Thursday, July 5, 2012

တစ်မတ်သား အပေါင်း သူတော်ကောင်းတို့....



"ရှစ်လုံးအတွက်"

မြစ်ဆုံကိစ္စမှာ ရထားတဲ့ ပိုက်ဆံတွေ၊ ခိုး ၀ှက် ဘုံး ချစားပြီးရထားတဲ့သူ့ပိုက်ဆံ။သူ့အမျိုးအပေါင်းအဖော်ပိုက်ဆံတွေ နိုင်ငံအတွက် ပြန်လိုချင်ပေမယ့် မရရင်လဲ မနှမြောပါဘူး။

ဒါပေမယ့်ဒီလိုဒီလို ဒေါ်လာသန်းချီခိုးပြီးဒီလို အေးအေးဆေးဆေးထွက်သွားလို့ရတယ်ဆိုတဲ့ စိတ်တွေ အုပ်ချုပ်သူ လူတန်းစား အဆက်ဆက် လက်ဆင့်ကမ်းသွားမှာဘဲ စိုးတယ်။

ဒီလို စိတ်ဓာတ်တွေ အစဉ်အဆက် ယူလာမှာဘဲ စိုးရိမ်တယ်။
နိုင်ငံအတွက် ကောင်းရာ ကောင်းကြောင်းလေးများ လုပ်ပေးချင်ခဲ့တဲ့ စိတ်ကောင်း စိတ်မြတ်လေးများ ပေါ်လာရင် ကိုယ်ရေးအထ္တုပတိလေး ရေးပြီးဘာတွေဘယ်လိုမှားခဲ့ပါတယ်ဆိုပြီး ရေးထားခဲ့ပြီး သေရင်ထုတ်ဝေခဲ့ဖို့စီစဉ်ခဲ့စေချင်ပါတယ်။

နောက်တစ်ခုကခင်ဗျားကမသေခင်ကတည်းက သေနှင့်ပြီးသောလူကြီးဖြစ်သွားခဲ့ပြီ။ငါတင်အောင်မြင့်ဦးကွဆိုပြီးအစောင့်အရှောက်မပါဘဲသွားလို့ရတဲ့လူတစ်ယောက်မဟုတ်တော့တာတော့ သေချာပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ပြည်သူတွေနဲ့ ခပ်ဝေးဝေးမှာ နေပါတော့။ ဆယ်သက်စားမကုန်တဲ့ ပိုက်ဆံတွေနဲ့ အားရပါးရသာ အချိန်ရှိတုံး စည်းစိမ်ခံစားသွားပေတော့။

ခင်ဗျား အသံတွေ ထပ်မကြားရရင်ကိုဘဲ ပြည်သူ တစ်ယောက်အနေနဲ့ အရမ်းကျေးဇူးတင်နေမှာပါ။

ခပ်ဝေးဝေးမှာ ငြိမ်ငြိမ်လေး နေပါတော့ဗျာ။


ငါမနေသော်လည်း ငါ့ အကျင့် နေ.....
ငါသေသော်လည်း ငါ့ အကျင့် မသေ....
ငါ၏ ခိုးနည်း ဖွက်နည်း ညစ်ပတ် နည်းများကို အမွေ ဆက်ခံ....
ပြီး လည်သလို လုပ်စားရစ်ခဲ့ကြပေရော့....
တစ်မတ်သား အပေါင်း သူတော်ကောင်းတို့....


(EMG COMMENTS)
 
 တေပြီ။

No comments: