Wednesday, November 6, 2013

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို




မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ် အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။

“ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊ သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။

မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများစွာနေထိုင်ပြီး လျှပ်စစ်ဓါတ်အားခကို အိမ်သုံးလျှပ်စစ်ဓါတ်အားခနှုန်း ထားကို တစ်ယူနစ် ၃၅ကျပ်ကောက်ခံနေရာမှ ယခုအခါ ယူနစ် ၁၀၀ ကျော်မှသာ ကျပ် ၅၀နှုန်းကောက်ခံမည် ဖြစ်ကြောင်း၊

လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်းစား ၅၈ ဒသမ ၈၉ ရာခိုက်နှုန်းအသုံးပြုနေသော ကြောင့် အခြေခံလူတန်းစားများမထိ ခိုက်နိုင်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ထံမှ သိရသည်။

ဓါတ်အားတစ်ယူနစ်ဆိုသည်မှာ ၁၀၀၀ ၀ပ်ရှိကာအင်အားရှိလျှပ်စစ်ပစ္စည်း အား တစ်နာရီကြာသုံးစွဲနိုင် ကြောင်း၊အခြေခ့လူတန်းစားများအတွက် တစ်လယူနစ် ၁၀၀ သက်မှတ်မည်ဆိုပါက တစ်ရက်လျှင် ၃ဒသမ၃ ယူနစ်ဖြစ်ပြီး လေးပေမီးချောင်း ၄ ချောင်း၊တီဗီတစ်လုံး၊ ပန်ကာနှစ်လုံးကို ခြောက်နာရီကြာအသုံးပြုနိုင်သော ကြောင့် အခြေခံလူတန်းစားများကိုမထိခိုက်ကြောင်း ဦးအောင်ခိုင်ကပြောကြားသည်။

အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အားကိုအရှုံးခံကာ ဆက်လက်လုပ်ဆောင်နေ မည်ဆိုပါက ပုဂလိကလုပ် ငန်းရှင်များဝင်ရောက်လာနိုင်မည်မ ဟုတ်ကြောင်း၊ယခုပြင်ဆင်လိုက်သော နှုန်းထားသည် အခြေခံလူတန်းစား များကို များစွာထိခိုက်နိုင်မည်မဟုတ်ကြောင်း စက်မှုလုပ်သန်းရှင် တစ်ဦးကပြောကြားသည်။

လတ်တလော လျှပ်စစ်ဓါတ်အားခများတိုးမြင့်ကောက်ခံခြင်းကြောင့် ရန်ကုန်မြို့တွင် အဖွဲ့ အစည်း အချို့ နှင့်ပြည်သူ အချို့က ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေစီစဉ်နေခြင်းဖြစ်သည်

ရေးသားသူ-နီတိုး
People power

လျှပ်စစ်မီတာသုံးစွဲခများ တိုးမြှင့်ကောက်ခံမှုအပေါ် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့က အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာ ဒီနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြရာ လမ်းတစ်လျှောက် မီတာသုံးစွဲခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ကန့်ကွက်တဲ့ စာရွက်တွေ ဝေခဲ့ပါတယ်။

RFA Burmese
 

Tuesday, November 5, 2013

မြစ်ကြီးနား ဆွေးနွေးပွဲ မတင်မကျ ပြီးဆုံး



 ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး, တိုင်းရင်းသား, ဆွေးနွေးပွဲ
ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစမီ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို အဆုတ်သန့်ဆေးအကြောင်း ပြောနေသည့် ဗိုလ်ချုပ်ဂွမ်မော် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ခိုင်မာသော မည်သည့်သဘောတူညီချက်မှ ပေါ်ထွက်မလာဘဲ မည်သူမျှ လက်မှတ်ထိုးထားခြင်း မရှိသည့် ပူးတွဲကြေညာချက်ကို ဖြန့်ဝေခဲ့ကာ သတင်းစာရှင်းလင်းပွဲလည်း မလုပ်ခဲ့ပေ။
ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ဖြစ်သော ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ဆွေးနွေးပွဲသည် အဆင်ပြေ ချောမွေ့ပုံ မပေါ်ဘဲ အချိန်အနည်းငယ်မျှ အပြန်အလှန်ဆွေးနွေးပွဲအပြီး အချင်းချင်း သီးခြားစီ ထပ်မံတွေ့ဆုံကြသည်။ ညနေတွင် ပင်မ ဆွေးနွေးပွဲ ကျင်းပရာ မဂျွယ်ခန်းမမှ တိုင်းရင်းသားကိုယ်စားလှယ်များ ထွက်ခွာသွားအပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာမှ အဆိုပါ ပူးတွဲထုတ်ပြန်ကြေညာချက်ကို သတင်းထောက်များကို လာရောက်ဝေငှကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ထုတ်ပြန်ကြေညာချက်အရ မြစ်ကြီးနားဆွေးနွေးပွဲသည် လိုင်ဇာသဘောတူညီချက်ကို တိုင်းရင်းသားများဘက်မှ “တရားဝင် ပေးအပ်ခြင်း”ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကလည်း အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို တိုင်းရင်းသားများထံ အပြန်အလှန် ပေးခဲ့ခြင်းသာ ဖြစ်သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် လိုင်ဇာတွင် ဖွဲ့စည်းလိုက်သော တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့ လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဒုတိယအကြိမ်တွေ့ ဆုံသွားမည်ဟု ဖော်ပြထားသည်။
နိုင်ငံရေးသဘောတူညီချက်များရရှိနိုင်ရေး တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ရမည်ဟု နှစ်ဘက်သဘောတူကြောင်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။
ယင်းထုတ်ပြန်ကြေညာချက်အပေါ် သဘောထားများကို ဧရာဝတီက တောင်းခံရာ “ဒီထဲကအတိုင်း တိုင်းရင်းသားတွေက သဘောတူပါတယ်။ အဲဒီတိုင်း သဘောတူပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောသော်လည်း တိုင်းရင်းသားများဘက်ကမူ မည်သည့် သဘောထားမှတ်ချက်မျှ မပေးလိုသေးကြောင်း ဖြေဆိုကြသည်။
ယမန်နေ့  ဆွေးနွေးပွဲ မစတင်ခင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ တိုင်းရင်းသား ခေါင်းဆောင်များကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရာတွင် ဒို့တာဝန်အရေးသုံးပါးနှင့် “ဒီမိုကရေစီကျင့်စဉ်အရ” ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန် တောင်းဆိုခဲ့သည့်အပေါ်တွင် တိုင်းရင်းသားအများစုမှာ လက်ခံနိုင်သည့်မူဝါဒ မဟုတ်ဟု ပြောဆိုလာခဲ့ကြပြီး တိုင်းရင်းသားများ၏ လိုင်ဇာ ဘုံသဘောတူညီချက်တွင်ပါသည့် “ဖယ်ဒရယ်”ပြည်ထောင်စုဟူသော ဝေါဟာရကို ပြင်ပေးရန် အစိုးရဘက်က တောင်းဆိုလာခဲ့ရာ အစိုးရက ကနဦး ရည်မှန်းထားသော နိုဝင်ဘာလအတွင်း အဖွဲ့ပေါင်းစုံပါဝင်သော တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်ရေး အလှမ်းဝေးနေဦးမည့်ပုံ ပေါက်နေသည်။

အညတရတို့ရဲ့ အလွမ်းဇာတ်ပွင့်သစ်(ကရိန်ကန်)



