------------------------------ ---------------------
တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း
30W(THIRTY)သည် အပြည်ပြည်ဆိုင်ရာ မုန်တိုင်းအမည် မရရှိသေးသော်လည်း မူလ
ခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး
ဗီယက်နန်နိုင်ငံ ဟိုချီမင်းစီးတီး အရှေ့ဘက် မိုင် ၆၇ဝ ခန့်သို့
ရောက်ရှိလာပြီ ဖြစ်ပါသည်။ 30W သည် ယနေ့ညပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အမည်ရ
မုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း TSR ခန့်မှန်းချက်တွင်
ဖေါ်ပြထားပါသည်။
JTWC မှ
warning-09 အရ နိုဝင်ဘာလ ၆ ရက် – မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင်
ဗီယက်နန်နိုင်ငံ ကမ်းခြေမှ မိုင် ၈ဝ ခန့်သို့ ရောက်ရှိလာပြီး၊
ဗဟိုလေတိုက်နှုန်း 70- knots(80.5 mph)သို့ ရောက်ရှိကာ ၄င်းနေ့ ညပိုင်းတွင်
ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပါသည်။
30W သည်
အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင်
ထိုင်းပင်လယ်ကွေ့အတွင်းသို့ ရောက်ရှိကာ ထိုင်းနိုင်ငံ တောင်ပိုင်း Prachuap
Khiri Khan မြို့ အနီးမှ ကမ်းခြေကို ကျော်ဖြတ်ဝင်ရောက်ကာ နိုဝင်ဘာလ ၈ ရက်
နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံ မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့ကြားမှ
ကုန်းတွင်း မုန်တိုင်းငယ်အဆင့်ဖြင့် ဖြတ်သန်းလျှက် ကပ္ပလီပင်လယ်သို့
ရောက်ရှိမည် ဖြစ်ကြောင်း ကြိုတင် ခန့်မှန်းထားပါသည်။ (ပုံ-တွင် ကြည့်ပါ)
မြိတ်ကျွန်းစု၊ ဘုတ်ပြင်းကျွန်းစုနှင့် အနီးပတ်ဝန်းကျင်ဒေသများတွင်
မုန်တိုင်း 30W ၏ အရှိန်ကြောင့် တစ်နာရီ 30 knots မှ 45 knots (တစ်နာရီ ၃၅
မိုင်မှ မိုင် ၅ဝ အထိ) လေပြင်းများ တိုက်ခတ်နိုင်မည် ဖြစ်ကြောင်း
ကြိုတင်အသိပေး တင်ပြအပ်ပါသည်။
By mmweather.ygn, on November 5th, 2013
http://blog.mmweather.com/ 2013/11/05/30w-south-china-sea/
------------------------------
တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း 30W(THIRTY)သည် အပြည်ပြည်ဆိုင်ရာ မုန်တိုင်းအမည် မရရှိသေးသော်လည်း မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗီယက်နန်နိုင်ငံ ဟိုချီမင်းစီးတီး အရှေ့ဘက် မိုင် ၆၇ဝ ခန့်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ 30W သည် ယနေ့ညပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အမည်ရ မုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း TSR ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။
JTWC မှ warning-09 အရ နိုဝင်ဘာလ ၆ ရက် – မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ဗီယက်နန်နိုင်ငံ ကမ်းခြေမှ မိုင် ၈ဝ ခန့်သို့ ရောက်ရှိလာပြီး၊ ဗဟိုလေတိုက်နှုန်း 70- knots(80.5 mph)သို့ ရောက်ရှိကာ ၄င်းနေ့ ညပိုင်းတွင် ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပါသည်။
30W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင် ထိုင်းပင်လယ်ကွေ့အတွင်းသို့ ရောက်ရှိကာ ထိုင်းနိုင်ငံ တောင်ပိုင်း Prachuap Khiri Khan မြို့ အနီးမှ ကမ်းခြေကို ကျော်ဖြတ်ဝင်ရောက်ကာ နိုဝင်ဘာလ ၈ ရက် နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံ မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့ကြားမှ ကုန်းတွင်း မုန်တိုင်းငယ်အဆင့်ဖြင့် ဖြတ်သန်းလျှက် ကပ္ပလီပင်လယ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ကြိုတင် ခန့်မှန်းထားပါသည်။ (ပုံ-တွင် ကြည့်ပါ)
မြိတ်ကျွန်းစု၊ ဘုတ်ပြင်းကျွန်းစုနှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် မုန်တိုင်း 30W ၏ အရှိန်ကြောင့် တစ်နာရီ 30 knots မှ 45 knots (တစ်နာရီ ၃၅ မိုင်မှ မိုင် ၅ဝ အထိ) လေပြင်းများ တိုက်ခတ်နိုင်မည် ဖြစ်ကြောင်း ကြိုတင်အသိပေး တင်ပြအပ်ပါသည်။
By mmweather.ygn, on November 5th, 2013
http://blog.mmweather.com/
No comments:
Post a Comment