Aung Min posted in National Youth Network.
Aung Min created a doc "စမ်ချောင်းလေးများနိုးထကြ ။ ပင်လယ်ပြင်ဆီသွားကြဆို့။(၂)". ကျွန်တော်တို့ မြန်မာပြည်မှာ ပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှုကို ဘယ်လောက်အထိ ပိတ်ပင်တားဆီး ခံထားရသလဲဆိုရင် ပြည်သူလူထု အများစုဟာ ဆန္ဒပြတာနဲ့ ဆူပူအောင်လှုံ့ဆော်တယ် ဆိုတာကိုတောင် ကွဲကွဲပြားပြား သိခွင့်မရတော့ပါဘူး။ ဒီည ကျွန်တော်ကို အထက်က တင်ပြခဲ့တဲ့ အကြောင်းလေးဆွေးနွေးခွင့်ပြုေ ဒီလိုပါ ဆန္ဒပြတယ်ဆိုတာကတော့ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အကြိုးအကြောင်းခိုင်လုံတဲ့ တောင်းဆိုချက်တွေကို ပထမဆုံး တာဝန်ရှိသူတွေထံကို အိတ်ဖွင်စာ(သတင်းဌာနများမှတဆင့် ဆူပူအောင်လှုံ့ဆော်တယ်ဆိုတာကတော့ အားလုံးသိထားတဲ့အတိုင်းပါဘဲ လူများမျာရှိတဲ့နေရာမှာ တောင်းဆိုချက်တွေ အော်မယ်။ လိုက်ဖမ်းရင်ပြေးမယ်။ အဲဒီလို မတည်ငြိမ်အောင်လုပ်လေ အာဏာရှင်တွေက ကြိုက်လေ ပြည်သူလူထုက ဝေးဝေးပြေးလေ ပါဘဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီနည်းကို လုံးဝ ရှောင်ကျဉ် ရပါမယ်။ (၂၀၀၇) သံဃာ့ အရေးတော်ပုံကို ကြည့်ပါ။ အလွန်အင်မတန်မှ တည်ငြိမ်သော စည်းကမ်းရှိသော ဆန္ဒထုတ်ဖေါ်မှုပါ။ ပထမ အဆင့်မှာ တောင်းဆိုချက်တွေကို တောင်းဆိုတယ်။ ရက်ချိန်းပေးတယ်။ တည်တည်ငြိမ်ငြိမ်နဲ့တောင်းဆို ဆန္ဒပြကြတယ်။ ဒီလို ရှေ့ဆုံက တောင်းဆိုဆန္ဒပြတဲ့သူက ရဲရဲဝံ့ဝံ့ တည်တည်ကြည်ကြည် လုပ်ပြတဲ့အတွက် အနှစ်(၂၀)လုံးလုံး ငါတို့တော့ ဘာမှလုပ်လို့မရတော့ ပါဘူးဆိုတဲ့ ပြည်သူတရပ်လုံးလဲ အလူးအလဲထလာပြီး ရှေ့ဆုံးကပါဝင်လာတာဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် သံဃာလှုပ်ရှားမှုရဲ့ အားသာချက်က တစုတဝေးထဲ စိတ်တူကိုယ်တူ ရှိနေပြီးသား သူတွေကို ဦးဆောင်ရတဲ့အတွက် မလွယ်တာ မှန်ပေမယ့် အခက်ကြီးတော့ မဟုတ်းဘူးလို့ သုံးသပ်ပါရစေ။ နောက်တခုက လူစုစု နေရာတိုင်းမှာ ပြည်သူတွေရဲ့ လိုလားချက်တွေ တောင်းဆိုတိုင်း ဆန္ဒပြပွဲ မဟုတ်သလို ပြည်သူတွေက ပါဝင်လာမယ်လို့ မထင်ပါနဲ့ ဥပမာ( ၈၈ မျိုးဆက်ကျောင်းသားတွေဘဘ ဦးကြည်မောင် နှစ်လယ်အသုဘကနေ စီတန်းလမ်းရှောက်ပြန်လာတာဟာ ဆန္ဒပြမှုမမြောက်ဘူးလို့ သုံးသပ်ကြပါတယ်) ဘာကြောင့်လည်းဆိုရင် ဒီလိုစီတန်း လမ်းရှောက်မှုဟာ လှိုင်သာယာလို နေရာမျိုးမှာ ညနေတိုင်းဖြစ်နေတာပါ။ ဒါကြောင့် အကယ်၍ အထက်က (၈၈) ကျောင်းသားတွေရဲ့ စီတန်းလမ်းရှေက်မှုသာ ဆန္ဒပြမှုဖြစ်တယ်ဆိုရင် လှိုင်သာယာမှာ လမ်းရှောက်ချီတက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ပြောရမှာပါ။ ဒီနေရာမှာ စောဒကတက် နိုင်ပါတယ်။ ဒါက ဘာလဲဆိုရင် (၈၈) ကျောင်းသားတွေ စီတန်းလမ်းရှောက်တုံးက ကြွေးကြော်သံ တချိုအော်တယ်ဆိုတဲ့ ကိစ္စပါ။ ဒါက လူစုမိမှ အော်တာပါ။ဒါကြောင့် ဆန္ဒပြမှုမမြောက်ဘူးလို့ သုံးသပ်ကြတာပါ။ အကယ်၍ ဒီလိုမှ မဟုတ်ဘဲ အဲဒီလို စီတန်း လမ်းမရှောက်ခင် တညအလိုထဲက တောင်းဆိုချက် တချို့ကို တောင်းဆိုခဲ့တယ် ဆိုရင်တော့ ဒါဟာ ချီတက်ဆန္ဒပြပွဲတခုပါ။ ထားပါ အထက်ကတင်ပြချက်တွေက ပြန်လည်သုံးသပ်ချက်တွေပါ။ အခု မြန်မာပြည်မှာ ဖြစ်သင့်တဲ့ အခြေအနေတရပ်ကို ကျွန်တော်ဆွေးနွေး ပါရစေ။ ဒီလိုပါ ကျွန်တော်တို့ မြန်မာပြည်သူတွေမှာ စစ်အုပ်စုကို တော်လှန်လိုစိတ်လူတိုင်းမှာ ရှိကြသော်လည်း ကန်စွန်းဥ မီးအုံးသလို အပေါ်ရန်က အေးစက်နေတာကို တွေ့ကြရမှာပါ။ ဒါကြောင့် ဒီအပေါ်ရန် အခွံကို အရင်ဆုံးခွာချရပါမယ်။ ဒီအခွန်ကွာသွားမှ သူတို့ရဲ့ အစစ်အမှန် စိတ်ဓါတ်ကို ရမှာပါ။ ဒီအပေါ်ရန်အခွံ ကွာဖို့က ကျွန်တော်တို့ဆီမှာ လက်တလောအကြောင်းအရင်းတခု လိုလာပါတယ်။ ဒီလက်တလော အကြောင်းအရင်းဟာ ပြည်သူတရပ်လုံးရဲ့ ရင်ထဲကို ဆူးနင့်သွားစေမယ့် အကြောင်းအရင်းဆိုရင်တော့ အတိုင်းထက်အလွန်ပါဘဲ။ လက်တလောအကြောင်းအရင်းမရှိရင်တော |
No comments:
Post a Comment