(၁)
ဒီနေရာကို ကိုယ်ပြန်ရောက်ခဲ့ရပြန်ပါပြီ ဒေးမူ၊
ကိုယ်ရပ်နေတဲ့ တောင်ကုန်းလေးနဲ့ ဟိုတုန်းက ဒေးမူ ဆော့ပြေး ကစားပြီး အခုတော့ ထာဝရလဲလျောင်း အိပ်စက်နေတဲ့ တောင်ကုန်းကလေးကို ခြားထားတဲ့ ဒူးရင်းခြံတွေ၊ ကွမ်းသီးခြံတွေကို လှမ်းတွေ့နေရတယ်။ ဆရာနိုင်ဝင်းဆွေရဲ့ ‘အချစ် ည’ ၀တ္ထုထဲက စာသားလေးတခုကိုတောင် ပြေးအမှတ်ရမိသေးတယ်။ ဘာတဲ့ တောင်ကုန်းတခုနဲ့ တခုကို တောင်ခိုးတွေ က ဆက်သွယ်ပေးထားတယ်ဆိုလား ဘာလား။ သိပ်အပြည့်အစုံတော့ မမှတ်မိတော့ပါဘူး။
အဲဒီလိုပဲ ကိုယ်နဲ့ ဒေးမူရဲ့ဘ၀ကိုလည်း ဘယ်အရာက ဆက်စပ်ဆုံစည်းခဲ့စေသလဲ ဆိုတာကို အခုထိ ကိုယ်အဖြေရှာလို့ ကောင်းဆဲပဲ။ တိကျတဲ့ အဖြေတော့ မရသေးပါဘူး။ ချစ်ခြင်းမေတ္တာက အဓိက အဖြေပဲလို့လည်း ကိုယ်က လက်မခံချင် ဘူး။ အဲဒီလို စကားလုံးသုံးရင်လည်း ဒေးမူက ရယ်ဦးမယ်။ ကျမမှ ဒါတွေနားမလည်တာ ဆိုတဲ့ လက်သုံးစကားကို သုံး ရင်းနဲ့လေ။ ဖြစ်နိုင်တာတခုတော့ရှိတယ် ဒေးမူ။ သဘာဝတရားအရကိုက ပြဌာန်းထားချက်တွေ ရှိတယ်။ ကိုယ်တို့ ကြိုက် သည်ဖြစ်စေ။ မကြိုက်သည် ဖြစ်စေ အဲဒီတရားတွေကနေ လွန်ဆန်လို့ မရနိုင်ဘူး။ ဒီထဲမှာ တချက်ရှိတယ်ကွယ့်။ သက် ရှိလောကပဲ ဖြစ်ဖြစ်။ သက်မဲ့လောကပဲ ဖြစ်ဖြစ် မျိုးတူတာကို စုတတ်တဲ့ သဘာဝရှိတယ်။ ကျွန်းပင်ဆို ကျွန်းပင်ချည်းပဲ ပေါက်တာမျိုးပေါ့။ ဒါမှမဟုတ် မျောက်တွေ တစုတစည်းတည်း နေထိုင်တတ်တဲ့ သဘာဝမျိုးတွေ။ ဒီလိုပါပဲ ကိုယ်နဲ့ ဒေးမူ လည်း မျိုးတူလို့ ဆုံစည်းမိတယ်လို့ ထင်မိတယ်။ မျိုးတူတယ်ဆိုတာက လူမျိုးကွဲပြားတာတွေနဲ့လည်း မဆိုင်ဘူး။ ပညာ တတ်ခြင်း မတတ်ခြင်းကိုလည်း ကိုယ်ရည်ညွှန်းတာ မဟုတ်ဘူး။ ကိုယ်တို့ နှစ်ယောက် ဘယ်မှာ မျိုးသွားတူသလဲဆို တော့ အဖိနှိပ်ခံရခြင်းဆိုတဲ့ အကြောင်းတရား သွားတူကြတယ်လေကွယ်။ ကိုယ်တို့ရဲ့ခေတ်အပါအ၀င် ခေတ်အဆက် ဆက်ဟာ အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေက ဖိနှိပ်သူ အဆက်ဆက်ကို တုန့်ပြန်တော်လှန်ခဲ့တဲ့ သမိုင်းအဆက်ဆက်ပါ။ နှစ်ရှည်ကြာလာတာနဲ့အမျှ ဟောဒီ အလွမ်းဇာတ်ဟာ အဆုံးမသတ်နိုင်တော့ဘူးလားလို့ မြင်ကြတဲ့အထိကို အားလုံးကို လောင်ကျွမ်းခဲ့တာပါ။
အဲဒီ လောင်ကျွမ်းခံခဲ့ရတဲ့ အရာတွေထဲမှာ ကိုယ်တို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာထုံလွှမ်းတဲ့ နှလုံးသားတစုံလည်း ပါခဲ့ပါတယ်။ တနည်းပြောရရင် မြန်မာသူပုန်ကောင်လေးတယောက်နဲ့ တောင်ပေါ်သူ ဒေးမူတို့ရဲ့ လူသူမသိနိုင်တဲ့ အလွမ်းဇာတ်ပေါ့။
ဟော့ဒီ ပတ္တလားတောင်ပေါ်ရောက်တိုင်း ရနံ့တွေ၊ အထိအတွေ့တွေ၊ အငွေ့အသက်တွေက ဘာမှ မပြောင်းလဲခဲ့ဘူး ဒေးမူ။ မင်းမရှိတာက လွဲလို့ပေါ့။ မင်းနားမလည်ပေမယ့် ကိုယ်က အတင်းပုံပြောပြသလို ပြောပြခဲ့တဲ့ နေရာလေး မှတ် မိသေးလား။ မင်းအဘိုးရဲ့ ဒူးရင်းသီးခြံထဲက ကြွေကျတဲ့ ဒူးရင်းသီးတွေကို သိမ်းထားတဲ့ ကျင်းလေး လေ။ အဲဒီမှာ ပြော ပြခဲ့တဲ့ ၀တ္ထုတပုဒ် ရှိသေးတယ်မဟုတ်လား။ ဆရာ ဦးကျော်အောင် ဘာသာပြန်တဲ့ ‘အမှောင်ခေတ်က ချစ်သူများ’ ဆိုတဲ့ ၀တ္ထုပေါ့။ အဲဒီ ဇာတ်လမ်းကို နားထောင်ပြီးတော့ ဘာကိုမှမသိတဲ့ ဒေးမူတောင်မှ မျက်ရည်လည်နေခဲ့တယ်။ ပိုလန် ကောင်လေး ပေါလ်နဲ့ ဂျူးမလေး အက်စ်သာရဲ့ ဇာတ်လမ်းပေါ့။ မင်းတောင်မှ ပြောခဲ့သေးတယ်။ အဲဒီလိုများဖြစ်ခဲ့ရင် ကျွန်မ ဘယ်လိုဖြစ်ကျန်မလဲ မသိဘူး။ ဆိုပြီးတော့လေ။ ဘာလို့ဆိုတော့ ကိုယ်က လက်နက်ကိုင် တော်လှန်ရေး သမား လေ။ တိုက်ပွဲတွေဆင်ရင်းနဲ့ သေဆုံးသွားနိုင်တာကိုး။ ဒါပေမယ့် ဇာတ်လမ်းထဲက အတိုင်းပါပဲ။ မင်းက တိမ်းပါးသွားခဲ့ပြီ။ ဇာတ်လမ်းက ဇာတ်လမ်းပါပဲ ကွယ်။ အဖြစ်အပျက်က အဖြစ်အပျက်အတိုင်းပေါ့။ မတူတဲ့ တချက်က ဂျူးမလေး အက်စ် သာက တိုင်းတပါးသား ဖက်ဆစ်နာဇီစနစ်က သတ်ဖြတ်ခဲ့တာ။ ဒေးမူကတော့ ပြည်တွင်းဖြစ် ဖက်ဆစ်တွေကြောင့် ကြေ မွလွင့်စင်ခဲ့ရတာ။
ကိုယ် ကဗျာတပုဒ် ဖတ်ရတယ်။ ကဗျာခေါင်းစဉ်က ‘လွမ်းစေတီ’ တဲ့၊ မိုဃ်းဇော် ဆိုတဲ့ ကိုယ်တို့ရဲ့ ပြည်မက ကဗျာဆရာ တဦး ရေးတာ။ တပုဒ်လုံး ကြိုက်တယ်။ ဒါပေမယ့် စာသားလေးတခုကိုတော့ မှတ်မှတ်ရရ ဖြစ်မိတယ်။
အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးနောက်
အငွေ့အသက်တွေ ကျန်ရစ်ခဲ့တယ်။
ဒီလိုပါပဲ ဒေးမူ။ အဖြစ်အပျက်တွေဆိုတာ သမိုင်းတွေမဟုတ်လား။ ၀မ်းသာစရာကောင်းတဲ့ သမိုင်းတော့မ ဟုတ်ပါဘူး။ ရှိပြီးသား အငြိုးအတေး အာဃာတတရားတွေကို ပိုပိုပြီး တောက်လောင်စေမယ့် အစိတ်အပိုင်းလေးတခုပေါ့။
(၂)
ကိုယ်တို့ စတွေ့ခဲ့ရာ မင်းအဘိုးရဲ့ ဒူးရင်းခြံထဲက တဲကလေးဆီကို စိတ်ကပြေးသွားပြန်တယ်။ မင်းအဘိုးကို ဆေးကုဖို့ ရောက်လာတဲ့ ဆေးမှူးသူပုန်လေးတယောက်ကို မီးဖိုချောင်ကွယ်ကနေ မျက်ဝန်းနက်နက် ကလေးနဲ့ ကောင်မလေး တ ယောက်က စူးစူးရှရှ လေ့လာအကဲခတ်နေတဲ့ မြင်ကွင်းကိုလေ။ အဲဒီ သူပုန်လေးက ကိုယ်ဖြစ်ပြီး မျက်ဝန်းနက်ကလေးက ဒေးမူဖြစ်လိမ့်မယ်ဆိုတာကို အဲဒီအချိန်တုန်းက ဘယ်သူက သိခဲ့ကြမလဲ။ ကာယကံရှင်နှစ်ဦး ကိုယ်တိုင်တောင်မှ မရိပ် စားမိခဲ့သေးတဲ့အချိန် မဟုတ်လား။
ဒေးမူရဲ့ အဘိုးကို ဆေးကုပေးနေရင်း မင်းနဲ့ ကိုယ်နဲ့ ပိုပိုပြီး နီးစပ်လာခဲ့တယ်။ တဖြည်းဖြည်းချင်း ရင်းနှီးမှုတွေ ပိုတိုးလာ ခဲ့တယ်။ အဲဒီအချိန်က ဒူးရင်းသီးတွေ ဖြိုင်ဖြိုင်ပေါ်တဲ့ ကာလလေ။ ဒူးရင်းသီးဆိုမှ ကိုယ်တို့က ဒူးရင်းသီး အရမ်းကြိုက် တာ မှတ်မိသေးတယ် မဟုတ်လား။ ကြိုက်တယ်ဆိုတာထက်ကွယ် အဓိကက စားစရာမရှိလို့ ဒူးရင်းသီးကို ထမင်းနဲ့ နယ် စားရတာလို့ပြောရင် ပိုမှန်မယ်ထင်ရဲ့။ အဲဒါကို မင်းကသိသွားပြီး မင်းအဘိုးရဲ့ ဒူးရင်းသီးကြွေတွေကို သိမ်းထားတဲ့ နေရာ ကို မင်းကခိုးပြတော့ အဘိုးက ဆူသေးတယ်လေ။ နောက် ဒူးရင်းသီး အစားများပြီး ရင်တွေပူတော့ မင်းဂွတ်သီးစားဖို့ အကြံပေးတာတွေ။ စခန်းချတဲ့နေရာမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ အတွက် ဒူးရင်းသီးများများသယ်သွားမယ်ကြံတော့ မင်းက အခွံနွှာပြီး အသားချည်းသက်သက် သယ်သွားဖို့ အကြံပေးခဲ့တာတွေ။ ဘာပဲပြောပြောပေါ့ ချစ်သူရယ်။ မင်းနဲ့ ထိရှခဲ့တဲ့ အရာတိုင်းဟာ သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲ ဖြစ်ဖြစ် အလွမ်းတွေချည်းသက်သက်ပဲ။
မင်းအဘိုးကို ဆေးကုပေးပြီးနောက်ပိုင်း မင်းရော ကိုယ်ရော စိတ်ထဲက တွေ့ချင်တာကို ဘယ်လိုမှ ထိန်းသိမ်း မရအောင် ဖြစ်ခဲ့ပြီး ဆုံဖြစ်အောင် အခွင့်အလမ်းတွေ ရှာခဲ့ကြတယ် မဟုတ်လား။ ချစ်ခြင်း မေတ္တာဆိုတာက ကန့်သတ်လို့ ရတဲ့အရာ မှ မဟုတ်တာ။ လူမျိုးရေးတွေ၊ ဘာသာရေးတွေ၊ လူမှုရေး အလေ့အထတွေက ဘယ်လိုပဲကွာကွာ ဒါတွေကလည်း ချစ် ခြင်းမေတ္တာအတွက် အဟန့်အတားလေး လောက်ပါပဲ။ တကယ်တမ်း တဦးနဲ့တဦး မြတ်နိုးသွားပြီဆိုတဲ့ အချိန်ရောက် တော့ အားလုံးဟာ နောက်ကောက်ကျ ပြိုလဲခဲ့ရတာပဲ မဟုတ်လား။
(၃)
ရာသီဥတုဝင်းပတဲ့ အချိန်တွေမှာ ဟိုးမြေပြန့်က လယ်ကွင်းတပြန့်တပြောကြီးကို ကျော်ဖြတ်ပြီး ကြည့် လိုက်ရင် ပဲခူးရိုးမ တောင်တန်းကို ရေးရေးလေး မြင်ရတဲ့ တောင်ကုန်းလေးတကုန်းမှာထိုင်ပြီး စကားပြောခဲ့ဘူးတာ မှတ်မိဦးမယ်ထင်တယ်။ ဒေးမူက “အဲဒီမှာရော ဗမာတောင်ပေါ်သားတွေ နေတာလား” ဆိုတာကိုလေ။ ကိုယ်ရုတ်တရက် မှင်သက်မိသွားတယ်။ ဘာပြန်ပြောရမလဲဆိုတာ စဉ်းစား နေမိတယ်။ အေးပေါ့လေ ဒေးမူက အရှေ့ရိုးမရဲ့ သမီးပျိုဆိုတော့ အဲဒီမှာနေတဲ့ သူ တွေဟာ လူမျိုးစုံ ရောနှော နေထိုင်ခဲ့တယ်ဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ကိုယ်က ပဲခူးရိုးမရဲ့ သမိုင်းကို ပြန်ရှင်းပြတော့ တွေတွေငေးငေးနဲ့ ဟုတ်လို့လားဆိုပြီး တွေးနေပုံရတယ်။ နောက်မှ ထပ်မေးတယ်။
“ဒါဆို အဲဒီမှာလည်း စစ်ဖြစ်တာပေါ့နော်” “ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အခုလောလောဆယ်တော့ စစ်ပွဲတွေမဖြစ်တော့ဘူး။ နောင်ကျရင် ထပ်ဖြစ်ဦးမှာပဲ” လို့ ပြန်ရှင်းပြတော့ “စစ်ကလည်း မပြီးနိုင်တော့ဘူးနော်”လို့ ဒေးမူက ဆိုပြန်တယ်။ “ဘယ် ပြီးနိုင်မလဲ။ ဒေးမူရယ်။ ဒီစစ်အုပ်စု အဲ … ဒေးမူတို့ ပြောပြောနေတဲ့ ဗမာစစ်တပ် ရှိနေသရွေ့ စစ်ပွဲတွေက ရှိနေဦးမှာပဲ” ကိုယ်ပြန်ပြောတော့ ဘာမှပြန်မပြောတော့ဘဲ လက်ထဲက ကိုင်ထားတဲ့ သစ်ကိုင်းနဲ့ ခြုံပုတ်တွေကို ရိုက်ရင်း ဒေးမူက ၀င် လုဆဲဆဲနေကို လှမ်းကြည့် နေခဲ့တယ်။ ဖြူစင်လှတဲ့ ဒေးမူကို နားမလည်နိုင်တဲ့ စကားလုံးတွေနဲ့ ကိုယ်အနှောင့်အယှက် မပေးချင်တာကြောင့် မြန်မာပြည်တ၀ှမ်းလုံးဟာ စစ်မီးလျှံတွေ တောက်လောင်နေတယ်ဆိုတာ အဲဒီတုန်းက မရှင်းပြခဲ့ပါ ဘူး။ တကယ်တော့ ကိုယ်တို့နှစ်ဦးဟာ လည်း ဘယ်အချိန်မှာ ဘယ်သူက အဲဒီစစ်မီးလျှံတွေရဲ့ တောက်လောင်ခြင်း ခံရ မလဲဆိုတာ အနာဂတ္တိဆရာတွေလည်း ရှင်းပြနိုင်မှာ မဟုတ်ပါဘူးကွယ်။
(၄)
“ဆေးမှူးနဲ့ ချစ်ရတာ အားငယ်တယ်” ဒူးရင်းတောထဲမှာ လမ်းလျှောက်ရင်း စကားပြောတဲ့ တညနေ ရုတ်တရက် ဒေးမူ ပြောစကားကြောင့် အံ့အားသင့်သွားခဲ့တယ်။ အလောသုံးဆယ် ပြန်မေးမိတယ်။ “ဆေးမှူးက ပညာတတ်တယ်။ ဒေးမူက ဘာမှမတတ်ဘူး။ နောက် ဆေးမှူးက တောင်ပေါ်အလုပ် ဘာမှမလုပ်တတ်ဘူး။ ဟိုတနေ့က အမိုးကို ဆေးမှူးလက်လေး တွေက ချောမွေ့နေတာပဲလို့ပြောတော့ အမိုးကပြန်ပြောတယ်။ သိလား။ ချောမွေ့မှာပေါ့ အလုပ်မှမလုပ်တာဆိုပြီး” ကိုယ် ဟက်ဟက်ပက်ပက် တချက်ရယ်လိုက်မိတယ်။ “ဘာရယ်တာ လဲ။ ဒီကအကောင်းပြောနေတာ” လို့ဆိုတော့ မျက်နှာပိုး သတ်ပြီး ရှင်းပြရပြန်တယ်။ ပညာတတ်ခြင်း မတတ်ခြင်းနဲ့ ပညာတတ်ပြီး အမှန်တရားကို မမြင်သူတွေ၊ သွေဖယ်သူတွေ၊ ဖောက်ပြန်သွားသူတွေ၊ စစ်တပ်ဘက် ရပ်တည်သွားသူတွေအကြောင်းပေါ့။ ပြီးတော့မှ တွေးတွေးဆဆပုံစံမျိုးနဲ့ “အဲဒီလို လူတွေရော ရှိလား” “ရှိတာပေါ့၊ အဲဒီလိုလူမျိုးတွေက လူမျိုးတိုင်းမှာ ရှိနိုင်တယ်။ နောက် ကိုယ်တို့တော်လှန်ရေးသမား တွေထဲမှာလည်း ရှိနိုင်တာပဲ” လို့ ကိုယ်ပြောတော့ “ကျွန်မတော့ မစဉ်းစားတတ်တော့ဘူး။ ဆေးမှူးရော အဲဒီထဲမှာ ပါ သွားမှာလား။ အဲဒီအခါကျရင် ကျွန်မကတော့ ကျန်ခဲ့မှာပေါ့နော်” ကိုယ်အကျပ်ရိုက်သွားခဲ့တယ်။ “မပါပါဘူး ဒေးမူရယ်၊ မပါပါဘူး၊ ဒေးမူလည်း မကျန်ခဲ့ပါဘူး”လို့ ပြန်ဖြေမိတယ်။ အဲဒီလိုမေးတတ်အောင် ဘာအတန်းပညာမှ မတတ်ရှာတဲ့ ဒေးမူကို ဘယ်အရာက သင်ပေးလိုက်တာလဲ။ ကိုယ်နားမလည်နိုင်တော့ဘူး။ ဘ၀အတွေ့အကြုံကပဲ လား။ မေတ္တာတရားကလား။
အခုအချိန်မှာတော့ ဒေးမူရှိရင် ကိုယ်ခေါ်ပြချင်ပါတယ်။ ကိုယ်ရှိနေသေးတယ်ဆိုတဲ့အကြောင်းနဲ့ ကိုယ် ပြောခဲ့သလို ပညာတတ်ပြီး ဖောက်ပြန်သွားတဲ့ လူမျိုးစုံတော်လှန်ရေးသမားတွေရဲ့ အကြောင်းကိုလေ။
(၅)
ဒီလိုနဲ့ ကိုယ်တို့ဇာတ်လမ်းဟာ ခဏတာနားဖို့ ဖြစ်လာတယ်။ မာနယ်ပလောမှာ တိုက်ပွဲတွေဖြစ်နေပြီတဲ့။ ကြေးနန်းဝင် လာတယ်။ ကိုယ်တို့စစ်ကြောင်းကို အမြန်ဆုတ်လာပါလို့ ညွှန်ကြားထားတယ်။ ဒါနဲ့ ဒေးမူဆီကို နှုတ်ဆက်ရင်းသွားပြော တော့ ဒေးမူက “သွားပေါ့ ဆေးမှူးရယ်။ ဒါပေမယ့် တိုက်ပွဲပြီးရင်သာ အရောက်ပြန်လာခဲ့နော်။ ရွာထဲမှာက ဆေးမှူးနဲ့ ကျွန်မ အကြောင်းကို အားလုံးက သိထားကြတယ်” ကိုယ်တို့နှစ်ဦး စကားတွေ ဆက်မပြောနိုင်တော့ဘူး။ တယောက်နဲ့ တယောက်လည်း စိုက်ကြည့်မနေကြဘူး။ ပဲခူးရိုးမကိုတွေ့ရတဲ့ တောင်ကုန်းလေးအထက်မှာ။ နေရောင်ဖျော့ဖျော့ အောက်မှာ ၀န်းကျင်တခုလုံးကလည်း မြက်ရိုင်းတွေကို လေ၀င်တိုးတဲ့ အသံကလွဲလို့ ဆိတ်ငြိမ်လို့။
“ကိုယ်ပြန်လာခဲ့ပါမယ်။ အားလုံးပြီးသွားရင် ဟိုးမြင်ရတဲ့ တောင်တန်းတွေဆီကို၊ လယ်ကွင်းတွေဆီကို ဒေးမူကို ကိုယ် ခေါ်သွားမယ်” လို့ ကိုယ်ပြောတော့ “ကျွန်မလည်း ဆေးမှူးကို စောင့်နေမယ်လေ။ တကယ်လို့ ဒီတိုက်ပွဲပြီးလို့ ဆေးမှူး ပြန် မရောက်လာခဲ့ရင် ဆေးမှူးပြောပြတဲ့ စာအုပ်ထဲကအတိုင်း ကျွန်မလည်း အဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရတော့မယ်ထင်တယ်” ဆိုပြီး ပြန်ပြောတဲ့ ဒေးမူရဲ့စကား ကိုယ်အခုထိ နားထဲစွဲနေတုန်းပဲ။
(၆)
ဒီလိုနဲ့ ကိုယ်တို့ မာနယ်ပလောခုခံရေးစစ်မှာ ၆ လတာ ခံစစ်ဆင်ခဲ့ရတယ်။ တိုက်ပွဲပြီးချိန် အခိုက် အတန့်လေးတွေမှာ ဒေးမူကို သတိရနေမိတယ်။ နောက်တခုက စိုးရိမ်မိတယ်။ ရွာထဲက ပြောဆိုမှု တွေကြားမှာ ဒေးမူ ကိုယ်ခံအားကျဆင်းပြီး နောက်တယောက်ကိုများ လက်လှမ်းသွားပြီလားဆိုတာကို။ ဒီလိုနဲ့ ကိုယ်တို့လည်း မိုးကာလအစပြုတော့ ခံစစ်ကုန်းပေါ် ကနေ ပြန်ဆင်းလာခဲ့တယ်။ တပ်ရင်းစခန်းမှာ ခဏနားပြီးနောက် ဒေးမူတို့ ဒေသကို တခေါက်ပြန်ရောက်လာခဲ့တယ်။ ဒီ တခေါက်ဟာ ကိုယ့်ရဲ့ အလွမ်းဇာတ် အစပြုမယ်ဆိုတာ လုံးလုံး မရိပ်မိခဲ့သေးဘူး။ ကိုယ်တို့မရောက်ခင် တပတ်အလို လောက်မှာ ဒေးမူတို့နေတဲ့ ဂွင်ထဲ ရန်သူတပ်ခွဲတခွဲ ရောက်လာတာကို သိရတယ်။ ဒေသခံတပ်နဲ့ တိုက်ပွဲတွေဖြစ်တာကို သိရတယ်။ ကျန်တာ ပြည့်ပြည့်စုံစုံတော့ မသိရဘူး။ စစ်ကြောင်းက ဒေးမူတို့ ဂွင်စပ်ကို ခြေချပြီး ဒေသခံ တပ်မှူးက အရှေ့ကိုဆင်းဖို့ပြောတော့ ကိုယ်တို့ စစ်ကြောင်း ဆက်ဆင်းလာခဲ့တာ အဲဒီမှာတင် သတင်းကြားရတော့တယ်။
(၇)
“ကျနော်တို့ တပ်ရောက်သွားတော့။ ရန်သူ့တပ်က ထွက်သွားတာ နာရီဝက်လောက်ပဲရှိသေးတယ်။ ဘာလို့ဆိုတော့ ဆေး မှူးရဲ့ ကောင်မလေး ခန္ဓာကိုယ်က နွေးနေတုန်းပဲ” ဒေသခံရဲဘော်တဦးရဲ့ ရှင်းပြနေသံက မကြားတချက်၊ ကြားတချက်။ အားလုံးပေါင်း ရွာသူရွာသား တဆယ့်လေးယောက် အသတ် ခံခဲ့ရတာတဲ့။ ဒေးမူကို တပ်စုတစုလောက်ရှိတဲ့ စစ်ခွေးတွေ က အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့တာတဲ့။
နားထဲကို ချော်ရည်တွေ လောင်းချလိုက်သလိုပါပဲ။ အဲဒီအချိန်မှာ ဒေးမူစိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲ။ ကိုယ်တွေးဖို့ တောင်မှ ကြောက်နေခဲ့တယ်။ နာကျင်မှုတွေ၊ ရှက်ရွံ့မှုတွေ၊ ကြောက်လန့်မှုတွေ၊ ခါးသည်း မုန်းတီးမှုတွေ ဘယ်လို ဝေဒ နာတွေများ တကိုယ်လုံး တောက်လောင်နေခဲ့မလဲ။ ဟော့ဒီ မြေပုံမို့မို့အောက် မှာ မင်းလဲလျောင်းနေတာတဲ့။မင်းဝိဉာဉ်က ကိုယ့်ကို စောင့်ကြည့်နေမှာလား။ ဗမာဆိုပြီး မုန်းတီး နာကျည်းတဲ့ အကြည့်နဲ့လား။ ဒါမှမဟုတ် ကျွန်မကိုသာ လွမ်းရစ်နေ ပေတော့ဆိုတဲ့ ကျိန်စာနဲ့လား။ သေချာတာကတော့ ကျိန်စာနဲ့သာ တိုက်ထားခဲ့ပါ ဒေးမူ။
ပဲခူးရိုးမကို မြင်ရတဲ့ တောင်ကုန်းကလေးအထက်ကို ကိုယ်တက်လာခဲ့မိတယ်။ “ဆေးမှူးပြောပြတဲ့ စာအုပ်ထဲကအတိုင်း ကျွန်မလည်း အဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရ တော့မယ် ထင်တယ်” ဆိုတဲ့ ကိုယ်နား ထဲစွဲကျန်ဆဲ ဒေးမူစကားလေ။ အခုတော့ ကိုယ်က အတိတ်တွေကို ပြန်ပြောပြမယ့် တောင်တန်းတွေကို ဒေးမူကိုယ်စား တသက်လုံး မျှော်ငေးနေရပါပြီ။ ဆက်ပြီးတော့လည်း မျှော်ငေးနေရဦးမှာပါ။ ဟောဒီလောင်ကျွမ်းနေတဲ့ ပြည်တွင်းစစ်မီး ကြီး မပြီးဆုံးသရွေ့ပေါ့။ ဒီစစ်ကြီး မပြီးဆုံးသရွေ့လည်း လူမသိ သူမသိ အညတရတွေရဲ့ အလွမ်းဇာတ်တွေဟာလည်း ဆက်ဖြစ်နေဦးမှာပါ။ ကိုယ်နဲ့ ဒေးမူအဖြစ်အပျက်ကလည်း အဲဒီထဲမှာ တပုဒ်အပါအ၀င်ပေါ့။
(၁၉၉၂ ခုနှစ်အတွင်း၊ ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်၊ ကေအဲန်အယ်လ်အေ အမှတ် ၈ တပ်ရင်း၊ ပတ္တ လား တောင်အနီးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အား အခြေခံပါသည်။)
ပွင့်သစ်(ကရိန်ကန်)
(နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်၊မတ်လ၊ ၂၀၀၇ ခုနှစ်မှ …)

