ဖော်ထုတ်ချီးကျုး ခဲ့သည်။

အမှားကို ၀န်ခံခြင်းသည် မြတ်စွာဘုရား ဟောကြားတော် မူခဲ့သော ၃၈ ဖြာ မင်္ဂလာ တရားတော် (မင်္ဂလသုတ်)၏ "နိဝါတောစ" ဟူသော မိမိကိုယ်ကိုယ် နှိမ့်ချခြင်း၊ မာနကို ချိုးနှိမ်ခြင်းဟူသော မင်္ဂလာတရားနှင့် ညီညွတ်သည် မြန်မာမှုယဉ်ကျေးမှု တစ်ရပ်လည်း ဖြစ်သည်။ ကုန်းဘောင်ခေတ် စာဆိုကျော် ဦးရွှေခြည်က "အဘိရူကပျို့" တွင် မိမိအမှားကို ၀န်ခံခြင်းသည် သူတော်ကောင်းတို့၏ ဂုဏ်ရည်ဖြစ်ကြောင်း" ဆုတ်တက်ဆပွား၊ စဉ်တလျားဖြင့် စကားရွေ့လွန်၊ မှားမေ့ကျန်၍ မမှန်ယိမ်းချော်၊ တိမ်းပါသော်လည်း၊ သူတော်တကား သည်းခံပါဟု၊ သံသာပျောင်းပျ၊ တောင်းပန်ခ၏" ဟူ၍ ဖော်ထုတ်တင်ပြ ခဲ့သည်။

ကမ္ဘာ့ သမိုင်းကြောင်းနှင့် မြန်မာ့ သမိုင်းကြောင်းတွင် ငြင်းခုံခြင်းကို ရှောင်ကြဉ်ရန် အမှားကို ၀န်ခံရဲသော နိုင်ငံရေး ခေါင်းဆောင်ကြီးများအဖြစ် အမေရိကန်သမ္မတ လင်ကွန်းသည် လည်းကောင်း၊ စာပေလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်မှောက်ခေတ်၏ ငြိမ်းချမ်းရေး စာဆိုတော်ကြီး ဆရာကြီး ဒဂုန်တာရာတို့သည် လည်းကောင်း သမိုင်းဥဒါန်းတင် ထင်ရှားခဲ့သည်။ နိုင်ငံ၏ ခေါင်းဆောင်ကောင်း အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးများအနက် ငြင်းခုံခြင်းကို ရှောင်ကြဉ်ခြင်းနှင့် အမှားကို ရဲဝံ့စွာ ၀န်ခံခြင်းတို့သည် ထူးခြားထင်ရှားသော အရည်အသွေးဂုဏ်ဒြပ် ဖြစ်သည်။

The Daily Eleven

ကျမ်းကိုး
၁။ စာဆိုတော်များ အတ္ထုပတ္တိ(မောင်သုတ)
၂။ How to win Friend & Influence People
၃။ စကားလိမ္မာ အောင်မြင်ရာ (ဦးတင်အောင်)