ရေးသားသူ- အားမာန်၊ ထွန်းခိုင်
မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်း၍
အိန္ဒိယနိုင်ငံတိုင်အောင်၊ တောင်ပိုင်းတစ်လျှောက် မြစ်ဝကျွန်းပေါ်ဒေသအားဖြတ်၍
ကပ္ပလီပင်လယ်အထိ ရှည်လျားလှသော စစ်ကိုင်းပြတ်ရွေ့ကြော (စစ်ကိုင်းငလျင်ကြော)ကို
စတင်ဖော်ထုတ် တွေ့ရှိလိုက်ပြီးနောက် ဒေါက်တာဝင်းဆွေအဖို့ ခံစားချက်နှစ်မျိုး
ဖြစ်ပေါ်လာသည်။
ယင်းမှာ လပေါင်းများစွာ ကြိုးပမ်းဖော်ထုတ်ခဲ့ရသော သုတေသနအောင်မြင်မှုအတွက်
ပီတိနှင့် ငလျင်ကြောပေါ်တွင် ထိုင်နေသည့် မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှု။
“လုပ်ငန်းအောင်မြင်မှုအနေနဲ့ စိတ်ထဲမှာ ပီတိဖြစ်တယ်။ Second Thought (ဒုတိယအတွေး)
ဒါကအန္တရာယ်ရှိတယ်။ ဒါကြောင့်လည်း ငလျင်အကြောင်းကို ပိုပြီးတော့
နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖြစ်တာ”ဟု အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ
ဘူမိဗဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့် မြေငလျင်ပညာရှင်
ဒေါက်တာဝင်းဆွေက ပြောပါသည်။
တက္ကသိုလ်တွင် ဆရာလုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား
သူစတင် သုတေသနပြုသည်။ ပြတ်ရွေ့အသေးတစ်ခုဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာယူ၍
ကွင်းဆင်းသုတေသနပြုရင်းမှ မြန်မာနိုင်ငံ မြေပုံအလယ်တည့်တည့်မှ ဖြတ်သွားကာ
ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခုဖြစ်မှန်း ဒေါက်တာဝင်းဆွေ
သိလိုက်ရတော့သည်။
“လားလား ငလျင်ကြီး တော်တော်များများက စစ်ကိုင်းငလျင်ကြော တစ်လျှောက်မှာ
လှုပ်ခဲ့တာပဲ။ မြန်မာပြည်မြောက်ပိုင်းမှာ ပိုလှုပ်တယ်။ လူသိပ်မရှိလို့ သက်သာခဲ့တာ”ဟု
စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ပတ်သက်၍ ဆက်တိုက် လေ့လာသုတေသနပြုကာ၊ ငလျင်သမိုင်းကိုပါ
ရှေးဟောင်းဘုရား ကြိုကြားမကျန် ထဲထဲဝင်ဝင် လေ့လာရင်း တွေ့ရှိရချက်ကို
ဒေါက်တာဝင်းဆွေက ဆက်ပြောသည်။ အင်းဝငလျင်၊ စစ်ကိုင်းငလျင်၊ ပဲခူးငလျင်စသော
ငလျင်ကြီးများမှာ ထိုပြတ်ရွေ့တစ်လျှောက် လှုပ်ခဲ့ခြင်းဖြစ်ပါသည်။
သဘာဝသယံဇာတကြွယ်ဝမှုမှာ မြန်မာနိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သည်။ ကျောက်စိမ်း၊ ပတ္တမြား၊
ကျောက်မျက်ရတနာမျိုးစုံ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုမျိုးစုံ၊ ကျွန်းသစ်စသဖြင့်
မြေပေါ်မြေအောက် သဘာဝသယံဇာတ ပေါကြွယ်ဝလွန်းလှသည်။ မြန်မာလူမျိုး အားလုံးနီးပါးကလည်း
တိုင်းပြည်၏ သယံဇာတကြွယ်ဝမှုကို ဂုဏ်ယူသည်။ တစ်ဖက်တွင် သဘာဝသယံဇာတ ပေါလှသကဲ့သို့
သဘာဝဘေးအန္တရာယ် အထူးသဖြင့် မြေငလျင်အန္တရာယ် များပြားအောင် သဘာဝက
ဖန်တီးပေးထားပြန်ပါသည်။ နိုင်ငံ၏ ပထ၀ီအနေအထားမှာ စစ်ကိုင်းငလျင်ကြောပေါ်
ငုတ်တုတ်ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေး၏။
ကျောက်ကြမ်းပြတ်ရွေ့ကြော၊ ကဘော်ပြတ်ရွေ့ကြော၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့
စသဖြင့်။
ကမ္ဘာတွင် မြေငလျင် အန္တရာယ်ကြီးသော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း
အပါအ၀င်ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူအများစုက မြေငလျင်အန္တရာယ် ကြီးသည်ကို
မသိကြပါ။ ခေတ်အဆက်ဆက် အစိုးရများကလည်း မြေငလျင်နှင့်ပတ်သက်၍ လူထုသို့
ကျယ်ပြန့်စွာ ပညာပေးခြင်း မရှိခဲ့ပါ။
မိုးကောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ အင်းဝ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ၀မ်းတွင်း၊
မြစ်သား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ သုံးခွစသော မြို့များအောက်တွင် စစ်ကိုင်းငလျင်ကြော
တည်ရှိသည်။ ထိုမြို့များသာမက အနီးတစ်ဝိုက်ရှိ မြို့ကြီးများမှာလည်း
မြေငလျင်အန္တရာယ်ကို သတိထားရန်လိုသည်။ မြေငလျင်ပညာရှင်များကတော့ လူနေသိပ်သည်းသော
မြန်မာနိုင်ငံအောက်ပိုင်းတွင် မြေငလျင်ကြီးလှုပ်မည်ကို ပူပန်နေသည်။ အထူးသဖြင့်
ပဲခူးဒေသတွင် ငလျင်လှုပ်မည်ကို စိုးရိမ်နေကြသည်။ ပဲခူးမြို့တွင် ၁၉၃၀ မေလ ၅ ရက်က
ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၃ ပမာဏရှိ မြေငလျင်လှုပ်၍ ပဲခူးဒေသတွင် လူ ၅၀၀၊
ရန်ကုန်မှ လူ ၅၀ ၀န်းကျင် သေဆုံးခဲ့သည်။ ယခုကာလ ထိုငလျင်မျိုး ပြန်လှုပ်ပါက
လူနေပိုသိပ်သည်းလာကာ အဆောက်အအုံပိုများလာ၍ ပျက်စီးဆုံးရှုံးမှု ပိုများနိုင်ကြောင်း
ဒေါက်တာဝင်းဆွေက ပြောသည်။
၂၁ ရာစုရောက်သည့်တိုင် မြေငလျင်လှုပ်မည်ကို ပညာရှင်များ သိသော်လည်း
မည်သည့်အချိန်တွင် လှုပ်မည်ကိုမူ မြန်မာသာမက ကမ္ဘာမှ မည်သည့်ပညာရှင်မှ
ကြိုတင်မခန့်မှန်းနိုင်သေးပါ။ ထို့ကြောင့် ကြိုတင်ကာကွယ်ထားခြင်းမှာ
အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း မြေငလျင်ပညာရှင်နှင့် အင်ဂျင်နီယာပညာရှင်တို့က
အကြံပြုသည်။
“အခုတော့ ငလျင်နဲ့ပတ်သက်တဲ့ အင်ဂျင်နီယာ အတတ်ပညာကလည်း တော်တော်တိုးတက်နေပြီ။
ဒါပေမဲ့ ငလျင်ကို ကျွန်တော်တို့က ကြိုတင်ပြီးတော့ မခန့်မှန်းနိုင်ဘူး။ ဘယ်နေရာမှာ၊
ဘယ်ဒေသမှာ၊ ဘယ်အချိန်မှာ လှုပ်မယ်ဆိုတာလဲ ခုချိန်ထိ ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ကိစ္စ
ဖြစ်နေသေးတယ်။ သိပ္ပံပညာရပ် အပြင်ဘက် လက်လှမ်းမမီသေးတဲ့ နေရာကို ရောက်နေသေးတယ်။
မခန့်မှန်းနိုင်ဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့မှာ တစ်ခုတည်းသော နည်းလမ်းက
ဆောက်တဲ့အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ဖို့ပဲရှိတော့တာပေါ့”ဟု
အင်ဂျင်နီယာပညာရှင်ဖြစ်ပြီး၊ အထပ်မြင့်အဆောက်အအုံများ ကြီးကြပ်စစ်ဆေးရေးကော်မတီကို
စတင်တည်ထောင်ပေးခဲ့သော ဒေါက်တာညီလှငယ်ကပြောသည်။
“ငလျင်လှုပ်ရင် လူသေတာက ငလျင်လှုပ်လို့ သေတာမဟုတ်ဘူး။ အပေါ်က အဆောက်အအုံတွေ
ပြိုကျလို့ ပိသေတာ။ အပေါ်က ပြုတ်ကျစရာမရှိရင် အန္တရာယ်မရှိဘူး” မြေငလျင်ကော်မတီ
အတွင်းရေးမှူး ဦးစိုးသူရထွန်းကပြောသည်။ လူ ၇၀ ကျော် သေဆုံး၍ ၁၀၀ ကျော်
ဒဏ်ရာရခဲ့သော ၂၀၁၁ မတ်လ ၂၄ ရက် ညဦးပိုင်းက လှုပ်ခဲ့သည့် ပြင်းအား ရစ်ခ်ျတာစကေး ၇
ရှိ တာလေငလျင် (လွယ်မွေငလျင်)တွင် သေဆုံးဒဏ်ရာရရှိသူများမှာ နေအိမ်အဆောက်အအုံ
ပြိုကျကာ ပိ၍ဖြစ်ပါသည်။ ပြိုကျခဲ့သော အဆောက်အအုံအများစုမှာ အိမ်အို၊
အိမ်ဟောင်းများနှင့် ခိုင်ခံ့အောင် မဆောက်ထားသော အိမ်များဖြစ်ပြီး ခိုင်ခံ့အောင်
ဆောက်ထားသော အိမ်များမပြိုကြောင်း ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သော
ဦးစိုးသူရထွန်းက ၎င်း၏အတွေ့အကြုံကို မျှဝေသည်။
ထို့ကြောင့် မြေငလျင်အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုမှာ နေအိမ်နှင့် အဆောက်အအုံများ
မြေငလျင်ဒဏ်ခံနိုင်ရန် ခိုင်ခံ့အောင် ဆောက်လုပ်ထားရန်နှင့် မြေငလျင်လှုပ်လာပါက
မည်သို့တုံ့ပြန်ရမည်ကို သိရှိကြရန်ဖြစ်၏။
ဤတွင် မြန်မာနိုင်ငံအတွက် အဓိကမေးခွန်း ပေါ်လာပါသည်။ “မြေငလျင်အတွက် ဘာတွေကြိုတင်
ပြင်ဆင်ထားပါသလဲ”ဟူ၍ ဖြစ်ပါသည်။
“ကျွန်တော်တို့ကိုယ်တိုင် ထိုင်နေတာက ငလျင်ကြောပေါ်ပဲ။ စစ်ကိုင်းမှာတော့ ငလျင်ကို
ဘယ်သူမှ စိတ်မ၀င်စားကြဘူး။ စိတ်ဝင်စားတဲ့သူက အရူးဖြစ်နေတာပေါ့”ဟု အသက် ၅၇
နှစ်အရွယ် စစ်ကိုင်းမြို့သား ဦးမျိုးသူရကပြောသည်။ စစ်ကိုင်းငလျင်ကြောပေါ်
တည်ရှိနေသော စစ်ကိုင်းမြို့တွင် နေအိမ်များ ဆောက်လုပ်သောအခါ မြေငလျင်ဒဏ်
ခံနိုင်ရန် ထည့်သွင်းစဉ်းစားမှုနည်းကြောင်း မြေငလျင်နှင့်ပတ်သက်၍ နှစ် ၂၀ ကျော်
လေ့လာခဲ့သော ဦးမျိုးသူရက ဆက်ပြောသည်။
စစ်ကိုင်းမြေငလျင်ကြောပေါ်၌ တည်ရှိသော မြို့ရွာများတွင် ပါဝင်သော နေပြည်တော်တွင်
မကြာမီက အိမ်အသစ် တည်ဆောက်ခဲ့သော ဒေါ်ခင်မမက ၎င်းတို့အိမ်ဆောက်သော အတွေ့အကြုံကို
မျှဝေသည်။ “အိမ်ဆောက်တော့ ရိုးရိုးပဲဆောက်တာပါ။ မြေငလျင်နဲ့ ပတ်သက်ပြီး
ထည့်မစဉ်းစားဘူး။ ဆောက်တဲ့လူတွေကလည်း မြေငလျင်ကြောရှိမှန်း မသိတော့
ပြောလည်းမောရုံပဲ ရှိမယ်”
စစ်ကိုင်းနှင့် နေပြည်တော်မြို့များသာမက နိုင်ငံတစ်ဝန်းရှိ မြို့၊ ရွာများတွင်
မြေငလျင်အန္တရာယ်ကို ကြိုတွေး၍ နေအိမ်၊ အဆောက်အအုံအများစု ငလျင်ဒဏ်ခံနိုင်အောင်
ဒီဇိုင်းရေးဆွဲ တည်ဆောက်လေ့ မရှိပါ။ အတိတ်က ငလျင်ကြီးများ လှုပ်စဉ်က လူနေကျဲပါးပြီး
အဆောက်အအုံကြီးများ နည်းပါး၍ လူသေဆုံးပျက်စီးမှု နည်းပါးခဲ့သည်။ သို့သော်
ယနေ့ကာလတွင် မြို့ကြီးများတွင် လူနေထူထပ်လာပြီး အဆောက်အအုံကြီးများ တိုးပွားလာ၍
မြေငလျင်အန္တရာယ် ယခင်ကထက် ပိုမိုသတိထားရန်လိုကြောင်း မြေငလျင်ပညာရှင်နှင့်
အင်ဂျင်နီယာများက အကြံပြုကြသည်။
“ကံကောင်းတာက ရန်ကုန်မြို့မှာ ကြီးကြီးကျယ်ကျယ် ငလျင်က ကျွန်တော်တို့
သက်တမ်းတစ်လျှောက်မှာ မရှိခဲ့သေးဘူး။ အဲဒါ သိပ်ကံကောင်းတယ်။ သို့သော်
ဘယ်တော့လာမယ်ဆိုတာ ဘယ်သူမှသိတာ မဟုတ်ဘူး။ မလာဘူးလားဆိုတော့ လာနိုင်ခြေရှိတယ်။
လာနိုင်ခြေရှိတယ်ဆိုတော့ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာ ကောင်းတာပေါ့”ဟု ဒေါက်တာညီလှငယ်ကပြောသည်။
မြန်မာနိုင်ငံတွင် လူနေအထူထပ်ဆုံး စီးပွားရေးမြို့တော် ရန်ကုန်၏ တည်နေရာမှာ
အောက်တွင် ငလျင်ကြော မရှိသော်လည်း၊ ငလျင်ကြောနှစ်ခုနှင့် နီးကပ်သည်။
ရန်ကုန်မြို့အရှေ့ဘက် ၃၀ ကီလိုမီတာ ၀န်းကျင်တွင် စစ်ကိုင်းပြတ်ရွေ့ကြော၊
အနောက်တောင်ဘက်တွင် ဒေးဒရဲပြတ်ရွေ့ကြောတို့ရှိသည်။
“ခုခေတ် ဆောက်တာတွေက ဘိလပ်မြေသိပ်မပါဘူး။ သဲနဲ့ ကျောက်တွေချည်းပဲ။
ကျွန်တော်တို့သိတာ ကွန်ကရစ်ဖျော်ရင် အချိုးက ၀မ်းတူးဖိုး (1:2:4 ဘိလပ်မြေတစ်ဆ၊
သဲနှစ်ဆ၊ ကျောက်လေးဆကို ဆိုလိုသည်)လို့ ဆိုပေမယ့် အခုနောက်ပိုင်း ဆောက်တဲ့တိုက်တွေ
ကြည့်ရတာ ဘိလပ်မြေသိပ်မသုံးဘူး။ ၀မ်းတူးဖိုး မဟုတ်ဘဲ ရမ်းတူးဖိုး ဖြစ်နေတယ်”ဟု
ရန်ကုန်မြို့ခံတစ်ဦးက သူ၏အမြင်ကို ပြောသည်။ ရန်ကုန်မြို့ခံအများစုက အထူးသဖြင့်
ကန်ထရိုက်တိုက်များ၏ ခိုင်ခံ့မှုအပေါ် သံသယရှိနေပါသည်။
လူနေသည်မှာ နှစ်အနည်းငယ်သာ ရှိသော်လည်း အက်ကွဲနေသော အုတ်နံရံ၊ အုတ်ရိုက်သံ
ရိုက်လိုက်သည်နှင့် “ဖွတ်ခနဲ”လွယ်ကူစွာ ၀င်သွားသော နံရံ၊ တံခါး ခပ်ပြင်းပြင်း
ပိတ်လိုက်သည်နှင့် ကွန်ကရစ်များ ကွာကျလာသော ကန်ထရိုက်တိုက် အသစ်များတွင် ကျွန်တော်
နေထိုင်ခဲ့ဖူးသည်။ ထိုသို့သော ကန်ထရိုက်တိုက်များ ရန်ကုန်တွင် များစွာရှိပါသည်။
အင်ဂျင်နီယာများကတော့ ရန်ကုန်တွင် ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း ဆောက်သော
ကန်ထရိုက်တိုက်များမှာ အရည်အသွေးညံ့သည် မှန်သော်လည်း ၂၀၀၃ နောက်ပိုင်း
တိုက်များမှာ မြေငလျင်ဒဏ် ခံနိုင်အောင် တွက်ချက် ဆောက်လုပ်လာကြောင်း ပြောသည်။
ဆောက်လုပ်ပြီးတိုက်များ အရည်အသွေးညံ့ရခြင်းမှာ ဆောက်လုပ်သော ကန်ထရိုက်က
ငွေအမြတ်များရန် ပစ္စည်းခိုခြင်း၊ အမြန်ပြီးရန် စံချိန်စံညွှန်းများအတိုင်း
မဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင်ပင် လုပ်သားများက ပစ္စည်းခိုးခြင်း၊
အဆောက်အအုံ အရည်အသွေး စစ်ဆေးသူအချို့ အဂတိလိုက်စားခြင်း၊ အင်ဂျင်နီယာနှင့်
ဆောက်လုပ်ရေး လုပ်သားများကိုယ်တိုင် အရည်အသွေးနိမ့်ပါးခြင်း စသည်တို့ဖြစ်သည်။
ထို့အပြင် ယခင် အင်ဂျင်နီယာဘာသာရပ် သင်ရိုးများတွင် မြေငလျင်နှင့်ပတ်သက်၍
ထည့်သွင်းသင်ကြားခဲ့ခြင်း မရှိပေ။ ယခု နောက်ပိုင်းတွင်မှ မြေငလျင်ဒဏ်
ခံနိုင်ရည်ရှိသော အဆောက်အအုံတည်ဆောက်ခြင်းနှင့် ပတ်သက်၍ အင်ဂျင်နီယာဘာသာရပ်
ထည့်သွင်းသင်ကြားပေးလာသည်။
ဘူမိဗေဒပညာနှင့် မြေငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက လူနေအထူထပ်ဆုံး ရန်ကုန်အနီးတွင်
မြေငလျင်လှုပ်ခဲ့ပါက ရစ်ခ်ျတာစကေး ၆ ဆိုပါက ဖောင်ဒေရှင်းမခိုင်သော အဆောက်အအုံများ၊
အိမ်အိုအိမ်ဟောင်းများစွာ ပြိုကျပျက်စီးနိုင်ကြောင်း သတိပေးသည်။ တာလေတွင်
လှုပ်ခဲ့သော ငလျင်ကဲ့သို့ ပြင်းအား ရစ်ခ်ျတာစကေး ၇ ၀န်းကျင်ရှိ ငလျင်တစ်ခု ပဲခူး၌
လှုပ်လျှင်ပင် ရန်ကုန်မှာ ပျက်စီးဆုံးရှုံးမှု များမည်ဖြစ်ကြောင်း ၎င်း၏အမြင်ကို
ပြောသည်။
ဦးစိုးသူရထွန်းကမူ ရန်ကုန်တွင် ယခုနောက်ပိုင်းဆောက်သော အဆောက်အအုံများမှာ
ငလျင်ဒဏ်ခံနိုင်ရန် ထည့်သွင်းတွက်ချက်ထား၍ တာလေငလျင် အတွေ့အကြုံအရ ပြင်းအား ၇ ထိ
ခံနိုင်ရည်ရှိနိုင်ကြောင်း ခန့် မှန်းသည်။ အရည်အသွေးညံ့ အဆောက်အအုံများမှာ ထိုပမာဏ
ခံနိုင်ရည်ရှိရန် မလွယ်ကြောင်းလည်း ၎င်းကပြောသည်။ သို့သော် ရန်ကုန်၏ တည်နေရာမှာ
ရန်ကုန်ကို ဗဟိုပြု၍ ငလျင်လှုပ်နိုင်ခြေ နည်းကြောင်း ဦးစိုးသူရထွန်းက
ဆက်လက်တွက်ဆသည်။
၁၉၃၀ ပဲခူးငလျင်တွင် ပဲခူးတွင်လှုပ်ပြီး ရန်ကုန်လည်း ခံစားခဲ့ရ၍
မြေငလျင်ဘေးအန္တရာယ်ကို အစိုးရိမ်လွန်ရန် မလိုသကဲ့သို့ ပေါ့ဆ၍လည်း မရပေ။
ငလျင်လှုပ်လျှင် ပျက်စီးဆုံးရှုံးမှုမှာ ငလျင်ပမာဏ အကြီးအသေး၊ လှုပ်သည့်နေရာနှင့်
အကွာအဝေး၊ လူနေထူထပ်မှု၊ အဆောက်အအုံများ၊ မများ၊
မြေသား၏ ခံနိုင်ရည်ရှိ၊ မရှိ စသည်တို့အပေါ်တွင် မူတည်၍ ခြားနားသည်။
ကမ္ဘာတွင်လည်း သဘာဝဘေးအန္တရာယ်များထဲတွင် ငလျင်ကသာ လူသေဆုံးပျက်စီးမှု
အများဆုံးဖြစ်စေသည်။ ၂၀၀၈ ခုနှစ် တရုတ်နိုင်ငံ စီချွမ်တွင် လှုပ်ခဲ့သော ၇ ဒသမ ၉၈
ရစ်ခ်ျတာစကေးရှိ ငလျင်ကြောင့် လူခြောက်သောင်းကိုးထောင်ကျော် သေဆုံးခဲ့သည်။ ၂၀၁၀
ဟေတီတွင် လှုပ်ခဲ့သော
ပြင်းအား ၇ ရှိ ငလျင်ကြောင့် လူသုံးသိန်းတစ်သောင်းကျော် သေဆုံးခဲ့သည်။
မြန်မာနိုင်ငံတွင် မြေငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နေမှုများလည်း ရှိပါသည်။
၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အထပ်မြင့်အဆောက်အအုံများ ကြီးကြပ်စစ်ဆေးရေးကော်မတီ
စတင်တည်ထောင်၍ ကိုးထပ်နှင့်အထက် အဆောက်အအုံများကို ထိုကော်မတီက ငလျင်ဒဏ်
ခံနိုင်သောဒီဇိုင်း ထည့်သွင်းရေးဆွဲ ဆောက်လုပ်ရန် ကြီးကြပ်စစ်ဆေးခဲ့သည်။
ရှစ်ထပ်နှင့်အောက် အဆောက်အအုံများကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ဦးဆောင်စစ်ဆေးသည်။ ထို့အပြင် သုံးထပ်နှင့်အထက်
အဆောက်အအုံများ မဆောက်မီ မြေသားခံနိုင်ရည် စစ်ဆေးခြင်း၊ အဆောက်အအုံများ
ဆောက်လုပ်သောအခါ မြေငလျင်အန္တရာယ် မည်မျှရှိသည်ကို သိရှိရန် မြေငလျင်အနုစိတ်ပြ
မြေပုံကို ပညာရှင်များက ရေးဆွဲဖြန့်ဝေထားခြင်း၊ ဆောက်လုပ်ရေး စံချိန်စံညွှန်းများ
အသေးစိတ်ရေးဆွဲထားသော Building Code ကို ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်နေခြင်း၊ မြေငလျင်
လှုပ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်ထားခြင်း စသည်တို့ဖြစ်သည်။
“တကယ်လို့ မြေငလျင်လှုပ်တယ်၊ အဆောက်အအုံပြိုကျတယ်ဆိုရင် ကရိန်းတွေ
ပြိုကျပျက်စီးတာတွေကို ဖယ်ရှားရှင်းလင်းတဲ့ စက်တွေ အဆင်သင့်ဖြစ်အောင်
ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ မိတ်ဖက်အင်အားအနေနဲ့ ဆောက်လုပ်ရေးတို့၊ စည်ပင်တို့နဲ့
တကယ့် အကြီးစားဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ရင် ပူးပေါင်းဆောင်ရွက်ဖို့
စီစဉ်ထားပါတယ်”ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သဘာဝဘေးအန္တရာယ်များ ကြုံလာပါက တုံ့ပြန်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို မီးသတ်၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးတွင် အင်အား ၁၃,၆၀၀
ခန့်ရှိကြောင်း ၎င်းကပြောသည်။ သို့သော် တစ်နိုင်ငံလုံးရှိ မီးသတ်ကား၊ ကရိန်း၊
ပစ္စည်းဖယ်ရှားပေးသော ယာဉ်ယန္တရားများ၏ အရေအတွက်ကိုမူ ပြောကြားခြင်းမရှိပေ။
ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြေငလျင်လှုပ်၍ အဆောက်အအုံများ
ပြိုကျလျှင် ကယ်ဆယ်ရေးယာဉ်နှစ်စီးနှင့် တန်ချိန်များစွာလေးသော
အပျက်အစီးများကိုမရန် ဟိုက်ဒရောလစ် ဒေါက်ထောက်သော ရမ်တစ်စီးရှိကြောင်း ပြောသည်။
ဘူဒိုဇာ၊ ဘက်ဟိုးကဲ့သို့ ယန္တရားများဝယ်ယူရန် ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက
စီစဉ်နေကြောင်း ၎င်းကဆက်ပြောသည်။ နယ်မြို့များတွင်မူ ထိုသို့ ယန္တရားကြီးများပင် မရှိ။
ရန်ကုန်မြို့လယ်ရှိ လမ်း ၃၀ တွင် အဆောက်အအုံဟောင်းတစ်ခု ပြိုကျခဲ့ရာ
မိန်းကလေးတစ်ဦး ပိမိနေပြီး အသက်ရှင်၊ မရှင် မသိ၍ ယန္တရားများဖြင့်
အပျက်အစီးများကို ဖယ်ရှား၍ ရှာဖွေရာတွင် နာရီအတော်ကြာခဲ့ပါသည်။ ထို့ကြောင့်
အနာဂတ်တွင် ငလျင်များလှုပ်ခဲ့ပါက ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ယန္တရားများစွာ
အဆင်သင့်ရှိရန် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားရန် လိုသည်။
အထပ်နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ မြေငလျင်အန္တရာယ်ကို ကြိုတင်တွက်ချက်ပြီး
စရိတ်စက များစွာမကုန်ဘဲ ဆောက်လုပ်နိုင်သော နည်းလမ်းများစွာရှိကြောင်း အထပ်မြင့်
အဆောက်အအုံများ ကြီးကြပ်စစ်ဆေးရေး ကော်မတီဝင် ဦးစောထွေးဇော်က ၂၀၀၁ ခုနှစ်တွင်
ပြောသည်။ သူက မြေငလျင်အပါအ၀င် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်
အဆောက်အအုံများ ဆောက်လုပ်သည့်အခါ အချက်သုံးချက်ကို ဂရုပြုဆောက်လုပ်ပါက
ကုန်ကျစရိတ်မတက်ဘဲ သဘာဝဘေးအန္တရာယ်များကို သိသိသာသာ ကာကွယ်နိုင်လိမ့်မည်ဟု ပြောသည်။
ထိုအချက်သုံးချက်မှာ အေ၊ ဘီ၊ စီ ဖြစ်သည်။ အေမှာ Anchorage ဖြစ်ပြီး
အုတ်မြစ်များကို မြဲမြံစွာ ဆောက်လုပ်ခြင်းဖြစ်သည်။ ဘီမှာ Bracing ဖြစ်ပြီး
ထုတ်များ၊ တန်းများကို ကောင်းမွန်စွာ ကျားကန်ထားရန်နှင့် စီမှာ Connection
ဖြစ်ပြီး တိုင်များ၊ တန်းများကို ဆက်သည့် ဂျွိုင့်(အဆုံ)များကို ခိုင်ခံ့အောင်
ဆောက်ထားရန်ဖြစ်သည်။ ထိုအချက်သုံးချက်မှာ ငွေကြေးများစွာ မကုန်ကျဘဲ
ပြုလုပ်နိုင်သည်။ သို့သော် ယခုနောက်ပိုင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင်
အားနည်းချက်တစ်ခုမှာ ဆောက်လုပ်ရေး လုပ်သားများကိုယ်တိုင် လုပ်ငန်းအတတ်ပညာနှင့်
ပတ်သက်၍ တတ်မြောက်သိရှိမှု အားနည်းခြင်း ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာမှ
ဆောက်လုပ်ရေးလုပ်သားများကို ပညာပေးခြင်းများ ပြုလုပ်ရပါတော့မည်။
ထို့အပြင် အဆောက်အအုံများ၏ အရည်အသွေးကို စစ်ဆေးပေးရန် ကြားလူဖြစ်သော
တတိယအဖွဲ့အစည်းများကို ခန့်အပ်တာဝန်ပေးသင့်ကြောင်း ဒေါက်တာညီလှငယ်နှင့်
ဦးစိုးသူရထွန်းတို့က အကြံပြုသည်။ လူထုအနေဖြင့်လည်း မြေငလျင်အန္တရာယ်ကို
ပိုမိုသိရှိပြီး၊ အရေးကြုံလာပါက မည်သို့ပြုလုပ်သင့်သည်ကိုသိရန် ပညာပေးခြင်းကို
အခြေခံကျောင်းသင်ရိုးများတွင် ထည့်သွင်းပညာပေးသင့်ကြောင်း ဦးဝင်းဆွေနှင့်
ဦးစိုးသူရထွန်းတို့က ဆက်လက်အကြုံပြုသည်- ။
ရေအိုင်များကို မြေဖို့ဆောက်ထားသော၊ မိုးရာသီတွင် ရေလျှံလေ့ရှိသော နေရာများမှာ
မြေငလျင်အန္တရာယ်ကို ပိုမိုသတိထားရန် ဒေါက်တာဝင်းဆွေက အကြံပေးသည်။
အသက် ၇၅ နှစ်အရွယ် ဒေါက်တာဝင်းဆွေက သူစတွေ့သော ငလျင်ကြောကြီးကြောင့်ပင်
မြန်မာပြည်အတွက် မြေငလျင်အန္တရာယ်ကို ပူပန်နေပါသည်။ “နောက်ဆုံးရာစုနှစ်အတွင်းမှာကို
စစ်ကိုင်းငလျင်ကြောတစ်လျှောက် လှုပ်တဲ့ငလျင် မနည်းဘူး။ အင်အား ၇ အထက်ချည်းပဲ။
ဒါပေမဲ့ ငလျင်က ရစ်ခ်ျတာစကေး ၆ ကျော်ရင် ကြောက်ရတယ်။ စိတ်ပူတာက
ရေလျှံနေတဲ့အချိန်မှာ ငလျင်လှုပ်မှာ ကြောက်တာ။ အဲဒါကသိပ်ဒုက္ခပေးတာ။ ရေပါကြီးမှာ”။ ။
REF: 7Day News Journal
Posted by Admin-HWH


Earthquake fault types
There are three main types of fault, all of which may cause an
earthquake: normal, reverse (thrust) and strike-slip. Normal and reverse
faulting are examples of dip-slip, where the displacement along the
fault is in the direction of
dip and movement on them involves a vertical component. Normal faults occur mainly in areas where the crust is being
extended such as a
divergent boundary. Reverse faults occur in areas where the crust is being
shortened such as at a convergent boundary.
Strike-slip faults
are steep structures where the two sides of the fault slip horizontally
past each other; transform boundaries are a particular type of
strike-slip fault. Many earthquakes are caused by movement on faults
that have components of both dip-slip and strike-slip; this is known as
oblique slip.
Reverse faults, particularly those along
convergent plate boundaries
are associated with the most powerful earthquakes, including almost all
of those of magnitude 8 or more. Strike-slip faults, particularly
continental
transforms
can produce major earthquakes up to about magnitude 8. Earthquakes
associated with normal faults are generally less than magnitude 7.
This is so because the energy released in an earthquake, and thus its
magnitude, is proportional to the area of the fault that ruptures
[3]
and the stress drop. Therefore, the longer the length and the wider the
width of the faulted area, the larger the resulting magnitude. The
topmost, brittle part of the Earth's crust, and the cool slabs of the
tectonic plates that are descending down into the hot mantle, are the
only parts of our planet which can store elastic energy and release it
in fault ruptures. Rocks hotter than about 300 degrees Celsius flow in
response to stress; they do not rupture in earthquakes.
[4][5]
The maximum observed lengths of ruptures and mapped faults, which may
break in one go are approximately 1000 km. Examples are the earthquakes
in
Chile, 1960;
Alaska, 1957;
Sumatra, 2004, all in subduction zones. The longest earthquake ruptures on strike-slip faults, like the
San Andreas Fault (1857, 1906), the
North Anatolian Fault in Turkey (1939) and the
Denali Fault
in Alaska (2002), are about half to one third as long as the lengths
along subducting plate margins, and those along normal faults are even
shorter.
Aerial photo of the San Andreas Fault in the
Carrizo Plain, northwest of Los Angeles
The most important parameter controlling the maximum earthquake
magnitude on a fault is however not the maximum available length, but
the available width because the latter varies by a factor of 20. Along
converging plate margins, the dip angle of the rupture plane is very
shallow, typically about 10 degrees.
[6] Thus the width of the plane within the top brittle crust of the Earth can become 50 to 100 km (
Japan, 2011;
Alaska, 1964), making the most powerful earthquakes possible.
Strike-slip faults tend to be oriented near vertically, resulting in an approximate width of 10 km within the brittle crust,
[7]
thus earthquakes with magnitudes much larger than 8 are not possible.
Maximum magnitudes along many normal faults are even more limited
because many of them are located along spreading centers, as in Iceland,
where the thickness of the brittle layer is only about 6 km.
[8][9]
In addition, there exists a hierarchy of stress level in the three
fault types. Thrust faults are generated by the highest, strike slip by
intermediate, and normal faults by the lowest stress levels.
[10]
This can easily be understood by considering the direction of the
greatest principal stress, the direction of the force that 'pushes' the
rock mass during the faulting. In the case of normal faults, the rock
mass is pushed down in a vertical direction, thus the pushing force (
greatest
principal stress) equals the weight of the rock mass itself. In the
case of thrusting, the rock mass 'escapes' in the direction of the least
principal stress, namely upward, lifting the rock mass up, thus the
overburden equals the
least principal stress. Strike-slip
faulting is intermediate between the other two types described above.
This difference in stress regime in the three faulting environments can
contribute to differences in stress drop during faulting, which
contributes to differences in the radiated energy, regardless of fault
dimensions.