Friday, July 6, 2012

7July အခမ်းအနားအပေါ် စိုးရိမ်စိတ်နဲ့ ဖမ်းဆီးနေတယ်လို့ သတင်းရ

ယနေ့ည ၁၀း၁၅ အချိန်မှာ၊ဝေဇယန္တာလမ်းမှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို ရဲသတင်းတပ်ဖွဲ့(SB) ၂၀ ကျော်ခန့် ရောက်ရှိလာပါတယ်။ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကျော်ကိုကိုနဲ့ ဂျိမ်းစ်တို့ ၈၈ရုံးမှာ ရှိနေမယ်ထင်လို့ လာရောက် မေးမြန်းကြပါတယ်။ ဒါပေမယ့် ၈၈ရုံးမှာ သူတို့တတွေ မရှိကြပါဘူး။ ၈၈ရုံးမှာ မနက်ဖြန်ကျင်းပမယ့် 7July အခမ်းအနားအပေါ် စိုးရိမ်စိတ်နဲ့ အထက်လူကြီးတွေက တွေ့ဆုံဆွေးနွေးဖို့ သူတို့နှစ်ယောက်ကို လာရှာခြင်း ဖြစ်တယ် လို့ SB တို့က ဆိုပါတယ်။ ည ၁၀း၅၅ မှာ SB တွေ ပြန်လည်ထွက်ခွာသွားကြပါတယ်။
 
 
ယနေ့ညတွင်ဖမ်းဆီးထိန်းသိမ်းခံရသောဗကသကျောင်းသားများနှင့်ပတ်သက်၍ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင်ပြုလုပ်သော၈၈မျိုးဆက်ကျောင်းသားများ၏သတင်းစာရှင်းလင်းပွဲ
အခု ၈၈ ရုံးမှာ လူတွေစုံနေတယ်
သတင်းသမားတွေလဲ ရောက်နေပါတယ်။ ၈၈ ရုံးကို ဧည့်စာရင်းဝင်စစ်တဲ့အနေနဲ့ပဲ ၀င်စစ်တာတဲ့
ဒီငြိမ်းတို့ကတော့ သေချာသွားပြီ။ လာရှိုးမှာလည်း ဖမ်းတယ်လို့ သိရပါတယ်။
မန်းလေး၊ စစ်ကိုင်း၊ တို့မှာလည်း ဖမ်းဆီးနေတယ်လို့ သတင်းရနေတယ်
ကျန်နေရာတွေ မည်သူတွေဆိုတာကို ဆက်လက်စုံစမ်းနေဆဲပဲ
ကျော်ကိုကို အခြေအနေတော့ မသိရသေးဘူး
 
 

No comments: