လေ့ကျင့် ပျံသန်းလျက်ရှိသော အဝေးထိန်း လေယာဉ်ငယ်များအား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမှ ကြည့်ရှုစစ်ဆေးစဉ်
လွန်ခဲ့တဲ့ (၁) လကျော်လောက်မှာ လေတပ်မှ ညီနောင် အရာရှိများအား
အီလက်ထရောနစ် အက်ဥပဒေနဲ့ ထောင်ချဖမ်းဆီးခဲ့တာကို သိခဲ့ရပါတယ်။ အခုလို
လေတပ်က အရာရှိ စစ်သည်တွေကို ဖမ်းဆီးထောင်ချလိုက်တိုင်း လေတပ်အကြောင်းအရာတွေ
မပါတော့ဘူးလို့ စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့
ထင်မြင်နေကြပေမဲ့ ကျန်ရှိနေတဲ့ ညီနောင် လေတပ် အရာရှိတွေမှ ယနေ့ လက်ရှိ
လေတပ်အတွင်း အဖြစ်အပျက် အတွေ့အကြုံများအား စည်းလုံးခြင်းရဲ့အင်အား
ဝက်ဘ်ဆိုဒ် www.photayokeking.org သို့ ဆက်လက် တင်ပြပေးပို့သွားမှာ
ဖြစ်ပါတယ်။ နောက်ပိုင်း လေတပ်ဆိုင်ရာ ထိပ်တန်းလျှို့ဝှက်အဆင့်၊
ကန့်သတ်အဆင့် သင်ခန်းစာများအား ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။ ယခု
တင်ပြပေးမဲ့ အကြောင်းအရာကတော့ မောင်းသူမဲ့ လေယာဉ်များ သန္ဓေတည်လာခြင်း (UAV)
အကြောင်း ဖြစ်ပါတယ်။ ဒီစာတမ်းဟာ "ကန့်သတ်" အဆင့် ဖြစ်ပေမဲ့ အများပြည်သူ
သိရှိလေ့လာနိုင်ဖို့ ဓာတ်ပုံ အချက်အလက်များနဲ့ တကွ တင်ပြလိုက်ရပါတယ်။
ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)
မောင်းသူမဲ့လေယာဉ်ပျံသန်းရေး၏ ခေတ်ဦးပိုင်းလှုပ်ရှားမှု
ပေးပို့သူ - ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)၁။ မြန်မာနိုင်ငံ၏ မောင်းသူမဲ့လေယာဉ်သမိုင်းသည် နွေရာသီ လူငယ်လေကြောင်း လူငယ် သင်တန်းများတွင် သင်ကြားပေးသော CONTROL CABLE LINE ပုံစံငယ်လေယာဉ်များမှ စတင် ခဲ့ပါသည်။ တပ်မတော်(လေ) သည် နွေရာသီလေကြောင်း လူငယ်သင်တန်းများကို နှစ်စဉ် ဧပြီလမှ မေလကုန်ထိ ရက်သတ္တပတ် ၅ပတ်ဖွင့်လှစ်၍ အခြေခံ စစ်ပညာ၊ လေယာဉ် ပုံစံငယ်များတည်ဆောက်ခြင်း၊ CONTROL LINE ဖြင့် ပျံသန်းခြင်းများကို အ.ထ.က(၁) လမ်းမတော်၊ ရန်ကုန်တွင် ဖွင့်လှစ် သင်ကြား ပေးခဲ့သည်။
၂။ ၁၉၇ဝ ပြည့်နှစ်တွင် ရန်ကုန်အရှေ့ပိုင်း သင်တန်းကို အ.ထ.က (၆) ဗိုလ်တစ်ထောင်တွင် လည်းကောင်း၊ ရန်ကုန် အနောက်ပိုင်းသင်တန်းကို အ.ထ.က(၁) လမ်းမတော်တွင်လည်းကောင်း သင်တန်း နှစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုကဲ့သို့ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် လေကြောင်းပညာအခြေခံများကို သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
၃။ ၁၉၉၄ ခုနှစ်တွင် တပ်မတော်(လေ)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးတို့ ပူးပေါင်း၍ လေကြောင်းရဲညွှန့်လောင်းသင်တန်းများ သင်ကြားပို့ချပေးခဲ့သည်။ CONTROL LINE များနှင့်အတူ RE- MOTE CONTROL လေယာဉ်ငယ်များဖြင့် သရုပ်ပြခဲ့သည်။
၎။ ၁၉၉၅ ခုနှစ်တွင် လွိုင်ကော်၊ ၁၉၉၆ ခုနှစ်တွင် ထားဝယ်တို့တွင် ကျင်းပပြုလုပ်ခဲ့သော ကျောင်းသား အားကစား ပွဲတော်များသို့ သွားရောက်၍ လေယာဉ်ပုံစံငယ်များကို RC ဖြင့် သရုပ်ပြပျံသန်း ပြသ နိုင်ခဲ့ပါသည်။
၅။ ၁၉၉၉ ခုနှစ်တွင် လေကြောင်းရဲညွှန့်လောင်းအစား တပ်မတော် (လေ) လေကြောင်း မျိုးဆက်သစ် အမည်ဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ စုစုပေါင်း အခြေခံ သင်တန်းသား (၁ဝဝ) ဦးနှင့် တန်းမြင့်သင်တန်းသား (၅ဝ) ဦး ကို ပို့ချပေးနိုင်ခဲ့ပါသည်။
အဝေးထိန်းလေယာဉ်ငယ်များဖြင့် စမ်းသပ်ပျံသန်းမှုများ
၆။ ၁၉၉၈ ခုနှစ်တွင် UAV လေ့လာရေးသုတေသနအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်ငြိမ်း ဦးစီး၍ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလတွင် RESEARCH UAV ဟုအမည် ပေးထားသော R-UAV TYPE 1 ကို ၂ဝဝဝပြည့်နှစ်၊ အောက်တိုဘာလ(၂ဝ)ရက်နေ့တွင် ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းနိုင်ခဲ့သည်။ ၄င်း UAV နှင့် ပတ်သက်သော အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- WING SPAN - 8 FT
- LENGTH - 6 FT
- HEIGHT - 2 FT
- WINGAREA - 10 FT
- ENGINE TYPE - OS.91 FS (TWO STROKES)
- ENGINE POWER - 2.8 HPS
- FUEL - METHANOL + CASTOR OIL
- PROPELLER - 13 INCHES
- WEIGHT - 24 LBS
- PAYLOAD - 6 LBS
- ENDURANCE - 34 – 45 MIN
- AIRSPEED - 50 – 60 MPH
- CONTROL - RADIO CONTROL FUTABA SKY SPORT 6A
ပြည်တွင်း၌ ပထမဆုံး စမ်းသပ်တည်ဆောက်ပြီး အောင်မြင်စွာပျံသန်းနိုင်ခဲ့သော R-UAV TYPE 1
၇။ ထို UAV အား ၂ဝဝဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်သို့ လာရောက် စစ်ဆေးစဉ်
တင်ပြနိုင်ခဲ့ပါသည်။၈။ ပထမပုံစံငယ်အား တည်ငြိမ်စွာ ပျံသန်းနိုင်ပြီး ကောင်းကင် ဓါတ်ပုံရိုက်ကူးနိုင်သည့် အခြေအနေ အထိ တိုးတက်ခဲ့ပါသည်။ ထို့ကြောင့် Target Drone အဖြစ် အသုံးပြုနိုင်မည့် အမြန်နှုန်းပိုကောင်းသော R-UAV Type2 ကို ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလမှ စတင်တည်ဆောက်ပြီး မတ်လတွင် ပြီးစီးခဲ့ပါသည်။၎င်း UAV ကိုမတ်လ ၂၅ရက်နေ့တွင် မှော်ဘီ လေတပ်စခန်း ဌာနချုပ်တွင် အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ပါသည်။
၉။ လေယာဉ်ဒီဇိုင်းကို ဗိုလ်မှူးအောင်ကျော်ငြိမ်း၊ ဒုဗိုလ်လှကျော်ထွန်းတို့မှ ရေးဆွဲခဲ့ပြီး အုပ်ခွဲ တပ်ကြပ်ကြီး လှမြိုင်၊ တပ်ကြပ်ကြီး မင်းဆွေ၊ တပ်ကြပ်ကြီး သိန်းအောင်၊ တပ်ကြပ် ကျော်ဆွေနှင့် တပ်ကြပ် သောင်းထွဋ်တို့မှ တည်ဆောက်ခဲ့ပါသည်။
၁၀။ R-UAV Type 2 '၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဒုတိယမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော R-UAV Type 2
- WING SPAN - 8 Feets
- LENGTH - 8 Feets
- HEIGHT - 2 Feets
- ENGINE TYPE - OS 91 fs (Two stroke)
- ENGINE POWER - 2.8 HpS
- FUEL - METHANOL + CASTOR OIL
- PROPELLER - 12 _ 6 inches
- WEIGHT - 25 Lbs
- PAYLOAD - 5 Lbs
- ENDURANCE - 45 mins
- AIRSPEED - 60 Mph
- CONTROL - PCM PULSE CODE MODULATION 8 CHANNELS/ PCL 1024
အပိုင်း (၂) ကို နောက်ရက်တွေမှာ ဆက်လက် တင်ဆက် သွားပါမည်။
မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၂)
လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်တွင် ယခင် နိုင်ငံတော်အကြီးအကဲများမှ စစ်ဆေး ကြည့်ရှုခဲ့စဉ်
ပြည်တွင်းတွင် တည်ဆောက်ခဲ့ပြီး စမ်းသပ်အောင်မြင်ခဲ့သော အဝေးထိန်း လေယာဉ်များ
ပေးပို့သူ - ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)၁၂။ (၁၉.၄.၂ဝဝ၃) ရက်နေ့မှ စတင်တည်ဆောက်ခဲ့သော UAV UX-1 ကို (၈.၉.၂ဝဝ၄) ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ လေယာဉ်၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
တတိယမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော UAV UX-1
- WING SPAN - 9.31 Feets
- LENGTH - 8 Feets
- HEIGHT - 2 Feets
- ENGINE TYPE - OS 91 fs (Two strokes)
- ENGINE POWER - 2.8 HpS
- FUEL - METHANOL + CASTOR OIL
- PROPELLER - 12 _ 6 inches
- WEIGHT - 25 Lbs
- PAYLOAD - 5 Lbs
- ENDURANCE - 45 mins
- AIRSPEED - 60 Mph
- CONTROL - PCM PULSE CODE MODULATION 8 CHANNELS/ PCL 1024
- (က) (၉.၉.၂ဝဝ၄) ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ စက်နှိုးစမ်းသပ်ခြင်း၊ Taxi Check ပြုလုပ်ခဲ့ပါသည်။
- (ခ) (၁၈.၉.၂ဝဝ၄) ရက်နေ့တွင် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မှော်ဘီ)တွင် Taxi Check ပြုလုပ်ခဲ့ပါသည်။
- (ဂ) (၈.၁ဝ.၂ဝဝ၄) ရက်နေ့တွင် စမ်းသပ်ပျံသန်းနိုင်သည့် အဆင့်သို့ ရောက်ရှိ ခဲ့ပါသည်။
၁၅။ (၃) လ ကြာမွမ်းမံပြင်ဆင်ပြီး (၂.၂.၂ဝဝ၅) ရက်နေ့တွင် မြေပြင်အတတ်သင် လေတပ် စခန်း၌ စမ်းသပ်ပျံသန်းခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သော်လည်း ဆင်းသက်ချိန်တွင် Tail Boom နှစ်ခု ပြုတ်ထွက်ခဲ့ပါသည်။
၁၆။ UAV အား ပြင်ဆင်ပြီး (၄.၂.၂ဝဝ၅) ရက်နေ့တွင် လေကြောင်း အတတ်သင် လေတပ် စခန်း၌ ထပ်မံစမ်းသပ် ပျံသန်းရာ ကောင်းမွန်စွာထိန်းချုပ်မရဘဲ ထိုးကျပျက်စီးခဲ့ပါသည်။
၁၇။ ထိုသို့ပျက်စီးရခြင်း၏ အကြောင်းအရင်းမှာ အင်ဂျင်စွမ်းအားနည်းခြင်းကြောင့်ဖြစ်၍ 2.8 Hps, OS 91 Engine အစား 3.7 Hps, OS 91 Engine ကို ပြောင်းလဲ တပ်ဆင်ခဲ့ပါသည်။ လေယာဉ်၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- WING SPAN - 11 Feets, 3.5 inches
- LENGTH - 8 Feets, 2 inches
- HEIGHT - 2 Feets, 2 inches
- ENGINE TYPE - OS 160 fs (Two strokes)
- ENGINE POWER - 3.7 HpS
- FUEL - METHANOL + CASTOR OIL
- PROPELLER - 15 inches
- WEIGHT - 32 Lbs
- PAYLOAD - 5 Lbs
- ENDURANCE - 1 HRs
- AIRSPEED - 90 Mph
- CONTROL - PCM PULSE CODE MODULATION 8 CHANNELS/ PCM 1024
စတုထ္တမြောက် ပြည်တွင်း၌ တည်ဆောက်ခဲ့သော UAV UX-2M
၁၉။ UAV UX-2M အား ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် အောက်ပါအတိုင်း စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပါသည်-- (က) ပျံသန်းသည့်ရက်။ ၆.၆.၂ဝဝ၅
- (၁) နေရာ။ ပလခ
- (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ မိုင် ၄ဝ နှုန်း
- (၃) အမြင့်ပေ။ ပေ ၅ဝဝ ခန့်
- (၄) ပထမအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၁ဝ မိနစ်
- (၅) ဒုတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၅ မိနစ်
- (၆) တတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၅ မိနစ်
- (ခ) ပျံသန်းသည့်ရက်။ ၇.၆.၂ဝဝ၅
- (၁) နေရာ။ ပလခ။
- (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ ၄၅ မိုင်နှုန်း
- (၃) အမြင့်ပေ။ ပေ ၆ဝဝ ခန့်
- (၄) ကြာမြင့်ချိန်။ ၁၂ မိနစ်
၂၁။ UAV အား ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် အောက်ပါအတိုင်း စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ခဲ့ပါသည်-
- (က) ပျံသန်းသည့်ရက်။ ၅.၆.၂ဝဝ၆
- (၁) နေရာ။ ပလခ
- (၂) အမြင့်ပေ။ ပေ ၅ဝဝ ခန့်
- (၃) ပထမအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၄ မိနစ်(ဝ၈ဝဝ-ဝ၈ဝ၄)။
- (၄) ဒုတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၆ မိနစ်(ဝ၈၁၉-ဝ၈၂၅)။
- (ခ) ပျံသန်းသည့်ရက်။ ၆.၆.၂ဝဝ၆
- (၁) နေရာ။ ပလခ။
- (၂) အမြင့်ပေ။ ပေ ၅ဝဝ ခန့်
- (၃) ပထမအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၇ မိနစ်(ဝ၆၅၃-ဝ၇ဝဝ)။
- (၄) ဒုတိယအကြိမ်ပျံသန်းမှုကြာမြင့်ချိန်။ ၁ဝ မိနစ်(ဝ၇၅၂-ဝ၈ဝ၃)။
- (က) လေ ၁၇၁၈ ဗိုလ်မှူးချုပ် ဇင်ယော် နာယက။
- (ခ) လေ ၂၃၂၆ ဗိုလ်မှူး အောင်ကျော်ဦး ဥက္ကဌ။
- (ဂ) လေ ၂၂၉၂၇ တပ်ကြပ်ကြီး သောင်းထွဋ် အဖွဲ့ဝင်။
- (ဃ) လေ ၂၆၇၇၁ တပ်ကြပ် ဝင်းထွန်းဦး အဖွဲ့ဝင်။
- (င) လေ ၁၇၄၁၈ အုပ်ခွဲတပ်ကြပ်ကြီး မင်းဆွေ အတွင်းရေးမှူး။
- (က) လေ ၂၃၇၈ ဗိုလ်ကြီး အာကာကျော်။
- (ခ) လေ ၂၄၃၈ ဗိုလ်ကြီး ဟန်ထွန်း။
- (ဂ) လေ ၂၉၁၂ ဗိုလ်ကြီး အောင်သာမိုး။
- (က) Model - AAR 14
- (ခ) Range - 1.45 Miles
- (ဂ) Power Output - 100 Mw
- (ဃ) Frequency - 2.434 GHz & 2.411 GHz
- (က) ပျံသန်းသည့်ရက်။ ၁.၈.၂ဝဝ၆
- (၁) နေရာ။ လကသ။
- (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ ၇၁ မိုင်နှုန်း။
- (၃) အမြင့်ပေ။ ၃၈၃ ပေ။
- (၄) ကြာမြင့်ချိန်။ ၁ဝ မိနစ်။
- (ခ) ပျံသန်းသည့်ရက်။ ၂.၈.၂ဝဝ၆
- (၁) နေရာ။ လကသ။
- (၂) ပျံသန်းမှုနှုန်း။ တစ်နာရီ ၇၁ မိုင်နှုန်း။
- (၃) အမြင့်ပေ။ ၄၆၃ ပေ။
- (၄) ကြာမြင့်ချိန်။ ၇ မိနစ်။
အပိုင်း (၃) အား နောက်ရက်တွေမှာ ဆက်လက် တင်ဆက်ပေးပါမည်။
No comments:
Post a Comment