Saturday, March 5, 2011

မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံသို့ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်စကား ဖော့ဝိန်းမြို့ ၊ အင်ဒီယားနား၊ ၂၀၁၁ မတ် ၅-၆ ရက်

Message from Daw Aung San Suu Kyi
To the International Burmese Democratic Forces Conference, Fort Wayne, Indiana,
March 5-6, 2011

It is according to personal principle as well as with party policy, that I'll try as much as possible to address gatherings of peoples from Burma. I understand that in this gathering there are also friends of Burma committed to our movement for democracy through a belief in democratic values and human rights.
Although many people here have taken up, residence, abroad either temporarily or permanently, I know that majority of them are still bound to our country by ties of love and loyalty. It is these ties of love and loyalty which I'm urging them to commit themselves to this movement for democracy.
I would like to focus on the concept of commitment. Commitment means an undertaking, a pledge, and how genuine a commitment is. It depends on how strong it is, how binding it is. There are many of us who have bound themselves to the movement of democracy for life, everything that they do, all their thoughts, all their efforts are bound to the movement for democracy. I know that it is too much to ask that everybody should be so totally committed but I would like everybody to be committed to the extent that they can forge unity from out of many diverse views. That is inevitable and in any gathering. In Burma today, we are at across road. There are many who would like to believe that the path to democracy has opened up and there are others who believe that this path is a false one that it is meant to deceive and to stop a genuine path from being opened. So, we must all look at the situation with care. We must all commit ourselves to seeing the truth. We must all examine what is really happening in Burma today and to do this we need commitment. We need unity. If we cannot be united in our efforts then victory will be further away than we wish it to be.
The more united we are, the sooner we will achieve our goal. This is not something. That is new. That is something that people have known for ages past. Unity is strength. Unity lies at the basis of all victories. So, addressing all of you today, I would like to urge as I have been urging time and again that out of diversity you should be able to forge unity that you should be able to understand that although your views may not always to coincide, your desire for genuine democracy in Burma is one and the same for every one of us. If we can be committed to this one idea of unity, strength out of unity and using this strength is to gain genuine democracy for Burma. Then I think we will be able to do a great service to all the people of our country who have been longing for change in the right direction. So change in the right direction is what we must all work towards, what we must all call for. We do not want change, for the sake of change. We want change for the sake of progress and if there is no progress, what ever superficial change there might be, it's of no use to our people at all. I would like to take the opportunity to thank all those friends of Burma who have stood by us staunchly throughout the years. The years that have grown into decades and yet their commitment have not wavered with such friends as these, we are obliged to be stronger in our own commitment. So may I take the opportunity to say that all of us who wish Burma to see a happier day, when we are all united in our commitment to genuine democratic values should be united in small matters as far as possible that we need to achieve our great ends as quickly as possible. And may I also take the opportunity to wish all of you well in all that you are doing to help us. Thank you very much.

မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံသို့ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်စကား ဖော့ဝိန်းမြို့ ၊ အင်ဒီယားနား၊ ၂၀၁၁ မတ် ၅-၆ ရက်


ယခုလိုပြောချင်တာကတော့ ကျမရဲ့ ကိုယ်ပိုင်အတွေးအခေါ်လဲဖြစ် ကျမ ပါတီရဲ့ပေါ်လစီလဲဖြစ် တဲ့ အကြောင်းအရာများကိုကျမတတ်နိင်သ၍ ယခုစုဝေးနေတဲ့ မြန်မာပြည်သူပြည်သားများကိုပန်ကြားချင်ပါတယ်။  ကျမနားလည်မှုအရ ယခုကဲ့သို့
မြန်မာများစုဝေးရာတွင် ကျမတို့ရဲ့ နိုင်ငံကိုစိတ်ဝင်စားတဲ့  မိတ်ဆွေများလည်း တက်ရောက်တယ်လို့ ကျမနားလည်ပါတယ်။
ယင်းလူများအနေဖြင့် ကျမတို့ နိုင်ငံဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးရရှိရေးတို့ အတွက် စိတ်ဝင်စားစွာကြိုးစားအားထုတ်နေကြသောသူများပါဝင်တယ်လို့ ကျမသိရပါတယ်။
 ကျမသိရသလောက် ယခုတက်ရောက်လာသောသူများထဲတွင် မိမိနိုင်ငံပြင်ပမှာ ယာယီအဖြစ် သို့ မဟုတ် အမြဲတမ်းအဖြစ် ပြောင်းရွှေ့ နေထိုင်သူများဖြစ်ပြီး
သူတို့အနေနဲ့ လဲ မြန်မာနိုင်ငံကောင်းစားရေးကို မေတ္တာနဲ့  သစ္စာထား ရှေ့ရှူနေတယ်လို့လဲ သိရပါတယ်။ ဒါကြောင့်လဲဘဲ ကျမမေတာရပ်ခံချင်တာက မြန်မာနိုင်ငံအတွက်
ရှေ့ဆက်လက်ပြီး ခိုင်မာစွဲမြဲစွာနဲ့ တာဝန်ယူကြိုးစားစေလိုပါတယ်။ ကျမအနေနဲ့  အာရုံစိုက်ချင်တာကတော့ ခိုင်မာစွဲမြဲစွာနဲ့ တာဝန်ယူလုပ်ကိုင်မှုဆိုတာကိုဘဲဖြစ်ပါတယ်။ ခိုင်မာစွဲမြဲစွာ တာဝန်ယူလုပ်ကိုင်တယ်ဆိုတာ မိမိရည်ရွယ်ကတိပြုထားတာကို အကောင်အထည်ဖေါ်လုပ်ဆောင်ခြင်းဘဲဖြစ်ပါတယ်။ ပြီးတော့ စစ်မှန်တဲ့ တာဝန်ယူမှုဖြစ်ဖို့ ဆိုတာ ဘယ်လောက်ခိုင်မာသလဲဆိုတာပါဘဲ။
ကျမတို့ တတွေမှာ မြန်မာ့ဒီမိုကရေစီအရေးကို ဘ၀နဲ့  ပေးဆပ်ပြီး လုပ်ဆောင်နေကြတဲ့ ပုဂိုလ်တွေရှိကြပါတယ်။ ဘာဘဲလုပ်လုပ် သူတို့ တတွေရဲ့  လုပ်ဆောင်မှုတွေဟာ မြန်မာ့အရေးနဲ့  ပတ်သက်နေကြပါတယ်။ လူတိုင်းလူတိုင်း မြန်မာ့အရေးကို လုပ်ဆောင်ဖို့ ဆိုတာ ကြီးလေးတဲ့တာဝန်ဆိုပေမယ့် ကျမကတော့ ခိုင်မြဲစွာတာဝန်ယူလုပ်ဆောင်ပေးကြဖို့ ကိုဘဲ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးက တာဝန်ယူလုပ်ဆောင်တယ်ဆိုရာမှာ ကွဲပြားတဲ့အမြင်များရှိနေတဲ့လောကကိုလက်ခံပြီး ညီညွတ်ရေးကို မဖြစ်မနေတွန်းလုပ်ဖို့ လိုနေပါတယ်။
ယခုအချိန်မှာ  ကျမတို့ရဲ့မြန်မာနိုင်ငံသည် အရေးကြီးသော လမ်းဆုံလမ်းခွသို့ရောက်နေပြီ
ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းမှုရှိလာပြီဆိုတာကို ယုံကြည်နေသူများရှိနေသလို၊ ဒီဖြစ်ပေါ်နေတဲ့အခြေအနေဟာလည်း ပွင်းလင်းမှုနဲ့  မှန်ကန်မှု မရှိသူများရဲ့  လှည့်ဖြားမှု တွေနဲ့  စစ်မှန်တဲ့ လုပ်ရပ်တွေအပေါ် တားဆီးဖို့ ဘဲလို့  ယုံကြည်နေသူများလည်းရှိနေပါတယ်။ ဆိုတော့ ကျမတို့ အားလုံးဟာ ဒီလိုအနေအထားတွေကို တာဝန်သိသိ သတိရှိရှိနဲ့  အမှန်တရားကို ကြည့်ရပါ့မယ်။ အမှန်တရားကို မြင်ဖို့ ဆိုတာ ခိုင်မာတဲ့တာဝန်ယူမှုနဲ့  ညီညွတ်မှုလိုအပ်ပါတယ်။ ဒါတွေမှမရှိဘူးဆိုရင် ကျမတို့ အားလုံးအတွက် အောင်မြင်ခြင်းဆိုတာ ဝေးသထက်ဝေးသွားမှာ ဖြစ်ပါတယ်။ ညီညွတ်မှု ပိုအားကောင်းလေ အောင်မြင်ခြင်းအတွက် ပိုမြန်ဆန်လေဘဲဖြစ်ပြီး ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။ ဒါဟာ အသစ်အဆန်းလည်းမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကတည်းက လူတွေဟာ ညီညွတ်ခြင်းသည်ခွန်အားဆိုတာ သိခဲ့နားလည်ခဲ့ကြတာတွေပါ။ အောင်မြင်ခြင်းအားလုံးရဲ့  အခြေခံဟာ ညီညွတ်ခြင်းဘဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းဘဲ ကျမအနေနဲ့  ဒီကွဲပြားတဲ့ အမြင်တွေဟာ ရှိနေမှာဖြစ်ပြီး ဒီမိုကရေစီရရှိရေးဆိုတာကတော့ အားလုံးရဲ့  တသားတည်းရှိတဲ့အမြင်ဘဲဖြစ်တယ်ဆိုတဲ့အတွက် ဒီညီညွတ်ရေးဆိုတာကို တွန်းလုပ်ဖို့ ဆိုတာကိုဘဲ ပြောချင်ပါတယ်။ ဒီညီညွတ်ရေးဆိုတာကို ရရှိဖို့ နဲ့  ညီညွတ်ရေးရဲ့  ခွန်အားကို အသုံးပြုပြီး မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့  ဆိုတာကိုလုပ်ရင်တော့ နိုင်ငံသားအာလုံးလိုချင်တမ်းတတဲ့ မှန်ကန်တဲ့ ပြောင်းလဲမှုကို လုပ်ပေးခြင်းဘဲဖြစ်ပါလိမ့်မယ်။ မှန်ကန်တဲ့ပြောင်းလဲမှုကို ကျမတို့ အားလုံးက တောင်းဆိုရုံသက်သက်မဟုတ်ဘဲ တိုးတက်မှုရှိဖို့ လည်းလိုအပ်ပါတယ်။ တိုးတက်မှုမရှိတဲ့ ပြောင်းလဲမှုကတော့ အတုအယောင်သာဖြစ်ပြီး ကျမတို့ နိုင်ငံသားအားလုံးအတွက် ဘာမှ အသုံးမတည့်တဲ့ ပြောင်းလဲမှုဘဲဖြစ်ပါတယ်။ အခုလိုအခမ်းအနားမှာ ကျမတို့ နဲ့  အတူရပ်တည်ပြီး မြန်မာအရေးကို နှစ်ပေါင်းများစွာ ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့သူတွေကို ကျေးဇူးတင်ချင်ပါတယ်။ နှစ်ပေါင်းများစွာကနေ ဆယ်စုနှစ်တွေဖြစ်လာပါပြီ။ သို့ သော်လည်း ဒီပုဂိုလ်တွေကတော့ ဇွဲမလျော့စတမ်း လုပ်ဆောင်ရာမှာ ကျမတို့  အားလုံးကလည်း တာဝန်သိသိတာဝန်ရှိရှိနဲ့  ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံသားအားလုံးက ပျော်ရွှင်စရာကောင်းပြီး ဒီမိုကရေစီအနှစ်သာရနဲ့  ညီညွတ်မှုရှိတဲ့ အနာဂတ်ကို မြင်ရမှာဖြစ်ပါတယ်။ သေးငယ်တဲ့အစ ညီညွတ်မှုရှိအောင်လုပ်မှသာ ခိုင်မြဲတဲ့အနာဂတ်အတွက် ပိုမိုကောင်းမွန်မှာပါ။ ကျမအနေနဲ့  ဒီလိုရရှိတဲ့အခွင့်အရေးမှာ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကျန်းမာပါစေ။

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့

 
မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ် (Free Burma Federation) မှ ထုတ်ဝေထားသော

() လူထုတိုက်ပွဲလက်စွဲ

() လူထုတိုက်ပွဲလက်စွဲ (အတွဲ-)

() လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့

() အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြစို့

စာအုပ်များအား ပူးတွဲပေးပို့အပ်ပါသည်။

 
လေးစားစွာဖြင့်
 
ခင်မမမျိုး
4 attachments — Download all attachments  
people_power_revolution_Handbook_by_Free_Burma_Federation.pdfpeople_power_revolution_Handbook_by_Free_Burma_Federation.pdf
229K   View   Download  
People Power Revolution Handbook No.2 by Free Burma Federation.pdfPeople Power Revolution Handbook No.2 by Free Burma Federation.pdf
146K   View   Download  
national_liberation_struggle_by_Free_Burma_Federation.pdfnational_liberation_struggle_by_Free_Burma_Federation.pdf
214K   View   Download  
Anti-Dictatorship_by_Free_Burma_Federation.pdfAnti-Dictatorship_by_Free_Burma_Federation.pdf
1473K   View   Download  

Wednesday, March 2, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၃)


 
(ခွဲထွက်ခြင်းနှင့်တွဲဘက်ခြင်းဆောင်းပါးအဆက်)

ရုရှားနိုင်ငံ ချက်ချညေးယားခွဲထွက်ရေးလှုပ်ရှားမှု။   ကောကေးဆက်တောင်တန်းသား မွတ်စလင်အများစု နေထိုင်တဲ့ ချက်ချညေးယားရီပတ်လစ်ဒေသ ငယ်ဟာလည်း ရုရှားဖယ်ဒရေးရှင်းထဲက ခွဲထွက်ဖို့ ဆန့်ကျင် လှုပ် ရှားလာတာ နှစ်ပေါင်း ၂၀၀ ကျော်လာပြီဖြစ်တယ်။ သူတို့ဒေသကိုရုရှား ဇာဘုရင်သိမ်းပိုက်ခဲ့တာကို တက်တက် ကြွကြွဆန့်ကျင်လာသလို၊ ၁၉၁၇ ခုနှစ် ကွန်မြူနစ်တို့ ဆက်လက်သိမ်းပိုက်ထားခြင်းကိုလည်း တွန်းလှန်နေခဲ့ ကြ တယ်။ ဇာဘုရင်ပြုတ်ကျသွားတုန်းက ချက်ချညေးယားဟာ ခဏတဖြုတ်လွတ်လပ်တဲ့နိုင်ငံအဖြစ် အိမ်နားနီး ချင်တွေနဲ့ပေါင်းပြီး တောင်တန်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုဗီယက်ဆိုရှယ်လစ်ရီပတ်ဗလစ် သမတနိုင်ငံဖွဲ့ခဲ့ ပါတယ်။ ဒါပေမဲ့ နောက်နှစ်မှာဘဲ ရုရှားကသိမ်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလမှာတော့ ချက်ချညေးယန်း ညီအစ်ကို နှစ် ယောက်ဖြစ်တဲ့ ခါဆန်အစ္စရေလောဗ် နဲ့ ဟူစိန် တို့က တော်အတန်များပြားတဲ့ တော်လှန်ရေးတပ်ကိုစုစည်းကာ နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင် ခဲ့တယ်။  လွတ်လပ်တဲ့နိုင်ငံ သဘောအနေနဲ့ပါ။ ကမ္ဘာစစ်ပြီး တော့စတာလင်စစ်တပ်က ပြန်သိမ်းပိုက်လိုက် ပြန်ပါ တယ်။ စတာလင်အစိုးရရဲ့ ပြုမူဆောင်ရွက်ပုံဟာ ချက်ချညေးယားတွေအတွက် ကမ္ဘာကျေသော်လည်း ဥဒါန်းမ ကျေနိုင် လောက်အောင် စိတ်မျိုးခံစားရစေခဲ့ပါတယ်။
 
စတာလင်အစိုးရဟာ ချက်ချညေးယား- အန်းဂတ် ရီပတ်ဗလစ် ဒေသသားအားလုံးကို (လူထု သိန်းမှ ၈သိန်း အထိခန့်မှန်း) ဒေသကွန်မြူနစ်ရုံး အသီးသီးသို့ ဆင့်ခေါ်စေကာ ဂျာမန်နာဇီတွေကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ရာသီဥတု ဆိုးရွားလှတဲ့ ဆိုက်ဘေးရီးယားဒေသနဲ့ ခါဇက်စ္စတန်ဒေသများဆီသို့ နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒါ့ အပြင် ချက်ချညေးယားနယ်မြေကို အိမ်နားနီးချင်းဒေသ နယ်မြေတွေ ထဲပေါင်းထဲ့ပေးလိုက်တယ် ချက်ချညေး ယားတွေအခြေချနေထိုင်တဲ့ဒေသကို မြေပုံထဲကနေဖျက်လိုက်တယ် ချက်ချညေးယား စာနဲ့ရေးထား တဲ့အဖိုးတန် သမိုင်းတွေနဲ့အခြား စာအုပ်တွေကိုမီးရှို့ပစ်လိုက်တယ် စာကြည့်တိုက်ကိုဖျက်ဆီးပစ်တယ်။ ချက်ချညေးယား လူမျိုး ၇၀၀ ကို အဆောက်အဦးထဲမှာသော့ခတ်ပြီးမီးရှို့သတ်ခဲ့တယ်။ ပြင်းထန်တဲ့ ရာသီဥတုဒဏ်၊ အစာရေစာ ငတ်ပြတ်မှု ကျန်းမာရေးချို့တဲ့မှုဒဏ် မခံနိုင်တာကြောင့် ဆိုက်ဘေးရီးယားကိုပို့ခံရသူ သိန်း ၇သောင်းကနေ သိန်းအထိ လေးနှစ်အတွင်းမှာ သေဆုံးသွားတယ်ခဲ့ရတာတွေဟာ သမိုင်းရဲ့ဒဏ်ရာဒဏ်ချက်တွေအဖြစ် ချက်ချ ညေးယားမျိုးဆက်တိုင်းကိုအမှတ်ရစေနေမှာဖြစ်ပါတယ်။  ဒီသေဆုံးမှုကို ဥရောကကောင်စီက အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှု (ဂျီနိုဆိုက်)လို့ အသိအမှတ်ပြုခဲ့ပါတယ်။ အာဏာရှင် စတာလင်သေပြီး လေးနှစ်အကြာ မှာ တော့ ပြည်နှင်ဒဏ်ခံရသူတွေကိုပြန်လာခွင့်ပြုခဲ့ပါတယ်။
 
နောက်ပြီး ချက်ချညေးယား နဲ့ အန်းဂတ်ရီပတ်ဗလစ်ကိုပြန်လည်ဖွဲ့စည်းပေးခဲ့ပါတယ်။ နယ်ပယ်ကတော့ အရင်က လိုမဟုတ်တော့ဘဲကျဉ်းသွားတယ်လို့ဆိုပါတယ်။ သူတို့တွေပြန်လာကြတဲ့အခါမှာတော့ သူတို့ရဲ့မူလ အိမ်ခြံတွေ ကို အခြားလူမျိုးစုတွေကို နေရာချထားပြီးဖြစ်တယ်၊ ဒါကြောင့်နောင်မှာ လူမျိုးရေးမှန်းတီးမှု၊ တိုက်ခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။  ဒါကြောင့်လဲ ချက်ချညေယားတွေရဲ့ ခွဲထွက်လိုစိတ်ဟာ တခြားဒေသက သူတွေထက် ပြင်း ထန်တယ်လို့ဆိုပါတယ်။
 
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ရှားပြည်ထောင်စု(ဟောင်း) အဖို့ ကမ္ဘာမီးလောင်နေတဲ့အချိန် ဆီးမီးခွက်တွေထ တောက် ဆိုသလိုအဖြစ်မျိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး(ယူအက်စ်အက်စ်အာ)ဖျက်သိမ်းရတော့ မဲ့ အခြေအနေအကြပ်အတည်းဖြစ်နေစဉ် ပြည်ထောင်စုအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံထဲက ဖက်ဒရေးရှင်းအဖွဲ့ဝင်တချို့တို့က အကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့၊ ခွဲထွက်ရေးတို့အတွက် လှုပ်ရှားလာခဲ့ကြပါတယ်။ ဒီအထဲမှာ ချက်ချညေးယားကလည်း တခုအပါအဝင်ဖြစ်ပါတယ်။
 
ဇာဘုရင်ခေတ် သိမ်းပိုက်ခံရပြီး ကတည်းက ခေတ်အဆက်ဆက် ဆန့်ကျင်တိုက်ပွဲဝင်လာခဲ့တဲ့ ချက်ချညေးယား ဟာ အခုလိုအခွင့်အရေးပေါ်လာတာနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကျေညာပါတယ်။ အတိုက်အခံပါတီ ကြီးဖြစ်တဲ့ (All-National Congress of Chechen People) ကရွေးချယ်တင်မြောက်ပေးလိုက်တဲ့ ဇိုခါရ်ဒူဒါယဲဗ် (ဆိုဗီယက်ရုရှားလေတပ်ဗိုလ်ချုပ်ဟောင်း- ၁၉၉၆ မှာ ရုရှားစစ်တပ် အမြှောက်ကျည်ဆံထိမှန်၍ကျဆုံး) က ဦး ဆောင်ပါတယ်။ ချက်ချညေးယားလူများစုကလည်း ထောက်ခံပါတယ်။ ဂျော်ဂျီယာ သမတနိုင်ငံ သမတ ဇဗစ်ဂမ် ဆပ်ဂူဒီးယာက အသိအမှတ်ပြုခဲ့ပါတယ်။ သို့သော် အခြားဘယ်နိုင်ငံကမှ အသိအမှတ်မပြုပါဘူး။ ဆိုတော့ကာ တရားဝင် မဟုတ်တဲ့ လွတ်လပ်တဲ့နိုင်ငံ တနည်းအားဖြင့် ကိုယ်ဘာသာကိုယ် လွတ်လပ်ရေးကြေညာ အုပ်ချုပ်တဲ့ နိုင်ငံလေးအဖြစ်တည်ရှိခဲ့တယ်။
 
