မေး။ ။ဆရာမ ခင်ဗျား၊ အခုလို အရပ်သားအစိုးရပြန်လည်ပေါ်ထွန်းလာတဲ့ အချိန်ခါမှာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်တာဝန်ကို ယူနေရတော့၊ ဆရာမတို့ တိုင်းဒေသအစိုးရအဖွဲ့ အဓိက ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။
ဖြေ။ ။ နံပါတ်တစ်အခက်အခဲကတော့ မြေယာပြဿနာပါပဲ၊ ဒီမှာ မြေယာပြဿနာတွေ
အရမ်းများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအထင် တနသာင်္ရီတိုင်းမှာ
မြေဧရိယာပေါင်း ဆယ်သိန်းကျော် ရှိပါတယ်။ မြေဆိုတာတော့
စိုက်ပျိုးမြေပေါ့နော်၊ တောင်တွေ ပင်လယ်တွေ မပါဘဲနဲ့ပေါ့နော်၊
သစ်တောမြေတွေမပါဘဲနဲ့ အဲတော့ ဒီဆယ်သိန်းကျော်မှာ အရင်အစိုးရအဆက်ဆက်က
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထဲကို သော်လည်းကောင်း
ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်အဖွဲ့အစည်းနဲ့ကိုသော်လည်းကောင်း၊ ကုမ္မဏီကိုသော်လည်းကောင်း
စသဖြင့် ပေးထားတဲ့ မြေယာတွေအင်မတန်မှများပါတယ်။ များတဲ့အခါကျတော့
အရင်တုန်းကပေးတဲ့ဟာကတော့ ကျွန်မ ထင်ပါတယ်၊ သစ်ထုတ်လုပ်ရေးအတွက်လို့ ကျွန်မ
စွတ်စွဲချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဟိုဘက် ဒီနေရာတွေကတော့
သစ်တောသိပ်မရှိပေမယ့် ဘုတ်ပြင်း၊ ဘိတ်တို့ ကျော်ရင် သစ်တောအင်မတန်ပေါပါတယ်။
နောက်ပြီး အဲဒီနေရာတွေဟာ တစ်ဖက်နိုင်ငံနဲ့လည်း အင်မတန် နီးစပ်စွာတည်ရှိနေတာပါ။ ဘုတ်ပြင်း၊ ကော့သောင်း၊ တနသာင်္ရီတို့မှာဆို အင်မတန်ကြီးတဲ့ သစ်တောကြီးတွေ၊ သစ်တောဧရိယာတွေကို သက်ဆိုင်ရာကုမ္မဏီတွေကို ချပေးလိုက်တဲ့အခါကျတော့ သက်ဆိုင်ရာကုမ္မဏီတွေက သစ်တောတွေကို ခုတ်ထွင်ပြီးတော့ သစ်ရယူသွားတာပေါ့နော်။ သစ်ရယူပြီးတော့ ဒီကျန်တဲ့မြေတွေမှာ ဆီအုန်းဆိုလည်း ဆီအုန်း ကျကျနနနဲ့ စနစ်တကျ စိုက်ပျိုးတာမျိုးမဟုတ်ဘူး။ ကျွန်မဆိုလိုတာက စီးပွားဖြစ်ပေါ့နော်၊ တကယ် နိုင်ငံတော်အတွက်လည်း အကျိုးရှိအောင် စိုက်ပျိုးတာမျိုးမဟုတ်ဘဲနဲ့ ဟန်ပြသဘောမျိုး စိုက်ပြီးတော့ မြေနေရာဦးသလိုမျိုး လုပ်သွားကြတဲ့မြေတွေဟာ အင်မတန်မှများပါတယ်။ ဒါ တနသာင်္ရီတိုင်းရဲ့ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ပေါ့။
နောက် ထိုင်းနိုင်ငံမှာ သွားရောက်ပီးတော့ ခိုလှုံနေကြတဲ့ စစ်ဘေးဒဏ်ခံရသူရော၊ စစ်ဘေးဒဏ်မခံတဲ့လူတွေရော ၀င်ရောက်ပြေးပြီး ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ကျွန်မတို့ ပြန်ခေါ်ချင်ပါတယ်။ ကျွန်မတို့ ခေါင်းဆောင်ကလည်း ဒါကို မူဝါဒတစ်ရပ်အနေနဲ့ လုပ်ဆောင်စေချင်တယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်မတို့ရဲ့ မိသားစုတွေပဲ။ အဲတော့ ပြန်လာဖို့ဆိုရင် သူတို့အတွက် ကောင်းတဲ့ပတ်ဝန်းကျင်တစ်ခု ကျွမတို့အနေနဲ့ ဖန်တီးပေးချင်ပါတယ်။ ကောင်းတဲ့ ပတ်ဝန်းကျင်ကောင်းဆိုတာကတော့ သူတို့စားဖို့ သူတို့နေဖို့ သူတို့နေဖို့ အိမ်ရှိရမယ်၊ သူတို့ စားဖို့အတွက်ကတော့ သူတို့လုပ်ကိုင်စရာပေါ့နော်၊ အလုပ်ပေါ့နော်။ ဥပမာ၊ စပါးစိုက်မယ် ဟင်းရွက်တွေစိုက်မယ် စသဖြင့်ပေါ့။
သူတို့ ယိုးဒယားနိုင်ငံမှာ နေတုန်းကအတွေ့အကြှုံဗဟုသုတလည်း ရှိချင်ရှိလာမှာပေါ့။ ဒါတွေကို အသုံးချဖို့မြေ ကျွန်မတို့မှာ ပေးနိုင်ဖို့ လိုနေပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်မက သက်ဆိုင်ရာဥပဒေတွေနဲ့ ညှိနှိုင်းပီးတော့မှ ဥပဒေပညာရှင်တွေကို အကူအညီတောင်းပြီးတော့မှ သူတို့အတွက်မြေရဖို့ကို ကျွန်မတို့ ဘယ်လိုမျိုး ပြန်ပီးတော့သိမ်းယူရမလဲဆိုတာပေါ့နော်။ ဒီမိုကရေစီ ဆိုတာကတော့ တရားဥပဒေစိုးမိုးရေးပဲ ဆိုတော့ ဥပဒေနည်းအရ ကျွန်မတို့ ကြိုးစားနေပါတယ်။
ကြိုးစားနေဆို ပထမအဆင့်အနေနဲ့ကတော့ ဒီမြေတွေ ဘယ်လောက်ရှိလဲဆိုတာ ကျွန်မတို့ တိုင်းပြီးပါပြီ။ ဟိုလူတွေ ယူထားတဲ့မြေ၊ သူတို့စိုက်ပျိုးပြီးမြေ၊ မစိုက်ပျိုးဘဲနဲ့ မြေနေရာဦးပြီးတော့ ဒီတိုင်း တောရိုင်းအဖြစ်နဲ့ ကျန်ခဲ့တဲ့မြေ၊ ကျွန်မတို့ အဲဒါတွေကို အသေချာ ဒေတာ အတိအကျပေါ့နော်၊ အတိအကျတိုင်းပြီးသွားပါပြီ။ အဲတော့ တိုင်းပြီးသွားပြီဆိုတော့ ကျွန်မတို့ ဒီအပတ် လွှတ်တော်မှာ တင်ပါတယ်ရှင့်။
တိုင်းဒေသကြီးလွှတ်တော်မှာ ဒီမြေတွေကို ကျွန်မ ခုနပြောသလိုပဲ အကြောင်းရင်းအမျိုးမျိုးကြောင့် ကျွန်မတို့ ပြန်သိမ်းချင်ပါတယ်ဆိုတာကို လွှတ်တော်ကို ကျွမတို့ အသိပေးပါတယ်။ အသိပေးပြီးလို့ရှိရင်တော့ ကျွန်မတို့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရကို ကျွန်မတို့ တင်ပါမယ်။ ပြည်ထဲရေးကို တင်ပြီးတဲ့အခါ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပြန်သိမ်းပြီးတော့မှ၊ တိုင်းဒေသကြီး ၀န်ကြီးအဖွဲ့က ပြန်လာတဲ့သူတွေ တစ်ယောက်ဆီကို မြေဘယ်နှဧကလောက် ကျွန်မတို့ ပြန်ပေးမယ် ဆိုတာကို ဆုံးဖြတ်ပါမယ်။ သူတို့တပိုင်တနိုင် လုပ်စားလို့ရအောင်ဆိုတာတော့ ကျွန်မတို့ နောက်မှပဲ ဆုံးဖြတ်ပါ့မယ်ရှင့်၊ မြေယာပြဿနာကတော့ အဓိကပဲပေါ့နော်။
အဲ နောက်ဒုတိယအချက်ကတော့ ကျွန်မတို့ဆီမှာကတော့ လျှပ်စစ်မီး မရှိပါဘူး။ ဒီ တနသာင်္ရီတိုင်းဒေသကြီး တစ်ခုလုံး လျှပ်စစ်မီး မရှိပါဘူး။ လျှပ်စစ်မီး မရှိတဲ့အတွက်ကြောင့်မို့ ကျွန်မတို့မှာ စီးပွားဖွံ့ဖြိုးမှု မရှိသလိုမျိုး ဖြစ်နေတာပါ။ ကျွန်မ လျှပ်စစ်မီးရအောင် ကြိုးစားပြီး ဆောင်ရွက်နေတာပါ၊ ဆောင်ရွက်နေတယ်ဆိုတော့လည်း ကျွန်မတို့ဒေသကလည်း ပြောရမယ်ဆိုရင်တော့ national grid အနေနဲ့ကလည်း ဘယ်လိုခေါ်မလဲ အလှမ်းအင်မတန်မှ ကွာဝေးပါတယ်။ နောက်ပြီးတော့ တစ်ခုနဲ့တစ်ခုက ပြတ်နေတယ်။ ကျွန်မတို့ တနသာင်္ရီ ကမ်းရိုးတမ်းတစ်ခုလုံး ၅၈၂ မိုင်ကျော်ရှိပါတယ်။ အဲတော့ အဲဒီ ၅၈၂ မိုင်ကျော်မှာ အခု ထားဝယ်နဲ့ ဘိတ်ကြားထဲမှာဆိုလို့ရှိရင် ပုလောမြို့နယ်ဆိုတာ ရှိပါတယ်။ အဲဒီ ပုလောမြို့မှာလည်း သူ့ဒေသနဲ့သူပဲ သူ့အ၀န်းအ၀ိုင်းနဲ့သူ ဖြစ်နေတယ်၊ လျှပ်စစ်က အဆက်အသွယ်မရှိပါဘူး။ လျှပ်စစ်က အဆက်အသွယ်မရှိတော့ ဒီဆက်သွယ်ရေးကို ကျွန်မတို့လုပ်ဖို့ ဆိုတာလဲ နိုင်ငံတော်က မတတ်နိုင်ပါဘူး။ ၅၈၂ မိုင်ကျော်ဆိုတာ အင်မတန်မှ ဝေးပါတယ်။ ဝေးပြီးတော့ဒီနေရာမှာ ဘာတွေရှိသေးလည်းဆိုတော့ တောင်တွေရှိတာပါ။ တောင်ကြီးတွေ ရှိတဲ့အခါကျတော့ ဒီတောင်ကြီးတွေကို ကျော်ဖြတ်လုပ်နိုင်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။
နောက် ဘိတ်မှာဆိုလို့ရှိရင် ကျွန်းစုဆိုတော့ ကျွန်းတွေရှိပါတယ်။ ဒီကျွန်းတွေကို သွားဖို့လည်း ပင်လယ်ကို ဖြတ်ပြီးတော့ လုပ်ဖို့ ကျွန်မတို့အတွက် တော်တော်အခက်အခဲရှိပါတယ်။ အဲတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် အကောင်းဆုံး လျှပ်စစ်မီးရရှိအောင် ကျွန်မတို့က အခုကြိုးစားနေပါတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီး ဆောင်ရွက်မယ်၊ ကျွန်မတို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကလည်း လုပ်နိုင်တဲ့သူတွေရှိလို့ရှိရင်လည်း၊ ဥပမာ တစ်ယောက်မနိုင်လို့ရှိရင်လည်း ဆယ်ယောက်ပေါ့နော်၊ အဲလိုမျိုးပေါင်းပြီး သမ၀ါယမစနစ်မျိုးနဲ့ ကျွန်မတို့ ပြန်လုပ်ဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ ရှေ့နှစ်ခါလောက်ဆိုရင် လျှပ်စစ်မီး အဆင်ပြေမယ်၊ လျှပ်စစ်မီးအဆင်ပြေမှသာပဲ အသေးစားအလတ်စား လုပ်ငန်းတွေ ရောက်လာမှာပါ။ အဲတော့မှ ကျွန်မတို့ဆီ အလုပ်အကိုင်အခွင့်အလမ်းတွေ ရောက်လာမှာ။
အခုတော့ ကျွန်မတို့ဒေသက ရှိတဲ့လူတွေက၊ အလုပ်လုပ်နိုင်တဲ့လူတွေက ယိုးဒယားနိုင်ငံမှာပဲ သွားလုပ်ပါတယ်။ သူတို့က ဟိုမှာဆိုလို့ရှိရင် တစ်နေ့ကို တစ်သောင်း ကိုက်ပါတယ်။ တစ်နေ့ကို တစ်သောင်း၊ ဗမာငွေမဟုတ်ပေမယ့် ယိုးဒယားငွေနဲ့ တစ်နေ့တသောင်း ပေးနိုင်တယ်ဆိုတော့ သူတို့က ဒီမှာ ဘယ်လောက်ပဲပြောပြော ဘယ်လောက်ပဲ ခေါ်ပီးထားထား၊ ဘယ်လောက်ပဲ လယ်လုပ်ငန်းတွေအတွက် လူမရှိပါဘူးပြောပြော သူတို့မနေပါဘူးရှင့်။ ဟိုဘက်ကို သွားလိုက်တယ်၊ ဟိုဘက်မှာ တစ်သောင်းက ဟိုနိုင်ငံတွေကတော့ လူ့အခွင့်ရေးတွေ လေးစားလိုက်နာရတော့ ရှစ်နာရီဆို ရှစ်နာရီအတိအကျပဲ ခိုင်းတယ်။ မနက် ရှစ်နာရီဆို သူ့အလုပ်ချိန် ရှစ်နာရီတိတိ ခိုင်းတယ်ဆိုတော့ ကျွန်မတို့ဗမာတွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ ၈ နာရီလည်းမဟုတ်၊ ၁၀ နာရီလည်းမဟုတ်ဆိုတော့ သူတို့က အဲလိုမျိုးပေါ့နော်၊ ဟိုယဉ်ကျေးမှုမှာ သူတို့က အဆင်ပြေနေတယ်ဆိုတော့ သူတို့က ဒီမှာမနေပါဘူးရှင့်။
အဲတော့ ကျွန်မတို့မှာ တကယ်အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့သူ မရှိဘူး ဖြစ်နေတယ်။ အခု လယ်တွေဆို အလကားပဲ ပစ်ထားရတယ်။ အိမ်မှာဆိုလို့ရှိရင် အဖိုးတွေ အဖွားတွေပဲရှိတယ်၊ လူကြီးတွေပဲရှိတယ်ဆိုတော့ ဒီလယ်ကိုလည်း တစိုက်မတ်မတ် နွေ မိုး ဆောင်း မလုပ်နိုင်တဲ့အခါကြတော့ ကျွန်မတို့မှာ မြေယာရှိပေမယ့် လုပ်သားမရှိဘူး ဖြစ်နေတယ်။ ဒီအလုပ်လုပ်သမားတွေကို ဘယ်လိုနည်းနဲ့ ဟိုဘက်က ကျွန်မတို့ ပြန်ခေါ်ရမလဲဆိုတဲ့ဟာကလည်း ကျွန်မတို့ရဲ့ စိန်ခေါ်မှုပါပဲရှင့်။
မေး။ ။ ဆရာမတို့မှာ စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော်၊ နောက် သိချင်တာတစ်ခုက ပြည်ထောင်စုအစိုးရ နဲ့ ဆရာမတို့ တိုင်းဒေသအစိုးရကြား လုပ်ရကိုင်ရတဲ့အခါ ဘယ်လို အခက်ခဲတွေ ကြုံနေရလဲပေါ့။ နောက်ပြီး အခြေခံဥပဒေ ဇယား (၂) က ပေးတဲ့အတိုင်း ဘယ်လောက် လုပ်ခွင့််ရှိလဲ ဆိုတာာပါ။
ဖြေ။ ။ ကျွန်မတို့ကတော့ ဇယား(၂)တွေ ဇယား(၃) တွေအတိုင်းပဲ လုပ်ပါတယ်။ အဲ ဒီမိုကရေစီဆိုတာ Rule of Law ပဲလေ၊ အမှန်တကယ်ဆိုလို့ရှိရင် ကျွန်မနိုင်ငံရေးသမားအစစ် မဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက်ပါ၊ ၀န်ထမ်းဆရာဝန်လည်း လုပ်ပါတယ်။ ၀န်ထမ်းဆရာဝန်လုပ်ပြီးနောက်၊ အပြင်ဆရာဝန်အနေနဲ့ လုပ်တဲ့အခါမှာလည်း ကျွန်မတို့ ပရဟိတလုပ်ငန်းတွေ လုပ်ပါတယ်။ လုပ်ရင်း ကျွန်မကတော့ နိုင်ငံရေးသင်တန်းတွေလည်း တော်တော် တက်ဖြစ်ပါတယ်။ EU က လုပ်တဲ့ နိုင်ငံရေးသင်တန်းတေ၊ွ ကျွန်မကလည်းဝါသနာပါလို့ပါ၊ NLD ပါတီ ကိုယ်စားပြုအနေနဲ့ ကျွန်မလိုက်တက်တာပေါ့နော်။ လိုက်တက်တဲ့အခါကျတော့ ဒီမိုကရေစီရဲ့ တကယ့်အနှစ်သာရက တရားဥပဒေစိုးမိုးရေး ပါပဲ။ ကျွန်မတာဝန်ယူတဲ့ အချိန်ကစပြီး ကျွန်မ ဥပဒေကိုတော့ အင်မတန်မှ လေးစားလိုက်နာပါတယ်။
ကျွန်မကိုယ်တိုင်ပေါ့နော် ဘာလုပ်ငန်းတစ်ခုပဲဖြစ်ဖြစ် ကျွန်မ ဥပဒေချုပ်ကို ခေါ်ပါတယ်။ ခေါ်ပြီး ဥပဒေချုပ်ကြီး ဒီကိစ္စက ဇယား(၂)ထဲ မှာ အကျုံးဝင်ရဲ့လား၊ ဇယား(၃)ထဲမှာ ပါလား စသဖြင့် ကျွန်မ အမြဲတမ်း မေးပါတယ်၊ ဘယ်ကိစ္စမျိုးမဆိုပေါ့ မြေယာအလုပ်ပဲဖြစ်ဖြစ်။ အခု သာသနာရေးနဲ့ ပတ်သက်ပြီးတော့ ဘုရားတည်တဲ့ကိစ္စ အမှားယွင်းတစ်ခု ဖြစ်နေလို့၊ လောလောဆယ်မှာ အဲဒါမျိုးဆိုလည်း ကျွန်မ သာသနာရေးကိစ္စပေမယ့် ဥပဒေချုပကိုခေါ်ပြီးတော့ ကျွန်မ မေးပါတယ်။ ဥပဒေချုပ်ကြီး ဒါလေးပြန်ကြည့်ပေးပါဦး၊ ဒီလိုမျိုး ကျွန်မတို့ လုပ်ချင်တယ်ဆိုပြီးပေါ့၊ ဘာပဲဖြစ်ဖြစ် ဥပဒေအတိုင်းပဲ ကျွန်မတို့သွားပါတယ်။
အဲတော့ ကျွန်မကတော့ ဇယား(၂) ဇယား(၃) ကနေ သွေဖယ်ပြီးတော့ မသွားပါဘူးရှင့်၊ အဲဒီ ဇယား(၂) ဇယား (၃) အတိုင်းပဲသွားတယ်။ ဒါပေမယ့်လို့ ကျွန်မတို့ဒေသမှာ ဘာတစ်ခုရှိုလည်းဆိုတော့ ဒီနယ်စပ်ဂိတ်တွေပေါ့နော်၊ ယိုးဒယားနိုင်ငံနဲ့ အင်မတန် နီးစပ်စွာရှိတော့ နယ်စပ်ဂိတ်တွေ အသွားအလာရှိတယ်။ နောက်ပြီးတော့ အ၀င်အထွက်တွေ ငွေကြေးခွဲဝေသုံးစွဲမှုတွေ ရှိတယ်၊ အဲဒါတွေကိုလည်း ဒီ ဇယား(၂) ဇယား(၃) အတိုင်းပဲပေါ့နော်၊ ဒီ decentralization နဲ့ပဲသွားပါတယ်။ ဒါပေမယ့် ဒီလတော့ ကျမတို့ ဘတ်ငွေ ဘယ်လောက်ရတယ်၊ ဒေါ်လာ ဘယ်လောက်ရတယ်၊ ကျွန်မတို့ တိုင်းဒေသကြီးပိုင်ဆိုင်ခွင့်က ဘယ်လောက်ရှိတယ်၊ ကျွန်မတို့ ဘယ်လုပ်ငန်းမှာ သုံးမယ်ဆိုတာ ကျွန်မတို့တော့ အမြဲတမ်း ပြည်ထောင်စုအစိုးရကို တင်ပြပါတယ်။ ကျွန်မကတော့ ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက်ပြီးပဲ လုပ်ပါတယ်ရှင်။
