Sunday, September 29, 2013

တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်း လွှတ်တော်တင်မည်



ရန်ကုန်၊ စက်တင်ဘာ ၂၉

တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီး ယင်းမူကြမ်းကို လွှတ်တော်တင်ရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်း တတိယအဆင့် အနေနှင့် ရှေ့နေချုပ်ရုံးနှင့် အဆိုပါရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေချုပ်များနှင့် ညှိနှိုင်းပြီး အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော် တင်ရ် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရေး ဥပဒေ ပြဋ္ဌာန်းရာတွင် အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတ ခွဲဝေမှုများကို (Resource Sharing) တို့ကို ထည့်သွင်း ရေးဆွဲပေးရန် လိုအပ်ကြောင်း ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

တိုင်းရင်းသားများ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ တင်ပြလိုသည့် အချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တင်ပြရမည် ဖြစ်ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ (လျှောက်ထားဆဲ) မှ တာဝန်ခံ ဦးစောသန်းမြင့်က ပြောကြားသည်။

တိုင်းရင်သား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းက ရေးဆွဲထားခြင်း ဖြစ်သည်။

အမျိုးသားပျက်သုဉ်းမှုကြီး၏ အစလား အဆုံးလား



တပ်မတော်ဟာ အမျိုးသားရေးကို သစ္စာဖောက်တယ်၊ ခုတော့ ဘာသာ သာသနာကိုပါသစ္စာဖောက်ပြီ။ အချိန်တွေပြောင်း လူတွေပြောင်းခဲ့ပေမယ့် လူထုလခရိက္ခာကိုစား လူထုကိုဖိနှိပ်ကျွန်ပြုတဲ့ ဖောက်ပြန်ရေးသမား အမျိုးသားသစ္စာဖောက် စစ်ခေါင်းဆောင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်နေတဲ့ လက်နက်ကိုင်ရဲနဲ့ စစ်တပ်တွေဟာ အမျိုးသားရေးကို သစ္စာဖောက်ခဲ့တာကြာပါပြီ။ ပြောရရင် လွပ်လပ်ရေးရကတည်းကလို့ ပြောရမှာပါ။ ၁၉၃၀ ကျော်နဲ့ ၁၉၄၀ ကျော်ကာလက သခင်အောင်ဆန်း အမှူးရှိတဲ့ ကျောင်းသားတွေက အမျိုးသားလွတ်မြောက်ရေးအတွက် ပေးဆက်မှုပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA- Burma Independence Army)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF- Patriotic Burma Force)၊ နောက် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA- Burma Defense Army) နဲ့ နောက်ဆုံး ဗမာတပ်မတော် (Burma Army) (မြန်မာ့တပ်မတော်လို့ အဓမ္မပြောင်းထားတယ်) ဟာ တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းတို့ ရည်းမှန်းခဲ့တဲ့ လူမျိုးစုံပြည်သူ အမျိုးသားကာကွယ်စောင့်ရှောက်ရေးနဲ့ ဆန့်ကျင်ပြီး အဓမ္မအာဏာနဲ့ ဖိနှိပ်အုပ်ချုပ်ပြီး အမျိုးသားနိုင်ငံရေးလမ်းကြောင်ကနေ သွေဖီသွားခဲ့တယ်။

ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ တပ်မတော်ဟာ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ကာကွယ်စောင့်ရှောက်ကွယ်ပါ့မယ်လို့ ကျမ်းကျိန် သစ္စာပြုထားတဲ့ ဖွဲ့စည်းပုံကိုချိုးဖောက်ဖျက်ဆီးခဲ့တယ်၊ အမျိုးသားရေးကို သစ္စာဖောက်ခဲ့တယ်။ ခုတော့ တိုင်းသူပြည်သားများ ခိုလှုံတည်မှီရာ နယ်မြေ မြို့ရွာတောတောင်နဲ့ ကိုးကွယ်ယုံကြည်ရာ ဓလေ့ဘာသာ သာသနာကိုတောင် သစ္စာဖောက်ခဲ့ပြီ။ စစ်အုပ်စုဟာ တရုတ်ဝမ်ပေါင်ကျွေးတဲ့ အရိုးအရင်းကိုစားပြီး ပြည်သူအများစု ယုံကြည်ကိုးကွယ်ရာ အထိမ်းအမှတ်အဆောက်အအုံကို ဖျက်ဆီးဖို့လုပ်နေပြီ။ သာသနိက အဆောက်အအုံအောက်က သယံဇာတကိုလိုချင်တဲ့ တိုင်းတပါးသားရဲ့ အလိုဆန္ဒအရ ဖျက်ဆီးတာ ဖြစ်တယ်။

တချိန်က ပေါ်တူဂီ ပင်လယ်ရေကြောင်းဓမြ ငဇင်ကာစေတီပုထိုးတွေဖျက်ပြီး လုယက်သလိုမျိုး ဖြစ်တယ်။ ဒီနေ့ တရုတ်ကုမ္ပဏီတွေ ဗမာပြည်အပေါ် ပြုမှုကျင့်ကြံနေတာဟာ ငဇင်ကာရဲ့ ပင်လယ်ဓမြလုပ်ရပ်မျိုး ဖြစ်ပါတယ်။ ဒီနေ့ ဗမာပြည်လက်နက်ကိုင် အဖွဲ့အစည်းတွေကို ချုပ်ကိုင်အမိန့်ပေးနေတဲ့ ဗိုလ်ချုပ်တွေ စစ်အုပ်စုတွေလုပ်ရပ်ကလည်း တံကျင်လျိုသုတ်သင်ခဲ့ရတဲ့ တိုင်းတပါးပင်လယ်ဒမြရဲ့ကျွန် အမျိုးသားသစ္စာဖောက် တောင်ငူဘုရင် နတ်ရှင်နောင်ရဲ့ လုပ်ရပ်မျိုး၊ ဝံပုလွေအုပ်ကို ကြက်ခြံတံခါးဖွင့်ပေးတဲ့ သစ္စာဖောက် ခြံစောင့်ခွေးရဲ့ ဖောက်ပြန်မှုမျိုးး ဖြစ်တယ်။

ဒီနေ့ ဗမာလူထုရဲ့ ကိုးကွယ်ယုံကြည်မှုကို စော်ကားဖျက်ဆီးနေသူတွေဟာ ဘယ်သူတွေလဲ။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုတာ ဒါလား၊ အိမ်နီးချင်းကောင်းပီသတဲ့ဆက်ဆံရေးဆိုတာဒါလား၊ ဖိနှိပ်သူဖက်ကရပ်တည်ပြီး ကိုယ့်အတွက် အမြတ်ထုတ်တာဟာ သူတို့ပြောနေတဲ့ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖက်ရေးဆိုတာ ဒါလား၊ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အိမ်နီးချင်းတွေအတွက်လည်း အကျိုးစီးပွားပါတဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးခြင်ဆိုတာ ဒါလား၊ လူမျိုးစုံ အဖိနှိပ်ခံပြည်သူတွေ အိုးပျောက် အိမ်ပျောက် ခုနောက်ဆုံး ဘာသာ သာသနာကိုပါ စော်ကားခံနေရတာဟာ သူတို့ပြောတဲ့ ငြိမ်းချမ်းစွာဖွံ့ဖြိုးခြင်းလား၊ သူတို့ခေါင်းထောင်လာကတည်းက အိမ်နီးချင်း ဗီယက်နမ်၊ ဖီလစ်ပိုင်၊ ဂျပန်နဲ့ အိန္ဒိယပါမကျန် လုံခြုံရေးစိုးရိမ်သောက ဖြစ်နေတာဟာ သူတို့ပြောတဲ့ ငြိမ်ချမ်းစွာအတူယဉ်တွဲနေထိုင်ရေး ဖွံ့ဖြိုးရေးရဲ့ အဓိပ္ပာယ်လား။ ကိုယ့်ရုပ်ဝတ္ထုအကျိုးအမြတ်အတွက် သူတပါးကိုးကွယ်ယုံကြည်မှုကို စော်ကားဖျက်ဆီးတာဟာ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်လား။

ဒီလုပ်ရပ်တွေဟာ လက်တင်အမေရိကမှာဒေသခံ လူမျိုးစုလေးတွေကို အမြောက်နဲ့ပစ် လူမျိုးတုန်းသတ်ဖြတ်ပြီး သူတို့ဘုရားကျောင်းတွေက ရွှေငွေကျောက်မြက်ရတနာတွေကိုလုယူ နယ်ချဲ့ခဲ့တဲ့ (၁၅-၁၆) ရာစုက စပိန်ပင်လယ်ဓမြတွေရဲ့ ရိုင်းစိုင်းမှုနဲ့ဘာကွာခြားသေးလဲ။ ခေတ်ကွာလို့ လုပ်ဟန်ကွဲပြားတာကလွဲလို့ လူမျိုးချင်းအပေါ် လူသားမျိုးနွယ်ပေါ် ကျူးကျော်အမြတ်ထုတ်တဲ့ ရိုင်းစိုင်းရက်စက်မှုကတော့ အတူတူပါပဲ။ တရုတ်ပြည်မှာ ပိတ်ပင်ခဲ့တဲ့ အဗာတာ (Avatar) ရုပ်ရှင်ထဲကအတိုင်းပါပဲ။ အဖိုးတန်သတ္တုကိုလိုချင်လို့ တခြားဂြိုလ်က မျိုးနွယ်စုတွေထဲ လုပ်ကြံဒလန်ထဲ့ပြီး မျိုးတုန်းသတ်ဖြတ်လုယက်တဲ့ ဇာတ်လမ်းအတိုင်းပါပဲ။ သူတို့လိုချင်ရာ လက်ညိုးထိုးသမျှကို စာချုပ်ချုပ်ရောင်းစားခဲ့သူတွေဟာ ရုပ်ရှင်ထဲက လုပ်ကြံဒလန်တွေနဲ့ ဘာလက္ခဏာတွေတူနေသလဲ၊ ရှာကြည့်ကြပါ။ ဝေဖန်ကြည့်ကြပါ။

မနေ့ကပဲ ရေဒီယိုသတင်းတပုဒ်မှာ “ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ဟာကို သမ္မတကြီးနဲ့ ဦးဆောင်မှုအောက်ကို သစ္စာရှိစွာနဲ့ ခံယူသွားမယ်ဆိုတာကို ပြောပါတယ်” လို့ ဖတ်လိုက်ရတယ်။ ဒီလိုဆိုရင်တော့ မဆိုးသေးပါဘူးလို့ တွေးမိသလိုဖြစ်တုန်းမှာပဲ ခုလို ဘာသာ သာသနာကိုပါသစ္စာဖောက်တဲ့ လုပ်ရပ်ကပေါ်လာတယ်။ ဒါလားနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တာ၊ ဒါလား အချုပ်အချာအာဏာကို ကာကွယ်စောင့်ရှောက်တာ၊ ဒါလား ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာ၊ လူတကာနားကလောအောင် ကြွေးကြော်ဝါဒဖြန့်နေတာတွေနဲ့ ဖီလာဆန့်ကျင်တွေချည်းပါလား။ ဟိရိသြတပ္ပ အရှက်အကြောက်တရားတောင် မရှိကြတော့ဘူးလား။

လူတစု စစ်အုပ်စုအကျိုးအတွက် တိုင်တပါးသားရဲ့ အလိုလောဘအတွက် အမျိုးသားရေးကို သစ္စာဖောက်ခဲ့ပြီး ခုတော့ ဘာသာ သာသနာကိုပါ ထိပါးနှောင့်ယှက်ဖျက်ဆီးတာကို အကာအကွယ်ပေး သစ္စာဖောက်တာကို အထက်အမိန့်ကို နာခံရလို့ပါဆိုတဲ့ ဆင်ခြေနဲ့ဖုံးလို့ မရနိုင်ဘူး။ ဘိုးဘွားအမွေကိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုသူတွေကို ဖမ်းဆီးရိုက်နှက်နေတာဟာ တပ်မတော်ရဲ့ မျိုးစောင့်တရားလား၊ ဘယ်သူ့အတွက်လဲ.. ဘာအတွက်လဲ၊

တပ်မတော်ဆိုတာ ပြည်သူလူကို အကာအကွယ်ပေးမဲ့ လက်သီးလက်ရုံးတွေဖြစ်ရမယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွန်သင်ချက်နဲ့တော့ ပြဒါးတလမ်း သံတလမ်းပဲ။ အမျိုးသားသစ္စာဖောက် လက်တဆုတ်စာ စစ်အုပ်စုရဲ့အမိန့်ကိုနာခံတဲ့ အကျိုးသွားကတော့ ကိုယ်နဲ့ဘဝတူ ကျန်တဲ့ တခြားအောက်ခြေလူတန်းစားတွေအတွက် ငရဲဖြစ်နေတာ၊ အမျိုး ဘာသာ သာသနာကို ထိပါးနှောင့်ယှက် ဖျက်ဆီးတာတွေကိုတော့ ကံကြမ္မာကခွင့်မလွတ်ဖူး၊ ဒေဝဒတ်ကို ဆရာတင်မှားခဲ့တဲ့ အဇာတသတ်ဟာ ပထမသံဃာယနာတင် ဒါယကာအဖြစ်အထိ ကောင်းမှုတွေပြုခဲ့ပေမယ့် အချိန်တန်တော့ သူ့အကုသိုလ်က စီရင်တဲ့အတိုင်း ငရဲလားရတာပဲ။
ရှေးခေတ်လူသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထား ထိန်းသိမ်းကာကွယ်စောင့်တာဟာ လူယဉ်ကျေးတို့ရဲ့ တာဝန် (Moral Duty) ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကမ္ဘာ့ကုလသမဂ္ဂ ပညာသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ကမ္ဘာတဝှန်းက သမိုင်းဝင်ယဉ်ကျေးမှုအဆောက်အဦတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေတာ ဖြစ်တယ်။ အဆောက်အဦအများစုဟာ ရှေးခေတ်လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်တာတွေက အများစု ဖြစ်တယ်။ တချို့ကိုးကွယ်ယုံကြည်သူတွေ မရှိတော့ဘူး၊ အဆောက်အဦတွေ ကျန်ခဲ့တယ်၊ နောက်လူတွေက စောင့်ရှောက်တယ်။ ဒါကြောင့် လက်ပန်းတောင်တောင်က လယ်တီသိမ်ကိုဖျက်ဆီးမယ့်သူတွေ၊ ဖျက်ဆီးတာကို ခွင့်ပြုကာကွယ်ပေးနေတဲ့ တာဝန်ရှိသူဆိုတာတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက ဘာသာဝင်တယောက်မဆိုထားနဲ့ သာမာန်လူတယောက်ရဲ့အဆင့်တောင် ပေးစဉ်းစားလို့မရပါဘူး။ ရိုင်းပြမှုသက်သက်ပါ။ သွေးစုတ်အမြတ်ထုတ်မှုသက်သက်ဖြစ်ပါတယ်။

လက်ပန်းတောင်းတောင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာမှာ “သို့ပါ၍ အဆိုပါ လက်ပံတောင်းတောင် ကြားတောရ စင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ခသာသနိက အဆောက်အအုံများကို လုံးဝပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာတခုခုသို့ ပြောင်းရွေ့ပေးသင့်ကြောင်း၊ ဤကိစ္စကို ကြေးနီတူးဖော်မည့် ကုမ္မဏီသည် ဒေသခံပြည်သူလူထုများ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့နှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သင့်ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။” လို့ ဆိုထားတယ်။
သူတို့ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့တဲ့ကော်မရှင်ရဲ့ အကြံပြုချက်ကိုတောင် ကတိဖျက် ချောင်ထိုးလျစ်လျူရှုတဲ့လုပ်ရပ်ဟာ ဘာသာ သာသနာကိုပါ သစ္စာဖောက်တာပဲ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ မျက်ရှု မျက်နှာဖြစ်နေတဲ့ အမှန်တရားကို ချစ်မြတ်နိုးသူတွေ၊ အမှန်တရားဖက်က ရပ်တည်မယ်ဆိုတဲ့ သူတွေကကော နောက်ကြောင်းပြန်လှည့်မှာ စိုးရိမ်နေကြတုန်းလား၊ ဒီလို အမျိုးဘာသာ သာသနာကို ထိပါးဖျက်ဆီးခံနေရတဲ့ အခြေအနေတွေကြားမှာ ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်တဲ့လုပ်ရပ်တွေကို ဘယ်လို သတ်မှတ်ကြမလဲ၊ ဘာတွေဖြစ်နိုင် ရနိုင်မှာလဲ။ ဗမာ့သမိုင်းတင်မက ကမ္ဘာ့သမိုင်းမှာပါ လူတစုအကျိုးအတွက် တမျိုးသားလုံးကို သစ္စာဖောက်ကျွန်ဇာတ်သွင်းမှုရဲ့ ပြယုဂ် (၂၀၀၈) ဖွဲ့စည်းပုံထဲမှာ လူထုအတွက်ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှာလိုရနိုင်မယ် မျှော်လင့်နေကြတုန်းလား။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ အခြေခံဘုံရည်မှန်းချက် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးဆိုတာ ဘယ်ရောက်သွားကြပြီလဲ။ လူမျိုးစုံ ဘာသာစုံ ယဉ်ကျေးမှုစုံတို့ရဲ့ သဟဇာတဖြစ်မှုကို အခြေခံတဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကို နည်းဗျူဟာမြောက်လုပ်ဟန် အကြောင်းပြချက်တွေနဲ့ ကျောခိုင်းလျစ်လျူရှုတာဟာ တိုင်းပြည်တခုရဲ့ အနာဂါတ်၊ လူမျိုးတခုရဲ့အနာဂါတ်ကို ဖျက်ဆီးတာနဲ့ အတူတူပါဘဲ။ လူကောင်းတွေက အမှန်တရားကို နှုတ်ဆိတ်နေတာဟာ လောကပျက်စီးကြောင်းပဲတဲ့။

သန်းပေါင်း (၆၀) ကျော်ထဲက ဘိုးဘွားအမွေခံ အမွေဆိုင် ပြည်ထောင်စုသားတယောက်အနေနဲ့ မေးပါရစေ။ ကျနော်တို့ တိုင်းပြည် ကျနော်တို့ လူမျိုးတွေဟာ သူတပါးအလိုရှိရင် အမျိုးသားယဉ်ကျေးမှုသမိုင်းကြောင်းတွေနဲ့ ဘိုးဘွားအမွေ အဆောက်အဦတွေကို ဖျက်ဆီးပေးရမယ့်အခြေကို ဆိုက်နေပြီလား။ ဘာသာ သာသနာကိုတောင် တောင်းဆို ကာကွယ်ထိန်းသိမ်းရမည့် အခြေနေသို့ဆိုက်လေပြီ၊ အမျိုးသားပျက်သုဉ်းမှုကြီး၏ အစလား အဆုံးလား။

ရဲဘော်ကျော်သန်း
၃၀၊ ၉၊ ၂၀၁၃

(နေ့သစ် https://naytthit.net/ မှ)

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လက်မှတ်ထိုးပွဲတွင် ပါတီအားလုံး သက်သေ လုပ်ရန် အစိုးရဖိတ်ကြား



ရန်ကုန်၊ စက်တင်ဘာ ၂၉

အစိုးရက အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံရေးပါတီအားလုံး တက်ရောက်ကာ သက်သေအဖြစ် လက်မှတ်ထိုးရန် ဖိတ်ခေါ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပသည့် နိုင်ငံရေးပါတီ ၄၀ ကျော်နှင့် အစိုးရအဖွဲ့ တွေ့ဆုံပွဲတွင် ဦးအောင်မင်းက ယင်းသို့ ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဆိုသည်။
“နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးတဲ့အခါ နိုင်ငံရေးပါတီတွေ အားလုံးပါရမယ်။ ပြီးရင် တောက်လျှောက် Political Dialogue မှာ ပါသွားရမယ်” ဟု ဦးဇိုဇမ်က ရှင်းပြသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire) စာချုပ် လက်မှတ် ရေးထိုးပွဲကို အောက်တိုဘာ လကုန် သို့မဟုတ် နိုဝင်ဘာ လဆန်းတွင် ကျင်းပရန် စီစဉ်နေကြောင်း ဦးအောင်မင်း က ဆိုသည်။
“နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးတာဟာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ခြေလှမ်းအစပဲ” ဟု ဦးအောင်မင်းက ဆိုသည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် အဖွဲ့ တစ်ဆယ့်လေးဖွဲ့နှင့် သဘောတူညီမှု ရယူထားပြီး ကျန်ရှိနေသည့် KIO/KIA နှင့် TNLA အဖွဲ့တို့ကို ယခုလအတွင်း တွေ့ဆုံ သဘောတူညီချက်ရရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းကထပ် လောင်းပြောကြားသည်။

ယင်းသို့ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးအပြီး ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါတီအားလုံး ပါဝင်ရန် အစိုးရက ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲ တက်ရောက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

ရောင်းချရန် ပြန်ပေးဆွဲ ခံထားရသော ကလေးငယ် ၉၂ ဦးအား တရုတ်ရဲတပ်ဖွဲ့ ကယ်တင်



တရုတ်ရဲတပ်ဖွဲ့ သည် ရောင်းချရန် အတွက် ဂိုဏ်းဖွဲ့ တစ်ခု၏ ပြန်ပေးဆွဲခြင်း ခံထားရသော ကလေးငယ် ၉၂ ဦးနှင့် အမျိုးသမီး ၂ ဦးအား ကယ်တင်ခဲ့ပြီး သံသယ ရှိသူ ၃ဝ၁ ဦးအား ဖမ်းဆီးခဲ့ ကြောင်း ယခုနှစ်များ အတွင်း လူမှောင်ခို ကူးမှုနှင့် ပတ်သက်၍ အကြီးမားဆုံး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု ဖြစ်ကြောင်း တရုတ်နိုင်ငံ ပိုင် ဆင်ဟွာ သတင်းဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

တရုတ် ရဲတပ်ဖွဲ့သည် ၆ လကြာ စုံစမ်းမှု ပြုလုပ် ခဲ့ပြီးနောက် ပြည်နယ် ၁၁ ခုရှိ နေရာ အသီးသီး အား တစ်ပြိုင်နက် တည်းဝင်ရောက် စီးနင်း ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာန က ဖော်ပြခဲ့သည်။


သို့ရာတွင် ထိုသို့ ကယ်ဆယ်မှုနှင့် ဖမ်းဆီးမှု ပြုလုပ်သည့် ရက်စွဲ အတိအကျ နှင့် ပြန်ပေးဆွဲ ခံထားရသော ယောက်ျားလေး နှင့် မိန်းကလေး အရေအတွက် တို့ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။

ကျေးလက် ဒေသများတွင် သားယောက်ျား ကလေးများအား ပိုမို အလေးပေး မှုနှင့် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒတို့သည် လွန်ခဲ့သော နှစ်များတွင် ကလေးသူငယ် နှင့် အမျိုးသမီး များအား လူမှောင်ခို ကူးမှု ပိုမိုမြင့်မား လာစေခဲ့ပြီး ပြန်ပေးဆွဲ ခံရသော အမျိုးသမီး များသည် တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒ၏ အကျိုးဆက် အဖြစ် အမျိုးသားနှင့် အမျိုးသမီး ဦးရေ မညီမျှမှု အရ သတိုးသမီး များ ရှာဖွေရန် မတတ်နိုင်သော တရုတ်နိုင်ငံ အစွန်အဖျား ဒေသများရှိ အမျိုးသား များထံသို့ ရောင်းချခံ ရကြောင်း သိရသည်။

တရုတ် အစိုးရသည် ပြန်ပေးဆွဲ ခံရသော ကလေးငယ် များအား ဝယ်ယူသူ များကို ပြင်းပြင်း ထန်ထန် အပြစ်ပေး သွားမည် ဖြစ်ပြီး ရောင်းချသော မိဘများ ကိုလည်း အပြစ်ပေး သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်ဟု သိရှိရသည်။

The Myawady Daily

ဝဲကြီးကျေးရွာမှ ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

***  ***

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ဦးတရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ်ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာတစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင်တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။
ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

Eleven Media —

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ မိုးဒဏ်ကြောင့် ပျက်စီးတတ်သဖြင့် ရှေးဟောင်းသုတေသန ဌာနမှ ဂရုပြုစောင့်ကြည့်



စက်တင်ဘာလအတွင်း ပုဂံညောင်ဦး ဒေသတွင် မကြာခဏ မိုးရွာလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုးများ၊ အနုလက်ရာများသည် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံး တတ်သည့်အတွက် ပုဂံရှေးဟောင်း သုတေသန ဌာနမှ အထူးဂရုပြု စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"မိုးရွာရင် ကျွန်တော်တို့က ဘုရားတွေကို လိုက်စစ်ဆေးကြည့်ရှု ပေးရပါတယ်။ အရေးကြီးတဲ့ နံရံဆေးရေး ပန်းချီရှိတဲ့ ဘုရားတွေမှာ မိုးယိုမှု ရှိ၊ မရှိ စစ်ဆေးရတယ်။ မိုးယိုမှုရှိတဲ့ ဘုရားရှိရင် အရေးပေါ်ဆောင်ရွက် ရတာမျိုး ရှိတာပေါ့။ လောလောဆယ်တော့ ထိခိုက်ဆုံးရှုံးတာမျိုး မရှိသေးပါဘူး။ လောကထိပ်ပန် ဘုရားမှာတော့ နည်းနည်းလေး မိုးယိုတာရှိလို့ ပြန်ပိတ်ပြီး ဆောင်ရွက်တာလေး ရှိပါတယ်" ဟု ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း မိုးကြောင့်ပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာ ယနေ့အချိန်အထိ မရှိသေးကြောင်း မိုးရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံ မိုးမလုံရာမှ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေရုပ်ကြွများ၊ စိန်တောင်များ အဓိက ပျက်စီးတတ်ကြောင်း သိရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ၊ အဆောက်အအုံများ၊ အနုလက်ရာများ ပျက်စီးဆုံးရှုံးရမှု အကြောင်းတရားများတွင် မိုးကြောင့်ပျက်စီး ဆုံးရှုံးခဲ့ရမှုများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာ လဆန်းအတွင်း ပုဂံဒေသ၌ ရေကြီးမှုကြောင့် ရှေးဟောင်းဘုရားများအနီး ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်

တနင်္သာရီမြစ် ရေလွှမ်း

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့

တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှုတွင် ချောင်းဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ်အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက်မှ တောင်ကျရေများလည်း စီးဆင်းလာခဲ့ကြောင်း သိရသည်။
င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်

ဒေသလုံခြုံရေးအားနည်းသဖြင့် ပြည်သူ့စစ်များ ဖွဲ့ပေးရန် ရခိုင်အဖွဲ့အစည်းများ သူရဦးရွှေမန်းထံ တင်ပြ


ကေဇင်ဦး | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၃၄ မိနစ်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇မြို့နယ်မှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ရခိုင်ဒေသ၌ နယ်မြေလုံခြုံရေးအားနည်းသောကြောင့် တပ်မတော်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းပေးရန် အဓိက တင်ပြခဲ့သည်။

တွေ့ဆုံပွဲ၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး၊ လူမှုရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စများကို တင်ပြခဲ့ပြီး န.စ.က ဂိတ်များ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်မြေ မတည်ငြိမ်မှုများ အခြေအနေများကို တင်ပြခဲ့သည်။

နစကဌာနကို ဇူလိုင် ၁၂ ရက်က အစိုးရက ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏နေရာတွင် ရဲများကိုအစား ထိုးလုံခြုံရေး ချထားခဲ့သည်။

“ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်။ မြို့နယ်အသီးသီးမှာ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေကို ယုံကြည်ပါ။ ကျွန်တော်တို့ကို တာဝန်ပေးပါ”ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။

အလားတူ မောင်တောမြို့နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်သော ဦးအောင်ကျော်ညွန့်ကလည်း ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေနှင့် တည်ငြိမ်ရေး ပျက်ပြားလျက်ရှိခြင်း၊ ခိုးမှု၊ တိုက်မှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းနှင့် လုံခြုံရေးအင်အား နည်းနေခြင်းကြောင့် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။

တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ်များက ပြည်သူ့စစ် ဖွဲ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးက နယ်မြေလုံခြုံရေးနှင့် ပတ်သက်သည့် အားနည်းချက်များကို တင်ပြကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော့်အနေနဲ့ အခုတင်ပြချက်တွေကို နိုင်ငံတော်သမ္မတနဲ့ တကွ လွှတ်တော်အားလုံးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ စတာတွေကို တင်ပြသွားပါမယ်” ဟု ပြန်လည် ပြောကြားခဲ့သည်။

ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်မီတာခ ငါးရာနှင့်အထက် ကြီးမြင့်မှုကြောင့် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာ ဈေးနှုန်းချိုသာစွာ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူငယ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လိုအပ်နေမှု စသည်တို့ကို တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကောက်ခံနေခြင်းအား ချက်ချင်း ပြန်လည် ကျဆင်းနိုင်ရန်မှာ မလွယ်ကူကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက စက်တင်ဘာ ၁၆ ရက်က စစ်တွေမြို့တွင် ဒေသ အာဏာပိုင်များနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သေးသည်။

“ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မိသားစု တွေ့ဆုံပွဲ” အမည်ဖြင့် သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အဖွဲ့အစည်းများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွားရေး ဗဟိုခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုတွေ့ဆုံပွဲကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက စတင် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် သုံးဦး တက်ရောက်ခဲ့သည်

ဖိတ်ကြားအပ့်ပါသည်။






Dhamma father, Goenkaji, passed away peacefully

Very sad news and we lost our Nobel Man.
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
We just received the news that our dear Dhamma father, Goenkaji, passed away peacefully at the ripe age of 90 at his residence in Mumbai on Sunday, 29th September, 2013 at 10:40pm, Indian Time.

May he be happy, peaceful & liberated.

လက်ပန်းတောင်းအရေးသေချာဆောင်ရွက်ဖို့ အစိုးရကော်မရှင်ကို ဆန္ဒပြတောင်းဆို

လယ်တီဆရာတော်ကြီးက အင်္ဂလိပ်ခေတ်ကတည်းက သိမ်ကို မရွှေ့ ဖို့ မိန့် တော်မူခဲ့တယ်။ ဆရာတော်ကြီးရဲ့ မိန့် မှာချက်က ဒီလို .....

“စေတီတော်ကို ရွှေ့ ပြောင်းတာက လုပ်မယ်ဆို လုပ်နိုင်တယ်။ စေတီတော်ဆိုတာက ပြန်တည်လို့ ရတယ်။ အေး … သိမ်ဆိုရင်တော့ နည်းနည်းလေးမှ မထိလေနဲ့ … ။ ဘာလို့ လဲ
ဆိုတော့ သိမ်ဆိုတာဟာ သာသနာတော် မျိုးဆက်ပွားရေးအတွက် အရေးကြီးဆုံးသော နေရာဌာနဖြစ်တယ်။ သိမ်ကို ထိပါးဖျက်ဆီးခြင်းဟာ သာသနာတော်ကို မျိုးဆက်ပြတ်သွားအောင် ပြုလုပ်ခြင်းပဲ။ အဲဒါကြောင့် စေတီတော်ကို ရွှေ့ လိုက ရွှေ့ နိုင်တယ်။ သိမ်ကိုတော့ ဘာနဲ့ ပဲ မလွတ်မလွတ် အထိပါးမခံနိုင်ဘူး”

လယ်တီဆရာတော်ဘုရားကြီး

ဆိုတော့ သာသနာအကျိုးအတွက် ဘာသာ သာသနာကို ထိန်းသိမ်းဖို့ အတွက် လက်ပံတောင်း ကြေးနီစီမံကိန်း လုံးဝ လုံးဝ ရပ်တန့် မှ ဖြစ်မယ်။



----------------------------------------------------------------------------------------
လက်ပံတောင်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီက လက်ပံတောင်းကြေးနီစီမံကိန်း အရေးဆောင်ရွက်တဲ့နေရာမှာ သိသိသာသာ ဆောင်ရွက်မှု မရှိတဲ့အတွက် ဒေသခံတွေက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို တကျော့ပြန်စတင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ လက်ပံတောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တချို့ကလည်း အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီရဲ့ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမှု မရှိဘူးဆိုပြီး ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ လက်ပံတောင်းအရေး သတင်းရယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ ပြန်လည် စတင်လုပ်ဆောင်တော့မှာကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာပါ။ လက်ပံတောင်းစီမံကိန်း ပြန်လည်စတင်မှာကို မလိုလားတဲ့ ဒေသခံ ၁၀၀၀ လောက်က စီမံကိန်းလုပ်ဆောင်နေတဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီနားမှာ စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၃ နာရီကနေ ၅ နာရီအထိ ဆန္ဒပြခဲ့တယ်လို့ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသခံတွေ အနေနဲ့ ဒီကနေ့မှာ တစ်ကျော့ပြန် ဆန္ဒထုတ်ဖော်တာဟာ လက်ပံတောင်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ရတဲ့ ကော်မတီက လက်ပံတောင်း-ကြေးနီစီမံကိန်း အရေးဆောင်ရွက်တဲ့နေရာမှာ သိသိသာသာ လုပ်ဆောင်တာမရှိတဲ့အတွက် ဖြစ်တယ်လို့ ကိုဟန်ဝင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်တွေကို ၆ လအတွင်းမှာ လက်ပန်းတောင် လုပ်ငန်းကော်မရှင်က အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိဘဲနဲ့ မြေသိမ်း ယာသိမ်းနဲ့ ပြည်သူကို တောက်လျှောက်လိမ်လည်ပြီးတော့ ဖိနှိပ်လာတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ အဓိက-ကတော့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ တင်ပြချက်တွေဖြစ်တဲ့ လယ်တီသိမ်ကို ရွှေ့ပြောင်းပေးရေး၊ စာချုပ်သစ်ကို ချုပ်ဆိုပြီး ပြည်သူကို ချပြနိုင်ရေး၊ အစားထိုး မြေဧရိယာဖော်ဆောင်ပေးရေး အစရှိတဲ့အချက်တွေကို တခုမှ လုပ်ဆောင်ပေးခြင်းမရှိဘဲနဲ့ ၆ လအတွင်းမှာ ပြည်သူလူထုရဲ့ လယ်တွေကို သိမ်းတာတွေ၊ ပုဒ်မ ၁၄၄ ထုတ်တာတွေသာ လုပ်လာတဲ့အတွက် ၆ လအတွင်းမှာ ပြည်သူလူထုရဲ့ ခံစားသည်းခံတာတွေကို ဘောင်ကျော်လာတဲ့အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်။”

လက်ပံတောင်းတောင်အနီးမှာရှိတဲ့ ဇီးတော၊ ဆည်တဲရွာဟောင်းဘက်မှာလည်း လက်ပံတောင်းတောင် ကန့်ကွက်ဆန္ဒပြသူတွေကို စောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားကိုလည်း အာဏာပိုင်တွေက တောက်လျှောက် တိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်က တင်ပြထားတဲ့ လက်ပံတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်သင့်တဲ့ အချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

“တကယ်တန်းတော့လည်း အကောင်အထည်ဖော်တဲ့ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ကြောင့် ဒီကနေ့ ဒီကိစ္စတွေ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။ ကျမတို့ ကော်မရှင်အနေနဲ့ကတော့ ပြီးပြည့်စုံတဲ့ အစီရင်ခံစာတရပ်ကို တင်သွင်းပြီးသွားပါပြီ။ အဲဒီတော့ အကောင်အထည်ဖော်ရေး ကော်မတီကလည်း ဒီအစီရင်ခံစာကြောင့် ပေါ်ပေါက်လာခဲ့ရတဲ့ကော်မတီလည်းဖြစ်တယ်။ ဒီအစီရင်ခံစာမှာပါတဲ့ အချက်တွေကို ကော်မတီအနေနဲ့က ဆက်လက်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆက်လက်ဆောင်ရွက်တဲ့နေရာမှာလည်း ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိဖို့လည်း လိုပါတယ်။ ဘယ်အချက်တွေကိုတော့ ဆောင်ရွက်နေတယ်။ ဘယ်အချက်တွေကိုတော့ ဘယ်လိုလုပ်မယ်ဆိုတာလည်း ပြည်သူလူထုကို ယခုအချိန်အထိ ပွင့်ပွင့်လင်းလင်း ချပြထားတာ ဘာမှ မရှိပါဘူး။”

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်က သမ္မတကို အစီရင်ခံစာ တင်ပြခဲ့တဲ့အထဲမှာ လက်ပံတောင်းတောင်ဒေသမှာ ရှိတဲ့ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်ကျောင်းကို ထိန်းသိမ်းဖို့ ပါရှိခဲ့ပေမဲ့လည်း အမှန်တကယ်မှာတော့ လယ်တီဆရာတော်ကြီးရဲ့ သိမ်ကျောင်းကို ထိန်းသိမ်းမှု လုံးဝမရှိဘူလို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေး လုပ်ငန်းတွေ ပြန်လည် စတင်တော့မှာ ဖြစ်တဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့မှာပဲ မန္တလေးမြို့က လူထုနဲ့ သံဃာတော်တွေဟာ လက်ပံတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်ကျောင်းကို ထိန်းသိမ်းဖို့ မုံရွာမြို့အထိ လမ်းလျှာက်ချီတက် ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

ခြေလျင်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေတဲ့သူတွေကို အခုလို လမ်းလျှောက်တာ ဟာ ဥပဒေနဲ့မကိုက်ညီလို့ ရပ်တန့်ပေးဖို့ လမ်းခရီး တစ်လျှောက်မှာ အာဏာ ပိုင်တွေတားဆီးပေမဲ့ ဆန္ဒထုတ်ဖော်သူတွေကတော့ ခရီးဆက်နေတယ်လို့ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးစန္ဒာသီရီက မိန်ု့ပါတယ်။

လက်ပံတောင်း စီမံကိန်းနဲ့ပတ်သက်တဲ့ မြန်မာစီးပွားရေး ဦးပိုင်လိမီတက်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့အကြား အသစ်ပြန်လည်ချုပ်ဆိုတဲ့ စာချုပ်တွေမှာ ပြည်သူတွေသိအောင် ပွင့်ပွင့်လင်းလင်း ချပြပြောဆိုတာတွေ လုံးဝ မလုပ်ဘူး လို့လည်း ဒေါ်ခင်စန်းလှိုင်က ဝေဖန် ပြောဆိုပါတယ်။
အစိုးရ အာဏာပိုင် အများအပြားနဲ့ ဖွဲ့စည်းထားတဲ့အစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကတော့ သူတို့အနေနဲ့ လုပ်ငန်း တွေ ဆောင်ရွက်တဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းဆောင်ရွက်ခဲ့တဲ့အကြောင်း ကော်မတီရဲ့အတွင်းရေးမှူး ဦးတင်မြင့်က ပြောပါတယ်။

“အကောင်အထည်ဖော်ရေး ကော်မတီအနေနဲ့ ဆောင်ရွက်ချက်တွေကို သတင်းတွေ ထုတ်ပြန်ပေးပါတယ်။ တဘက်က ပြောတာလည်း ပြောတာပဲ၊ သို့သော်လည်း ကျနော်တို့ဘက်ကတော့ အားလုံးပွင့်လင်းစွာနဲ့ပဲ ဆောင်ရွက်ပါတယ်။ နောက်တစ်ခါ ဘာသာ၊ သာသနာနဲ့ ပတ်သက်ပြီးတော့ လည်း ကျနော်တို့ ဆောင်ရွက်ပေးနေတဲ့ သာသနိကအဆောက်အဦးများ ရွှေ့ပြောင်းခြင်းနဲ့ -- အဖွဲ့ဆိုပြီးတော့ ဒါတွေဟာ ဒေသခံလူထုပါ ပါပြီးတော့ အားလုံး ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ လုပ်နေတာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလတုန်းကတော့ ဒီဒေသမှာ စီမံကိန်းတွေ လုံးဝရပ်ဆိုင်းပေးဖို့ ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်းဆိုခဲ့ကြတာကို ဒေသအာဏာပိုင်တွေက ဖော့စ်ဖရပ်ပါတဲ့ မီးလောင်ဗုံးတွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့တာပါ။

အဲဒီလို ကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာတော့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒေါ် အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးနောက်မှာတော့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို အများပြည်သူကို ချပြခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ လုပ်ငန်း ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့တာပါခင်ဗျာ။

VOA Burmese Fan Page
http://burmese.voanews.com/content/lapadaund-copper-mind-protest-match-september-29-2013-/1759438.html

Daw Suu Warns Burma Must Reform Constitution to Overcome Political Crisis

 အညတရများမှသည်


-မောင်ပိုင် -
-၂၉ -။၉.၂၀၁၃
(၁)
Everybody wants to save the earth; nobody wants to help Mom do the dishes.
(P.J O'rourke)


ကမ္ဘာကြီးကို ကယ်တင်ရမယ်ဆို လုပ်ချင်လိုက်တာ လူတိုင်းပါပဲ။ မအေကို ပန်းကန်ခွက်ယောက်ကလေး ကူဆေးပေးဖို့ကျတော့ လုပ်ချင်တဲ့သူ ဘယ်မှာရှိလို့လဲ။ မြန်မာနိုင်ငံကြီးကို ကျွန်တော်ပြုပြင်မှရမယ်။ ကျွန်တော်ခေါင်းဆောင်မှရမယ်။ ကျွန်တော်လမ်းစဉ်ချမှတ်မှ ရမယ်။ ဟုတ်ကဲ့ ကျွန်တော်မြန်မာနိုင်ငံကြီးကို တိုးတက်စေချင်၊ မြင့်မားစေချင်၊ လွတ်လပ်စေချင်၊ ချမ်းသာကြွယ်ဝ စေချင်တာ အမှန်ပါပဲ။
ဒါကြောင့် ကျွန်တော့်အိမ်က ဆန်အိုးကို အရင်ပြည့်အောင်ဖြည့်ရမယ်။

ပီဂျေအိုရိုးကေးရဲ့ စကားလေးကို ဖတ်မိရင်း အတွေးလေးပေါ်လာလို့ ရေးချကြည့်မိတာပါ။ လူဆိုတာတော့ အမြင်ကိုရောက်ချင်၊ လိုချင်ကြတာကြီးပါပဲ။ သို့သော် အမြင့်ကိုရောက်နိုင်ဖို့ဆိုရာမှာ အောက်ခြေက စတက်ရမယ် ဆိုတာကို တစ်ခါတစ်ခါမေ့နေတတ်ပါသေးတယ်။

အလှမ်းကျယ်အလယ်လတ်ဆိုတာလို ဟိုးအဝေးကြီးကို မျှော်မျှော်တွေးရင်း လက်ရှိအချိန်မှာ ဘာဖြစ်နေ တယ်ဆိုကာ မေ့နေတတ်ပါတယ်။ ဒါလေးပြောတော့ သတိရလိုက်မိပါတယ်။ ၂၀၁၅ မှာ ဘယ်သူတွေ ရွေးချယ်ခံ လို့ဘယ်သူတွေ သမ္မတဖြစ်မလဲ။ ဟုတ်ကဲ့ ရေရှည်စီမံကိန်း၊ အနာဂတ်ဆိုတာရှိပါတယ်။ စီမံချက်ချလုပ်ဆောင်ရ တယ်ဆိုတာတော့မှန်ပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုဘ၀အခက်အခဲတွေ၊ ပြဿနာတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ သိမ်းဆည်းခံလယ်မြေတွေအတွက် ဘယ်လိုဖြေရှင်းကြမှာလဲ။

အညတရတွေရဲ့ ဘ၀တွေကို ပြေလည်အောင်မဖြေရှင်းသေးနိုင်သေးပဲ အထင်ကရတွေအတွက် အချိန်ကုန် နေရင်ဖြင့် ရွှေပြည်တော်မျှော်လေတိုင်း ဝေးမယ်ထင်ပါရဲ့။

(၂)
ပဲနိကိုသာ သင် ဂရုစိုက်ဖို့လို၏။ ပေါင်ကိုတော့ သင်ဂရုစိုက်ဖို့မလို၊ သူ့ဟာသူ ဂရုစိုက်လိမ့်မည်။
ရှိတ်စပီးယားက ဆိုခဲ့ပါတယ်။ လောက လူသားတွေက ပဲနိတန်ဖိုးလောက်ကို ဂရုမစိုက်ချင်လှပါ။ ပေါင်ရဲ့ တန်ဖိုးကိုသာ အလေးထားတတ်ကြပါသည်။ ပဲနိမှ တဆင့်ပေါင် ဖြစ်လာသည်ကိုတော့ မေ့နေတတ်ပါသည်။


လူ့လောက၌ ဖြစ်စေ၊ အခြားလောက၌ဖြစ်စေ မည်သည့်နေရာကိုကြည့်ကြည့် အညတရအများစုကို တွေ့ရ မည်ဖြစ်သည်။ ကျွန်တော်တို့သည်ပင်လျှင် သံသရာထဲ၌ ကျင်လည်ရစဉ် အညတရ ဘ၀များဖြင့်သာ ကျင်လည်ရ သည်က များပေမည်။ သို့ပါလျက် များစွာသော လူတို့သည် အထင်ကရလူတွေကို တန်ဖိုးထား၍ အညတရများကို လျစ်လျူရှုတတ်ကြသည်။

နာမည်ကြီးပုဂ္ဂိုလ်များကိုသာ ဂရုစိုက်ခြင်းသည် တစ်ဦးချင်းသဘောဆန်၍ မိမိအတွက်တော့ အကျိုးများနိုင် ပါသည်။ လူအများအတွက် အကျိုးမများနိုင်ပါ။
သာမန်လူတန်းစားအညတရများကို ဂရုစိုက်မှသာလျှင် အဖွဲ့အစည်းသဘောဆန်၍ မိမိအတွက်ရော အများအတွက်ပါ အကျိုးများနိုင်ပါသည်။
ကျွန်တော်တို့ မြန်မာလူမျိုးတို့၏ အကျင့်ကား နာမည်ကြီးတစ်ယောက်ထွက်လာပြီ ဆိုလျှင် သူ့နောက်ကို တောက်လျှောက်လိုက်ပါတတ်တော့သည်။ သူ့လူကြီး ငါ့လူကြီးတွေဖြင့် တပည့်တပန်းတွေကို အပြိုင်အဆိုင်ဖြစ်လာ ကြတော့သည်။

ခေါင်းဆောင်တစ်ယောက် အောင်မြင်ဖို့ဆိုသည်မှာ အောက်ခြေတွေအတွက် ဘယ်လောက်လုပ်ပေးနိုင် သလဲပေါ်မူတည်တတ်ပါသည်။ သမ္မတတစ်ယောက်ဖြစ်ဖို့ ပြည်သူက မဲပေးဖို့ဆိုရာမှာ ပြည်သူအတွက် ဘာတွေ လုပ်ပေးနိုင်မည်လဲ။ ဘာတွေလုပ်ပေးမှာလဲ၊ ဘာတွေလုပ်ပေးပြီးပြီလဲဆိုသည့် တိုင်းတာချက်အပေါ် တည်မှီပါသည်။ ပြည်သူလူထုအတွက် ဖြည့်စွမ်းပေးနိုင်မှုမရှိပဲ ပြည်သူတွေ၏ မဲ၊ ထောက်ခံမှုအား အာဏာဖြင့်လည်းကောင်း၊ မတရားနည်းဖြင့်လည်းကောင်း ရယူပါက ထိုသူသည် ပြည်သူ့ခေါင်းဆောင် မဖြစ်နိုင်ပါ။

ခေါင်းဆောင်သည် လောကကို အလှဆင်သူဖြစ်ရပါမည်။ လောကဆိုသည်မှာလည်း အုပ်ချုပ်ခံ အများစုဖြစ်သည့် အခြေခံလူတန်းစားတွေ၏ အလှ၊ ဘ၀တွေဖြစ်ပါသည်။ မြင့်မားသောနေရာရောက်သည်နှင့် စိတ်ကြီးဝင်ပြီး အညတရလူတွေကို လျစ်လျူရှုတန်ဖိုးမထားပါက မိမိအုပ်ချုပ်ရာတိုင်းနိုင်ငံသည် သာယာဝပြောမလာနိုင်ပါ။ အထင်ကရဆိုသည်မှာလည်း အညတရမှ ဖြစ်ပေါ် လာခြင်းပင်ဖြစ်ပါသည်။

(၃)
သုညဆိုတာ အညတရတစ်ခုပါ။ သုညကိုတန်ဖိုးရှိအောင် ရှေ့က ကိန်းဂဏန်းတွေ ထပ်တိုးမှဖြစ်မှာပါ။ အညတရတွေရဲ့ ဘ၀တွေ မြင့်မားလာအောင် ရှေ့က တန်ဖိုးတွေများများလာမှသာလျှင် မြင့်မားလာမှာ ဖြစ်ပါတယ်။


ကမ္ဘာလောကကြီးမှာ လူဆင်းရဲ၊ လူချမ်းသာ အချိုးချကြည့်ပါက တော်တော်ကွာခြားပါလိမ့်မည်။ ထို့အတူ အဓိကပုဂ္ဂိုလ်နှင့် သာမည လူတန်းစားလည်း ကွာခြားပါလိမ့်မည်။ ထိုသာမန်လူတန်းစားတွေ၏ ဘ၀တွေမြင့်မားဖို့ရာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို ရှေ့ကထပ်ဆင့်တိုးပေးနိုင်ပါက မြင့်မားလာနိုင်ပါသည်။

မိမိတို့၏ ပတ်ဝန်းကျင်ကိုကြည့်လျှင် သာမန်လူတန်းစားများစွာကို တွေ့မြင်ကြရမည်ဖြစ်သည်။ သာမန် လူတန်းစားအချင်းချင်း ကြည်ညိုစိတ်ဖြစ်ဖို့ဆိုသည်မှာ မလွယ်လှပါ။
အထင်ကရပုဂ္ဂိုလ်များအပေါ်၌သာ ကြည်ညို စိတ်၊ ယုံကြည်စိတ်များ ထားတတ်ကြပါသည်။ အထင်ကရပုဂ္ဂိုလ်များကလည်း နိမ့်ပါးသူတွေကို ကြည်ညိုစိတ် ထားနိုင်သည်ဆိုသည်မှာ မလွယ်တတ်ပါ။ မိမိသာသည် တတ်သိလိမ္မာသည်ဟု အထင်စိတ်ဖြင့် အောက်ခြေက ပုခုံး လာယှဉ်လျှင် အထိမခံတတ်ကြပါ။

ဘုရားအလောင်း ဝေသန္တာရာမင်းကြီးဘ၀တွင် စူဇကာလို ပုဂ္ဂိုလ်များကိုပင် ကြည်ညိုစိတ်အလွယ်တကူ မွေးမြူနိုင်ခြင်းကြောင့် ပေးလှူနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက လမ်းဘေးက အကြော်သည်လေးအပေါ် စာနာစိတ်၊ ယုံကြည်စိတ်တွေကြောင့် အနွေးအကျီ ချွတ်ပေးနိုင်ခဲ့သလို ဗိုလ်ချုပ်လက်မှတ်ပါမှသာလျှင် ထုတ်ပေးမည်ပြောသော ရဲဘော်ကို ယခုလာသော ရဲဘော်အား ငါ့အတွက် ရိက္ခာကို ထုတ်ပေးစေလိုပါသည် ဟု သာမန်ရဲဘော်အပေါ် တလေးတစား စာရေး လက်မှတ် ထိုးပေးခဲပါသည်။

အညတရများကို ယုံကြည်မှု၊ လေးစားမှုကြောင့် ထိုကဲ့သို့ ခေါင်းဆောင်များကို အညတရများကို တန်ဖိုးထား ချစ်ခင်ကြပါသည်။

(၄)
တိုင်းသူပြည်သားတွေ တိုးတက်စေဖို့၊ တိုင်းပြည်သာယာဝပြောအေးချမ်းစေဖို့ရာအတွက် ဥပဒေ၊ စီမံကိန်း၊ အခွင့်အလမ်း၊ လုပ်ငန်းဆောင်တာတွေကို ဖော်ဆောင်နေကြခြင်းဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာတွင် အများအကျိုး မဖြစ်ပဲ မိမိအကျိုးစီးပွားသာ ဖြစ်နေပါက မြန်စွာထိန်းကျောင်းပြုပြင်မှသာလျှင် အများအတွက် အကျိုးစီးပွားဖြစ်နိုင် ပါသည်။


မိမိသည်လည်း ကျရာအခန်းကဏ္ဍမှ အများအကျိုးအတွက် ဆောင်ရွက်သွားရမည်ဖြစ်သည်။ အမှန် အားဖြင့် မိမိတို့၏ ဘ၀တန်ဖိုးသည် အညတရများအပေါ်အလေးအနက်ထားမှု၏ အတိမ်အနက်ပေါ်၌ မူတည်ပါ၏။ ထို့အမြင် အညတရများအပေါ်ပံ့ပိုးသည်နှင့်အမျှ အညတရများထံမှလည်း ကျေးဇူးသိမှု ကတညုတ သည်လည်း မိမိထံသို့ မတောင့်တပါဘဲလျက် သူ့အလိုအလျောက် ရောက်လာမည်ဖြစ်သည်။

ထိုအခါမှသာ လူမှုဆက်ဆံရေးသဘောအရ ခေါင်းဆောင်များက အုပ်ချုပ်ခံများအပေါ် ယုံကြည်လေးစား သလို ခေါင်းဆောင်များအပေါ်တွင်လည်း အုပ်ချုပ်ခံများမှ ပြည်လည်ယုံကြည်လေးစားကြမည်ဖြစ်သည်။

အပြန်အလှန် ယုံကြည်မှုများဖြင့်သာလျှင် ငြိမ်းချမ်းသော ဘ၀တွေကို ရရှိနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် အညတရများအား အလေးထားမှုမှသည် လောကလူ့ဘောင် အေးချမ်းမှုဆီသို့ ချီတက်နိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မှီငြိမ်း - ဦးရွှေအောင် ( အညတရများအပေါ်ကြည်ညိုတတ်ခြင်း)
-မောင်ပိုင်

ဘီပိုး၊ စီပိုး၊ အသည်းခြောက်၊ ကင်ဆာနှင့် နှလုံးသွေးကြေားကျဉ်း ရောဂါများအတွက်ဣဿရမူလီအပင်

ရှေးအခါက ဣစ္ဆာသယအပင်အဖြစ် အမှောင့်ပယောဂ အကာအကွယ်အဖြစ် ယူဆစိုက်လေ့ရှိ၏။ အချို့က ကလေးဆေးအဖြစ်နှင့် အဂ္ဂိရတ် လုပ်ငန်းများအတွက် စိုက်ကြ၏။ ယခုအခါ ဣဿရမူလီ ဆေးအစွမ်းကြောင့် ယုံကြည်အားထား၍ ဆန္ဒရှိသူများ ဝိုင်းစိုက်လာကြလေပြီ။ ထို့ကြောင့် မကြာသောကာလတွင် အလွန်ငွေကုန်၍ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်သော ဘီပိုး၊ စီပိုး၊ အသည်းခြောက်၊ ကင်ဆာနှင့် နှလုံးသွေးကြေားကျဉ်း ရောဂါများကို ထိရောက်စွာ ကုသရင်ဆိုင်နိုင်မည့် ဣဿရမူလီအပင်များ ဒေသအနှံ့မှာ ရှိလာနိုင်ပေမည်။ ထိုအခါ ဣဿရမူလီ ဆေးအစွမ်းဖြင့် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ကြောက်စရာရောဂါဝေဒနာကို ရင်ဆိုင်စိန်ခေါ်နိုင်မည်ဟု ယုံကြည်မိပါ၏။




ဘီပိုး စီပိုး ကင်ဆာ နှလုံးသွေးကြောကျဉ်း အသည်းခြောက် နိုင်တဲ့ဆေး
ဘီပိုး စီပိုး ကင်ဆာ နှလုံးသွေးကြေကျဉ်း အသည်းခြောက် ရောဂါတွေဟာ ကမ္ဘာ့လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးဖြစ်နေတယ်။ လူသားသန်းပေါင်းများစွာလည်း ဒီရောဂါတွေကြောင့် နှစ်စဉ်သန်းချီပြီး အသက်ဆုံးရှုံးနေခဲ့ကြတယ်။ အနာသိလျှင် ဆေးရှိ၏ ဆိုတဲ့အတိုင်း ဖတ်ရှုလေ့လာသမျှ လူထုအကျိုးပြုအဖြစ် အစွမ်းထက်တဲ့ ဣဿရမူလီ နွယ်ပင်အကြောင်းကို ပြန်လည်ဆန်းစစ် တင်ပြပါရစေ။
လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်ခန့်က စာရေးသူက “ဘီပိုးနိုင်တဲ့ဆေး” ဆိုပြီး အင်တာနက်မှာ တင်ထားခဲ့ဖူးတယ်။ ဘီပိုးရောဂါဝေဒနာရှင် ဒေါ်နန်းဖိန်းအောင် အကြောင်းပါ။ ဒေါ်နန်းဖိန်းအောင်က ဘီပိုး၊ စီပိုးလည်း ရှိတယ်။ နောက်ပြီးအမျိုးသမီးနဲ့ ဆိုင်တဲ့ (သားအိမ်နဲ့နို့) အကြိတ် ကင်ဆာလည်းဖြစ်သေးတယ်။ သူမစိတ်ဓါတ်ကျပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေချိန် မန္တလေး၊ စက်မှုနေ နန်းမွေဖောင်ရဲ့ ဖခင် ဦးအိုက်ရီနဲ့တွေ့ပြီး အနာရှိလျင် ဆေးရှိကြောင်း အမျိုးဖြစ်တဲ့ လားရှိုး ရပ်ကွက် ၆ နေ ဒေါ်ရွှေကျောင်းအိမ်မှာ သွားနေစေကာ ဣဿရမူလီရွက်ကို နေ့တိုင်း တစ်နေ့ သုံးလေးရွက်လောက် အစိမ်းလိုက် ဝါးစားခိုင်းတယ်။ ဒီလိုနဲ့ နောက်တစ်နှစ် ဆေးသွားစစ်ကြည့်တော့ ဘီပိုး စီပိုးနဲ့ သူမရဲ့ အကြိတ်ကင်ဆာလည်း လုံးဝပျောက်သွားတာတွေ့ရတယ်။ အခုတိုင် သူမက ဝဝဖြိုးဖြိုးကျန်းကျန်းမာမာ ပြုံးပြုံးရွှင်ပဲ။ ယခုသူမ (၃၇ လမ်း၊ အလယ်ဘလောက်၊ ရန်ကုန်)နေပါတယ်။ ဣဿရမူလီဟာ ဘီပိုးစီပိုးအပြင် ကင်ဆာပိုး၊ ကင်ဆာအမျိုးမျိုးကိုလည်း ဣဿရမူလီက ကောင်းစွာတားဆီး သုတ်သင်နိုင်ကြောင်း သိရပါတယ်။
ဣဿရမူလီ အရွက် အပွင့် အပင် အသီးနှင့် ဘီပိုး၊ စီပိုး ကင်ဆာပျောက်ကင်းသူ ဒေါ်နန်းဖိန်းအောင် (လားရှိုး) ရပ်ကွက် (၆) ဒေါ်ရွှေကျောင်းအိမ်တွင် ရိုက်ထားသည်။
ဣဿရမူလီ အရွက် အပွင့် အပင် အသီးနှင့် ဘီပိုး၊ စီပိုး ကင်ဆာပျောက်ကင်းသူ ဒေါ်နန်းဖိန်းအောင် (လားရှိုး) ရပ်ကွက် (၆) ဒေါ်ရွှေကျောင်းအိမ်တွင် ရိုက်ထားသည်။
ဘီပိုး စီပိုး
လူ့အသည်းကို ဒုက္ခပေးတဲ့ ဘီပိုးစီပိုးကို ဒီဣဿရမူလီက ကောင်းစွာ တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ နိုင်ငံခြားသွားဖို့ ဆေးစစ်မအောင်တဲ့ လူငယ်လူရွယ်တွေ တချို့ဘီပိုးကြောင့် ရည်ရွယ်ချက်တွေ ပျက်ခဲ့တာလည်းရှိခဲ့တယ်။ ဒါပေမယ့် ဣဿရမူလီကို သုံးစွဲပြီး ဆေးပြန်စစ်တဲ့အခါ ဘီပိုး ကင်းစင်ပြီး နိုင်ငံခြား ပညာသင်သွားရတဲ့ ကလေးတွေလည်း ရှိခဲ့တယ်။ စီပိုးရှိတဲ့ စာရေးသူရဲ့ ဒကာတစ်ယောက်က စီပိုးကုဖို့အတွက် ထိုင်းနိုင်ငံမှာ ဆေးသွားထိုးတယ်။ စီပိုးဆေးက အားပြင်းလွန်းလို့ ဆံပင်တွေတောင် ကျွတ်တယ်။ လူလည်း အတော်ကို နှုန်းချိတယ်လို့ ပြောတယ်။ ဆေးဖိုးကလည်း သိန်း ၂၀/၃၀ မကကုန်မယ်လို့ ပြောတယ်။ ဒါတောင်မှ ရောဂါပျောက်မပျောက် မသေခြာသေးဘူးတဲ့။ အချိန်လည်း ခန့်မှန်းလို့ မရသေးဘူးတဲ့။ ဒါကြောင့် ကျန်းမာရေးအတွက် မကုန်သင့်တာတွေ မကုန်အောင် မဆုံးရှုံးသင့်တာတွေ မဆုံးရှုံးအောင် ဣဿရမူလီ စတဲ့ ငွေကုန်ကြေးကျနဲတဲ့ အစွမ်းထက် တိုင်းရင်းဆေးအကြောင်းကို သိထားသင့်ပါတယ်။ စီပိုးက အသည်းကို လွန်စွာ ထိခိုက်တဲ့ ရောဂါဖြစ်လို့ အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေတယ်။ ဒါပေမယ့် ဣဿရမူလီကြောင့် အသည်းခြောက်ဖြစ်သူများ နှလုံးသွေးကြောကျဉ်း ရောဂါပျောက်ကင်းသွားကြောင်း စောငုဝါ ရေးသားတဲ့ “ဣဿရမူလီနွယ်ပင် နှင့် ကင်ဆာဘေးအန္တရာယ် လျှော့ချရေုး”စာအုပ်ထဲမှာ ရောဂါပျောက်သွားသူတွေ အများကြီးတွေ့ခဲ့ရတယ်။ အသည်းကင်ဆာဖြစ်တဲ့ ဆရာကြီး ဦးစိန်ထွန်းရဲ့ ဖခင်ကြီး၊ နှလုံးသွေးကြောကျဉ်းဖြစ်တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောနွဲ့ အပြင် အေအိုင်ဒီအက်စ် ဝေဒနာသည်များလည်း ဣဿရမူလီက ထိန်းထားနိုင်ကြောင်း သိရပါတယ်။
ဣဿရမူလီအကြောင်းလည်း အခု လူသိများလာတယ်။ အစွမ်းထက်တဲ့ ဆေးတစ်လက်ဖြစ်ကြောင်း လည်း ထင်ရှားလာတယ်။ စောငုဝါ (ပျဉ်းမနား) ရေးတဲ့ “ဣဿရမူလီနွယ်ပင် နှင့် ကင်ဆာဘေးအန္တရာယ် လျှော့ချရေုး” စာအုပ်ကြောင့်လည်း ဆေးရဲ့အာနိသင်ကို လူသိများစေပြီး ဆရာစောငုဝါလည်း စေတနာအပြည့်နဲ့ လူနာတွေကို ကူညီနေတာကြားသိရလို့ စာရေးသူ ဝမ်းသာမိပါတယ်။ ဆေးပင်ရရှိနိုင်တဲ့ နေရာတွေကိုလည်း ညွှန်ပြထားပါတယ်။ စောငုဝါ (ပျဉ်းမနား) ရေးသာတဲ့ ဣဿရမူလီအကြောင်း သိကောင်းစရာ အနှစ်ချုပ်ကို ကောက်နှုတ်တင်ပြလိုပါတယ်။
ဣဿရမူလီအကြောင်း သိကောင်းစရာ အနှစ်ချုပ် ကောက်နှုတ်ချက်
ဣဿရမူလီသမိုင်း
ဣဿရမူလီနွယ်ပင်သည် မြန်မာပြည်ဒေသအချို့နှင့် မိုးနည်းဒေသများမှာ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန် လေ့ရှိ၏။ ယခုအခါ ကချင်ပြည်နယ်နှင့် မြန်အောင်ဒေသများအထိ ပေါက်ရောက်ရှင်သန်နိုင်ကြောင်း သိရ၏။ ရှေးအခါက ဣစ္ဆာသယအပင်အဖြစ် အမှောင့်ပယောဂ အကာအကွယ်အဖြစ် ယူဆစိုက်လေ့ရှိ၏။ အချို့က ကလေးဆေးအဖြစ်နှင့် အဂ္ဂိရတ် လုပ်ငန်းများအတွက် စိုက်ကြ၏။
ယခုအခါ ဣဿရမူလီ ဆေးအစွမ်းကြောင့် ယုံကြည်အားထား၍ ဆန္ဒရှိသူများ ဝိုင်းစိုက်လာကြလေပြီ။ ထို့ကြောင့် မကြာသောကာလတွင် အလွန်ငွေကုန်၍ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်သော ဘီပိုး၊ စီပိုး၊ အသည်းခြောက်၊ ကင်ဆာနှင့် နှလုံးသွေးကြေားကျဉ်း ရောဂါများကို ထိရောက်စွာ ကုသရင်ဆိုင်နိုင်မည့် ဣဿရမူလီအပင်များ ဒေသအနှံ့မှာ ရှိလာနိုင်ပေမည်။ ထိုအခါ ဣဿရမူလီ ဆေးအစွမ်းဖြင့် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ကြောက်စရာရောဂါဝေဒနာကို ရင်ဆိုင်စိန်ခေါ်နိုင်မည်ဟု ယုံကြည်မိပါ၏။
ဣဿရမူလီအာနိသင်
ခါး၏။ ဖန်၏။ ပူ၏။ လက် (၂) လုံးခန့် အရွက်ကို ဝါးစားရုံနှင့် အချို့ဝေဒနာရှင်များ ထူးခြားသော ဆေးတုန့်ပြန်မှု ခံစားရ၏။ လူမှာ အပူသမား အအေးသမားရှိ၏။ အထူးသဖြင့် အပူသမားများ ဆေးတုန့်ပြန်မှု ခံစားရ၏။ ရေရှည်မှီဝဲသူများ တေဇောဓါတ်စွမ်းအားကြောင့် အလွန်အေးသော ဆောင်းရာသီမျိုးမှာတောင် ရေချိုးမှ အဆင်ပြေ၏။ ဒေသနှင့် အာဟာရပေါ် မူတည်၍ အချို့အရွက်များမှာ လက်ဝါးခန့်၊ ဗာဒံရွက်ခန့်ကြီး၏။ ထို့ကြောင့် ဣဿရမူလီအရွက်ကို အနည်းဆုံး (အသေးဆုံး) မှ စားသင့်၏။ အဆင်ပြေမှ တိုးစားသင့်၏။
ဣဿရမူလီဆေးအစွမ်း
ဣဿရမူလီအရွက် ဆေးအစွမ်းဖြင့် (၁) ဘီပိုး (၂) စီပိုး (၃) အသည်းခြောက် (၄) ကင်ဆာ (၅) နှလုံးသွေးကြောကျဉ်းရောဂါများ သက်သာပျောက်ကင်း၏။
မှီဝဲစားသုံးပုံ
အရွက် လက် (၂) လုံးခန့်ကို စတင်ဝါးစား၍ ရေသောက်ရ၏။ အဆင်ပြေက တိုး၍ ၀ါးစားနိုင်၏။ ရောဂါဝေဒနာပေါ် လိုက်၍ နံနက်၊ ည တစ်ကြိမ်စီ တစ်နေ့ (၃) ကြိမ် ၀ါးစားပြီး ရေသောက်ရ၏။ အရွက်အစို လတ်ဆတ်ပါက ပိုကောင်း၏။ စစ်မှန်က ပဉ္စငါးပါးလုံး ဆေးဖက်ဝင်၏။ ပဉ္စငါးပါးလုံး အနံ့အရသာ ဆေးဖက်ဝင်မှု တူညီ၏။ ကြာရှည်က ပဉ္စငါးပါး အခြောက်များ အနံ့ပျောက်သွားတတ်၏။
ကင်ဆာအဖု၊ အကျိတ်များကို ဣဿရမူလီအရွက် ထုချေ၍ အုံရ၏။ နှလုံးသွေးကြောကျဉ်း ဝေဒနာအတွက် ဣဿရမူလီတစ်ရွက်နှင့် ငရုတ်ကောင်းတစ်စေ့ ၀ါးစား ရေသောက်ရ၏။ နုလျှင် အချို့ တစ်ကြိမ်စားရုံနှင့် သက်သာပျောက်ကင်း၏။ အချို့ တစ်နေ့တစ်ကြိမ်စား၍ (၄) ရက်မှ (၂၀) ရက်အတွင်း သက်သာပျောက်ကင်းနိုင်၏။
နှလုံးသွေးကြောကျဉ်း ရောဂါကို နေပြည်တော် လယ်ဝေးမြို့နယ် တောင်သုံးလုံး ဇေတ၀န် ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တဝေပုလ္လ၏ ပွဲတွေ့ ကုသအောင်မြင်နေသည့် နည်းဖြစ်၏။ (၁၉၈၆-၈၇) ခုနှစ်က နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသော အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောနွဲ့လည်း ဟိန္ဒူလူမျိုးအကြီးအကဲ ဘာဘူကြီးက ဣဿရမူလီ (၁) ရွက်နှင့် ငရုတ်ကောင်း (၁) စေ့ ၀ါးစား ရေသောက်ရုံနှင့် မခွဲစိတ်ရဘဲ သက်သာပျောက်ကင်းခဲ့သော နည်းဖြစ်၏။ ဒီနည်းနဲ့ အရှင်ဝေပုလ္လမှ ဆက်၍ ကုသအောင်မြင်နေခြင်းဖြစ်၏။
ဣဿရမူလီ (၂) မျိုး
ဣဿရမူလီ (အဖို)ပင်ကို အင်္ဂလိပ်လို Birth Wort လို့ခေါ်ပြီး မျိုးစု Genus သည် Aristolochia ဖြစ်ပြီး မျိုးစိတ် Species သည် Indica ဖြစ်၍ မျိုးရင်း Family မှာ Aristolochiaceae ဖြစ်သည်။
ဣဿရမူလီ (အမ)ပင်ကို အင်္ဂလိပ်လို Birth Wort) လို့ခေါ်ပြီး Genus သည် Aristolochia ဖြစ်ပြီး မျိုးစိတ် Species သည် Macro phyla ဖြစ်၍ မျိုးရင်း Family မှာ Aristolochiae ဖြစ်သည်။
ပုံသဏ္ဌာန်
အပင် = ပင်ပျော့နွယ်ပင်မျိုးဖြစ်၏။ အခေါက်ကြမ်းပြီး ညိုမွဲသော အရောင်ပေါ်တွင် စိမ်းပြာရောင်အကွက်များရှိ၏။ အကိုင်းအခက်များ သေးသွယ်၏။ ဖူးပွင့်သီးသော နွယ်ကိုင်းများနှင့် အရွက်ပြောင်အောင် ခူးသော် ကိုင်းများ ခြောက်သွားလေ့ရှိ၏။
အရွက်= ရွက်လွှဲထွက်သည်။ သေဘာၤသီးပံုသဏၭာန္ရွိ၏။ ထိပ်ပိုင်းသည် ရွက်ရင်းထက် ကျယ်၏။ ရွက်ထိပ်ချွန်၏။ ရွက်လယ်ကြော ထင်ရှား၏။ ရွက်နားချော၍ အနည်းငယ်တွန့်၏။ အသေးဆုံးလက်မခန့်မှ လက်ဝါးသဏ္ဌာန်ခွက်ခန့် အထိကြီး၏။
အပွင့် = ရေတကောင်းပုံသဏ္ဌာန်ရှိပြီး နှုတ်ခမ်းတစ်ဖက်ရှည်၍ ပွင့်သည့်အခါ ခရမ်းညိုရောင်ရှိ၏။ အရင်းပိုင်း စိမ်းဖန့်ဖန့်ရှိ၏။ သဘာဝအပင်များမှ တန်ဆောင်မုန်း နတ်တော်လများတွင် ပွင့်၏။ စိုက်ပျိုးပြုစုသော အပင်များ မိုးးကျသည်နှင့် ဖူးပွင့်တတ်၏။
အသီး = အစိမ်းရောင် ကျောက်ဖရုံသီးပေါ်တွင် အမြှောင်း (၆) မြှောင်းပါ၏။ အမြှောင်းများ ခုံး၍ အတွင်းသို့ ချိုင့်ဝင်နေ၏။ အသီးခြောက် တစ်မြှောင်းတွင် ပြား၍ အတောင်ပါသည့် သုံးထောင့်ပုံ အစေ့များစွာပါ၏။ တပို့တွဲလတွင် အသီးရင့်လေ့ရှိ၏။
ဣဿရမူလီ၏ ဆေးဖက်ဝင် အစိတ်အပိုင်းနှင့် ဆေးအစွမ်း
ဣဿရမူလီအပင်၏ ပဉ္စငါးပါးလုံး အနံ့၊ အရသာ တူ၏။ ဆေးဖက်ဝင်၏။ အသီးခြောက်၊ အပွင့်ခြောက်၊ အရွက်ခြောက်၊ အကိုင်းခြောက်များ အားလုံး အနံ့တူ၏။ ရေစိမ်ထားက ရေမှာ အနံ့များ ပျော်ဝင်သွား၏။ အထူးသဖြင့် အမြစ်၊ အရွက်များကို အသုံးပြုကြ၏။ အချို့ ရေနွေးကြမ်းလုပ်သောက်ကြ၏။
ဣဿရမူလီသည် ခါး၏။ ဖန်၏။ အဆိပ်အမျိုးမျိုးကို နိုင်၏။ ချောင်းဆိုးရောဂါ၊ နှလုံးရောဂါ၊ ကလေးများ အူအတွင်း ဖြစ်တတ်သော ရောဂါ အစာမကြေရောဂါ၊ အဆစ်ကိုက်ခဲ ဖောရောင်ခြင်းတို့ကို ပယ်ဖျောက်နိုင်၏။ ဥတုသွေးမှန်စေ၏။ သွေးလွန်နာ၊ သွေးဖောက်ပြန်အနာနှင့် မူးဝေသော ဝေဒနာတို့ကို ချမ်းသာစေနိုင်၏။ သွေးထဲရှိ ကိုလက်စထရောကို လျော့ချနိုင်၏။ သွေးကို သန့်စေနိုင်၏။ အနာကြီးရောဂါ ဝေဒနာများကို သက်သာစေနိုင်၏။
အမြစ်
(၁) အမြစ်ကို သွေးလိမ်းသော် မြွေ၊ ကင်းစသည့် အဆိပ်များ ပြေစေ၏။
(၂) အမြစ်မှုန့်နှင့် ဂျုံပြာ ဆတူရော၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်နှင့် ကိုယ်လက် ကိုက်ခဲခြင်းကို လူးပေးလျှင် သက်သာစေနိုင်၏။
(၃) အမြစ်မှုန့် (၂) ဆနှင့် ချင်းခြောက်မှုန့် (၁) ဆကို ရေနှင့် တစ်နေ့ (၂) ကြိမ် သောက်က သွေးဝမ်း အစာမကြေ လေရောဂါနှင့် ၀မ်းကြောတင်းခြင်း ပျောက်၏။
(၄) အမြစ်ကို သွေး၍ သောက်ခြင်း၊ လျှာကို ပွတ်ပေးခြင်း ငန်းဖမ်း၊ နှုတ်ခမ်း၊ မေး၊ ပါး၊ လျှာ၊ အာလေးခြင်း များ ပျောက်၏။
(၅) အမြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဆားစိမ်းအနည်းငယ်ရော၍ ရေနွေးနှင့် သောက်သော် ဥတုသွေးထိန် ချုပ်ခြင်း ပျောက်ပြီး မှန်စေ၏။
(၆) အရွက်ရည် (သို့) အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ကလေးများ သူငယ်နာဝမ်းပျက်၍ အဖျားဝင်ခြင်းကို ပျောက်စေ၏။
(၇) အမြစ်ကို သားဖွားလွယ်ဆေး မီးယပ်အတွက်ပျောက်ဆေး၊ အဖျားပြတ်ဆေးအဖြစ် အသုံးပြုနိုင်၏။
(၈) အမြစ်ကို ဓနိခေါက် မီးအုံညှစ်ရည်နှင့် သွေးလိမ်းသော် နို့ကင်ဆာ၊ အဖုအကျိတ်ပျောက်၏။
အရွက်
(၉) အရွက်ညှစ်ရည် တစ်ဇွန်းနှင့် ဆားမီးဖုတ် အနည်းငယ်နှင့် နံနက်၊ ည (၂) ကြိမ် သောက်က ရေဖျဉ်း ရောဂါနှင့် ချောင်းခြောက်ရောဂါပျောက်၏။
(၁၀) အရွက် (၂-၃) ရွက်နှင့် ငရုတ်ကောင်း (၈-၁၀) ရော၍ အမှုန့်ကြိတ်ပြီး (၁၅) မိနစ် တစ်ကြိမ် တစ်ဇွန်းသောက်သော် မြွေအဆိပ်နှင့် တိရစ္ဆာန်ဆိပများ ပြေ၏။
(၁၁) အအေးမိ၊ အအေးပတ်၍ သွေးကြော၊ လေကြောများ ထိခိုက်ပြီး အေးစက် သတိလစ်နေသော် အထက်အမှုန့်ဆေးကို အတွင်းဆေး၊ အပြင်ဆေးအဖြစ် အသုံးပြုနိုင်၏။
(၁၂) ဣဿရမူလီ (၁) ရွက်နှင့် ငရုတ်ကောင်း (၁) စေ့ကို တစ်နေ့ (၁) ကြိမ်ဝါးစားလျှင် နှလုံးသွေးကြောကျဉ်းရောဂါ သက်သာပျောက်ကင်းနိုင်၏။ နုလျှင် (၁) ကြိမ် နှင့် (၄) ကြိမ်အတွင်းနှင့် အချို့ (၃) ပတ်အတွင်း သက်သာမှု ရနိုင်၏။

သတိပြုရန်
- ဣဿရမူလီသည် အပူဆေးဖြစ်၍ အထူးသဖြင့် အပူသမားများ အနည်းဆုံးမှ စသုံးသင့်၍ တည့်လျှင် တိုးစား၍ ရ၏။
- ဣဿရမူလီကို ရေရှည်သုံးစွဲသူများ ၎င်း၏ အခိုးသတ်ရန် နှမ်းလှော်စားပေးရ၏။ နှမ်းပျစ်မုန့်များ စားပေးရ၏။ အဆင်ပြေလျှင် ရေချိုးပေးရ၏။
- ဣဿရမူလီ ရေရှည်သုံးစွဲ၍ ဆံပင်ကျွတ်သူများ အုန်းဆီးနှင့် နှမ်းဆီ အနည်းငယ်ထည့်လိမ်းလျှင် ပြေ၏။
ဣဿရမူလီနှင့် ဆင်တူရိုးမှားအပင်
+ ဣဿရမူလီအပင်နှင့် ဆင်တူရိုးမှား နွယ်ပင် တစ်မျိုးရှိနေ၏။ အလွယ်မြင်ရုံနှင့် လွှဲမှားနိုင်၏။ ဣဿရမူလီအရွက် ပုံသဏ္ဌာန်က အညှာရင်းသေး၍ အဖျားကြီးပြီး အနည်းငယ် ချွန်၏။ ဒေသနှင့် အာဟာရပေါ်မူတည်၍ လက်မအရွယ်မှ လက်ဝါးခန့်နှင့် ဗာဒံရွက်ခန့်အထိကြီး၏။
+ ရွက်လယ်ကြောင်း ထင်ရှား၍ ချောပြီး အနည်းငယ် လှိုင်းတွန့်၏။
+ ဆင်တူရိုးမှား အပွင့်သည် ဣဿရမူလီအပွင့် ပုံသဏ္ဌာနှင့် ဆင်သော်လည်း သေးငယ်၏။ အရွက်သည် အညှာရင်းကြီး၍ အဖျားသို့ ရှူးသွားပြီး ချွန်၏။ အာဟာရပေါ် မူတည်၍ လက်ဝါးခန့်ထိ ကြီး၏။ အရွက်၏ အောက်ဖက်အကြော အလွန်ထင်ရှား၍ ပွရောင်းရောင်းရှိပြီး အနည်းငယ်ကြမ်း၏။
+ ဣဿရမူလီအသီးတိုင်း အတွင်းဖက်သို့ ချိုင့်ဝင်နေသော အမြှောင်းပါ၏။ ဆင်တူရိုးမှားအပင်မှ အသီးတိုင်း (၆) မြှောင်း ပါသော်လည်း အပြင်သို့ ခုံးထွက်နေသော ဇောင်း (၆) ခုထင်ရှား၏။
+ ထို့ကြောင့် ဆင်တူရိုးမှားအပင်၏ ဆေးစွမ်း ရှိမရှိ မသိရသော်လည်း ဣဿရမူလီအပင်၏ ဆွေးစွမ်းကို မမီ မတူညီနိုင်ဟု ယုံကြည်၏။
ဣဿရမူလီ အပင်များ စိုက်ပျိုး ပြုစုရာတွင်-
ဣဿရမူလီအစေ့များကို အပင်ဖောက်ရာတွင် နွေကုန်မိုးကူးအချိန်တွင် အပင်ပေါက် အကောင်းဆုံးဖြစ်၏။ အပင်ငယ်များ နှုတ်ယူစိုက်ပျိုးရာတွင် ပြုစုမှု ကောင်းလျှင် ရှင်သန်ရုံမက ကျန်ခဲ့သော အမြစ်မှာလည်း အပင်ပွားများ ထွက်လာတတ်၏။
ယေဘူယျအားဖြင့် ဣဿရမူလီနွယ်ပင်များသည် ဒေသအနှံ့မှာ ပေါက်ရောက် ရှင်သန်လေ့ရှိသော်လည်း အထူးသဖြင့် အညာဒေသများမှာ ပိုမိုဖြစ်ထွန်းကြောင်း လေ့လာသိရှိရပါ၏။ အထက်ပိုင်း ကချင်ပြည်နယ် နမ္မားနှင့် အောက်ပိုင်း မြန်အောင်ဒေသများအထိ ပေါက်ရောက်ရှင်သန်နေပါ၏။ မြန်အောင်ရှိ ဣဿရမူလီအပင်ကို ဘိုးဘွားတွေ စိုက်ခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရပါ၏။
ဣဿရမူလီ အပင်ကို ဖျက်ဆီးလေ့ရှိသော အဖျက်ပိုးများ
+ အပင်ငယ် ပျိုးပင်ငယ်များကို ခရု၊ ပက်ကျများ အများဆုံး ဖျက်ဆီးလေ့ရှိ၏။ မိုးကာလ ခရုပေါက်စများက အပင်ငယ်များကို အများဆုံး ဖျက်ဆီးတတ်၏။
+ ပျိုးပင်များကို ခရု၊ ပက်ကျိနှင့် လိပ်ပြာကပေါက်ဖွားသော ခူကောင်တစ်မျိုးက ဖျက်ဆီးလေ့ရှိ၏။
+ ပျိုးပင်ငယ်များမှာ အစိုဓါတ်များသည့် အချိန် အလွန်သေးငယ်သော ပျတစ်မျိုးကရောက်၍ ရိကျသေဆုံး တတ်၏။
+ ပျိုးပင်အရွက်များနှင့် နွယ်ပင်အရွက်များကို လိပ်ပြာမှ ပေါက်ဖွားသော ခူကောင်ငယ်များနှင့် အကောင်ကြီးများ စားသောက်ဖျက်ဆီးတတ်၏။ အကောင် အသေးအကြီး အနည်းအများပေါ် လိုက်၍ ပျက်စီးဆုံးရှုံးမှု များနိုင်၏။
+ ဣဿရမူလီနွယ်ပင်ကို အပင်များပေါ် တင်ထားလျှင် နွယ်တက်သွား၍ အရွက်ခူးသည့်အခါ ခက်ခဲနိုင်၏။
+ ဣဿရမူလီနွယ်ကိုင်း အဆစ်တိုင်းမှာ နွယ်တက်နှင့် အရွက်များ ထွက်၍ ဖူးပွင့်တတ်၏။ အဆစ်တိုင်းမှ အရွက်များ ခူးယူရာတွင် အရွက်ကုန်အောင် ခူးယူရာတွင် (၂-၃) ရွက်ခန့် ချန်ထားသင့်၏။
+ စိုက်ပျိုးပြုစုသော အပင်များမှ အာဟာရကောင်းလျင် (၃-၄) လအတွင်း ဖူးပွင့်သီးတတ်သလို မိုးကျလျှင်လည်း ဖူးပွင့်သီးတတ်၏။ ပြုစုအား ကောင်းလျှင် တစ်နှစ်တွင် (၂) ကြိမ်မျှ ဖူးပွင့်သီးတတ်၏။
+ အဖူးများ ပွင့်၍ ၀တ်မှုန်ကူးပြီးလျှင် မြေသို့ ကြွေကျတတ်၏။ ၎င်းအဖူးများကို ကောက်ယူသန့်စင်၍ ဆေးအဖြစ် တိုက်ရိုက်သုံးနိုင်သလို အရိပ်ထဲမှာ အခြောက်လှမ်း၍ လိုအပ်သလို အသုံးပြုနိုင်၏။ အရွက်ကဲ့သို့ ဆေးစွမ်းရှိ၏။ ၎င်းကို ဆေးလုံး ဆေးပြားကဲ့သို့ ငုံထား၍လည်းကောင်း၊ ၀ါးစား၍ အသုံးပြုနိုင်၏။ (၂-၃) ပွင့်သည် ဣဿရမူလီ အရွက်သေးတစ်ရွက်နီးပါး အာနိသင်ရှိ၏။
+ အပွင့်ကို ငုံထားရုံနှင့် ခံတွင်းရှင်း၍ သလိပ်ကြေ၏။ ချောင်းးဆိုးကင်း၏။ ရင်ချောင်၍ သလိပ်ပွမှု ကင်း၏။ ခံတွင်းလိုက်၏။
ထို့ကြောင့် ဣဿရမူလီနွယ်ပင် (သို့မဟုတ်) ကင်ဆာပျောက်ဆေးပင်ကို ဒေသအလိုက်မှာ ဆန္ဒရှိသောသူများ ၀ိုင်းဝန်းစိုက်ပျိုးပြီး “လိုအပ်လျှင် သုံး၍ ဆန္ဒရှိလျှင် မျှဝေ” ရန် လှုံ့ဆော် တိုက်တွန်း လိုက်ရပါသည် . . . ဟု စောငုဝါ (ပျဉ်းမနား) က ရေးသားထားပါသည်။
ဣဿရမူလီအသုံး ကျပုံကို သိရှိလာသည်နှင့် အမျှ နောင်တွင် အသုံးလည်း များလာပေမည်။ အသုံးများလာသည်နှင့် အမျှ အပင်ကို မျိုးပွား စိုက်ပျိုးသူလည်း များစွာ လိုအပ်လှပါတယ်။ ဣဿရမူလီဆေးအကပျိုးကို သိရှိလာကြပြီး စီးပွားအဖြစ် စိုက်ပျိုးနိုင်ကြပါပြီ။ ဆေးရွက်တစ်ရွက်ကို တချို့ ကျပ်ငါးရာကျပ်တစ်ထောင် စသဖြင့် ရောင်းချဝယ်ယူနေတာကိုလည်း ကြားသိနေရပါတယ်။ စာရေးသူအနေနဲ့တော့ စီးပွားဖြစ် စိုက်နိုင်လေ ပိုကောင်းလေပါ။ နောက်ပိုင်း အဆင့်မီဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ခဲ့ရင် ကမ္ဘာ့လူသားများ ခံစားနေရတဲ့ ရောဂါဝေဒနာဆိုးများကို ဣဿရမူလီနဲ့ စိန်ခေါ်နိုင်တဲ့အဆင့်အထိ ဆန္ဒရှိပါတယ်။ ယခုအခါတချို့ရောဂါသည်များက အလကားရသည့် ဆေးကို တန်ဖိုး မထားတတ်သည့်အပြင် အထင်လည်း မကြီးတတ်ကြပေ။ ငွေကြေးအကုန်အကျများမှ ရောဂါပျောက်မည်ဟု ထင်ကြသည်။ ဒီဣဿရမူလီကတော့ ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်။ တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံမသုံးသင့်ပေ။ ဆေးရွက် (၂-၃) ရွက်ကို မတ်ခွက်ထဲထဲ့ပြီး လက်ဖက်ရည်သောက်သလို တစ်နေကုန် ရေနွေးဖြည့်ပြီး သောက်သော်လည်း ဆေးရဲ့ အခါးဓါတ်က မပျယ်ပဲ ရှိနေတယ်။ ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တချို့ လက်ဖက်ရည်အစား ဒီဣဿရမူလီရွက်ကိုပဲ သောက်တာလည်း ရှိတယ်။

ဣဿရမူလီဆေးအတွက် စုံစမ်းနိုင်သော နေရာများ-
+ စောငုဝါ ပျဉ်းမနား
+ ရဲမှူးကြီး ဆရာထက်ခေါင် ပျဉ်းမနား
+ ကျောင်းအုပ်ဆရာကြီး ဦးကောင်းထက်အောင်၊ ပညာပန်းတိုင်ဘော်ဒါ၊ ပျဉ်းမနား
+ ချောင်းဦးမြို့၊ မအုပ်ကျောင်း (စစ်ကိုင်း)
+ ဦးကောမလ၊ ရွှေမဂ္ဂင်စာသင်တိုက်၊ မန္တလာရာပြည့်တိုက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးတောင်ခြေ။
+ ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊ မြို့နယ်သံဃနာယကဆရာတော်၊ ပျဉ်းမနားမြို့
+ နေပြည်တော် လေဆိပ်အနီး၊ တပ်ဦးကျောင်း ဆရာတော်။
+ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကျောင်းရွာ
+ မကွေးတိုင်း၊ ထနောင်းလှရွာ
+ တောင်တွင်းကြီး၊ ဂွေးချောင်းရွာ၊ ဂွေးချောင်းကျောင်း
+ မုံရွာ၊ အရာတော်မြို့နယ်၊ ပါရမီရွာ အနီး တောထဲ
+ တောင်သုံးလုံးဆရာတော်ဘဒ္ဒန္တဝေပုလ္လ၊ ဇေတ၀န်ပရိယတ္တိစာသင်တိုက်၊ သာဝတ္ထိ၊ လယ်ဝေးမြို့နယ်။
+ ဦးပါမောက္ခ၊ တောင်စွန်းကျောင်း၊ အလယ်တောရကျောင်းတိုက်၊ ဓမ္မစေတီလမ်း၊ ဗဟန်း၊ ရန်ကုန်။
+ ကရင်ဘော့ကျိုက်ကျောင်း၊ ဘားအံမြို့။
ပုံထဲက အပင်ကို ကြည့်ပြီး မိမိတို့ နီးစပ်ရာမှာ စုံစမ်းမေးမြန်းနိုင်ပါကြောင်း။ ဘေသဇ္ဇဒါနအဖြစ် အိမ်တိုင်းမှာ တပိုင်တနိုင်စိုက်ပျိုးနိုင်ကြပြီး လူထုကျန်းမာရေးအတွက် အားကိုးနိုင်သော ဆေးကောင်းတစ်လက်အကြောင်း တင်ပြလိုက်ရပါတယ်။
မေတ္တာဖြင့်
တောင်တန်းသာသနာပြု ဆရာတော်
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း-တန့်ယန်း)
မဟာကမ္မဋ္ဌာနာစရိယ၊ တက္ကသီလမဟာဓမ္မာစရိယ M.A Buddhism, A.M (Sri Lanka)
Posted by tailengtai တိုင်းလှိုင်တိုင်း at 5:31 AM Email ThisBlogThis!Share to TwitterShare to Facebook

http://tailengtai.blogspot.com/ မှတဆင့်ကူးယူဖေါ်ပြပါသည် ..

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း

Written by  ကျော်ဝင်း

စက်တင်ဘာလ ၃၀ရက်နေ့ထုတ် The Voice Daily တွင် ဖော်ပြပါရှိမည့် စာရေးဆရာကျော်ဝင်း၏ ဆောင်းပါးကို ကြိုတင်ဖတ်ရှု နိုင်စေရန် ဖော်ပြအပ်ပါသည်။ The Voice သို့ သီးခြားပေးပို့ထားခြင်း ဖြစ်ပါသည်။
(အယ်ဒီတာ)

အစွဲနှင့် ခေါင်းဆောင်မှု


မြန်မာ့နိုင်ငံရေးဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန် သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးက မှတ်ချက်ပြုဖူးသည်။ ဤအချက်က ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်စေရေး အတွက် ခက်ခဲနိုင်သလို အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေး အတွက် အထောက်အကူ ဖြစ်စေသည် ဟုလည်း သူက ကောက်ချက်ချခဲ့သည်။ စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဉာဏ်မီသလောက် ဆိုရလျှင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့် ကောက်ချက်မှာ သွေးထွက်အောင် မှန်သည်ဟု ထင်ပါသည်။

တစ်ခုတော့ရှိသည်။ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုက ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲကို ဖောက်ထွက် စဉ်းစားနိုင်လျှင်မူ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။ ဥပမာ- ဒုတိယကမ္ဘာစစ် အပြီး လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးအဆင့်။ ထိုစဉ်ကာလ ပြည်တွင်းမှာရော၊ နိုင်ငံတကာတွင်ပါ သြဇာကြီးလှသော လက်ဝဲရယ်ဒီကယ် လှိုင်းကြီးကိုကျော်ပြီး လွတ်လပ်ရေး အရယူပေး နိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုမျိုးဖြစ်သည်။
သို့နှင့်တိုင် ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်း လွတ်လပ်ရေးခေတ်ဦး မှာပင် လက်ဝဲလက်ယာ အပြုတ်တိုက် ရယ်ဒီကယ်လှိုင်းများကို မကျော်လွှား နိုင်ရာမှ ပြည်တွင်းစစ်၊ ဇာတ်နာကြီးနှင့် တိုးခဲ့ရသည်။ အကျိုးဆက်ကား အားယူခါစ ဒီမိုကရေစီ နိုင်ငံရေးစနစ် သက်တမ်းကုန်သွားခြင်းပင်။ သည်လိုနှင့် ဆယ်စုများစွာ ပျောက်ဆုံးသွားခဲ့ရသော ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းနိုင်ဖို့ မနည်းကြိုးစား ရုန်းကန်နေရဆဲမှာပင် ရယ်ဒီကယ် အန္တရာယ်လှိုင်းများကား ဆုံးပဲမဆုံးနိုင်၊ တစ်ကျော့တစ်ဖန် ပြန်လည်အား သစ်လာသည်ကို တွေ့နေရသည်။

ဓလေ့နှစ်မျိုး


ဤနေရာတွင် စကားလုံးများနှင့် ဆက်စပ်နေသော သဘောထား များကို ပြန်ရှင်းဖို့လိုမည် ထင်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက် အရ “ရယ်ဒီကယ်” ဆိုသည်မှာ “အရင်းအမြစ်မှ တော်လှန်ပြောင်းလဲလိုသော” ဟု အဓိပ္ပာယ်ရသည်။ နိုင်ငံရေးအရဆိုလျှင် သဘောထား မတူသူချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ ရည်ရွယ်သော ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေး ဓလေ့ပင်ဖြစ်သည်။ ဆိုရလျှင် ပြည်တွင်းစစ် “ချသမိုင်း” ကြီးကို မွေးထုတ်လိုက်သည်မှာ ဤဓလေ့ပင် ဖြစ်သည်။

ကြည့်ပါ။ ၁၉၄၈ နောက်ပိုင်း အစိုးရအဆက်ဆက် ရည်မှန်းချက်မှာ သူပုန်သကန် အမြစ်ပြုတ်ရေး ဖြစ်သည်။ အပြန်အလှန်အနေနှင့် တောတွင်း လက်နက်ကိုင်အင်အားစု အသီးသီး၏ ရည်မှန်းချက် မှာလည်း အစိုးရဖြုတ်ချရေး ပင်ဖြစ်သည်။ သူ့အကြောင်းနှင့်သူ အစိုးရတွေ ပြောင်းသွားသော် လည်း “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကြောင့် ပြုတ်ကျသွားသော အစိုးရဆို၍ တစ်ခုမှမရှိ။ တစ်ဖက်က သူပုန်လည်း အမြစ်မပြတ်။ တိုင်းပြည်သာ စုတ်ပြတ်သွားခဲ့ရသည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကိုသာ စတေးခဲ့ရသည်။ ရယ်ဒီကယ်ဓလေ့ဖြင့် ပြည်တွင်းစစ် မရပ်နိုင်သည့် သာဓက။ ဒီမိုကရေစီ ရေစုန်မျောခဲ့ရသည့် သင်ခန်းစာ။
ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်ဖို့ ဆိုလျှင် “သဘောထား မတူသူများ၊ အတူလက်တွဲ ညှိနှိုင်းဆောင်ရွက်ကြရမယ့် ယဉ်ကျေးမှု” တစ်နည်း “ဒီမိုကရက်တစ် ဓလေ့” ထွန်းကားဖို့ လိုပါလိမ့်မည်။ ခက်နေသည်မှာ မြန်မာ့နိုင်ငံရေး ဓလေ့တွင် အဆိုပါ “ဒီမိုကရက်တစ်ဓလေ့” ထက် ရယ်ဒီကယ်ဓလေ့က ပိုစွဲခိုင်နေခြင်းပင်။ ပြောရလျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ရောက်မှ ဒီမိုကရက်တစ်ဓလေ့ကို ခပ်ရေးရေး စတွေ့လာရသည်။
ဒီကြားထဲမှပင် ရယ်ဒီကယ်လှိုင်းများကား အခါခွင့်သင့်တိုင်း တဝုန်းဝုန်း ရိုက်ခတ်ဆဲ ...။ ဥပမာ-လက်ပံတောင်းကိစ္စ၊ မန္တလေးရှစ်လေးလုံး ငွေရတု ... စသဖြင့်။ ဟော အခု နောက်တစ်ကြိမ်လာပြန်ပြီ။

ပြင်ရေးလား၊ အသစ်လား


ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အဆင့်တစ်ဆင့်သို့ ရောက်လာချိန်၊ လွှတ်တော်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ပြီး ကြိုးပမ်းလာချိန် ...။ (ပို၍အရေးကြီးသည်မှာ) မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နိုင်ရေး အတွက် အထူး လိုအပ်နေချိန် ....။ ဤမျှအရေးကြီး၊ အကဲဆတ်လှသော အခြေအနေမှာပင် ဆိုခဲ့ပါ ဓလေ့နှစ်ရပ် တစ်ပြိုင်နက် ပေါ်လာသည်။အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောထား မတူသူများ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည် ဆိုသော “ဒီမိုကရက်တစ်ဓလေ့” နှင့် “၂၀၀၈ အခြေခံဥပဒေ ဖျက်၊ အသစ်ပြန်ရေးရမယ်” ဆိုသော ထိပ်တိုက် ရင်ဆိုင်ရေး “ရယ်ဒီကယ်ဓလေ့” တို့ဖြစ်သည်။

နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင် ရယ်ဒီကယ် အစွဲသန်သော မြန်မာနိုင်ငံအတွက် ဒုတိယလမ်းကြောင်း (အသစ်ပြန်လည် ရေးဆွဲရေး) မှာ လူကြိုက် များနိုင်သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်။ သို့တစေ သမိုင်းအတွေ့အကြုံ များအရ အန္တရာယ်ရှိနိုင်သည်။ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်း ဖြစ်သွားနိုင် သည်။ စေတနာမှန်သော အမြော်အမြင်ရှိသော ခေါင်းဆောင်မှု အနေနှင့် ဘာကိုရွေးကြမည်နည်း။
တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များက လက်တွေ့ကျသော ပထမလမ်းကြောင်းကို ရွေးလိုက်ကြသည်ကို ကြားရဖတ်ရသောအခါ ကျေးဇူးတင် ဝမ်းမြောက်ရသည်။ အထူးသဖြင့် ဝါရင့်သမ္ဘာရင့် တော်လှန်ရေးသမားကြီး၊ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်လို ပုဂ္ဂိုလ်မျိုးကိုယ်တိုင်က ဒီမိုကရက်တစ် ဓလေ့ဖြင့် ရပ်တည်ပြလိုက်ရာ သူ့စေတနာနှင့် သူ့အမြော်အမြင်ကို လေးစား အားကျရသည်။ “လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် တွေထဲက နိုင်ငံရေး၊ မီးရှူးမီးပန်း များကို မှုစရာမလိုတော့ပြီ” ...တွေးမိတော့ ပျော်သွားသည်။ သို့သော် ...။

မေတ္တာရပ်ခံချက်


ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂/၀၉/၂၀၁၃) ကိုဖတ်ရသောအခါ စောစောက အပျော်တွေ လွင့်စဉ်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က ဆိုခဲ့ပြီးသော လမ်းကြောင်းနှစ်ရပ်ကို ဓလေ့နှစ်ခုတွင် တိတိပပအဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည်” ဟုဆိုသည်။ “ဘာလဲ ... ဘယ်လိုလဲ”

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့်သဘောလား။ ဤသို့ဆိုရလျှင် ဘယ်သူက လုပ်ပေးမည်နည်း။ ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။ စာရေးသူ နားလည်သလောက် ဆိုရလျှင် NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲကော်မရှင် မဟုတ်။ အစိုးရမဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစားကြရမည်မှာ “ဆန္ဒခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော ...”။ “လူထုဆန္ဒအမှန်ကို ရရှိလျှင်ပင်ထား၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်း ရှိနိုင်ပါမည်လော ...”။ “မဟာဗျူဟာ ချမှတ်ရန်အတွက် လူထုတွင် တာဝန်ကောရှိပါ၏လော ...”။ ရာစုဝက်ကျော်မျှ ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေး ချွတ်ခြုံကျနေသော၊ နိုင်ငံရေးသားကြော ဖြတ်ခံထားရသော၊ စားဝတ်နေရေး အတွက် ကျားကုတ်ကျားခဲ ရုန်းကန်နေကြရသော အမိ မြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည်ထင်ပါသည်။
စာရေးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီး မျှော်လင့်ထားပါသည်။ အထူးသဖြင့် လက်ဝဲရယ်ဒီကယ် အစွဲသန်သော မြန်မာ့နိုင်ငံရေးတွင် ရှားရှားပါးပါး “လစ်ဘရယ် စိတ်အခံရှိသူ” ဟု မြင်ထားသည်။ သူမ ကိုယ်တိုင်ရေးသော ဆောင်းပါးတစ်ပုဒ်အရ “တော်လှန်ရေးကာလနှင့် တည်ဆောက်ရေးကာလ” ကို ကောင်းစွာ ခွဲခြားသိမြင်နိုင်သူဟု ယုံကြည်ထားပါသည်။ လက်ပံတောင်းအရေးကို ကိုင်တွယ်ခဲ့သော အမြော်အမြင်ဖြင့် ယခုကိစ္စ ကိုလည်း ပြန်လည် စဉ်းစားပေးပါဟု လေးစားစွာ မေတ္တာရပ်ခံပန်ကြား အပ်ပါသည်။

ငြိမ်းချမ်းရေးမိခင်

ငြိမ်းချမ်းရေးမိခင်

ကျည်ဆံတွေက
ကျွန်မခန္ခာကိုယ်အနှံ့ အပေါက်တွေဖေါက်ထွက်ခဲ့မယ်ဆိုရင်
အဲ့ဒီအပေါက်တွေကထွက်ကျလာမယ့် အလင်းတန်းတွေဟာ
အမှောင်တိုက်ထဲမှာ ပျောက်ဆုံးနေတဲ့
ရှင်တို့ရဲ့လမ်းတွေကို လင်းထင်းမြင်သာပါစေသား။

ရှေ့မှာချောက်ရှိလည်း
ရမယ်ဆို ဆင်းမယ်
ကျမဘာလိုချင်လဲ ရှင်တို့သိပါတယ်။

မျက်ကန်းတစ္ဆေမကြောက်သတဲ့လား
ဘယ်ဟုတ်ပါ့မလဲ
တစ္ဆေကမှ ကျွန်မကို ကြောက်အောင်မခြောက်နိုင်တာ။


ငြိမ်းချမ်းရေးအတွက်
ဘီလူးစည်း လူ့စည်းမရှိဘူး
ငြိမ်းချမ်းရေးအတွက်
နှလုံးသားမှာ စည်းနီ စည်းဝါ စည်းမထားဘူး။
နတ်ဒေ၀တာတွေက
ကျွန်မအကြောင်းကောင်းကောင်းသိကြတယ်
ပြီးတော့ ကျည်ဆံတွေကလည်းပဲပေါ့။

မပြစ်မှားနဲ့ ပစ်ရင်မှားမယ်။

ကျမဟာ ကျမအတွက်ရောက်လာတာမဟုတ်ဘူး
သန်း ၆၀ အတွက်
ခုဆို သန်း ၇၀၀၀ အတွက်ပါ ကျမ
ကမ္ဘာနဲ့စာချုပ် ချုပ်
အဲ့ဒီအထဲမှာ ရှင်နဲ့ ရှင့်မိသားစုတွေ အကုန်လုံးပါတယ်ဆိုတာကိုလည်း ကျမကပြောချင်တာ။ ။

                                                                                                    ခရမ်းပြာထက်လူ
                                                                                                    
ဒီကဗျာကိုရေးပြီးကိုင်ထားတုန်းရှိနေဆဲမှာပဲ
CNN ရုပ်သံလွှင့်ဌာနနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုကိုပြန်လည်ဖေါ်ပြထားသည့်
HOT NEWS ဂျာနယ်မှာပါတဲ့ဆောင်းပါး ရှင် အောင်မြင်သူ ရဲ့ဆောင်းပါတစ်ပုဒ်မှ
တစ်ချို့ကိုပြန်လည်လက်ဆင့်ကမ်းလိုက်ပါသည်။

CNN   ဟိုအရင်တစ်ချိန်ကအဖြစ်အပျက်တစ်ချို့သတိရသေးလားမသိဘူး။
စစ်သားတွေက သူတိုဘက်ကိုလျှောက်လာတဲ့ဒေါ်စုကို သေနတ်နဲ့ချိန်ထားဘူးတယ်နော်။
အဲ့ဒီအဖြစ်ကိုမှတ်မိသေးလား။
ဒေါ်စု   အဲ့ဒီအဖြစ်ကကြာလှပါပြီ။
CNN   မှတ်မိသေးလား။ သိပါရစေ။
ဒေါ်စု   မှတ်မိပါတယ်။
CNN   တခြားလူတွေကနောက်မှာကျန်ရစ်ပြီး ဒေါ်စုတစ်ယောက်တည်းရှေ့ကိုဆက်သွားတာနော်။
သူတို့ဆီကိုတည့်တည့်လျှောက်သွားတော့တာပဲ။အဲ့ဒီတုန်းက စိတ်ထဲမှာဘယ်လိုခံစားရလဲ။
ဒေါ်စု   ပြောရရင် ကျွန်မမှာရွေးချယ်ခွင့်သိပ်ရှိခဲ့တာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့
အစကသူတို့ပြောတာက အားလုံးလမ်းဘေးကိုကပ်ပါတဲ့။ အဲ့ဒါနဲ့ကျွန်မက လမ်းဘေးကပ်နေဖို့
ကျွန်မတို့လူတွေကိုပြောပါတယ်။ပြီးလည်းပြီးရော အဲ့ဒီစစ်ဗိုလ်က လမ်းဘေးကပ်ကပ် လမ်းဘေးလျှောက်လျှောက် ပစ်မယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ ဒီတော့ ကျွန်မလည်း ဒီလိုဆိုရင်တော့
လမ်းပေါ်တက်တာကမှကောင်းဦးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ (ရယ်လျှက်)
CNN   တကယ်လည်းကျရော သူတို့မပစ်ခဲ့ဘူးနော်။ အဲ့ဒါကိုရော ဘယ်လို ဘာကိုပြသလဲ။
ဒေါ်စု   မပစ်ဘူးဆိုတာကဒီလိုပါ အဲ့ဒီအချိန်မှာ ဗိုလ်မှူး Major တစ်ယောက်ကပြေးလာတယ်။
အစက သူက ကျွန်မတို့နောက်ကလျှောက်နေတာ ။ ပြီးမှပြေးလာပြီး တာဝန်ကျတဲ့စစ်ဗိုလ်
Captain လေးထင်ပါရဲ့။ သူ့ကို မပစ်ဖို့အမိန့်ပေးတာပါ။
ဒါစစ်မြေပြင်မဟုတ်ဘူး နိုင်ငံရေး  ဟုအော်ဟစ်ဝင်ရောက်တားဆီးအမိန့်ပေးသူမှာ ဗိုလ်သင်တန်းအပတ်စဉ်(၃၁)မှ ဗိုလ်မှူး တင်ဖေအေး ဖြစ်သည်။ နောက်တော့ သူ အဲ့ဒီ Captain ထံရောက်သွားသည်။ Captain ကို ဂဠုန်ဦးစောလိုမဖြစ်စေချင်လို့ပါ  ဟုပြောပြသည်။
ကျွန်တော့်နောင်တော်ကြီး မည်သည့်ရွယ်ချက်ဖြင့် ပစ်မိန့်ကိုတားဆီးခဲ့သည်ကို ၁၉၉၆ခုနှစ်တွင် ကျွန်တော်မှတ်မှတ်ရရမေးမိပါသည်။

သူက တို့ဗိုလ်ချုပ်ရဲ့သမီးလေ တဲ့။

ခရမ်းပြာထက်လူ

ခရမ်းပြာထက်လူ
ကျည်ဆံတွေက
ကျွန်မခန္ခာကိုယ်အနှံ့ အပေါက်တွေဖေါက်ထွက်ခဲ့မယ်ဆိုရင်
အဲ့ဒီအပေါက်တွေကထွက်ကျလာမယ့် အလင်းတန်းတွေဟာ
အမှောင်တိုက်ထဲမှာ ပျောက်ဆုံးနေတဲ့
ရှင်တို့ရဲ့လမ်းတွေကို လင်းထင်းမြင်သာပါစေသား။

ရှေ့မှာချောက်ရှိလည်း
ရမယ်ဆို ဆင်းမယ်
ကျမဘာလိုချင်လဲ ရှင်တို့သိပါတယ်။

မျက်ကန်းတစ္ဆေမကြောက်သတဲ့လား
ဘယ်ဟုတ်ပါ့မလဲ
တစ္ဆေကမှ ကျွန်မကို ကြောက်အောင်မခြောက်နိုင်တာ။


ငြိမ်းချမ်းရေးအတွက်
ဘီလူးစည်း လူ့စည်းမရှိဘူး
ငြိမ်းချမ်းရေးအတွက်
နှလုံးသားမှာ စည်းနီ စည်းဝါ စည်းမထားဘူး။
နတ်ဒေ၀တာတွေက
ကျွန်မအကြောင်းကောင်းကောင်းသိကြတယ်
ပြီးတော့ ကျည်ဆံတွေကလည်းပဲပေါ့။

မပြစ်မှားနဲ့ ပစ်ရင်မှားမယ်။

ကျမဟာ ကျမအတွက်ရောက်လာတာမဟုတ်ဘူး
သန်း ၆၀ အတွက်
ခုဆို သန်း ၇၀၀၀ အတွက်ပါ ကျမ
ကမ္ဘာနဲ့စာချုပ် ချုပ်
အဲ့ဒီအထဲမှာ ရှင်နဲ့ ရှင့်မိသားစုတွေ အကုန်လုံးပါတယ်ဆိုတာကိုလည်း ကျမကပြောချင်တာ။ ။

ခရမ်းပြာထက်လူ

ဒီကဗျာကိုရေးပြီးကိုင်ထားတုန်းရှိနေဆဲမှာပဲ
CNN ရုပ်သံလွှင့်ဌာနနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုကိုပြန်လည်ဖေါ်ပြထားသည့်
HOT NEWS ဂျာနယ်မှာပါတဲ့ဆောင်းပါး ရှင် အောင်မြင်သူ ရဲ့ဆောင်းပါတစ်ပုဒ်မှ
တစ်ချို့ကိုပြန်လည်လက်ဆင့်ကမ်းလိုက်ပါသည်။

CNN ဟိုအရင်တစ်ချိန်ကအဖြစ်အပျက်တစ်ချို့သတိရသေးလားမသိဘူး။
စစ်သားတွေက သူတိုဘက်ကိုလျှောက်လာတဲ့ဒေါ်စုကို သေနတ်နဲ့ချိန်ထားဘူးတယ်နော်။
အဲ့ဒီအဖြစ်ကိုမှတ်မိသေးလား။
ဒေါ်စု အဲ့ဒီအဖြစ်ကကြာလှပါပြီ။
CNN မှတ်မိသေးလား။ သိပါရစေ။
ဒေါ်စု မှတ်မိပါတယ်။
CNN တခြားလူတွေကနောက်မှာကျန်ရစ်ပြီး ဒေါ်စုတစ်ယောက်တည်းရှေ့ကိုဆက်သွားတာနော်။
သူတို့ဆီကိုတည့်တည့်လျှောက်သွားတော့တာပဲ။အဲ့ဒီတုန်းက စိတ်ထဲမှာဘယ်လိုခံစားရလဲ။
ဒေါ်စု ပြောရရင် ကျွန်မမှာရွေးချယ်ခွင့်သိပ်ရှိခဲ့တာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့
အစကသူတို့ပြောတာက အားလုံးလမ်းဘေးကိုကပ်ပါတဲ့။ အဲ့ဒါနဲ့ကျွန်မက လမ်းဘေးကပ်နေဖို့
ကျွန်မတို့လူတွေကိုပြောပါတယ်။ပြီးလည်းပြီးရော အဲ့ဒီစစ်ဗိုလ်က လမ်းဘေးကပ်ကပ် လမ်းဘေးလျှောက်လျှောက် ပစ်မယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ ဒီတော့ ကျွန်မလည်း ဒီလိုဆိုရင်တော့
လမ်းပေါ်တက်တာကမှကောင်းဦးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ (ရယ်လျှက်)
CNN တကယ်လည်းကျရော သူတို့မပစ်ခဲ့ဘူးနော်။ အဲ့ဒါကိုရော ဘယ်လို ဘာကိုပြသလဲ။
ဒေါ်စု မပစ်ဘူးဆိုတာကဒီလိုပါ အဲ့ဒီအချိန်မှာ ဗိုလ်မှူး Major တစ်ယောက်ကပြေးလာတယ်။
အစက သူက ကျွန်မတို့နောက်ကလျှောက်နေတာ ။ ပြီးမှပြေးလာပြီး တာဝန်ကျတဲ့စစ်ဗိုလ်
Captain လေးထင်ပါရဲ့။ သူ့ကို မပစ်ဖို့အမိန့်ပေးတာပါ။
ဒါစစ်မြေပြင်မဟုတ်ဘူး နိုင်ငံရေး ဟုအော်ဟစ်ဝင်ရောက်တားဆီးအမိန့်ပေးသူမှာ ဗိုလ်သင်တန်းအပတ်စဉ်(၃၁)မှ ဗိုလ်မှူး တင်ဖေအေး ဖြစ်သည်။ နောက်တော့ သူ အဲ့ဒီ Captain ထံရောက်သွားသည်။ Captain ကို ဂဠုန်ဦးစောလိုမဖြစ်စေချင်လို့ပါ ဟုပြောပြသည်။
ကျွန်တော့်နောင်တော်ကြီး မည်သည့်ရွယ်ချက်ဖြင့် ပစ်မိန့်ကိုတားဆီးခဲ့သည်ကို ၁၉၉၆ခုနှစ်တွင် ကျွန်တော်မှတ်မှတ်ရရမေးမိပါသည်။

သူက တို့ဗိုလ်ချုပ်ရဲ့သမီးလေ တဲ့။

ခရမ်းပြာထက်လူ