၁၉၉၁ ခုနဲ့ ၁၉၉၄ ခုနှစ်အတွင်း ချက်ချညေးယားမှာ လူမျိုးစု ပဋိပက္ခတွေ၊ အာဏာလွန်ဆွဲပွဲတွေဖြစ်နေချိန် ၁၉၉၄ မှာ ရုရှား စစ်တပ်က ဝင်ရောက်လာတဲ့အတွက် စစ်ပွဲတွေဖြစ်လာခဲ့ပါတယ်။ ရှရှားစစ်တပ်က လေကြောင်းအကူ တိုက်ခိုက် မှုတွေအပါအဝင်ထိုးစစ်ကြီးများဖြင့် နယ်မြေအတော်များများ ကိုသိမ်းပိုက်ထားနိုင်ပြီး အဓိကကျတဲ့ တောင်တန်း တွေပေါ်မှာ တပ်စွဲထားနိုင်ပေမဲ့ ချက်ချညေးယားတွေက ပျောက်ကျားစနစ်နဲ့ပြန်တိုက်ခိုက်တဲ့ အ တွက် ရှရှားဖက်ဒရယ်တပ်က အထိနာလာပါတယ်စိတ်ဓါတ်တွေကျဆင်းလာပါတယ်။ တဖက်တွင်လည်း စစ်တပ် က အရပ်သားတွေအပေါ်မတရားပြုမှုတွေကို လူအခွင့်အဖွဲ့တွေကဖေါ်ထုတ် ရှုတ်ချလာကြပါတယ်။ ယူရိုပီယံ ယူနီယံ(အီးယူ) ကလည်း စစ်ဆင်ရေးများရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်း၊ အခြားနည်းလမ်းများဖြင့် အဖြေရှာရန် ရုရှားကိုတိုက်တွန်းလာပါတယ်။ ရှရှားနိုင်ငံကလူများ စုကလည်း အခုလိုစစ်ဖြစ်နေတာကို ကန့်ကွက်ရှုတ်ချတဲ့ အတွက် ၁၉၉၄ မှာ ရုရှားသမတ ဘောရစ်ယဲလ်ဆင်နဲ့ ချက်ချညေယား သမတသစ် အာဆလာန် မာစ်ကာဒေါဗ် (ဒူဒါယဲဗ်အား ဆက်ခံသူ) တို့ ဦးဆောင်ကာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမဲ့လည်း နှစ်ဘက်ဆက်ဆံရေး စည်းမျဉ်းသတ်မှတ်မှုတွေကိုတော့ ၂၀၀၁ ခုနှစ်အကုန်လောက်မှာ အပြီးသတ်မှာဖြစ် တယ်။ အဓိကကျတဲ့ လွတ်လပ်ရေး ကိစ္စကပြေလည်မှုမရှိသေးပါဘူး။ ဒါပေမဲ့ ၁၉၉၉မှာတော့ ချက်ချညေးယား တပ်က နယ်ချင်းထိစပ်နေတဲ့ ဒါဂျစ္စတန်ပြည်ကို စစ်ကူပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ပြန်ဖြစ်ပွားတယ်။ ရုရှား စစ် တပ်က ပြင်းထံတဲ့၊ စစ်ဆင်ရေးများနဲ့ ချက်ချညေးယားကိုပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ရုရှားရဲ့ကြီးနိုင်ငယ်ညှင်း ပုံစံစစ်ဆင်ရေး၊ ကိစ္စကိုနိုင်ငံတကာက အကြီးအကျယ်ဝေဖန်ရှုတ်ချခဲ့ပါတယ်။ အမေရိကန်သမတ ဘင်ကလင်တန်က ရုရှားဟာ သူ့လုပ်ရပ်အတွက် ကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ရပါလိမ့်မယ်လို့ဆိုတယ်။ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ရော်ဘင်ကွတ်က ကိုဆိုဗိုမှာ မီလိုဆေးဗစ် ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသလို ချက်ချညေးယားမှာ ရုရှားရဲ့လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းပြောဆိုပါတယ်။ အဲသလို နိုင်ငံတ ကာကဝေဖန်တဲ့ အခါမှာတော့၊ အကြမ်းဖက် ကင်ဆာရောဂါ မပြန့်ပွားလာခင် ချုပ်ငြိမ်းအောင်လုပ်ဆောင်နေတဲ့ ရှရှားရဲ့တာဝန်ကို ပြင်ပက ဝေဖန်ခွင့်မရှိဘူးလို့ ရုရှားသမတ ဗောရစ်ယဲလ်ဆင်ကဆိုလိုက်ပြီး ချက်ချညေးယား ခွဲထွက်ရေးသမား များကို အကြမ်းဖက်သမားတံဆိပ်ကပ်လိုက်ပါတယ်။
 
၁၁/၉ စက်တင်ဘာ(အမေရိကန်ဝေါထရိတ်စင်တာ) အရေးအခင်းကိစ္စ အပြီးမှာတော့ ချက်ချညေးယား ခွဲထွက် ရေး လှုပ်ရှားမှုအပေါ် နိုင်ငံတကာထောက်ခံမှု အာစေးကပ်လာပါတော့တယ်။ ၂၀၀၂ ခုနှစ်မှာ ရုရှားသမတ ဗလာဒီမာပူတင်က ချက်ချညေးယားကိုတိုက်ရိုက်အုပ်ချုပ်ပြီး အာမတ်ကာဒီရောဗ် (ပထမစစ်ပွဲမတိုင်မီနှင့် စစ်ပွဲ အပြီးတွင်ချက်ချညေးယား အစိုးရအဖွဲ့အကြီးအကဲဖြစ်ပြီး ဒုတိယစစ်ပွဲကာလတွင် ရုရှားဘက် သို့ဘက်ပြောင်း သွားသူ- ၂၀၀၄ တွင်ဗုန်းခွဲ လုပ်ကြံခံရ)ကို အစိုးရအဖွဲ့ အကြီးအကဲခန့်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ချက်ချညေးယား အခြေခံဥပဒေသစ်ကို လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့ပါတယ်။  ပြည်သူအများ စုကတော့မကျေလည်ဘူးလို့ ဆိုပါ တယ်။ နောက်ရုရှား က မကထပြုတဲ့ ရွေးကောက်ပွဲတွေကျင်းပပေးခဲ့တယ်။ အာမတ်ကာဒီရောဗ် သမတဖြစ်လာ ခဲ့ပြန်ပါတယ်။ ချက်ချညေးယားလွတ်လပ် ရေးတပ်ရဲ့ အဓိကတပ်မှူး ရှမီလ်ဗာဆာယဲဗ် ကို အမေရိကန်အစိုးရ က ၂၀၀၃ နှစ်မှာ အကြမ်းဖက်သမားအဖြစ် ကြေညာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ချက်ချညေးယား လွတ်လပ်ရေးတပ်မှ ငြိမ်းချမ်းရေး ကမ်းလှမ်းနေစဉ် ရှရှားအထူးတပ်ဖွဲ့ လက်ချက်နဲ့ ချက်ချညေးယား သမတ (ဟောင်း) မာစ်ကာဒေါဗ် လည်းကျဆုံးသွားပါတယ်။
 
ဆိုရရင် ချက်ချညေးယား လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့ ကလွတ်လပ်ရေးလည်းကျေညာနိုင်ခဲ့ပြီး၊ ကာလတခု အ ထိ အစိုးရဖွဲ့စည်းအုပ်ချုပ်ခဲ့တယ်။ ရုရှားရဲ့ပြင်းတန်တဲ့ထိုးစစ် နှစ်ကြိမ်အနက်၊ ဒုတိယ ထိုးစစ်အပြီး မှာတော့ လွတ်လပ်ရေးလှုပ်ရှားသူတွေအင်အားလျော့ပါးသွားတယ်ခဲ့တယ်။ ပျောက်ကြားအသွင်လောက်နဲ့သာ ဆက်လက် ရှင်သန် တိုက်ပွဲဝင်လျှက်ရှိနေပါတယ်။

တိဘက်လွတ်လပ်ရေးလှုပ်ရှားမှု။ ။ တရုပ်ပြည်သူ့သမတနိုင်ငံထဲကနေ လွတ်လပ်တဲ့နိုင်ငံဖြစ်ဖို့ ဘုန်းတော်ကြီး ဒလိုင်လားမားက ဦးဆောင်လှုပ်ရှားနေတာဖြစ်တယ်။ ဒီလိုလှုပ်ရှားလာရတဲ့ နောက်ကြောင်းကတော့ ၁၉၄၉ ခုနှစ်မှာ တရုပ်စစ်တပ်ဟာ တိဘက်ပြည်ကို ဝင်သိမ်းပိုက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် မေလမှာတော့ တရုပ်အစိုးရနဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမား ဦးဆောင်သည့်အာဏာပိုင်တို့က လက်ရှိနိုင်ငံရေးစနစ်အားမပြောင်းရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု လွတ်လပ်မှုရှိရေး၊ ဗဟိုမှအတင်းအကြပ်မပြုရေး၊ အပါအဝင် အချက် ၁၇ချက်ပါ သ ဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၁၉၅၆ ခုနှစ် နောက်ပိုင်းမှာ(တိဘက်အုပ်ချုပ်အောက်မှာ မဟုတ်ပေမဲ့ တိဘက် လူမျိုးများ နေထိုင်တယ်လို့ဆိုတဲ့ ) Kham, Amdo နှင့် ဇီချွှမ် တောင်ပိုင်း အချို့ ဒေသတွေမှာလယ်ယာ မြေပြု ပြင်ပြောင်းလဲရေးကိုအကြောင်းပြုပြီး အစိုးရဆန့်ကျင်ရေးတွေပေါ်လာတယ်။ အဲဒါ တိဘက်ပြည်ကိုလည်း ကူးစက်လာတယ်။ ပြုပြင်ပြောင်းလဲရေး ကိုအကြောင်းပြုပြီး ကွန်မြူနစ်အစိုးရက ဖိအားပေးစွက်ဖက်လာပါတယ်။ ၁၉၅၉ တင်းမာမှုများပိုများလာပြီး ကွန်မြူနစ် တရုပ်အစိုးရကို လက်နက်ကိုင်ဆန့်ကျင်လှုပ်ရှားမှုတွေရှိလာတယ်။ တရုပ်အစိုးရ စစ်တပ်က တိဘက်ထဲကို ဝင်ရောက်နိုင်နှင်းတယ်။ ၁၉၅၉ မတ်လအကုန်လောက်မှာ ဘုန်းတော်ကြီး ဒလိုင်လားမား အိန္ဒိယပြည်ကို တိမ်းရှောင်သွားပြီး အိန္ဒိယနိုင်ငံ ဒရမ်ဆာလာမြို့ အခြေစိုက် အဝေးရောက်အစိုးရ အဖွဲ့ ဖွဲ့တယ်။ ၁၉၅၁ ခုနှစ်တုန်းက ဘေဂျင်း အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ်ဟာ ဖိအားပေးမှုအောက်က ချုပ်ဆိုခဲ့ရ ကြောင်း၊ ထိုစာချုပ်ပါအချက်များကို တရုပ်အစိုးရကချိုးဖေါက်ခဲ့ကြောင်း အဝေးရောက်အစိုးရ ဒလိုင်လားမားက ဆိုပါတယ်။ ဘုန်းတော်ကြီး ဒလိုင်လားမား ဟာ တိဘက်ပြည်လွတ်လပ်ရေးပြန်ရဖို့အတွက် အကြမ်းမဖက်နည်းနဲ့ ကြိုးပန်းဆောင်ရွက်လျှက်ရှိရာ အခုနှစ်ပေါင်း ၅၀ ရှိလာပါပြီ။
 
တိဘက်ပြည်လွတ်လပ်သည့်နိုင်ငံဖြစ်ခြင်းနှင့်ပတ်သက်လို့ သမိုင်းကြောင်ဆိုင်ရာ အငြင်းပွားမှုများရှိပါတယ်။ တရုပ်တို့က Yuan Dynasty ယူဝမ်မင်းဆက် ၁၂၇၁ ခုနှစ် ကတည်းက တိဘက်ဟာ တရုပ်ပြည်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တာလို့ဆိုတယ်။ တိဘက်တို့ကတော့ အချုပ်အခြာအာဏာပိုင်တိဘက်နိုင်ငံအဖြစ်ခံယူကြတယ်။ ၁၃ ပါး မြောက် ဒလိုင်လားမား က မွန်ဂိုလ် ဘုရင် ဂျင်ဂစ်ခန် နှင့်အာလ်တာခန်လက်ထက်၊ တရုပ်မှင် မင်းဆက်နဲ့ မန်ချူး ချင်မင်းဆက် လက်ထက်များမှာ နှစ်ဦးနှစ်ဘက် အကျိုးတူ ပူးပေါင်းဆောင်ရွက်တာဘဲရှိတယ်၊ လက်အောက်ခံ အနေနဲ့ ဆက်ဆံတာမဟုတ်ကြောင်းနဲ့ တိဘက်ဟာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်ကြောင်း ၁၉၁၃ ခုနှစ်မှာပြောဆိုခဲ့ပါ တယ်။ လက်ရှိဘုန်းတော်ကြီး ၁၄ ပါးမြောက် ဒလိုင်လားမား ကလည်း တိဘက်နိုင်ငံဟာ ရှေးကတည်းက လွတ် လပ်တဲ့နိုင်ငံဖြစ်ခဲ့ကြောင်း အခိုင်အမာပြောဆိုလျှက်ရှိပါတယ်။
 
နိုင်ငံတကာမှာတော့ တိဘက်လွတ်လပ်ရေးအပေါ်သဘောထားများက မတူကြပါဘူး။ အမေရိကန်၊ ဗြိတိသျှ၊ ဥရောပယူနီယံ(အီးယူ)စတဲ့ အစိုးရအသိုင်းအဝိုင်းများက တိဘက်ဟာ တရုပ်ပြည်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ဆို ကြတယ်။ နိုင်ငံတကာ ရှေ့နေအများစုက တိဘက်ပြည်ဟာ ဥပဒေအရလွတ်လပ်ရေးအပါအဝင်ဖြစ်တဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတယ်လို့ဆိုတယ်။
 
၂၀၀၂ ခုနှစ်က စပြီး ဘုန်းတော်ကြီး ဒလိုင်လားမား ကိုယ်စားလှယ်အဖွဲ့နဲ့ တရုပ်ပြည်မအစိုးရတို့ အကြားဆွေးနွေး ပွဲများပြုလုပ်ခဲ့ပါတယ်။ ဒလိုင်လားမား ကိုယ်စားလှယ်များဘက်က တရုပ် တပြည်ထောင်အတွင်းမှာ ( ခွဲထွက်ရေး ဒါမှမဟုတ် လွတ်လပ်ရေးဆိုတာ မပါဘဲ) စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးရဖို့တင်ပြခဲ့ပါတယ်၊ ဒါပေမဲ့ တရုပ် အ စိုးရက အဲဒီအပေါ်မှာ ယုံကြည်မှုနည်းနေပြီး လက်မခံနိုင်သေးပါဘူး။
 
ခွဲထွက်ရေးလှုပ်ရှားမှုများအပေါ် ကမ္ဘာ့နိုင်ငံများ၏ ဖိအား အရေးပါမှု။
 
ခွဲထွက်သွားခဲ့တဲ့နိုင်ငံတွေ၊ ခွဲထွက်ရေး သို့မဟုတ် လွတ်လပ်ရေး လှုပ်ရှားဆဲနိုင်ငံတွေကြည့်ရင် နိုင်ငံတကာရဲ့ အထူးသဖြင့်အနောက်နိုင်ငံများစရဲ့ထောက်ခံဖိအားပေးမှုဟာ အရေးပါတယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ နိုင်ငံတ ကာထောက်ခံမှု၊ အသိအမှတ်ပြုမှု မရဘဲ လွတ်လပ်တဲ့နိုင်ငံရယ်လို့ဖြစ်မလာနိုင်ပါဘူး။ သေချာပါတယ်။
 
ဥပမာ သီရိလင်္ကာက တမီလ်တိုင်ဂါးအဖွဲ့ဟာ တဖက်သတ် လွတ်လပ်ရေးကြေညာကာ နယ်မြေအတော်များများ ကို အချိန်အတိုင်းအတာတခုအထိ အုပ်ချုပ်ထားနိုင်ခဲ့တယ်။ ချက်ချညေးယား ခေါင်းဆောင်များကလည်း ချက်ချ ညေးယားနိုင်ငံကို အခြေခံဥပဒေတောင်ပြဋ္ဌာန်းပြီး လေးနှစ်လောက်အထိ အုပ်ချုပ်ခဲ့တယ်။ အာဇာဘိုင်ဂျန် နိုင်ငံ ထဲက နဂါနိုဂရာ ဘတ် ဒေသဟာလည်း ခွဲထွက်သူများ အတန်ကြာသိမ်းပိုက်အုပ်ချုပ်ထားပေမဲ့ ဘယ်နိုင်ငံကမှ သူတို့ လွတ်လပ်ရေးကိုမထောက်ခံပါဘူး။ သူတို့ကို ဘယ်နိုင်ငံကမှ လွတ်လပ်တဲ့နိုင်ငံအဖြစ်အသိအမှတ် မပြုပေး ခဲ့ကြဘူး။ နဂါနိုဂရာဘတ်ဆိုရင် သူ့ကိုစစ်ကူပေးတဲ့ အာမေးနီးယားသည်ပင်သူ့လွတ်လပ်ရေးဆိုတာကို အသိအ  မှတ်မပြုပေးခဲ့ပါ။ ဒါကြောင့် အဲဒီဒေသတွေဟာ လွတ်လပ်တဲ့ နိုင်ငံရယ်လို့ဖြစ်မလာခဲ့ပါဘူး။
 
ဒါပေမဲ့ သမိုင်းမှာ လွတ်လပ်တဲ့နိုင်ငံအဖြစ်မရှိခဲ့ဖူးတဲ့ ကိုဆိုဘိုဒေသကိုတော့ လူမျိုးသုတ်သင်ခံရခြင်းနဲ့ ဆိုးရွား စွာ အဖိနှိပ်ခံရခြင်းအခြေခံအောက်မှာ နိုင်ငံတကာက ဝိုင်းဝန်းအသိအမှတ်ပြုပေးလိုက်တဲ့အတွက် လွတ်လပ်တဲ့နိုင်ငံ တခုဖြစ်လာခဲ့ရပါတယ်။ ချက်ချညေးယားမှာ ကြုံခဲ့ရတဲ့ဖိနှိပ်ခံရမှုမျိုးတွေဟာ ကိုဆိုဗိုမှာကြုံခဲ့ရတဲ့ ဖိနှိပ်ခံရမှုတွေ နဲ့ မကွာခြားလှဘူးလို့ဆိုကြပေမဲ့ လွတ်လပ်တဲ့သမိုင်းအခိုင်အမာရှိတဲ့ချက်ချညေးယားကတော့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုမခံရပါဘူး။ အရှေ့တီမောနဲ့ အာချေးတို့ဟာ အင်ဒိုနီးရှားက ခွဲထွက်ဖို့ လှုပ်ရှားခဲ့ကြ တာခြင်းအတူတူ၊ အရှေ့တီမောက လွတ်လပ်တဲ့နိုင်ငံအဖြစ်အသိအမှတ်ပြုခံခဲ့ပြီး၊ အာချေးကတော့ မခံရပါဘူး၊ နိုင်ငံတကာက အာချေးကို အဆင့်မြှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုလက်ခံဖို့ သာတိုက်တွန်းကြပါတယ်။ တိဘက် အနေအထားကိုတော့ နိုင်ငံတကာ ဥပဒေ ပညာရှင် ရှေ့နေအများစုက လွတ်လပ်တဲ့သဘောကို လက်ခံထားပေမဲ့ နိုင်ငံတကာ အစိုးရများက တိဘက် ကို တရုပ်ပြည်သူ့သမတနိုင်ငံရဲ့ အစိတ်အပိုင်းလို့သာလက်ခံထားကြပါတယ်။ တရုပ်နိုင်ငံဟာကုလသမဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်နိုင်ငံလည်းဖြစ်၊ စီးပွားရေးအင်အားကြီးနိုင်ငံ လည်းဖြစ်၊  ဥရောပနိုင်ငံများနှင့်အမေရိကန်တို့၏ ကုန်သွယ်ဘက်နိုင်ငံလည်းဖြစ်တဲ့ အတွက် တရုပ်ရဲ့ငြိုငြင်မှု ခံ ရမှာစိုးလို့တရုပ်ပြည်ထဲက ခွဲထွက်ရေးလှုပ်ရှားမှု တွေကို မထောက်ခံတာဖြစ်ကောင်းဖြစ်မယ်။ ။  
 
ခွဲထွက်ရေးကို အားပေးထောက်ခံတာနဲ့ပတ်သက်လို့တော့ ကမ္ဘာ့နိုင်ငံကြီးများရဲ့ခေါင်းဆောင်များက ကမ္ဘာမှာ နိုင်ငံငယ်များ မှိုလိုပေါက်လာမှာကို မလိုလားသသည့်သဘောရှိသလို ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည့် ပြဌာန်းချက် ကိုလည်း ပစ်ပယ်လို့မရတဲ့သဘောရှိတယ်။ ဒီတော့ကာ ဒီနှစ်ခုအကြားက (လွတ်လပ် တဲ့နိုင်ငံအဖြစ်ထောက်ခံ ရေး၊ မထောက်ခံရေး) လိုသလို မူ ချသွားနေကြတယ်လို့ ဆိုရမှာဖြစ်တယ်။ ပြောရရင် နိုင်ငံရေးအကျိုးအမြတ်၊ စီးပွားရေးအကျိုးအမြတ်ကို ကြည့်ကာ မူချ ကြတာသာဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာဥပဒေအရဆိုတာထက် နိုင်ငံတကာအစိုးရ(အထူးသဖြင့်အီးယူနဲ့ အမေရိကန်အစိုးရ)များက သက်ဆိုင်ရာနိုင်ငံအပေါ်မှာထားတဲ့ မူ သ ဘောထားက ပိုသြဇာသက်ရောက်နေတယ်လို့ဆိုနိုင်ပါတယ်။  ဒါကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေပါ ကိုယ်ပိုင် ပြဌာန်း ခွင့်ဆိုတာကို တိကျတဲ့အဓိပ္ပါယ် ဖေါ်ဆောင်ဖွင့်ဆိုနိုင်ခြင်းမရှိသေးသမျှ၊ ခွဲထွက်ရေးလှုပ်ရှား သူများအဖို့ ကံကောင်းလွန်းအားကြီးမှ ခွဲထွက်ခွင့်ရ မဲ့သဘောဖြစ်တယ်လို့ မြင်မိပါတယ်။


ဝင်းမောင်
၂၈ ရက် ဖေဖေါ်ဝါရီလ၊ ၂၀၁၁ ခုနှစ်။

__._,_.___
Attachment(s) from Win Maung
1 of 1 File(s)

JD and တောင်သူလယ်သမားနေ့

Posted: 01 Mar 2011 06:54 PM PST



မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက်ကျနောက်ကျဖြစ်ခံရသည်။ ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက်တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည်။ တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဇန်န၀ါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ရာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လည်းကောင်း၊ ဇန်န၀ါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သော မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြကြသဖြင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက်အမျာစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ အားတိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။

အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် သူတို့သည် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့် ကြသည်။သို့သော် တောင်သူလယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေး ဘ၀သည် တစ်ဆက်တည်း ရှိနေသဖြင့် ကျေးဇူးဆပ်သင့်ကြသည်။

သို့သော် တောင်သူ လယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေးဘ၀သည် တစ်ဆက်တစ်စပ်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည် သင့်ကြပေသည်။

"၂၀၁၀ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့်
(၄၈) နှစ်မြောက် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု၍ ."


ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဒီနေရာက ကူးယူုဖေါ်ပါသည်။
Subject: တောင်သူလယ်သမားနေ့ထုတ်ပြန်ကြေ
ငာချက်
To:



ရက်စွဲ။ ။ မတ်လ ()ရက်၊ ၂၀၁၁ ခုနှစ်
                                                                   စာအမှတ်။  ။ ပြန်ကြား/  စတမ  / - ၂၀၁၁

အကြောင်းအရာ။    ။ တောင်သူလယ်သမားနေ့ ထုတ်ပြန်ကြေငြာချက်

အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ထုတ်ဝေသော တောင်သူလယ်သမားနေ့ ထုတ်ပြန်ကြေငြာချက် အား ပူးတွဲပေးပို့အပ်ပါသည်။


           
                                                                             ပြန်ကြားရေးဌာန
                                                                   ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ
                                                                   မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

2 attachments — Download all attachments  
fbf.pngfbf.png
81K   View   Download  
Statement on Peasant Day in Burma by FBF.pdfStatement on Peasant Day in Burma by FBF.pdf
31K   View   Download  