မေး။ ။ ထားဝယ်ရေနက်စီမံကိန်းနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ဒေသခံတွေကို ပြောဆိုကြည့်တော့ တချို့က ဒီစီမံကိန်းပြီးသွားရင် ဒေသအတွက် အလားအလာကောင်းမယ်လို့ မျှော်လင့်တာရှိတယ်။ တချို့လည်း စိုးရိမ်မှုတွေနဲ့ ဆန့်ကျင်ကြတယ်ပေါ့။ အဲတော့ ဆရာမတို့အနေနဲ့ ဒီစီမံကိန်းအပေါ် အကောင်းအဆိုး ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ၂၀၀၈ -ခုနှစ်ထဲက လုပ်နေတဲ့ ပရောဂျက်ကြီးပေါ့နော်၊ အင်မတန်ကြီးမားတဲ့ ပရောဂျက်ပါ။ ဒီ ပရောဂျက်ကြီး ပြီးသွားလို့ရှိရင်တော့ ကျွန်မတို့ဒေသအတွက်တော့ အလုပ်အကိုင်အခွင့်အလမ်းကတော့ နံပါတ် (၁) အဆင်ပြေလာမယ်လို့ ကျွန်မတော့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသကလူတွေက ဟိုဘက်က သူတို့နိုင်ငံမှာရှိတဲ့ သူတို့စက်ရုံတွေမှာပဲ လုပ်နေတာပါ။ သူတို့ရဲ့ ကားစက်ရုံမှာလည်း ကျွန်မတို့ မြန်မာတွေပါပဲ၊ ဘယ်စက်ရုံမျိုးမဆို ကျွန်မတို့ မြန်မာတွေများပါတယ်။ အဲတော့ပြန်လာပြီး ဒီမှာပြန်လုပ်ရမယ်ဆိုလို့ရှိရင် ကျွန်မ ခုနပြောသလိုပေါ့၊ ကျွန်မတို့ရဲ့မိသားစုတွေ ကိုယ့်အိမ်မှာကိုယ် ပြန်နေရမယ်လို့ပဲ ကျွန်မကတော့ ယူဆပါတယ်။ ဒီကစ္စကိုလည်း ဒေါ်စု နဲ့ ကျွန်မ တစ်ခါဆွေးနွေးဖူးပါတယ်။ ဒေါ်စုက ကျွန်မအနေထားက (သဘောထားက) ဘယ်လိုမျိုးလည်းလို့ မေးတဲ့အခါကျတော့ ကျွန်မကတော့ ဖြစ်စေချင်ပါတယ်လို့ ကျွန်မပြောပါတယ်။
အဲ..ဒုတိယအချက်ကတော့ မြေယာပိုင်ဆိုင်မှုပေါ့နော်၊ မြေယာပိုင်ဆိုင်မှု ဆိုတော့ သူတို့ကုမ္မဏီအနေနဲ့က ဒီမြေတွေကို လျော်ကြေးပေးပါတယ်လို့ ပြောပေမယ့်လို့ ကျွန်မတို့စိတ်ထဲမှာကတော့ အားမလိုအားမရ ဖြစ်မိပါတယ်။ လျော်ကြေးက တကယ်တော့ တောင်သူတွေလက်ထဲကို ရောက်တဲ့လျော်ကြေးက အပြည့်အ၀ မရောက်ပါဘူးရှင့်။ ကြားထဲက ကျွန်မတို့ ၀န်ထမ်းတွေရဲ့လာဘ်စားမှုတွေ စသဖြင့် အမျိုးမျိုးနဲ့ပေါ့နော်၊ ကျွန်မတို့ဒေသခံ ဆင်းရဲသားပြည်သူတွေရဲ့လက်ထဲကို လျော်ကြေးက အပြည့်အ၀ မရောက်ပါဘူး။ အဲဒီအတွက်ကြောင့်မို့ အခုက မြေဧက ၆၀၀၀ နီးပါးတော့ လျော်ကြေးကိစ္စတော့ ပြီးသွားပြီပေါ့နော်၊ အရင်အစိုးရ လက်ထက်က လုပ်ထားတာ။ ကျွန်မကတော့ ကျွန်မတို့အစိုးရလက်ထက် ရောက်လို့ရှိရင်တော့ ကျွန်မထင်ပါတယ် ပြည်သူတွေ ဟိုဘက်ကုမ္မဏီက လျော်ကြေးကို ပြည့်ပြည့်၀၀ရအောင် ကျွန်မကတော့ စဉ်းစားထားပါတယ်။
နောက်တစ်ခုကတော့ ဒီရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်လို့ပေါ့နော်၊ လက်ရှိကုမ္မဏီတစ်ခုထဲကတော့ ဒီပရောဂျက်ကြီး တစ်ခုလုံးကို မစွမ်းဆောင်နိုင်ပါဘူးရှင့်၊ ဘာဖြစ်လို့လဲဆိုတော့ အဓိကက ကုန်ဝင်ကုန်ထွက် ကုန်စည် ကူးသန်းရောင်းဝယ်ရေးမှာ လမ်းက အဓိကပါပဲ။ လမ်းက အင်မတန်မှ အရေးကြီးပါတယ်။ ကုန်ထုတ်လမ်း ကုန်သွင်းလမ်း သွင်းကုန်ပို့ကုန်လမ်း မရှိဘဲနဲ့ ကျွန်မတို့ ဘယ်ကပို့မှာလဲ။ အခု ရှိနေတဲ့လမ်းက ကျမတို့ သုံးလို့ မရပါဘူးရှင့်၊ အင်မတန်မှ အန္တရာယ်များပါတယ်။ တောင်ကြီးတွေကိုဖြတ်ဖို့ တော်ရုံတန်ရုံကားဆို ဖြတ်လို့ မရပါဘူး။ ကုန်တွေနဲ့ သွားတဲ့ကားတွေ၊ ဥပမာ ဟိုဘက်နိုင်ငံက ထုတ်လုပ်လိုက်တဲ့ တိုယိုတာကားတွေကို သဘောင်္ပေါ် တင်မယ်ပဲ ဆိုပါစို့၊ လမ်းက ကားတင်တဲ့ကား သွားလို့မရပါဘူး။ အဲတော့ အဲလိုမျိုး လမ်းကောင်းအောင် မလုပ်နိုင်သေးသ၍ကာလပတ်လုံး စီးပွားရေးကောင်းအောင် မလုပ်နိုင်ပါဘူး။
သူတို့ပြောထားတဲ့ SEZ ဆိုတာ deep sea port ရှင့်၊ deep sea port ကြီးတစ်ခုလုံးကို မလုပ်ဘဲနဲ့ သူတို့က အခုဟာ ဘာလုပ်ထားလဲဆိုတော့ small port လို့ခေါ်တဲ့ ဘိလပ်မြေတွေ သံချောင်းတွေပို့တဲ့ port ပဲရှိတာပါ။ အဲတော့ ဒီ port က ကျွန်မတို့ ဒီကုန်တင်သဘောင်္ ပင်လယ်ကူး သဘောင်္ကြီးတွေလည်း နားလို့မရပါဘူး။ အဲတော့ deep sea port မရှိဘဲနဲ့ ကျွန်မတို့ ဒီစီးပွားရေး လုပ်လို့မရပါဘူး။ တကယ်တော့ sea port တစ်ခုရယ်၊ deep port ရယ်၊ လမ်းရယ် အဓိကကျတာကို သူတို့အနေနဲ့ မလုပ်ဆောင်ဘဲနဲ့၊ တခြား စက်မှုဇုံတွေလို စက်ရုံလုပ်ငန်းတွေသက်သက် လုပ်နေရင်တော့ ကျမထင်ပါ ဒီလုပ်ငန်း ကြီးက အကောင်ပေါ်လာနိုင်မှာ မဟုတ်ပါဘူးရှင့်။
မေး။ ။ နောက်မေးချင်တာကတော့ ထားဝယ်၊ မြိတ်၊ ကော့သောင်း တို့လို မြို့ပေါ်မှာ နေထိုင်သူတွေက လုပ်ငန်းရှင်တွေ များတယ်၊ ထိုင်းနဲ့နီးတော့ လူနေမှုအဆင့်အတန်း အတော်လေး မြင့်တာ တွေ့ရပါတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းမှာ နေထိုင်ကြတဲ့သူ ၇၀ ရာခိုင်နှုန်းကျော်က ကျေးလက်နေသူတွေ၊ မြို့ပြနဲ့ ကျေးလက်ကြားမှာ ဆင်းရဲချမ်းသာမှုက အတော်ကွာဟနေတယ်၊ အဲတော့ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ စိုက်ပျိုးရေးလုပ်ငန်းတွေ အမြနလုပ်ဖို့ လိုမယ်ထင်တယ်၊ ဆရာမတို့မှာ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ အမှန်တကယ်တော့ တနသာင်္ရီတိုင်းမှာ အဓိကလုပ်ရမှာ ရေလုပ်ငန်းပါရှင့်။ စိုက်ပျိုးရေးကို ခုန ကျွန်မပြောသလိုလေ စိုက်ပျိုးမယ့်လူ မရှိဘူး၊ စပါးစိုက်ရာသီဆိုလို့ရှိရင် ကျွန်မ လိုက်ကြည့်တယ်၊ ကျွန်မ ခရီးတော့ အသွားများတယ်၊ ကျွန်မက မျက်စိနဲ့မြင်မှ ကျေနပ်တဲ့လူမျိုး အဲလို။ ကျွန်မ လိုက်ကြည့်တဲ့အခါကျတော့ အင်မတန်ကောင်းတဲ့ လယ်တွေပေါ့နော်၊ ကျွန်မတို့လည်း လယ်သမားသားသမီးပါပဲ၊ အင်မတန်ကောင်းတဲ့ လယ်တွေမှာ စိုက်ပျိုးမယ့်လူမရှိပါဘူး၊ အင်မတန် ၀မ်းနည်းဖို့ကောင်းပါတယ်။ မြစ်ဝကျွန်းပေါ်လိုပဲ ကျွန်မတို့မှာလည်း နုံးတင်မြေနုတွေများတယ်လေ၊ ပင်လယ်နဲ့လည်း နီးနေတယ်ဆိုတော့ အဲလိုမြေတွေကို စိုက်ပျိုးမယ်လူ မရှိပါဘူးရှင့်။ အခု ရာဘာတွေလိုမျိုးတော့ စိုက်ကြပါတယ်၊ ရာဘာက စပါးလိုမျိုးတော့ အမြဲတစေ လုပ်နေစရာမလိုဘူး၊ တနှစ်တခါ စိုက်ပြီးလို့ရှိရင် တောခုတ်ချိန်ကျ တောခုတ်ပေး၊ မြေသြဇာကျွေးပြီးလို့ရှိရင် ပြီးသွားပြီဆိုတော့ အဲဒါတွေတော့ သူတို့ဟိုဘက်နိုင်ငံက လုပ်တဲ့သူတွေ ပြန်လာလုပ်ကြတယ်။ ဒါဒို့ခြံ ခုတ်တဲ့အချိန် ခုတ်မယ်၊ ထွင်တဲ့အချိန် ထွင်မယ်၊ သူတို့မြေသြဇာကျွေးမယ်၊ ကျွေးပီးပြန်သွားမယ် သူတို့မှာလည်း အလုပ်ပိတ်ရက်တွေ ပေးတယ်ထင်ပါတယ် အဲလိုမျိုးတော့ လာလုပ်ကြပါတယ်၊ နောက်ပြီး စပါးစိုက်ပျိုးမှု အင်မတန်မှ အားနည်းပါတယ်။
နောက် ကျွန်မတို့ဒေသ ထားဝယ်မှာ ရေလုပ်ငန်း များပါတယ်၊ ဘိတ်မှာဆို ပိုများပါတယ်။ အခုသွားလို့ရှိရင် ၀င်လိုက်တာနဲ့ လှေတွေများပါတယ်။ ရေလုပ်ငန်းကို ကျွန်မတို့က အရင်တုန်းကတော့ ထိုင်းအစိုးရရဲ့ လက်ဝေခံဘ၀နဲ့ နေနေရာကနေ အခုတော့ EU ရဲ့ပံ့ပိုးမှုနဲ့တော့ တော်တော်တော့ အဆင်ပြေလာပါပြီ၊ ဒီ့ထက်အဆင်ပြေအောင်လည်း ကျွန်မတို့ ကြိုးစားနေပါတယ်။ ဘိတ်မှာလည်း ကျွန်မတို့ workshop လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်မတို့ workshop လုပ်တဲ့အခါ ပြည်သူတွေရဲ့အသံ ရပ်ကျေးအုပ်ချုပ်မှူးရဲ့အသံ သက်ဆိုင်ရာတိုင်းဦးစီးမှူးရဲ့အသံ၊ အဲဒါတွေနဲ့ပူးပေါင်းပြီး ဘယ်လိုဖွံဖြိုးရေးလုပ်ကျမလဲဆိုတာ ရည်ရွယ်ပြီး ကျွန်မတို့ လုပ်ပါတယ်။
ဒီဒေသအတွက် တတိယလုပ်ငန်းကတော့ ခရီးသွားလုပ်ငန်းပါ။ ခရီးသွားလုပ်ငန်းက အခု ထားဝယ်မှာဆိုလည်း ဘုတ်ကျွန်းတွေလိုမျိုး မောင်းမကန်လိုမျိုး၊ ဟိုဘက်မှာ ဒီထက်လှတဲ့ ကမ်းခြေတွေလည်း အများကြီးပါပဲ။ အဲဒါတွေကို ကျွန်မတို့ ထားဝယ် ရှင်ကိုးရှင်မျိုး များများပေါ့နော်၊ ခေတ်ပေါ် နည်းစနစ်တွေနဲ့ tourism package တွေလုပ်နိုင်မယ်ဆိုရင် လုပ်ငန်းတွေက တော်တော်ကောင်းသွားမှာပါ။ နောက် ဘိတ်ကျွန်းစုပေါ့နော်၊ ဘိတ်မှာ ကျွန်းစုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ အရင်အစိုးရက ရောင်းသွားတဲ့ကျွန်း ၁၀ ကျွန်းရှိပါတယ်၊ အဲဒီကျွန်းတွေမှာ လည်း လုပ်ငန်းတွေကတော့ အကောင်အထည်မပေါ်သေးပါဘူး။
ကျွန်မတို့အခုမနက်ကပဲ စဉ်းစားတယ်၊ ဘယ်လိုလဲဆိုတော့ ဒီနှစ်မှာ tourism package ဖွင့်လိုက်တယ်ဆိုတော့၊ အစိုးသစ်လက်ထက်ဆိုတော့ package တွေကို ယိုးဒယားကလည်း တော်တော်ဝယ်ကြပါတယ်။ နိုင်ငံခြားသားတွေက ဒီကျွန်းစုတွေကို ခရီးထွက်လေ့လာဖို့ဆိုပြီးတော့ ၀ယ်လာတယ်၊ အဲဒါ ကျွန်မတို့မှာ ဘာမှ အဆင်သင့်မဖြစ်သေးဘူးရှင့်။ အမှန်တိုင်း ပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ commode အိမ်သာမျိုး မျက်နှာသစ်တဲ့နေရာမျိုး အဲဒါကို မရှိသေးတာပါ၊ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်ရှင့်။ အရင်တုန်းကတော့ သူတို့က 'ကကကြီး' က ခွင့်ပြုချက်ပါမှ လေ့လာလို့ရတယ်လို့ တားမြစ်ချက် တစ်ခုရှိနေတာပါ၊ အခုတော့ ဒီတားဖြစ်ချက်တွေ ကျွန်မ ကြိုးစားပြီးတော့ လုပ်ဆောင်လိုက်တဲ့အခါမှာ မရှိတော့ပါဘူး။
နောက်ပြီးတော့ ဘုတ်တွေ ဘာတွေကိုလည်း ဘယ်လိုပြောရမလဲဆိုတော့ ဖူးခက်ကမ်းခြေက သူတို့က ဒီဟာတွေကို လွှမ်းမိုးချုပ်ကိုင်ထားချင်ပါတယ်။ ဒီဘိတ်ကျွန်းစုကို ဖူးခက် tourism ကုမ္မဏီတွေက လက်ဆုပ်လက် ကိုင်လုပ်ချင်ကြတယ်။ လက်ဆုပ်လက်ကိုင်လုပ်ချင်တော့ ဘယ်သူတွေနဲ့ ပူးပေါင်းလည်းဆိုတော့ ကျွန်မတို့ တိုင်းဒေသ ဟိုတယ်နဲ့ ခရီးတွေကို influence ပေးပါတယ်၊ နည်းအမျိုးမျိုးနဲ့ပေါ့နော် ချယ်လှယ်တာပေါ့ ချုပ်ကိုင်တာပေါ့။ ကျွန်မလက်ထက်မှာ ကျွန်မတို့အားလုံး လုပ်ပစ်ပါတယ်၊ ကျွန်မ အချုပ်ကိုင်မခံပါဘူးရှင့်။ ဘုတ်တွေဘာတွေလဲ အရင်တုန်းက ဘုတ်သုံးစီး လိုချင်ပါတယ်ဆို ဖူးခက်ကိုလှမ်းမှာရတယ်၊ ဖူးခက်က ဘုတ် ၃ စီး လာတယ်။ အဲတော့ ကျွန်မတို့ ဖူးခက်ကို လုပ်ကျွေးမှာလား ကိုယ့်နိုင်ငံက ဒေသခံလူတွေ စီးပွားရေးတိုးတက်ဖို့ လုပ်မှာလားလို့ အဲလိုပဲ ကျွန်မ မေးရပါတယ်၊ ကျမမှာတော့ တော်တော်လေးကိုတော့ စိန်ခေါ်မှုတွေ များပါတယ်။
ဒါပေမယ့်လို့ ကျွန်မတို့ တတ်နိုင်သလောက် ကြိုးစားပြီးလုပ်တဲ့အခါကျတော့ ဒီနှစ်တော့ ကျွန်မတို့မှာ ခုနလိုအပ်နေတဲ့ ဘုတ်အတွက်လည်း အဆင်ပြေပါပြီရှင့်၊ 'ကကကြီး' ကို ခွင့်တောင်းခံရတယ်ဆိုတာလည်း မရှိတော့ဆိုတော့ လွတ်လွတ်လပ်လပ် ၀င်လို့ထွက်လို့တော့ ရနေပါပြီ။ အဲဒီအတွက်ကြောင့် ကျွန်မတို့ဘက်က လုပ်ပေးရမှာက အခု ရဲပေါ့နော် လုံခြုံရေး၊ ခရီးသွားလာသူတွေရဲ့ လုံခြုံရေး ကျမ်းမာရေးကို ကျွန်မတို့ တာဝန်ယူရတော့မယ်လေ။ ကိုယ့်အိမ်ကို ဧည့်သည်လာပြီဆိုတော့ လုံခြုံရေး ကျန်းမာရေး တာဝန်မယူလို့မရဘူးလေ၊ အဲဒါ ကျွန်မတို့အတွက် နည်းနည်းပြဿနာရှိလာပါတယ်။
နောက်ပြီးတော့ ခုန ကျွန်မပြောတဲ့ အိမ်သာတွေ မျက်နှာသစ်ခွက်တွေ ခေတ်မှီမှီပေါ့နော်၊ ကျွန်မဆိုလိုတာက ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းလည်းရှိအောင် ဒါတွေကို ကျွန်မလုပ်ပေးရမှာပါ၊ နောက်ပြီးတော့ အအေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် convenient store လေးလိုမျိုး ကျွန်မ လုပ်ပေးရပါ့မယ်။ အဲဒါတွေလုပ်ဖို့ ကော့သောင်းကို နောက်တစ်ပတ် သွားပြီးတော့ ဟိုက လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုမျိုးအကောင်းဆုံး လုပ်ရမလဲဆိုတာ ကျွန်မတို့ ညှိနှိုင်းပါ့မယ်ရှင့်။ အဲဒါလေးပြီးသွားရင်တော့ ခုလောလောဆယ် လာတဲ့ခရီးသွားတွေအတွက်တော့ နည်းနည်း မျက်နှာပန်းလှမှာပါရှင့်။
မေး။ ။ နောက် လူအတော်များများ ပြောကြတာပေါ့၊ ဒေသအုပ်ချုပ်ရေးတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိနေသေးတယ်ဆိုတာပါ။ ဆရာမတို့ တိုင်းဒေသကြီးအနေနဲ့ရော လုပ်ရကိုင်ရတဲ့အခါ ပြည်ထဲရေးဌာနအောက်က အရာရှိတွေရဲ့ လွှမ်းမိုးမှု ဘယ်လောက်ခံရသလဲ၊ နောက် တိုင်းဒေသအတွင်း ၀န်ထမ်းတွေနဲ့ ဆောင်ရွက်ရတဲ့အခါ အဆင်ပြေမှုရှိပါရဲ့လား။
ဖြေ။ ။တနသာင်္ရီတိုင်းမှာတော့ အခက်အခဲကြီးကြီးကျယ်ကျယ်မရှိ ပါဘူးရှင့်။ ကျွန်မတို့ စရောက်ခါစကတော့ နည်းနည်းလေးခက်ပါတယ်၊ ခက်တယ်ဆိုတာ သူတို့က ပညာစမ်းချင်တာမျိုးတွေရှိတာပေါ့၊ အရပ်သားအစိုးရဟာကိုး။ ကျွန်မဆိုလို့ရှိရင် သူတို့တွေ မြင်ကို မမြင်ဖူးပါဘူး။ ကျွန်မက အစကတည်းကလည်း မိခင်တစ်ယောက်မျှပါပဲ။ ကျွန်မက ဆေးခန်းထိုင်ရတာနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရတာနဲ့ ကိုယ့်ဟာကိုယ် လုံးလည်ချာလည်လိုက်နေတာ၊ အဲတော့ နိုင်ငံရေးသမားဆိုလည်း တကယ့်ထင်ထင်ရှားရှား နိုင်ငံရေးသမားမျိုး မဟုတ်ဘူး။ ရုံးပိတ်ရက်တွေဆို ကျွန်မကလေးတွေရော ဘာတွေရော စားအိုးစားခွက်တွေ
မေး။ ။ နောက် လူအတော်များများ ပြောကြတာပေါ့၊ ဒေသအုပ်ချုပ်ရေး တွေဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိနေသေးတယ်ဆိုတာပါ။ ဆရာမတို့ တိုင်းဒေသကြီးအနေနဲ့ရော လုပ်ရကိုင်ရတဲ့အခါ ပြည်ထဲရေးဌာနအောက်က အရာရှိတွေရဲ့ လွှမ်းမိုးမှု ဘယ်လောက်ခံရသလဲ၊ နောက် တိုင်းဒေသအတွင်း ၀န်ထမ်းတွေနဲ့ ဆောင်ရွက်ရတဲ့အခါ အဆင်ပြေမှုရှိပါရဲ့လား။
ဖြေ။ ။တနသာင်္ရီတိုင်းမှာတော့ အခက်အခဲကြီးကြီး ကျယ်ကျယ်မရှိ ပါဘူးရှင့်။ ကျွန်မတို့ စရောက်ခါစကတော့ နည်းနည်းလေးခက်ပါတယ်၊ ခက်တယ်ဆိုတာ သူတို့က ပညာစမ်းချင်တာမျိုးတွေရှိတာပေါ့၊ အရပ်သားအစိုးရဟာကိုး။ ကျွန်မဆိုလို့ရှိရင် သူတို့တွေ မြင်ကို မမြင်ဖူးပါဘူး။ ကျွန်မက အစကတည်းကလည်း မိခင်တစ်ယောက်မျှပါပဲ။ ကျွန်မက ဆေးခန်းထိုင်ရတာနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရတာနဲ့ ကိုယ့်ဟာကိုယ် လုံးလည်ချာလည်လိုက်နေတာ၊ အဲတော့ နိုင်ငံရေးသမားဆိုလည်း တကယ့်ထင်ထင်ရှားရှား နိုင်ငံရေးသမားမျိုး မဟုတ်ဘူး။ ရုံးပိတ်ရက်တွေဆို ကျွန်မကလေးတွေရော ဘာတွေရော စားအိုးစားခွက်တွေရော တင်ပြီး ရွာတွေ ဆေးသွားကုတယ်။ ကရင်ရွာတွေမှာ မိသားစုတွေလေ၊ အဲမှာသွားနေ သွားစားပြီးတော့ ဆေးသွားကုပါတယ်၊ အဲလိုမျိုးဆိုတော့ ကျွန်မကို သိပ်မသိကြပါဘူး။ ကျွန်မ ဒီနေရာ လာထိုင်တော့ သူတို့ အထင်သေးပါတယ်ရှင့်၊ အထင်သေးတော့ ပညာတော့စမ်းတယ်။ ဒါပေမယ့် ကျွန်မကတော့ မေတ္တာတရားနဲ့ပဲ သွားပါတယ်။
ကျွန်မ ဒီလိုပဲ ညှိနှိုင်းဆွေးနွေးမှု လုပ်ပါတယ်၊ တကယ့်နိုင်ငံရေးသမားလိုပဲ ကျွန်မ ဒီတာဝန်ကို လုပ်ပါတယ်။ တိုင်းဦးစီးမှူးကို ကျွန်မ negotiate လုပ်တယ်။ ဒို့နိုင်ငံက နှစ် ၅၀ ကျော် ခေတ်နောက်ကျလာတာ အခု ဒို့ခေတ်မှာ ပြောင်းလဲအောင် တစ်ခုလုပ်ချင်တယ်။ အဲတော့ ပြောင်းလဲအောင် လုပ်ချင်တဲ့အခါမှာ မင်းတို့လည်းအတူ ပါဝင်ရမယ်၊ အရင်တုန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မတို့ စိတ်မ၀င်စားဘူး၊ ရှေ့သွားမယ့်ခရီးမှာ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်အောင် ကြိုးစားပေးပါဆိုပြီးတော့ အဲလိုမျိုးနဲ့ ကျွန်မသွားပါတယ်။ အခုတော့ ကျွန်မရဲ့အစိုးရအဖွဲ့နဲ့ သိပ်ပြီးတော့ ဘာပြဿနာမှ အကြီးအကျယ်တော့မရှိပါဘူး။ ဒါပေမယ့် လူဆိုတာ လက်ကိုက အတိုအရှည် မညီသေးတာလေ။ ရှိတာတော့ရှိပါတယ်၊ ရှိတော့လည်း ချော့တစ်ခါ ခြောက်တလှည့်နဲ့ပဲ သွားရတာပါပဲ။
မေး။ ။ ဒီမေးခွန်းကတော့ ပုဂ္ဂိုလ်ရေးနဲ့ နည်းနည်းသက်ဆိုင်ပါတယ်၊ ဆရာမ ၀န်ကြီးချုပ် ထမ်းဆောင်ရတဲ့ သက်တမ်းကာလအတွင်း တင်္နသာရီတိုင်းအတွက် ဘယ်လိုအိပ်မက်တွေ ရှိထားလဲဆိုတာပါ။
ဖြေ။ ။ကျွန်မ သက်တမ်းကာလမှာ ပထမဦးဆုံး လျှပ်စစ်၊ ကျွန်မ ဈေးပေါပေါနဲ့ ပြည်သူတွေကို ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျှပ်စစ်မီးမရှိတော့ အခုဆိုရင် လာပြောနေတယ်၊ ကျွန်တော်တို့ကတော့ ပလပ်စတစ်စက်ရုံမျိုး လုပ်ချင်တယ်၊ ဒါတကယ်လုပ်သင့်တဲ့ဟာလေ။ ရန်ကုန်မြို့မှာဆို အများကြီးပဲဟာကို စက်မှုဇုံပေါ့နော် စက်မှုဇုံဆိုတာ ဟိုအကြီးမားကြီး SEZ လိုမျိုးမဟုတ်ဘူးပေါ့နော်၊ ကိုယ့်ဒေသတွက် လိုအပ်တဲ့ဟာပေါ့နော် ကျမတို့ထုတ်ချင်ပါတယ်။ လျှပ်စစ်ကို ပြည်သူအားလုံး သုံးစွဲနိုင်တဲ့ဈေးမျိုးနဲ့ ကျွန်မလူထုကို ပေးချင်ပါတယ်။
နောက်တစ်ခုက ပညာရေးပါ ပညာရေးမကောင်းဘဲနဲ့ တော့ ကျွန်မတို့ရဲ့ ပခုံးပြောင်းတာဝန်ပေးမယ့်လူတွေ အရည်အချင်းအားနည်းနေလို့ရှိရင် ကျွန်မတို့နိုင်ငံ တော်တော်နဲ့ ပြန်ထနိုင်မှာမဟုတ်ပါဘူး။ ပညာရေး အားကောင်းလာအောင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲဆိုတာ သွားတဲ့နေရာမှာပဲ ကျွန်မတို့ ပညာရေးဆွေးနွေးပွဲ လတိုင်းလုပ်ပါတယ်။ ကျောင်းအုပ်ဆရာတွေ ဆရာမကြီးတွေနဲ့ ဘယ်လိုမျိုးလုပ်ရင်ကေင်းမလဲပေါ့၊ အင်္ဂလိပ်စာ သချာင်္ အရမ်းညံ့ကြပါတယ်။ ကျွန်မတို့ဒေသမှာ စကားကိုက မတူဘူးလေ၊ မတူဘူးဆိုတော့ ကျွန်မသမီးလေးကိုက စာစီစာကုံးရေးလို့ရှိရင် သူက ထားဝယ် ရဲ့အသုံးအနှုံးပေါ့နော်၊ ထားဝယ် သဘောင်္သီးဆိုလို့ရှိရင် ရှင်းကို့သီးဆိုပြီး ရှင်းကို့သီးလို့ ထည့်ရေးတယ်၊ အဲလိုမျိုးတွေပေါ့နော်၊ ဒါ ဥပမာပေးတာပါ။
ပညာရေးတွေအဆင့်မြင့်လာအောင် ကျွန်မတို့ ဘယ်လိုမျိုးကြိုးစားမလဲဆိုတော့ ကျွန်မ အခုကျောင်းမှာကို ဗမာလိုပြောခိုင်းပါတယ်။ ဒေသခံစကားအသုံးနှုံးကို မသုံးတော့ဘူး၊ ဒေသခံစကားကို ချိုးနှိမ်တာမဟုတ်ဘူးနော်။ ဒါပေမယ့် ခုနကလိုမျိုး အရေးအသားတွေ မှားလာမှာဆိုးလို့ ကျွန်မ အဲလိုမျိုးတွေ ကြိုးစားနေပါတယ်။ နောက်ပြီးတော့ မြို့ကြီးတွေက ဆရာ ဆရာမတွေကိုခေါ်ပြီး ဒီက ဆယ်တန်းဆရာ ဆရာမတွေကို သင်တန်းပေးပါတယ်။ သီတင်းကျွတ် တန်ဆောင်တိုင် အားလပ်ရက်တွေအတွက် ကျွန်မတို့ ပြင်ဆင်နေပါတယ်။
မေး။ ။ နောက်ဆုံး မေးခွန်းလေးပါပဲ၊ အခု နေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးပြဿနာကို ကြုံတွေ့နေရပါတယ်။ ဆရာမတို့ တနင်္သာရီတိုင်းအနေနဲ့ကော ဘိန်းနဲ့ မူးယစ်ဆေးဝါးကိစ္စတွေ ဘယ်လို အခြေအနေရှိပါသလဲ၊ အစိုးရအဖွဲ့အနေနဲ့ ကိုင်တွယ်ဖြေရှင်းနေရပြီလား ခင်ဗျ။
ဖြေ။ ။ သူက ဘိန်းစာရွက်ဆိုတဲ့ ပြဿနာတစ်ခု ရှိပါတယ်၊ ဘိတ်မှာ သူက ဘိန်းစာရွက်ဆိုတာကတော့ ဆေးခြောက်ပဲ ဆေးခြောက်အရွက်လိုမျိုးပဲ။ ဒါပေမယ့် အဲဒါကို အားလုံးစားတယ်၊ ဘိတ်တွေ တနသာင်္ရီတွေ ဘုတ်ပြင်းတွေဆိုရင် သူတို့ရဲ့ habit ပဲ။ နေမကောင်းဘူး အစာမကြေဘူးဆိုရင်လည်း အဲဒါလေးစားလိုက် ကောင်းသွားတယ်ဆိုပြီးတော့၊ အလုပ်ကြမ်းသမားတွေ ညနေကြရင် လဖက်ခြောက်ခတ်ပြီးတော့ သောက်လိုက်တယ်။ ဒါက တကယ်တော့ opium ဖြစ်နေတာ၊ အခု ဒီက opium ပြဿနာက ဘိန်းစာရွက် ပြဿနာပဲ။
နောက် ဆေးပြားလည်း ရှိပါတယ်ရှင့်၊ ကျွန်မတို့တော့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပီးဖမ်းတယ် ဖမ်းပေမယ့် ကျွန်မတို့မှာ ၀မ်းနည်းစရာကောင်းတာ တကယ့် အကြီးကြီးတွေက ဖမ်းမယ်လို့ လိုက်လိုက်တာနဲ့ ပျောက်ပျောက်သွားတယ်။ ပျောက်သွားဆို သူတို့မှာပြေးစရာ လမ်းကြောင်းအဆင်သင့်ရှိတာကိုး၊ ယိုးဒယားကိုသူတို့ပြေးသွားရင် ပျောက်သွားတာကိုး။ အဲဒါတော့ ကျွန်မတို့မှာ တော်တော်ဝမ်းနည်းစရာကောင်းပါတယ်။ ကျန်တာတော့ ခုန ဘိန်းစာရွက်ပြသနာပေါ့နော်၊ ဘိန်းစာရွက်ကတော့ သူက ဘိန်းစာရွက်ရှိတဲ့ နေရာတွေကို ကျွန်မတို့ ခုတ်ပါတယ်၊ ခုတ်ပြီးမီးရှို့ ကျွန်မတို့ အဲဒါတော့ လုပ်ပါတယ်။ သူကလည်း သိပ်တော့ WY ဆေးပြားတွေလို သိပ်တော့ ဒုက္ခမပေးပါဘူး၊ ဆေးခြောက်လောက်လဲအဆင့်မမြင့်ပါဘူး။ ဘိမ်းစာရွက်ဆိုတာ ဆေးခြောက်ထက်လည်း နိမ့်ပါတယ်၊ သူက ဒေသသုံးပေါ့နော်၊ ဒီဒေသတွေမှာ အမြဲတမ်း အသုံးပြုပါတယ်။ ပြသနာရှိပါတယ် မူးယစ်ဆေးဝါး ကျွန်မတို့လည်း အတတ်နိုင်ဆုံး လုပ်နေတာပါပဲ။ အဓိကကတော့ ရခိုင်ဘက်ကလာတာ၊ ပင်လယ်ရေလမ်းကြောင်းကနေ လာတာတွေပါ။
မေး။ ။ အခုလို တနင်္သာရီတိုင်းဒေသအစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ စိန်ခေါ်မှုတွေကို စိတ်ရှည်ရှည် ရှင်းလင်းဖြေကြားပေးတဲ့အတွက် ၀န်ကြီးချုပ်ကို အလွန်ကျေးဇူးတင်ပါတယ်ခင်ဗျာ။
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ

No comments:
Post a Comment