ရွာထဲမှာ protocol သံတွေ ဆူညံနေတယ်...
▪▪▪
ဖိုးလေး သာအောင်ရဲ့ မိန်းမနှစ်ယောက် protocol နဲ့ ရန်ဖြစ်နေ ကြတယ်...
"ဟဲ့... ကမ.ရဲ့... ဒီခေတ်မှာ မယားကြီး မယားငယ်ဆိုတာ မရှိတော့ဘူးဟဲ့... မယားပြိုင်ပဲ ရှိတယ်ဟဲ့..."
"တော်စမ်းပါ... ကမ.ရဲ့... protocol အရ ညီးဟာ နံပါတ် နှစ် လယ်ဗယ်ပဲဆိုတာ သဘောပေါက်ထားစမ်းပါအေ..."
▪▪▪
ကိုရင်သာအေးက စိတ်ကောက်နေတဲ့ သူ့ချစ်သူလေး မိစာဥကို protocol နဲ့ ချော့နေတယ်...
"မငိုပါနဲ့ စာဥရာ... ဟိုနေ့က ဗွေးထုပ်နဲ့ငါ ကောက်ရိုးပုံဘေးမှာ တွေ့ကြတယ်ဆိုတာ သူချိန်းလို့ ငါ သွားခဲ့တာပါကွာ...
ဘာပဲဖြစ်ဖြစ် ငါ့နှလုံးသားထဲမှာတော့ protocol အရဆိုရင် နင်ဟာ နံပါတ်တစ်ပါ စာဥရာ..."
▪▪▪
ဆွမ်းကြီးလောင်းပွဲမှာ တောင်ကျောင်း ဘုန်းကြီးနဲ့ မြောက်ကျောင်းဘုန်းကြီး protocol နဲ့ပဲ ကွိုင်တက်နေတယ်...
"ဟိုကိုယ်တော်ကြီးနော်... ရှေ့ဆုံးကကြီးပဲ လွှတ်ကြွမနေနဲ့... ကိုယ့်ကိုယ်ကို တောထွက်ဒုလ္လဘကြီးဆိုတာလဲ သတိရအုံး...
သာသနာမှာ protocol အရ ဝါကြီးတဲ့သူက စီနီယာပဲနော်ဘုရား..."
▪▪▪
အရက်သမားအောင်ဘု ထန်းရေမူးပြီး တစ်ယောက်တည်း အိမ်ထဲမှာ သောင်းကျန်းနေတော့လဲ protocol ပဲ...
"ဂေ့... ပါးစပ်က ကာရာအိုကေ ဆိုချင်တယ်... ဂေ့... နားက ချယ်ရီအက်ဖမ် နားထောင်ချင်တယ်... ဂေ့... မျက်စိက တီဗွီကြည့်ချင်တယ်... ဂေ့...
ရှုတ်တယ်ကွာ... ဒီမိုကရေစီခေတ်ကြီးမှာ protocol အရ ဦးစားပေးရမှာပဲ... ဂေ့... နားက မျက်စိထက် အပေါ်ပိုင်းကို နှာတဖျားသာတယ်... အဲ့တော့ မင်းက အရင် နားထောင်...
ပီးမှ တီဗွီကြည့်... ပါးစပ်က အောက်ဆုံးကဆိုတော့ နောက်ဆုံးမှ ကာရာအိုကေဆို... ဂေ့..."
▪▪▪
ဟီး... ရွာထဲမှာ ဖြစ်နေတဲ့ protocol တွေအကြောင်း ဆက်ရေးရင် အများကြီး ကျန်သေးတယ်...
ရေးရင်းနဲ့ ၆၆ ဃ အကြောင်း ခေါင်းထဲရောက်လာလို့ ရှူးပေါက်ချင်သလို အီးပါချင်သလို ဖြစ်လာပြီ... ဒီလောက်ပဲ...
စကားမစပ်... protocol အရဆိုရင် အီအီးကို အရင်ပါရမလား... ရှူးကို အရင်ပေါက်ရမလား ကွယ်ရို့...
ခရီးသည်။

No comments:
Post a Comment