သတိရှိကြပါ။ Just Do it အဖွဲ့အစည်းဆိုတာတကယ်မ၇ှိပါ။ ကိုယ်တွေ့ကြုံတွေ့သူရဲ့အတွေ့အကြုံလေးပါ။

by Political View on Wednesday, March 2, 2011 at 12:55am
၁ရက် မတ်လ ၂၀၁၁ အင်္ဂါနေ့ တွင် အင်တာနက်တော်လှန်ရေးစည်းရုံးရေးအာအဓိတိုက်တွန်းနှိုးဆော်နေသော Just Do It Against Military Dictatorship အဖွဲ့ကြီး၏ ထုတ်ပြန်ကြေငြာချက်အရ ကျွန်တော် ငတုံးကြီး ဂွစာ မဟာမြတ်မုနိဘုရားကြီးနားသို့ ယောင်ပေပေနှင့်ရောက်ခဲ့တယ်ဗျ။ အေးချမ်းမောင်ကြီစီးပီး အနောက်ဘက်မုခ်မှာဆင်းတာပေါ့။ ဘယ်ရမလဲ ကိုယ့်ကိုကိုယ်လည်တယ်ပေါ့ဗျာ။ Buddha image maker တွေကိုတောင်ဈေးတွေဘာတွေမေးလို့။ နောက်တော့ဘုရားကြီးပေါ်တက်သွားတယ်။ ဘာမှထူးခြားတာမတွေ့ပါဘူး။ ကြေးရုပ်တွေနားသွားတယ်။ ရစ်သီရစ်သီနဲ့ ဘာမှမဟုတ်သလိုလို နေနေရတယ်။ ကျွန်တော့်ကိုတော့ ပေစောင်းစောင်းနဲ့ကြည့်နေတဲ့သူတချို့တော့ရှိတယ်။ ကိုယ်ကလည်းသွားမမေးရဲပါဘူး။ ပေစောင်းစောင်းကြည့်နေမှတော့ တခုခုပဲထင်တာဗျ။ ကျွန်တော်သွားတဲ့အချိန်မှာ ဈေးချိုမှာရဲကားတွေရောက်နေပီဆိုပဲ။ ကိုနဲ့ဆိုင်တဲ့အချက်ပြမှုကလည်း တစုံတခုမှမတွေ့ရသေးဘူးလူတွေက လည်းခါတိုင်းလိုပါပဲ။ ရှိတဲ့အစုမှာရှိတယ် မရှိတဲ့အစုမှာမရှိဘူး။
          နောက်မှစဉ်းစားကြည့်တော့ တကောင်ကောင်လက်ကမြင်းတာဖြစ်ရမယ်။ တကယ်လုပ်မယ်ဆိုဒီလိုမလာဘူး။ သေချာစဉ်းစားမှ ဟာကွက်တွေက ထင်းကနဲထင်းကနဲ။ ဒီကောင်တွေသေချာလုပ်တဲ့ကောင်ဆို ပေါ်တင်မပြောဘူး။ ငါတောင်နေရာသိချင်လို့မေးတာ wall ပေါ်မှာမရေးနဲ့လို့ပြောလိုက်တယ်။ နို့မို့ဆို wall ကကြိုက်တဲ့သူ ကြည့်လို့ရသကိုး။ သူက wall ပေါ်မှာတင်ထားတာ ဘာသဘောလဲ။ ငါတို့ကို တကယ်ထောက်ပံ့နေတဲ့အဖွဲ့ဆို အနည်းဆုံးတော့ အစိမ်းကောင်တွေ ကြည့်မရအောင်လုပ်ထားမှာ။ ခုဟာက ဘယ်သူကြည့်ကြည့်ဝင်ကြည့်လို့ရနေတာ။ ငါလခွီးဘယ်ကောင်ဖင်ယားနေတာလဲမသိဘူး။ တကယ်ဖြစ်ကြေးဆို အင်တာနက်က မြန်မာတနိုင်ငံလုံးပိတ်ထားမှာ။ ငါတို့ကို ငါးစာကြွေးပီးတေ့ပေးနေတာလားမသိဘူး။ နေရာကော အချိန်ရော လူတွေအားလုံးသိနိုင်မယ့်နေရာမှာ ကြေငြာထားတာဆိုတော့ ငါ့အတွက်ထည့်စဉ်းစားပေးထားတာဘာမှမရှိပါလား။ ကပ်သီးကပ်သတ်စဉ်းစားကြည့်ရင် ဒီကောင် တကယ့်ဒလံဖြစ်နိုင်တယ်။ ငါ့တို့ကို မျှားပီးတေ့ပေးတာ။ ခုနက တွေ့တဲ့ကောင်တွေက သတင်းရထားတဲ့ကောင်တွေဖြစ်နိုင်တယ်။
           နောက်တမျိုးစဉ်းစားသေးတယ်။ ဒီကောင်ဘယ်သူမှန်းမသိရဘူး။ ဘယ်သူ ဘယ်က ဘာလဲဆိုတာတခုမှသတင်းအချက်အလက်မရှိဘူး။ သူက လူ ၃၀၀ တွေ ၅၀၀တွေဆိုတာလဲ ဘယ်သူတွေမှန်းသိရတာမဟုတ်ဘူး။ တော်သေးလို့ ငါလွတ်လုပ်မိရင် မဖြစ်စလောက်နဲ့ ဒုက္ခရောက်တော့မလို့။ ဒီလိုပဲအင်တာနက်ပေါ်မှာလိုက်ဆူပူအောင်လုပ်နေတာ။ ခုထက်ထိလည်းဘာမှမထူးဘူးဆိုပီးပြန်ချလာတာ။ အေးချမ်းမောင်လေးပြန်စီးလို့။ အဟ ထွက်မလာခင်ကတည်းကရောက်နေပီ ဆိုတဲ့ရဲကားတွေက ဈေးချိုရောက်တော့ဘာမှလည်းမထူးပါလား။ ဒါမှန်းသိရင်အိမ်က ဆိုက်ကယ်မလာပါတယ်။ မန္တလေးသား ဘစ်စကားစီးတာလူသိရင် ရယ်စရာကြီး။
created a doc "တော်လှန်ရေးအတွက် ကျွန်တော်သိသမျှ လုံခြုံရေးအမြင်။".
Aung Min created a doc "တော်လှန်ရေးအတွက် ကျွန်တော်သိသမျှ လုံခြုံရေးအမြင်။".
အခုရက်ပိုင်းအတွင်း JUST DO IT လို့ခေါ်တဲ့ အမည်တခုကို ဖေ့ဘုတ်ပေါ်မှာ တော်တော်တွေ့လာရပါတယ်။ သူဟာ အခြားသော အရာဝတ္ထုတခုကို ကိုယ်စားပြုတဲ့ အမည်ဆိုရင်တော့ ကျွန်တော် ဘာမှရေးနေ ပြောနေစရာမရှိပါဘူး။ ဒါပေမယ့် ဒီအမည်ဟာ အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးတခုကို ဖေါ်ဆောင်ပေးမယ့် အမည်ဖြစ်နေတဲ့အတွက် ကျွန်တော်ဒီစာကို ရေးဖြစ်သွားတာပါ။
ကျွန်တော်ဒီကနေ့ ဆွေးနွေးချင်တာကတော့ တော်လှန်ရေးနဲ့ လုံခြုံရေးအသိဘဲဖြစ်ပါတယ်။
ဒီလိုပါ ကျွန်တော်တို့ဟာ အာဏာရှင် အုပ်စိုးသူတယောက်ကို ဖြုတ်ချဖို့ လုပ်ဆောင်တဲ့နေရာမှာ ဦးဆောင်စည်းရုံးသူ(သို့) အဖွဲအစည်း တွေဟာ လူထုလှုပ်ရှားမှုကြီး အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာခြင်း မရှိသေးချိန်မှာ လုံခြုံရေးကို အထူးအလေးထားရပါတယ်။
ကျွန်တော်တို့ (၈၈) အရေးတော်ပုံကြီး ဖြစ်ပေါ်ဖို့ စတင်လှုံဆော်တဲ့ ကာလမှာ လှုပ်ရှားမှုရဲ့ ခေါင်းဆောင် သင်္ဂေတ အဖြစ် မင်းကိုနိုင် ဆိုတဲ့အမည်တခုကို ပေးခဲကြပါတယ်။ တကယ်တော့ စတင်ပေးချိန်မှာ ဒီအမည်ကို ပိုင်ဆိုင်သူ တယောက်မှ မရှိပါဘူး လူထုလှုပ်ရှားမှု အားကောင်းလာလို့ လူထုကို မင်းကိုနိုင်ကို ပြရတော့မယ့် အချိန်မှသာ ကိုပေါ်ဦးကို မင်းကိုနိုင်အဖြစ်ရွေးချယ်ခဲ့ကြတာပါ။
မင်းကိုနိုင် အမည်နဲ့ စတင်လှုံဆော်တဲ့ အချိန်မှာ အဲ့ဒီအချိန်က စစ်ထောက်လှန်ရေးတွေ ကိုယ်တိုင်က မင်းကိုနိုင် တကယ်ရှိတယ် အမှတ်နဲ့ အပူတပြင်းလိုက်လံ ရှာဖွေခဲကြတယ်လို့ ကြားသီရဘူးပါတယ်။
ကျွန်တော်ပြောချင်တဲ့ အဓိက အကြောင်းအရာကတော့ အရင်ခေတ်က ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်သူတွေဟာ အရန်းတော်ကြတယ်ဆိုတဲ့အချက်ပါ။ နောက်တခုက မြေနီကုန်းမှာ လုံထိန်နဲ့ ကျောင်းသားတွေနဲ့ ရိုက်ပွဲ မဖြစ်ခင်(၃) ရက်လောက်အလိုမှာ ရန်ကုန်တက္ကသိုလ်(ပင်မ) အဓိပဓိ လမ်းထိပ်မှာ တက္ကသိုလ် ကျောင်းသားတွေက သုံးထပ်သားပြားတွေ ထောင်ပြီး ပိုစတာကန်ပိန်းလုပ်ထားတယ်ဆိုလို့ ကျွန်တော်တို့ သူငယ်ချင်းတစု သွားကြည့်ကြပါတယ်။ အဲဒီလို ကြည့်နေရင်းနဲ့ လူအုပ်ထဲကနေ အသက်(၂၅) နှစ်လောက်ရှိမယ့် လူ(၄)ယောက် ထွက်သွားတာကို ကျွန်တော်ရုတ်တရက် သတိထားမိလိုက်ပါတယ်။ အဲ့ဒီလူ တွေဟာ အဓိပဓိ လမ်းအတိုင်း ဘွဲနှင်းသဘင် ဘက်ကို ရှောက်သွားကြပါတယ်။ ဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တယောက် ဟာအဲ့ဒီလူတွေ နောက်ကို ပြေးလိုက် သွားကြပါတယ်။ အဲ့ဒီလူတွေ အနားရောက်တော့ ကျွန်တော်က စပြီး အကိုတို့က ကျောင်းသားခေါင်း ဆောင်တွေလားလို့ မေးလိုက်ပါတယ်။ အဲ့ဒီအုပ်စုထဲက လူတယောက်က အေးဟုတ်တယ် မင်းတို့ ဘာလုပ်မလို့လဲ လို့ကျွန်တော် တိုကိုမေးပါတယ်။ ကျွန်တော်က ကျွန်တော်တို့က အထက်တန်းကျောင်းသားတွေပါ။ အကိုတို့နဲ့ အတူ ဆန္ဒပြချင်လို့ပါလို့ ပြောလိုက်တော့ မင်းတိုက ဘယ်ကျောင်းကလည်း ဆန္ဒပြချင်ရင် အခုမလာခဲ့နဲ့ မနက်ဖြန် မနက် (၉) နာရီလောက်မှ လာခဲ့ဆိုပြီး သူတို့ ခါးမှာ ထိုးထာတဲ့ စာရွက်လိတ်ကြီး တထုတ်ကို ကျွန်တော်တို့ကို ထုတ်ပေးပြီး မင်းတို့ကျောင်းမှာ ဝေပေးပါလို့ပြောပါတယ်။
ထာလိုက်ပါတော့ ကျွန်တော်အဓိက ပြောချင်တာက အရင်(၈၈) ကျောင်းသားခေါင်းဆောင်တွေရဲ့ အမျှော်အမြင် ရှိရှိလုံခြုံရေး သုံးသပ်ပုံကို အခုခေတ် လူငယ်တွေသိစေချင်လို့ပါ။
သူတို့ဟာ လျှိုဝှက်ရမယ့် ကိစ္စ နဲ့ လျှိုဝှက်ရမယ့် အချိန်ကို သိနေတာကိုပြောချင်တာပါ။ အခုခေတ်လူငယ်တချို လုံခြုံရေးအမြင်နဲ့တော့ အကွာကြီးပါ။ အခုခေတ်လုငယ်တွေဟာ မလျှိုဝှက်ရမဲ့ဟာတွေကို လျှိုဝှက်နေကြပြီး လျှိုဝှက်သင့်တဲ့ အရာတွေကို မလျှိုဝှက်ကြတာကြောင့် ကျွန်တော်တို့ အရေးတော်ပုံကြီးဟာ ဝမ်းချုပ်နေရတာပါ။ ကျွန်တော်တို့ဟာ တော်လှန်ရေးကို စတင်အကောင်အထည်ဖေါ်တဲ့ အချိန်မှာ လျှိုဝှက်ရပါမယ်။ ဒါပေမယ့် ဒီလို လျှိုဝှက်တာဟာလည်း မိမိကိုယ်ရေးကိုယ်တာကို အဓိကထား လျှိုဝှက်ရပါတယ်။ တော်လှန်ရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုတော့ ဖြစ်နိုင်သလောက် လူအများဆီ ရောက်အောင် နည်းလမ်းပေါင်းဆုံသုံးပြီး ဖြန့်ဝေပေးရပါတယ်။ဒါပေမယ့် အခုခေတ် လူငယ်အများစုကတော့ အချင်းချင်းစတွေ့ရင် မင်းဘယ်သူလဲ၊ ဘယ်သူဘယ်ဝါကို သိလားဆိုတဲ့ မေးခွန်းကိုစမေးပါတယ်။ ဒါဟာ မလုပ်သင့်တဲ့ အလုပ်တခုလို့မြင်ပါတယ်။ထားပါ။ အခုခေတ်မှာတော့ သတင်းဌာနတွေ ရှိလာလို့ လူရင်းစရာမလိုတော့ပါဘူး။ ဒါပေမယ့် လူရင်းရမယ့် ကိစ္စတွေရှိပါတယ်။ ဒါကဘာလဲဆိုရင် လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာ ပြည်သူတွေသိအောင် လုပ်ရတာပါ။ ဥပမာ( လူစီကားတဲ့နေရာမှာ စာရွက်ကြဲချတာမျိုးပါ) ဒီခေတ်အရပြောရရင် ဒါဟာ လှုပ်ရှားမှုရဲ့ ပြယုဂ် တခုအနေနဲ့သာ လုပ်ဆောင်တာဖြစ်ပြီ လူထုကို သတင်းအချက်အလက် ပေးတာမဟုတ်တဲ့အတွက် စာရွက်ဟာ အရွယ်အစား ကြီးမားစရာမလိုပါဘူး။ (၂)လက်မ(၅)လက်မလောက်ရှိတဲ့ အရောင်ရှိတဲ့ စာရွက်တခုပေါ်မှာ ထိရောက်တဲ့ စာသားတချို့ရေးထားရင် လုံလောက်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ဦးနောက်ကို အသုံးပြုဖို့အရေးကြီးပါတယ်။ ဒါကဘာလဲဆိုရင် ဥပမာ( မင်္ဂလာဈေးမှာ စာရွက်ကြဲမယ်ဆိုရင် အောက်ကနေ ကြဲနေစရာမလိုပါဘူး။ အပ်ါထပ် ကားပါကင်လို နေရာမျိုးကနေ ကြဲချပြီး ကိုယ်ရောင် ဖျောက်နိုင်ပါတယ်)။ ဒီလိုပါဘဲ အခြားနေရာတွေမှာလဲ ဥာဏ်သုံးပြီးလုပ်ရင် ရပါတယ်။
နောက်တခုက ကာလာသင်္ဂေတပါ။ ဒီကာလာ သင်္ဂေတလှုပ်ရှားမှုဟာ အရန်းသိမ်မွေနူညံ့တဲ့ တိုင်းပြည်တွေမှာ လုပ်ကြတာများပါတယ်။ ကျွန်တော်တို့လို တိုင်းပြည်မျိုးမှာ လုပ်မယ်ဆိုရင် ကို့ကိုယ်ကို ဝကွက်ပြီး ထောင်ထဲထည့်လိုက်တာနဲ့တူနေတဲ့အတွက် ဘယ်သူမှ ပါလာဖို့မရှိဘူးဆိုတာ ကျွန်တော်ရဲရဲကြီး အာမခံပါတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှုကို ဒီလိုအချိန်မှာ ရှောင်ရှားသင့်ပါတယ်။
နောက်တခုက တူရာစုဖွဲပြီး မိမိလုံခြုံရေး ကိုမိမိဘာသာ တာဝန်ယူဖို့ပါ။ ဒီလိုပါ လှုပ်ရှားမှုကို လုပ်ဆောင်တဲ့အခါမှာ မိမိနဲ့ နီးစပ်ရာ သူငယ်ချင်းအခြင်းခြင်းသာ စုဖွဲ့လုပ်ကိုင်ပါ။ ဒါပေမယ့် လူစုခွဲတဲ့အခါမှာတော့ မိမိဘယ်ကိုပြန်မယ် ၊ ဘယ်မှာအိပ်မယ်ဆိုတာ မိမိတဦးထဲကလွဲပြီး ဘယ်သူမှ မသိပါစေနဲ့။ မိမိကို တစုံတယောက်က အချိန်းအချက်လုပ်ခဲ့ရင်လည် မိမိက သူချိန်းတဲ့နေရာကို ကြိုတင်ရောက်နေပြီး သူချိန်းတဲ့ နေရာကို မိမိက ပြန်လည်လေ့လာလို့ရတဲ့နေရာကနေ မိမိကို ချိန်းတဲ့သူကို ပြန်လည်စောင့်ကြည့်နေပြီး အခြေအနေ ပေးမှ ထိုသူကို ထွက်တွေ့ပါ။ တခုခု သံသယ ရှိခဲ့ရင်တော့ လာလမ်းအတိုင်း ပြန်လှည့်ပါ။ ကျွန်တော်ဆိုလိုတာက မိမိကို လက်ဖရည်ဆိုင်တခုမှာ ချိန်းတယ်ဆိုရင် မိမိက ချိန်းထားတဲ့ လဖက်ရည်ဆိုင်ကို ပြန်မြင်နိုင်တဲ့ နေရာတခုကနေ အသင့်သွားရောက် စောင့်ဆိုင်းနေပါ။ တစုံတခု သံသယရှိရင် မိမိက အချိန်မှီ ရှောင်ထွက်သွားပါ။ ဒါဆို မိမိကို ဘယ်သူကချိန်းချိန်း ကိစ္စမရှိတော့ပါဘူး။
နောက်တခုက ပုံမှန်လုပ်ကိုင်မှုကို ရှောင်ရှားပါ။ ကျွန်တော်ဆိုလိုတာက မိမိဟာ အိမ်က ပုံမှန်အချိန်အပြင်ထွက်တာမျိုး၊ သွားနေပြန်နေကြ ပုံမှန်လမ်းကြောင်းကနေ အိမ်ပြန်တာမျိုး ၊ အိမ်ကထွက်ခွာတာမျိုးကို ရှောင်ရှားပါ။   မိမိတို့ အချင်းချင်းကြားမှာ ဆက်သွယ်ဖို့ သာမန်အရာထက် ထူးခြားမှုမရှိတဲ့ ဆက်သွယ်ရေး သင်္ဂေတ အမှတ်အသားကို ပုံသေမထားရှိပါနဲ့ အမြဲ ပြောင်းလဲပါ။ ဥပမာ(လက်မှာ သရေပင်ပတ်တာမျိုး၊ ဦးထုတ်ဆောင်းတာမျိုးပါ)။ အာဏာရှင်တော်လှန်ရေးမှာ အဲဒီလိုအသေးစိတ်တွက်ချက်ပြီး လုပ်ကိုင်ပါမှ မိမိဘက်က အသာစီးရနိုင်ပါတယ် ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကြီးဟာ ဆက်လက် ဝမ်းချုပ်နေအုံးမှာပါဘဲလို့ ပြေားရင်းနဲ့ အဆုံးသတ်ပါရစေ။ အယူအဆမှား စာလုံးပေါင်းအမှားများပါခဲ့ရင်။ သီးခံခွင့်လွတ်ပြီး ဖတ်ရှု့ကြစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

View doc  

Tuesday, March 1, 2011

created a doc "စမ်ချောင်းလေးများနိုးထကြ ။ ပင်လယ်ပြင်ဆီသွားကြဆို့။(၂)".
Aung Min created a doc "စမ်ချောင်းလေးများနိုးထကြ ။ ပင်လယ်ပြင်ဆီသွားကြဆို့။(၂)".
ကျွန်တော်တို့ မြန်မာပြည်မှာ ပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှုကို ဘယ်လောက်အထိ ပိတ်ပင်တားဆီး ခံထားရသလဲဆိုရင် ပြည်သူလူထု အများစုဟာ ဆန္ဒပြတာနဲ့ ဆူပူအောင်လှုံ့ဆော်တယ် ဆိုတာကိုတောင် ကွဲကွဲပြားပြား သိခွင့်မရတော့ပါဘူး။
ဒီည ကျွန်တော်ကို အထက်က တင်ပြခဲ့တဲ့ အကြောင်းလေးဆွေးနွေးခွင့်ပြုစေချင်ပါတယ်။
ဒီလိုပါ ဆန္ဒပြတယ်ဆိုတာကတော့ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အကြိုးအကြောင်းခိုင်လုံတဲ့ တောင်းဆိုချက်တွေကို ပထမဆုံး တာဝန်ရှိသူတွေထံကို အိတ်ဖွင်စာ(သတင်းဌာနများမှတဆင့်)နှင့်ပေးပို့ပြီး တောင်းဆိုရပါတယ်။ ဒီစာထဲမှာ မရှိမဖြစ်ပါဝင်ရမယ့် အချက်ကတော့ ဒီနေ့ဒီရက်မှာ တောင်းဆိုချက်တွေကို မပေးရင် ဘာလုပ်မယ် စသဖြင့်ဖေါ်ပြပေးရပါတယ်။ ဒီအဆင့်အထိကို ဆန္ဒထုတ်ဖေါ်တဲ့အဆင့် လို့ခေါ်ပါတယ်။ သတ်မှတ်ထားတဲ့ နေ့ရက်ရောက်လို့မှ မိမိထုတ်ဖေါ်ထားတဲ့ ဆန္ဒကို တာဝန်ရှိသူတွေက မလိုက်လျှော မဖြေရှင်းပေးဘူးဆိုရင်တော့ စည်းကမ်းရှိစွာ ဆန္ဒပြတောင်းဆိုတဲ့ အဆင့်ကို လုပ်ဆောင်နိုင်ပါပြီ ဒါဟာ ကမ္ဘာမှာ လက်ခံတားတဲ့ ပြည်သူလူထု ဆန္ဒပြမှုပါ။
ဆူပူအောင်လှုံ့ဆော်တယ်ဆိုတာကတော့ အားလုံးသိထားတဲ့အတိုင်းပါဘဲ လူများမျာရှိတဲ့နေရာမှာ တောင်းဆိုချက်တွေ အော်မယ်။ လိုက်ဖမ်းရင်ပြေးမယ်။ အဲဒီလို မတည်ငြိမ်အောင်လုပ်လေ အာဏာရှင်တွေက ကြိုက်လေ ပြည်သူလူထုက ဝေးဝေးပြေးလေ ပါဘဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီနည်းကို လုံးဝ ရှောင်ကျဉ် ရပါမယ်။
(၂၀၀၇) သံဃာ့ အရေးတော်ပုံကို ကြည့်ပါ။ အလွန်အင်မတန်မှ တည်ငြိမ်သော စည်းကမ်းရှိသော ဆန္ဒထုတ်ဖေါ်မှုပါ။ ပထမ အဆင့်မှာ တောင်းဆိုချက်တွေကို တောင်းဆိုတယ်။ ရက်ချိန်းပေးတယ်။ တည်တည်ငြိမ်ငြိမ်နဲ့တောင်းဆို ဆန္ဒပြကြတယ်။ ဒီလို ရှေ့ဆုံက တောင်းဆိုဆန္ဒပြတဲ့သူက ရဲရဲဝံ့ဝံ့ တည်တည်ကြည်ကြည် လုပ်ပြတဲ့အတွက် အနှစ်(၂၀)လုံးလုံး ငါတို့တော့ ဘာမှလုပ်လို့မရတော့ ပါဘူးဆိုတဲ့ ပြည်သူတရပ်လုံးလဲ အလူးအလဲထလာပြီး ရှေ့ဆုံးကပါဝင်လာတာဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် သံဃာလှုပ်ရှားမှုရဲ့ အားသာချက်က တစုတဝေးထဲ စိတ်တူကိုယ်တူ ရှိနေပြီးသား သူတွေကို ဦးဆောင်ရတဲ့အတွက် မလွယ်တာ မှန်ပေမယ့် အခက်ကြီးတော့ မဟုတ်းဘူးလို့ သုံးသပ်ပါရစေ။ နောက်တခုက လူစုစု နေရာတိုင်းမှာ ပြည်သူတွေရဲ့ လိုလားချက်တွေ တောင်းဆိုတိုင်း ဆန္ဒပြပွဲ မဟုတ်သလို ပြည်သူတွေက ပါဝင်လာမယ်လို့ မထင်ပါနဲ့ ဥပမာ( ၈၈ မျိုးဆက်ကျောင်းသားတွေဘဘ ဦးကြည်မောင် နှစ်လယ်အသုဘကနေ စီတန်းလမ်းရှောက်ပြန်လာတာဟာ ဆန္ဒပြမှုမမြောက်ဘူးလို့ သုံးသပ်ကြပါတယ်) ဘာကြောင့်လည်းဆိုရင် ဒီလိုစီတန်း လမ်းရှောက်မှုဟာ လှိုင်သာယာလို နေရာမျိုးမှာ ညနေတိုင်းဖြစ်နေတာပါ။ ဒါကြောင့် အကယ်၍ အထက်က (၈၈) ကျောင်းသားတွေရဲ့ စီတန်းလမ်းရှေက်မှုသာ ဆန္ဒပြမှုဖြစ်တယ်ဆိုရင် လှိုင်သာယာမှာ လမ်းရှောက်ချီတက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ပြောရမှာပါ။ ဒီနေရာမှာ စောဒကတက် နိုင်ပါတယ်။ ဒါက ဘာလဲဆိုရင် (၈၈) ကျောင်းသားတွေ စီတန်းလမ်းရှောက်တုံးက ကြွေးကြော်သံ တချိုအော်တယ်ဆိုတဲ့ ကိစ္စပါ။ ဒါက လူစုမိမှ အော်တာပါ။ဒါကြောင့် ဆန္ဒပြမှုမမြောက်ဘူးလို့ သုံးသပ်ကြတာပါ။ အကယ်၍ ဒီလိုမှ မဟုတ်ဘဲ အဲဒီလို စီတန်း လမ်းမရှောက်ခင် တညအလိုထဲက တောင်းဆိုချက် တချို့ကို တောင်းဆိုခဲ့တယ် ဆိုရင်တော့ ဒါဟာ ချီတက်ဆန္ဒပြပွဲတခုပါ။
ထားပါ အထက်ကတင်ပြချက်တွေက ပြန်လည်သုံးသပ်ချက်တွေပါ။ အခု မြန်မာပြည်မှာ ဖြစ်သင့်တဲ့ အခြေအနေတရပ်ကို ကျွန်တော်ဆွေးနွေး ပါရစေ။
ဒီလိုပါ ကျွန်တော်တို့ မြန်မာပြည်သူတွေမှာ စစ်အုပ်စုကို တော်လှန်လိုစိတ်လူတိုင်းမှာ ရှိကြသော်လည်း ကန်စွန်းဥ မီးအုံးသလို အပေါ်ရန်က အေးစက်နေတာကို တွေ့ကြရမှာပါ။ ဒါကြောင့် ဒီအပေါ်ရန် အခွံကို အရင်ဆုံးခွာချရပါမယ်။ ဒီအခွန်ကွာသွားမှ သူတို့ရဲ့ အစစ်အမှန် စိတ်ဓါတ်ကို ရမှာပါ။ ဒီအပေါ်ရန်အခွံ ကွာဖို့က ကျွန်တော်တို့ဆီမှာ လက်တလောအကြောင်းအရင်းတခု လိုလာပါတယ်။ ဒီလက်တလော အကြောင်းအရင်းဟာ ပြည်သူတရပ်လုံးရဲ့ ရင်ထဲကို ဆူးနင့်သွားစေမယ့် အကြောင်းအရင်းဆိုရင်တော့ အတိုင်းထက်အလွန်ပါဘဲ။
လက်တလောအကြောင်းအရင်းမရှိရင်တော့ ပြည်သူလူထုအတွက် အမှန်တကယ်အကြိုးရှိစေမယ့် အမျိုးသားရေး ရည်မှန်းချက် တွေကို ရှေ့တန်းတင် တောင်းဆိုရပါမယ် ဥပမာ( တွေဆုံဆွေးနွေး အဖြေရှာရေးကို ဒီရက်ဒီရက်အတွင်း လုပ်ပါ ဒီလိုမှမလုပ်ရင် လူထုကြီးအနေနဲ့ ဒီရက်ဒီရက်မှာ ဘယ်နေရာကို လာစု ကြပါ) စသည်အားဖြင့် ဖန်တီးရပါမယ်။ ဒီလိုတောင်းဆိုချက်ဟာ တိုတောင်း ပြတ်သားပြီး ရှင်းလင်းအကြိုးရှိဖို့လိုပါတယ်။ ဒီလိုတောင်းဆိုချက်မျိုးကို တောင်းဆိုပြီးပြီ ဆိုရင်တော့ သက်မှတ်ထားတဲ့နေရာကို လူတယာက်ထဲချီတက်လည်း ဒါဟာ ဆန္ဒပြတောင်းဆိုမှုပါဘဲ။ နောက်တခု အရေးကြီးတာက ဘယ်ကိစ္စမှာမဆို အရင်းအနှီးတော့ လုပ်ကြရပါတယ်။ ဆန္ဒပြပွဲမျိုးနဲ့ ဆိုင်တဲ့ ရင်းနှီးပေးဆပ်သူတွေဟာ ကြောက်စိတ်ကင်းပြီး တည်ငြိမ်နေဖို့လိုပါတယ် ဒါမှသာ မိမိနောက်ကို လိုက်ကြမယ့်သူတွေဟာ ကို့ကိုယ်ကို ယုံကြည်မှုအပြည့် ရှိကြမှာပါ။ နောက်ထပ်အရေး ကြီးဆုံးတချက်ကတော့ စတင်တဲ့ ရက်သက်မှတ်ခြင်းပါဘဲ ဒီလို စတင်တဲ့ရက်သက်မှတ်တဲ့ အခါမှာ ရုံး၊ကျောင်း ပိတ်ရက်တွေ မဖြစ်ဖို့ အရမ်းအရေးကြီးသလို စတင်ပြီးနောက်တရက်ဟာလည်း ရုံး၊ကျောင်း ပိတ်ရက်တွေမဖြစ်ဖို့ အရေးကြီးပါတယ်။ အကယ်၍ ရုံး၊ ကျောင်းပိတ်ရက်တွေ ဖြစ်ခဲ့ရင် ဆန္ဒပြမှု ခါးပြတ်သွားနိုင်သလို မိမိကို နိမ်နင်းမဲ့သူတွေဘက်ကလည်း အချိန်တွေ အများကြီးရသွားနိုင်ပါတယ်။ ဥပမာ( သံဃာ အရေးအခင်းကို စတင် ဖြိုခွဲတဲ့နေ့ဟာ လပြည့်နေ့ဖြစ်ပါတယ်)။ ဆန္ဒပြမှုတွေ စတင်ဖို့ အကောင်းဆုံးနေ့ကတော့ အင်္ဂါနေ့ သာဖြစ်ပါတယ်လို့ ဆွေးနွေးရင်းနဲ့ ဒီနေ့ နားခွင့်ပြုပါ။ စာကြွင်း စာကျန် သက်ပုံမှားများနှင့်  အယူအဆ အတွေးအခေါ် မတူညီတာတွေရှိခဲ့ရင် သီးခံခွင့်လွတ်ကြပါလို့ ပြောကြားလိုပါတယ်။ စမ်းချောင်းလေးများ လွတ်လပ်စွာ ပင်လယ်ပြင်အတွင်း စီးဝင်နိုင်ကြပါစေ။

JD

Link to Human Rights Myanmar

Posted: 01 Mar 2011 02:13 AM PST


 ( ကိုမောင်မောင်ဝမ်း ရေးသားပေးသည်။ )                                                                                         
Facebook စာမျက်နှာမှာ လူငယ်တဖွဲ့ကနေတော်လှန်ရေး တပ်လှန့်သံတခုနဲ့ ပေါ်ထွက်လာတော့
အဲဒီလူငယ်တွေကို ချီးကျူးမိ ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များဟာ နိုင်ငံရေးကိုဇက်ကြိုး
ပြတ်အောင်လုပ်နေတဲ့ အချိန်ကာလများမှာ တိုင်းပြည် ဒီမိုကရေစီ လွတ်မြောက်ရေး တိုက်ပွဲအတွက်
တတပ်တအားပါဝင်လာတာကို တွေ့ရလို့ပါ။ အခုဆိုရင်သူတို့ရဲ့
စည်းရုံးလှုံ့ဆော်ဆောင်ရွက်ချက်တွေဟာ တော်တော်တောင်ခရီးပေါက်နေပြီ၊ တော်တော်များများရင်ထဲမှာ
JD (just-Do-it အတိုကောက်) ဆိုတာသန္ဓေတည်နေပြီ။
တချို့အမြင်လေးတွေကိုလည်းတွေ့ရတယ်၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုတောင်
သူတို့ကအယုံကြည်မရှိတော့ဘူး၊ ဒီနေရာမှာကျနော်လည်း ဒီသဘောထားဝင်နေတာ ကာလတခုရှိသွားပြီဗျ၊
မူလအစက တွေ့ဆုံဆွေးနွေးရေးဆိုတာ ကျနော့်နိုင်ငံရေးယုံကြည်ချက်ထဲမှာ သံမိုစွဲထားသလိုရှိနေတဲ့
အရာတွေပါ၊ ဒါ့အတွက်ကိုယ့်ဘ၀ကိုကာလတခုမှာပေးဆပ်ခဲ့ဘူးပါတယ်
ဒါပေမဲ့အခုသိပ်မယုံကြည်တော့ဘူး (စွန့်ပယ်ဆုံးဖြတ်တယ်လို့တော့ မဆိုလိုပါဘူး)
အလုပ်သိပ်မဖြစ်တော့ဘူးလို့ထင်လို့ပါ၊ တကယ်လည်း အခုထိအလုပ်မဖြစ်ပါဘူး အားမလိုအားမရစိတ်နဲ့
ပြောတာပါလို့ စွပ်စွဲမယ်ဆိုလည်းခံဘို့ အသင့်ပါပဲ။ တိုင်းပြည်လူထုကတဖြည်းဖြည်းနဲ့
ဆင်းရဲတွင်းနက်လာလိုက်တာ ၁၉၈၈မတိုင်မှီကထက်တောင်ပိုဆိုးလာတယ်၊
စစ်အာဏာရှင်များဘက်ကသိသာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလည်းမူ့မပြောနဲ့
နောက်ဆုံးထွက်သက်တွေအထိ အာဏာကိုဆုတ်ကိုင်သွားကြဘို့ကိုတောင် အတည်ပြုဆုံးဖြတ်ပြီးနေကြပြီ၊
ဒီတော့ကျနော်တို့မှာ ရွေးချယ်စရာလမ်းက သိပ်များများစားစားမကျန်တော့ဘူး
တခုတည်းသောနည်းလမ်းပဲကျန်တော့တယ်။ ဒါကတော့လူထုတိုက်ပွဲ။
နိုင်ငံတကာဒီမိုကရေစီလွတ်မြောက်လာတဲ့ တိုင်းပြည်တော်တော်များများကိုလေ့လာကြည့်တဲ့
အခါအာဏာရှင်ကို လူထုတိုက်ပွဲနဲ့ အောင်ပွဲဆင်လာတာပဲများတယ်။
ဟိုးလွန်ခဲ့တဲ့နှစ်များစွာကစလို့ ဒီကနေ့လွတ်မြောက်ရေးတိုက်ပွဲဆင်နွဲနေတဲ့ နိုင်ငံတွေအဆုံး
လူထုတိုက်ပွဲနဲ့ပဲ အဆုံးသတ်သွားကြတယ်။

ဒါကိုလူငယ်တွေကရိပ်မိတယ်၊ သူတို့အမြင်ကပြတ်သားတယ်၊ တခုတည်းသောနည်းလမ်းကို သဘောပေါက်တယ်။
တချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မချင့်မရဲ အားမလိုအားမရဖြစ်ကြတယ်၊
ဒီနေရာမှာ ကျနော်နည်းနည်းလောက်ပြောပရစေ၊ ဥပမာလေးနဲ့ပေါ့……..
ဒေသတခုမှာသိပ်ဆိုးသွမ်းနေတဲ့ လူတစ်ယောက်ရှိတယ်… အရပ်မခံနိုင်လောက်အောင်ကိုဆိုးတာ….
လူထုကို ဒုက္ခပေးတာများလာတော့ နောက်ဆုံးသီးမခံနိုင်တော့ဘူး ဒေသမှာရှိတဲ့
ကိုးကွယ်ရာ.. ဆရာတော်ကိုတင်လျှောက်ကြတယ်…. ဆရာတော်ကတော့… ဘုရားဒေသနာတော်တွေ၊
ဇာတ်တော်တွေကို ကိုးကားပြီးတရားချတယ်… အဆုံးသတ်ကတော့.. သူ့တရားသူစီရင်သွားပါလိမ့်မယ်ပေါ့……
ဒါပေမဲ့ဘယ်လိုမှ သီးမခံနိုင်တော့တဲ့ ရပ်ကွက်ကလူငယ်တွေကဆုံးဖြတ်ပြီ…..
ဒီကောင်ကိုဒီအတိုင်းကတော့မရဘူး…. ဆရာတော်ပြောသလိုသူ့တရားသူ..
စီရင်သွားပါလိမ့်မယ်ဆိုတာ... သူအရင်အစီရင်မခံရခင်.. တို့ကအရင်အစီရင်ခံနေရတယ်….
ဒီတော့အပြတ်ရှင်းပစ်တာပဲကောင်းတယ်ဆိုရင်….. ဆိုပါစို့..
ဒါကိုဘုန်းတော်ကြီးဆီတင်လျှောက်ကြမယ်… ဘုန်းတော်ကြီးကဒကာတို့ဆုံးဖြတ်တာ..ကောင်းတယ်…
ဒီအ တိုင်းဖြစ်သင့်တယ်လို့ဘယ်ပြောပါ့မလည်း၊ ဘုန်းကြီးဆိုတာ.. ဘုန်းကြီးဝိနည်းကိုစောင့်ထိန်းရသေးတယ်လေ…
အဲဒီလိုသွား ပြောလိုက်ရင်… အာပတ်သင့်သွားမှာပေါ့…..
တကယ်ကဒီလိုလုပ်ရပ်မျိုးလုပ်မယ်ဆိုရင်တောင်.. ဘုန်းကြီးကိုမလျှောက်သင့်တဲ့ စကားပါ၊
ကိုယ်လုပ်သင့်တယ်ထင်တာကို ကိုယ်တိုင်လုပ်သွားတာ အကောင်းဆုံးပါ….ဒီလိုပဲပြောပရစေတော့ဗျာ……

နောက်တခါနိုင်ငံရေးလူတ်ရှားဆောင်ရွက်နေတဲ့ လူငယ်များကို ကျနော့်အတွေ့အကြုံလေး
တွေတင်ပြပေးချင်ပါ တယ်။ ကျနော်တို့၁၉၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ဘို့ကြိုးစားဆောင်
ရွက်နေတဲ့ ကာလများဆီမှာ အမြဲကြားရတဲ့ စကားရှိပါတယ်.. မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်လို့ ဘာဖြစ်မှာ
လည်းတို့နံရံကိုကြက်ဥနဲ့ ပေါက်သလိုဖြစ်မှာပေါ့ဆိုတဲ့စကားတွေပါ။ တော်တော်ခံရခက်
တဲ့စကားတွေဆိုမမှားပါဘူး မင်းတို့လုပ်လို့ဘာဖြစ်လာမှာလည်း မင်းတို့မှာ လက်နှက်ဆို
အပ်တိုတချောင်းတောင်ရှိတာမဟုတ်ဘူး ဟိုမှာ ကတတိုင်းပြည်လုံး လက်နှက်နဲ့အုပ်ချုပ်ထားတာတို့
ဆိုတာတွေလည်း ပါသေးတယ်။ ဒီကြားထဲ မဆလ ပါတီ ဥက္ကဌကြီး
အာဏာရှင် ဦးနေ၀င်းက …ရုပ်မြင်သံကြားကနေ…စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး…
ပစ်ရင်မှန်အောင်ပစ်တယ်… စသဖြင့်ပေါ့…ကျနော့်တို့ရင်ထဲဘယ်လိုဖြစ်ခဲ့မိသလည်းဆိုတော့
နည်းနည်းအားငယ်မိတယ် ကြောက်မိတယ်…ဒါအမှန်ပါ၊ ငါတို့ဖြစ်ကောဖြစ်ပါ့မလားဆိုတဲ့
သံသယတွေဝင်မိတာလည်း အခါခါ….. နောက်ဆုံးဇာတ်သိမ်းခန်းမှာတော့
မဆလပါတီကြီးဘုန်းဘုန်းလည်းပြိုကျသွားပြီး သမ္မတသုံးဆက်ပြုတ်ကျသွားခဲ့တာ
အားလုံးသိပြီးသားပါ…..အခုလည်း လူငယ်မျိုးဆက်သစ်တွေက
လူထုတော်လှန်ရေးကြီးဖော်ဆောင်မယ်ကြံတော့ ဒီလိုစကားလုံးတွေမဟုတ်ပေမဲ့…..
ဒီလိုအနှစ်သာရမျိုးကိုဆောင်တဲ့ စကားသံတွေအရေးသားတွေ.. အပြောအဆိုတွေ..ခနဲ့တဲ့တဲ့..
အသံတွေကြားရဦးမှာပါပဲ…၊ တခါတုန်းကလူငယ်တဦးနဲ့ အွန်လိုင်းပေါ်မှာအဲဒီ့အကြောင်းအရာ ပြောဖြစ်ကြတော့
ကျနော်ကရီစရာနဲ့ ရောပြောလိုက်တယ်…. ချဲသမားစကားနဲ့ပြောရရင်… အဲသလိုအသံတွေကြားရပြီဆို
ဂွင်ကျဂွင်နမှန်နေပြီလို့သာ အောင်မေ့ပေတော့…ဒီဂွင်အတိုင်းဆင်းလာတာပဲ…
မင်းတို့ဖော်ဆောင်နေတဲ့ လူထုတော်လှန်ရေးမလွဲမသွေကိုအောင်မြင်မှာကွ
လို့ပြောပြီးသဘောကျမိပါသေးတယ်. ကျနော်၈၈လူထုတော်လှန်ရေးကာလ
လူထုတရားပွဲတခုမှာပြောခဲ့ဘူးတဲ့စကားကို အမှတ်ရမိနေပါသေးတယ်….
“ကျနော်တို့မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်ပါတယ်… ဒါပေမဲ့မြင့်မိုရ်တောင်ကြီးပြိုကျသွားပါ တယ်…
ဘာလို့လည်းဆိုတော့ ဇီးစေ့ထဲမှာ နည်းနည်းလေးနဲ့အင်အားပြင်းထံတဲ့..နယူးကလီးရား ပါသွားလို့ပါ…
နောက်တခါ နံရံကိုကြက်ဥနဲ့ပေါက်ပါတယ်… အခါခါပေါက်ပါတယ်…နံရံကတော့မပြိုပါဘူး..
ကြက်ဥတွေကတော့.. တလုံးပြီးတလုံးကွဲပါတယ်… ဒါပေမဲ့ပေါက်ပါများလို့လားမသိဘူး… ကာလကြာတော့..
အဲဒီ့ကြက်ဥအရည်တွေကပုတ်ကုန်ပါတယ်… ပတ်ဝန်းကျင်လူထုမခံနိုင်တော့ပါဘူး… နောက်ဆုံး..
အပုတ်နံ့တွေလှိုင်နေတဲ့ အဲဒီနံရံကြီးကို လူထုက လာဖြိုလှဲချလိုက်ပါတယ် ”

ကျနော်တို့နိုင်ငံမှာက ခေတ်အဆက်ဆက်အာဏာရှင်များက
နိုင်ငံရေးဆိုတာကိုပုံဖျက်သွားကြလေတော့… နိုင်ငံရေးလို့အသံကြားလိုက်တာနဲ
အားလုံးကတွန့်ဆုတ်သွားတော့တာပဲ… တကယ်တော့နိုင်ငံရေးဆိုတာ တနိုင်ငံသားလုံးရဲ့အရေးပါ …
အားလုံးနဲ့သက်ဆိုင်ပါတယ်… နိုင်ငံလွတ်မြောက်ရေးအတွက်အားလုံးမှာ
ဘက်ပေါင်းစုံကတာဝန်ရှိပါတယ်…. အနိမ့်ဆုံးစိတ်ဓါတ်လေးနဲ့ပဲဖြစ်ဖြစ် ၀ိုင်းဝန်းပံ့ပိုးပေးကြပါ၊
တချို့ကလည်းအထိနာမှာ ကြောက်လို့စိုးရိမ်ကြတဲ့သူတွေရှိပါတယ်။ သူတို့ကို လည်း
အပြစ်မဆိုသာပါဘူး ဒါပေမဲ့တခုတော့ရှိပါတယ်… ရောဂါပျောက်ကင်းဘို့ကုသရာမှာ…
တင်ပါးကိုဆေးထိုးအပ်စိုက်လို့ နာကျင်ခြင်းမျိုးတော့ပေးဆပ်ရပါလိမ့်မယ်…. တခုခုကိုလိုချင်ရင်..
တခုခုတော့ပေးဆပ်ရပါလိမ့်မယ်၊ Freedom is not free ( လွတ်မြောက်မူ့ဆိုတာ အလကားမရပါဘူး )

တချို့ကစိုးရိမ်ချက်လေးတွေရှိပါတယ်…. လူနည်းနည်းလေးပဲရှိသေးတယ်..ဖြစ်ပါ့မလားတဲ့….
ခုဆိုရင် JD အဖွဲ့ကစည်းရုံးထားတာတော်တော်များများရှိနေပါပြီ.. တကယ်တော့လိုအပ်တာခေါင်း
ဆောင်မူ့ပေးနိုင်သော အရည်အသွေးရှိပြီးယုံကြည်ချက်၊ ခံယူချက်ပြင်းထံတဲ့သူ အနည်းငယ်ပဲလိုတာပါ..
အများကြီးမလိုပါဘူး… တူနီးရှားမှာ လူငယ်အယောက် လေးဆယ်နဲ့ပဲဦးဆောင်သွားတာပါ၊
အဲဒီလေးဆယ်နဲ့ပဲစတင်ခဲ့တာပါ၊ မြန်မာလူထုကမခံရပ်နိုင်ဖြစ်နေတာကြာပါပြီ ဥပမာပြောရရင်
ယမ်းပုံကြီးတပုံလိုပါပဲ.. မီးပွားစလေးတချက်ကျဘို့ပဲလိုနေတာပါ၊

တိုင်းပြည်ဟာ…တစတစဆင်းရဲတွင်းနက်နေပါပြီ…
ရွေးချယ်စရာလမ်းလည်းမကျန်တော့ပါဘူး… တခုတည်းသောလမ်းပဲရှိပါတော့တယ်
(နိုင်ငံရေးသီအိုရီတွေ.. ဒသနတွေနဲ့ကာပြောပြောနေယုံနဲ့ အလုပ်မဖြစ်နိုင်တော့ပါဘူး)…
စစ်အာဏာရှင်တွေလုပ်နေသမျှ.. ဘာတခုမှယုံကြည်စရာအကြောင်းမရှိတော့ပါဘူး…..
တိုင်းပြည်လွတ်မြောက်ဘို့အကောင်းဆုံးနည်း လမ်းကတော့..ယခုလူငယ်တွေဦးဆောင်နေတဲ့
Just Do it ကိုဝန်းရံလိုက်ပါ..သင်ကိုယ်တိုင်..JD အဖြစ်ခံယူပါ။
အဆုံးသတ် ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွဲပါ၊
အာဏာရှင်များကို မြန်မာ့မြေပေါ်ကနေအပြီးတိုင် မြေမြူတ်ပစ်လိုက်ပါ၊

အာဏာရှင်ကိုဆန့်ကျင်ဘို့..ခုပဲစကြစို့
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။