Tuesday, July 3, 2012

Tuesday, 03 July

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရခိုင်ကျောင်းသားလူငယ် ၂ဦးလည်း လွတ်မြောက်
Written by မင်းသွီး    Tuesday, 03 July 2012 11:20    PDF Print E-mail
425975 405803032790659 983798092 n၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အကျဉ်းသား (၈၀)အား အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာတွင် ရခိုင်ကျောင်းသားလူငယ် နှစ်ဦးဖြစ်သူ ကိုအောင်မိုးဇော် (ခ)ကိုမိုးသီးနှင့် ကိုအောင်နိုင်တို့လည်း လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ကိုအောင်မိုးဇော်(ခ)ကိုမိုးသီးသည် အင်းစိန်ထောင်မှ လွတ်မြောက်လာပြီး၊ ကိုအောင်နိုင်သည် ဘားအံထောင်မှ လွတ်မြောက်လာခဲ့ကြောင်း၊ ဤလွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် သူတို့နှစ်ဦးလွတ်မြောက်လာသော်လည်း နောက်ထပ် ရခိုင်ကျောင်းသား လူငယ် ၂ဦးဖြစ်သူ ကိုနိုင်စိုး (ပခုက္ကူအကျဉ်းထောင်)နှင့် ကိုရဲထက်စိုး (အင်းစိန်အကျဉ်းထောင်)တို့မှာ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် မပါသေးကြောင်းသိရှိရသည်။
“ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ရခိုင်ကျောင်းသားလူငယ်တွေဖြစ်တဲ့ ကိုမိုးသီးနဲ့ ကိုအောင်နိုင်တို့လည်း လွတ်မြောက်လာကြတဲ့အတွက် ကျနော်အနေနဲ့ ၀မ်းမြောက်မိပါတယ်၊ ဒါပေမယ့် ရခိုင်ကျောင်းသားလူငယ်တွေထဲမှာ ကိုနိုင်စိုးနဲ့ ကိုရဲထက်စိုးနှစ်ယောက်ပါမလာတဲ့အတွက် စိတ်မကောင်းပါဘူး၊ သမ္မတဦးသိန်စိန်ရဲ့ နောက်ထပ်လွတ်ငြိမ်းချမ်းသာခွင့်တွေပေးလာခဲ့မယ်ဆိုရင် အဲဒီလွတ်ငြိမ်းချမ်းခွင့်ထဲမှာတော့ အခုကျန်ရှိနေခဲ့သေးတဲ့ ကိုနိုင်စိုးနဲ့ ကိုရဲထက်စိုး နှစ်ယောက်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါစေချင်ပါပြီ”ဟု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် စတင်လွတ်ပေးခဲ့သာ သမ္မတဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်တွင် လွတ်မြောက်လာခဲ့သူများဖြစ်သော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ် (၄) ဦးထဲမှ ကိုထွန်းလင်းကျော်က ပြောသည်။
နိုင်ငံသားနှင့် နိုင်ငံခြားသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပက်သက်၍“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခြင်း အခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားအကျဉ်း သား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ၉ ဦး ၊ စုစုပေါင်း ၄၆ ဦးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူမှုရေးငဲ့ညှာသောအားဖြင့်လည်း ကောင်း၊ နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး၊ စုစုပေါင်း ၈၀ ဦးတို့အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမ၀ါဆိုလပြည့်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့)မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။”ဟု president-office အင်တာနက်စာမျက်နှတွင်ဖော်ပြထားသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရခိုင်ကျောင်းသားလူငယ်များသည် ၂၀၀၉ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ကိုနိုင်စိုး(ခေါ်) မဲလုံးအား အသင်းအဖွဲ့ ဥပဒေပုဒ်မ (၇) ဖြင့် ထောင်ဒါဏ် (၃) နှစ်၊ ဖောက်ခွဲပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် (၅) နှစ် စုစုပေါင်း ထောင်ဒဏ်(၈)နှစ်၊ ကိုရဲထက်စိုးအား အသင်းအဖွဲ့ ဥပဒေပုဒ်မ (၇) ဖြင့် (၃) နှစ်၊ ဖောက်ခွဲရေးပစ္စည်း လက်ဝယ်ထားမှုဖြင့် (၅) နှစ်၊ ဂြိုလ်တုဆက်သွယ်ရေး ဖုန်းတစ်လုံး ဖမ်းဆီး ရမိခြင်းဖြင့် (၁) နှစ် စုစုပေါင်း (၉) နှစ်၊ ကိုထွန်းလင်းကျော်၊ ကိုခိုင်ကျော်မိုးအပါအ၀င် (၆) ဦးကို အသင်းအဖွဲ့ ဥပဒေပုဒ်မဖြင့် (၃) နှစ်၊ နယ်စပ်တရားမ၀င် ဖြတ်ကျော်မှုဖြင့် (၃) နှစ်၊ စုစုပေါင်း (၆) နှစ်စီ ချမှတ်ခဲ့သည်။


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောပဋိပက္ခပြဿနာများ တည်ငြိမ်စပြု
Written by ရခိုင်သွီး    Monday, 02 July 2012 10:02    PDF Print E-mail
600322 394733207230975 318569760 nရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့သော မောင်တော၊ စစ်တွေ၊ ရသေ့တောင်မြို့(ကူတောင်ကျေးရွာ) စသောမြို့များတွင် ပဋိပက္ခများငြိမ်းသွားခဲ့ပြီးနောက်ပိုင်း ဒေသလုံခြုံရေးနှင့် ပြဿနာများ ပြန်လည်တည်ငြိမ်စပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ 
ဇွန်လက ၈ ရက်နေ့ မောင်တောမြို့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မောင်တော၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ်ကျေးရွာများတွင် အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံရခိုင်တိုင်းရင်းသားများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရပြီး ယင်းအခြေအနေများမှ ယခုတည်ငြိမ်စပြုနေပြီဖြစ်ကြောင်း မောင်တောမြို့ဒေသခံတစ်ဦးဖြစ်သူ မောင်တောခရိုင် အမျိုးသားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ထွန်းအေးသိန်းက အခုလိုပြောသည်။
"မောင်တောမြို့ကတော့ အခု တည်ငြိမ်နေပါပြီ။ ပြဿနာတွေ နောက်ထပ်ဖြစ်မလာဖို့ လုံခြုံရေးတွေက အသေအချာ စောင့်ကြပ်နေကြပါတယ်။ ပြဿနာတွေ မဖြစ်ပေမယ့် ဒုက္ခသည်တွေတော့ အခုထိ (၂၂၀၀) ရှိနေပါသေးတယ်။ ဒုက္ခသည်တွေရဲ့ စားရေးသောက်ရေးအတွက်ကိုတော့ မောင်တောခရိုင် အမျိုးသားကူညီစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တစ်သီးပုဂ္ဂလတွေက စုပေါင်းပြီး ဒုက္ခသည်တွေအခက်အခဲကို တာဝန်ယူဖြေရှင်းပေးနေကြတယ်။ တစ်ချို့ဒေသခံတွေကိုလည်း ပြန်လည်နေရာ ချပေးတာတွေ၊ အိမ်တွေကိုပါ ပြန်လည် တည်ဆောက်ပေးနေတာတွေ ရှိနေပါပြီ။" ဟု ပြောသည်။
မောင်တောမြို့မှအစ ရခိုင်ပြည်အနှံ့တွင် ပဋိပက္ခကို ပြင်းပြင်းထန်ထန်ဖြစ်လာအောင် နှိုးဆော်ပေးခဲ့သော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် အကြမ်းဘက်သမားများ (၃၀၀) ကို ဘူးသီးတောင်ထောင်သို့ပို့ထားကြောင်း၊ မောင်တောမြို့တွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်များမှာ အိမ်တွင်းကအိမ်ပြင်ကို မထွက်ဘဲ ငြိမ်သက်စွာနေထိုင်ကြသည့်အတွက် မောင်တောမြို့သည် တိတ်ဆိတ်ငြိမ်သက်နေခြင်းဖြစ်ကြောင်း ထွန်းအေးသိန်းပြောပြချက်အရ သိရသည်။
"စစ်တွေမှာတော့ မီးလောင်တဲ့အထဲပါမသွားတဲ့အိမ်တွေရဲ့ အိမ်ထောင်စုတွေကို နေရပ်ပြန်ခိုင်းနေပါပြီ၊ အသက်အိုးအိမ်ဆုံးရှုံးသွားရတဲ့ ဒုက္ခသည်တွေကတော့ ဒုက္ခသည်စခန်းတွေမှာ ရှိနေတုန်းပါဘဲ၊ အကူညီကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်နေတုန်းပါဘဲ၊ သူတို့ကို ပြန်လည်နေရာချထားရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ ရပ်မိရပ်ဘတွေလည်း တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်နေပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း တိုင်ပင်ညှိုနှိုင်းမှုတွေလုပ်သွားရဦးမှာပါ"ဟု စစ်တွေကယ်ဆယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးပြောသည်။
ယမန်နေ့က စစ်တွေမြို့ဒုက္ခသည်စခန်းများသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ လာရောက်လှူဒါန်းသော သိန်း၉၀၀ကို ရခိုင်ပြည်နယ်အစိုးမှ ပြည်နယ်အစိုးရထံတွင်သာ အလှူငွေများကိုပေးအပ်ရမည်ဟု ဖိအားပေးခံရသောကြောင့် ရခိုင်ပြည်နယ်အစိုးထံတွင် ယင်းအလှူငွေများကို ပေးအပ်ခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ယင်းအလှူငွေများအား ဒုက္ခရောက်ပြည်သူများအတွက် အပြည့်အ၀အသုံးမချမှာ စိုးရိမ်သံသယဖြစ်မိကြောင်း ယင်းလူငယ်မှ ပြောသည်။

မြန်မာ့ပို့ကုန်ကြောင့် ဘင်္ဂလီနိုင်ငံတော်ဝင်ငွေ တာကာ ၃၂ ကုဋေသာရရှိဟုပြော
Written by သဇင်ဥ    Tuesday, 03 July 2012 03:34    PDF Print E-mail
Cementမြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်ကြောင့် ၂၀၁၁-၂၀၁၂ နှစ်ဝက်ကာလတွင် တာကာ ၃၂ ကုဋေ (မြန်မာကျပ် ၃၂၀ ကုဋေ) ခန့်သာ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ရရှိကြောင်း တာခ်နာဆိပ်ကမ်း အကောက်ခွန်မှ ဇွန်လ ၁ရက်နေ့က ပြောဆိုလိုက်သည်။
တာခ်နာဆိပ်ကမ်း အနေဖြင့် တစ်လလျှင် မြန်မာ့တင်ပို့ကုန်မှ ၇၂၀၀,၀၀၀၀ တာကာ အကောက်အခွန် ရရှိရန် ခန့်မှန်းထားကြောင်း ဆိုသည်။
သို့သော်လည်း ယင်းဆိပ်ကမ်းမှ စီးပွားရေးကာလ ခြောက်လအတွင်း နိုင်ငံတော်ဝင်ငွေ ၄၃ ကုဋေ ၂ သန်း ရရှိရန် ခန့်မှန်းမှုမှ ၃၂ ကုဋေသာ ဇွန်လ ၃၀ ရက်နေ့အထိ ရရှိခဲ့ကြောင်း ပြောသည်။
ယင်းဆိပ်ကမ်းက "နိုင်ငံတော်ဘဏ္ဍငွေ လျော့ဆင်းသွားမှုမှာ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်-ရိုဟင်ဂျာ ပြဿနာ၊ တလျှောက်လုံး ဖြစ်ပေါ်နေတဲ့ နယ်စပ်မူးယစ်ဆေးနဲ့ ကုန်များမှောင်ခိုကုန်သွယ်မှုနဲ့ တရားမ၀င်ကျူးကျော်မှုတို့ကြောင့် ဖြစ်ပါတယ်။"ဟု ဇွန်လ ၁ရက်နေ့က ဒေသခံ သတင်းထောက်များသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ကုန်သွယ်ရေးအား ဇွန် ၃၀ ရက်နေ့က အခြေအနေများကို စောင့်ကြည့်ပြီး စတင်သွားလာနေကြကြောင်းနှင့် မှောင်ခိုမူးယစ်ဖေါက်ကားသူများမှာ ဇွန်လ တတိယအပတ်ကတည်းက နှစ်နိုင်ငံအကြား သွားလာနေ ကြကြောင်း နယ်စပ်မှ မျက်မြင်သက်သေများက ပြောသည်။
"ကုန်သည်တွေ ခရီးသွားချင်နေကြတာက ကြာပါပြီ၊ ဒါပေမဲ့ ဆန်၊ သစ်၊ စတဲ့ကုန်စုံတင်တဲ့ စက်ဘုတ်တွေနဲ့ ပင်လယ်ပတ် ဖြတ်သွားရမည့်ကို စိုးရိမ်နေကြပါသေးတယ်၊ ဘင်္ဂလီတွေက ပင်လယ်ပြင်မှာ ဓါးပြတွေအဖြစ် သောင်းကျန်းနေကြတယ်လို့ ကုန်သည်ကြီးတွေ ဆိုပါတယ်၊ စီးပွားမလုပ်ရတော့ ဘယ်လိုရပ်တည်မလဲ၊ ဒါပြင်ကုန်တွေ သိုလှောင်ထား၍ ရှုံးဆုံးမှုတွေ ရှိတယ်ပါသေးတယ်၊ ငွေလှဲလယ်နှုန်းထားက နယ်စပ်မတည်မငြိမ်ဖြစ်တော့ တစ်တာကာမှာ ကျပ် ၁၀ ပတ်ဝန်းကျင်ဖြစ်မယ် ထင်ရပါတယ်။"ဟု စစ်တွေမြို့နယ်မှ ယမန်နေ့က ကုန်စုံဖြင့် ဆိုက်ရောက်လာသော စက်ဘုတ်နှစ်စီးမှ အမည်မဖေါ်လိုသူများက ပြောသည်။
ဘင်္ဂလာက ဇွန်လအတွင်းတွင် ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေမှာ တာကာ ၁၄၄၁၅၀၂၃ သီးသန့် အကောက်အခွန် ရရှိခဲ့ကြောင်းနှင့် ယင်းဆိပ်ကမ်းမှ တာကာ ၂၅၄၈၂၆၈၅ ဘက်စုံရရှိခဲ့ကြောင်း၊ မတ်လတွင် တာကာ ၇၀၇၁၃၁၈၂ ရရှိခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလတွင် တာကာ ၇၉၉၂၄၁၅၆ ရရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောဆိုခဲ့သည်။
ဘင်္ဂလာ တာခ်နာဆိပ်ကမ်းမှ မြန်မာသို့ တာကာ ၄၂၆၃၂၇၅ တန်ဖိုးရှိ ကုန်များ ဇွန်လအတွင်း တင်ပို့ခဲ့ကြောင်း၊ မတ်လအတွင်း တာကာ ၁၉၈၂၂၂၇၈ တန်ဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း တာကာ ၁၁၀၄၂၅၄၅ တန်ဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ဆိပ်ကမ်းမှ အကောက်ခွန်က ပြောဆိုခဲ့သည်။
လွန်ခဲ့သောနှစ် ဇူလိုင်မှ ဇွန်လ (စီးပွားရေးနှစ်) တစ်နှစ်အတွင်း တာခ်နာဆိပ်ကမ်းမှ မြန်မာသို့ စုစုပေါင်း တာကာ ၁၀ ကုဋေ ၆၅၀၆၅၀၀ တန်ဖိုးကုန်များ ပို့ဆောင်ခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။
ထို့ပြင် မြန်မာမှ ဘင်္ဂလာသို့ မတ်လအတွင်း တာကာ ၂၆ ကုဋေ ၃ သိန်း ၆၂၃၂၀ တန်ဖိုး ကုန်ပစ္စည်းများကို တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း တာကာ ၂၇ ကုဋေ ၁ သန်း ၈ သိန်း ၅၆၀၈၉ တန်ဖိုး တင်ပို့ခဲ့ကြောင်း တာခ်နာဆိပ်ကမ်းမှ ပြောဆိုခဲ့သည်။
ဘင်္ဂလာ အနေဖြင့် ဇွန်လကို စီးပွားရေးအရ နှစ်ကုန်အဖြစ် တချို့နိုင်ငံများနည်းတူ သတ်မှတ်ပြီး ဇူလိုင်လကို နှစ်ဦးအဖြစ် သတ်မှတ်သည်။ ဘင်္ဂလာက မြန်မာ့တင်ပို့ကုန်များကို ၀ယ်လိုအားကြီးနေခြင်းမှာ နှစ်နိုင်ငံအကြား စီးပွားရေးစာချုပ်မချုပ်ဆိုမီ နှစ်ပေါင်းများစွာက ဖြစ်သည်။ မြန်မာ-ဘင်္ဂလာအကြား နယ်စပ်စီးပွားရေး စာချုပ်ကို ၁၉၉၇ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့ ချုပ်ဆိုခဲ့သည်။
ယင်းနယ်စပ်ကုန်သွယ်ရေး စီပွားရေး ပို့ကုန်-သွင်းကုန်တို့မှာ မပြေမလည်ဖြစ်နေသောကြောင့် ဘင်္ဂလာတွင် ကုန်များ တန်ဖိုးမြင့်မားလာနေကြောင်း ဒေသထုတ် သတင်းစာများတွင် ဖေါ်ပြသည်။
မြန်မာ-ဘင်္ဂလာအကြား စီးပွားရေးအကျိုးတူ ပူးပေါင်းလုပ်ဆောင်နေကြသူများမှာ နှစ်နိုင်ငံအကြား စီးပွားရေးအခြေအနေ ပြန်လည် လေ့လာသုံးသပ် ဖြေရှင်းမှုများကို သုံးလတကြိမ်စီ အစည်းအဝေးထိုင် ဖြေရှင်းလေ့ရှိကြကြောင်း သိရှိရသည်။
မြန်မာမှ ဘင်္ဂလာသို့ ပို့ကုန်များမှာ ငါးခြောက်မျိုးစုံ၊ ၀ါး၊ ငါး၊ ဂျင်း၊ ကွမ်းသီး၊ င/ရုပ်ကောင်းစေ့၊ မဆလာ၊ ကြိမ်၊ မကျဉ်းသီး၊ သစ်၊ ဈေးယုံမျိုးစုံ၊ ဆန်နှင့် တခြားကုန်မျိုးစုံ စုစုပေါင်း ၃၆ မျိုးအထိ တင်ပို့ကြောင်းနှင့် ဘင်္ဂလာမှ မြန်မာသို့ အယ်လူမီနီယံ၊ ဘိလပ်မြေ၊ ခြင်ထောင်ပိတ်စ၊ ဆံပင်နှင့် တခြားကုန်မျိုးစုံ စုစုပေါင်း ၁၀ မျိုးအထိ တင်ပို့ကြောင်း သိရှိရသည်။
သို့သော်လည်း နှစ်နိုင်ငံအကြား မှောင်ခိုလမ်းများမှ သတ်မှတ်ထားသည့် ကုန်မျိုးစုံ ၃၆ မျိုးထက် ပိုမိုတင်ပို့လျက် ရှိနေသည်။ ဇွန်လအတွင်းက မြန်မာမှ ဘင်္ဂလာသို့ ကုန်စုံ ၁၀ မျိုးသာတင်ပို့ခဲ့ကြောင်း ဆိပ်ကမ်းအကောက်ခွန်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် မြန်မာ့ဆန်များ ဘင်္ဂလာသို့ မလာသည့်အပြင် ဘင်္ဂလာဆန်များ မောင်တောမြို့နယ်ရှိ ဘင်္ဂလီများထံသို့ မှောင်ခိုလမ်းများမှ သွားရောက်လျက်ရှိနေကြောင်းနှင့် ယင်းဆန်မှောင်ခိုများကို တာဝန်အရ ဖမ်းဆီးနေကြောင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က ပြောသည်။
နယ်စပ်ကုန်သွယ်ရေးမှာ ဇွန် ၈ ရက်နေ့က စတင်ပိတ်ခဲ့ပြီး ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် နာရီအနည်းငယ် ဖွင့်လှစ်ခဲ့သည်။
တာခ်နာဆိပ်ကမ်းမှ ရခိုင်ပြည်နယ်သို့ ဆေးဝါးများ တင်ပို့နေရာတွင် ဆေးသုံးမည့် သတ်မှတ်နေ့စွဲကုန်သော ဆေးဝါးများ အမြောက်အများ ပါဝင်နေသောကြောင့် သက်ဆိုင်ရာမှ မကြာခဏ လိုက်လံဖမ်းဆီးနေကြောင်း သိရှိရသည်။

 
မြန်မာ-ဘင်္ဂလာ အစည်းအဝေး ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု
Written by သဇင်ဥ    Monday, 02 July 2012 12:21    PDF Print E-mail
U mg myintမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ 
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြောရဲဆိုခွင့်ရှိသူက "ဒုက္ခသည်အဖြစ် လက်ခံထားသော ရိုဟင်ဂျာ ၂၈၀၀၀ ဦးရေနဲ့ တရားမ၀င် လက်ခံထားသော ၄၀၀၀၀၀ ကျော်တို့အား လက်ခံဖို့ မြန်မာ့ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့ မနေ့က အစည်းအဝေးမှာ လက်ခံခဲ့ပါတယ်။"ဟု ဒေသထုတ် ၀ပ်ဆိုင်းတခုက ဖေါ်ပြသည်။
Mujarul Quayesက "မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာသို့ ရောက်လာမည့်ရက်ကို နောက်ဆုတ်လိုက်ပါပြီ၊ သူက ဇူလိုင် ၁၅-၁၇ ရက်တို့မှာ လာဖို့အစီအစဉ်ရှိခဲ့ပါတယ်၊ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေကို သူကိုယ်တိုင်ဦးဆောင်ညွှန်ကြားရမယ် ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်၊ ဒါက ဦးမောင်မြင့်တို့က စနေနေ့က တရားဝင် အစည်းအဝေးမှာ ပန်ကြားခဲ့တာပါ။"ဟု ဆိုသည်။
ထို့ပြင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နစကနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)တို့ လာမည့် ဇူလိုင်လ ၂၂-၂၆ ရက်တို့တွင် အစည်းအဝေး ပြုလုပ်မည့် ရက်ကိုလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ အရေးပေါ် အခြေအနေများ ထုတ်ပြန်ချက်အား နစကမှ တာဝန်ယူနေရမှုကြောင့် နောက်ဆုတ်လိုက်ကြောင်း သိရှိရသည်။
ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော အဖွဲ့မှာ ဘင်္ဂလာသို့ ဇွန်လ ၃၀ ရက်နေ့ကတည်းက ကြိုတင်ဆိုက်ရောက်ခဲ့ပြီး ယနေ့ ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသအတွင်း ရာဇ၀တ်မှုဆိုင်ရာ အကြမ်းဖက်လုပ်ငန်းများကို သောင်းကျန်းလုပ်ဆောင်ပြီး တဘက်နယ်စပ်သို့ ဖြတ်ကျော်ကာ တိမ်းရှောင်နေကြသည့်သူများအား ပူးပေါင်းဖေါ်ထုတ် အရေးယူနိုင်ရန်အတွက် နှစ်ဘက်သဘောတူ ဥပဒေအရ စာချုပ်များကိုပါ ချုပ်ဆိုကြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကတည်းက ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်းရေးနှင့် ပြည်သူလူထုများအကြား မသင်္ခါမှုတချို့ကို ဖြစ်ပေါ်စေသည်ဟု ယူဆနေကြသည်။ 
RNDP၊ ပြည်ပရခိုင်ပြည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူလူထုတခုလုံးက မြန်မာ့မူဆလင် (ဘင်္ဂလီ)များအား ဒေသခံ ရခိုင်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသူများဖြစ်ကြောင်း အရေးယူနေချိန်တွင် ယခုကဲ့သို့ ဘင်္ဂလီဒုက္ခသည်များ လက်ခံရန် ဦးမောင်မြင့် လက်ခံခဲ့ခြင်းဖြစ်သည်။
Last Updated ( Monday, 02 July 2012 12:32 )   
 

No comments: