Sunday, July 8, 2012

တွေ့ဆုံမှုမှတ်တမ်းလေး




ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အီးဂရပ်စ်က ဒေါက်တာနေဝင်းမောင် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုမှတ်တမ်းလေးပါ။ သူ့ရဲ့အကြံပြုခဲ့မှု၊ ဒီနေ့ ၂၀၀၈ အခြေခံဥပဒေအောက် ဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရ နဲ့ ဒေါ်စုဖြတ်သန်းနေရတဲ့ နိုင်ငံရေးခရီးကို အကဲခပ်နိုင်အောင် ပြန်ရှယ်လိုက်ပါတယ်။


၁။ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ကျွန်တော့်အား အစိုးရကစေလွှတ်သည်ဟု ယူဆနေမည်စိုး၍ ကျွန်တော်သည် Interlocuter ဖြစ်ချင်သူ သာဖြစ်ပြီး Interlocuter
မဟုတ်ကြောင်း မိမိအကြောင်း
အတိုချုပ်ပြော၍ မိတ်ဆက်ပါသည်။

၂။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ အခြေအနေတိုးတက်မြင့်မားလာရေးအတွ
က် ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရရေး၊ တပ်မတော်ခေါင်းဆောင်များနှင့် Dialogue စသည်များကို မစောင့်ဘဲ မိမိဘက်မှတစ်ဖက်သတ်နိုင်ငံ တည်ဆောက်ရေးကို ကူညီသင့်ပါကြောင်း ပဏာမပြောကြား ရာတွင် ဒေါ်အောင်ဆန်းစုကြည်က
““အန်တီပြောနေတာ အန်တီတို့နဲ့ ပေါင်းလုပ်ဖို့ဆိုတာထက်နိုင်ငံတည်ဆောက်ရေးမှာ ပြည်သူမပါလို့မရဘူး။
ပြည်သူလူထုထောက်ခံမှုမရှိလို့မရဘူး။ ဒါကြောင့် ပြည်သူလူထုထောက်ခံမှု ရအောင်
လုပ်ပါလို့သာပြောနေတာပါ။ ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရမှဆို တာမဟုတ်ပါဘူး”” ဟု ရှင်းပြပါသည်။

၃။ တပ်မတော်သည် သံသယကြီးအောင် လေ့ကျင့်ပေးထားသူများဖြစ်၍
ဒေါ်အောင်ဆန်းစုကြည် ဘာလိုချင်တာလဲ၊
ဘာဖြစ်ချင်တာလဲ စသည်များကို ရှင်းရှင်းလင်းလင်းသိလိုပုံရပါသည်
ထို့ကြောင့် ကျွန်မဘာလုပ်မည်၊ မည်သည့် ရည်ရွယ်ချက်ဖြင့်
လုပ် သည်၊ မည် သည့်အတွက်ကြောင့်လုပ်သည်၊ ထိပ်တိုက်ပြုလုပ်ခြင်းမဟုတ်
စသည်များကို ရှင်းအောင် လက်အားလုံး ထုတ်ပြ
မှသာလျှင် နိုင်ငံရေးနှင့်မဆိုင်သော ကိစ္စရပ်များကို ပါဝင်ကူ ညီခွင့်
ရနိုင်မည်ဖြစ်ကြောင်း၊ သံသယများပြေပျောက်အောင်လိုသည်ထက်
ပိုအားစိုက်ရလိမ့်မည်ဖြစ်ကြောင်းပြောရာ ဒေါ်အောင်ဆန်းစုကြည်က ဆရာဝန်က
လူနာကိုတွေ့ခွင့်မရရင် ဆေးဘယ်လိုပေးမလဲ။
အခုကိစ္စမှာလည်း အန်တီ့ ဘက်ကဖုံးကွယ်ထားတာ မရှိဘူး။ Hidden Agenda
မရှိဘူးဆိုတာ ရှင်းနေတာပဲ။ တွေ့လို့မရတော့
ပြောလို့မရဘူးပေါ့ ဟု ပြောပါသည်။ သားကို အစိုးရက လွှတ်လိုက်တာဆိုရင်လည်း
ပြောလို က်ပါကွယ်။ အန်တီဟာ ဒီမိုကရေစီ
နေ့ချင်းညချင်းဖြစ်ရမယ်လို့ ဆိုတာ လည်းမဟုတ်ဘူး။ Hidden Agenda လည်း
မရှိပါဘူး ဟုပြောပါသည်။

၎။ တပ်မတော် ခေါင်းဆောင်များကပင် ဆက်လက် အုပ်ချုပ်သွားမည်ဆိုလျှင်လည်း
မြန်မာနိုင်ငံသားတို့၏ ပညာရေး၊
ခေတ်မီတပ်မတော်ဖြစ်ရေး၊ ကျန်းမာရေး ၀န်ဆောင်မှုများ တိုးတက်ရေး၊ တောင်သူ
လယ်သမား တို့ ဘ၀များတိုးတက်ရေး တို့ ကို
လုပ်ဆောင်ပေးနိုင်သည်ဖြစ်၍ ထိုကိစ္စများကိုလည်း
ဒီမိုကရေစီပန်းတိုင်ရောက်ရှိမသွားခင်စပ်ကြားမှာပင် ကူညီ လုပ်ဆောင်
ပေးသင့်
ပါကြောင်း ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၀၃ ခုနှစ်က အဲဒီ
လိုပညာရေး၊ စီးပွားရေး၊ လူမှုကိစ္စတွေ ၀ိုင်းလုပ်ပေးဖို့
အန်တီနဲ့ သဘောတူညီချက်တွေ ရှိခဲ့ပါတယ်။ အဲဒါတွေကို သိတဲ့လူတွေတချို့
ကျန်နေပါသေးတယ်။ Last minute မှာ သူတို့
ဖျက်လိုက်လို့ ပျက်သွားတာပါ။ အခုလည်း အန်တီ တို့ အဲဒါတွေ
ဝိုင်းလုပ်ပေးဖို့ စီစဉ်နေတာတွေလည်း ရှိပါတယ်ဟု ပြောပါတယ်။
၅။ ထိုသို့ လူငယ်အင်အားစုများ၊ Civil Society အဖွဲ့အစည်းများနှင့်
အာဏာကိစ္စ မဟုတ် သည့် နိုင်ငံတည်ဆောက်ရေးကိစ္စ များ
Network ဖွဲ့လုပ်ဆောင်ခြင်းများမှာ ကောင်းသော် လည်း အစိုးရက
အထင်မလွဲအောင် လက်အားလုံး ထုတ်ပြထားရန် လိုမည်
ဖြစ်ကြောင်း၊ NLD ဦးထုပ် ဆောင်းထားပါက အခြားအင်အားစုများက
ပူးပေါင်းပါဝင်ရန် အခက်အခဲရှိကြောင်း၊ အာဏာ နိုင်ငံရေးတွင်
ဝင်မပါတော့ဘဲ နိုင်ငံတည်ဆောက်ရေး ကိစ္စ ကိုသာ လုပ်ပါတော့မည်ဟု ယတိပြတ်
ဆုံးဖြတ်နိုင်ရန် လိုကြောင်း ပြောကြားရာတွင်
မည်သို့မျှမှတ်ချက်မပေးဘဲ စို က်ကြည့်နေပါသည်။
၆။ အခြေခံဥပဒေပေးထားချက်ကိုပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေနှင့်
တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှာ
ပြဿနာမဟုတ်ကြောင်း၊ Constitutional Coup ကို ရေးသားထားသည့်ကိစ္စမှာ အစဉ်
အလာ မကောင်းနိုင်၍ ပြောခြင်းသာဖြစ်ကြောင်း
ရှင်းပြပါသည်။ ကျွန်တော်က တပ်မတော်နှင့်
ယုံကြည်မှုတည်ဆောက်နိုင်ခဲ့လျှင်လည်း ကောင်း၊ တပ်မတော်ကို နိုင်ငံတကာ
တပ်မတော်များကဲ့သို့ ခေတ်မီတပ်မတော် ခေတ်မီ Mindset ဖြစ်အောင်
ဝိုင်းကူကြလျှင် ဤကိစ္စ ဤမျှစိတ်ပူစရာမလိုကြောင်း
ပြန်ရှင်းပြရာတွင် မည် သို့မျှမှ တ်ချက်မပေးပါ။ နောင်မှာ
သမ္မတဖြစ်ချင်လို့၊ ၀န်ကြီးဖြစ်ချင်လို့ဆိုပြီး တပ်ထဲကိုဝင်ကြတာမျိုးတွေ
ဆက်ဖြစ်ကုန်မှာစိုးလို့ပြောတာပါဟု ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းပြပါသည်။
၇။ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် NLD လူငယ်များ၏ ပညာရေးကိုစိတ်ပူသကဲ့သို့
တစ်နိုင်ငံလုံး၏ ပညာရေးကို စိတ်ပူ
ပေးစေလိုကြောင်း၊ ကူ ညီမည်ဆိုပါက နိုင်ငံတကာမှ scholarship များရရှိရေး၊
နိုင်ငံတကာတက္ကသိုလ်များ လာရောက် ဖွင့်လှစ်ရေး၊
တပ်မတော်သားများ နိုင်ငံတကာတွင် သင်တန်းတက်ခွင့်ရရှိရေးတို့ကို
နိုင်ငံတကာအစိုးရများအား Policy suggestions ပေးသင့်ကြောင်း
ပြောရာ စိုက်ကြည့် နားထောင်နေပါသည်။
၈။ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မတူညီသောရှုထောင့်အမြင်အားလုံးကို
နားထောင်ပေးစေချင်ကြောင်ီးနဘဘငန အောင်ဒင်၊
သန့်မြင့်ဦး၊ ဒေါက်တာဇော်ဦး စသည့်ပုဂ္ဂိုလ်များနှင့် Round table ထိုင်၍
အမြင်မျိုးစုံ ကို ပွင့်ပွင့်လင်းလင်း ပြောကြားစေပြီး နားထောင်
သင့်ကြောင်း ပြောကြားရာတွင် အန်တီ နားထောင်မှာပေါ့ဟု ပြန်ပြောပါသည်။

သုံးသပ်ချက်
၁။ ဒေါ်အောင် ဆန်းစုကြည်သည် အာဏာရလိုခြင်း၊ တပ်မတော်ကို
ဖက်ပြိုင်လိုခြင်းမဟုတ် ဘဲ သူ့ကိုအသိအမှတ်ပြုစေလိုသည့် သဘောထားရှိနေသည်။

၂။ ထိုသို့ အသိအမှတ်ပြုလာစေရန်အလို့ငှာ လက်အားလုံးထုတ်ပြရမည်၊
တစ်ဖက်သတ်အလျှော့ပေးရမည်ဆိုသော သဘောထားမျိုးကို အသင့်မဖြစ်သေး။

၃။ လက်အားလုံးထုတ်ပြလိုက်ခြင်း၊ ရာနှုန်းပြည့် ပွင့်လင်းလိုက်ခြင်းသည်
သူမလိုချင်သောရလဒ်၊ သူမ၏အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း ရှိလာမည်မဟုတ်ဘဲ သူမ၏အခန်းကဏ္ဍ ပျောက်ဆုံးသွားမည်ဟု စိုးရိမ်ပုံရသည်။

၎။ NLD ဦးထုပ်အပြင် နောက်ထပ် ဦးထုပ်တစ်လုံး လိုအပ်သည်ကို သဘောပေါက်စပြုနေသည်။

၅။ အစိုးရက စေလွှတ်လိုက် သည်ဟုယူဆသောကြောင့် အထူးသတိထားပြီး မှတ်ချက်များကိုပေးသည်။ အထူးတလည်သံတမန်ဆန်သော နွေးထွေးမှုကိုပြသနေသည်။ ကျွန်တော်၏ပြောစကားများကို
သဘောတူ/မတူ ဘာမျှမပြောဘဲ အကြိမ်များစွာတို့တွင် စိုက်ကြည့်နေသည်။

Dictionary reference

in·ter·loc·u·tor [in-ter-lok-yuh-ter] noun

1.a person who takes part in a conversation or dialogue.

2.the man in the middle of the line of performers in a minstrel troupe, who acts as the announcer and banters with the end men.

3.a person who questions; interrogator.

No comments: