Friday, November 5, 2010

Friday, November 5, 2010

အာရုံဦးမှာ ညာခဲ့သူ နေ၀င်ချိန် ရောက်သွားရှာပြီ။















ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ "အရုဏ်ဦးမှာ ဖူးသည့်ကြာ" ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူ ဒုတိယ ဗိုလ်မှူးကြီးဟောင်း တင်သန်းဦး (ခ) မောင်မောင်ဦး (ဗဟိုအမှုဆောင်ကော်မတီဝင်၊ မြန်မာနိုင်ငံ စာနယ်နှင့် စာပေဇင်းအဖွဲ့ ) ဟာ ယနေ့  နေ့ လည် (၂) နာရီခွဲခန့် အချိန်တွင် စစ်ဆေးရုံ၌ သေဆုံးသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

တင်သန်းဦးဟာ တစ်ပါတီအာဏာရှင်ကြီး နေ၀င်းရဲ့  မဆလပါတီခေတ်ကတည်းက အာဏာရူးတွေအကြိုက် စာပေရေးသားမှုတွကို တောက်လျှောက်ရေးသားခဲ့သူ ဖြစ်ပြီး နောက်ဆုံးအနေနဲ့  နအဖအာဏာရူးတွေသဘောအတိုင်း မြန်မာသမိုင်းမှန်ကို ဗြောင်လိမ်ဗြောင်ဖုံးလုပ်ကာ သမိုင်းလိမ်ညာပြီး "အရုဏ်ဦးမှာ ဖူးသည့်ကြာ" ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။

ဒီဇာတ်ကားကတော့ အများပြည်သူ သိကြပြီးဖြစ်တဲ့အတိုင်း နအဖပေါ်လစီဝါဒဖြန့် ကားပီပီ နအဖအာဏာရူးတွေကို ဆန့် ကျင်တော်လှန်နေတဲ့ တိုင်းရင်းသားပြည်သူပြည်သားများရဲ့  လှုပ်ရှားမှုဖြစ်တဲ့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးအား ရှုတ်ချထားခြင်း၊ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ပေါ့ပျက်ပျက်ဖြစ်အောင် ပြောဆိုထားခြင်းတို့ အပြင် မြန်မာနိုင်ငံနဲ့  မြန်မာပြည်သူတို့ အတွက် အမျိုးသားဂုဏ်သိက္ခာကို မြင့်မားစေခဲ့တဲ့ မြန်မာအမျိုးသား ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် ကိုပင်လျှင် ပုတ်ခတ်စော်ကားထားကာ ဖြစ်ရပ်မှန်များ သမိုင်းမှန်များကို လိမ်ညာရိုက်ကူးထားသည့် ရုပ်ရှင်ကားသာ ဖြစ်ပါသည်။

ယခုလို အာဏာရူးတို့ ၏ အဓိကဒေါက်တိုင် လက်ပါးစေအကြီးစားဖြစ်သည့် တင်သန်းဦး သေဆုံးသွားကြောင်း သိရှိရခြင်းအတွက် အာဏာရူးတို့ အလိုတော်ရိပီပီ တိုင်းပြည်နှင့် လူမျိုးကို ထိခိုက်နစ်နာအောင် လုပ်ဆောင်ခဲ့သော လုပ်ရပ်များကြောင့် မကောင်းသူတို့  သွားရာလမ်းကို သွားလိုက်ပြီသည်ဟုသာ ထင်မှတ်မိပါသည်။

at 5:29 PM
 

No comments: