Saturday, March 30, 2013

Unforgotable Radio Songs from BBS (Burma Broadcasting Service) Part 1

https://www.youtube.com/watch?feature=player_embedded&v=J-C26no4BWE

ဒီမိုကရေစီခရီး နဲ့ ဆူးငြောင့်ခလုတ်များ

ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီရေး ပြပြုပြောင်းလဲမှုကို ဘယ်လောက်အထိ အဟန့် အတားဖြစ်စေပါသလဲ။ ယဉ်ကျေးမှု၊ ဘာသာရေး ကွဲလွဲမှုတွေအပေါ်မှာ သည်းညည်းမခံနိုင်တဲ့ လူ့အဖွဲ့ အစည်းတစ်ခုမှာ ဒီမိုကရေစီ ထွန်းကားနိုင်မယ့် အလားအလာကရော ဘယ်လောက် ရှိပါသလဲ။ NLD သဘာပတိ သတင်းစာဆရာကြီး ဦးဝင်းတင် နှင့် မြန်မာအရေးသုံးသပ်သူ သမိုင်းပညာရှင် ဦးအောင်ခင် တို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင် ခင်များ။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဘယ်လောက်အရေးကြီးတဲ့ စိန်ခေါ်မှုတွေလို့ ဆရာ ထင်ပါသလဲ။
ဦးဝင်းတင် ။ ။ ဒီမေးခွန်းကို ကျနော်အမှန်အတိုင်းပြောရရင် ဒီလတ်တလောအတွင်းမှာ မီဒီယာတွေနှင့် တွေ့ တဲ့အခါမှာ ကျနော် နောက်ဆုံးပိတ်မှာ ထားပြောတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ က နိုင်ငံရေးပါတီတွေ ဖြစ်နေတယ်၊ နိုင်ငံရေးသမားတွေ ဖြစ်နေတယ် ဆိုတော့ နိုင်ငံရေးကို ကျနော် တို့ ဇောင်းပေးပြီးတော့ တမင်တွန်းပို့တဲ့ဟာမျိုး ဖြစ်မှာစိုးတဲ့အတွက် ကျနော် ဒီကိစ္စကို ကျနော် နောက် ဆုံးပိတ်မှာထားပြောပါတယ်။ သို့သော် အခု ဦးကျော်ဇံသာက ဒီကိစ္စကို ပထမဆုံးတန်းပြီးတော့ ဒီဟာ အရေး ကြီး တဲ့ကိစ္စကို အရေးကြီးတဲ့အတိုင်းပဲ ကျနော်လည်း ဖြေကြားဖို့ တာဝန်ရှိတယ်လို့ ကျနော် သဘောထားတယ်။ အဲဒီတော့ ဦးကျော်ဇံသာ ပြောတဲ့အတိုင်းပဲ ဒီဟာ အတိုးချုပ်နှင့် ပြောရ မယ်ဆို ရင်တော့ ဒီဟာက ဗမာပြည်မှာ ဒီကနေ့ဆောင်ရွက်နေကြတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးတွေ ကို သေရေးရှင်ရေးအမျှ အရေးကြီးတယ် အန္တရာယ် ဖြစ်နိုင်တယ်လို့ပဲ ကျနော် သုံးသပ်ပြပြီး ပြော ချင်ပါ တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာ ဦးအောင်ခင်။

ဦးအောင်ခင် ။ ။ အများဆုံးတာဝန်ရှိတာတော့ အစိုးရပေါ့။ အစိုးရက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာဏာရှင် စစ်အစိုးရအနေနှင့် အုပ်ချုပ်လာတယ်။ အုပ်ချုပ်လာပြီး အခု ဒီမိုကရေစီအစိုးရခေတ်မှာ နည်းနည်းပါးပါး ဖွင့်လိုက်တယ်ဆိုတော့ လူတွေကလည်း မကျေနပ်တာလေးတွေ ဘာလေးတွေ ပြောလာတယ်။ ဆိုတော့ အဲဒီတော့ ဒီအစိုးရက ဘယ်လောက်ထိတောင် သူထိန်းနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ သူမထိန်းနိုင်ရင် သူ့ပြုပြင်ရေးလုပ်ငန်းတွေ သူ မအောင်မြင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ချက်ချင်းလုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ တဖြည်းဖြည်း လုပ်ရမယ့်ကိစ္စ။ လူမျိုးရေး ဘာသာရေးနှင့် ပက်သတ်တဲ့ကိစ္စတွေက အကုန်လုံး တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပဲ။ ဆိုတော့ ဒါတွေဖြစ်လို့ရှိရင်လည်း ထိန်းလို့သိမ်းလို့ မရဘူး။ အဲဒီတော့ အရင်တုန်းက နည်းနည်းပါးပါးဖြစ်တာ ထိန်းသိမ်းနိုင်ခဲ့တယ်။ နောက်ကြီးလာတဲ့အခါကြတော့ မထိန်းသိမ်းနိုင်တဲ့အခါကြတော့ အကုန်လုံး အစီအစဉ်တွေ အကုန်ပျက်တာပေါ့ဗျာ။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဆရာက အစိုးရမှာ တာဝန်ရှိတယ်ဆိုတော့ ဒီကိစ္စမှာ နိုင်ငံရေး ပယောဂ ပါပါသလား။ ဒီကိစ္စဖြစ်လာတာ။ သို့မဟုတ် လူထုက ရင့်ကျက်မှုမရှိတာလား။

ဦးအောင်ခင် ။ ။ တိုင်းပြည်ကတော့ နိုင်ငံရေးကတော့ မတည်ငြိမ်ဘူးပေါ့။ နိုင်ငံရေးက မတည်ငြိမ်တဲ့ တိုင်းပြည်မှာ ဒါမျိုးဖြစ်တဲ့အခါကြတော့ ပိုဆိုးတာပေါ့။ ဆိုတော့ ဒီအပြောင်းအလဲ လုပ်တာတွေဘာတွေ မကြိုက်တဲ့လူကလည်းပဲ မြှောက်ထိုးပင့်ကော် လုပ်နိုင်တာပဲ။ ဒီကိစ္စက ဒီအမှိုက်ကအစ ပြသာဒ်မီးလောင်ဆိုပြီး ဖြစ်သွားနိုင်တဲ့ကိစ္စတွေကိုး။ ဆိုတော့ အသေးအမွှားကိစ္စလေးကနေ ပုံကြီးချဲ့ပြီးတော့ အကြီးအကျယ် ရုန်းရင်ဆန်ခတ် ဖြစ်ပြီးတော့ တစ်မြို့လုံးမီးလောင်တဲ့အထိ ဖြစ်သွားကြတာကိုး။ အဲဒါကို အချိန်မီထိန်းသိမ်းနိုင်ဖို့က အစိုးရမှာ တာဝန်ရှိတယ်။ ဒါမျိုးတွေက အနောက်တိုင်းမှာလည်း ဖြစ်တာပဲ။ ပဲရစ်(စ်) မှာလည်း ဖြစ်တယ်။ အနောက်တိုင်းမှာ အကုန်ဖြစ်တာပဲ။ ဒိန်မတ်၊ မူစလင်နှင့် ပတ်သက်တဲ့ အဓိကရုဏ်းတွေက ဖြစ်တာပဲ။ ဖြစ်ရင် အနောက်တိုင်းက ဒါကို ထိန်းနိုင်သိမ်းနိုင်တယ်။ အနောက်တိုင်းမှာရှိတဲ့ မူစလင်အများစုကလည်း ဒီလို မြှောက်ပေးတိုင်းလုပ်မယ့်လူ မဟုတ်ဘူးပေါ့ဗျာ။ ဆိုတော့ အဲဒါမျိုးပေါ့။ ဒီကရှိတဲ့လူတွေက ပရိသတ်ကလည်း ရင့်ကျက်တယ်ဆိုတော့ ထိန်းရသိမ်းရတာ လွယ်ကူတယ်။ ဗမာပြည်ကျတော့ ပရိသတ်ကလည်း မရင့်ကျက်ဘူးဆိုတော့ ဟိုဒင်းပေါ့ဗျာ ဘာခေါ်လဲ Emotional  ဖြစ်တာပေါ့။ ထစ်ကနေဆိုရင် ကိုယ့်ဟာနှင့်ကိုယ် အကြမ်းဖက်ချင်တဲ့စိတ်ဓာတ်တွေ နှစ်ဖက်စလုံးရှိတာပေါ့။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဆရာ ဦးဝင်းတင်။

ဦးဝင်းတင် ။ ။ ကျနော် အဲဒါနှင့်ပတ်သက်လို့တော့ ဘယ်လိုပြောချင်လဲဆိုတော့ ဒီကိစ္စလည်း ကျနော်တို့က အမှန်တိုင်းပြောရရင် နောက်ပိုင်းမှာပြောတဲ့စကားတွေပဲ။ ဦးကျော်ဇံသာကသာ ဒါအရေးကြီး ရှေ့ တန်းကိုတင်ပြီး ပြောတဲ့အခါကြတော့ ဒါတွေလည်း ကျနော်တို့ ရှေ့ တန်းကနေပြီး ဖြေရမယ့်ဝတ္တရားရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း ဒီဟာကိစ္စက အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးနောက်ကနေ ကြည့်တဲ့အခါမှာ နိုင်ငံရေး ပယောဂလားဆိုတာတော့ ကျနော် အတိအကျမပြောနိုင်ဘူး။ သို့သော် ပယောဂတွေ ရှိတယ်ဆိုတာတော့ ကျနော် အတိအကျကို ပြောလို့ရတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခု ဒီနေ့ဖြစ်နေတဲ့ကိစ္စဟာ လူမျိုးရေးဆန်ဆန်လည်း ပါနေတယ်။ တခါ တဖက်ကနေပြီးတော့ ဘာသာရေးကိစ္စဆိုတာလည်း မူစလင် ဆန့်ကျင်ရေးတို့ပါတယ်။ နောက်တခါ အဲဒီမှာ လှုံဆော်တဲ့နေရာမှာ မူစလင်ဖက်က အစွန်းရောက်တွေ ပါတယ်ဆိုတာ ဒါကျနော်တို့တွေ သိနေတဲ့ဟာ တွေရှိပါတယ်။ အလားတူပဲ ဗုဒ္ဓဘာသာဖက်ကလည်း ဒီအစွန်းရောက်တွေရှိတယ်။ အဲလူတွေက လှုံဆော်တာ ရှိတယ်ဆိုတာလည်း ထင်ရှားပါတယ်။ အတိုးဆုံး လက္ခဏာတွေ ပြောရရင် ဘာသာရေးပုံစံနှင့် ချဉ်းကပ်ရာကနေ အခုကျတော့ ဒီ အရပ်သူအရပ်သားချင်း  ပြည်သူလူထုကြားထဲမှာကို ပြဿနာဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ သဘောတွေက ပေါ်လာတယ်။

အဲဒါဟာ တော်တော်အရေးကြီးတဲ့ကိစ္စလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆိုပါတော့ ရန်ကုန်မှာ အခု မနေ့တနေ့ကဖြစ်တဲ့ ညပိုင်းမှာဖြစ်တဲ့ဟာဆိုလို့ရှိရင် ဘာလုပ်လဲဆိုရင် ဒီလူတစ်စုကနေပြီးတော့ ညမထွက်ရအမိန့်ထုတ်ပြီး ၉ နာရီဆိုရင် ဆိုင်တွေဘာတွေပိတ်ပြီး ညမသွားရဆိုတဲ့ဟာ ထုတ်နေတဲ့အချိန်မှာကို အဲဒါကားတွေနှင့် တခါတည်း ရပ်ကွက်တွေထဲကို ဝင်လာပြီးတော့ မူစလင်များတဲ့ ရပ်ကွက်ကြတော့ ဗမာတွေ မူစလင်တွေကို သတ်တော့မယ်။ ဗမာတွေ လာနေပြီးဆိုတဲ့ဟာမျိုးတွေ ပြောတယ်။ နောက်တခါ ဗမာရပ်ကွက်ကြတော့အခါလည်း မူစလင်တွေက လာနေပြီး ဗမာတွေကို လည်းလှီးတော့မယ် ဆိုတော့ဟာမျိုး လှုံဆော်သွားတယ်။ အဲဒီတော့ ဆိုလိုတာက ဘာလဲဆိုတော့ နောက်ကနေ လှုံဆော်နေတဲ့ မသမာတဲ့ ပယောဂတွေ ဆိုတာတော့ ရှိတယ်ဆိုတာ ကျနော် အတိကျပြောနိုင်ပြီ။ သို့သော် ဒီပယောဂတွေဟာ နိုင်ငံရေးပယောဂလား သို့မဟုတ်လည်း အခြားခြားသောအင်အားစုများရဲ့ ပယောဂဆိုတာတော့ ကျနော်တို့ ဆက်ပြီးတော့ စောင့်ကြည့်ပြီးတော့ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ် ဖော်ထုတ်ရမယ့်ကိစ္စ  ဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတာက ဒီ ပယောဂ သွေးထိုးလှုံဆော်တဲ့လူတစ်စု သူတို့ကိုယ်၌က ဒီမိုကရေစီ ဖြစ်ထွန်းလာရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီထွန်ကားတဲ့ လူအဖွဲ့အစည်းဖြစ်လာရင် သူတို့အတွက်လည်း ကောင်းလိမ့်မယ် အကျိုးရှိလိမ့်မယ်လို့ သူတို့က မယုံကြည်တာလား။ ဒါ့အပြင် သူတို့လှုပ်ဆောင်မှုကို လိုက်ပါတဲ့ လူထုကရော ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းဟာ ငါတို့အားလုံးအတွက် ပိုကောင်းမယ်ဆိုတာကို သူတို့ သေသေချာချာ သဘောမပေါက်နိုင်တာလား။

ဦးဝင်းတင် ။ ။ အဲဒီ သဘောပေါက်မှုတွေကတော့ ကျနော်ထင်တယ် ဒါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြစ်တဲ့အခါကြတော့ သူတို့ရဲ့အတွင်းသဘောကို ကျနော်တို့ မသိနိုင်ဘူး။ သို့သော် အခုနကပြောသလို သူတို့ ကျူးလွန်နေတယ် သူတို့တွေ ဖန်တီးနေတယ်။ သဝန်တိုမှုတွေ သို့မဟုတ်လည်း အချင်းချင်း ရန်လိုမှုတွေ အချင်းချင်းကို သတ်မယ်ဖြတ်မယ် ဘီးလူးစီး၊ သရဲစီးသလိုဖြစ်အောင် လုပ်နေတာကတော့ ဘာပဲပြောပြော ဒီပြောင်းလဲနေတဲ့အခြေအနေ ပြောင်းလဲနေတဲ့ နိုင်ငံတော်မှာ ဒီမိုကရေစီတို့ဘာတို့ ပြောင်းလဲတဲ့ပုံသဏ္ဍန်နှင့် ပတ်သက်လို့ မကြိုက်ဘူးဆိုတာတော့ ထင်ရှားနေတယ်။

ဦးကျော်ဇံသာ ။ ။ လူထုတွေက အဲဒီလို ပယောဂ သွေးထိုးမှုတွေ မြှောက်ထိုးပင့်ကော် လုပ်မှုတွေနောက်ကို ပါနေတယ်။ တချို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဆိုကြပါတယ် လူထုဟာ ထိုက်တန်တဲ့အစိုးရပဲရတယ်။ People get the government they deserve လို့ ပြောကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီလိုသွေးထိုးလှုံဆော်မှု လူမျိုးရေးကျဉ်းမြောင်းတဲ့ ဘာသာရေး သွေးထိုးလှုံဆော်မှုနောက်မှာ လူထုတွေပါနေတယ်ဆိုတော့ ဒီလူထုဟာ ဒီမိုကရေစီနှင့်တန်ရဲ့လားလို့ မေးခွန်းထုတ်မယ်ဆိုရင် ဆရာ ဘယ်လိုဖြေမလဲ။

ဦးဝင်းတင် ။ ။ အဲဒါကတော့ ကျနော်ထင်တယ် လူထုပါတယ်လို့တော့ ပြောလို့မရဘူး။ လူထုဆိုတာတော့ စိုးရိမ်မှာပဲ ကြောက်လန့်မှာပဲ။ သူတို့ကတော့ ကိုယ့်အိမ်မှာ ကိုယ့်ထမင်း ကိုယ်စားပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေတယ်။ ကိုယ့်အိမ်မှာ ကိုယ်အိပ်နေတဲ့လူတွေ ဆိုပါတော့ မိတ္ထိလာလိုနေရာမျိုးမှာ ဒီအခုလို အခြေအနေပြဿနာတွေ မပေါ်ခင်ဆက်ကြားမှာ ဗမာနှင့် မူစလင် အတူတူနေနေတာပဲ။ တစ်မြို့ထဲနေနေတာ။ အကုန်လုံးလည်း ဟိုတခါ အရေးအခင်း ပေါ်လာတဲ့အခါကြတော့လည်း ဗမာတွေအများကြီးကူတယ်။ ဥပမာ မိတ္ထိလာအိမ်မှာဆိုရင် အဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက်က မူစလင် (၅) ယောက်ကို သူ့အိမ်မှာကျွေးထားတယ်။ သူ့မှာအန္တရာယ်ရှိမှာ သိရသားနှင့် လူ့အသက်ကို ကယ်ကောင်းတယ်ဆိုပြီးတော့ လုပ်တဲ့ဟာတွေ ရှိပါတယ်။

အဲဒါကို ကျနော် ဦးကျော်ဇံသာပြောသလို သို့မဟုတ် နိုင်ငံရေးသိပ္ပံပညာရှင်များ ပြောသလို လူထုကြားထဲမှာ တော်တော်ကို စိုးရိမ်ထိတ်လန့်ခြင်းတွေ ဖြစ်နေတယ်ဆိုတာ အဲဒါကို ကျနော်က အဲဒီလောက်အထိတော့ မတွက်ဘူး။ ကျနော်တွက်တာက အဲဒီလူထုကို စိုးရိမ်ကြောက်လန့်မှုတွေပေါ်အောင် လူထုကို အမှောင်ပယောဂတွေ စွဲအောင် လူထုကို မျက်စိကို တိမ်သလ္လာဖုံးအောင် နိုင်ငံရေးတိမ်သလ္လာဖုံးအောင် လှုံဆော်တဲ့လူတွေက ရှိနေတယ်။ အဲလူတွေဟာ ဘယ်သူတွေလဲ။ အဲဒီ လူတွေဟာ နိုင်ငံရေးအင်အားစုတွေလား။ အခုတော့ ရန်ကုန်တိုင်းက တာဝန်ရှိတဲ့ အစိုးရတွေ ပြောတာကတော့ တတိယအင်အားစုတွေဆိုပြီး ပြောတယ်။ အဲဒီတော့ တတိယအင်အားစုဆိုတာ ဘာလဲ။ တတိယအင်အားစုဆိုတာ နိုင်ငံရေးအင်အားစုတွေ ပြောတာလား။ သို့မဟုတ်ရင် လူမှုရေးအင်အားစုကို ပြောတာလား။ ဘာသာရေးအင်အားစုတွေ ပြောတာလား။ သို့မဟုတ်ရင် ဆိုပါစို့ခင်ဗျာ အရင်တုန်းက အာဏာရှိခဲ့ဖူးတဲ့ လူတွေအဟောင်းတွေကို ပြောတာလား။ သို့မဟုတ်လို့ အခုလက်ရှိ အာဏာရှိနေတဲ့သူတွေထဲကနေပြီးတော့ ဒီလိုအပြောင်းအလဲတွေ မလိုချင်လို့ ရှိတဲ့လူတွေလား။ဘာဖြစ်လို့လဲဆိုရင် ဒါတွေဟာ ဘာပဲပြောပြော လုပ်တက်ကိုင်တက်တဲ့လူတွေ အာဏာကို ကိုင်စွဲတက်တဲ့လူတွေ အာဏာကို သုံးသပ်တဲ့လူတွေ အာဏာကို ဘယ်လိုချိုးရမလဲဆိုတာ နားလည်တဲ့လူတွေက လုပ်နေတာလို့ ကျနော်က ထင်တယ်။ ပြည်သူလူထုကြားထဲမှာရှိတဲ့ စိတ်ဓာတ်ကို ကျနော်က မပြောချင်ပါဘူးလို့။

ဦးကျော်ဇံသာ ။ ။ ဆရာ ဦးအောင်ခင်ရဲ့သဘောထားလည်း ပြောပါဦး။

ဦးအောင်ခင် ။ ။ ဒီဥစ္စာဟာ အလေ့အထပေါ့ဗျာ။ အရင်တုန်းကလည်း မူစလင်၊ ဗုဒ္ဓဘာသာ၊  ခရစ်ယာန် ဒီလိုပဲ အတူတူနေလာရင်းကနေ နောက်တခါ ဒီစစ်မဖြစ်ခင်မှာ စပြီးတော့ ကုလား-ဗမာ ရိုက်ပွဲဘာညာနှင့်ဆိုပြီးတော့ ဒီစာအုပ်ထုတ်တာကနေစပြီး ဖြစ်တာပေါ့။ ဆိုတော့ အဲဒါမျိုး ရေးတာသားတာတွေကလည်း ရှိတာပေါ့။ ဒါကြောင့်မို့လို့လည်း အခု ထင်ပါတယ်။ အခုနက အစိုးရက စာနယ်ဇင်း ဥပဒေတွေဘာညာနှင့် သူလုပ်ဖို့ဆိုတာ ဒါတွေ သူကြောက်လို့ထင်ပါတယ်။ တချို့က နည်းနည်း လွတ်လပ်ခွင့် ပေးလိုက်တော့လည်း တချို့ကလည်း ရေးသားလာကြတယ်။ ဆိုတော့ ဒီကိစ္စမျိုးမှာ လူမျိုးရေး၊ ဘာသာရေးကိစ္စမျိုးမှာ၊  အဲဒီ စာရေးသားပြီးတော့ လုပ်တာတွေဘာတွေက တော်တော်ဆိုးတယ်။ အရှေ့ဥရောပမှာ ဆာဗီးယားကိစ္စမှာ မူစလင်နှင့် ဆာဗီးယား။ ဒီကိစ္စတွေမှာလည်း အဲဒီလိုပဲ။ ဒီလူမျိုးကိစ္စကို ဒီအကြီးအကျယ် စာနယ်ဇင်းတွေကနေ ရေးသားလာတဲ့အခါမှာ တဖြည်းဖြည်းနှင့် အသေးလေးကနေ ကြီးထွားလာပြီးတော့ နောက်ဆုံးပိတ် မနိုင်မနင်း ဖြစ်တာပဲ။ အဲဒါဟာ ဒီကိစ္စမျိုးတွေကပေါ့ အေးအေးဆေးဆေး ကြိတ်ပြီး ဖြေရှင်းရမယ့်ကိစ္စတွေ တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်း လူကြီးလုပ်တဲ့ လူကနေပြီးတော့ မတည့်တဲ့ကလေးတွေကို လူကြီးလုပ်တဲ့သူက ဖြောင်းဖျပြီးတော့ ပြောဆိုပြီး တဖြည်းဖြည်း ပြန်ပြီးတော့ တည့်အောင်လုပ်တဲ့ သဘောမျိုးပေါ့ဗျာ။ အဲဒါမျိုးမရှိပဲနှင့် အစိုးရကိုယ်တိုင်က မြှောက်ထိုးပင့်ကော် လုပ်တဲ့အခါကျတော့ အကြီးအကျယ် သေကြေပျက်စီးကြတာပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ လူတွေ ဒီမိုကရေစီအရေးအတွက် ဒီကိစ္စ ပြေလည်ရေးအတွက် စာပေလွတ်လပ်ခွင့်တွေ ဘာတွေကို စတေးရမယ့်သဘော။ ဒီမိုကရေစီရေး အလားအလာကို စတေးရမယ့်သဘော ဖြစ်နေတာပေါ့ ဆရာ။

ဦးအောင်ခင် ။ ။ အခုကတော့ အဲဒီလို ဖြစ်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ကလည်း ကိုယ့်ဟာကိုယ် တာဝန်ပေါ့ဗျာ ကိုယ့်တာဝန်ကိုယ် ဘယ်လောက်ရှိသလဲဆိုတာ သူတို့ တိုင်းတာလို့မှ မသိကြဘဲကိုး။ ဆိုတော့ ကိုယ်လုပ်လိုက်တဲ့အတွက် ဘယ်လောက်ထိအောင်  ထိခိုက်သွားတယ်ဆိုတာ မသိကြတဲ့အခါကြတော့ ကိုယ်လိုချင်တာပဲ တွေးပြီးတော့ ရေးကြသားကြမယ် ဆိုလို့ရှိရင်တော့ မျှမျှတတ မရေးတက်တဲ့အခါကြရင်တော့ ဒုက္ခရောက်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ဆရာ နောက်ဆုံး နည်းနည်း ဒီပြဿနာရဲ့ထွက်ပေါက် ဘယ်လိုရှာသင့်တယ်လို့ ထင်ပါသလဲ။

ဦးအောင်ခင် ။ ။ ဒီဥစ္စာဟာ အင်မတန်အချိန်ကြာမယ့် ကိစ္စ။ အချိန်ကြာမယ့်ကိစ္စဆို ဒါတဖြည်းဖြည်းနှင့် အချိန်ကြာလာရင်တော့ ကိုင်တွယ်တဲ့အပေါ်မှာ မူတည်တယ်။ အစိုးရကိုယ်တိုင်က ကိုင်တွယ်တဲ့အပေါ်မှာ မျှမျှတတ ဖြစ်ပြီးတော့ လုပ်မယ်ဆိုရင်တော့ အချိန်ကြာလာတဲ့အခါကြရင် ပြန်ပြီးတော့ နေလို့ရမယ်လို့ ထင်တာပဲ။ ဒါအချိန်ကတော့ တော်တော်ယူရမယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ဦးဝင်းတင်ရဲ့သဘောထားကို ပြောပါခင်ဗျ။ နောက်ဆုံး။

ဦးဝင်းတင် ။ ။ ပထမဦးဆုံးကတော့ လူထုကြားထဲမှာ လုံခြုံမှုကို ဖန်တီးပေးရမယ်။ အစိုးရကနေပြီး အဲဒီလုံခြုံမှုကို ပြရမယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ ဥပမာဆိုတော့ ဒီညမထွက်ရအမိန့် ထုတ်နေတဲ့အခါကြတော့ သူရဲ့လုံခြုံရေးဟာ ညအိပ်ချိန်တောင် သူမလုံခြုံတော့တဲ့သဘော။ ဒါကြောင့် အစိုးရကနေပြီးတော့ အပြင်မထွက်ရဆိုတဲ့ဟာတွေ စတဲ့ဟာမျိုး။ ဒီ Negative ပြောင်းပြန်ပေါ့ဗျာ။ ပြောင်းပြန်သက်ရောက်မှုရှိတဲ့ အဓိပ္ပာယ်တွေ ပေါ်နေတယ်။ အဲဒီတော့ အမှန်ကတော့ ဘယ်လိုရှိလဲဆိုတော့ အရေးကြီးတာတော့ လုံခြုံမှုရှိအောင်လုပ်ရမှာပဲ။ လုံခြုံမှုရှိအောင် လုပ်တဲ့နေရာမှာ ကျနော်ထင်တယ် ရှစ်လေးလုံးကာလမှာ လူထုဟာ ကိုယ့်လုံခြုံရေးကို ကိုယ်ဖန်တီးတဲ့ဟာကိုတော့ နမူနာထားသင့်တယ်လို့  ကျနော်သဘောရပါတယ်။

အရေးကြီးဆုံးကတော့ အစိုးရကနေပြီး ဟိုလူ့ကိုလက်ညိုးထိုး ဒီလူ့ကိုလက်ညိုးထိုး မလုပ်ပါနှင့်။ လုပ်နေလို့လည်း မထူးပါဘူး။ တတိယအင်အားစုတွေ ဘာတွေ လျှောက်ပြောနေ။ အဲဒီ တတိယအင်အားစုကို ဖော်ထုတ်ပါ။ ဒုတိယတချက်ကတော့ ဒီ ပြည်သူလူထုက သူ့ဘာသူ သူရဲ့လုံခြုံမှုကို ဖန်တီးတဲ့ အတားအဆီးတွေ လမ်းတွေမှာ တားဆီးမှုတို့ဘာတို့ ယာယီအားဖြင့် ရက်ပိုင်းအားဖြင့်တော့ ခွင့်ပြုရလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။ တတိယအချက်ကတော့ ဒီလုံခြုံရေး အတားအဆီးတွေရဲ့ ပြင်ပမှာရှိတဲ့ ဥပမာ ဓာတ်ဆီဆိုင်တို့ မီးလောင်လွယ်တဲ့ ဓာတ်ဆီဆိုင်၊ ဂိုဒေါင်တို့ ဒီနေရာတွေမှာတော့ သင့်တင့်လျောက်ပတ်တဲ့ ရဲတို့ဘာတို့ ထိန်းသိမ်းမှုကို လုပ်ပါ။ နောက်ဆုံးတချက် ကျနော် ဖြည့်ပြီးပြောချင်တာတော့ ဘာလဲဆိုတော့ နိုင်ငံရေးပါတီတွေဆိုတာ သြဇာရှိတာပါပဲ။ နိုင်ငံရေးပါတီတွေက အသံထွက်ပါ။ ရန်ကုန်တိုင်းအစိုးရကနေ ခေါ်ပြီးတော့ ပြောတာတောင်မှ ဒီ ဘာမှမလုပ်ဘဲ နားထောင်ပြီးပြန်လာတာ ရှိနေတဲ့အခါကြတော့ ဒါတော့ မသင့်ဘူး။ အဲဒီတော့ နိုင်ငံရေးပါတီတွေက ပြည်သူလူထုကို တပြည်လုံးမှာ နိုင်ငံရေးပါတီအင်အားစုတွေ ကိုယ့်ရဲ့ပါတီ အဖွဲ့အစည်းတွေ ကိုယ့်ပါတီဝင်တွေ ရှိတဲ့အခါကြတော့ လုံခြုံရေးကို ထိန်းသိမ်းကြဖို့ နောက်ပြီးတော့ တိုင်းသူပြည်သားချင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ပေးတဲ့ဟာတွေကို ဒီလိုဟာမျိုးတွေ မဖြစ်အောင်လို့ စောင့်ရှောက်ဖို့။ ဒီလိုဟာမျိုးတွေ အလားအလာတွေ ရှိရင်လည်း ချက်ချင်းဖော်ထုတ်ဖို့တို့၊ တိုင်ကြားဖို့တို့၊ တားဆီးဖို့တို့ ဟန့်တားဖို့တို့ လုပ်ပါလို့ ကျနော်ပြောချင်ပါတယ်။ 

လမ်းကလေး မှာ မီးပုံးလေးတွေ ချိတ်ဆွဲတဲ့ည .. ။


by Shwe Pyi Soe (Notes) on Thursday, October 11, 2012 at 12:43am
             မီးကြိုးများသွယ်ဆိုင်းနေသော ယောက်ကျားကြီးများဘေးတွင် ကလေးငယ်များ ပြေးလွှားဆော့ကစားလျှက်ရှိသည် ။ တစ်ချက် တစ်ချက် ကလေးများ အော်ဟစ် ငြင်းခုံသံမှ လွဲပြီး လူအများ အလုပ် လုပ်ကိုင်နေသည်ဟု မထင်ရလောက်အောင်ပင် လမ်းကလေးသည် တိတ်ဆိတ်လျှက်ရှိသည် ။ လူပ်ရှားမူတိုင်း တွင်လေးပင်ကာ ပြောမပြနိုင်သော စို့ နင့်မူများဖြင့် လမ်းကလေး ရဲ့ ဇာပန အခမ်းအနား အတွက် လူအယောက်စီတိုင်း ၀မ်းနည်း နေကြသည် ။ အမြဲ တမ်း ကျောခင်းကြိုဆိုတတ်သူ တစ်ဦး နှင့်ထာဝရ ခွဲခွါ ရတော့ မည်ဖြစ်သောကြောင့် ပင်ဖြစ်မည် ။ လမ်းအလယ်ခေါင်တွင် မိန်းမကြီးငယ်များ သည် စားပွဲဝိုင်း တစ်ခု  ချကာ လမ်းသူ လမ်းသား အားလုံး အတွက် ညစာ ပြင်ဆင်နေကြသည် ။ တတ်အား သရွှေ့ ထည့်ဝင် သော ငွေကြေးများကို စုဆောင်းကာ နောက်ဆုံး ညစာကိုတော့ဖြင့် သူတို့  အတူတူ စား သောက် ကြမည်  ဖြစ်သည် ။


         လှီးချွတ်ပြင်ဆင်နေသော မိန်းမများဝိုင်းသည်ပင် တိတ်ဆိတ်လျှက်ရှိသည် ။ အထိတ်ထိတ် ကြောက်လန့် ခဲ့သော အဖြစ်အပျက်သည် လက်တွေ့ အကောင်အထည်ပေါ်လာခဲ့ယုံသာမက မနက်ဖန်ဆို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြရတော့မည်ဖြစ်သောကြောင့်ပင်ဖြစ်သည် ။ အလံတိုင် အနီများ လာရောက် စိုက်ထူသော တစ်မနက်ခင်းကို သူတို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ ။ ငါတို့ တွေတော့ မပါလောက်ပါဘူး ဆိုပြီး ဘယ်လိုဖြေသိမ့်ကာ အချင်းချင်း နှစ်သိမ့်ပြောဆိုဖြေသိမ့်ကြသော်လည်း နောက်ဆုံးတွင်တော့ အားလုံးကြိုတင်မျှော်လင့်သော နေ့ကို ရောက်ရှိလာခဲ့ပြီးဖြစ်သည် ။ မနက်ဖန် နောက်ဆုံး သည်လမ်းကလေးကနေ အားလုံးပြောင်းရွှေ့ ပေးရပါမည်တဲ့ ။ ကျူးကျော်ရပ်ကွက် လည်းမဟုတ်ပဲ ဘိုးဘေးဘီဘင် အဆက်ဆက်ကပင် နေထိုင်လာသော နေရာလေး တွင်သူတို့ ကို ဘယ်လိုမှ ဆက်လက်နေထိုင်ဖို့ အတွက် ခွင့်မပြုနိုင်တော့ပါဘူးတဲ့ ။

              “ ရန်သူမျိုးငါးပါးဆိုတာ အလကား ဘုရားဟောခဲ့တယ်များ မှတ်လို့ အေ ” ဟု အဘွားအိုကြီး တစ်ဦးမှ သူနိုင်သော အလုပ်လေးများ လုပ်ကူရင်းဆိုသည် ။
               “ မင်းမိန့်ဆိုတော့ ကျုပ်တို့  နာခံယုံကလွဲ ဘာတတ်နိုင်လိမ့်မတုန်းအေ ”
အိမ်ကြီးရခိုင်ဖြင့်နေထိုင်သော ထိုအဖွားသည် သည်လမ်းကလေးမှ သူနေထိုင်သော အိမ်ကြီး အတွက်ရော်ကြေးငွေ မဖြစ်စလောက်လေးကို ကိုင်ကာ အိမ်ထောင်ရှင် သူ့ သမီးအိမ်သို့ တတ်ရောက် နေထိုင်မည်ဖြစ် ကြောင်းစကား ဆိုသည် ။ သူ့ ခင်ပွန်းသည် ခေါင်းချသွားသော နေအိမ်လေးကို သံယောဇဉ်သိပ်ကြီးသော အဖွား သည် သားသမီးများ  ဘယ်လို ပင်လိုက်နေဖို့ ပင်ခေါ်သော်လည်း လိုက်ပါနေထိုင်ခြင်းမရှိပါပဲ တစ်ဦးတည်း ထိုအိမ်တွင်ပင် ခင်ပွန်းသည် ကွယ်လွန်ပြီးကတည်း တစ်ဦးတည်း ပင် ဆက်လက်နေထိုင်ခဲ့သည် ။

 “ အဘိုးကြီး စိုက်ခဲ့တဲ့ သစ်ပင်တွေ ငါသမြောလိုက်တာအေ .. ” ဟုဆိုကာ အဘွားမျက်ရည်သုတ်သောအခါ မိန်းမသူ တစ်ချို့ သည်လည်း မျက်ရည်ကျကြတော့သည် ။ အားလုံးအတွက် အမှတ်တရ အသီးသီးတို့ သည် လမ်းကလေးနဲ့ အတူ မနက်ဖန်ဆို ပျောက်ကွယ်ရတော့မည်ဖြစ်သည် ။ သည်လမ်းသူ ပါ သည်လမ်းသားပါ ဆိုပြီး ဂုဏ်ယူပြောဆို ကြသူတို့ အတွက် အကြီးမားဆုံး ဆုံးရူံးမူလည်းဖြစ်သည် ။ စည်းလုံး ညီညွှတ် ချစ်ကြည် သူများ ၊ ကိုယ့်အကြောင်း ကကြီးမှ အထိသိကာ စိတ်ချပေါင်းသင်းခင်မင် နိုင်သူများ ၊ ဆန်တစ်ပြည်ဆီတမူတ် အတွက် အားကိုး အားထားပြုနိုင်ကြသူများ ၀ါးအစည်းပြေပြီဖြစ်သည် ။ လဲမို့ လေးများ လေသယ်ဆောင်ရာ လိုက်ကြရသလို ဝေးဝေး လွှင့်ကြမည့်သူတွေ ၊ နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ ဖို့ ခက်မည့် ချစ်ခင်သူတွေ ။
“ ကျွန်မ တို့ .. တော့ အဲ့သည့်နားပဲ တတ်နိုင်လို့ ရှင် ။ မြို့ သစ်ဆိုတော့ အကုန်ဝေးတယ် ။ ဈေးဝေး ။ ကျောင်းဝေး ၊ ဘတ်စကား ဂိတ်ဝေး နဲ့  ကလေးတွေ ကျောင်းတတ်ဖို့ ခက်မှာ စိတ်အညစ်ဆုံးပဲ ရှင် ။ ”

    မြို့ သစ်တွင် သွားရောက်အချေချမည့် အမျိုးသမီးကတော့ ကြုံတွေ့ ရမည့် အပူတွေ ၊ အခက်အခဲတွေကို ကြိုတင်စိတ်ညစ် ကာ အားလျော့ချင်ချင်ဖြစ်နေပြီဖြစ်သည် ။ သားသမီးလေးတွေ အတွက် ပညာရေးကသီလင်တ ဖြစ်မှာကတော့ အမှန်ပင်ဖြစ်သည်  ။ စာသင်နှစ် တစ်ဝက်မှာပင် ကျောင်းပြောင်း တတ်ရမည့် ကလေး တွေအတွက် အခက်အခဲသည် မိခင် အတွက် အပူမီးဖြစ်သည် ။ သည်တစ်ခါ စာသင်နှစ်ပြီးမှ ပြောင်းရွှေ့ ဖို့ ၊ ဆက်လက်နေထိုင်ခွင့်ပေးပါရန် တာဝန်ရှိသူ တစ်ဦး ကို သွားရောက် တောင်းပန်သည့်နေ့က အဖြစ်အပျက် ကိုလည်း သူမ ဘယ်တော့မှ မမေ့နိုင်ပြီဖြစ်သည် ။ သားသမီးဇောဖြင့် လုပ်မိလုပ်ရာ ဖြင့် စီမံကိန်းအတွက် တာဝန်ရှိသူ ဆိုသူကို သွားရောက်တွေ့ ဖို့ ဆုံးဖြတ်ခဲ့သည် ။ ၀င်ရောက်တွေ့  ခွင့်ရဖို့ နှစ်နာရီခန့်စောင့်ဆိုင်းအပြီးတွင် တာဝန်ရှိသူ ဧ။်ရုံးခန်းထဲသို့ ဝင်ခွင့်ရခဲ့သည် ။ ထိုသူက  ထိုအချိန်တွင်တော့ တွန့် ဆုတ်ကြောက်ရွ့ံ နေပြီဖြစ်သော သူမကို မော့ပင်မကြည့်ပဲ လာရင်း ကိတ်စ အကြောင်းအရင်းကိုမေးသည် ။ အဖြစ်အပျက်ကို မပြေမပျစ် သော ၀ါကျများဖြင့် တုံလူပ်စွာပြောဆိုပြီး ချိန်တွင်တော့ ထိုသူက မျက်လုံးများ တ၀င်းဝင်း တောက်ကာ အ၀င်ဝမှ  ၀င်ခွင့်ရဖို့ သူမတောင်းပန် ခဲ့ရသောသူ နာမည်ကို အော်ဟစ်ပြီးခေါ်လေသည် ။


  “ သည် .. စောက်ရေးမပါတဲ့ ကိတ်စတွေ ကို မင်းဘာသာမင်းမရှင်းတတ်ဘူးလား ” ဟူသော အသံ အဆုံးတွင်တော့ အစတည်းက ကြောက်ရွ့ံနေသောသူမ သည် မျက်ရည်များ ကျလာခဲ့ပြီးဖြစ်နေသည် ။ ထိုသူ က သူမ လက်မောင်းကို ဆွဲကိုင်ကာ အခန်းပြင် တွန်းထိုးထုတ်လာခဲ့သည် ။ ငါကလေးတွေ ကျောင်းပညာရေးက သူ့ အတွက် စောက်ရေးမပါတဲ့ ကိတ်စ ဆိုတဲ့ စကားသည် အသည်းထဲထိ ဆူးသော စူးဖြစ်သည် ။ ညဘက်ရောက်တော့ ခင်ပွန်းသည်ကို ပြန်လည်ပြောပြသော အခါ သူမကို ပြန်လည်ပြုံးပြအားပေးသော ခင်ပွန်းသည် ၊ မျက်လုံး အ၀ိုင်းသားဖြင့် “ သားတို့ ကျောင်းပြောင်းတတ်ရမှာလား မေမေ ” ဆိုသော ကလေးတွေ ရှေ့ တွင်တော့သူမ ပြန်လည်ပြီး တည်ငြိမ်နိုင်ပြီဖြစ်သည် ။ လုပ်သလို မဖြစ်သမျှ အတွက် ဖြစ်သလိုလုပ်ပြီး သည်မိသားစု အဆင်ပြေဖို့ သူမ ခွန်အားလုံလ ရှိသလောက် ၊ အသိဥာဏ် ရှိသလောက်တို့ ဖြင့် ထူမပ်ကာ မတ်မတ် ရပ် ရတော့ မည့် အတွက်ဖြစ်သည် ။

          အမျိုးသမီးများက ကူညီလုပ်ကိုင်ပေးယုံသာလိုပြီး ချတ်ပြုတ်ကြမည့် သူများကတော့ အမျိုးသားများဖြစ်ကြသည် ။ အာပြဲခြောက် ငရုတ်သီးကြော် ၊ ဘဲဥပဲကုလားဟင်း ကိုချတ်ပြုတ်မည့် ယောက်ကျားများ သည် မီးဖိုကြီးကို လမ်းမလယ်ချကာ မီးမွှေးနေကြသည် ။ လူကြီးများမမြင်အောင် ကာလသား တစ်ချို့ က ခိုးဝှက်ပြီး အရက်သောက်ကြသည် ။ ညဦးပိုင်း အစောက မူးရစ်ပြီး ထိမ်းမနိုင် သိမ်းမရ အော်ဟစ်ဆဲဆိုနေသော သူပင် အမူးပြေကာ မီးဖို မီးတောက်ရန် ယပ်ခတ်ပေးကာနေသည် ။ ထပ်မံပြီးသောက်ပါ ဦးဟု ခွက်ကမ်းသူကို သူကငြင်းလိုက်သည် ။ သူ လမ်းကလေးထဲ နောက်ဆုံးညကို မသိလိုက်ပဲ မူးရူးမနေချင်ပါဟုဆိုသည် ။ အမြဲ မူးရူးပြီး မိဘ ကို ဒုတ်ခပေးသူဟု လမ်းထဲ နာမည်ဆိုးတဲ့သူ့ ကို အားလုံးက ရွံကြောက် ကာကင်းကင်းနေချင်ကြသည် ။


“ ကျွန်တော်လည်း သည်လမ်းသားပါဗျ ၊ ထမင်းချက်စားဖို့ ပိုက်ဆံ ကျွန်တော့်ဆီကလည်း ကောက်ပါဗျ  ” ဟု အစချီကာ ပြောင်းရွှေ့ ရဖို့ အတွက် စီစဉ်သူဟု သူ ဥာဏ်မှီသလောက်တွေးလို့ ရသူများကို အော်ဟစ်ဆဲဆို သည် ။ သူ့ ဆိုးမျိုးခံနေကျ လမ်းသူလမ်းသားများကိုလည်း သူ အလွန်ပင်ချစ်ပါသည်ဟု ဆိုသည် ။ ညနေတစ်ခင်းလုံး အော်ဟစ်သောင်းကျန်းသော သူ့ ကို မမြင်သလိုပင်ထားကာ ဆော့ကစားနေသော ကလေးတွေက ကစား ၊ တာဝန်ကိုယ်စီဖြင့် အလုပ်များနေသော လူကြီးတွေက များ ဖြင့် သူ့ အတွက် ဖက်ပြိုင်ကာပြောဖို့ ဘက်မရှိသော အခါ မောပြီး လမ်းလယ်ခေါင် လှီးချွတ်ပြင်ဆင်နေသော မိန်းမ များနားတွင် အိပ်ပျော်သွားခဲ့သည် ။ ယခု နိုးလာသော အခါတွင်တော့ မီးကူမွှေးကာ မီးဖို မီးမလျော့ ဖို့ သူတာဝန်ယူ စောင့်ကြည့်ပါမည်ဟုဆိုသည် ။
 “ ကျွန်တော်ဆိုးလို့ ရလို့ ဆိုးတာပါ အဘရာ ။ မွေးတည်းက မြင်ဖူးသိလာကြတော့လေ အကုန် ကိုယ့်အမျိုးတွေလို ဖြစ်နေတော့ အကုန်လုံးကို ကိုယ်ဆိုးလို့ ရတဲ့သူတွေလို့ ချည်းထင်နေတာဗျ ” ဟု ပဲဟင်းအိုးကို ဦးဆောင် ချက်မည် အဘကြီးကိုပြောသည် ။
“ အေးပေါ့ သားရ ။ ခင်ရာဆွေမျိုးတွေကိုး ကွာ ။”


 အော်ဟစ် ဆော့ကစားနေသော ကလေးငယ်များသည်လည်း မောလို့ ငြိမ်ကာ ထိုင်ပြီး စကား ပြောနေ ကြပြီဖြစ်သည် ။ နောက်နေ့ တွေ တွေ့ ရမှာမဟုတ်ဘူးဆိုတာ မေ့လျော့ပြီး သည်နေ့ နင်လိုက်ခလှည့် နဲ့  ပြီးတာနော် နက်ဖန် ကျ နင်မငြင်းရဘူး နော်ဆိုသော ခါတိုင်းကဲ့သို့ နောက်တစ်မနက် မိုးလင်းလျှင် တွေ့ ခွင့် ရဦးမည်ထင်ကာ  ပြောသော ကလေးငယ် တစ်ဦးကို ၀ိုင်းလှောင်ပြောင် ကာ အော်ဟစ်ရီမောနေကြသည် ။ မွေးစငယ်စဉ် ကတည်းက တွေ့ ခွင့်ရသော သူငယ်ချင်း များသည် နောက်သည်လို ပြန်ဆုံဖို့  မဖြစ်နိုင်မှန်းသိပေမယ့်  သည်အချိန်တွင်တော့ ညဥ့်နက်သည်ထိ သူတို့ အတူရှိနေခွင့်ရခြင်း အတွက် ကျေနပ်မိကြသည် ။ “ နင်လာ လည်မှာလား ” ဟု ကောင်မလေးက သူ့ ဘေးက ကောင်လေးကိုမေးသည် ။ “ အေးပေါ့ . . ငါလာမှာပေါ့ ” ဟုဖြေဆိုပြီးကာမှ ကောင်မလေးပြောင်းရွှေ့ နေထိုင်မည့် နေရာကို သူမသွားတတ်မှန်း သတိရပြီး  “ ငါ .. ငါ့အမေကို လိုက်ပို့ ခိုင်းမှာပေါ့ ”  လို့ ပြောင်းလဲဖြေဆိုသည် ။ မနီးမဝေး ပြောင်းရွှေ့ ကြမည့် သူတွေ ရှိသလို ကောင်မလေးလို သူတို့ နာမည်ပင် မကြားဖူးသော နေရာသို့ ပြောင်းရွှေ့ မည်သူတွေလည်းရှိသည် ။  “ ငါက ကားစီးရင်ခေါင်းသိပ်မူးတာဟ . . ဒါပေမယ့် ငါနင်တို့ဆီလာဖို့ ကားစီးရင် ခေါင်း မူးလည်း ငါ မမူးဘူးပြောပီး အမေ့ကို လိုက်ပို့ ခိုင်းပါ့မယ်ဟ ” ဟု ဆိုသည် ။ ကောင်လေးသည် သူပြောသော စကားကို သူကိုယ်တိုင်တော့ဖြင့်မယုံပေ ။



သူ အမေက ကောင်မလေး နှင့်သူ တွေ့ ဖို့ အတွက်သပ်သပ်ဖြင့်တော့ ကားနှစ်ဆင့်စီးပြီး နှစ်နာရီခန့် သွားရသောနေရာကို လိုက်ပို့ လိမ့်မည်မဟုတ်ပေ ။ အိမ်မူ ကိတ်စများဖြင့် အမြဲလို အလုပ်ရူပ်နေသော ၊ ကလေးငယ်လေး တစ်ယောက်ဝေယျာဝစ်စတွေ တာဝန်ရှိနေသော အမေသည် သားဖြစ်သူ သူငယ်ချင်းဖြင့် တွေ့ ဆုံဖို့ ကိတ်စကိုမည့်သို့ မှ  အရေးစိုက်မည် မဟုတ်မှန်း သူသိသော်လည်း ကောင်မလေးကိုတော့ဖြင့် လာပါမည် ဟူသော ကတိကိုသာပေးချင်သည် ။ ပြောင်းရွှေ့ နေထိုင်ရမည့် ကျောင်းအတွက် စိတ်ပူ သောကရောက်နေသော သူငယ်ချင်းမလေး အား မည်ကဲ့သို့ နှစ်သိမ့်ပြော ဆိုရပါမည်နည်းဟု စဉ်းစား မရသမျှသည်  “ မီးပုန်းလေးတွေ ချိတ်ဆွဲတော့မယ်ဟေ့ ”ဟု အော်ဟစ် အသိပေးလိုက်သော အသံ တစ်သံအောက်တွင်တော့ အားလုံးပြန်လည်မေ့လျော့သွားပြီဖြစ်သည် ။


အိမ်တိုင်း ရှေ့ တွင် မီးပုံးလေးတစ်ခုစီ ချိတ်ဆွဲထားသည် ။ အနီ ၊ အပြာ ၊ အ၀ါ ၊ အစိမ်း အရောင်စုံလှသော မီးပုံးလေးများသည် သွယ်တန်းကာချိတ်ဆက်ထားသော မီးကြိုးတိုင်တစ်လျောက် လှပစွာ တည်ရှိနေကြသည် ။ နှစ်စဉ် သီတင်းကျွတ်မီးထွန်းပွဲ တွင်မှ ထုတ်ယူကာ အသုံးပြုသော သည်မီးပုံးလေးများကို ယခု လမ်းကလေး ဧ။် နောက်ဆုံး ညနေခင်း အတွက် ထုတ်ယူ အသုံးပြုကြခြင်းဖြစ်သည် ။ သီတင်းကျွတ်မီးထွန်းပွဲ တွင် အတူတကွ ရှိမနေနိုင်တော့ မယ့် သူတွေ အတွက် နူတ်ဆတ်ညချမ်း ကလေးကို တတ်နိုင်သလောက် လှပသော အမှတ်တရလေး ဖြစ်စေချင်ကြသည် ။ ညချမ်းချိန် မှောင်ရီအောက်တွင် တောက်ပသော ရောင်စုံမီးပုံးကလေးများ ဖြင့် လမ်းတလျောက် ထိန်လင်းတောက်ပလျှက်ရှိသည် ။ လုပ်လက်စ အလုပ်များ ကို အကုန် ပစ်ချကာ လူကြီး ၊ လူငယ်အကုန် သည် လမ်းကလေး တလျောက် ထိုထို သည်သည်နေရာများမှ ရပ်လျှက် မီးပုံးလေးများဖြင့် လမ်းကလေးကို ကြည့်ရူနေချိန်တွင်ပင် လျှက်စစ်မီး ပျက်တောက်သွားခဲ့သည် ။ ဆဲဆို အော်ဟစ်သံများ စီခနဲ ထွက်လာလျှက်ကပင် စနောက်ပြောင်သော အသံများ အဖြစ်သို့ ပြောင်း လဲသွားကာ အော်ဟစ်ရီမော ကြသည် ။ ကလေးငယ် များသည် အချင်းချင်း တွန်းတိုက်ကစားလျှက် ၊ လူကြီး များသည်လည်း ယခင်လုပ်လက်စ အလုပ်များကို ဆက်လက်လုပ်ကိုင်လျှက် လျှက်စစ်မီး ပြန်အလာကို စောင့် စားကာ လမ်းကလေး အတွက် မီးပုံးလေးများ ပြန်လည် ထွန်းညှိပေးကြပါဦးမည်ဟုဆိုသည် ။


                         နောက်တစ်မနက် မိုးလင်းချိန်မတိုင်မှီ လျှက်စစ်မီး ပြန်လည်ရရှိကာ မီးပုံးလေးများထွန်းညှိ နိုင်ပါလိမ့်မည်ဟု သူတို့ အားလုံး ယူဆယုံကြည်လျှက်ရှိကြပါသည် ။



“အညာကို ပြန်ချင်တယ်”


by Soe Min (Notes) on Friday, March 29, 2013 at 12:14pm
          “နွေမိန်တပေါင်း ကြွေချိန်ပြောင်း ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီလေ။” ဆိုတဲ့ သီချင်းကလေးဟာ ငယ်ငယ်တုန်းကတော့ သည်ရာသီမှာ လာနေကျပါ။ “လက်ပံပွင့်ကောက်” တဲ့။ နားထဲကို စွဲနေတာပဲ။ အဲဒါပြီးရင် ဒေါ်မေလှမြိုင်ရဲ့ “နှင်းငွေ့ကျန် လေပြန်လောင်း ဟေမာန်ဆောင်း ပြောင်းခဲ့ပါပြီတဖန်။ သာတပေါင်း ညှာညောင်းကြွေ နွေရတုကိုဖန်။” ဆိုတဲ့ “နွေဦးတေးသံ” ကလေးလည်း လာတတ်တယ်။ ဦးအံ့ကြီးရဲ့ “သူနဲ့သာတူညီ ဖူးလိုက်ချင်ရဲ့ ဦးခိုက်တင်ပါတဲ့ သဲပုံစေတီ။” ဆိုတဲ့ “မိန်ရာသီ” သီချင်းလေးလည်း ကြားရတတ်တယ်။ မကြည်အောင်ကတော့ “ရာသီတော်ဦး” သီချင်းထဲမှာ “နွေဦးပြောင်းလို့ အောင့်မေ့သည်။” တဲ့။ ချိုပြုံးကဆို “နေ့ပေါင်းများစွာ လပေါင်းများစွာ ကြာခဲ့သော်လည်း ကိုယ်မမေ့သည်သာ။” လို့ “မုန်းရစ်လေဦး” ထဲမှာ ဆိုတယ်။ စတူရီယိုထဲမှာဆိုရင်တော့ ကိုငှက်ပြန်ဆိုတဲ့ “နွေဦးကံ့ကော်များ” ပေါ့။ မေဆွိကတော့ “နွေဟာ အချစ်ပုံပြောလိမ့်မယ်။ ချစ်လျက်ဝေးသူ နှစ်ဦးအကြောင်း..။” ဆိုပြီး ကျောင်းတံခါးပိတ်ချိန်ကို “နွေပုံပြင်” သီချင်းနဲ့ လွမ်းပြမှာ။ လူငယ်ဆိုတာ ပညာရှာတဲ့အရွယ်မို့ ကျောင်းသားဘ၀မှာပဲ ရှိသေးတယ်လေ။ တစ်နှစ်တစ်ခါ နွေရာသီရောက်တော့မှ ကျောင်းကြီးတွေ ပိတ်ပြီး မိဘရပ်ထံပြန်တဲ့သူပြန်၊ ကျောင်းနေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခွဲခွာကြရတာ။ အဲဒါကြောင့် ဥတုသုံးပါးထဲမှာ နွေရာသီဟာ လွမ်းစရာအကောင်းဆုံးပဲ လို့ ထင်ကြတယ်။ သူများတွေတော့ လွမ်းတော်မူလို့ စာကိုစီကြတာ ဘယ်ဆီသို့ ဘယ်ရွာသို့ ဘယ်သူသို့ ဘယ်ဝါသို့ လွမ်းကြလေတယ် မသိပါဘူး။ ကိုယ်လည်းပဲ လွမ်းတော့လွမ်းတာပေါ့။ အခုလို ပူပြင်းသော့ထွေ ဂိမ္မာန်နွေဆို ကိုယ့်စိတ်က အတိတ်ဆီကို ပြန်လွမ်းတယ်။ သာလို့ ကောင်းလို့ ငြောင်းလိုငြိမ့်လို့ တတမ်းတတ လွမ်းနေတာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း၊ အဟောင်းကို အဟောင်းအတိုင်း မက်မက်စက်စက် ဆွတ်ဆွတ်ကြင်ကြင် လွမ်းတယ်။ အဲဒီအလွမ်းထဲမှာ နေသူရိန် ပူရှိန်ပြင်းတာလည်းပါတယ်။ လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့် တက်တာလည်းပါတယ်။ နောက်ဆုံးတော့ သန်းထွန်းလေးလိုပဲ “အညာဌာနီ တစ်ခါလာမည် ကျွန်တော့အတွက်တော့ မေ့မရပါလေပြီ။” လို့ ဟစ်ပလိုက်ရတယ်။
          ငယ်ငယ်တုန်းကတော့ နွေရာသီဆိုတာ တစ်နှစ်တစ်ခါ အညာပြန်ရတဲ့ ရက်တွေပေါ့။ အမေရောအဖွားရော အညာသူတွေမို့ သူတလှည့် ကိုယ်တလှည့်ပြန်ကြပေမယ့် ကိုယ်ကတော့ ဘယ်သူပြန်ပြန် လိုက်တာကိုး။ အဲဒီခေတ်က ခရီးလမ်းပန်းက ခုခေတ်လို လွယ်ကူအဆင်ပြေလှတာ မဟုတ်ပါဘူး။ ဘတ်စကားအိုကြီးနဲ့ ကုန်အိတ်တွေအပေါ်မှာ ခြေတွေကျဉ် ခါးတွေနာလာအောင် စီးရတယ်။ ရန်ကုန်ကညနေ သုံးနာရီလောက်ထွက်ရင် ရေနံချောင်းကို နောက်တနေ့မနက် ဆယ်နာရီသာသာလောက် ရောက်တယ်။ အဲဒီကမှ အနောက်ဘက်ကမ်းကူးရပြန်ရော။ မော်တော်နဲ့ ကုန်းဇောင်းအထိပဲ ကူးကူး၊ သမ္ဗာန်နဲ့ နန်းတော်ကျွန်း၊ ငါးခြောက်ကျွန်း၊ ထူး ဘက်ကိုပဲ ကူးကူး၊ နေခိုတာနဲ့ဘာနဲ့ ရွာကိုမှောင်ရီပျိုးမှ ရောက်ချင်ရောက်၊ မရောက်လည်း ကုန်းဇောင်းတစ်ညအိပ်ပြီး နောက်တစ်နေ့မှ ရောက်တယ်။ ဒါကြောင့် အညာခရီးဟာ လမ်းတင် အသွားနှစ်ရက် အပြန်နှစ်ရက်ကုန်တယ်။ ရွာရောက်ရင်လည်း တစ်ပါတ်လောက် အမောအပန်းဖြေမှ ပြန်ဖို့ အားပြည့်တယ်။ တကယ်တော့ အမောဖြေတာ မဟုတ်ပါဘူး။ အသားကျအောင် ပြန်ကျင့်ယူရတာပါ။ ရောက်ကာစမှာ သောက်ရတဲ့ရေကိုက အရသာတစ်မျိုးဖြစ်နေလို့ အာသာမပြေဘူး။ တွင်းရေလေ။ အဖွားကတော့ မုန်းချောင်းထဲက ရေကိုမှ သောက်ချင်တာ။ အိမ်သာကလည်း တွင်းအိမ်သာ တုတ်ခနောင်းနဲ့။ ကားပေါ်တက်စီးကတည်းက ၀မ်းချုပ်သွားတာ ရွာရောက်တော့လည်း အသားမကျဘူး။ မျက်စိကလည်း ညဘက်မှောင်ကြီးထဲနေတဲ့အကျင့်ကို ပြန်ကျင့်ရတယ်။ အဲဒီတုန်းက ရွာမှာ ဘက်ထရီအိုးတောင် မရှိဘူး။ ရေနံဆီမီးခွက်ပဲ ထွန်းတာ။ နှစ်ရက် သုံးရက်လောက်ဆို နေသားကျလာပါတယ်။ တခါတခါ မီးခွက်ရှေ့ စာအုပ်တစ်အုပ် သည်းကြီးမည်းကြီးဖတ်နေတုန်း ညှော်နံ့ထွက်လာမှ ဆံပင်တွေ မီးကျွမ်းသွားမှန်းသိတယ်။ အညာကပြန်လာလို့ ရန်ကုန်ရောက်ရင်လည်း ညဘက်ကျ လင်းကြောင်ကြောင်နဲ့ မျက်စိစူးတာ၊ အသံတွေ ဆူညံတာ၊ အိုက်စပ်စပ်ကြီးနေတာကို နေသားကျအောင် ပြန်ကျင့်ရတာပါပဲ။
          အစားအသောက်ကအစ ရန်ကုန်နဲ့တော့ ဘာမှ မတူပါလေဘူး။ မုန့်ဟင်းခါးဆိုတာများ ရွာမှာစားကာစဆို မျက်ရည်တောင်လည်မယ်။ မုန့်ဖတ်က အရောင်မွဲညစ်ညစ်၊ ရှမ်းခေါက်ဆွဲအလုံးလောက်တုတ်တယ်။ ဟင်းရည်က ငါးတစိမှမပါ။ ပဲနှစ်ပြစ်ပြစ်ကြီး။ နှစ်ရက် သုံးရက်လောက် ဆက်စားလိုက်မှ ဆီချက်နံ့မွှေးမွှေးလေးကို အရသာခံတတ်သွားမယ်။ နောက်တော့လည်း ရန်ကုန်က လိုက်မမီတဲ့ အညာမုန့်တွေ အရသာတွေ့လာတာပါ။ မင်းဇံက မုန့်လုံးကလေးတွေဆို ငှက်ပျောဖက်မှာ ကပ်လို့ ဆီကလေးနဲ့ ခွာယူရတယ်။ စေးလို့အိလို့။ မုန့်ပေါင်းပူပူကလေးတွေဆို ဆီနံ့မွှေးမွှေးကလေးနဲ့။ ကျောင်းတော်ရာဘုရားက ၀က်မြေဥကလေးတွေဆို ချိုလိုက်တာများ ဆိမ့်နေတာပဲ။ အဖွားကတော့ အဲဒီက မုန့်သြဇာကလေးတွေကို လူကြုံရှိတိုင်း မှာစားတယ်။ ရွာမှာရှိတဲ့ အဖွားများ အဒေါ်များကတော့ ရန်ကုန်သားဧည့်သည်ကလေးလာရင် ရွာမှာ နွားမသားပေါက်တဲ့အိမ်က နွားနို့မှာမှာထားတယ်။ ကျိုလိုက်ရင် အဆီတွေတောင် ဝေ့လို့။ ကိုယ်ရောက်နေရင် ရွာစဉ်လျှောက်ရောင်းတဲ့ အသား၊ငါးသည်များတောင်မှ အိမ်နားတ၀ဲလည်လည် ဟိုဟာဝယ်ပါဦး။ သည်ဟာဝယ်ပါဦး။ တွန်းတွန်းထိုးထိုး ရောင်းကြတယ်။ ကလေးဘ၀ ရွာမှာပျော်တာလည်း မပြောနဲ့လေ။ မိုးလင်းကမိုးချုပ် ပါးစပ်နဲ့အစားပြတ်တယ်လို့မှ မရှိပဲကိုး။
          ပွင့်ဖြူမြို့နယ်ထဲမှာ ရှိတဲ့ ကိုယ်တို့ရွာကလေးဟာ အနီးဆုံးမှာ အထင်ကရရှိတာကို ပြောရရင် လယ်ကိုင်း၊ ကျောင်းတော်ရာဘုရား အနားမှာ လို့ ပြောရတယ်။ ကျောင်းတော်ရာဘုရားက ငါးထွေကြီးတွေ အစာကျွေးတဲ့ ဗူးသယ်ဆိပ်ကနေလာ၊ မင်းဇံရွာ၊ သရက်တောရွာ၊ သမင်ခြံရွာကလေးတွေ လွန်ရင်ရောက်ကရော။ ပေတောရွာတဲ့။ ပွင့်ဖြူ၊ ကုန်းဇောင်းဘက်ကနေလာရင် ရွာခိုင်တို့ ရှောက်တောတို့၊ ရွာသာညွန့်၊ ပန်းတုန်းကြီး ပန်းတုန်းလေးတို့ ကျော်လာရတယ်။ လယ်ကွင်းပြင် တမျှော်တခေါ်ကိုဖြတ်သွားရင် မြစ်နားစုလို့ခေါ်တဲ့ နန်းတော်ကျွန်း၊ ငါးခြောက်ကျွန်း၊ ထူးရွာကလေးတွေကို ရောက်တယ်။ မြေပြန့်လွင်ပြင်ကျယ်ကြီးမှာ တစ်ရွာနဲ့တစ်ရွာ လယ်ကွက်ကြီးတွေ၊ မုန်းချောင်းကလေး၊ မဲဇလီဆည်ကလွှတ်တဲ့ တူးမြောင်းကလေးတွေနဲ့ ခြားထားတယ်။ တောအုပ်တောတန်း မရှိဘူး။ လယ်တွေကိုင်းတွေ၊ တလင်းတွေပဲ ရှိတယ်။ နှစ်သက်ရှည်ကြာလှတဲ့ ရွာကြီးတွေမို့လို့ သစ်ကြီးဝါးကြီး စိမ်းစိမ်းအုပ်အုပ်တွေ့ရင် ရွာ၊ ကြားထဲကဟာ လယ်ယာတလင်း လို့သာမှတ်။ တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ထားတာ ကားလမ်း မဟုတ်ဘူး။ နွားလှည်းပဲ သွားလို့ရတယ်။ ဒါကြောင့် ငယ်ငယ်ကဆို ရွာကကလေးတွေ လယ်ထွန်စက်လာရင် ထွက်ကြည့်ကြတယ်။ အခုလို ဆိုင်ကယ်တ၀ီဝီ မဖြစ်ခင်တုန်းကတော့ စက်ဘီးကလေးတွေ စီးကြတယ်။ ဒါတောင် ကျောင်းဆရာ ဆရာမလောက်ပဲ စီးတာ။ သူသူကိုယ်ကိုယ် လမ်းလျှောက်ကြတာ မိုင်တွေများစွာ။ ဘယ်ရွာဝင်ဝင် ရွာထိပ်မှာ နားစရာ ဇရပ်ကလေး။ အရိပ်ကောင်းကလေး၊ ရေချမ်းစင်အေးအေးလေးတွေ ရှိတယ်။ ဘယ်အိမ်မှ ၀င်းတံခါးပိတ်ထားတာ မရှိဘူး။ ခွေးလေးဘာလေးကြည့်၊ မြင်တဲ့အိမ် ၀င်နား၊ စိမ်းစိမ်းကျက်ကျက် အခါးရည်ကလေးတော့ တိုက်၊ ဆေးလိပ်ကလေးတော့ တည်လိုက်မှာ။ အချိန်မတော် မှောင်ရီပျိုးလို့ မိုးချုပ်သွားလည်း အိပ်ယာလိပ်ပါရင် ဇရပ်မှာတည်း၊ မပါရင် ဘုန်းကြီးကျောင်း ၀င်လျှောက်လိုက်၊ မှတ်ပုံတင် ပြစရာမလိုဘူး။ ကိုယ်တို့ရပ်ကိုယ်တို့ရွာ စတုဒီသာ လေးမျက်နှာက လာချင်တဲ့သူလာ၊ အဝေရာဟောတု ဖြစ်ပြီးသား။
          ရွာရဲ့သဘောက တစ်အိမ့်တစ်အိမ် အူမချေးခါးကအစ သိပြီးသားမို့ မျက်နှာစိမ်းများ ရွာထိပ်ကဖြတ်သွားရင် နောက်ကတကောက်ကောက် လိုက်မကြည့်သော်ငြား ဘယ်သူ့ မေးလိုက်မေးလိုက်၊ ပုံပန်းသဏ္ဍန်၊ ထူးခြားလက္ခဏာ၊ ဘယ်သူနဲ့စကားပြောပြီး ဘယ်ဘက်ကိုခရီးဆက်သွားတယ် ခရေစေ့တွင်းကျ ပြောပြတတ်တယ်။ လူမှုအသိုင်းအ၀ိုင်းက စုစုစည်းစည်းရှိလွန်းလို့ တရုတ်များကုလားများတောင် မူးလို့ရှုစရာ မရှိဘူး။ (ရေလည်းမကြည် မြက်လည်းမနုပဲကိုး)။ ရွာထိပ်မှာ အင်္ဂလိပ်ခေတ်က စစ်ပြေးရင်းကျန်ခဲ့တဲ့ ပန်ချာပီကြီး တစ်ယောက်တော့ရှိတယ်။ အခုတော့ သူတို့လည်း ကိုယ်နဲ့ အမျိုးစပ်လို့ရနေပြီ။ တစ်ရွာလုံးက ဟိုဘက်ကလှည့်တော်၊ သည်ဘက်ကလှည့်တော်၊ အမျိုးတော်ကြတယ်။ မိသားစုတိုင်းက မွေးချင်းပေါက်ဖော် ခုနှစ်ယောက် တစ်ကျိပ်ရှိတယ်။ တစ်ဝမ်းနှစ်ဝမ်းကွဲသွားရင် ပြန်ဖူးစာဆုံတယ်။ လူချင်းတွေ့လို့ ဇဝေဇ၀ါဖြစ်နေရင် “နင် ဘယ်သူလဲ။” ဘယ်တော့မှ မမေးဘူး။ “နင် ဘယ်သူ့သားသမီးလဲ။” မေးလိုက်ရင် ဇာတိဇစ်မြစ် အကုန်သိပြီ။ အနောက်တိုင်းသားတွေလို မျိုးရိုးနံမယ် ဆက်ခံမထားပေမယ့် မွေးချင်းညီအကိုချင်းမှန်း နံမယ်ခေါ်လိုက်ရင် သဘောပေါက်တယ်။ သားကြီးကို ဘိုကေ လို့ မှည့်လိုက်ရင် နောက်မွေးသမျှ ဘိုရှေ၊ ဘိုတေ၊ ဘိုဖေ ဖြစ်သွားတယ်။ မိန်းကလေးကျ ခင်ရီ၊ ခင်မှီ၊ ခင်သီ၊ ခင်ကြည်ပေါ့။ (အဲသလောက်ကို ကာရံငဲ့တာ)။ လူမှုအသိုင်းအ၀ိုင်းချင်းက ဘူတန်နဲ့တော့ တော်တော်တူတယ်။ ရွာမှာ တရုတ်၊ ကုလား မရှိသလိုပဲ၊ မိန်းမရှာ၊ ပြည့်တန်ဆာ မရှိဘူး။ သူခိုးမရှိတာကတော့ မအံ့သြလောက်ပါဘူး။ ဘယ်အိမ်တက်ခိုးခိုး အိုးစုတ်ခွက်စုတ်၊ အ၀တ်စုတ်ချင်း အတူတူနဲ့အနူနူ။ လူထက်နွားကတန်ဖိုးကြီးလို့ နွားခိုးပူတာလောက်ပဲ ရှိတယ်။ (အဲဒါ မြစ်အရှေ့ဘက်ကမ်းက လာခိုးတာ) အသောက်အစား လောင်းကစားရှိရင် လူပြောသူပြောခံရတယ်။ တစ်ပင်လဲမူ တစ်ပင်ထူတာတောင်မှ ငယ်လင်ငယ်မယား မဟုတ်ဘူးဆိုပြီး ခြောက်ပြစ်ကင်းသဲလဲစင် စာရင်းကဖျက်တယ်။ ပွေတဲ့ရှုပ်တဲ့သူဆိုရင်တော့ သူမပြောနဲ့ သူ့သားသမီးများ အရွယ်ရောက်လို့ မိဘ၀တ္တရား တောင်းရမြန်းရတဲ့အခါ မျက်နှာငယ်ရတယ်။ ဒီဝါသနာမျိုးက မျိုးရိုးလိုက်သလို ထင်ကြတယ်။
          အစွဲအလမ်းတွေနဲ့ ပတ်သက်ရင်တော့ ကိုယ်တို့အရပ်က နည်းနည်းထူးခြားပါတယ်။ မိဆိုင်ဖဆိုင် ရိုးရာကို ကိုးတော့ကိုးတယ်။ တခြားအရပ်တွေလို ပူနောင်ချပ်ချိမ်း လုပ်လေ့မရှိဘူး။ နတ်ကန္နားပွဲ ဘယ်ရွာမှာမှ မရှိဘူး။ ဒါပေမယ့် နတ်ကတော်အဖွားကြီးတွေတော့ ရှိတယ်။ လက်ဘက်တစ်ရိုး ကျွမ်းတစ်ရိုးကိုးပြီး နတ်မေးရင်ဟောတယ်။ ရှင်လောင်းနတ်ပြရင် ဆန်တစ်ပြည်ငွေတစ်မတ်ကိုးရတယ်။ ရွာကလူတွေက နတ်ကိုအဲလောက် မကြောက်ဘူး။ သရဲကိုပိုကြောက်တယ်။ ညဘက် သုဿန်မသွားရဲဘူး။ အသုဘအိမ်ဘက် ခြေဦးမလှည့်ရဲဘူး။ ရွာမှာ နာရေးရှိရင် ကိုယ့်အိမ်ကိုယ်တောင် တစ်ယောက်တည်း မအိပ်ရဲဘူး။ တစ္ဆေပုံပြင်တွေ ဝေေ၀ဆာဆာ ပြောပြတတ်ကြတယ်။ အပူးတွေအကပ်တွေကိုလည်း ယုံတယ်။ အဲဒါကြောင့် ငယ်ငယ်တုန်းကတော့ ရွှေရင်ကျော်ဂိုဏ်းဆိုတာ အဲဒီဘက်မှာ သိပ်နံမယ်ကြီးတယ်။ မကြာသေးခင်ကလည်း ကျောက်ခဲအန်ပြတာတွေ အဲဒီဘက်ကလာတယ်။ ယုံလွယ်ကြတယ်လို့ပဲ ပြောရမှာပဲ။
          တကယ်တော့ ကိုယ့်ရွာကို ပြန်အမွှန်းတင်ပြီး ကြွားစရာ ဟုတ်ဟုတ်ငြားငြား ဘာဆိုဘာမှ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်အတွက် ဘာနဲ့မှ လဲလို့မရတာ တစ်ခုတော့ရှိတယ်လေ။ ဆွေတွေမျိုးတွေပေါ့။ ဇာတိနွယ် လို့ ခေါ်ရမယ်။ မိဘဘိုးဘွားအားလုံး အဲဒီရွာကနေ ဆင်းသက်လာတာကိုး။ အဖွားရော အမေရောဟာ ပုဝါပါးကိုကြက်သားထုပ်သွားကြပေမယ့် ရွာကိုတော့ စွန့်သွားတဲ့အထဲ မပါဘူး။ ကိုယ့်သားသမီးလေးတွေ အပါခေါ်ပြီး ရွာကို အရောက်ပြန်ကြတယ်။ ရွာကအမျိုးတွေနဲ့ စိမ်းမသွားအောင် ထားတယ်။ အဲဒီအလုပ်ကို သမီးကလေးတစ်ကောင်တည်း မွေးထားမိတဲ့ ကိုယ်တောင် မလုပ်နိုင်ဘူး။ ကာဠုဒါယီ ဂါထာပေါင်းများစွာနဲ့ ပြည်တော်ပြန်ပင့်သလို အာကာကိုလွှာပုံပြုလည်းပဲ သည်သမီးကတော့ သည်ခရီးကို လိုက်ချင်မယ် မဟုတ်ဘူး။ အဲဒီမှာ သူနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မရှိဘူးလေ။ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ နွေးထွေးတဲ့ အရိပ်အာဝါသဆိုတာ သူမခံစားတတ်သေးဘူး။ သူ့အဖေကို ဘယ်သူနဲ့မှ မျှဝေပြီး မချစ်နိုင်တဲ့သမီးဟာ ၀မ်းကွဲမွေးချင်းတွေနဲ့ အပျော်တွေကို ဝေမျှခံစားနိုင်မှာလည်း မဟုတ်ဘူး။ အလှပြင်ဆိုင်မှာ ခြေသည်းအလှဖော်ထားတဲ့ ဖ၀ါးအစုံနဲ့ ဖုန်အလိမ်းလိမ်းဖွေးတဲ့ မြေပြင်ကိုနင်းဖို့လည်း ခက်မှာပေါ့လေ။
          သူ့အဖေကတော့ ရွာကို မခေါ်ချင်ပဲ ဘယ်နေပါ့မလဲလေ။ ဆေးကျောင်းရောက်တဲ့အထိ နွေကျောင်းပိတ် ရွာပြန်ရင် ခင်မိခင်ရာ သူငယ်ချင်းတွေကို ရွာအလည်ခေါ်သွားနေကျ။ ကျောင်းသက်တ၀က်လောက်မှာ ကိုစိုးသူနဲ့ သူငယ်ချင်းဖြစ်တော့ ရွာကလူတွေဖြင့် စိတ်တွေပူလို့။ မတော်လို့ ခေါ်များလာရင် ဘယ်နေရာမှာသွားထားရပါ့မလဲ အားတွေကိုနာလို့။ တို့ရွာကလူတွေ တစ်ယောက်တစ်တို့ ၀ိုင်းတို့ရင်တောင် အဲသည်မင်းသား လုံးပါးပါးလောက်တယ်တဲ့။ နောက်ဆုံးတော့ လူအလည်မခေါ်နိုင်တာနဲ့ ပြက္ခဒိန်လေးတွေပဲ အလည်ခေါ်သွားရတယ်။ တို့ရွာမှာ အိမ်ပေါက်စေ့ စိုးသူပုံချိတ်တယ်။ ရွာကလူတွေ မင်းသားချစ်ရင် တဆုံးတစပဲ။ ဘာတွေပြော၊ ဘာတွေဝတ်၊ ဘာတွေလုပ်ပြသလဲ တစ်ခုမှမသိဘူး။ တနေကုန် ပင်ပန်းလာတာ ညဘက်ကျ ခွေထဲ သူ့မျက်နှာကလေးတွေ့လိုက်ရရင် အမောကိုပြေလို့တဲ့။ ကားသစ်မထွက်ရင် အဟောင်းသာပြ။ ကြည့်ဦးမှာ။ သီချင်းကိုတော့ လူငယ်ပိုင်းလောက်ပဲ နားထောင်တယ်။ လူကြီးပိုင်းက ခုထက်ထိ “ကိုသိန်းတန်၊ စိုး သင်္ဘောပေါ်တက်ခဲ့မယ်။” ပဲ ရှိသေးတာ။ စိန်အောင်မင်းကြီးတောင် “ယာတောရဲ့အလယ်မှာ ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်ဦး။” ဆို ချင်းကလေးဖဝေးဇာတ်ထုပ် မပြီးသေးဘူး။ ရွာမှာ ဦးညွန့်ဝင်းကြီးလည်း ကိုတင်မောင့်သားအကြီးကောင် ဘ၀က မတက်သေးဘူး။
         နှစ်တွေအများကြီး ကြာလာခဲ့တဲ့နောက် ကမ္ဘာကြီးက ရွာထဲကို မ၀င်သေးပေမယ့် ရွာထဲကလူတွေကတော့ ကမ္ဘာအနှံ့အပြား ရောက်ကုန်ပါပြီ။ စင်္ကာပူ မလေးလောက်တော့ စကားထဲထည့်မပြောကြတော့ဘူး။ အင်္ဂလန်မှာ ပညာသင်နေတဲ့ နံမယ်ကြီး ဗီဒီယိုဂျာနယ်လစ်ကလေးတစ်ယောက်နဲ့ ဖေ့စ်ဘုတ်ပေါ် မိတ်ဆွေဖြစ်သွားတော့ သူက ရှောက်တောသားတဲ့။ ရုရှားမှာ ပညာသင်နေတယ်ဆိုတဲ့ တောင်ရွာက ဆွေမျိုးစပ်လာသူတစ်ဦးလည်း တွေ့ခဲ့တယ်။ နံမယ်ကျော် ဘလောက်ဂါကြီးတစ်ယောက်ကလည်း ကိုယ့်ရွာသားတင်မဟုတ်၊ ဆွေမျိုးတောင်တော်နေတာကို တနေ့ကမှ သိလိုက်ရတယ်။ နောက်ပေါက်မွေးချင်းတွေထဲက အမေကြီးကားကို ယောင်နောက်ဆံထုံးပါသွားတဲ့သူ၊ ပါရီမှာ ကာဖီသောက်နေတဲ့သူတွေလည်း ရှိခဲ့ပြီ။ သူတို့တတွေရော။ ရွာကို သတိရသေးရဲ့လား မသိ။
         ကိုယ်ကတော့ သတိရရုံတင်မဟုတ်။ ပြန်ကိုပြန်ချင်နေတာပါ။ ကမ္ဘာကျော် တရုတ်စစ်သူကြီးတစ်ယောက် ပြောဖူးတာကတော့ “လူဆိုတာ ဘ၀မှာ ဘယ်လောက်ပဲ အောင်မြင် အောင်မြင်၊ ကိုယ့်မွေးရပ်ဇာတိရွာကို ပြန်ပြီး အဲသည်အောင်မြင်မှုတွေကို မပြနိုင်လို့ရှိရင် ၀ါးလုံးခေါင်းထဲမှာ လသာနေရသလိုပဲ။ ဘာအဓိပ္ပါယ်မှ မရှိဘူး။” တဲ့။ ကိုယ့်အမေတွေ အဖွားတွေကတော့ စုမိဆောင်းမိရှိလို့ အလှူအတန်းလုပ်ရင် ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်လှူပြီး မိဘဘိုးဘွား ဆွေမျိုးညာတကာတွေကို အမျှဝေတယ်။ ကိုယ့်စိတ်သဘောကတော့ ရွာကလူတွေဆီပြန်ပြီး ပလွှားကြွားဝါပြတာမျိုးလည်း ၀ါသနာ မပါဘူး။ ဝေငှပေးကမ်း လှူဒါန်းလောက်အောင်လည်း လူတန်းမစေ့ဘူး။ ဒါပေမယ့် တတ်ထားတဲ့ပညာကလေးနဲ့တော့ ကိုယ့်နယ်ကိုပြန်ပြီး ဆေးကုပေးချင်တဲ့စိတ်တွေ လောက်ကိုင်မှာကတည်းက ဖြစ်တယ်။ သူများရပ်ရွာမှာ တခါတလေ အုပ်စုအားကိုးနဲ့ အနိုင်ကျင့်ကြတာတွေ၊ ပညာပြတာတွေ ကိုယ်လည်း ခံရတာပါပဲ။ နောင်ကျတော့ မေ့ပလိုက်တယ်ဆိုပေမယ့် အဲသလို လူတဘက်သားက သရော်မော်ကား ရမ်းကားရိုင်းပြတဲ့ အပြုအမူတွေကို သည်းညည်းနေခံရတဲ့အခါဆိုရင် သည်လူတွေကို ငါ့ပညာနဲ့အလုပ်အကျွေးပြုမယ့်အစား ငါ့ရပ်ငါရွာမှာ ငါ့ဆွေငါ့မျိုးတွေကိုပဲ ပြန်ကုပေးလိုက်ရရင် ကုသိုလ်မရတောင် ပီတိတော့ ဖြစ်ရမှာပဲလို့ အောင့်မေ့မိတယ်။ ဆွေရိပ်မျိုးရိပ်ကို ပြန်တမ်းတတယ်။ ၀န်ထမ်းဘ၀ဆိုတာကတော့ ထားရာနေ စေရာသွားရတာကိုး။ နောက်ဆုံးတော့ ရောက်တဲ့အရပ်က တွေ့တဲ့သူကို ကိုယ့်ဆွေကိုယ့်မျိုးလို သဘောထားရတယ်။ အသက်မွေးဝမ်းကျောင်းဘ၀ကို လူနာတွေပိုင်တယ်။ ပုဂ္ဂလိကဘ၀ကိုတော့ သမီးကပိုင်တယ် လို့သဘောထားပြီး အဲသည်နှစ်ခုကြားမှာ ချိန်ခွင်လျှာ ညှိရတဲ့အတွက် ရန်ကုန်မှာ ပြန်နေရတယ်။ ဒါပေမယ့် ကိုယ့်စိတ်က နယ်မှာ ပိုပျော်တယ်။ ရွာကို ပိုလွမ်းတယ်။ သည်ဘ၀မှာ ကိုယ့်နယ်ကိုယ်ပြန် ဆေးကုမပေးနိုင်သေးသရွေ့ ဆရာဝန်ဖြစ်ရကျိုးနပ်ဦးမှာ မဟုတ်ဘူး လို့ အကြွေးစာရင်းမှတ်ထားတယ်။ မသေခင်တော့ ဆပ်ချင်ပါသေးရဲ့လေ။

ပြည်သူလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောပြီ



*********************************

အလိုလိုက်အမိုက်မဆော်ကားကြဖို့
==================
March 30, 2013
၂၀၁၃ခုနှစ် မတ်လ ၁၇ရက်ထုတ် မြန်မာ့အလင်းသတင်းစာ
စာမျက်နှာ ၈ ၌ ပြည်သူလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း က
ဒလမြိုနယ်မှဒေသခံများနှင့်တွေ့ဆုံ စဉ် ““ဥပဒေနှင့်မ
ညီညွတ်””သည့်မင်းမဲ့စ ရိုက်များ၊အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊
ဒီမိုက ရေစီအနိုင်ကျင့်မှုများကို လစ်လျူရ့လျှက် တိုင်းပြည်
နစ်နာမည်ဖြစ်ကြောင်းပြောကားခဲ့သည့် စကားမှာဒီကနေ့
အချိန်အခါ မှာ ““ပြည်သူများအားလုံးအနေနဲ့အထူး
(အထူး)ဂရိုက်စိုက်အလေးအနက်ထားရ မည့်စကားဖြစ်
ပါသည်။
မြန်မာမှုနယ်ပယ်တွင်ရှေးလူကြီးများကလူတွေကိုစကားပုံ
များနဲ့ဆိုဆုံးမလမ်း ညွှန်လမ်းခင်းပေခဲ့ပါသည်။
““အလိုလိုက် အမိုက်စော်ကား””
မျက်နှာသာပေးရွှေရေး ပန်ကန်တက်သောစကားအတွက်
ဆေးတစ်ပါးသဖွယ်ဖြစ်မည်ထင်ပါသည်။
အားလုံးသိကြပါသည်။ ယခင်ကနဲ့ စာလျှင် ယနေ့များစွာ
(များစွာ)မှလွတ် လပ်စွာပြောရေးဆိုခွင့်တွေရလာပါပြီ၊
လူ့ အခွင့်အရေးနှင့်
ပတ်သက်လျှင်လည်း အတန်အသင့်ရလာနေပါပြီ။
ဒီနေရာမှာလူ့အခွင့်ရေးဆိုသည်မှာလူသားတိုင်း၏
မွေးရာပါအခွင့်အရေးဆိုသည်ကို လူတိုင်း မပြောဘဲသိပါ
သည်။ လူများစုအတွက် လူ့အခွင့်အရေးကသီးခြားအခွင့်
ထူးခံဖို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မဟုတ်တာတော့ သေ
ချာပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေ မန်းက ““ဥပဒေနှင့်မ
ညီညွတ်သည့်မင်းမဲ့ စရိုက်””များ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ
ဒီ မိုကရေစီအနိုင်ကျင့်မှုများကို လစ်လျူရှု ရန်မသင့်ကြောင်း၊
ငါ့ဆွေမျိုး၊မိသားစု တွေလုပ်တာဘဲ ခွင့်လွှတ်လိုက်၊ မျက်နှာ
လွှဲမသိကျိုးကျွင်နေလိုက်ပုံစံမျိုးမလုပ်သင့် တော့ပါဘူး။
''''ယုတ်စွအဆုံးကိုယ့်မိဘက လုပ်ရင်တောင်ခွင့်မလွှတ်သင့်
ပါဘူး။သင့်သလိုအရေးယူရန်အချိန်တန်ပါပြီ။
မိမိကိုတန်ဖိုးထားဆည်းကပ်ပြီးရိုသေကိုင်းရှိုင်း ဂါရ၀တ
ရားရှေ့ထားပြီး တန်ဖိုးထားတာ ကို””အခွင့်အရေးမယူသင့်ပါ။
အဲဒီအခွင့်အရေးကိုလက်ထဲဆုပ်ကိုင်ပြီးတာဝန်ရှိ အစိုးရအဖွဲ့
အစည်းနဲ့လူကြီးလူတိုင်းနီးပါးသိကြပါလိမ့်မည်။
မြေ ပေါ်၊မြေအောက်၊ရေပေါ်ရေအောက်၊လေ ပေါ်လေ
အောက်အားလုံးသော ရေ၊လေ၊ မြေများကိုနိုင်ငံတော်က
ပိုင်ပါတယ်။ပိုင် ရှင်ဟာနိုင်ငံတော်ပါ။အကျွန်ုပ်၊အသင် နေ
ထိုင်ရာအိမ်မြေအောက်မှာ ရွှေသိုက် နဲ့ရေနံတွင်းရှိခဲ့ရင်
အသင်အကျွန်ုပ်အနေနဲ့အိမ်နဲ့မြေကိုနိုင်ငံတော်ကိုပေးလိုက်
ရပါ လိမ့်မည်။
နိုင်ငံတော်ကလူ့အခွင့်အရေး ကို လေးစားသော
အားဖြင့်ရောငွေကြေးသို့မဟုတ်နေရာအစားပြန်ပေးပါလိမ့်
မယ်။ မပေးရင်လည်း ဘာမှမတတ်နိုင်ပါ။
လက်ပံတောင်းတောင်ကိစ္စမှာ ယခင် ကရှိရင်းစွဲအတိုင်း
တောင်ကိုပြန်လုပ်ပေး ရမလိုပြောနေသံကြားရပါသည်။
မျက်နှာသာပေးခံထားရသူအချို့က သူတို့နဲ့မဆိုင် ဘဲ
သူရဲကောင်းလုပ်ပြီး ဒီမိုကရေစီအနိုင်
ကျင့်မှုပုံစံကဲ့သို့လုပ်လာကြတာဟာလုံးဝ မဖြစ်သင့်ဟု
ထင်ပါသည်။မျက်နှာသာပေးသောကြောင့် ဒီလို တွေလုပ်ကြ
တာလား။ဒါမှမဟုတ်အလို လိုက်ပြီး အခွင့်အရေးပေးလို့အ
မိုက်စော် ကားတဲ့ ပုံစံလုပ်ကြတာလား။မေးခွန်းထုတ် ရမလိုဖြစ်နေပါသည်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာ ပေါ်ခဲ့ပါတယ်။
မြန်မာအစိုးရကရိုဟင်ဂျာ သည် တိုင်းရင်းသားမဟုတ်ဟု
ဆိုသည်။ မြန်မာနိုင်ငံအနှံ့ရှိအစ္စလာမ်ဘာသာကိုး ကွယ်ကြသူများအားလုံး
ရိုဟင်ဂျာမဟုတ်ကြောင်း မဟုတ် ကြတာတော့သေချာပါ
သည်။ အစ္စလာမ်ဘာသာကိုးကွယ်ကြသူများတွင် တိုင်းရင်း သားအချို့ရှိပါသည်။
ထိုထ်္မင်းယောင်ထုံး နှင့် အစ်္စလာမ်ဘာသာဝင် မြန်မာနိုင်ငံ
သားများမြန်မာနိုင်ငံတွင်ရှိခဲ့ဖူးသည်ဟု ကြားဖူးပါသည်။ အစ္စလာမ်ဘာသာကိုး ကွယ်သော အာဇာနည်မစ္စတာရာဇတ် နှင့်ရဲဘော်ထွေးသည်
ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်များ၌ပါဝင်ခဲ့
သည်ကို မြန်မာနိုင်ငံသားများသိကြပါသည်။
လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထား သော မြန်မာနိုင်ငံတွင်
အစ္စလာမ်ဘာသာ ၀င်များသည် လူနည်းစုဖြစ်ပါသည်
။ပြည်သူ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောခဲ့ သလို ““ဥပဒေနှင့်မညီညွတ်သည့်မင်းမဲ့
စရိုက်အသွင်ဆောင်ကာ အုပ်စုဖွဲ့အနိုင် ကျင့်ပြီး သာကေ
မြို့နယ်ရှိအာရ်ဘီ စာသင်ကျောင်းဝိုင်းဖြိုခွဲသည်။ဥပဒေနှင့်
အညီ သက်ဆိုင်ရာကဆောင်ရွက်ပေးရန် လုပ်ဆောင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံကောင်း ဖို့ ပြည်သူပြည်သားအ
များစုအေးအေး ချမ်းချမ်းနေနိုင်ကြစေဖို့အတွက် ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား ခဲ့သော ““ဥပဒေမဲ့မင်းမဲ့စရိုက်များကိုထိရောက်ဟန့်တားစွာ
အရေးယူနိုင်ရန် တည်ဆဲဥပဒေမရှိသေး””လျှင်
အမြန်ဆုံး ဥပဒေပြဋ္ဌာန်းပေးကြပါ။““ထိုနည်းတူပင် အုပ်စုဖွဲ့
အနိုင်ကျင့်မှုများ”မပြုလုပ်ရဲအောင်၊ မလုပ်ဝံ့အောင်တည်ဆဲ
ဥပဒေမရှိက အမြန် ဆုံးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် လွှတ်
တော်များထံ ပြည်သူတစ်ဦးအနေနဲ့တိုက် တွန်းအဆိုပြုအပ်ပါ
သည်။ဒီမိုကရေစီခေတ် မှာ ““ဒီမိုကရေစီအနိုင်ကျင့်မှုမှာလွန်
စွာဆိုးဝါးသောကိစ္စဖြစ်ပေသည်။ လုံးဝမပြု သင့်သောကိစ္စရပ်ဖြစ်ပါသည်။
ယင်းသို့ အနိုင်ကျင့်မှုမပြုနိုင်ရန်အတွက် အမြန်ဆုံး ဥပဒေတစ်
ရပ်ပြဋ္ဌာန်းပေးကြပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏မိန့်မှာပြော
ကြားခဲ့သောစကားကိုအလေးအနက်ထောက်ခံ ပါသည်။
ကမ္ဘာတ၀ှမ်းအေးချမ်းပြီး တရား ဥပဒေစိုးမိုးသောနိုင်ငံတိုင်းတိုးတက်ကြ
ပါသည်။ ကမ္ဘာအင်အားအကြီးဆုံးအမေ ရိကန်နိုင်ငံကိုကြည့်ပါ။
ကမ္ဘာ့နိုင်ငံပေါင်း စုံက မတူကွဲပြားခြားနားသူများစုစည်း ပြီး
တူညီလက်တွဲပြီးနေကြပါသည်။အစ္စလာမ် ဘာသာဝင်အစွန်း
ရောက်အွစ်စမာဘင် လာဒင်တို့က အမေရိကန်လူမျိုးများကို နည်းလမ်းအသွယ်သွယ်ဖြင့်သတ်ဖြတ် ချေမှုန်းပြီးဒုက္ခမျိုး
စုံပေးသည်။သို့သော် အစ္စလာမ်ဘာသာဝင်များကို အမေရိ
ကန်ဒုက္ခပြန်ပေးပြီး ဂလဲ့စားချေသတ်ဖြတ် တာကိုမကြားဘူး
သေးပါ။ဘာသာရေး ဆိုင်ရာအဆောက်အအုံတွေကို ဖြိုချဖျက် စီးတာတွေအမေရိကန်နိုင်ငံမှာလုပ်ခဲ့ တာမကြားဘူးပါ။
မည်သည့် လူ့အသိုက်အ၀ိုင်းမဆို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း ပြောကြားခဲ့သော ဥပဒေနှင့်မညီညွတ်သည့် မင်းမဲ့စရိုက်များမပြုလုပ်သင့်ပါ။လုံးဝ(လုံးဝ)မလုပ်ကြဖို့ဝိုင်း
ဝန်းဖျောင်းဖျတားစီးပေးကြဖို့ လူတိုင်း၌တာဝန်ရှိပါ တယ်။ ““အုပ်စုဖွဲ့အနိုင်ကျင့်သောကိစ္စ မျိုး မြန်မာနိုင်ငံတွင် မည်သည့်အချိန်အခါ မှမရှိဖို့ မဖြစ်စေဖို့ လူတိုင်း
လူတိုင်းအသိ စိတ်ဓာတ်ရှိရှိဖြင့်ဝိုင်းဝန်းပြီး စုစည်းကာ
ကွယ်ပေးကြဖို့တာဝန်ရှိပေသည်။ ဒီမိုက ရေစီအငမ်းမရလိုချင်ခဲ့ကြတဲ့ မြန်မာပြည်သူ
ပြည်သားများအနေနဲ့““ဒီမိုကရေစီဘန်း ပြပြီး၊အာဏာပိုင်များ
ကိုအကျပ်အတည်း တွေ့အောင်လုပ်ကြတာ””တွေ ဒီမိုကရေစီ အနိုင်ကျင့်မှုများလုပ်ကြတာတွေကို မလုပ် ကြဖို့အထူးတလည်
တိုက်တွန်းရေးသားလိုက်ရပေသည်။

မြတ်ထက်ဝေယံ
hotnewsweekly.com

မြိတ်မြို့၌ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြို့ရှိ ဘာသာပေါင်းစုံ  တွေ့ဆုံ ဆွေးနွေးပွဲ အခမ်း အနားအား မတ်လ (၃၀) ရက်နေ့ နံနက် (၈) နာရီအချိန် မြိတ်မြို့ ကန်ခေါင်းရပ် ထုံးဖို ဗလီရှိ စန္ဒာခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့ မြို့မိမြို့ဖများ၊ ရပ်ကွက်များမှ အရပ်လူကြီးများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်ခိုင်ဖြိုး ပါတီ၊ NLD ပါတီ၊ တစညပါတီ ၊ (၈၈) မျိုးဆက် စသည့် နိုင်ငံရေး ပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ မြိတ်မြို့နယ် နာရေး ကူညီမှုအသင်း၊ ၀ဋံသက နာရေးကူညီမှု အသင်းတို့မှ အမှုဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၀၀) ကျော်ခန့် တက်ရောက် ကြသည်။ 

အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်နှင့် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များက မြိတ်မြို့ တည်ငြိမ်ရေး၊ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်ရေး၊ ကောလာဟလ များနှင့် ပတ်သက်ပြီး မယုံကြည်ရေးနှင့် ပွင်းလင်းစွာ ပေါင်းစပ် ညှိနှိုင်း ဆက်ဆံရေး၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ငြိမ်းချမ်းစွာဖြင့် အတူ ပူးပေါင်းပြီး လက်တွဲဖြေရှင်း သွားမည့် ကိစ္စများကို ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

ထို့အပြင် မြိတ်မြို့နယ် အတွင်းရှိ ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေ့ဆုံပွဲ အခမ်းအနားကို ဆရာတော် ဘုရားကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း အသီးသီး ထံမှ လမ်းညွှန် သြ၀ါဒ ခံယူပြီး သင့်တော်မည့် နေ့တွင် ပြုလုပ် ကျင်းပသွားမည့် ကိစ္စကိုလည်း ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်း သိရ ရှိသည်။ အစည်းအဝေး အပြီးတွင် တက်ရောက် လာကြ သူများသည် ထုံးဖို ဗလီအတွင်း ၀င်ရောက် လှည့်လည်ကြည့်ရှု့ လေ့လာ ကြသည်။

အစည်းအဝေး ပြီးနောက်တွင် တက်ရောက် လာကြသော ဘာသာပေါင်းစုံ ကိုယ်စားလှယ်များသည် မြိတ်မြို့ တပ်ပြင်ရပ်ရှိ ကောလိပ်ကုက္ကိုလ် ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် မဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ဦးတိလောက ဆရာတော် ဘုရားကြီး ထံ သွားရောက်ပြီး လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ သြ၀ါဒ ခံယူကြသည်။ ထိုနောက် မြိတ်မြို့ပေါ်ရှိ သြ၀ါဒ စရိယ ဆရာတော်များ၏ ကျောင်းတိုက်များ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ ဟိန္ဒူ ဘုရား ရှိခိုးကျောင်းများအား သွားရောက်ပြီး လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း ပေးအပ်ကာ သြ၀ါဒများ ခံယူ ခဲ့ကြကြောင်း သတင်း ရရှိပါသည်။ 
 
   



တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ

တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။

တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။ 

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Source: Channel NewsAsia
တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။

တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Source: Channel NewsAsia

Friday, March 29, 2013

မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ကချင်ဒုက္ခသည် ရံပုံငွေ ဈေးရောင်းပွဲတော် ပြုလုပ်

မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ကချင်ဒုက္ခသည် ရံပုံငွေ ဈေးရောင်းပွဲတော် ပြုလုပ်
စနေနေ့၊ မတ်လ 30 ရက် 2013 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေသည့် ဈေးရောင်းပွဲတော်တခု ကွာလာလံပူမြို့ရှိ Chinese Assembly Hall တွင် ယနေ့ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

မလေးရှားစံတော်ချိန် ၁ နာရီမှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပါဝင်ဖွဲ့စည်းထား သည့် တိုင်းရင်းသားအဖွဲ့စည်းချုပ် (Coalition of Burma Ethnics Malaysia) မှ ဦးဆောင်ကာဒုက္ခသည်များ အတွက် လူမျိုးအသီးသီးမှ မိမိတို့ရိုးရာဓလေ့ အကများ အစားအစာများဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အစီစဉ်တွင် ဒုက္ခသည်များ၏ ဓါတ်ပုံပြခန်းနှင့်အတူ တိုင်းရင်းသား အသီးသီးတို့သည် မိမိတို့ရိုးရာ အကပဒေသာများနှင့် ရိုးရာအစားအစာများ ချက်ပြုတ်ရောင်းချကာ ဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေခဲ့သည်ဟု ၎င်းပွဲကော်မတီမှ အဖွဲ့ဝင် ကိုလဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစားအစာလည်း ကိုယ့်ရိုးရာအစားအစာ ကိုယ်ရောင်းကြတယ်။ ကရင်လည်း ကရင်အစားအစာ၊ မွန်လည်းမွန်အစားအစာ၊ ကချင်လည်း ကချင်အစားအစာ အမျိုးမျိုးရောင်းကြတယ်။ ဒီနေ့လုပ်တဲ့ပွဲက အရမ်းလည်း အောင်မြင်တယ်လို့ပြောရမယ်” ဟုဆိုသည်။

အဆိုပါအစီစဉ် ပြုလုပ်ခြင်းသည် စစ်ပြေးဒုက္ခသည်များ ခံစားရသောဒုက္ခများကို အခြားတိုင်းရင်းသား များလည်း ထပ်တူခံစားရကြောင်းနှင့် ခက်ခဲကြမ်းတမ်းသည့် နိုင်ငံရေးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားအားလုံး စိတ်သဘောထား တူညီစွာဖြင့် အတူတကွရှေ့သို့ လက်တွဲသွားရန် ရည်ရွယ်သည်ဟု ပြောသည်။

“အားလုံးလည်း သဘောထား ညီညွှတ်မှုကိုတွေ့ရတယ်။ နယ်မှာရှိတဲ့ တိုင်းရင်းသားတွေလည်း ဒီနေ့လုပ်တဲ့ အစီစဉ်ကို ကြည့်ပြီး အားလုံးသဘောထားတွေ တညီတညွှတ်ထဲ ဖြစ်စေချင်ပါတယ်” ဟု တိုင်းရင်းသားများ အဖွဲ့ဝင် ကိုလဆိုင်းပြောခြင်းဖြစ်သည်။

ယနေ့ ပြုလုပ်သော ကချင်ဒုက္ခသည်များ ရံပုံငွေရှာဖွေရေးအစီစဉ်သို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်သား အယောက်  ၇၀၀ ကျော် ပါဝင်အားပေးခဲ့ကြောင်းသိရသည်။

၎င်းအစီစဉ်မှရရှိသော ငွေများကို ဒုက္ခသည်များဆိုင်ရာ ကော်မတီထံသို့ မကြာမီ လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုလဆိုင်းက ပြောသည်။

စနေနေ့၊ မတ်လ 30 ရက် 2013 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေသည့် ဈေးရောင်းပွဲတော်တခု ကွာလာလံပူမြို့ရှိ Chinese Assembly Hall တွင် ယနေ့ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

မလေးရှားစံတော်ချိန် ၁ နာရီမှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပါဝင်ဖွဲ့စည်းထား သည့် တိုင်းရင်းသားအဖွဲ့စည်းချုပ် (Coalition of Burma Ethnics Malaysia) မှ ဦးဆောင်ကာဒုက္ခသည်များ အတွက် လူမျိုးအသီးသီးမှ မိမိတို့ရိုးရာဓလေ့ အကများ အစားအစာများဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အစီစဉ်တွင် ဒုက္ခသည်များ၏ ဓါတ်ပုံပြခန်းနှင့်အတူ တိုင်းရင်းသား အသီးသီးတို့သည် မိမိတို့ရိုးရာ အကပဒေသာများနှင့် ရိုးရာအစားအစာများ ချက်ပြုတ်ရောင်းချကာ ဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေခဲ့သည်ဟု ၎င်းပွဲကော်မတီမှ အဖွဲ့ဝင် ကိုလဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစားအစာလည်း ကိုယ့်ရိုးရာအစားအစာ ကိုယ်ရောင်းကြတယ်။ ကရင်လည်း ကရင်အစားအစာ၊ မွန်လည်းမွန်အစားအစာ၊ ကချင်လည်း ကချင်အစားအစာ အမျိုးမျိုးရောင်းကြတယ်။ ဒီနေ့လုပ်တဲ့ပွဲက အရမ်းလည်း အောင်မြင်တယ်လို့ပြောရမယ်” ဟုဆိုသည်။

အဆိုပါအစီစဉ် ပြုလုပ်ခြင်းသည် စစ်ပြေးဒုက္ခသည်များ ခံစားရသောဒုက္ခများကို အခြားတိုင်းရင်းသား များလည်း ထပ်တူခံစားရကြောင်းနှင့် ခက်ခဲကြမ်းတမ်းသည့် နိုင်ငံရေးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားအားလုံး စိတ်သဘောထား တူညီစွာဖြင့် အတူတကွရှေ့သို့ လက်တွဲသွားရန် ရည်ရွယ်သည်ဟု ပြောသည်။

“အားလုံးလည်း သဘောထား ညီညွှတ်မှုကိုတွေ့ရတယ်။ နယ်မှာရှိတဲ့ တိုင်းရင်းသားတွေလည်း ဒီနေ့လုပ်တဲ့ အစီစဉ်ကို ကြည့်ပြီး အားလုံးသဘောထားတွေ တညီတညွှတ်ထဲ ဖြစ်စေချင်ပါတယ်” ဟု တိုင်းရင်းသားများ အဖွဲ့ဝင် ကိုလဆိုင်းပြောခြင်းဖြစ်သည်။

ယနေ့ ပြုလုပ်သော ကချင်ဒုက္ခသည်များ ရံပုံငွေရှာဖွေရေးအစီစဉ်သို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်သား အယောက် ၇၀၀ ကျော် ပါဝင်အားပေးခဲ့ကြောင်းသိရသည်။

၎င်းအစီစဉ်မှရရှိသော ငွေများကို ဒုက္ခသည်များဆိုင်ရာ ကော်မတီထံသို့ မကြာမီ လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုလဆိုင်းက ပြောသည်။

Shakers လား၊ -Movers လား၊- Doers လား



Shakers လား၊ -Movers လား၊- Doers လား
။သန္တာဝင်း -
-(၂၉-၃-၂၀၁၃)

နိုင်ငံတခု ပြန်လည်ထူထောင်ရာတွင် လိုအပ်သော လူ ၃ မျိုးရှိသည်။


Shakers --- ခရာမှုတ်ကြသူများ။ အိပ်ပျော်နေသူ၊ အိပ်မက်မက်နေသူ၊ အိပ်ချင်ယောင်ဆောင်နေသူများကို လှုပ်နှိုးကြသူများ။

Movers --- တွန်းတင်ကြသူများ။ အိပ်ချင်မူးတူးမျက်လုံးဖွင့်လာသူများကို ဆွဲထူဖို့ကြိုးစားကြသူများ။
Doers --- ပြန်လည်တည်ဆောက်ကြသူများ။ အိပ်ရာမှနိုးလာသူများကို မတ်တတ်ရပ်အောင် စွမ်းဆောင်နိုင်သူများ။ ကျွန်မတို့ ဘယ်အထဲမှာ ပါ ပါ သလဲ။

2011 နောက်ပိုင်းမှာသတင်းတွေဖတ်ရတာ နေ့စဉ်လိုလို အဆန်းတကြယ်။ အသစ်အသစ်သို့ ပြောင်းကြမည်ဆိုတော့ စနစ်ဟောင်းမှာ ကပ်တွယ်နေတဲ့ အဖွဲ့အစည်းမျိုးစုံ အစမ်းသပ်ခံကြရတာ သင်ခန်းစာ ယူစရာကောင်း သလို သံဝေဂ ရစရာလည်း ကောင်းမှကောင်း။
 

ပထမဆုံး ပစ်ကွင်းကတော့ လူတွေအားလုံးလက်တည့်စမ်းချင်လို့ သွေးကြွနေတုန်းမှာ ကားကားကြီးပေါ်လာတဲ့ ဆရာဝန်၊ ဆေးလောက အဖွဲ့ပါပဲ။ ပထမဆုံး ဘာလို့ ဖြစ်ရသလဲဆိုတော့ အများပြည်သူကြားထဲမှာ ထိုးထိုးထောင်ထောင်ထွက်နေလို့ပေါ့။ ခေတ်ဟောင်းစနစ်ဟောင်း ပညာရေးရဲ့ အကောင်းဆုံးအသီးအပွင့်များကို ရယူခံစားခဲ့တဲ့ အုပ်စုဟာ အာဏာရှင်စနစ်ကားလိပ်အဟောင်းကြီးချပြီး ဒီမိုကရေစီကားလိပ်အသစ်တင်ချိန်မှာ စင်ပေါ်မှာ အကာအကွယ်မဲ့ ဘွားဘွားကြီးပေါ်လာပါတယ်။ ဒါကြောင့်လဲ ခဲနဲ့အပေါက်ခံရပေတာပ။
ဟိုဆရာဝန်ကိုအရေးယူလိုက်ပြန်ပြီ၊ ဒီဆေးခန်းကို ဒဏ်ခတ်လိုက်ပြန်ပြီနဲ့ မကြားချင် အဆုံးပါပဲ။

လူနာများနဲ့ ဂျာနယ်များက Shake လုပ်လို့ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဆရာဝန်အုပ်စု ဘက်ကလဲ အသံပြန်ကြားရပါတယ်။
အလုပ်ပင်ပန်းတယ်၊ လခ မလောက်ဘူး၊ အထူးကုဖြစ်ချင်တယ်။ အလုပ်မရဘူး၊ ဆေးကျောင်းစရိတ်ကြီးသတဲ့။ ဒါနဲ့ ၀န်ကြီး ခေါင်းတက်ဆောင့်ပါရော။
ဘတ်ဂျက် ၄%သာရတယ်ဆိုပဲ။ လွှတ်တော်ထဲက အမတ်မင်းများကလဲ အံ့ဖွယ်သုတပါပဲ။
ဟိုနားမှာ ဆေးရုံကလေးဆောက်ပေးမလား၊ ဒီနားကဆေးရုံမှာ ဆရာဝန်မှန်မှန်မလာလို့ ပြောပေးမလားနဲ့၊ ဖေဖေ မုန့်ဝယ်ပေးပါလို့ ပူဆာ နေကျထင်ပါရဲ့။
ဖေဖေကြီး မုန့်ဝယ်ကျွေးစရာ ပိုက်ဆံကိုတော့ တောင်းမပေးတတ်ကြရှာပေဘူး။
 

ကျန်းမာရေးက ၄%သာရပြီး ကာကွယ်ရေးက ဘာကြောင့် ၅၀%ဖြစ်ရသလဲလို့ မမေးချင်တာလား၊
မမေးတတ်တာလား၊ မမေးရဲတာလား၊
အဖြေသိပြီးသားမို့လား၊ အဖြေမရှိလို့လား၊
လားပေါင်းများစွာရဲ့အဆုံးမှာ ဆေးလောကအကြောင်း အသံတွေတိတ်သွားပါလေရော။
ပြသနာတွေငြိမ်းသွားလို့တော့ မဟုတ်ပါဘူး။
စိတ်ဝင်စားစရာအာရုံတွေက တခြားဖက်လှည့်သွားလို့သာပါပဲ။

ရထားတဲ့ ၅၀% နဲ့ လိုက်ဖက်ညီအောင် မြန်မာ့တပ်မတော်ကြီး တိုးတက်ထွန်းကား နေသလား ဆိုတော့လဲ ----------။

သမ္မတကြီးကတော့ပြောပါတယ်။
ကျပ် သန်းပေါင်း ၆၀၀၀ အကုန်အကျခံပြုပြင် ပေမယ့်လည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကတော့ အရင်အတိုင်းပဲ တဲ့။
ဥပမာပေးပြီး အလိမ္မာနဲ့ ဆိုတာလားတော့ မသိ။
Shake လုပ်ဖို့အတွက် စတေးခဲ့ရတဲ့လူနာတွေ၊ အထောင်းခံခဲ့ရတဲ့ဆရာဝန်တွေ၊ ဆေးကုသရေးမှာ လုံးဝပျက်စီးသွားတဲ့ ယုံကြည်အားကိုးမှု။

ရင်းလိုက်ရတဲ့ တန်ဖိုးတွေပေါ်မှာ အရှူံးပေါ်သွားလိုက်တာ။ ပြီးခဲ့တဲ့နှစ်အတွင်းက လွှတ်တော်တွင်းဆွေးနွေးပွဲများမှာတောင် ကျန်းမာရေးကဏ္ဍ Move အဆင့်ကို ရောက်မလာ။
အခုအထိ ဘယ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အတုခိုးရမှန်း မသိရှာပေဘူး။ စု တု ပြု ဆိုတော့ကာ အကောင်အထည်ဖော်ဖို့ကတော့ အိပ်မက်သာဆက်မက်ကြဦးစို့ရဲ့။

-- ဒုတိယအုပ်စုကတော့ စွမ်းအင်အဖွဲ့ပါ။ ပိုလွန်းလို့ ရောင်းသူကြီးကိုတော့ လတ်လတ်ဆတ်ဆတ် အနားပေးလိုက်ပါပြီ။ သူ့ခမျာလည်း ခိုင်းလို့သာလူကြမ်းလုပ်ရရှာတာ နေမှာပါ။ ရွေးခွင့်သာရှိရင်တော့ လူတိုင်းကျော်ဟိန်း လုပ်ချင်ကြမှာပါပဲ။
မျက်နှာမရ ခြေထောက်ရသွားတာ သနားစရာ။ မြစ်ဆုံစီမံကိန်း ခုချက်ချင်းရပ် လို့ ၀ိုင်းအော်တာနဲ့ ရပ်သွားလိုက်တာ။
လူတွေလဲ ပျော်မှပျော်။ တခါမှ မစားဖူးတဲ့ ဖွဲနုမုန့်ကလေးဆိုတော့ ချိုမှ ချိုပဲ။

တကယ်တမ်း တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ စွမ်းအင်ကိစ္စ ပြေလည်ပြီလား ဆိုတော့ -----------။
ဖယောင်းတိုင်နဲ့ နေကြပါလို့ အကြံပေးသူကြီးလဲ အခုတော့ တိတ်တိတ်နေ ထောင်တန်ဆိုတာ သိသွားပြီ။ ပြောပြီးပြီလေ။
သန်း ၆၀၀၀ သုံးပေမယ့် ထူးပါဘူးဆို။ ဘာလို့မထူးလဲဆိုတာ ယဉ်ကျေးအောင်ပြောရင်တော့ သိန်း ၆၀ တန်လောက်ကို သန်း ၆၀၀၀ ပေးဝယ်ထားမိလို့ပါ။

ပိုက်ဆံတွေကို ခြကိုက်သွားတာလေ။ အိန္ဒိယ ၀န်ကြီးချုပ်က ပြောဖူးသတဲ့။
ကျွန်တော်ဖြင့် ရှက်လွန်းလို့ မျက်နှာကို ဖွက်ထားရပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ခြအစားဆုံးနိုင်ငံများစာရင်းမှာ ပါနေလို့တဲ့။
(မသိလို့ မေးကြည့်ဦးမယ်။ ဖွတ်တွေဟာ ဦးခေါင်းကို အမြီးအောက်မှာဝှက်ထားတတ်တယ်လို့ ကြားဖူးတာ ဟုတ်လားဟင်။)

လေသူရဲကောင်းတဦးကတော့ အကြံပေးတယ်။ အိုဘားမား အဖိုးတို့ဇာတိ ကင်ညာနိုင်ငံကို အတုယူပြီး အမေရိကန် GE ကုမ္ပဏီကို ခေါ်လိုက်ပါတဲ့။ တနိုင်ငံလုံး မီးလင်းသွားမယ်ဆိုပဲ။
ကြားရတာနဲ့တင် အားရှိစရာ။
သမ္မတကြီးရယ် ဒီလထဲမှာ အမေရိကားသွားလည်ရင်းနဲ့ GE ရဲ့ CEO ကို ခေါ်ခဲ့ပါလားဟင်။
လေယာဉ်ပျံခ တယောက် တကျပ်ထည့်ဆို ထည့်ပါ့မယ်။
ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ် ဆိုတာကြီးကို သမ္မတကြီးလက်ထက်မှာ Correction pen အကြီးကြီးနဲ့ ဖျက်ခဲ့ပေးပါ။
တသက်လုံးကျေးဇူးမမေ့ပါဘူး။

- -- တတိယအုပ်စုကတော့ အကောက်ခွန်အဖွဲ့ပါ။ Supercustom ကားတွေ တရားမ၀င်ခိုးသွင်းတဲ့ကိစ္စ။ မြန်မာနိုင်ငံစက်မှုဇုန်က Supercustom ကားတွေထုတ်လုပ်နိုင်သတဲ့။ ဂုဏ်ယူစရာကြီး။ ရင်းနှီးမြှပ်နှံချင်လွန်းလို့ ရောက်လာမယ့် ဂျပန်တွေကိုခေါ်ပြကြည့်ရင် အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားမှာပဲ။ မယုံဘဲနဲ့ ယုံချင်ယောင်ဆောင်ပြီး ယာယီမှတ်ပုံတင်ထုတ်ပေးတဲ့ ကညန ကလဲတနွယ်ငင် တစင်ပါ။ ငထွားခါးနာရသူတွေကတော့ လက်ဝယ်ပိုက်မိသွားတဲ့ ပိုင်ရှင်များပါပဲ။ ဒဏ်ကြေးတနင့်တပိုးဆောင်ရ။ အကောက်ခွန်ဝန်ထမ်းတွေကတော့ နာမည်ပျက်နဲ့ အလုပ်ပြောင်းကြရ။ စက်မှုဇုန်ကားထုတ်လုပ်ရေးတွေ ကတော့ ခပ်တည်တည်ပဲ။ နောက်ကွယ်က အကောင်ကြီးကြီးများကတော့ ဘယ်နေရာခွေနေမှန်း မသိရပြန်ပါဘူး။ ထိပ်ဆုံးက တာဝန်ယူခဲ့တဲ့ ၀န်ကြီးဟောင်းများကလည်း တခြားတနေရာမှာ တခြားဝန်ကြီးပြန်ဖြစ်လို့။ အချိန်တန်လို့ စိတ်ဝင်စားမှုတွေ နေရာရွှေ့သွားပြန်တော့ Shake လုပ်ခဲ့ရတဲ့ အရင်းအနှီးတွေ မြောင်းထဲရောက်ပြန်ရော။ ကားပွဲစားအကိုကြီးတယောက်ကတော့ ပြောပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ နောက် ၂ နှစ်စောင့်ပါ တဲ့။ ၂၀၁၅ ကို မျှော်တာ သူတယောက်ထဲမဟုတ်ရှာဘူးပဲ။ နောက် ၂ နှစ်ဆိုတာသေချာရင် နှစ် ၂၀ စောင့်ခဲ့ရတာကို မေ့ပစ်နိုင်ပါတယ်လို့ ပြောလိုက်တယ်။ ဘ၀တူတွေပဲလေ။

-- နောက်တစုကတော့ လူဝင်မှုကြီးကြပ်ရေး ( လ၀က)ပဲ။ လ၀က ဟာ လာဘ်စားလို့ ရတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး တဲ့။ ပြောတဲ့ဝန်ကြီး ဦးခင်ရီကို အိမ်က ကလေးမရဲ့ မှတ်ပုံတင်သွားပြရမယ်။ ကလေးမလေးက ၀ လူမျိုး၊ လားရှိုးက။ ရန်ကုန်ကို ၈ နှစ်သမီးထဲက ရောက်နေတာမို့ နိုင်ငံသားကဒ်လုပ်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်က ငွေ ၃ သောင်းပေးရတယ်။ သူ့ နာမည်နဲ့ ဓါတ်ပုံကလွဲရင် အားလုံးအတု။ ပြည်သူ့ခေတ်ဂျာနယ်ထဲမှာလည်း မြန်မာပြည်မှာ ၇ နှစ်နေသွားတဲ့ စင်္ကာပူနိုင်ငံသားက မြန်မာမှတ်ပုံတင်ရှိနေသတဲ့။ ဦးခင်ရီ တယောက် တိတ်တိတ်နေတာ ထောင်တန်တယ်ဆိုတာ မသိရှာသေးဘူး။ လှေကလေးထဲကနေ လှေကြီးထဲကိုကူးတဲ့ အမတ်မင်းက နိုင်ငံသားကဒ် စီစစ်ရေးတွေလုပ်ဖို့ အဆိုတင်ပြန်တော့ ပုလင်းတူဗူးဆို့များက ကန့်ကွက်မဲပေးကြပြန်ရော။ မငြိမ်မသက်ဖြစ်နေတုန်းမို့ မလုပ်သင့်ပါဘူးတဲ့။ ငြိမ်သက်ပြန်တော့လည်း အဖြူကဒ်တွေ စက်နဲ့လှည့်ထုတ်ဦးမှာလားဟင်။၂၀၁၀ ရွေးကောက်ပွဲ မဲလိမ်၊မဲခိုး၊ မဲညစ်များနဲ့ ဆက်စပ်နေပြန်တယ်ဆိုတော့လည်း ရာဇပလ္လင်မြဲဖို့အရေး တို့အရေးလို့ဆိုရမှာပေါ့။
 
- -- နောက်ဆုံးတော့ ရခိုင်တိုင်းရင်းသားများကို ကျေနပ်လောက်အောင် မနှစ်သိမ့်နိုင၊် လုံခြုံရေးကို တာဝန်မခံနိုင်တဲ့အမှုနဲ့ ဆုပ်လည်းစူး၊ စားလည်းရူး။ ဘင်္ဂါလီများကို ဒုက္ခသည်စခန်းကြီးနဲ့ လူမြင်သူမြင်ဆိုတော့ ရက်ရှည်လာတာနဲ့အမျှ နိုင်ငံတကာက မုတ်ဆိတ်ခေါင်းဆောင်များကို ခေါ်ပြရတာအလုပ်ကြီးတလုပ်။ လူ့အခွင့်အရေးလို့ပြောနေကြသူကြီးတွေကို ခေါ်သွားပါဆိုတော့လဲ ဟင့်အင်းတဲ့။ တိုင်းရင်းသားမို့ နယ်မြေရသင့်တယ်ဆိုသူများကိုတော့ OIC လူကြီးမင်းနဲ့သာ ထည့်ပေးလိုက်ပါ။ သူတို့မှာ သဲကန္တာရမြေပိုတွေ အများကြီးရှိတယ်။ ရာဇ၀င်သမိုင်းကြောင်းနဲ့ နှစ်ပေါင်းရာချီတင်နေတဲ့ အမုန်းကြွေးကို ဘယ်လိုရှင်းမလဲ၊ ဘယ်တော့ရှင်းမလဲ ဘယ်သူမှမသိ။ အခုအထိ အဖြေမရှိ။ Shake လုပ်တုန်းမှာ ပေးလိုက်ရတဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဘယ်သူသုတ်ပေးမလဲ၊ အနာဂတ်ဘ၀များအတွက် အာမခံချက် ဘယ်မှာလဲ။ ရခိုင်မျိုးချစ် ဆရာဝန်တယောက်ကတော့ အကြံပေးတယ်။ ရခိုင်ပြည်နယ်မှာ စက်ရုံ အလုပ်ရုံများနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာများပြောင်းရွှေ့နေထိုင်ကြရင် လုံခြုံရေးလဲကောင်းလာမယ်။ တိုင်းပြည်ရဲ့ မြို့ပြစီမံကိန်းများမှာလည်း ဟန်ချက်ညီသွားမယ်။ ဘင်္ဂါလီများရဲ့ လူဦးရေတိုးနှုန်းကို ကာကွယ်ပြီးသားလဲဖြစ်၊ နယ်မြေတောင်းဆိုမှုကို ငြင်းဆန်ပြီးသားလဲ ဖြစ်သွားမယ်တဲ့။ ကဲ -- အနောက်ဘက်တံခါး ကျိုးပျက်ခြင်းလို့ အကျယ်ကြီးအော်နေကြတဲ့ ဆရာကြီးများ - မိသားစုလိုက်ပြောင်းနေပေးကြမလား။ သဘောင်္စီးလုံးငှားပေး မယ်လေ။ နောက်တမျိုးကို ဇောက်ထိုးတွေ ပြောကြည့်ဦးမယ်။ ရခိုင်မှာ ဘင်္ဂါလီမှန်သမျှ ကလေးမမွေးရလို့ ပေါက်ဖော်ကြီးတို့ထုံး နှလုံးမူလိုက်ရင်ကော။ တားဆေးတွေ ရောင်းကောင်းလို့ NGO မတုတ်တုတ်တို့ကတော့ ကျေးဇူးတင်မှာပဲ။ ဒါဆိုလဲ ဘင်္ဂါလီတွေ ရန်ကုန်ဆင်းပြေးတော့ ရခိုင်မှာ လူလျော့သွားမှာပဲ။ ဟုတ်ဘူးလား။ ( ခေါင်းကွဲခါတော့ နီးနေပြီ။)

ညောင်မြစ်တွေကို ဘယ်နေရာတူးတူး ပုတ်သင်ဥတွေက ဘာလို့ပေါ်ပေါ်လာပါလိမ့်။ သိပြီ။
ပုတ်သင်က နေရာတကာ လျှောက်ဥနေတာကိုး။
ဒါတွေအားလုံးဘာလို့ဖြစ်၊ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာလို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြီးပြီလေ။
စည်းမျဉ်း စည်းကမ်း နည်းဥပဒေတွေက စာအုပ်ထဲမှာအပြည့်အစုံ ရှိပြီးသား။

လူတွေခေါင်းထဲမှာ စိတ်ထဲမှာ ရင်ထဲမှာ မရှိတာ။ ပြောပြီးလို့ သိပ်မကြာပါဘူး။ တရားဥပဒေဆိုတဲ့ ဟာကြီး စမ်းသပ်ခံရပါရောလား။ လွှတ်တော်ကော်မတီများကို ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း မာရေကျောရေ ပြောမိလို့တဲ့။ အခြေခံဥပဒေ ခုံရုံးအဖွဲ့ကို နေရစ်တော့ကွယ် သွားတော့မယ် တီးလုံးကလေးတောင် မတီးပေးလိုက်ရဘူး။
တရားစီရင်ရေးအာဏာကို ၀င်ရောက်စွက်ဖက်တာ နိုင်ငံဧ။်အနာဂတ်အတွက် အန္တရာယ်တဲ့။
လွှတ်တော်ဟာ အခြေခံဥပဒေကို ချိုးဖောက်ပါတယ်ဆိုပဲ။ ကောင်းသားပဲ။
၂၄ နှစ်လုံးလုံး ခါတော်မှီရောက်လာတဲ့ စာအိတ်ဖွင့် ဖတ်ပြပေးတဲ့ အမိန့်ဖတ်တရားသူကြီးများနှင့် ၉၂% ထောက်ခံထားတဲ့ ဥပဒေကြီးကို ခြေနဲ့ကန်လိုက်တဲ့ ခြေကန်ဥပဒေပြုအာဏာရ လွှတ်တော် အမတ်မင်းများ။ ဘဲစား ဘဲကြေပဲ။

သူသေ ငါရှင် အပြိုင်တိုက်ကြတာ အကျင့်ပါနေကြသူကြီးများ။ ( ဦးတင်ထွတ်ကတော့ စစ်အလေ့အထ သူငယ်နာတဲ့။
ဒီတယောက်ပဲ အဂတိကင်းကင်းမြင်တတ်သေးတယ်။)
 

Agree to disagree ဆိုတာကို ပြည်သူလူထုကို စံနမူနာပြဖို့နေနေသာသာ၊ ညှိနှိုင်းလိုက်ကြပါလို့ အတိုက်အခံများ ကတောင် ၀င်ရောက်ဖြန်ဖြေနေတဲ့ကြားက feel good လား၊ make good လား မကွဲပြားကြသူများ။ ဒီမိုကရေစီဘက်တော်သားပါလို့ ပြောတဲ့ ဥက္ကဌကြီးနှင့် အဖွဲ့သားများကို ဒီမိုကရေစီဆိုတာ များတဲ့သူက နည်းတဲ့သူကို အင်အားသုံးတာ မဟုတ်တဲ့အကြောင်း ဘယ့်နှယ့်ရှင်းရပါ့။ ဦးသိန်းညွှန့်ကတော့ ရှေ့နေကြီးပီပီ လှလှကလေး ပြောသွားပါတယ်။
ဒီမိုကရေစီ အနိုင်ကျင့်ခြင်းမှ ကင်းဝေးအောင် တဲ့။ ဟဟ။
နောက်ဆို ဒီမိုကရေစီ အာဏာရှင်ဆိုပြီး ပေါ်လာခါနီးပြီလားမသိ။


- လွှတ်တော်ထဲထိုင်ပြီး အိပ်မက်မက်နေတာ မနိုးသေးတဲ့ အမတ်မင်းများကလည်း အားကျမခံပြောပါတယ်။
ငါ တို့က ပြည်သူထောက်ခံလို့ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်ထောင်စုအဆင့် အစစ်တဲ့။ မကျေနပ်ဖူးအချစ်ရယ် တစ်ကပြန်စပြီး ပြည်လုံးကျွတ်အထွေအထွေ ရွေးကောက်ပွဲကြီး လုပ်ကြည့်ပါလားကွယ်။
မှန်ထဲကြည့်ပြောတာ ကိုယ်တိုင်ယုံကြည်တယ်ဆိုရင်ပေါ့လေ။

ပြည်သူများဖြစ်တဲ့ ပဉ္စမ မဏ္ဍိုင်ရဲ့ အမြင်မှာတော့ ဒုတိယ မဏ္ဍိုင်နဲ့ တတိယမဏ္ဍိုင် ရှူံးထွက်ပွဲစဉ်ကြီးမှာ ခေါင်းချင်းပြိုင်ဆောင့်ကြတာ နှစ်ဖက်စလုံး ဟက်တက်ကွဲပြီးသွေးစက်လက်နဲ့ ကျန်ခဲ့တယ်လို့ပဲ နားလည်ပါတယ်။
Shake လုပ်လိုက်တာ လက်လွန်သွားလို့ Move တော့ လုပ်သွားတယ်။
ရှေ့ကိုတော့မဟုတ်ဘူး၊ တွင်းထဲကို။

ဆက်ပြီးတော့သာ တူးကြပါ။
ဂေါ်ပြားကလေးလိုရင် ငှားပါ့မယ်။

နောက်ဆုံးအဖွဲ့ကတော့ အတိုက်အခံများလို့ အမည်တပ်ထားတဲ့ အတိုင်းတိုင်းအပြည်ပြည် အမျိုးမျိုးအပြားပြားသော အဖွဲ့အစည်းပါပဲ။
ထိုင်းနိုင်ငံတခုထဲမှာတောင် အဖွဲ့ကွဲပေါင်း ၂၀၀ ကျော်ရှိပါသတဲ့။ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲတာ တို့မြန်မာပါ။
သူတို့ရဲ့ ခံနိုင်ရည်စွမ်းအားနဲ့ အပြောင်းအလဲများပေါ်မှာ အလိုက်သင့်အလျားသင့် လိုက်ပါနိုင်ခြင်းရှိ မရှိ စမ်းသပ်ခံရမယ့် အချိန်ပါပဲ။

တချိန်က သူတို့မရှိအောင် ပျောက်သွားအောင် နည်းမျိုးစုံဖုံးကွယ်ထားခဲ့ပေမယ့် အခုတော့ အစိုးရသစ်ကိုယ်တိုင်က အားလုံးကို စင်ပေါ်တင် တေ့ပေးလိုက်ပါပြီ။
ဒါဟာ အစိုးရရဲ့ အင်မတန်လှပတဲ့ နိုင်ငံရေးကျားကွက်ဖြစ်ကြောင်း အတိအကျပြောသူတွေလည်း ရှိပါတယ်။
ဒါသာအမှန်ဆိုရင် ကန့်လန့်ကာနောက်ကွယ်က Master Brain ကို ချီးကျုးပါတယ်။
( ၂၀၁၀ မှာ မြန်မာသံတော်ဆင့် ဦးမြင့်ရွှေက စစ်အစိုးရသည် Level game တခု မဖန်တီးနိုင်သဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးအရ တလျှောက်လုံး အမြတ်ထွက်နေသည် လို့ ရေးထားပါတယ်။ ဦးတင်ထွတ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရှူံးရခြင်း သုံးသပ်ချက်မှာလည်း နှစ် ၂၀ အကျဉ်းခံရမှုအပေါ် ပြည်သူလူထုမှ ဂရုဏာသက်ခြင်းလို့ ဖော်ပြထားပါတယ်။ နောက်ကြောင်းအမဲစက်မကင်းတဲ့ ပြည်တော်ပြန်များအနေနဲ့လည်း အစိုးရရဲ့ လက်ဝါးရိုက် အာမခံချက်တခုမရှိပဲ ၀င်လာစရာအကြောင်းမရှိပါ။)

အခုတော့ Level Game တခုအဖြစ် တိုက်ကွက်ပြောင်းလိုက်ပြီမို့ အတိုက်အခံအားလုံး စင်ပေါ်မှာ လုံးဝ အကာအကွယ်မဲ့ ဟင်းလင်းကြီးပါပဲ။
အစိုးရက ပွဲစီစဉ်သူ၊ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ၊ ၈၈ မျိုးဆက် ဦးကိုကိုကြီးက ကချင်ပြည်နယ် မြောက်ပိုင်းဒေသ လူမဆန်မှုများနဲ့ပတ်သက်လို့ ဘယ်သူ့ဘက်ကပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် ဖော်ထုတ်ဖို့လိုတယ်လို့ ၂၀၁၂ မတ်လ အင်တာဗျုးမှာ ပြောထားတယ်။

မြောက်ပိုင်းအရိုးတွန်သံတွေကလည်း online ပေါ်မှာရောက်နေတာ လပေါင်းများစွာရှိနေပြီ။ သမ္မတကြီးခေါ်တယ်ဆိုလို့ အပြေးကလေးပြန်လာသူများ မရောက်ခင်အမှီ အမှုဖွင့် တရားစွဲသူကလည်း စွဲထားပါပြီ။

ပြည်တွင်းအတိုက်အခံများအနေနဲ့ ကိုယ့်အသားကို လှီးကြရပါတော့မယ်။ ပြည်သူများရှေ့မှာ တရားမှု မတရားမှုဆိုတာကို ခွဲပြဖို့အတွက် ဆန်ရင်းနာနာ ဖွတ်ကောင်းဖွတ်ရပါတော့မယ်။
ဦးကိုကိုကြီးပြောတဲ့ သိမ်မွေ့လှတဲ့ နိုင်ငံရေးအနုပညာကို နဖူးတွေ့ ဒူးတွေ့စတွေ့ ပါပြီ။ ရွေးစရာလမ်းမရှိပါ။

ရာဇ၀တ်မှုဖြစ်တာကြောင့် Diversity Unity လဲလုပ်လို့မရ။
ငွေအလွဲသုံးမှုတွေ၊ ဘင်္ဂါလီအရှူပ်တော်ပုံတွေကလဲ တွဲလျက်ပါနေပါသေးတယ်။
ပြည်ပမှာကျန်ရစ်သူများကလည်း နောက်တခါ သူတို့အလှည့်လားလို့ တုန်လှုပ်စပြုနေပါပြီ။
ဘယ်တုန်းက ဘယ်လိုအနစ်နာခံခဲ့တာ ဘာညာ ပြောနေချင်သေးသူများကိုတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားတခွန်း လက်ဆောင်ပါးချင်ပါတယ်။


"This is not sacrifice. This is a choice." နိုင်ငံခြားအထောက်အပံ့များကလည်း လုံးဝဖြတ်ချတော့မှာမို့ သိပ်မကြာခင် အတွင်းမှာ အမှန်စင်စစ် ကိုယ်ခံအား ကောင်းသူများသာ ကျန်ရစ်တော့မယ့် ၈၈ တော်လှန်ရေးသမား အင်အားစုလို့ မြင်ပါတယ်။
ကံကောင်းကြပါစေ။


- ၂၀၁၂ မှာ အကောင်းဆုံး Shakers ဆုကို ပူးတွဲချန်ပီယံအဖြစ် ဆွတ်ခူးသွားကြသူများကတော့ ပုဂ္ဂလိက ပြည်တွင်းမီဒီယာသမားများ နှင့် သမ္မတကြီး ဦးသိန်းစိန်အစိုးရ ဖြစ်ပါတယ်။ မီဒီယာသမားများအနေဖြင့် သူတို့ရဲ့ ညီညွတ်မှု၊ စွမ်းဆောင်မှု၊ ရဲရင့်မှုများအပြင် ၀ါရင့်များက လူသစ်များကို ကောင်းစွာတွဲခေါ်နိုင်စွမ်း ကြောင့် မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ လမ်းစကို နှစ် ၅၀ အတွင်းမှာ ပထမဆုံး ပြန်လည်မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။
Congratulation ပါ။ Movers အဆင့်မှာလည်း ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သမ္မတကြီးတို့အဖွဲ့ကတော့ အထူးပြောဖို့မလိုပါဘူး။ အများကြိုက်ထင်ရှားတဲ့ပြုပြင်မှုများနဲ့ အကန့်လိုက်လွတ်လပ်ခွင့်များကို ဖဲတွေ တချပ်ချင်းချခင်းသလို အကျိုးရှိအောင် သုံးသွားတာမို့ အမှတ်တွေ တရှိန်ထိုးတက်နေတာက သက်သေပါ။
တကမ္ဘာလုံးကတောင် မြန်မာ့နွေဦးကို စောင့်ကြည့်ပြီး သီအိုရီအသစ် ရေးရလောက်အောင် ဆွဲဆောင်မှုရှိပါပေတယ်။
ဗျုရိုကရေစီ ယန္တရားကို အောက်ခြေအထိ Shake လုပ်နိုင်ပြီး နောက် ၃ နှစ်ဆက်ထိန်းနိုင်ရင်တော့ ၂၀၁၅ ဟာ ရင်ခုန်စရာအကောင်းဆုံးပွဲတပွဲ ဖြစ်လာပါလိမ့်မယ်။
(အစိုးရရဲ့ မဟာဗျုဟာအသစ်ထက်သာအောင် ကွက်ကျော်နင်းနိုင်မယ့် ကစားသမားများ၊ ဗျုဟာမှူးများ၊ နောက်ခံလူများ NLD မှာ မရှိနေသေးပါ။ NLD မှာလည်း ခေတ်နောက်ပြန်ဆွဲသူများ အိမ်ပြန်သင့်တဲ့အချိန်၊ အမေ့ထမီစ ဆွဲလိုက်သူများ ရင့်ကျက်ချိန် ရောက်နေပါပြီ။)

တဆက်တည်းမှာပဲ ပြောင်းလဲမှုများဟာ အောက်ခြေကိုမရောက်သေးဘူး၊ ဘာမှလဲ ထူးခြားမလာဘူးလို့ အပြစ်တင်ကြသူများလည်း ရှိကြပါတယ်။
စကာင်္ပူဖြစ်လာဖို့ တရုတ်ဖြစ်လာဖို့ ဘယ်နှစ်နှစ်အချိန်ယူရသလဲလို့ သိရဲ့သားနဲ့ အခုမှ Shaking လုပ်တုန်းရှိသေးတာ ဘယ်လိုလုပ် Moving ဖြစ်နိုင်ပါ့မလဲ။
 
ဒီလူတွေအနေနဲ့လည်း ကစားကွက်အဟောင်းကြီးဖြစ်တဲ့ Blame Game ကို ရပ်ပြီး အောက်ခြေအထိ ရောက်အောင် ဘယ်လိုပြောင်း မလဲဆိုတာ အဖြေ၀ိုင်းရှာပေးတဲ့ ကစားနည်းအသစ်ကို ပြောင်းသင့်ပါတယ်။

ကိုယ့်ရဲ့ စိတ်ခံစားမှုကိုပဲ ရှေ့တန်းတင်နေတတ်တဲ့ အကျင့်ကိုသာ တလလောက် အချိန်ယူပြီး အရင်ပြောင်းကြည့်ကြပါဦး။
ငါ သာ လုပ်ပေးရမယ်ဆိုရင် ဘာတွေလုပ်မလဲဆိုတဲ့ အမြင်မျိုးကို မပြောင်းနိုင်ရင် ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ရမှာပါပဲ။

- နောက်ဆုံးမေးခွန်း တခုကျန်ပါတယ်။ နောက်တခါ ဘယ်သူ့အလှည့် ဖြစ်မလဲ။

သန္တာဝင်း-
မှဝေ ပေးပို့ သူ။ -- ကိုကြိုင်ဝင်း

စစ်မှာတစ်မူ




ချစ်တဲ့သူ၊သူငယ်ချင်းကောင်း၊ ယောက်မတို့လေး၊


သူများလူမှာ စစ်သံကြားလျှင်၊ နာဖျားဥပါယ် ခိုကြတယ်၊

နှမလေး ပျိုတို့မောင်မှာ၊ စစ်သံကြားလျှင်၊ရွှေဓါးပိုက်ကာ၊

အိုးစားဖက်ကို လိုက်လို့ရှာသည်။ ရိက္ခာကနည်း၊ မိုးကသဲသနှင့်၊

သံတွဲကိုကူးပါလိမ့် မလားတော်။ ။

စစ်မှာတစ်မူ၊ နှမလေးပျို့ထက်ဖြူကို၊ယူမလို့လားတော်။

စစ်မှာရှမ်းမ၊ နှမလေးပျို့ထက်လှကို၊ ရမလို့လားတော်။

စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ ရှိသလားတော်။

"စစ်မှာတစ်မူ၊ နှမလေးမယ့်ထက်ဖြူကို၊ မယူဘူးဗျာ။

စစ်မှာရှမ်းမ၊ နှမလေးမယ့်ထက်လှကို၊ မရဘူးဗျာ။

စစ်မှာဆွေမျိုး၊ ဘိုဘွားကျုပ်မှာ မရှိဘူးဗျာ။

ရေမြေ့သခင်၊ ရှင်ဘုရင်က၊

မိန့်တော်စာနှင့်၊ အပါချသည်၊ လိုက်ရတော့မယ်။

မြင်းမှာအုန်းခွံ၊

ကျွန်မှာကုလား၊

ဓါးမှာမိုးကြိုး၊

ယွန်းပုဆိုးနှင့်၊

စစ်သည်ပုံမှာ၊ ကျွန်ယုံကဲ့သို့၊

မောင်ကလေ၊ မောင်သာလိုက်" တဲ့

တောင်ပတ်လည်နှင့်၊ ဇင်းမယ်ဆိုသည်၊ ညိုတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။


ရှင်ငြိမ်းမယ်



အာဏာရူးဇာတ်ကားကို ရိုက်ကူးပေးဖို့ ဇာဂနာ လက်ခံပြီ



Thursday, March 28, 2013

ဘယ်လိုဘလော့အမျိုးအစားတွေရေးကြမလဲ

 
Technology တစ်ခေတ်ဆန်းနေတဲ့ လက်ရှိကာလမှာ အင်တာနက်နည်းပညာကလည်း ကမ္ဘာအနှံ့မှာ ပေါ်ပြူလာ ဖြစ်နေပါတယ်။
အင်တာနက်ဆို မွေးကတည်းကရင်းနှီးပြီးသားဖြစ်နေတဲ့ ယနေ့ခေတ်လူငယ်တွေအနေနဲ့လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကလေး တွေ   ရေးသားလျက်ရှိလို့ အင်တာနက်ကွန်ရက်ထဲမှာ ဘလော့တွေဟာ အမျိုးအစားစုံလင်စွာ ရှိနေပါတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ်ကိုယ်ရေးတဲ့ဘလော့က လူစိတ်ဝင်စားတဲ့အကြောင်းအရာ ဒါမှမဟုတ် လူတွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတစ်ခုခုတော့ ဖြစ်ရပါမယ်။ ဒါမှ ကိုယ့်ဘလော့ထဲကို မှန်မှန်ဝင်ဖတ်မယ့် ပရိသတ်ရှိမှာ ဖြစ်လို့ပါ။ပထမဆုံးအနေနဲ့ မိမိရဲ့ဘလော့က ဘယ်လိုအကြောင်းအရာမျိုးကို တင်ဆက်ရေးသားနေတာလဲဆိုတာကို စဉ်းစားရပါမယ်။ ဘလော့တွေကို အတိအကျအဓိပ္ပာယ်သတ်မှတ်ဖို့တော့ခက်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ဘလော့ကိုတော့ မိမိစိတ်ကြိုက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ကိုယ့်ဘလော့ထဲမှာ ထည့်သွင်းထားတဲ့စာပေအမျိုးအစား သို့မဟုတ် Contents ပေါ်မှာ မူတည်ပါတယ်။ ဘလော့တွေကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်ဆိုရာမှာ တချို့အတွက် ဘလော့ဆိုတာနေ့စဉ် ဒိုင်ယာရီ၊ တချို့အတွက်တော့ အပျော်တမ်း သတင်းစုံဝက်ဘ်ဆိုက်၊ တချို့အတွက်တော့နိုင်ငံရေး အသိပညာပေးဝက်ဘ်ဆိုက်၊ တချို့အတွက်တော့ နေ့စဉ်သတင်းသစ်တွေ ဖတ်နိုင်တဲ့နေရာ၊ တချို့အတွက်တော့ ကုန်ပစ္စည်းကြော်ငြာတဲ့ဝက်ဘ်ဆိုက်၊ တချို့အတွက်ကနာမည်ကျော် ငွေကြယ်ပွင့်တွေရဲ့ အကြောင်း ဖတ်ရှုနိုင်မယ့်နေရာ၊ တစ်ခါတစ်ရံဆိုညစ်ညမ်းရုပ်ပုံတွေ၊ စာတွေကိုပါဖတ်ရှု ကြည့်ရှုနိုင်တဲ့နေရာ စသည်ဖြင့် ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် များစွာစုံလင်လှပါတယ်။
တကယ်တော့ ဘလော့ -Blog ဆိုတဲ့စကားလုံးက WebLog ကနေ ဆင်းသက်လာတာပါ။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ အင်တာနက်ကွန်ရက်ပေါ်က မှတ်တမ်းမှတ်ရာတွေပေါ့။
အဲဒီဝေါဟာရကို စတင်အသုံးပြုခဲ့သူက ဂျွန်ဘာဂါ- JohnBarger ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကဖြစ်ပါတယ်။ ဘလော့တွေရဲ့ အဦးအစဟာလည်း ၁၉၉၇ ဝန်းကျင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဝန်းကျင်မှာ ဘလော့ရေးလိုသူတွေဟာ HTMLဆိုတဲ့ ဘာသာစကားကိုတတ်မြောက်ထားမှ ရေးနိုင်ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ပထမဆုံး Blogging Application ဖြစ်တဲ့ Blogger ကို စတင်ဖန်တီးခဲ့ပါတယ်။ လက်ရှိမှာ ဂူဂယ်ကပိုင်ဆိုင်ထားတဲ့ Blogger ဟာအဲဒီအချိန်က Pyra Labsဆိုတဲ့နည်းပညာကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Pyra Labs ရဲ့ Blogger ထွက်ပေါ်လာပြီးနောက်မှာတော့အင်တာနက်မှတ်တမ်းတွေ ဖန်တီးလိုသူတွေဟာ HTML ဘာသာစကားတွေမသိလည်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုကို သပ်သပ်ရပ်ရပ် ဖန်တီးနိုင်သွားပါတယ်။
Blogger နဲ့ ဘလော့ရေးသူတွေဟာ Domain name Blogspot နဲ့ဘလော့တစ်ခုကို အခမဲ့ လွတ်လပ်စွာ ပိုင်ဆိုင်နိုင်ပါတယ်။ ဒီလိုနဲ့ ဘလော့ဖန်တီးပြုလုပ်ခြင်းတွေက အင်တာနက်ကမ္ဘာမှာ ကျယ်ပြန့်လာပြီး ဘလော့တွေကလည်း မျိုးစုံ ဖြစ်လာပါတယ်။ များသောအားဖြင့် စတင်ရေးကြတဲ့ ဘလော့အမျိုးအစားကတော့ နေ့စဉ် ဒိုင်ယာရီနဲ့ ခရီးသွားမှတ်တမ်းတွေဖြစ်ပြီး နောက်ပိုင်း မှာတော့ သတင်းတွေ ပုံမှန်  Update ပြုလုပ်တင်ပေးနေတဲ့ သတင်းဝက်ဘ်ဆိုက်တွေ ပေါ်ထွက်လာပါတယ်။
၂ဝဝ၁-၂ဝဝ၂ခုနှစ်ဝန်းကျင်မှာတော့နိုင်ငံရေးဘလော့တွေတစ်ခေတ်ရောက်လာပါတယ်။အနောက်နိုင်ငံတွေက ရေးတတ်တဲ့ နိုင်ငံရေး ဘလော့အများစုဟာ ကိုယ်စီနိုင်ငံရေး အတွေးအမြင်တွေကို ဆွေးနွေးကြတဲ့ Viewpoints တွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ ပေါ်ပြူလာဝက်ဘ်ဆိုက် အများစုက ကွန်ပျူတာနဲ့ အော်တိုမိုဘိုင်း (ကား) ဝက်ဘ်ဆိုက်တွေဖြစ်ပြီး ချစ်စရာ ခွေးပုံကြောင်ပုံတွေကိုမှန်မှန်တင်တဲ့ ဝက်ဘ်ဆိုက်တွေကလည်း လူဝင်များတာ တွေ့ရပါတယ်။
ဘလော့ရေးကြတဲ့ခေတ်က ပြီးခဲ့တဲ့ ၂ဝဝဝ နဲ့ ၂ဝ၁ဝ ဆယ်စုနှစ်တွင်းမှာ ပွင့်လန်းလာတာ ဖြစ်ပါတယ်။ Technorati.com ရဲ့စာရင်းအရဆို ၂ဝဝ၂ ခုနှစ်မှာ ဘလော့အရေအတွက်ပေါင်း သန်း၁၃ဝ ကျော်ရောက်ရှိခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဇွန်လမှာလူဝင် ကြည့်ရှု  မှုနှုန်းအရ ပြုလုပ်ခဲ့တဲ့ ထိပ်ဆုံးစာရင်းဝင် ဘလော့တွေက သတင်းဘလော့၊ နည်းပညာနဲ့လူမှုကွန်ရက်ဘလော့၊ နည်းပညာ
ဆိုင်ရာ စီးပွားရေးသတင်းဘလော့၊ဖျော်ဖြေရေးနဲ့ ပေါ်ပြူလာကြယ်ပွင့်တွေ အကြောင်းတင်ဆက်တဲ့ ဘလော့၊ ကြယ်ပွင့်တွေအကြောင်း အတင်းအဖျင်းနဲ့ ဖက်ရှင်တွေကိုဖော်ပြပေးတဲ့ ဘလော့နဲ့ စီးပွားရေးဆိုင်ရာ Business and Economics
ဘလော့တွေက အစဉ်လိုက်ရပ်တည်နေခဲ့ပါတယ်။
ဒီလို နာမည်ကျော် ဘလော့အမျိုးအစားတွေကို ဖော်ပြလို့ ကိုယ့်ဘလော့ဟာ ဒီလိုအမျိုးအစားထဲက ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်တကယ်ကို နှစ်သက်မြတ်နိုးရာ ဝါသနာတစ်ခုခုကို ရေးသားဖော်ပြတာအကောင်းဆုံးပါ။ဒါမှ ဘလော့ စဉ်ဆက်မပြတ် ရှင်သန်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။
အရင်ကဆိုဘလော့ရေးဖို့ဆိုတာ HTMLတတ်မှရေးနိုင်ပေမယ့် အခုဆို ဘလော့ရေးမယ်ဆို Web Application တစ်ခုခုနဲ့ ရေးနိုင်ပြီ ဖြစ်ပါတယ်။ Web Applicationတွေကလည်း ဒီနေ့ခေတ်မှာ Blogger အပြင် Wordpress နဲ့ Pepad စတဲ့  Platform တွေရှိနေပါပြီ။ ခုနောက်ပိုင်းမှာ ပိုမိုရိုးရှင်းလွယ်ကူတဲ့ Web Applicationတွေကိုပဲ အသုံးပြုလာပြီး Wordpress က ပိုပြီး ပေါ်ပြူလာဖြစ်လာပါတယ် ။ Blogging Application တွေကို အသုံးပြုရတာတကယ်ပဲ ရိုးရှင်းလွယ်ကူပါတယ်။
အရန်သင့် တည်ဆောက်ပြီးသား Websites ထဲကို မိမိစိတ်ကြိုက် Contents တွေကို ထည့်သွင်းခြင်းသာဖြစ်လို့ ဘယ်သူမဆို ဘလော့ရေးနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ ဘလော့ပို့စ်- Blog Post တွေ တင်ရတာလွယ်ကူကောင်းလွယ်ကူမှာ ဖြစ်ပေမယ့် နေ့စဉ်နဲ့အမျှ တင်နေဖို့ဆိုတာကတော့ ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။ အဓိကကတော့ ဘလော့ရဲ့ Sustainablityဖြစ်ပါတယ်။ တင်လိုက်မတင်လိုက်နဲ့ မှန်မှန် Update မပြုလုပ်တဲ့ ဝက်ဘ်ဆိုက်တွေကိုမှန်မှန်ဝင်ကြည့်သူလည်းရှားပါလိမ့်မယ်။ အပျော်တမ်းဘလော့ရေးသူပဲဖြစ်ဖြစ်၊ Professional ဘလော့ရေးသူပဲဖြစ်ဖြစ် မိမိရေးတင်မယ့် အကြောင်းအရာကို မိမိပိုင်နိုင်မှု၊ ဝင်ကြည့်သူတွေရဲ့ မက်ဆေ့ခ်ျ သို့မဟုတ် ဝေဖန်အကြံပြုမှု
စတာတွေကလည်း အရေးကြီးပါတယ်။
ဘလော့ရေးသူဟာ စာရေးဆရာ၊ ဓာတ်ပုံဆရာ၊ သတင်းထောက်၊ အယ်ဒီတာ၊ အနုပညာရှင်၊ နိုင်ငံရေးသမား စတဲ့ Professional
တွေထဲက တစ်ခုမဟုတ်လည်းဖြစ်နိုင်သလို အားလုံးလည်း ဖြစ်နေနိုင်ပါတယ်။
ဘလော့ရေးသူတချို့ကပေါ်ပြူလာဝက်ဘ်ဆိုက်တချို့ကိုဝင်ကြည့်ပြီး အဲဒီလိုအတုယူရေးတာမျိုးတွေရှိပေမယ့် အဲဒါဟာ မိမိဝါသနာပါရာ မဟုတ်ရင် ရေရှည်ဘယ်လိုမှတည်တံ့မှာ မဟုတ်ပါဘူး။ မိမိအမှန်တကယ် မြတ်နိုးသက်ဝင်တဲ့ အကြောင်းအရာ၊ ဝါ
သနာတစ်ခုခုကို ရေးသားဖန်တီးနိုင်မှသာ ကိုယ်တင် တဲ့ Blog post တွေလည်း သက်ဝင် လှုပ်ရှားမှုအပြည့်နဲ့ ရုပ်လုံးကြွနေမယ့်အပြင်ရေရှည်လည်း တည်တံ့မယ့် ဘလော့တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။
ကလျာအိအိလွင်
 

အိန္ဒယမြန်မာ ဒီမိုကရေစီမိသားစုများရဲ့ သံချပ်များ

http://www.youtube.com/watch?feature=player_embedded&v=v7HdHkzrkgo

အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ

အပိုင်း(၃)

ဦးသိန်းစိန် (သမ္မတ) မှ တက်တက်လာခြင်း အပြောကောင်းကောင်း နွဲ့နွဲ့ကလေးဖြင့် ပြောချလာလိုက်သည်မှာ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရစကားလုံးမိန့်ခွန်းများအတွက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ရှေ့နေကြီး ဦးသိန်းညွန့်မှ မေးခွန်းထုတ်ခဲ့သော ၂၀၁၂ ခုနှစ် မတ်လသည် နေပြည်တော်တွင်း အတွင်းကြိတ်ပုံး တိုက်ပွဲ ဖြစ်ပွါးနေသာအခြေနေသို့ရောက်ရှိခဲ့သည်။

သမ္မတ ဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ တွင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်း ကြေငြာပြီး ကာလမှပင် ဖြစ်ပွားလာသော ကိစ္စဖြစ်ခဲ့သည်။ ဒုသမ္မတ ဦးတင်အောင်မြစ်ဦးသည် ၄င်း အတွင်းရေးမှုး(၁) နအဖတွင် လုပ်ခဲ့သောကာလတွင် မြစ်ဆုံတည်ဆောက်ရေးအတွက် တရုတ်ပြည်မှ  အမေရိကန်ဒေါ်လာ ၃ဒသမ ၆ ဘီလီယန် တန်ဘိုး ရင်းနှီးလုပ်ကိုင်နိုင်၇န် ကြားပွဲစားကြီးလုပ်ခဲ့သော အမေရိကန်ဒေါ်လာ သန်း ၃၀၀ အား မြက်မြက်ကလေး အိပ်ထဲ ထည့်လိုက်သည့်အပြင် စာချုပ်စတင်ချုပ်ဆိုသော အချိန်တွင် ဧည့်သယ်ဝန်ဆောင်မှုစရိတ် အမေရိကန်ဒေါ်လာ သန်း ၅၀ အား တရုတ်ပြည်တွင် ကောင်စစ်ဝန်အဖြစ် တာဝန်ယူနေသော ဗိုလ်ချုပ်မှုးကြီး သားမက် ကို ပေးခဲ့သည့် အတွက် ပြန်လည် လျော်ပေးရမည့်အခြေနေသို့ ဆိုက်ရောက်လာ၏။ 
၂၀၁၂ ခုနှစ် ဧပြီလ သင်္ကြန်ပြီးသွားသော ကာလ အစိုးရရုံးများပြန်လည်ဖွင့်လှစ်သောကာလတွင် ဒုသမ္မတ ၄င်၏ ဒုသမ္မတ အစိုးရရုံးဆိုင်ရာ ရုံးခန်းသို့ မလာတော့ပဲ မေလဆန်းတွင် နုတ်ထွက်စာ ပေးပို့ခဲ့၏။ ဗိုလ်ချုပ်မှုးကြီးမှ သင်္ကြန်အတက်နေ့တွင် ဦးသိန်းစိန်အား ခေါ်ယူကာ သြ၀ါဒပေးပြီး တရုတ်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ ရှေ့တွင် အနှောက်ယှက်မရှိအောင် သယ်ဆောင်သွားရန်နှင့် လက်ရှိ တင်ရှိနေသော နိုင်ငံတကာအကြွေးများအား အကြေလည် အပြီးပြတ် ဖြေရှင်းနိုင်ရမည်ဟု တာဝန် အပြီးပြတ်ယူခိုင်းသည်မှာ ဦးသိန်းစိန် ငြင်းချက် ထုတ်နိုင်ပါမည်လော။
ဦးသိန်းစိန်မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသန်းရွှေ သင်္ကြန်အတက်နေ့ အမိန့်အား ရင်ဝယ်ပိုက်ခဲ့၏။ သို့သော် မေလ ၅ ရက်တွင် ရေးသားသော The Guardian က အတိကျ ဦးတင်အောင်မြစ်ဦး နုတ်ထွက်ကြောင်း ဖေါ်ပြထားခဲ့သော်ငြား သမ္မတရုံးမှ စင်္ကာပူတွင် ဆေးသွားကုနေသယောင် တရားဝင်မဟုတ်ပဲ ဖေ့စ်ဘွတ်မှာ ပျံလွင့်ခဲ့သည်။နောက်ပိုင်းမှ အတည်ပြုပေးခဲ့၏။

ဦးအောင်သောင်းတို့ စီစဉ်သော ရခိုင်အရေးခင်းကြီး ပွက်ပွက်ဆူနေသော ကာလတွင် ဦးသိန်းစိန် ငွေရှာရေးအတွက် အိုအိုင်စီဟုခေါ်သော အဖွဲ့ဝင် ၅၇ နိုင်ငံ အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ရုံးစိုက်ခွင့် ပေးရန် သဘောတူလက်မှတ်ရေးထိုးရေးအား စိုင်းပြင်းနေကြပြီး အိုအိုင်စီမှ ပထမ ထောက်ပံငွေ အမေ၇ိကန် ဒေါ်လာ သန်း ၅၀ အတွက် လုံးပမ်းခဲ့ကြ၏။

၂၀၁၂ ဂျူလိုင်လ ၁၈ ရက်နေ့တွင် Network Myanmar ၀က်ဆိုက်တွင် ဦးအောင်သောင်းတို့၏ ဂိုဏ်းအဖွဲ့ဝင် ဦးအောင်သိန်းလင်းမှ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ဝေဖန်ထားသော အင်တာဗျူးတခုအား တရုတ် သတင်းထောက်နှစ်ဦးဖြစ်သည့် zhang zhe and Ye Weimin ဇောင်ဇီ နှင့် ယီဝေမင် တို့က အချိန်ကိုက် ဖွင့်ချပေးခဲ့သည်။။ ဂျူလိုင် ၂၄ ရက်နေ့တွင် ဦးသိန်းစိန်သည် တပ်ချုပ်ဟောင်းကြီး နှင့် နောက်တကြိမ်သွားတွေ့ရပြန်၏။ တပ်ချုပ်ကြီးမှ “မင်းတို့ေ၇ွ့တာ အလွန်နှေးလွန်းလို့ အားလုံး သဘောထား ကွဲလွဲမယ့်ပုံမျိုးဖြစ်နေတာ” ဟု နောက်ဆုံး မိန့်ကြားခဲ့သည်။

ဦးသိန်းစိန်မှာ တပ်ချုပ်ဟောင်းကြီးဆီမှ ပြန်လာပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် တွင် အိုအိုင်စီ အဖွဲ့နှင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ အပါဝင် တွေ့ဆုံပြီး ရန်ကုန်တွင် အိုအိုင်စီ ရုံးခွဲဖွင့်လှစ်ပေးရန် သဘောတူကြောင်း ပြောဆိုကာ ပထမအရစ် ထောက်ပံကြေးငွေ အမေရိကန်ဒေါ်လာ ၁၈ သန်းအား ရယူလိုက်ကြသည်။ သို့သော် ထိုသတင်းအား မန္တလေး သံဃာထုအတွင်းသို့ ချက်ခြင်း ပို့လွတ်ခဲ့၏။ တဖက်မှလဲ ယူအန်မှ ပီချေးနံဘီးယားနှင့် ကင်တာနားတို့ နှစ်ဦးစလုံးအား မြန်မာပြည်တွင်းသို့ ၀င်ခွင့်ပြုထားပြီး ယူအန်၏ အထောက်ပံ့များကိုလဲ ယူထားခဲ့သည်။ (RFA August 10, 2012) (နောက်ပိုင်းတွင် အိုအိုင်စီလက်သယ်လုပ်ပြီး အကြမ်းဖက်မှုများအား သီးသန့်တင်ပြပေးပါမည်)။

သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ်တွင် ၀န်ကြီးဌာန အပြောင်းလဲနှင့် အသစ်ခန့်အပ်မှုများဖြင့် ရခိုင်ဒေသအထိကရုံန်းအား သတင်းထုတ်ပြန်ရာတွင် အတော်မှားယွင်းပြီး တလွဲဗြောင်လိမ်နေသော ပြန်ကြားရေး ဌာနအတွက် နိုင်ငံတကာအားထပ်မံလှည့်စားပြပြီး ပြန်ကြားရေး ဦးကျော်ဆန်း အား နေ၇ာရွေ့ကာ ၀န်ကြီးဌာနပြောင်းပေးပြီး ဆက်ကစားခဲ့သည်။ 

စက်တင်ဘာလ၂၀၁၂ခုနှစ်သည် ဦးသိန်းစိန် အစိုးရအဖွဲ့တခုလုံး နိုင်ငံတကာသို့ ခြေဆန့်သော ကာလဟုဆိုနိုင်ပြီး ဗိုလ်သန်းရွှေအားပေးထားသောဂတိအတိုင်း နိုင်ငံတကာ အကြွေးပေါင်းစုံ ပယ်ပျက်ရေး အသဲသန် အားထုတ်ကြသော ကာလကြီး ဖြစ်နေခဲ့ပြီး ဘင်္ဂလားဒေ့ခ်ျ ရခိုင်နယ်စပ်တွင် အစ္စလမ်ဘာသာဝင်များမှ ဗုဒ္ဓဘာသာဝင်များအား အကြီးကျယ်တိုက်ခိုက်ဖျက်ဆီးနေသော ကာလဲဖြစ်၏။ ၁၈ ရက် ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်မှလဲ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီတွင် စီးပွားရေးပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် နိုင်ငံခြားရေး ၀န်ကြီး ဟယ်လာရီကလင်တန်အား တောင်းဆိုနေခဲ့ပြီး New York Time နှင့် Washington Post  သတင်းစာ၏ ၁၉ ရက် စက်တင်ဘာလ ၂၀၁၂ ခုနှစ်တွင် အကြီးကျယ်ရေးသားတင်ထားသည်။ ထိုနောက် ဦးသိန်းစိန်တို့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် လျော်ပစ်ရေးအတွက် လမ်းကြောင်း တည့်သွားကြပြီး ၄င်းငွေအားလုံး ပြန်ဆပ်စရာမလိုတော့ပဲ ယနေ့ ဦးပိုင်အိတ်ထဲသို့ လျောကနဲ့ ၀င်ရောက်လာခဲ့ရသည်။

By STEVEN LEE MYERS
Published: September 18, 2012 
WASHINGTON — Myanmar’s opposition leader, Daw Aung San Suu Kyi, called for the lifting of American sanctions against her country on Tuesday, beginning an emotional visit to the United States that punctuated the remarkable shift in relations with Myanmar over the past year.

စက်တင်ဘာ ၂၈ ရက်နေ့တွင် ဦးအောင်သောင်း နှင့် အကျိုးတူ အစုရှယ်ယာပါဝင်ထားသော လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏သားတို့ လက်ဝါကြီးအုပ်ထားသည့် ဧရာရွှေဝါ ကုမ္မဏီ၊ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲကြီး ကျေးရွာတွင် အင်းအလုပ်မားများ ဆန္ဒပြမှုများတွင် ကျုံပျော်အခြေစိုက် ခလရ ၃၆ လက်နက်ကိုင်တပ်ရင်းမှ ၀ိုင်းရံပေးပြီး အထောင်ရဲစခန်းမှ ရဲများက ပစ်ခတ်ကာ အရပ်သား ၂ ဦးသေဆုံးပြီး  ၅ ဦး သေနတ်ဒဏ်ရာရရှိကြောင်းဖြင့် ၄င်းတို့ အာဏာပိုင်ဆိုင်မှုသည် တရားဥပဒေအထက်တွင် ရှိကြောင်း အောင်သောင်းနှင့် အောင်သက်မန်း တို့မှ ထုတ်ပြခဲ့သည်။

 Sep 28, 2012 | Posted by: roboblogger 
Two Killed as Police Fire on Crowd in Pathein
Full story: The Irrawaddy Newsmagazine 
Two people were killed while two others were seriously injured when police opened fire into a crowd in Shar Khae Gyi Village, Kyonepyaw Township, Pathain District, Irrawaddy Division, on Thursday evening.

စက်တင်ဘာ ၃၀ ရက် ၂၀၁၂ ခုနှစ်တွင် တပ်ချုပ်ဟောင်းကြီးဘရွှေ၏ သမီးနှင့် မြေးများမှ ရန်ကုန်မြို့ ဆိပ်ကမ်းသာ လမ်းတွင် ၇ှိသော   ဗုဒ္ဒ ၀ိဟာရ မှန်ကျောင်းတော်၏ ရွှေသင်္ဃန်းကပ် ရေစက်ချပွဲတွင် ၄င်းတို့၏ဖခင် ကျမ်းမာစွာ ရှိပါကြောင်းအား သတင်းဌာနများသို့ တမင်တကာ ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။ဆိုလိုသည်မှာ ဆက်လက် ကြိုးကိုင်နေပါကြောင်းအား ဖေါ်ပြခြင်းတမျိုးဟု သတင်းလောကသားတို့ ကောက်ချက်ချခဲ့ကြသည်။

တဖက်မှလဲ ကာချုပ် မင်းအောင်လှိုင်တို့ အဖွဲ့သည် ကေအိုင်အေအား အပြီးပြတ်တိုက်ရန် ၀ပြည်သွေးစီးညီညွတ်ရေး မိုးဂုံန်းသို့ အောက်တိုဘာလ ၉ ရက်တွင် သွားရောက်ပြီး နိုင်ငံတကာသို့ မူးယစ်ဆေးဝါးပပြောက်ရေးဆွေးနွေးသယောင် သတင်းလွှင့်ခဲ့ပြီး လက်တွေ့ဆွေးနွေးမှုများတွင် ကေအိုင်အေအား အထောက်ပံ့ပေးခြင်း လမ်းကြောင်းဖွင့်ပေးခြင်းများ မပြုလုပ်ရန်ညှိနိုင်းခဲ့သော်လဲ ၀ဒေသခေါင်းဆောင်းများမှ မသေခြာမရေသော အဖြေသာရရှိပြီး အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးမည်ဟု ကတိပြုကာ လက်ဗလာဖြင့် ပြန်ခဲ့ရ၏။

အောက်တိုဘာလတွင် အိုအင်စီမှ မြန်မာပြည်ထဲဝင်ရန် အပြင်ဆင်များလုပ်လာသောအခါ ရန်ကုန်၊ မန္တလေး မှ ရခိုင်ပြည်ဒေ သ၏ မကြေမချမ်းဖြစ်သံများအား နိုင်ငံတွင်းပြင် သတင်းသမားများအတွင် လွတ်လပ်စွာ ရိုက်နှိပ်ဖေါ်ပြခွင့်ပေးပြီး အိုအိုင်စီ ကန့်ကွက်ရေးအား စိုင်းပြင်းခွင့်ပြုကာ အောက်တိုဘာလ ၁၄၊ ၁၅ ရက် ၂၀၀၁၂ ခုနှစ် အကြီးကျယ် အိုအိုင်စီ ၀င်ရောက်မှုအား ကန့်ကွက်ဆန္ဒပြနေသောပုံရိပ်များ နှင့် အနေထားအားထောက်ပြကာ  အိုအိုင်စီအား ပြန်ဖယ်ထုတ်ပြသော ကစားကွက်ကို ခင်းခဲ့ကြ၏။

YANGON, Myanmar (AP) — Myanmar's government will not allow the Organization of Islamic Cooperation to open a liaison office after thousands of Buddhist monks and laypeople marched to protest. .The anti-OIC protests were held in four Myanmar cities, including Yangon, the country's largest city, where about 5,000 people participated. Some said they were marching to safeguard Buddhism.he plan.

သို့သော်  အောက်တိုဘာ ၂၁ ရက်နေ့တွင် ဘင်္ဂဂါလီများမှ စစ်တပ်ကျောထောက်နောက်ခံဖြင့် မင်းဗြား မြို့နယ်တွင် ရခိုင်လူမျိုးတို့၏ နေအိမ်များအား မီးတင်ရှို့မှုပြုလုပ်ခဲ့ရာ ရခိုင်အမျိုးသားတို့မှ ကာကွယ်ရေးအစီစဉ်များပြုလုပ်ခဲ့ကြရာ စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ရာ ၆ ဦးသေဆုံပြီး ၃၄ ယောက်  စစ်တွေဆေးရုံသို့ ပိုခဲ့ရပြီး ရခိုင်ပြည်နယ်မှ ရဟန်းပျိုများက ဆန္ဒဖေါ်ထုတ်ကန့်ကွက်ရန် လမ်းပေါ်တက်လာကြသောအခါ အောက်တိုဘာ ၂၇ တွင် ဘင်္ဂလီများနေထိုင်သော ကျောက်ဖြူ ကမ်းနားရပ်ကွက်များအား စစ်တပ်ကပင် မီးတင်ရှို့ပေးပြီး ရခိုင်လူမျိုးများ သွားရောက်မီးရှို့ကြောင်း ဂျာနယ်အချို့တွင် ရေးသားခွင့်ပြုခဲ့၏။

ထိုသို့ဖြင့် ဘင်္ဂလီဘက်လှည့်လိုက် ရခိုင်ဘက်လှည့်လိုက် ဧ၇ာဝတီတိုင်းဘက် ပြသနာလုပ်လိုက်နှင့် နောက်ဆုံး ကချင်ဒေသ စခန်းသိမ်းပွဲများ ဆင်နွဲ၇န်ဦးအောင်မင်းတို့ ကာချုပ်နှင့် လက်ဝါးခြင်းရိုက်ကာ ဆုံးဖြတ်ပြီးနောက် နိုဝင်ဘာ ၂၉ တွင် လက်ပံတောင် မီးလောင်ဗုံး ဖေါက်ခွဲ ဖြိုခွင်း နှိမ်နှင်းပွဲကြီး ပြုလုပ်ပြပြီး သတင်းမီဒီယာအားလုံး လက်ပံတောင်း သို့ အားလုံး ဦးလှည့်သွားချိန်တွင် ကချင်ဒေသ ရွာလုံးကျွတ် မီးရှို့ပွဲကြီးနှင့် စစ်ပွဲကြီးအား အကြီးကျယ် လွတ်လွတ်လပ်လပ်ကျင်းပနေတော့သည်။
အပိုင်း (၄)အား ဆက်လက်ဖေါ်ပြပါဦးမည်။

ဂိုလ်ရှယ်လေး 
ကျေးဇူးတင်ပါသည်
အပိုင်း(၃)
ဦးသိန်းစိန် (သမ္မတ) မှ တက်တက်လာခြင်း အပြောကောင်းကောင်း နွဲ့နွဲ့ကလေးဖြင့် ပြောချလာလိုက်သည်မှာ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရစကားလုံးမိန့်ခွန်းများအတွက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ရှေ့နေကြီး ဦးသိန်းညွန့်မှ မေးခွန်းထုတ်ခဲ့သော ၂၀၁၂ ခုနှစ် မတ်လသည် နေပြည်တော်တွင်း အတွင်းကြိတ်ပုံး တိုက်ပွဲ ဖြစ်ပွါးနေသာအခြေနေသို့ရောက်ရှိခဲ့သည်။

သမ္မတ ဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ တွင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်း ကြေငြာပြီး ကာလမှပင် ဖြစ်ပွားလာသော ကိစ္စဖြစ်ခဲ့သည်။ ဒုသမ္မတ ဦးတင်အောင်မြစ်ဦးသည် ၄င်း အတွင်းရေးမှုး(၁) နအဖတွင် လုပ်ခဲ့သောကာလတွင် မြစ်ဆုံတည်ဆောက်ရေးအတွက် တရုတ်ပြည်မှ အမေရိကန်ဒေါ်လာ ၃ဒသမ ၆ ဘီလီယန် တန်ဘိုး ရင်းနှီးလုပ်ကိုင်နိုင်၇န် ကြားပွဲစားကြီးလုပ်ခဲ့သော အမေရိကန်ဒေါ်လာ သန်း ၃၀၀ အား မြက်မြက်ကလေး အိပ်ထဲ ထည့်လိုက်သည့်အပြင် စာချုပ်စတင်ချုပ်ဆိုသော အချိန်တွင် ဧည့်သယ်ဝန်ဆောင်မှုစရိတ် အမေရိကန်ဒေါ်လာ သန်း ၅၀ အား တရုတ်ပြည်တွင် ကောင်စစ်ဝန်အဖြစ် တာဝန်ယူနေသော ဗိုလ်ချုပ်မှုးကြီး သားမက် ကို ပေးခဲ့သည့် အတွက် ပြန်လည် လျော်ပေးရမည့်အခြေနေသို့ ဆိုက်ရောက်လာ၏။
၂၀၁၂ ခုနှစ် ဧပြီလ သင်္ကြန်ပြီးသွားသော ကာလ အစိုးရရုံးများပြန်လည်ဖွင့်လှစ်သောကာလတွင် ဒုသမ္မတ ၄င်၏ ဒုသမ္မတ အစိုးရရုံးဆိုင်ရာ ရုံးခန်းသို့ မလာတော့ပဲ မေလဆန်းတွင် နုတ်ထွက်စာ ပေးပို့ခဲ့၏။ ဗိုလ်ချုပ်မှုးကြီးမှ သင်္ကြန်အတက်နေ့တွင် ဦးသိန်းစိန်အား ခေါ်ယူကာ သြ၀ါဒပေးပြီး တရုတ်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ ရှေ့တွင် အနှောက်ယှက်မရှိအောင် သယ်ဆောင်သွားရန်နှင့် လက်ရှိ တင်ရှိနေသော နိုင်ငံတကာအကြွေးများအား အကြေလည် အပြီးပြတ် ဖြေရှင်းနိုင်ရမည်ဟု တာဝန် အပြီးပြတ်ယူခိုင်းသည်မှာ ဦးသိန်းစိန် ငြင်းချက် ထုတ်နိုင်ပါမည်လော။
ဦးသိန်းစိန်မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသန်းရွှေ သင်္ကြန်အတက်နေ့ အမိန့်အား ရင်ဝယ်ပိုက်ခဲ့၏။ သို့သော် မေလ ၅ ရက်တွင် ရေးသားသော The Guardian က အတိကျ ဦးတင်အောင်မြစ်ဦး နုတ်ထွက်ကြောင်း ဖေါ်ပြထားခဲ့သော်ငြား သမ္မတရုံးမှ စင်္ကာပူတွင် ဆေးသွားကုနေသယောင် တရားဝင်မဟုတ်ပဲ ဖေ့စ်ဘွတ်မှာ ပျံလွင့်ခဲ့သည်။နောက်ပိုင်းမှ အတည်ပြုပေးခဲ့၏။

ဦးအောင်သောင်းတို့ စီစဉ်သော ရခိုင်အရေးခင်းကြီး ပွက်ပွက်ဆူနေသော ကာလတွင် ဦးသိန်းစိန် ငွေရှာရေးအတွက် အိုအိုင်စီဟုခေါ်သော အဖွဲ့ဝင် ၅၇ နိုင်ငံ အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ရုံးစိုက်ခွင့် ပေးရန် သဘောတူလက်မှတ်ရေးထိုးရေးအား စိုင်းပြင်းနေကြပြီး အိုအိုင်စီမှ ပထမ ထောက်ပံငွေ အမေ၇ိကန် ဒေါ်လာ သန်း ၅၀ အတွက် လုံးပမ်းခဲ့ကြ၏။

၂၀၁၂ ဂျူလိုင်လ ၁၈ ရက်နေ့တွင် Network Myanmar ၀က်ဆိုက်တွင် ဦးအောင်သောင်းတို့၏ ဂိုဏ်းအဖွဲ့ဝင် ဦးအောင်သိန်းလင်းမှ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ဝေဖန်ထားသော အင်တာဗျူးတခုအား တရုတ် သတင်းထောက်နှစ်ဦးဖြစ်သည့် zhang zhe and Ye Weimin ဇောင်ဇီ နှင့် ယီဝေမင် တို့က အချိန်ကိုက် ဖွင့်ချပေးခဲ့သည်။။ ဂျူလိုင် ၂၄ ရက်နေ့တွင် ဦးသိန်းစိန်သည် တပ်ချုပ်ဟောင်းကြီး နှင့် နောက်တကြိမ်သွားတွေ့ရပြန်၏။ တပ်ချုပ်ကြီးမှ “မင်းတို့ေ၇ွ့တာ အလွန်နှေးလွန်းလို့ အားလုံး သဘောထား ကွဲလွဲမယ့်ပုံမျိုးဖြစ်နေတာ” ဟု နောက်ဆုံး မိန့်ကြားခဲ့သည်။

ဦးသိန်းစိန်မှာ တပ်ချုပ်ဟောင်းကြီးဆီမှ ပြန်လာပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် တွင် အိုအိုင်စီ အဖွဲ့နှင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ အပါဝင် တွေ့ဆုံပြီး ရန်ကုန်တွင် အိုအိုင်စီ ရုံးခွဲဖွင့်လှစ်ပေးရန် သဘောတူကြောင်း ပြောဆိုကာ ပထမအရစ် ထောက်ပံကြေးငွေ အမေရိကန်ဒေါ်လာ ၁၈ သန်းအား ရယူလိုက်ကြသည်။ သို့သော် ထိုသတင်းအား မန္တလေး သံဃာထုအတွင်းသို့ ချက်ခြင်း ပို့လွတ်ခဲ့၏။ တဖက်မှလဲ ယူအန်မှ ပီချေးနံဘီးယားနှင့် ကင်တာနားတို့ နှစ်ဦးစလုံးအား မြန်မာပြည်တွင်းသို့ ၀င်ခွင့်ပြုထားပြီး ယူအန်၏ အထောက်ပံ့များကိုလဲ ယူထားခဲ့သည်။ (RFA August 10, 2012) (နောက်ပိုင်းတွင် အိုအိုင်စီလက်သယ်လုပ်ပြီး အကြမ်းဖက်မှုများအား သီးသန့်တင်ပြပေးပါမည်)။

သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ်တွင် ၀န်ကြီးဌာန အပြောင်းလဲနှင့် အသစ်ခန့်အပ်မှုများဖြင့် ရခိုင်ဒေသအထိကရုံန်းအား သတင်းထုတ်ပြန်ရာတွင် အတော်မှားယွင်းပြီး တလွဲဗြောင်လိမ်နေသော ပြန်ကြားရေး ဌာနအတွက် နိုင်ငံတကာအားထပ်မံလှည့်စားပြပြီး ပြန်ကြားရေး ဦးကျော်ဆန်း အား နေ၇ာရွေ့ကာ ၀န်ကြီးဌာနပြောင်းပေးပြီး ဆက်ကစားခဲ့သည်။

စက်တင်ဘာလ၂၀၁၂ခုနှစ်သည် ဦးသိန်းစိန် အစိုးရအဖွဲ့တခုလုံး နိုင်ငံတကာသို့ ခြေဆန့်သော ကာလဟုဆိုနိုင်ပြီး ဗိုလ်သန်းရွှေအားပေးထားသောဂတိအတိုင်း နိုင်ငံတကာ အကြွေးပေါင်းစုံ ပယ်ပျက်ရေး အသဲသန် အားထုတ်ကြသော ကာလကြီး ဖြစ်နေခဲ့ပြီး ဘင်္ဂလားဒေ့ခ်ျ ရခိုင်နယ်စပ်တွင် အစ္စလမ်ဘာသာဝင်များမှ ဗုဒ္ဓဘာသာဝင်များအား အကြီးကျယ်တိုက်ခိုက်ဖျက်ဆီးနေသော ကာလဲဖြစ်၏။ ၁၈ ရက် ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်မှလဲ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီတွင် စီးပွားရေးပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် နိုင်ငံခြားရေး ၀န်ကြီး ဟယ်လာရီကလင်တန်အား တောင်းဆိုနေခဲ့ပြီး New York Time နှင့် Washington Post သတင်းစာ၏ ၁၉ ရက် စက်တင်ဘာလ ၂၀၁၂ ခုနှစ်တွင် အကြီးကျယ်ရေးသားတင်ထားသည်။ ထိုနောက် ဦးသိန်းစိန်တို့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် လျော်ပစ်ရေးအတွက် လမ်းကြောင်း တည့်သွားကြပြီး ၄င်းငွေအားလုံး ပြန်ဆပ်စရာမလိုတော့ပဲ ယနေ့ ဦးပိုင်အိတ်ထဲသို့ လျောကနဲ့ ၀င်ရောက်လာခဲ့ရသည်။

By STEVEN LEE MYERS
Published: September 18, 2012
WASHINGTON — Myanmar’s opposition leader, Daw Aung San Suu Kyi, called for the lifting of American sanctions against her country on Tuesday, beginning an emotional visit to the United States that punctuated the remarkable shift in relations with Myanmar over the past year.

စက်တင်ဘာ ၂၈ ရက်နေ့တွင် ဦးအောင်သောင်း နှင့် အကျိုးတူ အစုရှယ်ယာပါဝင်ထားသော လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏သားတို့ လက်ဝါကြီးအုပ်ထားသည့် ဧရာရွှေဝါ ကုမ္မဏီ၊ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲကြီး ကျေးရွာတွင် အင်းအလုပ်မားများ ဆန္ဒပြမှုများတွင် ကျုံပျော်အခြေစိုက် ခလရ ၃၆ လက်နက်ကိုင်တပ်ရင်းမှ ၀ိုင်းရံပေးပြီး အထောင်ရဲစခန်းမှ ရဲများက ပစ်ခတ်ကာ အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး သေနတ်ဒဏ်ရာရရှိကြောင်းဖြင့် ၄င်းတို့ အာဏာပိုင်ဆိုင်မှုသည် တရားဥပဒေအထက်တွင် ရှိကြောင်း အောင်သောင်းနှင့် အောင်သက်မန်း တို့မှ ထုတ်ပြခဲ့သည်။

Sep 28, 2012 | Posted by: roboblogger
Two Killed as Police Fire on Crowd in Pathein
Full story: The Irrawaddy Newsmagazine
Two people were killed while two others were seriously injured when police opened fire into a crowd in Shar Khae Gyi Village, Kyonepyaw Township, Pathain District, Irrawaddy Division, on Thursday evening.

စက်တင်ဘာ ၃၀ ရက် ၂၀၁၂ ခုနှစ်တွင် တပ်ချုပ်ဟောင်းကြီးဘရွှေ၏ သမီးနှင့် မြေးများမှ ရန်ကုန်မြို့ ဆိပ်ကမ်းသာ လမ်းတွင် ၇ှိသော ဗုဒ္ဒ ၀ိဟာရ မှန်ကျောင်းတော်၏ ရွှေသင်္ဃန်းကပ် ရေစက်ချပွဲတွင် ၄င်းတို့၏ဖခင် ကျမ်းမာစွာ ရှိပါကြောင်းအား သတင်းဌာနများသို့ တမင်တကာ ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။ဆိုလိုသည်မှာ ဆက်လက် ကြိုးကိုင်နေပါကြောင်းအား ဖေါ်ပြခြင်းတမျိုးဟု သတင်းလောကသားတို့ ကောက်ချက်ချခဲ့ကြသည်။

တဖက်မှလဲ ကာချုပ် မင်းအောင်လှိုင်တို့ အဖွဲ့သည် ကေအိုင်အေအား အပြီးပြတ်တိုက်ရန် ၀ပြည်သွေးစီးညီညွတ်ရေး မိုးဂုံန်းသို့ အောက်တိုဘာလ ၉ ရက်တွင် သွားရောက်ပြီး နိုင်ငံတကာသို့ မူးယစ်ဆေးဝါးပပြောက်ရေးဆွေးနွေးသယောင် သတင်းလွှင့်ခဲ့ပြီး လက်တွေ့ဆွေးနွေးမှုများတွင် ကေအိုင်အေအား အထောက်ပံ့ပေးခြင်း လမ်းကြောင်းဖွင့်ပေးခြင်းများ မပြုလုပ်ရန်ညှိနိုင်းခဲ့သော်လဲ ၀ဒေသခေါင်းဆောင်းများမှ မသေခြာမရေသော အဖြေသာရရှိပြီး အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးမည်ဟု ကတိပြုကာ လက်ဗလာဖြင့် ပြန်ခဲ့ရ၏။

အောက်တိုဘာလတွင် အိုအင်စီမှ မြန်မာပြည်ထဲဝင်ရန် အပြင်ဆင်များလုပ်လာသောအခါ ရန်ကုန်၊ မန္တလေး မှ ရခိုင်ပြည်ဒေ သ၏ မကြေမချမ်းဖြစ်သံများအား နိုင်ငံတွင်းပြင် သတင်းသမားများအတွင် လွတ်လပ်စွာ ရိုက်နှိပ်ဖေါ်ပြခွင့်ပေးပြီး အိုအိုင်စီ ကန့်ကွက်ရေးအား စိုင်းပြင်းခွင့်ပြုကာ အောက်တိုဘာလ ၁၄၊ ၁၅ ရက် ၂၀၀၁၂ ခုနှစ် အကြီးကျယ် အိုအိုင်စီ ၀င်ရောက်မှုအား ကန့်ကွက်ဆန္ဒပြနေသောပုံရိပ်များ နှင့် အနေထားအားထောက်ပြကာ အိုအိုင်စီအား ပြန်ဖယ်ထုတ်ပြသော ကစားကွက်ကို ခင်းခဲ့ကြ၏။

YANGON, Myanmar (AP) — Myanmar's government will not allow the Organization of Islamic Cooperation to open a liaison office after thousands of Buddhist monks and laypeople marched to protest. .The anti-OIC protests were held in four Myanmar cities, including Yangon, the country's largest city, where about 5,000 people participated. Some said they were marching to safeguard Buddhism.he plan.

သို့သော် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဘင်္ဂဂါလီများမှ စစ်တပ်ကျောထောက်နောက်ခံဖြင့် မင်းဗြား မြို့နယ်တွင် ရခိုင်လူမျိုးတို့၏ နေအိမ်များအား မီးတင်ရှို့မှုပြုလုပ်ခဲ့ရာ ရခိုင်အမျိုးသားတို့မှ ကာကွယ်ရေးအစီစဉ်များပြုလုပ်ခဲ့ကြရာ စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ရာ ၆ ဦးသေဆုံပြီး ၃၄ ယောက် စစ်တွေဆေးရုံသို့ ပိုခဲ့ရပြီး ရခိုင်ပြည်နယ်မှ ရဟန်းပျိုများက ဆန္ဒဖေါ်ထုတ်ကန့်ကွက်ရန် လမ်းပေါ်တက်လာကြသောအခါ အောက်တိုဘာ ၂၇ တွင် ဘင်္ဂလီများနေထိုင်သော ကျောက်ဖြူ ကမ်းနားရပ်ကွက်များအား စစ်တပ်ကပင် မီးတင်ရှို့ပေးပြီး ရခိုင်လူမျိုးများ သွားရောက်မီးရှို့ကြောင်း ဂျာနယ်အချို့တွင် ရေးသားခွင့်ပြုခဲ့၏။

ထိုသို့ဖြင့် ဘင်္ဂလီဘက်လှည့်လိုက် ရခိုင်ဘက်လှည့်လိုက် ဧ၇ာဝတီတိုင်းဘက် ပြသနာလုပ်လိုက်နှင့် နောက်ဆုံး ကချင်ဒေသ စခန်းသိမ်းပွဲများ ဆင်နွဲ၇န်ဦးအောင်မင်းတို့ ကာချုပ်နှင့် လက်ဝါးခြင်းရိုက်ကာ ဆုံးဖြတ်ပြီးနောက် နိုဝင်ဘာ ၂၉ တွင် လက်ပံတောင် မီးလောင်ဗုံး ဖေါက်ခွဲ ဖြိုခွင်း နှိမ်နှင်းပွဲကြီး ပြုလုပ်ပြပြီး သတင်းမီဒီယာအားလုံး လက်ပံတောင်း သို့ အားလုံး ဦးလှည့်သွားချိန်တွင် ကချင်ဒေသ ရွာလုံးကျွတ် မီးရှို့ပွဲကြီးနှင့် စစ်ပွဲကြီးအား အကြီးကျယ် လွတ်လွတ်လပ်လပ်ကျင်းပနေတော့သည်။
အပိုင်း (၄)အား ဆက်လက်ဖေါ်ပြပါဦးမည်။

ဂိုလ်ရှယ်လေး
ကျေးဇူးတင်ပါသည်