ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie
Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ၅ စုတိုက်
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့
၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့
သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြပါတယ်။
ကလေးငယ်တွေကို ရောင်း ချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့
Jakie Chan ရဲ့ ခရီးစဉ်အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က
တင်ပြပေးထားပါတယ်။
ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက်ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံးသွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ်လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။
“ယာဉ်တန်းက ၁၀ စီးလောက်ပါမယ်။ UNICEF အပြာရောင်တီရှပ်တွေနဲ့ ဗမာ ဝန်ထမ်းတွေရော၊ နိုင်ငံခြား သားဝန်ထမ်းတွေရောပါတယ်။ အဖွဲ့ ၁၊ ၂၊ ၃၊ ဆိုပြီး UN အဖြူရောင်ကားတွေနဲ့ ရောက်လာပါတယ်။ မီဒီယာတွေနဲ့ တရုတ်အမျိုးသားတွေကို အများဆုံးတွေ့ရတယ်။ ဝင်လာမယ် ဆိုကတည်းက တစောင့်စောင့်နဲ့ စောင့်နေကြတဲ့ပရိတ်သတ်ကတော့ ရာကြီးပိုင်းလောက် ရှိတယ်။
ယာဉ်တန်းလည်း ဝင်လာရော နောက်ဆုံး ကားမှာပါတဲ့ ဂျက်ကီချဲန်းကိုလည်းတွေ့ရော အကုန်လုံး ပြုံပြီးတော့ လိုက် သွားကြတယ်။ ကျောင်းဝန်းထဲ အရှေ့ဘက်ထိပ်စည်းကို ရောက်သွားပြီးတော့ ဆရာတော်ကြီးလည်း ရှိပါတယ်။ ဆရာတော်ကြီးနဲ့ ကြိုပြီးတော့မှ အတွင်းပိုင်းထဲဝင်မယ့် အချိန်မှာ ဘေး နားမှာ ပရိတ်သတ်ကတော့ များနေတာပေါ့။ အုံနေတယ်ဆိုပေမယ့် မန္တလေးပရိတ်သတ်အနေနဲ့ ဆိုရင်တော့ အဲဒီလောက်အုံနေတာ များလှတယ် လို့တော့ မယူဆပါဘူး။
ဂျက်ကီချဲန်းဆိုတာက ကမ္ဘာကျော်အနုပညာရှင်လည်းဖြစ်တယ်၊ နောက်ပြီးတော့ ဗမာပရိတ်သတ် အများဆုံး ထိ တွေ့ခဲ့ရတဲ့ မင်းသားလည်းဖြစ်တယ်၊ အခုလို ကုလသမဂ္ဂ အစီအစဉ်နဲ့ လာတယ်၊ နောက်ပြီးတော့ ဂျက်ကီချဲန်းကိုယ်တိုင်ကလည်း ကလေး ပရိတ်သတ်က ချစ်ကြတယ်လေ၊ အဲဒါမျိုးဆိုတော့ အုံကြမှာပေါ့ဗျာ။ သို့သော် UNICEF တာဝန်ရှိတဲ့သူတွေက ဘာများစိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး။ မဆင်းနိုင်ဘူးဖြစ်နေတယ်။ ကလေးတွေက တန်းစီပြီးကြို နေပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ကို ကောင်းကောင်း နှုတ်မဆက် လိုက်ရ ပါဘူး။ သူက ထမင်းစားဆောင်အတွင်းထဲမှာပဲ ကလေးတွေနဲ့ နှုတ်ဆက်ဖို့အစီအစဉ်က လောလောဆယ် ယာယီရပ်ဆိုင်းသွားပြီးတော့ ကားပေါ်ကနေဆင်း၊ ဆင်းပြီး လက်ပြနှုတ်ဆက်ရင်းနဲ့ သူနဲ့ဆန့်ကျင်ဘက် ကားတစီးပေါ် အမြန်ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထားတာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက်သွားတယ်။ အားလုံးနဲ့တွေ့လိုက်ရတာ ဝမ်းသာအားရ၊ အထူးသဖြင့်တော့ တရုတ်အမျိုးသားတွေပဲ။ တရုတ်လိုတွေ အော်ကြ၊ နှုတ်ဆက်ကြတာဆိုတော့ ကျနော်တို့လည်း သိပ်မသိရဘူး။ ”
၅ စုတိုက်ဘုန်းကြီးကျောင်းမှာ စောင့်ရောက် ပညာသင်ပေးနေတဲ့ မိဘမဲ့ ကလေးပေါင်းက ၂၇၀ လောက် ရှိပါတယ်။ အဲဒီထဲက ကိုခင်မောင်လုံး က သူမျှော်လင့်သလို တရုတ်သိုင်းကား ဟာသ Action ကားတွေ ရိုက်တဲ့ မင်းသား Jakie Chan ကို အားရပါးရ မတွေ့ခဲ့ရလို့ စိတ်မကောင်း ပါဘူးတဲ့။
“တွေ့ချင်လွန်းလို့ ဒီမှာ မျက်ရည်တောင် ၀ဲနေတာဗျ။ မြင်ဖူးချင်ကြတာပေါ့။ တချို့ ကလေးတွေ က ကောင်းကောင်းလည်း မမြင်ရဘူး။ လူကြီးတွေတောင် ကောင်းကောင်းမှ မမြင်ရတာဗျာ။ သူလာမယ့် အချိန်ကို ကျနော်တို့ နာရီကြည့်ပြီး စောင့်ပြီး မျှော်လင့်နေကြတာ။ ဂျက်ကီချမ်းကို တော်တော် ကြိုက်ကြ တယ်။ တအားကြိုက်တာ၊ ဂျက်ကီချဲန်း ကားတွေကို။ သူ့ဇာတ်ကားဆို အလွတ် မရှိဘူးပေါ့ဗျာ။ အကုန်လုံး ကြည့်တာပေါ့။ မကြည့်ဖူးတဲ့ကား မရှိဘူး။ အကုန်ကြည့်ဖူးတယ်။ အဲဒီလိုပေါ့။ သူ့ကိုတွေ့ရင် ဒီလို သူ့ဇာတ်လမ်းတွေ ကောင်းတဲ့အကြောင်းတွေပေါ့၊ ဖိုက်တင်ခန်း ကောင်းတဲ့အကြောင်းလေးတွေ၊ သိုင်း ကျွမ်းကျင်တဲ့ အကြောင်းလေးတွေ ပြောမှာပေါ့ဗျာ။”
ရုပ်ရှင်မင်းသား Jakie Chan ရဲ့ ၃ ရက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကုန်ကူးရောင်းချခံခဲ့ရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ UNICEF အထောက်အပံ့ပေးထားတဲ့ နေရာတွေဆီကိုလည်း သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိပါတယ်။ ကလေးတွေ ရောင်းချခံရမှုကို အထိရောက်ဆုံး ဘယ်လို ကာကွယ်နိုင်မလဲဆိုတာကိုလည်း မန္တလေးမြို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့လဲ Jakie Chan တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ရောင်းကုန်ပစ္စည်း မဟုတ်ပါဘူး၊ ရာသက်ပန် ထိခိုက် မှုတွေ ရသွားစေတဲ့ ရာဇဝတ်မှုကြီးကို အမြစ်ဖြတ်နိုင်ဖို့ ကမ္ဘာပေါ်က ကလေးတွေ အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံကို မလာခင်မှာ Jakie Chan ကပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လို ခုခံကာကွယ်လို့ ရနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို လည်း မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သင်ကြား ပြောပြမှာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက မပြန်ခင် July ၇ ရက် စနေနေ့မှာ ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ UNICEF တာဝန် ရှိသူက ပြောပါတယ်ရှင်။
ဓာတ်ပုံသတင်း
ဇူလိုင် ၆၊ ၂၀၁၂
ကုလကမဂ္ဂ အဖွဲ့ခွဲတခုဖြစ်သည့် UNICEF ၏ ချစ်ကြည်ရေးသံတမန် ဂျက်ကီချန်းကို မန္တလေးမြို့တွင် ယနေ့ တွေ့ရပုံ ဖြစ်သည်။(ဓာတ်ပုံများ – Getty Images)
ယနေ့ ရိုက်ကူးထားသောပုံ
ယမန်နေ့က ရိုက်ကူးထားသောပုံ
မန္တလေးရောက် ဂျက်ကီချန်း (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
ရုပ်ရှင်ထဲတွင် လူဆိုးလူမိုက်များ၏ အန္တရာယ်ကို ကွန်ဖူးပညာဖြင့် တိုက်ခိုက် ရှင်းလင်း နှိမ်နင်းသူ ကမ္ဘာကျော်မင်းသား ဂျက်ကီချန်းသည် ကုလကမဂ္ဂ အဖွဲ့ခွဲတခုဖြစ်သည့် UNICEF အဖွဲ့၏ ချစ်ကြည်ရေးသံတမန် တာဝန်ဖြင့် မန္တလေးမြို့သို့ ယနေ့ညနေပိုင်းက ရောက်ရှိလာသည်။
ဘုန်းတော်ကြီးသင် စာသင်ကျောင်းတခုတွင် ရာနှင့်ချီသော ပရိသတ်နှင့် အသက် ၅၈ နှစ်အရွယ် ကွန်ဖူးမင်းသားကြီးတို့ ရင်ဆိုင်ရပုံကို အင်တာနက် ဓာတ်ပုံ၊ ရုပ်သံတို့တွင် တွေ့ရသည်။
ကြီးမားသည့် နေကာမျက်မှန်ကြီးတလက် တပ်ထားပြီး UNICEF တံဆိပ်ပါ တီရှပ်ပြာ ဆင်မြန်းထားသော ကွန်ဖူးမင်းသားကြီးက ကားပေါ်မှ ပြုံးရွှင်စွာ ဆင်းလာစဉ် စောင့်ကြိုနေသူများ၊ သတင်းထောက်များ အုံခဲနေသည်။
“UNICEF တာဝန်ရှိတဲ့သူတွေက ဘာများ စိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး — ဆင်းပြီး လက်ပြ နှုတ်ဆက်ရင်းနဲ့ သူနဲ့ ဆန့်ကျင်ဘက် ကားတစီးပေါ် အမြန် ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထားတာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက်သွားတယ်” ဟု မန္တလေးမြို့ခံ ကိုငြိမ်းချမ်းက VOA သတင်းဌာနကို ပြောသည်။
မန္တလေးမှ လာသော CJ Myanmar သတင်းတပုဒ်တွင် “လာရောက် တိုးဝှေ့ ကြည့်ရှုသော ပြင်ပ ပရိတ်သတ် များနေသဖြင့် မိဘမဲ့ကလေးများနှင့် တွေ့ဆုံခြင်း မပြုနိုင်ဘဲ ပြန်လည် ထွက်ခွာသွားရသည်” ဟု ရေးထားသည်။
မန္တလေးမှ သူ၏ ပရိသတ်က မချင့်မရဲဖြင့် ကျန်ရစ်ခဲ့ကြသည်။
သံတမန် ဂျက်ကီချန်းသည် မြန်မာပြည်တွင် ၃ ရက်တာ ရှိနေမည်ဖြစ်ပြီး ခရီးစဉ်အတွင်း UNICEF ၏ လုပ်ငန်းများကို ကူညီမည် ဖြစ်သည်။
UNICEF သည် ကလေးသူငယ် ကုန်ကူး ရောင်းစားခံရခြင်း၊ ကလေးစစ်သား စသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့ တခု ဖြစ်သည်။
ဂျက်ကီချန်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ထိုအဖွဲ့၏ သတင်းထုတ်ပြန်ချက်များတွင် ကလေးစစ်သား ဟူသော စကားလုံးကို သုံးစွဲခြင်းမရှိသည်ကို တွေ့ရှိရသည်
မန္တလေးမြို့ အောင်မြေသာစံမြို့ နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ
အမျိုးသမီးအသက်မွေးသင်တန်းေ ကျာင်းသို့  ဇူလိုင်လ (၆)ရက်နေ့ နံနက် ၈ နာရီ ၄၄ မိနစ်တွင် ရောက်ရှိလာသည့် ဂျက်ကီးချန်း

မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် ဘုန်းတော်တိုးရပ်ကွက်ရှိ
အမျိုးသမီးအသက်မွေးသင်တန်းေ ကျာင်းမှ
ပြန်လည်ထွက်ခွာချိန်လာသော ဂျက်ကီချန်းကို မန္တလေးနေ တရုတ်အမျိုးသမီးတစ်ဦးက
မန္တလေးမြို့ ကျုံးမြို့ ရိုးကျောက်စီပန်းချီကား လက်ဆောင်ပေး၍
အမှတ်တရလက်မှတ်ပြန်လည်ထိုးေ ပးနေစဉ်
မန္တလေးမြို့ကိုရောက်ရှိလာတဲ့  ဂျက်ကီချန်း
ဂျက်ကီချန်း ရောက်နေပြီ
လူရှောင်သိုင်း (ပြန်ပါဦးမယ်ပြန်အုံးမယ်)
Huarding award film festival in Beijing at 4 th july night တွင် ကမ္ဘာကျော် ကွန်ဖူးသရုပ်ဆောင် ဂျက်ကီချန်းနှင့် အတူတွေ့ ရသော ဒါရိုက်တာစင်ရော်မောင်မောင်

ဂျက်ကီချန်းရဲ့ မန္တလေး ဒုတိယနေ့ – Jackie Chan and Mandalay
ဓာတ်ပုံသတင်း
ဇူလိုင် ၆၊ ၂၀၁၂
ကုလကမဂ္ဂ အဖွဲ့ခွဲတခုဖြစ်သည့် UNICEF ၏ ချစ်ကြည်ရေးသံတမန် ဂျက်ကီချန်းကို မန္တလေးမြို့တွင် ယနေ့ တွေ့ရပုံ ဖြစ်သည်။(ဓာတ်ပုံများ – Getty Images)
ယနေ့ ရိုက်ကူးထားသောပုံ
ယမန်နေ့က ရိုက်ကူးထားသောပုံ
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသားကြီး ဂျက်ကီချန်း၏ မြန်မာပြည် ခရီးစဉ်..
ကုလသမဂ္ဂကလေးများ
ရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသား ဂျက်ကီချန်းသည်
၎င်းတည်းခိုရာ မန္တလေးစီဒိုးနားဟိုတယ်မှ ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ
၃၅ မိနစ်တွင် မန္တလေးအမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းသို့
ထွက်ခွာလာသည်။ မန္တလေးတောင်ခြေ အောင်မြေသာဇံမြို့နယ်
ဘုန်းတော်တိုးရပ်ကွက်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာကျောင်းသို့ ၈ နာရီ ၄၀
မိနစ်တွင် ရောက်ရှိသည်။
မီဒီယာသမားများနှင့်
ဂျက်ကီချန်းအား ကြည့်ချင်သော အားပေးသူ ပရိသတ်များအား ကျောင်းဝင်းအတွင်းသို့
ဝင်ခွင့်မပြုဘဲ လုံခြုံရေးတင်းကြပ်စွာချထားပြီး မီဒီယာသမားများအား
သီးသန့်ဓာတ်ပုံရိုက်ခွင့်ရရန် စီစဉ်ပေးမည်ဟု တာဝန်ရှိသူများက ပြောကြောင်း
7Day News ဂျာနယ်သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျော င်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း ကိုတွေ့ရစဉ်။
7Day News ဂျာနယ်
7Day News ဂျာနယ်
မန္တလေးရောက် ဂျက်ကီချန်း (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
ရုပ်ရှင်ထဲတွင် လူဆိုးလူမိုက်များ၏ အန္တရာယ်ကို ကွန်ဖူးပညာဖြင့် တိုက်ခိုက် ရှင်းလင်း နှိမ်နင်းသူ ကမ္ဘာကျော်မင်းသား ဂျက်ကီချန်းသည် ကုလကမဂ္ဂ အဖွဲ့ခွဲတခုဖြစ်သည့် UNICEF အဖွဲ့၏ ချစ်ကြည်ရေးသံတမန် တာဝန်ဖြင့် မန္တလေးမြို့သို့ ယနေ့ညနေပိုင်းက ရောက်ရှိလာသည်။
ဘုန်းတော်ကြီးသင် စာသင်ကျောင်းတခုတွင် ရာနှင့်ချီသော ပရိသတ်နှင့် အသက် ၅၈ နှစ်အရွယ် ကွန်ဖူးမင်းသားကြီးတို့ ရင်ဆိုင်ရပုံကို အင်တာနက် ဓာတ်ပုံ၊ ရုပ်သံတို့တွင် တွေ့ရသည်။