“ကျေးဇူးမဲ့ နိုင်ငံရေး မဖြစ်စေဖို့”


^^^^^^^^^^^^^^^^^
စစ်အစိုးရလက်ထပ် ဗိုလ်ချုပ်ကျေးဇူးကန်းခဲ့ကြတယ်။ ဒီမိုကရေစီခေတ်ရောက်တော့ သံဃာ့ကျေးဇူး ကန်းခဲ့ကြ တယ်။ လက်ပံတောင်းတောင် တော်လှန်ရေးမှာ သံဃာတွေကို အသုံးချခဲ့ရုံသာမက ဒဏ်ရာရ သံဃာတွေကို အကြောင်းပြုပြီး တစ်တိုင်းပြည်လုံး ဆူပူအုံကြွအောင် လမ်းပေါ်ဆွဲခေါ်ကြပြန်တယ်။
ယခု တန်ဆောင်မုန်းလပြည့်နေ့ လက်ပံတောင်း နှစ်ပတ်လည် အခမ်းအနား လုပ်ဖို့ကြတော့ ဘယ်နိုင်ငံရေး သမားမှ စိတ်မဝင်စားကြဘူး။ ဒီလိုသာ ကျေးဇူးမဲ့နိုင်ငံရေး၊ ကျေးဇူးကန်းနိုင်ငံရေးတွေသာ လုပ်နေကြရင် စိတ်ချပါ ခင်ဗျားတို့ ဒီမိုကရေစီဟာလည်း ကျေးဇူးကန်းဒီမိုကရေစီသာ ဖြစ်လိမ့်မယ်။
အင်္ဂလန် အမေရိကန်မပြောနဲ့ ဗီယက်နမ်လောက်တောင် အဆင့်မရှိသေးပါဘူး။ ဗီယက်နမ်မှာ ဟိုချီမင်းကို ဘယ်လိုကိုးကွယ်လဲဆိုတာ အရင် လေ့လာကြည့်ပါဦး။
4.11.2013 ညနေ 4:00 နာရီ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများအတွက် လှူဒါန်းထားသော ငွေကြေးများ ပြန်လည်ခွဲဝေ လှူဒါန်းဖို့အတွက် စောင့်ရောက်ရေးသမားများနှင့် စည်းဝေးဖြစ်ပါတယ်။
ပြင်းထန် ဒဏ်ရာရ သံဃာတော်များအား ဗုဒ္ဓကုင်္ရ သူရဲကောင်းဆု ဆက်ကပ်ရေးနှင့် ကျန်းမာရေးစရိတ် ထောက်ပံ့ရေးတို့အတွက်ပါ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

``တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား….´´

credit to >>>>>အထာကျတဲ့ အာဂ ဟာသများ >>>> မှတ်ကရော ... ======== အာဏာရှင် ခေတ်ကဖြစ်သည်။ တောရွာမ အဘွားအို သည် အာဏာရှင် သန်းရွှေ ၏ လုပ်ရပ်များကို အလွန်မုန်းသည်။ ထိုကြောင့် သူ တစ်ခုခုအဆင်မပြေဖြစ်တိုင်း ``သန်းရွှေ သေပါစေ´´ဟုေ၇ရွတ်တတ်သည်။ ထိုရေရွတ်သံကြားပြီး သူမွေူးထားသော ကြက်တူေ၇ွးက သံယောင်လိုက်ကာ ``သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´´ဟု အားတိုင်းေ၇ရွတ်နေတတ်သည်။ တရက်မှာတော့ သန်းရွှေ နှင့် စစ်သားများ ၄င်းရွာသို့ ချီတက်လာ၏။ စစ်တပ်ကြီးကိုမြင်သည်နှင့် ကြက်တူေ၇ွးက သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ ဟုထအော်သည်။စစ်တပ်ကြီးရပ်သွားပြီးး ဗိုလ်တစ်ဦး အိမ်ထဲဝင်လာကာ ``အဘွားကြီး ဒါခင်ဗျား ကြက်တူေ၇ွးလား?´´ ``ဟုတ်ပါတယ် ဗိုလ်ကြီးရယ် နောင်မဖြစ်စေရပါဘူး အမေ တောင်းပန်ပါတယ်…´´ ``အေး မနက်ဖြန် လာစစ်မယ်၊ မနက်ဖန်မှာ အဲဒီသောက်ကြက်တူရွေး အဲဒီစကားပြောရင် ခင်ဗျားကြီးရော အဲဒီကြက်တူရွေးကော နုတ်နုတ်ဆင်းပစ်မယ်…´´ စစ်တပ်သည် ပြောပြီး ဆက်လက်ချီတက်သွားသည်။ ကြံရာမရသည့်သနားစရာ အမယ်အိုက ရွာဘုန်းကြီးထံပြေးပြီး အကူအညီတောင်းသည်။ ရွာဘုန်းကြီးက သူမွေးထားသော ကြက်တူရွေးနှင့်လဲထားရန် အကြံပေးသည်။ အဘွားအိုက ကြက်တူေ၇ွးချင်းလဲထားမှာ စိတ်ချ လက်ချ နေနိုင်တော့သည်။ တပ်နောက်တနေ့တွင်ပြန်ေ၇ာက်လာသည်။ စစ်သားများက အဘွားအို၏ အိမ်သို့ ၀င်ပြီး ကြက်တူရွေးအခြေအနေ ကို ကြည့်သည်။ ယနေ့ ကြက်တူရွေးက တဆိတ် အိနြေ္ဒရလွန်းနေသည် ။ စစ်သားများက ဆွပေးကြသည်။ ``ဟေ့ကောင်ကြီး ပြောဦးလေကွာ၊ သန်းရွှေ ဘာဖြစ်တယ်ဆိုလား´´ ကြက်တူရွေးက ငဲ့စောင်းတောင်မကြည့်။ ``ဟေ့ကြက်တူေ၇ွး ပြောဦးလေ၊ သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´ ထိုသို့မှ ကြက်တူေ၇ွးက မျက်လွှာချကာအိနြေ္ဒနှင့် ခပ်အေးအေးပြောသည်။ ``တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား….´´

“ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ဒေါက်တာ စင်သီယာမောင် ရရှိ”



ဒီဗွီဘီ November 5, 2013 by နော်နိုရင်း ·

ထိုင်း-မြန်မာ နယ်စပ်တလျှာက်က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခ သည်တွေကို နှစ်ပေါင်းများစွာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းကနေ ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။

၁၉၈၈ ခုနှစ်ကတည်းက မယ်တော်ဆေးခန်းကို တည်ထောင်ပြီး နယ်စပ်တလျှောက် က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းကနေပြီး ဒေါက်တာ ၂၀၁၃ ဆစ်ဒနီငြိမ်းချမ်းရေးဆု ပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတဲ့ ဆုပေးပွဲအခမ်းအနားမှာ တက်ရောက် ဆုလက်ခံယူဖို့ ဆစ်ဒနီမှာ ရောက်ရှိနေတဲ့ ဒေါက်တာ စင်သီယာမောင်က ဒီဆုရရှိတဲ့အပေါ် ခုလိုပြောပါတယ်။

“အထူးသဖြင့် လူထုအခြေပြုအဖွဲ့အစည်းတွေကို ဆောက်ရွက်နေတဲ့ ကျန်းမာရေး လုပ်ငန်းတွေ ပညာရေး လူမှုဖွံ့ဖြိုးမှုလုပ်ငန်းတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်စပ်နေတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သဘောမျိုးပေးတာဖြစ်ပါတယ်။ ဒီဆုကို ကျန်းမာရေး ပညာရေး လုပ်ငန်းတွေကို ရေရှည် ထိထိရောက်ရောက်နဲ့ လူထုတွေကို ရေရှည် အကျိုးပြုမယ့် လုပ်ငန်းစဉ်တွေအတွက် အဓိက အသုံးပြုသွားမှာပါ။”

လာမယ့် ဆုပေးပွဲ အခမ်းအနားမှာ သူအနေနဲ့ နယ်စပ် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေ၊ နယ်စပ်မှာ ရှိတဲ့ လူထု အခြေပြုအဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဒေသအလိုက် ရေရှည် ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာရေးနဲ့ ပညာရေး အခွင့်အလမ်းတွ လူထု လူတန်းစားအားလုံး လက်လှမ်းမီဖို့နဲ့ အခြေခံအခွင့်အရေး ပြည့်စုံဖို့ လိုအပ်တဲ့အကြောင်းတွေကို ပြောဆိုသွားမယ်လို့လည်း ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

ဆစ်ဒနီငြိမ်းချမ်းရေးဆုအဖြစ် ဒေါ်လာ ၅ သောင်းနဲ့ ဖန်သားဖလားတခု ရရှိမှာ ဖြစ်ပါတယ်။

ဆစ်ဒနီခရီးစဉ်ပြီးရင်တော့ ဩစတြေးလျအစိုးရ ရုံးစိုက်ရာ ကင်ဘာရာမြို့ ကို သွားရောက်ပြီး အစိုးရဌာနတွေကို နယ်စပ်ဒေသအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီခရီးစဉ်အတွင်း ဒေါက်တာ စင်သီယာမောင်နဲ့ အတူ ကရင်အမျိုးအသမီးအစည်းအရုံးက နော်ကညောဖောနဲ့ ကချင်အမျိုးသမီးအဖွဲ့က ဂျေစီကာတို့ လိုက်ပါသွားပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဟာ နှစ်စဉ် နယ်စပ်တလျှောက်က လူနာ ၁ သိန်းခွဲကို အခမဲ့ ဆေးကုသပေးနေတာ ဖြစ်ပါတယ်။

လာမဲ့နှစ်မှာ ဆေးခန်းကို နှစ်စဉ် ထောက်ပံ့နေတဲ့ ဩစတြေးလျနိုင်ငံကလည်း သူရဲ့ အကူအညီတွေ ဖြတ်တောက်ဖို့ ရှိတဲ့အတွက် လူနာတချို့နဲ့ ၀န်ထမ်းတွေ အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

“၂၀၁၃ ခုနှစ်ကုန်ရင်တော့ ကျမတို့ သဘောတူညီထားချက်က ပြီးမြောက်သွားပြီ ဖြစ်တယ်။ လာမယ့်နှစ်တွေအတွက် ဆက်လက်ရရှိဖို့အတွက် မသေချာတဲ့ သဘောမှာလည်း ရှိသလို။ ဒုက္ခသည်တွေနေရာပြန်လည်ချထားရေးဆိုတဲ့ ခေါင်းစဉ်ပေါ်မှာ ဦးစားပေးပြီး စဉ်းစားပေးတဲ့ အတွက်ကြောင့် နယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့ တိုက်ရိုက်ရံပုံငွေတွေကို လက်ခံရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ပိုပြီးနည်းသွားမယ်။ အဲဒီအပေါ်မှာ လက်ရှိလုပ်ငန်းစဉ်တွေ ကျန်းမာရေးစနစ်ကောင်းမွန်အောင် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စွမ်းအား မြှင့်တင်ရေး အရည်အသွေး တိုးမြှင့်ရေး လုပ်ငန်းတွေကို ထိခိုက်သွားနိုင်စေတဲ့အတွက်ကြောင့် ဒါကို ပြန်လည်ပြီး ပံ့ပိုးကူညီနိုင်ဖို့အတွက် ဆက်လက် ကြိုးစားသွားမှာပါ။ ဒီ ဩစတေးလျ အစိုးရ ပံ့ပိုးတဲ့ အကူအညီထဲမှာ အထူးသဖြင့်တော့ မိခင်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းနဲ့ အိတ်အိုင်ဗွီ ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ အသုံးပြုနေတာဖြစ်တယ်။ နောက်တော့ မျက်စိခွဲစိတ်တဲ့ လုပ်ငန်းတွေနဲ့ ကျန်းမာရေး သင်တန်း တွေမှာ အသုံးပြုခဲ့တာဖြစ်တယ်။”

ဒေါက်တာ စင်သီယာမောင်ဟာ အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စား ခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆု၊ တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှသူရဲကောင်းဆု၊ ဆွစ်ဇာလန်နဲ့ အမေရိကန် ကျန်းမာရေးအဖွဲ့တွေက ချီးမြှင့်တဲ့ ဂျိုနသန် မန်း (Jonathan Mann Award) ဆုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိပေး



နေပြည်တော်၊ နိုဝင်ဘာ ၎

ရခိုင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွားအတွက် ရှေးရှုသည့်အနေနှင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် ကောင်းမွန်အောင် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းသည့် အဆိုကို ကန့်ကွက်သည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း သတိပေးသည်။

ယင်းအဆိုကို ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက နိုဝင်ဘာ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခြင်းအပေါ် ဦးရွှေမောင်က ကန့်ကွက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နယ်စပ် တစ်ဖက်နိုင်ငံအတွင်း ဖွင့်လှစ်ထားသော လူဦးရေ သိန်းဂဏန်းရှိသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် လူလတ်ပိုင်း အရွယ်များကို ရခိုင်ပြည်နယ်အား တိုက်ခိုက်ရန် အစွန်းရောက် အဖွဲ့များက သိမ်းသွင်းပြီး သင်တန်းများ ဖွင့်လှစ်ထားသည့်အပြင် လူမျိုးရေး၊ ဘာသာရေး အမည်ခံ အဖွဲ့များက ကူညီထောက်ပံ့မှုများ ပေးနေကြောင်း၊ ယင်းကြောင့် ရခိုင်ပြည်နယ် အမျိုးသား အကျိုးစီးပွားကို ရှေးရှုသည့်အနေနှင့် အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် ကောင်းမွန်အောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းသည့် အဆိုကို ဒေါ်ခင်စောဝေက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“အမျိုးသား အကျိုးစီးပွားအတွက် ဦးစားပေးပြီး လုပ်သင့် လုပ်ထိုက်တာကို အထက်က ညွှန်ကြားမှ မဟုတ်ဘဲ ပြည်နယ် အကျိုးအတွက် ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ လုပ်ဆောင်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကမူ ယင်းအဆိုသည် အချက်အလက် ခိုင်မာမှု မရှိသည့်အတွက် အမျိုးသား အကျိုးစီးပွားအတွက် မဖြစ်နိုင်သည့်အပြင် နိုင်ငံတော် အတွက်လည်း အကျိုးမရှိသည့် အဆိုဖြစ်သဖြင့် လွှတ်တော်က မှတ်တမ်းတင်ရန် ခွင့်မပြုသင့်ကြောင်း ကန့်ကွက်ခဲ့သည်။

“အနောက်တံခါး ကျိုးပျက်ဖို့ မတရား ခိုးဝင်လာတယ်တို့ ပြောနေတဲ့ဟာက လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတာနဲ့ တခြားစီပဲ” ဟု ၎င်းက ကန့်ကွက်သည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ ကန့်ကွက်မှုသည် လွှတ်တော်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုသည်။

“အဆိုကို ခွင့်ပြုတယ်၊ မပြုတယ်က လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်ရမှာပါ။ ကန့်ကွက်ချင်တယ် ဆိုရင် အဆိုရှင် တင်သွင်းနေတဲ့အချိန် မတ်တတ်ထပြီး ကန့်ကွက်လို့ ရပါတယ်။ အဆိုရှင် တင်သွင်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ရှင်းလင်းပြီးမှ ခွင့်မပြုသင့်ဘူးလို့ ကန့်ကွက်တာဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မကိုက်ညီဘူး” ဟု ၎င်းကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်သကဲ့သို့ အခြားတည်ဆဲ ဥပဒေများကိုလည်း သိရှိရန် လိုအပ်သည့်အပြင် သာမန်ပြည်သူထက် ပိုမိုလိုက်နာ သိရှိရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

The Voice Daily တွင် ဖော်ပြချက်ကို မူရင်းအတိုင်း ပြန်လည်မျှဝေသည်။

ကပ္ပလီပင်လယ်ပြင်သို့ မုန်တိုင်းအဆင့်ဖြင့်ရောက်ရှိလာနိုင်မည့် 30W(THIRTY)


---------------------------------------------------

တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း 30W(THIRTY)သည် အပြည်ပြည်ဆိုင်ရာ မုန်တိုင်းအမည် မရရှိသေးသော်လည်း မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗီယက်နန်နိုင်ငံ ဟိုချီမင်းစီးတီး အရှေ့ဘက် မိုင် ၆၇ဝ ခန့်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ 30W သည် ယနေ့ညပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အမည်ရ မုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း TSR ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။

JTWC မှ warning-09 အရ နိုဝင်ဘာလ ၆ ရက် – မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ဗီယက်နန်နိုင်ငံ ကမ်းခြေမှ မိုင် ၈ဝ ခန့်သို့ ရောက်ရှိလာပြီး၊ ဗဟိုလေတိုက်နှုန်း 70- knots(80.5 mph)သို့ ရောက်ရှိကာ ၄င်းနေ့ ညပိုင်းတွင် ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပါသည်။

30W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင် ထိုင်းပင်လယ်ကွေ့အတွင်းသို့ ရောက်ရှိကာ ထိုင်းနိုင်ငံ တောင်ပိုင်း Prachuap Khiri Khan မြို့ အနီးမှ ကမ်းခြေကို ကျော်ဖြတ်ဝင်ရောက်ကာ နိုဝင်ဘာလ ၈ ရက် နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံ မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့ကြားမှ ကုန်းတွင်း မုန်တိုင်းငယ်အဆင့်ဖြင့် ဖြတ်သန်းလျှက် ကပ္ပလီပင်လယ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ကြိုတင် ခန့်မှန်းထားပါသည်။ (ပုံ-တွင် ကြည့်ပါ)

မြိတ်ကျွန်းစု၊ ဘုတ်ပြင်းကျွန်းစုနှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် မုန်တိုင်း 30W ၏ အရှိန်ကြောင့် တစ်နာရီ 30 knots မှ 45 knots (တစ်နာရီ ၃၅ မိုင်မှ မိုင် ၅ဝ အထိ) လေပြင်းများ တိုက်ခတ်နိုင်မည် ဖြစ်ကြောင်း ကြိုတင်အသိပေး တင်ပြအပ်ပါသည်။

By mmweather.ygn, on November 5th, 2013
http://blog.mmweather.com/2013/11/05/30w-south-china-sea/

အလွမ်း ဖန်စီမက် (သို့) ဂျော်နီ တိုက်ဒေါင်း သူရဲကောင်း ။



၁။ အောင်ဆန်းသူရိယဘွဲ့ရတဲ့ ဗိုလ်ကြီးတိုက်ချွန်းတယောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့တွေ့ မှဘဲ ကိုယ်ကျိုးနည်းရတဲ့ အဖြစ်ကြုံရပါတော့တယ်။ ၁၉၄၀ မှာ ချင်းအမျိုးသား ဗိုလ်တိုက်ချွန်းတယောက်စစ်တပ်ထဲစ၀င်ခဲ့ပါတယ်။ ရဲဘော် သုံးကျိပ် ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှတပ်တွေကိုတိုက်တော့ ဗိုလ်တိုက်ချွန်းက ဗြိတိသျှတပ်တွေနဲ့ အတူအိနွိုယကိုပါသွားပါတယ်။ နောက်တော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးမှာ စစ်မြေပြင် ထောက်လှမ်းရေး၊ လေထီးတပ်သား၊ တိုက်ခိုက်ရေး စသဖြင့် ကျရတာဝန်တွေမှာရွပ်ရွပ်ချွန် ချွန်ကျေပွန်ခဲ့သူတဦးပါ။ အဖြစ်ကတော့ဒီလိုပါ . . ချင်းသနက(၁) တပ်ရင်းတရင်းလုံး ထောက်ကြံ့နားက ပေါက်ကုန်းရွာမှာ ယာယီတပ် ရင်းစိုက်စဉ်ကဖြစ်ပါတယ်။ ဒုရင်းမှုး ဗိုလ်မှုးကပ်ကျောင်းက ဒီနေ့တပ်ရင်းကို ဗိုလ်ချုပ်အောင် ဆန်းလာမှာဖြစ်ကြောင်း၊ ဗိုလ်တိုက်ချွန်းရဲ့ ကင်းတပ်ဖွဲ့တွေက ဗိုလ်ချုပ်ကိုကြိုဆိုတန်းစီ အလေးပြုရမှာဖြစ်ကြောင်းတာဝန်ပေးပါတယ်။ ဗိုလ်တိုက်ချွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို မမြင်ဘူးပေမဲ့လဲ အတော့်ကိုဘဲ လေးစားကြည်ညိုရင်းစွဲစိတ်တာကြောင့်၊ တပ်းရင်း သန့်ရှင်ရေးက အစသူကိုယ်တိုင် အပင်ပန်းခံပြုလုပ်ကာ အမှိုက်တစမကျန်ဂရုတစိုက်လုပ်ကာ၊ တန်းစီအလေးပြုမည့် သူ့ကင်းတပ်ကိုလဲ ခါးပါတ်၊သေနပ်၊ဖိနပ်ကအစ အသေအချာ တိုက်ချွတ် စေပြီး အကောင်းဆုံး စည်းကမ်းအကျဆုံး အလေးပြုရန် အကျအနစီစဉ်ထားပါတယ်။ ဗိုလ်ချုပ်တို့ဘယ်အချိန်လာမှာကို အတိအကျပြောမထားတာကြောင့် တမျှော်မျှော်နဲ့ စိတ်စောနေကြပါတယ်။ ဗိုလ်တိုက်ချွန်းကတော့ ကိုယ့်ယူနီဖောင်း ကိုယ်ပြန်ကြည့်ကာ ပြောင် လက်နေသော ခါးပါတ်ခေါင်းနဲ့ စစ်ဖိနပ်တို့တွင် အရိပ်ပေါ်နေပြီး ယူနီဖောင်းမှာ တောင့်တင်းပြီး လွန်စွာသပ်ရပ်နေသည်ကိုပီတိဖြာလျှက် ဗိုလ်ချုပ်ကိုသာ မျှော်နေမိပါတော့တယ်။ ဒါပသိ နေ့လည် (၁၂)နာရီလောက်မှာတော့ ပြသနာတခုဝင်လာပါတယ်။ ဖျင်နီတိုက်ပုံ ခပ်နွမ်းနွမ်း၊ ပုဆိုး အကွက်ကြီးဝတ်ကာ ဖော့ဦးထုပ်ဆောင်းထားတဲ့ လူတယောက်ဟာ လက်ထဲမလဲတုတ်ကောက်ကိုင်လျှက် တပ်ရင်းထဲအတင်းဝင်မယ်လုပ်နေ လို့ ဂိတ်စောင့် ကင်းရဲဘော်ဆီ အမြန်ပြေးသွားပြီး ထိုလူကိုဟန့်တားရပါတယ်။ ထိုလူက " ရဲဘော် . . ရဲဘော် . .ကျုပ်ဝင်ခဲ့ချင်တယ်" ကျနော် အတော်ပင် စိတ်ခုသွားပါတယ်၊ ဘယ်နဲ့ဗျာ၊ မြေကြီးမှာဘာအရာမှမထင်စေအောင် အသေအချာလှဲကျင်းထားတဲ့ ဂိတ်အ၀င်ဝအလယ်တည့်တည့်မှာရပ်လို့၊ တုတ်ကောက်ကလဲ မြေမှာထောက်ထားလိုက်သေး၊ ဒါကြောင့် ကျနော်က " ခင်ဗျားဝင်ခွင့်မရှိဘူး၊ ဒီနေ့ ကျနော်တို့ လူကြီး တယောက်လာဖို့ရှိတယ်။ "

" ဒီလမ်းအလယ်မှာ မရပ်ပါနဲ့၊ လမ်းဘေးကို သွားပါ" " မလာနဲ့ . . မလာနဲ့ . . လမ်းဘေးမှာနေပါ" ထိုသူကခပ်အေးအေးပင်ပြုံးကြည့်နေပြီးလျင်၊ " မဟုတ်ဘူးအထဲကိုဝင်ချင်လို့ပါ " ပြောကာရှေသို့တိုးလာလေသည်။ ကျနော်လည်း အရေးကြီးသောနေ့မို့ အတင်းတားနေ၏ " ဟေ့လူ . . ဘယ်လိုလဲ၊ ပြောတာမရဘူးလား၊ ကျုပ်တို့လူကြီးတယောက်လာမယ်၊ ဘေးမှာရပ်နေပါ " " မေဂျာ ကပ်ကျောင်းရှိလား၊ ရှိရင်တွေ့ချင်တယ်၊ မေဂျာကပ်ကျောင်းကို သွားခေါ်ပေးပါ၊ သူ့မိတ်ဆွေကတွေ့ချင်တယ်လို့ ပြောပါ " " မြတ်စွာဘုရား၊ ဘယ်လိုလူနဲ့လာတွေနေပါလိမ့် " ဟု ညီးတွားရင်း၊ ဇွတ်ပါလား၊ မေဂျာကပ်ကျောင်းရဲ့ အသိမိတ်ဆွေ ဖြစ်မှာပဲ လို့ ကျနော်တွေးမိပြီး။ " ကောင်းပြီ၊ ဗိုလ်မှုးခေါ်ခဲ့မယ်၊ ခင်ဗျား ဒီမှာ ခဏနေခဲ့ပါ " ဗိုလ်မှုးကပ်ကျောင်းထံ သတင်းပို့ရန် ထွက်သွားသော်လည်းစိတ်မချဖြစ်ကာ ခပ်လှမ်းလှမ်း ရောက်မှသူ့ကိုပြန်လှည့်ကြည့်ရာ၊ ထိုသူမှာ မရယ်မပြုံးလှမ်းကြည့်နေ၏ ။ ဗိုလ်မှုးကပ်ကျောင်း ထံသတင်းပို့၊ ဗိုလ်မှုးကပ်ကျောင်း တပ်ရင်းရုံးခန်းကအထွက် လှမ်းကြည့်လိုက်သည်နှင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေလေ၏၊ ပြီးတော့ ကျနော့်ကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ " ဟေ့ . . အဲဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ တိုက်ချွန်း၊ ကင်းတပ်ဖွဲ့ တန်းစီ . . အလေးပြုပါ " ကျနော့်ငယ်ထိပ်ကို မြွေပေါက်ရင်တောင်မှ သည်လောက်ထိတ်လန့်မိမည်မထင်ပါ။ ကျနော့် ကင်းတပ်ဖွဲ့ နေရာယူတန်းစီပြီးသောအခါ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗိုလ်မှုးကပ်ကျောင်းတို့ တပ်ရင်းဝမှ လမ်းလျှောက်ဝင်လာကြရာ၊ တပ်ဖွဲ့က သေနပ်မြှောက် အလေးပြုခြင်းကို ခံယူပြီး ဗိုလ်ချုပ်ကပြုံးနေပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ ကျနော့်အားနုတ်ဆက်ပါတယ်။ " ကောင်းတယ်ရဲဘော် . . ၊ မင်းတာဝန်ကျေတယ်၊ ရဲဘော်ဆိုတာဒီလိုမှပေါ့ကွ " ဟု ဗိုလ်ချုပ်ကပြောသွားသော်လညှ်း ဗိုလ်တိုက်ချွန်းတယောက်မှာ ဇောချွေးများပျံ လျှက်။ အော် . . ဗိုလ်ချုပ်တယောက်ဆိုတော့ အဆောင်အယောင်တွေနဲ့ ရှေ့ကားနောက်ကား ကိုယ်ရံတော်ရဲဘော်တွေ ခြံရံပြီး ကားတန်းကြီးဖြင့် တပ်ရင်းအတွင်းဝင်လာ ကြလိမ့်မည်ဟု တွေးထင်နေသော ဗိုလ်တိုက်ချွန်းတယောက် တက်တက်စင်အောင်လွဲခဲ့ရတဲ့ အဖြစ်ပါကလား၊ (တကသိုလ်စိန်တင်၏ ဗိုလ်ကြီးအောင်ဆန်းသူရိယတိုက်ချွန်း စာအုပ်မှ) ဗိုလ်သန်းရွှေတို့နဲ့တော့ကွာပါ့၊ ဟိုတနေ့က သူများနိုင်ငံကိုသွားပြီး သံခင်းတမာန်ခင်း ယတြာသွားချေတာတောင် သက်တော်စောင့်တွေ အခြွေအရံတွေ လေယျာဉ်ပျံ နှစ်စီးအပြည့် တင်ပြီး မျက်နှာကရှစ်ခေါက်ချိုးနဲ့ အိနွိုယနိုင်ငံရဲ့ လုံခြုံရေးအစီအမံတွေကို စော်ကားလှောင် ပြောင်လိုက်သလို မြန်နိုင်ငံပြည်သူအများရဲ့ငွေတွေ အလဟသပ်ဖြုန်းပစ်နေခြင်းဖြစ်ပါတယ်။ တကယ်တော့ ကျနော်အနေနဲ့ ဒီအာဏာရူးတွေအကြောင်း ဒီစာပိုဒ်မှာ ထည့်မရေးချင် သော်လည်း ဒီစာရေးလက်စနဲ့ ဒင်းတို့ရဲ့အိနွိုယခရီးစဉ်သတင်းတွေဖတ်ရင်း အတော့်ကို မျက်စိစူးလို့ထည့်ရေးလိုက်မိခြင်းသာတည်း။

၂။ ဖန်း . .ဖန်း . .ဖန်း . . တပ်ရင်းရုံး မြောက်ဘက် ခွဲ(၁) ဘားက သေနပ်သံကြားလို့ ပြေး ကြည့်မလို့လုပ်တုန်း ကျော်ဦး တယောက်အမောတကောရုံးပေါ် ပြေးတက်လာပါတယ်။ ကျနော်က " ဟေ့ကောင်ဘာဖြစ်လာတာလဲ " လို့ ဆီးမေးတော့။ ကျော်ဦးက " သရဲ . .သရဲ တွေ့လို့ သာတီအိတ် နဲ့ပစ်ပြီးပြေးလာခဲ့တာ " သူကဆိုပါတယ်။ "ခွီး တိုက်မယ်ခိုက်မယ်နဲ့တလျှောက်လုံး တိုက်ပွဲဆာနေတဲ့ကောင်က သူရဲကြောက်ရလားကွ" ဟု ကျနော်ကမာန်တော့ သူက ရယ်ကျဲကျဲနဲ့ ၊ " တခွဲလုံး ဗွီဒီယို သွားကြည့်နေကြတာ ကျနော်တယောက်ထဲ ဘားစောင့်ကျန်ခဲ့တာဗျ " ဟု ပြန်ပြောလေ၏။ သြော် တကယ်တိုက်ရဲ၊ သေရဲသော သူရဲကောင်းတယောက် သရဲတော့ကြောက်တတ်လေ၏၊ ဟုသတိရကာ သူ့ကိုအလေးအနက် ဦးညွှတ်အလေးပြုလိုက်ပါတယ်။ ရှစ်လေးလုံးပြည့်သူအရေးတော်ပုံကြီးမစခင်မှာ သူ့အကို ထွန်းထွန်းဦး ရှိရာ အာအိုင်တီ မှာ ခဏရောက်နေရင်း ကျော်ဦးတယောက် အဆွဲခံထိခဲ့ပါတယ်။ သူ့အကိုဖြစ်သူအာအိုင်တီ ကျောင်းသားကအဖမ်းခံမထိဘဲ၊ ဒီကောင်ကအဖမ်းခံရတယ်ဆိုတာကို ကျနော်တို့က " မင်းက အူတူတူနဲ့ လုံထိမ်းမျက်စိနောက်အောင်ဘာသွားလုပ်မှန်းမှမသိတာ " ဟုဆီးပြောကြရာ ရယ်ကျဲကျဲမျက်နှာဖြင့်သာခပ်မဆိတ်နေလေ၏။ အဲဒါပြန်လွတ်လာပြီး နယ်ကိုပြန်ရောက်လာတော့ အရေးတော်ပုံကြီးစနေပါပြီ၊ ဒါကြောင့် သူ့ကိုစင်ပေါ်တက်ပြီး ရန်ကုန်မှာ ထောင်ထဲ ရောက်ခဲ့ရတဲ့ အတွေအကြုံ ပြောပြခိုင်းတာကို လုံးဝမပြောပါဘူး။ စင်ပေါ်မှာစကားပြောဘို့ ၀ါသနာမပါဘူးဆိုပြီး ဘူးငြင်းပါတယ်။ သူက ဒီကောင်တွေကို တိုက်မှရမှာ ကျနော့်ကို လုံခြုံရေး တိုက်ခိုက်ရေးတာဝန်ပဲပေးပါ လို့သာတွင်တွင်ပြောခဲ့သူပါ။ နောက်တော့ သူနဲ့အတူ ကျောင်းသား၊လူငယ်(၅၀)ဟာ မြရာပင်အနီး တောင်ပေါ် ယာခင်းတခုမှာ အခြေခံစစ်သင်တန်း တက်ရောက်နေပါတော့တယ်။ မြို့နယ်အတွင်း ဆနွုပြပွဲတွေမှာ သူလုံးဝမပါနိုင်ခဲ့ပ၊ဲ ညပိုင်းမှာတော့ ရပ်ရွာလုံခြုံရေးတာဝန်ကို စိတ်ပါလက်ပါ ဆောင်ရွက်ပါတော့တယ်။ စစ်အာဏာသိမ်းပြီးနောက် တောခိုလာပြီးတော့လဲ၊ တိုက်ခိုက်ရေးပဲ အားသန်လို့ တပ်ခွဲမှုး တာဝန်ကို သူကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။ သူ့ကို ရဲဘော်တွေအားလုံးက ကျော်ဦးကနေ "ဖန်စီမက်" လို့နာမည်ပြောင်းပေးထားပါ တယ်။ သူငှက်ဖျားထလာရင် သူ့ရင်ဘတ်ပေါ် လက်တင်ကာလက်ချောင်းကလေးများကို စနွုယားတီးသလို လှုပ်နေရင်း " အမေ . . အမေ . . အမေရေ . ." ဟုညည်းတွားနေတတ်ပြီး၊ သူ့ကို ကွီနီးတိုက်ရင်သူမသောက်ပါ၊ အဲဒီတုန်းက ငှက်ဖျားအတွက် ဖန်စီမက်ဆေးပြားကိုလဲ သုံးလေ့ရှိခဲ့ပါတယ်။ အဲဒီ့ ဖန်စီမက် ရယ်၊သဘောင်္သီးထောင်းငြုပ်းသီးစပ်စပ် ရယ်စားပြီးတာနဲ့ ချက်ချင်း လုံးဝအဖျားမရှိတော့ဘဲ ထထိုင်ကာအကောင်းပကတိပြန်ဖြစ်လို့သွားပါတယ်။ ဒါကို အစွဲပြုလို့ သူ့ကို ဖန်စီမက် လို့ခေါ်ခြင်းဖြစ်ပါတယ်။ နောက်ထပ်နာမည်တခုကိုတော့ သူကိုယ်တိုင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဘန်ကောက် မှာ ယူအန်ကို ရဖြူဂျီလျှောက်တော့။ ဒီရုံးကလူတွေလည်း သိတ်စိတ်ချယုံလို့မဖြစ်သေးပါဘူး နာမည်လွဲပြီးလျောက်မှဟုဆိုကာ သူ့နာမည်ကို ကျော်နီ ဆိုပြီးရေးထည့်လိုက်ရာကနေ နာမည်အသစ်နောက်တခုရလို့လာပါတယ်။ ဂျော်နီဆိုတဲ့ တိုက်ဒေါင်း သူရဲကောင်းကို သတိတရရှိရင်းက သူနာမည်ပြောင်းတဲ့ကိစွုဆက်ရရင် သူဘယ်လောက်ရိုးသားတယ်ဆိုတာ တွေ့ရပါတယ်။ ခပ်တည်တည်နဲ့ အမည်ဆိုတဲ့အကွက်မှာ ကျော်နီ လို့နာမည်ပြောင်း ထားပြီးကာမှ အခြားအမည်ဆိုတဲ့အကွက်မှာ သူနာမည်ရင်း ကျော်ဦး ကိုထပ်ဖြည့်ရေး လိုက်ပါတယ်။ ဒါကြောင့် အားလုံးက၀ိုင်းပြောကြသောအခါ သူထုံစံအတိုင်း ရယ်ကျဲကျဖြင့် " ဟုတ်သားဘဲ ကျနော်လဲ မလိမ်ချင်တာနဲ့ " ဟုဆိုလေ၏်။ အဲဒီ့ ကျော်ဦး (သိုမဟုတ်) ဖန်စီမက် (သို့မဟုတ်) ကျော်နီ ကနေပြီးတော့ နောက်ဆုံး ဂျော်နီ လို့နာမည်တွင် လာရခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်နယ်မြေတခု တောင်ပိုင်းတွင်စိုက်ထူအခြေချပြီး လက်နက်ကိုင်တော်လှန်ရေး ကိုထိထိရောက်ရောက် အရှိန်အဟုန်မြှင့်တင် ခရီးဆက်သွားနိုင်မှာဖြစ်တယ်ဆိုတာကို အခိုင် အမာတွေ့မြင်လာခဲ့ပါတယ်။ ဒါကြောင့် အလယ်ပိုင်း မယ်နာပလော တော်လှန်စစ်ဒေသကနေ တောင်ပိုင်းကိုယ်ပိုင်နယ်မြေ ထူထောင်ရေးအတွက် ကျနော်တိုတပ်းရင်က ရဲဘော်အချို့ကိုဘန် ကောက်မှာ စုထားချိန် ဂျော်နီလည်းတယောက်အပါအ၀င်ဖြစ်ပါတယ်။ အခြား ရဲဘော်တဦးကို လည်း သင်တန်းမှုး၊ တိုက်ခိုက်ရေးမှုး စတဲ့တာဝန်တွေနဲ့ တောင်ပိုင်းတပ်တခုမှာ စတင် ခြေကုတ်ယူပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဌာနချုပ်က ခေါင်းဆောင်ကြီးက သူထင်ရာတွေစွတ် လုပ်နေခဲ့တာကြောင့် ခါးပြတ်ပြီး ကိုယ်ပိုင်နယ်မြေထူထောင်ရေး အိမ်မက်တခု ပျက်ခဲ့ရပါ တယ်။ အဲဒီ့နောက် အိနွိယမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားမျာအဖွဲ့ချုပ် (ABSL) ဖွဲ့လိုက်တဲ့ ပြီးအခါ်၊ ထိုင်းမှာ လည်း ABSL ထိုင်းဖွဲ့စည်းတည်ထောင်ကြတော့ ဂျော်နီ ဟာ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

၃။ မှတ်မှတ်ရရ မယ်နာပလော တိုက်ဒေါင်းနဲ့ ဘုရားသုံးဆူ တိုက်ဒေါင်း တို့ထိပ်တိုက်တွေ့ ခဲ့ ကြပုံကလေးကို ပြောပြချင်ပါသေးတယ်။ ကျနော်တို့ ABSL ထိုင်းလန်းမှာ အဖွဲ့ချုပ်ခေါင်းစီးကို ထိုင်းမှာရှိနေပြီး ကျောင်းသား အဖွဲ့တွေက အမြင်မရှင်းဖြစ်ကြပါတယ်။ အဖွဲ့ချုပ်ဆိုတော့က သူတို့အားလုံး အဖွဲ့ချုပ်အောက်ကိုဝင်ရမလိုလို နဲ့ ၀ိဝါဒ ဖြစ်စရာကြုံ နေကြပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ သမာဆတ်ယူနီဗာစီတီမှာ ABSL ထိုင်းရဲ့ ညီလာခံမှာ ONSOB နဲ့ အခြားကျောင်းသားအဖွဲ့အစည်းအာလုံးက ခေါင်းဆောင်များကိုဖိတ်ကာ အကျေအလည် ဆွေးနွေးကြပါတယ်။ သို့သော် ညီလာခံခန်းမအ တွင်းမှာ တယောက်တပေါက်နဲ့ လိုရင်းညီညွတ်ရေးကို ခရီးမရောက်ဖြစ်နေပါတာကြောင့်၊ ညီလာခံကို ခဏနားစေလိုက်ပြီး အဖွဲ့လိုက်ကိုယ်စားလှယ်ရွေးချယ်ကါ သီးသန့် ဆေွးနွေး ကြပါတယ်။ ဒီတော့ ဂျော်နီ တယောက်စိတ်မရှည်ဖြစ်ကာ . . " ဟေ့ ဒီမှာ ငါ့တို့လက်တွေက သေနပ်ကိုင်လာတဲ့လက်တွေကွ ကျောင်းသားအချင်းချင်း ညီညွတ်ရေး ဆွေးနွေးတာသိတ် အရစ်ရှည်မနေကြနဲ့ " ဟုအသံမာမာနဲ့ ရာဇသံလိုလို အမိန့်လိုလို ပြောလိုက်ပါတယ်။ ဒီတော့ဘယ်ရမလဲ ဘုရားသုံးဆူတိုက်ဒေါင်း အရပ်ရှည်ပြီးစိတ်တိုတတ်သော ONSOB ကိုယ်စားလှယ် ကိုကျော်သက်(ညောင်တုန်း) ကလည်း . . " အေး ငါတို့ကလက်တွေလည်း . . ကိုင်လာတာမဟုတ်ဘူးကွ၊ မင်းလိုဘဲသေနပ်ကိုင် တိုက်လာတဲ့ကောင်တွေဘဲ " " ငါတို့လည်းညီညွတ်ချင်လို့မင်းတို့နဲ့လာညှိနေတာပေါ့ " လို့ပြန်အော်လိုက်ပါတယ်။ အဲဒါ သူတိုနှစ်ယောက်ကို ဖြန်ဖြေပေးပြီးတော့ ဘုရားသုံးဆူနယ်မြေကတိုက်ဒေါင်း နဲ့ မယ်နာပလောနယ်မြေကတိုက်ဒေါင်း ချစ်ကြည်ရေးမှတဆင့် ကျောင်းသားညီညွတ်ရေး " သမာဆတ်စာချုပ် " ကိုအောင်မြင်စွာ ချုပ်ဆိုနိုင်ပြီး ဘန်ကောက်ကျောင်းသား ညီညွတ်ရေး တည်ဆောက်ခဲ့ကြဘူးပါတယ်။

၎။ ကိုးလေးလုံး(၉၉၉၉) အောက်တိုဘာစိန်ခေါ်မှုကြီးဟာ နိုင်ငံတကာအစိုးရအားလုံးနဲ့ ပြည်သူအားလုံးက ထောက်ခံအားပေခဲ့ကြသလို၊ မြန်မာကျောင်သားများဟာအကြမ်းဖက် သမားတွေမဟုတ်ဘူးဆိုတာသက်သေပြခဲ့တာဘဲဖြစ်ပါတယ်။ ပြည်သူတရပ်လုံးရဲ့ဂရုဏာ တွေကို သိမ်းကြုံးရယူခဲ့ကြပါတယ်။ ကိုးလေးလုံးလှုပ်ရှားမှု ဘန်ကောက် မြန်မာစစ်အုပ်စု သံရုံးကို ရှစ်လေးလုံးကျောင်းသားများ သိမ်းပိုက်လိုက်ခြင်း တော်လှန်ရေးတရပ်လုံးရဲအကျိုး၊ အောင်မြင်မှုကြီးတရပ်ပါဘဲ။ ဂျော်နီ ကသူဆုတ်ကိုင်ထားတဲ့ ရပ်တည်ချက်ကို အခိုင်အမာယုံကြည်စွာစွဲကိုင် တိုက်ပွဲဝင် သွားခဲ့တာဘဲဖြစ်ပါတယ်။ နိုင်ငံတကာမှာ တခါမှမဖြစ်နိုင်သေးတဲ့ လုပ်ရပ် ဗျူဟာမြောက် သေသပ်ပိယိစွာ ဦးဆောင်စီးနင်းနိုင်ခဲ့ပြီး သွေစွန်းဘို့ကိုမဆိုနဲ့ သံရုံးဝန်ထမ်း တွေအပါအ၀င်၊ ဧည့်သည်များပါ မည်သူတဦးတယောက်မှ ထိခိုက်အနာတရ မရှိခဲ့လေအောင် နှလုံးရည်ရော လက်ရုံးရည်ပါ ပြည့်စုံတဲ့ သူရဲကောင်းတယောက်အဖြစ် ဦးညွှတ်အလေးပြုပါ၏။
လွမ်းစရာကောင်းတဲ့ ဖန်စီမက်၊ (ပူသူ . . အအေးကွက်လိုက်ရှာ)အစရှိတဲ့ သန်းနိုင်
ရဲ့သီချင်းကို ဂစ်တာတီးတဲ့အခါတိုင်း သီဆိုတီးခတ်လေ့ရှိသူ . . အခုတော့ . . သူရဲကောင်း
ဂျော်နီ တယောက် (သူဆိုနေကြသီချင်းစာသားထဲကလို) အမှောင်လမ်းကလေးထက်မှာ . . ငွေလမင်းကလေး . . မလင်းဘဲ . .ဲဖြစ်နေလေရော့မလား . . ။
ကျဆုံးသွားကြလေသော ရှစ်လေးလုံးသူရဲကောင်း အပေါင်းကိုဂုဏ်ပြုကြပါ၊ ကျဆုံးသွားကြလေသောရှစ်လေးလုံးသူရဲကောင်းအပေါင်း၏သစွုာကိုစောင့်သိထိမ်းသိမ်းကြပါ၊
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ဆိုတဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကို . . အရှိန်အဟုန်မြှင့်တင်ကြပါ၊ မျောက်ကို မျောက်မြီးနဲ့ ပြန်ချီဖမ်းတဲ့နည်းသုံးပြီး စစ်ခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့ပစ်မှုတွေနဲ့ ဒင်းတို့ကိုတရားပြန်စွဲပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံးတော်မှာ အပစ်ပေးအရေးယူကြပါ၊ . . ။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။
>မောင်မောင်စိုး ၁ -၂၆၀- ၄၂၆၄၁၂၁

စကားချပ်။ ဂျော်နီ ကိုအမှတ်တရနဲ့ မှတ်တမ်းတင်ဂုဏ်ပြုနိုင်ရန် သူ့အကြောင်းကိုစာအုပ် တအုပ်ထုတ်ဝေဘို့ သူနဲ့ထိတွေ့ဆက်ဆံဘူးသူတွေကို အင်တာဗျူးတွေလုပ်နေပါတယ်။ ရှစ်လေးလုံးမျိုးဆက်များဟာ နေရာဒေသအမျိုးမျိုးမှာ တိုက်ပွဲပုံစံအမျိုးမျိုးနဲ့ အသက်ပေး တိုက်ပွဲဝင်သွားကြပါတယ်၊ တိုက်ပွဲဝင်နေကြဆဲပါ။ သူရဲကောင်းအားလုံးကို စာအုပ်မှတ်တမ်း တင်ဂုဏ်ပြုရန် အခက်အခဲများစွာရှိသော်လည်း၊ မိမိတို့နှင့်နီးစပ်ရာ ကျဆုံး သူရဲကောင်းများကို တဆင့်တဆင့်မေးမြန်း ပြုစုရေးသားလျင်ကား အားလုံး၏ဂုဏ်ပြု မှတ်တမ်းများထွက်ပေါ်လာ ရမည်မှာမလွဲပါ၊ ဒါကြောင့် ကျနော်တို့ဒေသ၊တပ်ရင်းများမှ အသက်ပေးကျဆုံး၊ပျောက်ဆုံး တိုက်ပွဲဝင်သွား ကြကုန်သောသူရဲကောင်း(၆၅)ဦး၏ မှတ်တမ်းမျာကိုပြုစုလျက်ရှိပြီး စောထ ဖောင်ဒေးရှင်း အနေနဲ့စာအုပ်ထုတ်ဝေသွားမှာဖြစ်ပါတယ်။

အပစ်ရပ်စဲရေး

“အပစ်ရပ်စဲရေး ဘုံသဘောတူညီချက် ၁၁ ချက်”



November 5, 2013 by ဒီဗွီဘီ

တရုတ်-မြန်နယ်စပ် ကေအိုင်အို ဌာနချုပ်ရှိ မဒန်ခန်းမမှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ၁၁ ချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
 

Monday, November 4, 2013

“သတင်းစာ၊ ဂျာနယ်များ မရေးရဲတဲ့ ခရိုနီ၊ စစ်အာဏာရှင်ဟောင်းများအကြောင်း”



မိုးမခ၊ ဇာနီကြီး၊ နိုဝင်ဘာ ၃၊ ၂၀၁၃

အနာဂတ်မြန်မာပြည်သည် ထိုင်းနိုင်ငံပုံစံသွားမည်လော၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင် စသဖြင့်မည်သည့်ပုံစံသွားမည်လော ကျနော်မသိနိုင်၊ တရုပ်လိုတော့မသွားလိုပဲ တောင်ကိုးရီးယားလို သွားစေချင်သော်လည်း ယခုဖြစ်ပျက်နေသောအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံ ပုံစံဖြစ်နေသည်။ ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံများတွင် ပြဲနေအောင်သွားရောက်လုပ်ကိုင်ရသည့်အထဲ၊ အိမ်စေအလုပ်သမများကို တရားဝင်ခွင့်ပြုမည်ဟု ဆိုလာသည်ကို ကြိုဆိုရင်း ဝမ်းနည်းမိပါသည်။

သယံဇာတရှိသမျှထုတ်ရောင်းချရာတွင် Human Resource ကိုတော့ ကောင်းကောင်းအသုံးချစေလိုပါသည်။ ဝိသမလောဘသမား၊ နှုတ်ပိတ်ရေငုံ နိုင်ငံရေးသမားများကြောင့် တိုင်းပြည်နစ်နာရသည်။ တိုင်ပြည်မှ တစ်ဦးချင်စွမ်းဆောင်မှုကို အမှန်တကယ်ဖွင့်ပေးပါက မကြာမီ ထိုင်းနိုင်ငံကဲ့သို့ တိုးတက်လာမည်ဖြစ်သည်။ ကျနော် စင်ကာပူမှာနေသည်။ လေဆိပ် Money Changer တွင် ငွေလဲခွင့်နိုင်ငံခြားငွေများတွင် မြန်မာကျပ်ငွေမပါခြင်းကို ဝမ်းမနည်းပါ။ လေယာဉ်ဂျပန်ရောက်သွားပြီး ဂျပန်လေဆိပ် Money Changer တွင် ထိုင်းဘတ်ငွေနှင့် စင်ကာပူဒေါ်လာ အရှေ့တောင်အာရှငွေကြေး ၂မျိုးကို အသိမှတ်ပြု လဲလှယ်ပေးသည်ကို မြင်ရသည်။ ဆန်ဖရန်စစ္စကိုရောက်သွားသည်။ စင်ကာပူဒေါ်လာကို ရှာမတွေ့တော့ပါ။ ထိုင်းဘတ်ငွေသည် ဆန်ဖရန်စစ္စကို၊ နယူးယောက်၊ လန်ဒန်အထိ တရားဝင်ငွေလဲလှယ်သည့် Money Changer များကလက်ခံသည်။ ဤမျှရေးပြလျှင် မြန်မာအာဏာပိုင်များ အရှေ့တောင်အာရှမှ မည်သည့်နိုင်ငံကို အလေးပေးဆက်ဆံသင့်သနည်းကို သဘောပေါက်မည်ဖြစ်သည်။

ခရိုနီနှင့်စစ်အာဏာရှင်ဟောင်းများကိစ္စ

ကြံခိုင်ရေးပါတီလူကြီးများ ငြိမ်နေခြင်းမှာသဘာဝကျပေသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း သူတို့နှင့်အတူသွားလာ လုပ်ကိုင်ရာတွင် ငြိမ်သင့်သလောက် ငြိမ်သွားရခြင်းလည်း သဘာဝကျပေသည်။

ယခု NDF ပါတီဥက္ကဌမှ ခရိုနီများ၏ အခွန်တိမ်းရှောင်မှုများကို အစိုးရကိုင်တွယ်ပုံမှာ အလွန်ပျော့လွန်းနေသည် ဟု Daily Eleven သို့ ပြောကြားသည်။ပြောလိုက်သည်ကို လှိုက်လဲစွာကြိုဆိုပါသည်။ အစိုးရမှ ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွက် ထိပ်တန်း အခွန်ထမ်း ၅၀၀ စာရင်းတွင် ၀င်ငွေများစွာ ရရှိနေသည့် ပုဂ္ဂလိက ဆေးရုံကြီးများ၊ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ထိပ်တန်းရုပ်သံ မီဒီယာကြီးများ ပါဝင်လာခြင်း မရှိသည့် အပေါ်တွင် ဝေဖန်မှုများစွာ ရှိခဲ့ပြီး ယင်းကဲ့သို့ ထိပ်တန်းအခွန်ထမ်းများ စာရင်းတွင် မပါဝင်လာမှုအပေါ် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်သင့်သည် ဟူသော ဝေဖန်မှုများ ရှိခဲ့သည်။

အဘယ့်ကြောင့် အခွန်မပေးကြသနည်း မေးခွန်း၏အဖြေမှာ လောကတွင် ဘယ်သူမှ လစာဒေါ်လာတစ်ထောင် ရလျှင့် အခွန် ၃၀% မပေးချင်ပါ။ ပွဲစားလုပ်ပြီးရလာသည့် ပွဲခ ဒေါ်လာ၁၀၀၀ ဆိုလျှင် မပေးသင့်ဟုပင် သတ်မှတ်ကြသည်။ ဘေးပေါက်မှရလာသောငွေကို အစိုးရထံ တင်ပြပြီး အခွန်ပေးလိုပါသည် သွားလုပ်လျှင် အရူးဟု အပြောခံရပေမည်။ ဥပဒေစည်းမျဉ်းများအတိုင်း ဘောင်ဝင်အောင် နေထိုင်၊ အခွန်ဆောင်ရသည်။ တခါတလေ ရလာသော ဘေးပေါက်ဝင်ငွေ Cash Income များမှာ အခွန်ဥပဒေနှင့် လွတ်နေတတ်သော်လည်း အစိုးရက Audit System, Insurance System များ ခိုင်မာစွာရှိပါက အခွန်ရှောင်မရပါ။ မိသားစုဝန်ထမ်းများကို လစာငွေမတရားပေးထား၊ မိသားစုအိမ်ယာ၊ကားများကို ငှားရမ်းသုံးစွဲရင်း အမြတ်သိပ်မပြသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတကာတွင် အိုကေပါသည်။ လူထောင်နှင့်ချီခန့်ထားပြီး စီးပွားကုမ္ပဏီကြီးများ မြန်မာပြည်တွင် အခွန်ရှောင်နေခြင်းမှာ သူတို့အပြစ်ဟု မပြောနိုင်ပါ။ စာရင်းစစ်၊ အာမခံ စသည့် စနစ်တကျမလုပ်သေးသောကြောင့် ဖြစ်သည်။ လာဘ်စားခွင့်ပေးထားခြင်းဖြစ်သည်။

ဝိသမလောဘသမား၊ နှုတ်ပိတ်ရေငုံ နိုင်ငံရေးသမားများကြောင့် တိုင်းပြည်နစ်နာရသည်။

ရန်ကုန်မှ သူရိယအလင်း ဂျာနယ်

ထုတ်ဝေခဲ့သည်မှာ နှစ်လခွဲခန့် ကြာမြင့်ခဲ့ပြီး စောင်ရေအားဖြင့် ၁၂ စောင်အထိ ထုတ်ဝေပြီးနောက် ၎င်းဂျာနယ်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးမိုးဟိန်းက ထုတ်ဝေသူ ဦးယုနိုင်နှင့် သဘောထားကွဲလွဲကာ အောက်တိုဘာ ၂၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် အတိအလင်း ကြော်ငြာကာ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား တိုက်ခိုက်မှုများကို ဖော်ပြခဲ့သည့် သူရိယအလင်း ဂျာနယ်ကို မြန်မာဂျာနယ်လစ် ကွန်ရက်က ကန့်ကွက်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သူရိအလင်းဂျာနယ်တွင် အယ်ဒီတာများ ကန့်ကွက်သည့်ကြားမှ ပုဂ္ဂိုလ်ရေး ထိပါးသည့် ဆောင်းပါးများကို စီအီးအိုဖြစ်သူ ဦးမိုးဟိန်းက ၎င်းတစ်ဦးတည်း သဘောထားဖြင့် ထည့်သွင်း ဖော်ပြခဲ့မှုကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်ကို ထုတ်ဝေသူ ဦးယုနိုင်နှင့် အယ်ဒီတာ အဖွဲ့က နိုင်ငံပိုင် သတင်းစာတွင် အောက်တိုဘာလ ၂၁ ရက်က ဖော်ပြခဲ့သည်။

The Voice သတင်းစာမှ ဦးမိုးဟိန်းကို ဆက်သွယ်မေးမြန်းရာ“စာနယ်ဇင်းကျင့်ဝတ်လို့ ဆိုရအောင် ကျွန်တော်တို့က အမေရိကန်တို့လို နိုင်ငံကို ပြန်ကြည့်ရမယ်။ နယူးယောက် တိုင်းမ်၊ ဝါရှင်တန်ပို့စ်စတဲ့ သတင်းမီဒီယာတွေက ဘယ်သူတွေကိုမဆို မကြောက်မရွံ့ ဖော်ပြနေတာပဲ.. ဟု ဖြေကြားပါသည်။

Facebook Comment တစ်ခုမှာ …အဲ့ ဂျာနယ်တိုက်က သူတို့ ထုတ်တဲ့စရိတ် ကာမိအောင် တမင် သက်သက် ထုတ်တာပါ အခုခတ်မှာ ခရိုနီ နဲ့ စစ်တပ်မကောင်းကြောင်း ခေါင်းစဉ်တပ် ပုံနှိပ် ရိုက် ထုတ်ဝေလိုက်ရင် ဂျာနယ်လဲနာမည်ရ ရောင်းအားလဲ တက်မယ့် အကွက်မြင်တာကိုးဗျ ခံ့ရလဲ လူမှထောင် မကျတာ ဂျာနယ်ထုတ်ခွင့် ခနပိတ်ခံရတာလေးဘဲလေ ပြန်လဲထုတ်ပိုင် ခွင့်ရ ရော အပိတ်ခံရတာကနေ ထုတ်တဲ့ ဂျာနယ်ဆိုပြီး ရောင်းရပါလေရော အခုလဲကြည့်လေ အဲ့ဂျာနယ်တိုက် အရင်ကရှိမှန်းတောင် မသိကျဘူး ဖိုးလပြည့်အကြောင်း ရေးတော့မှ နာမည်ကြီးလာတာ ..ဟုဖတ်မိသည်။

ကျနော်မှတ်ချက်ရေးရလျင် Eleven Media, The Voice, Irrawaddy, Mizzima စသည့် သတင်းဌာနများသည် မြန်မာပြည်တွင် အရှုံးခံထုတ်နေရသည်။ မည်သူများက ရှုံးငွေများကို စိုက်ထုတ်ပေးပါသနည်။ ကျနော့်မိတ်ဆွေတစ်ဦးလည်း နောက်ခံအဖွဲ့စည်းတစ်ခု လူ၊ငွေ အားပေးမှုဖြင့် ဂျာနယ်တစ်ခုကို တစ်နှစ်ထုတ်ခဲ့ရာ သိန်း ၁၀၀၀ ကျော် ရှုံးပြီးနောက် အယ်ဒီတာချုပ်ကို သတိပေးသည်။ ကြော်ငြာ(သို့မဟုတ်) ဝင်ငွေမရှာနိုင်လျှင့် ရပ်ဆိုင်ရတော့မည် ..ဟုပြောသောအခါ .. ရှုံးမြဲရှုံးသောကြောင့် ဝမ်းနည်းစွာဖြင့် ရပ်ဆိုင်းလိုက်ရသည်။ မိမိလုပ်ချင်တာ လုပ်လိုက်ရတော့ ကျေနပ်သွားစမြဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူတွင် လူ ၅ထောင်ကျော်ကို ပြောသွားသောစကားနှင့် ပြန်ရေးလျှင် …ကျမကို တိုင်းပြည်အတွက် အနစ်နာခံလုပ်ခဲ့တယ်လို့ မခံယူပါဘူး။ လုပ်ခဲ့လို့ ဆင်းရဲဒုက္ခခံစားရတာတွေလည်း ကျေကျေနပ်နပ်ခံယူပါတယ်..ဟု ဆိုသည်။

ထို့ကြောင့် ခရိုနီ၊စစ်အာဏာရှင်များနှင့် ပူးပေါင်းလုပ်ပြီး တိုင်းပြည်ကို ဖိလစ်ပိုင်အကြီးစား အိမ်စေရောင်းစားမည့်နိုင်ငံဘဝသို့ ပို့ဆောင်မည့် ခရိုနီများ၊ စစ်အာဏာရှင်ဟောင်းများအတွက် ပြေးစရာနေရာမရှိပါ။ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးတင်ဦး၊ ဦးခင်ညွန့်  စသဖြင့် ဖောင်းကားစားမောင်မောင် များအဖြစ် သမိုင်းက မှတ်တမ်းတင်မည်သာဖြစ်ပါသည်။

စိတ်မကောင်းစရာဖြစ်ရပ်မှာ ခရိုနီများကိုလည်း ဝေဖန်မပြောရဲပါ။ စစ်အာဏာရှင်ဟောာင်းဆိုလျှင် ပိုပြီးကြောက်ရပါသည်။

ဥပမာ စင်ကာပူမှ လီကွမ်းယူအကြောင်း ဘယ်သူရေးရဲသနည်း။ ကမ္ဘာကျော် နယူးယောက်တိုင်းသတင်းစာတွင် လီကွမ်းယူကို ဝေဖန်ရေးသားမှုများအား၊ ရေးတာ အချက်တရာ၊ မဟုတ်တာ တစ်ချက်ပါနေလျှင် ဥပဒေ အရေကြိုသောက်နိုင်ပြီး၊ နိုင်ငံတကာပေါက်ရောက်သူ လီကွမ်းယူက နိုင်ငံတကာတရားရုံးတွင် မမှန်သောအချက်တစ်ချက်ဖြင့် တရားစွဲပါသည်။ စာရေးသူသည် စင်ကာပူတွင် နေထိုင်သည်။ မနေထိုင်သည် လုံးဝဂရုမစိုက်ပါ။ စနစ်တကျ ကမ္ဘာ့တရားရုံး တစ်ခုမက၊ စာရေးသူ နေထိုင်သော နိုင်ငံအထိ သွားရောက်တရားစွဲသည်။ ပြီးတော့ အနိုင်ရအောင်လုပ်နိုင်သည်။ အနိုင်ရလျှင် နစ်နာကြေး ဒေါ်လာသန်းနှင့်ချီပြီး တောင်းသည်။ ငွေကြေးချမ်းသာသော သတင်းစာပိုင်ရှင်ကြီးများက ဝန်ချတောင်းပန်လိုက်လျှင် လျှော်ကြေးပေးစရာမလိုတော့။ အဲ.. စာရေးသူကတော့ ကော့နေအောင်ခံပေတော့။ မှားပါသည်ဟု ဝန်ချတောင်းပန်ရတော့သည်။ လူများ ငွေချမ်းသာမှု ဘယ်လောက်ချမ်းသာသလဲ။ ဘီလ်ဂိတ်၊ ၀ါရင်ဘတ်ဖတ် စသည့် ထိပ်ဆုံးသဌေးများပင်လျှင် ဒေါ်လာ ၁၀၀ဘီလျှံမချမ်းသာပါ။ လီကွမ်းယူ၏ နိုင်ငံသေးသေးလေး စင်ကာပူအစိုးရ၏ Singapore Telecom တစ်ခုတည်းပင် ဒေါ်လာ ဘီလျှံ တရာကျော် ချမ်းသာသည်။ Singapore Air, Neptune Shipping Line စသည်တို့အပြင် စင်ကာပူအစိုးပိုင် DBS/POSB Bank တစ်ခုတည်းကပင် ဒေါ်လာ ဘီလျှံ ၂၀၀ မက ချမ်းသာသည်။ သူဌေးကြီးအားလုံး အာဏာပိုင်အောက်တွင် ပြားပြားဝပ်ရသည်။ ထိုနည်းတူ မြန်မာပြည်က သူဌေးအားလုံးနှင့် ခရိုနီအားလုံးသည် မြန်မာအာဏာပိုင်များအောက်တွင် ပြာပြားဝပ်ရပေသည်။

လက်ရှိမြန်မာပြည်တွင် မည်သူသည် အာဏာပိုင်ဖြစ်ပါသနည်း။
Good Question!…

DVB -တာမွေ မဟာသန္တိသုခကျောင်းကို ပြန်ပေးဖို့ မဖြစ်နိုင်ဘူးလို့ သာသနာရေးဝန...

http://www.youtube.com/v/aD8fiekRc84?autohide=1&version=3&attribution_tag=MN9U_CETqbj8hB1gHvjy5A&feature=share&autoplay=1&autohide=1&showinfo=1DVB TV -04-11-2013 တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကို ပြန်ပေးဖို့ မဖြစ်နိုင်ဘူးလို့ သာသနာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို ဒေါ်သူသူအောင်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဖိတ်ခေါ်မှု ဒေါ်အောင်ဆန်းစုကြည်လက်ခံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး (CAIFC)၏ တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်မှုကို လက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၄ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။ "တရုတ်ပြည်က အခုထိတော့ ကျွန်မဆီ ဖိတ်တာမရှိသေးပါဘူး။ ဒါပေမယ့် အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကို ဖိတ်ပါတယ်။ ဖိတ်တာလဲ ကျွန်မတို့ကတော့ လက်ခံမှာပဲ။ ဘယ်နိုင်ငံနဲ့မဆို ဆက်ဆံရေးကောင်းကောင်း မွန်မွန်ရှိဖို့ တည်ဆောက်သွားဖို့ ဆိုတာ အရေးကြီးတယ်ဆိုတာလဲ လက်ခံတာပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ CAIFC အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ တစ်ဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် CAIFCအဖွဲ့ကြီးတို့ ပီကင်းမြို့၊ ပြည်သူ့လွှတ်တော်ကွန်ဂယက် အဆောက်အဦးအတွင်းရှိ တိဗက်ခန်းမဉ် အောက်တိုဘာလ၂၉ ရက်မှာ တွေ့ဆုံစဉ် CAIFC ဥက္ကဋ္ဌ (ယခင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း) Li Zhaoxing (လီဇောက်ရှင်း)က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးနောက်ပိုင်းမှာ ပြည်ပနိုင်ငံခရီးစဉ် ၁၀ ခုထွက်ခဲ့ပြီး ၄င်းနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံသို့ တစ်ကြိမ်၊ သြစတြေးလျားနိုင်ငံသို့ တစ်ကြိမ်နှင့် ဥရောပနိုင်ငံများသို့ နှစ်ကြိမ်သွားရောက်ခဲ့ပြီး ဖြစ်သည်။ အခြားသွားရောက်ခဲ့သော နိုင်ငံများမှာတော့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မွန်ဂိုးလီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့ဖြစ်ပြီး တရုတ်နိုင်ငံသို့ တစ်ခါမျှ သွားရောက်ဖူးခြင်း မရှိသေးကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တွေ သွားရောက်နေတဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုရှိနေတယ်၊ ဥရောပနိုင်ငံတွေအပေါ် ဒေါ်စုနဲ့မြန်မာပြည်သူတွေ အာရုံစိုက်သွားမှာ သူတို့ကစိုးရိမ်တယ်၊ ဒေါ်စုကို တရုတ်ပြည်လာဖို့ သူတို့ဘက်က ကမ်းလှမ်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံပွဲမှာ တင်ပြသွားဖို့ရှိတယ်၊ “ဟု ပြောသည်။ by (မဇ္ဈိမသတင်းဌာန) စိုးသန်းလင်း၊ စုမြတ်ဝေ ပြန်လည်မျှဝေပါတယ်။ 4.11.2013

Sunday, November 3, 2013

“ပေါက်တော အကြမ်းဖက်မှု နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာပြင်းထန်”



RFA - 2013-11-03

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ မနေ့က ဂုံးကောက်သူ ရခိုင် အမျိုးသမီးတချို့ကို မွတ်စလင် အမျိုးသား သုံးဦးက ဓားတွေနဲ့ ၀င်ခုတ်ခဲ့လို့ ဆင်အိုင်ကျေးရွာသူ အမျိုးသမီး တစ်ဦး သေဆုံးပြီး၊ တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

မနေ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို အခုလိုပြောပါတယ်။

ဘာကြောင့် အခုလို အမျိုးသမီးတွေကို ဓါးနဲ့ခုတ်မှုဖြစ်ပွားခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ မနေ့က ပေါက်တောမြို့နယ် ဆင်တမော်ကျေးရွာနားက မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုမှာ လူပျောက်လို့ လိုက်လံရှာဖွေရာမှာ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်မှာ လာရောက်ကြည့်ရှုသူတွေ များပြားလာလို့် ရဲတွေက တားမြစ်တာ မရပဲ သေနတ်နဲ့ ပစ်ခတ်တာကြောင့် မွတ်စလင် အမျိုးသား ၃ ဦး သေနတ်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ အဲဒီထဲက တစ်ဦးဟာ စစ်တွေဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက် ၂ ခုမှာ ဆင်အိုင်ကျေးရွာက ဒဏ်ရာရရှိသူ ရခိုင်အမျိုးသမီးကို စစ်တွေဆေးရုံကို ပို့ဆောင်ရာမှာ ရွာခံတွေရဲ့ အကူအညီနဲ့ စစ်တွေ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဆင်တမော်ရွာနားက မွတ်စလင် အမျိုးသား ၃ ဦးကို နိုင်ငံတကာ NGO တွေက လုပ်ငန်းသုံး လျှပ်ပြေးအမြန်ယာဉ်နဲ့ စစ်တွေ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စကို မကျေနပ်တဲ့ စစ်တွေမြို့ခံ ၃၀၀ ကျော်လောက်က နိုင်ငံတကာ NGO တွေရဲ့ အကူအညီတွေဟာ ဘက်လိုက်မှုရှိတွေရှိနေတဲ့အတွက် အလိုမရှိကြောင်း စစ်တွေဆေးရုံကြီးဝင်းထဲမှာ ဒီကနေ့ နေ့လည်ပိုင်းကဆန္ဒပြခဲ့ကြပါတယ်။

တချိန်ထဲမှာပဲ မနေ့က ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ဆီကို ဒီကနေ့ စာရေးသားတောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

ကလေးငယ်များအပြင် မသန်စွမ်းအမျိုးသမီးများကို ပစ်မှတ်ထား အဓမ္မပြုကျင့်မှုများပြားလာ



ဇော်ဇော်ထွေး

အသက်မပြည့်သေးသော ကလေးငယ်များအပြင် မသန်စွမ်းသူ အမျိုးသမီးများကိုပါ ပစ်မှတ်ထား အဓမ္မပြုကျင့်မှုများ ဖြစ်နေပြီး ယခုအချိန်ထိထိရောက် ဟန့်တားနိုင်သော ကာကွယ်ပေးမှုမျိုးမရှိသေးဘဲ အမှုများမှာ ပိုမိုများပြားလာနေပြီဖြစ်သည်။

ယင်းသို့သော မသန်စွမ်းအမျိုးသမီးငယ်များအား အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ် တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “မသန်စွမ်း အမျိုးသမီးတွေ အပေါ်ကို အဓမ္မကျင့်တာဟာ တော်တော်လေးကို လူမဆန်တဲ့ အပြုအမှုတစ်ခုပါ၊ ဒီလိုလူမျိုးတွေကို လူလို့တောင် မသတ်မှတ် သင့်တော့ဘူး၊ မသန်စွမ်းသူတွေကို စောင့်ရှောက်မယ့်အစား အမြတ်ထုတ်တာဟာ အရိုင်းစိုင်းဆုံးသော လူတန်းစားတစ်ရပ်ပါပဲ” ဟု သူမက ရှုံ့ချ ပြောဆိုခဲ့သည်။

လွန်ခဲ့သော ဇူလိုင်လကအသက် ၁၃ နှစ်အရွယ် မွေးရာပါ စကားမပီ မသန်စွမ်းအမျိုးသမီးငယ်လေး တစ်ဦးအား နေအိမ်၌ တစ်ဦးတည်း ရှိနေချိန်များတွင် အသက် ၄၈ နှစ်ရှိ တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက မကြာခဏ သားမယားပြုကျင့်ခဲ့မှု ကွမ်းခြံကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခံနေရကြောင်း သမီးငယ်၏ ခြေဟန်လက်ဟန်ဖြင့် ပြောပြမှုကို မင်္သကာသဖြင့် မိခင်ကိုယ်တိုင် ဈေးမသွားဘဲ နေအိမ်ရှေ့ သစ်ပင်ပေါ်တက်၍ ချောင်းကြည့်ခဲ့ရာမှ ကိုယ်တိုင်တွေ့ရှိခဲ့သည်ဟု တိုင်တန်းခဲ့ခြင်းလည်းဖြစ်သည်။

မသန်စွမ်းသူများ အခွင့်အရေးများ နှင့် ပတ်သက်ပြီး လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည့် ရွှေမင်းသားဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်သူဝင်းကလည်း “အာဏာပိုင် အဖွဲ့အစည်းတွေက ကိုယ်ဖိရင်ဖိ ဆောင်ရွက်ပေးတာ မတွေ့ရဘူး၊ သာမာန်မုဒိမ်းမှုလောက်နဲ့ အရေးယူနေတော၊ ဒါကြောင့် ထိထိရောက် ရောက်ကို ဖြစ်စေချင်တာပါ” ဟု ၎င်းအမြင်ကို ပြောပြခဲ့သည်။

ဖြစ်ပြီး အမှုအခင်းများအား ထိရောက်ပြင်းထန်သော ပြစ်မှုများချမှတ်ပါက နောင်အတွက် အလားတူအဓမ္မမှုများ လျော့ကျနိုင်သည်ဟု ဆိုသည်။ ထို့ပြင် ကြိုတင်ကာကွယ်မှု အပိုင်းအနေဖြင့်လည်း လူ့အဖွဲ့ အစည်းတစ်ခုလုံးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ပညာပေးမှုများ လုပ်ဆောင် သင့်ကြောင်းနှင့် အမျိုးသမီးများ၊ မသန်စွမ်းသူများအနေဖြင့်လည်း ပြစ်မှုကျူးလွန်ခံရဖွယ်ရှိသော အခြေ အနေများတွင် ရှိမနေစေရန် ပြုမှုနေထိုင်မှုများ လိုအပ်နေသည်။

“ တကယ်တော့ အဓမ္မပြုကျင့်မှုတွေအတွက် ဆိုင်ရာဥပေဒတွေကို အတိအလင်းပြဋ္ဌာန်းပေးပြီးသားပါ၊ ဒါပေမယ့် အဲဒီဥပဒေကို အသက်ဝင်အောင် အကောင်အထည်ဖော်မှုတွေ အားနည်းနေတဲ့အတွက် ဒီလို အမှုတွေများနေရတာပါ” ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ထောက်ပြသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လွှမ်းမိုးလာသော နိုင်ငံခြားယဉ်ကျေးမှုများတွင် ပါဝင်သည့် လိင်ပိုင်းဆိုင်ရာ ကိစ္စများ၊ ညစ်ညမ်းဗီဒီယိုများ၊ ညစ်ညမ်းစာအုပ်များ စသော လိင်စိတ်ကို နိုးကြွစေသည့် ကိစ္စများကို စနစ် တကျ ထိန်းချုပ်ကန့်သတ်နိုင်မှု အားနည်းနေသည်ဟု ဆိုသည်။ ထို့ပြင် လူမှုပတ်ဝန်းကျင်တွင်လည်း လုံ ခြုံရေးဆိုင်ရာများ အားနည်နေသည့်အပြင် အမျိုးသမီးတို့ ဘ၀လုံခြုံစေနိုင်သော အသိပညာပေးမှုများ အားနည်နေသည်ဟု ၎င်းကထောက်ပြသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းပေးထားသော အမျိုးသမီးများအား ကာကွယ်ပေးခြင်း ဥပဒေများမှာ နိုင်ငံတကာ စံနှုန်းသတ်မှတ်ထားသည့် Zero Tolerance ပေါ်လစီဖြင့် ကိုက်ညီမှု မရှိသည့်အတွက် အမျိုးသမီးများ ကာကွယ်ပေးခြင်းဆိုင်ရာ အထူးဥပဒေများကို ပြဋ္ဌာန်းပေးသင့်သည်ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက အကြံပြုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းပေးထားသော ဥပဒေများ အမျိုးသမီးများ အကြမ်းဖက်မှု ကျူးလွန်သူများကို ထောင်ဒဏ် ၁၀ နှစ်၊ ၂၀၊ တစ်သက်တစ်ကျွန်းဟု ပြဋ္ဌာန်းပေးထားသော်လည်း မဖြစ်မနေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ပြင်းထန်ထိရောက် သည့် ပြစ်ဒဏ်များဖြင့် စံပြအဖြစ် အရေးယူပေးရန် လိုအပ်ပြီး အများပြည်သူ သိရှိနိုင်ရန် လုပ်ဆောင်ပေး ရန် လိုအပ်သည်ဟု သူမက ဆက်လက်ပြောပြသည်။ သို့မှသာ အလားတူပြစ်မှုကျူးလွန်ခြင်းများ လျော့ပါးသွားမည်ဟုလည်း ဆိုခဲ့သည်။

ရန်ကုန်တိုင်းအတွင်းတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ အဓမ္မပြုကျင့်မှုပေါင်း ၆၀ မှုထိ ဖြစ်ခဲ့ သည်။ ယင်းထဲတွင် ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှုပေါင်း ၃၀ မှုရှိခဲ့သည့်အနက် ၁၀နှစ်အောက် ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ၁၂ မှုထိ ပါဝင်ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေး က မဇ္ဈိမကို ဖြေကြားထားသည်။

ရန်ကုန်တိုင်း၌ ၂၀၁၁ ခုတွင် အဓမ္မပြုကျင့်မှု ၁၀၅ မှုနှင့် ၂၀၁၂ တွင် အဓမ္မပြုကျင့်မှု ၁၀၁၂ မှုထိ ဖြစ်ပွားခဲ့သည်။

မြန်မာ တစ်နိုင်ငံလုံးတွင်၂၀၀၃ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မုဒိမ်းမှု ၄၆၉၈ မှု ဖြစ်ပွားခဲ့ရာ သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု ၂၃၀၂ မှုရှိပြီး ၄၈ ဒသမ ၉၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှု သုံးသပ်ချက်များအရ သိရသည်ဟု The Voice Weekly တွင်ဖော်ပြထားသည်။

အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ



(နိရဉ္စရာ- ၂ နိုဝင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ငါးရှာ ဂုံးကောက်နေသော အမျိုးသမီး အုပ်စု တစ်ခုအား ဆင်တက်မော် ဒုက္ခသည် စခန်းမှ မွတ်ဆလင် အချို့မှ ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့် အမျိုးသမီး တစ်ဦးပွဲချင်းပီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူု အမျိုးသမီးမှာ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ကလေး (၄) ယောက် မိခင် ဦးအောင်ထွန်းဖြူ၏ ဇနီး ဒေါ်မလှခင် (၃၈) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်းက နိရဉ္စရာသို့ ပြောသည်။

အခြား ဒဏ်ရာ ရရှိသွားသူု အမျိုးသမီးမှာ မမေသန်းခင် (၁၇) နှစ်ဖြစ်ပြီး လက်မောင်းတစ်ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သူက ဆိုသည်။

၎င်းအဖြစ်အပျက်မှာ ယနေ့ နိုဝင်္ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဆင်အိုင်ကျေးရွာအနီးရှိ မြစ်တွင် ငါးရှာနေစဉ် ဖြစ်ပွားခဲ့သည်ဟု ဦးထွန်းအေးသိန်းက ပြောသည်။

“ ငါးရှာ ဂုံးကောက်သွားတဲ့ အမျိုးသမီးက တစ်ဆယ်ကျော် ဖြစ်ပါတယ်။ ပထမ ငါးယောက် ခြောက်ယောက်က ငါးရှာပြီး မြစ်ကမ်းကနေ အိမ်ကို ပြန်တက်လာကြတယ်။ နောက် ငါးယောက်က ကျန်နေခဲ့ပါတယ်။ အဲဒီကျန်နေခဲ့တဲ့ အုပ်စုကို ဆင်တက်မော် စခန်းက ဘင်္ဂလီ အုပ်စု တစ်ခုက နှင်တို့ ရခိုင်တွေ မဟုတ်ဘူးလားဆိုပြီး လှံတွေနဲ့ထိုး၊ ဓါးတွေနဲ့ ခုတ်ကြပါတယ်။ မလှခင်က လှံနဲ့ အထိုးခံရတဲ့ အတွက် ပွဲချင်းပီး ဆုံးပါတယ်။ မမေသန်းခင်က လက်မောင်း ပြတ်ထွက်သွားပါတယ်” ဟု ဆိုသည်။

မမေသန်းခင်ကို ဒဏ်ရာ ပြင်းထန်သဖြင့် ချက်ချင်း စစ်တွေ ဆေးရုံကို ပို့လိုက်ရပြီး ညနေ (၆) နာရီကျော်တွင် စစ်တွေ ဆေးရုံကြီးသို့ ရောက်ရှိပြီး အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

ရခိုင်အမျိုးသမီးများအနေဖြင့် သူတို့နှင့် တစ်စုံတစ်ရာ စကားများ ရန်ဖြစ်ခြင်း မရှိဘဲ အလိုလို လာရောက်ပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဓိက ဆင်တက်မော် စခန်းသို့ ပြောင်းရွှေ့နေထိုင်သူ ငှက်ချောင်း ဒုက္ခသည် စခန်းမှ ဘင်္ဂလီ သုံးဦးမှ ဦးဆောင် တိုက်ခိုင်ခြင်းဖြစ်ကြောင်း ဦးထွန်းအေးသိန်းက ပြောသည်။

ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ရခိုင်အမျိုးသမီး တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး တပ်အင်အားနည်းနေသဖြင့် ဒေသခံများက လုံခြုံရေး အကူအညီတောင်း၍ ပေါက်တောမြို့ရှိ ဗျူဟာမှူးကို အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ပေါက်တောရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီ ဖြစ်ပါသဖြင့် လုံခြုံရေး စိုးရိမ်စရာမရှိပါဟု ပြောသည်။

ယခုအခါ ဆင်အိုင် ကျေးရွာသို့ ခမရ ၅၃၁ မှ တပ်ဖွဲ့တစ်ခုနှင့် ရဲတပ်ဖွဲ့ တစ်ခုတို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယခု သတင်းရေးချိန် ညနေ ၁၀ နာရီ အထိ အာဏာပိုင်များမှ ပြစ်မူ ကျူးလွန်သူများကို တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူမူများ မရှိသေးဟု သိရသည်။

- See more at: http://www.narinjara.com/burmese/?p=7558#sthash.kD2qW6pG.dpuf

Posted From Narinjara

တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက် ထားရှိရေး လိုင်ဇာညီလာခံ မူချမှတ်


Hits:4,449
တပ်မတော်, ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး, တိုင်းရင်းသား, လိုင်ဇာ
လိုင်ဇာ ညီလာခံ နောက်ဆုံးနေ့ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကချင်ပြည်နယ်လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသားညီလာခံတွင်  လက်ရှိတပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှု အောက်တွင် ထားရှိရေး ဆိုသော အချက် အပါအ၀င် ဘုံ မူဝါဒ သဘောတူညီချက်များ ချမှတ် လိုက်ပြီ ဖြစ် ကြောင်း သိရှိရသည်။
လိုင်ဇာညီလာခံနောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင်  တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး၊ တပ်မတော် သည် ပြည်ထောင်စု ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်ရန်၊ တပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အဖြစ် အသွင်ပြောင်းရေး၊  တပ်မတော်နှင့် ဥပဒေထိန်းသိမ်းရေး တာဝန်ရှိသည့် ရဲတပ်ဖွဲ့ ကို ခွဲခြားထားရေး ဆိုသော မူဝါဒ အပါအ၀င် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး မူဝါဒများ ပေါ်ထွက်လာကြောင်း သိရှိရသည်။
“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံ၊ မခံဆိုတာတော့ မပြောနိုင်သေးဘူး။ သူတို့ပေါ်မှာ မူတည်တာပေါ့။ လက်ခံဖို့ နီးစပ်မှု ရှိမယ်ထင်ပါတယ်။ တပ်မတော်ဘက်ကလည်း အလျှော့အတင်း လုပ်ပြီး စကားပြောမယ်လို့ ထင်တယ်။ ဘယ်သူကိုမှ ဖယ်တာလည်း မရှိဘူး။ သိပ်အကျပ်အတည်း ရှိမယ်မထင်ပါဘူး။ တပ်မတော်က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ် ဆိုတဲ့အချက်ပါတယ်။ တပ်မတော်မှာ တိုင်းရင်းသားတွေ ဘယ်လောက် ပါရမယ်ဆို တဲ့အချက် ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အသေးစိတ် ဆွေးနွေးမှာပါ”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီသို့  ပြောသည်။
အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ အကြိတ်အနယ် ဆွေးနွေးခဲ့သော လိုင်ဇာတိုင်းရင်းသား ညီလာခံတွင်  တိုင်းရင်းသား အများစု သဘောတူသည့် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး  ဘုံမူဝါဒ သဘောတူညီချက်များ ရေးဆွဲ နိုင်ခဲ့ပြီး အဆိုပါသဘောတူညီချက်များသည် အစိုးရက  ချပြသော အချက် ၁၅ ပါ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် မူကြမ်း၊   ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)က ထုတ်ပြန် ထား သည့် မူကြမ်း အပါအ၀င် မူကြမ်း ၃ခုကိုအခြေပြုရေးဆွဲခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား တပ်ပေါင်းစု၏ ဘုံမူဝါဒ သဘောတူညီချက်များတွင် ခေါင်းစဉ်ကြီး ၉ခု ပါဝင်ပြီး အဆိုပါမူဝါဒများကို လာမည့် နိုဝင်ဘာလဆန်းပိုင်း မြစ်ကြီးနားတွင် ကျင်းပမည့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ဆွေးနွေးပွဲတွင် ချပြ ဆွေးနွေး မည်ဖြစ်ကြောင်း၊ အဆိုပါ ဘုံမူဝါဒသဘောတူညီချက်များကို အစိုးရက လက်မခံပါက တနိုင်ငံလုံး  အပစ်ရပ်ရေး ဆွေးနွေးပွဲ တွင် တိုင်းရင်းသားအဖွဲ့များအားလုံး လက်မှတ်မထိုးရန် သဘောတူထားကြောင်း၊ အစိုးရနှင့် ညှိနှိုင်းမည့် တိုင်းရင်းသား ပေါင်းစုံကိုယ်စားပြုအဖွဲ့ Nation Wide Cease-Fire Coordination Team (NCCT) ကို လည်း ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပါက  ၄ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် တိုင်းရင်းသား များက တောင်းဆိုကြပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးမီ  နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင် မည် ဆိုသော   တိကျ သည့် ကတိစကားများ ရယူသွားရန်ရှိပြီး နိုင်ငံ့ ခေါင်းဆောင် ၅ ဦးက  နိုင်ငံတကာ ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား အဖွဲ့များ၏ ကိုယ်စားလှယ်များ ရှေ့တွင် ကတိကဝတ်ပြုရမည် ဖြစ်ကြောင်း သိရှိရသည်။
“သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တရားသူကြီးချုပ်တို့ ကတိကဝတ် ပြုပေးပြီးမှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှာပါ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Saturday, November 2, 2013

သူရိယအလင်း ဂျာနယ်၏ ရေးသားမှုများသည် စာနယ်ဇင်း ကျင့်ဝတ်နှင့် မကိုက်ညီဟု အငြင်းပွားဖွယ် ကြေညာချက် မြန်မာဂျာနယ်လစ်ကွန်ရက် ထုတ်ပြန်



မကြာသေးမီက ညဥ့်နက်အချိန်တွင် လူတစ်စုမှ ၀င်ရောက်ပြီး ကွန်ပျူတာများနှင့် လုံခြုံရေးကင်မရာ မှတ်တမ်းများ ယူဆောင်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ပြီး စာဖတ်ပရိသတ်အကြား ရေပန်းစားခဲ့သည့် သူရိယအလင်း သတင်းဂျာနယ်၏ ရေးသား ဖော်ပြချက်များသည် စာနယ်ဇင်း ကျင့်ဝတ်နှင့် မကိုက်ညီဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုများ၊ အလွန်အကျွံ ရေးသားပြောဆို မှုများဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ထုတ်ပြန်ထားသည့် စာနယ်ဇင်း ကျင့်ဝတ်များနှင့် ကိုက်ညီခြင်းမရှိဘဲ သတင်းမီဒီယာ လောက၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် ဖော်ပြမှုများဖြစ်ကြောင်း အငြင်းပွားဖွယ် ကြေညာချက် တစ်ရပ်ကို မြန်မာဂျာနယ်လစ် ကွန်ရက်က အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မည်သည့် အချက်များကြောင့် သူရိယအလင်း၏ ဖော်ပြချက်များမှာ စာနယ်ဇင်း ကျင့်ဝတ်များနှင့် မကိုက်ညီဟု ကြေညာခဲ့ခြင်းအပေါ် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ကိုမြင့်ကျော်အား ဆက်သွယ် မေးမြန်းခဲ့ရာတွင် ၎င်းက ''အဓိက ပြောရမယ်ဆိုရင် သူတို့က အချက်အလက် မှားတာလည်း တစ်ခုပါတယ်။ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။ ကွန်ပျူတာတွေကို ဘယ်သူကသိမ်းတယ်၊ ဘယ်ဝါက သိမ်းတယ်ဆိုပြီး မှားတာတွေပါတယ်။ တကယ်တမ်းလိုက် စုံစမ်းကြည့်တော့ အဲဒီအကြောင်း အရာတွေက မှားတယ်။ ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ခုက ဖော်ပြချက်တွေမှာ ဆိုလိုတာက Opinion ဆိုရင်လည်း Opinion ပေါ့။ နိုင်ငံရေး အယူအဆတွေ ရေးလို့ရပါတယ်။ ကျွန်တော်တို့လည်း နားလည်ပါတယ်။ သတင်းမဟုတ်ရင် Opinion ဆိုပြီး ရေးလို့ရပါတယ်။ ဒါပေမဲ့ သူတို့က Opinion မျိုးလည်း မဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမျိုးတွေ၊ အရင်စစ်အာဏာရှင် ဆိုပါတော့ဗျာ။ အဲဒီဟာကို မကြိုက်ဘူး။ မကြိုက်တော့ တိုက်ခိုက်ပြောဆိုတဲ့ နေရာမှာလည်း ဘာအချက်အလက်မှ မပါဘူး။ ဒါကြောင့် သူတို့ရဲ့ ဖော်ပြမှုဟာ အများလက်ခုပ်သံကို လိုချင်လို့ ဖော်ပြတဲ့ ဖော်ပြမှုတွေ။ မီဒီယာကို အလွဲသုံးတဲ့ သဘောဖြစ်နေတယ်'' ဟု ပြန်လည် ဖြေကြားသည်။

စာဖတ်ပရိသတ်များ အကြားတွင် သူရိယအလင်း သတင်းဂျာနယ်မှာ စစ်အာဏာရှင် လက်ထက်၌ တိုင်းပြည်၏ သယံဇာတများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည့် အာဏာရှင်များ အကြောင်းနှင့် အုပ်ချုပ်သူများနှင့် ပေါင်းကာ မတရား အခွင့်အရေး ရယူခဲ့ကြသော စီးပွားရေး လုပ်ငန်းရှင် ခရိုနီများ အကြောင်းကို ရေးသားထားသည့် ဆောင်းပါးများမှာ အထူးရေပန်း စားခဲ့ကြောင်း သိရသည်။

သူရိယအလင်း အနေဖြင့် အာဏာရှင်များနှင့် ခရိုနီကြီးများအကြောင်း ရေးသားမှုများမှာ စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှု ရှိ၊ မရှိ ဆိုသည်ကို သတင်းစာဆရာကြီး ဦးဝင်းတင် (Golden Pen of Freedom 2001 ဆုရရှိခဲ့သူ) အား မေးမြန်းခဲ့ရာတွင် ''ခရိုနီတွေဘက်က လိုက်ပြီးပြောတာလည်း မလုပ်ချင်ဘူး။ ခရိုနီတွေကို ဆော်တဲ့အတွက် လက်ခုပ်တီးတာမျိုးလည်း မလုပ်ချင်ဘူး။ သို့သော် ခရိုနီတွေကို တိုက်ခိုက်တာ မျိုးကတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်လို့တော့ မယူဆဘူး။ ခရိုနီတွေ ဖြစ်နေတာ တွေကိုတော့ ပြောရမှာပဲလေ။ သူတို့က Public Figure တွေပဲ။ စီးပွားရေး လုပ်ငန်းတွေ လုပ်နေကြတာပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဆိုတာက ဘယ်လို တိုက်ခိုက်တာလဲ။ သူတို့က ခိုးဝှက်ပြီး လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်ရဲ့ ငွေတွေကို စားကြသောက်ကြ အမြတ်ကြီးထုတ်ကြ၊ လက်ဝါးကြီးအုပ်ကြ ပြောတာမျိုးတွေ။ အဲဒါမျိုးတွေကို ပြောတာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ရဲ့ အိမ်တွင်းရေး ကိစ္စတွေ၊ မယားငယ်တွေ ထားတာမျိုးတွေကို ပြောတာဆိုရင်တော့ ဟုတ်တာပေါ့။ သူတို့ အရက်သောက်တာ မျိုးတွေကိုရေးမယ် ဆိုရင်တော့ ပုဂ္ဂိုလ်ရေးလို့ ပြောလို့ရတာပေါ့။ အခုလုပ်နေတာက စီးပွားရေး လုပ်ငန်းတွေ လုပ်နေကြတာပဲ။ ဘိန်းတွေ လုပ်တာတွေ ရှိတယ်။ သစ်တွေ လုပ်တာတွေ ရှိတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ လက်ဝါးကြီး အုပ်နေတာတွေ၊ အမြတ်ကြီးစား နေတာတွေရှိတယ်။ အစိုးရတွေနဲ့ ပေါင်းပြီး၊ စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီး အုပ်နေတာ။ အဲဒါတွေ ဖော်ထုတ်တာကတော့ ပုဂ္ဂိုလ်ရေးလို့ မယူဆဘူး။ တိုက်ခိုက်တယ်လို့ မယူဆဘူး'' ဟု ပြန်လည် ဖြေကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ သတင်းသမားများ လိုက်နာရန် စာနယ်ဇင်းကျင့်ဝတ် (၁၅) ချက်တွင် နံပါတ် (၈)အချက်၌ အများပြည်သူ အကျိုးစီးပွား အတွက် ရေးသင့်ရေးထိုက် သည်မှအပ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား၊ နိုင်ငံသား တစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများကို ရှောင်ကြဉ်ရမည်ဟု ဖော်ပြထားရာ မြန်မာဂျာနယ်လစ် ကွန်ရက်အနေဖြင့် သူရိယအလင်း၏ ရေးသားဖော်ပြချက်များအား အဆိုပါ အချက်နှင့် မည်သည့်နေရာတွင် ကွဲလွဲသည်ကို ထောက်ပြပေးရန် မေးမြန်းရာတွင် ကိုမြင့်ကျော်က ''သူတို့ရေးသား ချက်တွေမှာ အချက်အလက် အထောက်အထား ဘာမှမပါဘူး။ အယူအဆ တစ်ခုက အများအကျိုးစီးပွား ဖြစ်ရမယ်၊ အများအယူအဆကို သော်လည်းကောင်း၊ အများ၏ နိုင်ငံရေး လှုပ်ရှားမှုကို သော်လည်းကောင်း၊ အများကို ဦးဆောင်နိုင်တဲ့ အရေးအသားမျိုး ဖြစ်ရပါမယ်။ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုကတော့ မီဒီယာလောကကို ယုံကြည်မှု ကျဆင်းစေတယ်။ နောက်တစ်ခုက မီဒီယာကို ထိန်းချုပ်ဖို့ လိုတယ်ဆိုတဲ့ အယူအဆက ပြန်ပြီး ခေါင်းထောင်လာ စေနိုင်တယ်။ ကျွန်တော်တို့က အခုမှ အထိုက်အလျောက် လွတ်လပ်စပဲ ရှိသေးတယ်။ ကိုယ့်ဟာကိုယ်ပဲ ထိန်းချုပ်ရမယ်။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို လေးစားတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်ကိုတော့ ကန့်ကွက်ပါတယ်'' ဟု ပြောကြားသည်။

MJN အနေဖြင့် ယခုကြေညာချက်မှာ မြန်မာစာနယ်ဇင်းလောက တစ်ခုလုံးကို ကိုယ်စားပြု ကြေညာခြင်း မဟုတ်ဘဲ အဖွဲ့ဝင်များ၏ သဘောထားဖြင့်သာ ကြေညာခြင်း ဖြစ်သည်ဟုလည်း ကိုမြင့်ကျော်က ဆိုသည်။

မြန်မာဂျာနယ်လစ် ကွန်ရက်၏ ကြေညာချက်နှင့် ပတ်သက်ပြီး သူရိယအလင်း၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးမိုးဟိန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

သူရိယအလင်း ဂျာနယ်ကို ရပ်ဆိုင်းလိုက်ရပြီးနောက် သူရိယနေ၀န်း အမည်ဖြင့် ဆက်လက် ထုတ်ဝေမည်ဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောဆိုသော်လည်း ၀န်ထမ်းများမှာ ဆက်လက် လုပ်ကိုင်လိုခြင်း မရှိသဖြင့် နစ်နာကြေး တောင်းခံကာ အလုပ်မှ ထွက်လိုက်ကြောင်း သူရိယအလင်း အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်ဟု နိုဝင်ဘာ ၁ ရက် ထုတ် The Voice Daily သတင်းစာတွင် မြန်မာဂျာနယ်လစ် ကွန်ရက်၏ ကြေညာချက်နှင့် ဆက်စပ်ပြီး ဖော်ပြပါရှိသည်။

''တကယ်ကျတော့ သူရိယအလင်း ဂျာနယ်ရဲ့ ဖော်ပြမှုဟာ ပုဂ္ဂိုလ်ရေးဖော်ပြမှု များတယ်ဆိုတဲ့ နေရာမှာ ကျင့်ဝတ်ပိုင်း စံနှုန်းထက် တရားဥပဒေ စံနှုန်းနဲ့ပဲ ဆွေးနွေးရမယ်။ ဒီပုဂ္ဂိုလ်ရေး အချက်အလက် တွေမှားရင် အသရေ ဖျက်သလိုဖြစ်ရင် တရားစွဲပေါ့။ MJN လို ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခုက ကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး ၀င်ရောက်ရှုတ်ချ တာဟာလည်း အဲဒီဂျာနယ်ကို အသရေ ဖျက်သလို ဖြစ်နေတယ်။ အဲဒီဂျာနယ်က တရားစွဲလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ စာနယ်ဇင်း ကောင်စီကအစ ဂျာနယ်လစ် အဖွဲ့အစည်းတွေရဲ့ လူအများ ယုံကြည်မှုနဲ့ ကျယ်ပြန့်မှုမှာ အကန့်အသတ် ရှိနေတယ်။ အစိုးရရဲ့ proxy journalist တွေပါဝင်မှု၊ သြဇာလွှမ်းမိုးမှုတွေ ရှိနေတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ကြောင့် သူတို့မဟုတ်တာ လုပ်ခဲ့တာတွေ၊ မတရား လုပ်ခဲ့တာတွေ ပေါ်မှာစိုးတဲ့ လူတွေက ကျင့်ဝတ်ဆိုတဲ့ အကာအကွယ်ယူပြီး ကျင့်ဝတ်တို့၊ တာဝန်ယူဖို့တို့ တွင်တွင်ကြီး ၀ါဒဖြန့်နေတယ်။ မြန်မာစာနယ်ဇင်း ဖွံ့ဖြိုးမှုဟာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ကျင့်ဝတ်ပိုင်း မျှခြေတစ်ခု အပေါ်ကနေ သွားရမယ်။ ဒါတွေကို ဆုံးဖြတ်ဖို့ ပရိသတ် ပြည်သူရှိတယ်၊ ဥပဒေရှိတယ်'' ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် (Golden Pen of Freedom 2013 ဆုရရှိခဲ့သူ) က ပြောကြားသည်။

Friday, November 1, 2013

လူတွေ မကြီးပွားရခြင်းရဲ့ အကြောင်းရင်း ၂ ချက် မြင်မိပါတယ်။



(၁) ကုသိုလ်အကျိုးပေး ခမ်းခြောက်နေတာက တချက်

(၂)အကုသိုလ်အကျိုးပေး ကြုံလာနေတာကတချက်

ထို ၂ မျိုးပေါင်းပြီး မကြီးပွားတာလည်းဖြစ်နိုင်သလို အကြောင်းတချက်ရဲ့ အထောက်အပံ့ခံရလို့လည်း ဘာလုပ်လုပ်မအောင်မြင်ပဲ ဖြစ်နေတတ်ပါတယ်။

ဒါနအစ ကုသိုလ်တွေ နည်းခဲ့လို့ မချမ်းသာ ၊
အကုသိုလ်ကြောင့် မကြီးပွား ချွတ်ချုံကျရသူတွေရှိတယ်ဆိုတာ ယုံကြည်သူများ အတွက် ပြောမှာပါ။

သံဃပစ္စည်း အဆိပ်သီး လို့ လည့်း ကြားဘူးကြမှာပါ။
ရဟန်းသံဃာများနှင့် စပ်ဆိုင်သော ဆွမ်း သင်္ကန်း ကျောင်း ဆေး အစရှိသော ပစ္စည်းများကို မရိုမသေဖျက်စီးမိသော အကြောင်းတရားတွေက ထို လွန်ကျူးမိသူအပေါ် လေးလံသောဝန်ကို ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် ဘုရား ကျောင်းကန် ပစ္စည်းတွေကို စိတ်နှင့်တောင် မျက်စောင်းမထိုးမိကြပါစေနှင့်။

တခါက ကိုယ်တွေ့ လေး ပြောပြပါမယ်။

ခု နိုင်ငံကျော် ဓမ္မကထိကဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ မှ သူညီမောင် ကိုအောင်မင်းကို ဆုံးမပြောပြတော်မူပါတယ်။

ဓမ္မဒူတ ပုဗ္ဗါရုံတောရ ဆေကိန္ဒာရမ ကျောင်းတိုက်မှာ ဖြစ်ပါတယ်။

စစ်ကိုင်းမှာနေသော ကိုအောင်မင်း ကျောင်းတိုက်ကို ရောက်လာပြီးသကာလ ကျောင်းတိုက်မှအပြန်မှာ ထိကရုဏ်းပေါင်းပင် လေး ငါးဆယ်ပင် ကို သတင်းစာစက္ကူလေးဖြင့်ပတ်လို့ ယူလာတာမြင်တဲ့ ဆရာတော်မှ ဆို ဆုံးမပါပြီ...။

ညီမောင် ကို အကျိုးလိုလာသော စေတနာဖြင့် ဆိုတာ ပြောရန်ပင်မလိုပါ။

ဆရာတော်....." အောင်မင်း မင်း လက်ထဲက ဘာတွေလည်း"

ကိုအောင်မင်း..... "ထိကရုဏ်းပင် ပါဘုရား "

ဆရာတော်....."ဘာလုပ်ဖို့လည်း "

ကိုအောင်မင်း....."အမနန်းနွယ် အတွက်ပါ။ ဆေးကြိုပြီး သောက်ဖို့ပါဘုရား"

ဆရာတော်....."သွား ဘဏ္ဍာစား ပြန်ထဲ့ ကျောင်းပစ္စည်း ဘာထင်နေလဲ သုံးမိရင် ဘယ်တော့မှ မကြီးပွားတော့ဘူး "

ဆရာတော်သည် သူ၏ညီမောင်ကို ဘာလုပ်လုပ် မအောင်မြင်နိုင်သော မကြီးပွားနိုင်သော အကျိုးမဲ့ကို မဖြစ်စေလို လို့ ဆို ဆုံးမခြင်း ဖြစ်ပါတယ်။

မိမိကိုယ်ကျိုးတွက် ကျောင်းကန်ပစ္စည်းများကို ရှောင်နိုင်သဖြင့် ကြီးပွားခြင်းအရာတွေ မခမ်းခြောက်ကြပါစေနှင့်။ဒါန အစ များစွာသောကုသိုလ်တရားတွေကို ကိုယ် က ရှောင်ဖယ်ပြီး မကျင့်ဖြစ်ကြလို့ ချမ်းသာခြင်းတွေဖြင့်ဝေးကွာနေရသူတွေက သဒ္ဓါတရားတွေဖြစ်ပေါ်လာချိန်မှာ ထို ယုံကြည်မှုတွေတိုးပွားရာ တိုးပွားကြောင်းကို မွေးမြူထားပါလေ။