ကြီးမားသည့် နေကာမျက်မှန်ကြီးတလက် တပ်ထားပြီး UNICEF တံဆိပ်ပါ တီရှပ်ပြာ ဆင်မြန်းထားသော ကွန်ဖူးမင်းသားကြီးက ကားပေါ်မှ ပြုံးရွှင်စွာ ဆင်းလာစဉ် စောင့်ကြိုနေသူများ၊ သတင်းထောက်များ အုံခဲနေသည်။
“UNICEF တာဝန်ရှိတဲ့သူတွေက ဘာများ စိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး — ဆင်းပြီး လက်ပြ နှုတ်ဆက်ရင်းနဲ့ သူနဲ့ ဆန့်ကျင်ဘက် ကားတစီးပေါ် အမြန် ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထားတာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက်သွားတယ်” ဟု မန္တလေးမြို့ခံ ကိုငြိမ်းချမ်းက VOA သတင်းဌာနကို ပြောသည်။
မန္တလေးမှ လာသော CJ Myanmar သတင်းတပုဒ်တွင် “လာရောက် တိုးဝှေ့ ကြည့်ရှုသော ပြင်ပ ပရိတ်သတ် များနေသဖြင့် မိဘမဲ့ကလေးများနှင့် တွေ့ဆုံခြင်း မပြုနိုင်ဘဲ ပြန်လည် ထွက်ခွာသွားရသည်” ဟု ရေးထားသည်။
မန္တလေးမှ သူ၏ ပရိသတ်က မချင့်မရဲဖြင့် ကျန်ရစ်ခဲ့ကြသည်။
သံတမန် ဂျက်ကီချန်းသည် မြန်မာပြည်တွင် ၃ ရက်တာ ရှိနေမည်ဖြစ်ပြီး ခရီးစဉ်အတွင်း UNICEF ၏ လုပ်ငန်းများကို ကူညီမည် ဖြစ်သည်။
UNICEF သည် ကလေးသူငယ် ကုန်ကူး ရောင်းစားခံရခြင်း၊ ကလေးစစ်သား စသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့ တခု ဖြစ်သည်။
ဂျက်ကီချန်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ထိုအဖွဲ့၏ သတင်းထုတ်ပြန်ချက်များတွင် ကလေးစစ်သား ဟူသော စကားလုံးကို သုံးစွဲခြင်းမရှိသည်ကို တွေ့ရှိရသည်
မန္တလေးမြို့ရောက်ဂျက်ကီချန်း၏ ဒုတိယနေ့ခရီးစဉ်
မန္တလေးမြို့ အောင်မြေသာစံမြို့ နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ
အမျိုးသမီးအသက်မွေးသင်တန်းေ ကျာင်းသို့  ဇူလိုင်လ (၆)ရက်နေ့ နံနက် ၈ နာရီ ၄၄ မိနစ်တွင် ရောက်ရှိလာသည့် ဂျက်ကီးချန်း
အမျိုးသမီးအသက်မွေးသင်တန်းေ
မန္တလေးမြို့ အောင်မြေသာစံမြို့ နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ
အမျိုးသမီးအသက်မွေးသင်တန်းေ
မန္တလေးမြို့ အောင်မြေသာစံမြို့ နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ
အမျိုးသမီးအသက်မွေးသင်တန်းေ
မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် ဘုန်းတော်တိုးရပ်ကွက်ရှိ
အမျိုးသမီးအသက်မွေးသင်တန်းေ
ပြန်လည်ထွက်ခွာချိန်လာသော ဂျက်ကီချန်းကို မန္တလေးနေ တရုတ်အမျိုးသမီးတစ်ဦးက
မန္တလေးမြို့ ကျုံးမြို့ ရိုးကျောက်စီပန်းချီကား လက်ဆောင်ပေး၍
အမှတ်တရလက်မှတ်ပြန်လည်ထိုးေ
မန္တလေးမြို့ကိုရောက်ရှိလာတဲ
ဂျက်ကီချန်း ရောက်နေပြီ
လူရှောင်သိုင်း (ပြန်ပါဦးမယ်ပြန်အုံးမယ်)
Huarding award film festival in Beijing at 4 th july night တွင် ကမ္ဘာကျော် ကွန်ဖူးသရုပ်ဆောင် ဂျက်ကီချန်းနှင့် အတူတွေ့ ရသော ဒါရိုက်တာစင်ရော်မောင်မောင်
No comments:
Post a Comment