Myanmar Transparency
October 29
ကျွန်ုပ်တို့သမ္မတဘာလုပ်နေသလဲ
မန်းရေနံမြေသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံးရေနံမြေဖြစ်ပါ
ယခင်က US အခြေစိုက် Baker Huges နှင့် MOGE တို့အတွက် စာချုပ် ( Incremental Production) ကို 1990 နောင်းပိုင်း၌ ချုပ်ဆိုခဲ့ပါသည်။ International Sanction ကြောင့် Baker Huges မှာဆက်လက် ၍ မလုပ်ကိုင်နိုင်တော့ဘဲ ပြည်တွင်း ရေနံ သဌေးကြီး Michael Moe Myint ၏ MPRL မှ ဆက်လက်၍ MOGE နှင့် ချုပ်ဆိုခဲ့ပါသည်။ ထိုစဉ်က တွင်းပေါင်း ၇၀၀ ကျော်မှ နေ့စဉ် ရေနံစည်ပေါင်း ၂၀၀၀ ကျော်ထွက်ရှိခဲ့ပါသည်။
ယခုအခါတွင် MOGE ၏တရားဝင်စာရင်းဇယားအရ (ပူးတွဲပါ MOGE မှ အထူးအရာရှိ၏ မြန်မာ့ရေနံ Workshop တွင်တင်ပြထားသော) တစ်နေ့တွင် ရေနံစည်ပေါင်း ၁၅၅၉ ခန့်ထွက်ရှိသည်ဟု တင်ပြထားပါသည်။ အခြား မပြထားသော စာရင်းနှင့် ပေါင်းလျှင် တစ်နေ့ ရေနံစည် ၉၈၀၀ တွင်ရှိပါသည်။
အထက်မှာတင်ပြခဲ့သော MPRL နှင့် MOGE ချုပ်ဆိုခဲ့ သော စာချုပ်မှာ ပြီးခဲ့သော သြဂုတ်လ ၂၀၁၃ ခုနှစ်တွင် ပျက်ပြယ်ခဲ့ပြီးဖြစ်ပါသည်။
သမ္မတ၏ ပွင့်လင်းမြင်သာသော ပေါ်လစီနှင့် သန့်ရှင်းသော Good Governance ထုံးစံအရ တင်ဒါပြန်လည်ခေါ်ယူ ပြီးနိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေး နိုင်သော အဖွဲ့နှင့်ထပ်မံ စာချုပ်ချုပ်ဆိုရန်ဖြစ်ပါသည်။
သို့သော် မည်သည့်အကြောင်းပြချက် တစ်စုံတစ်ရာမှမရှိဘဲနှင့် တင်ဒါခေါ်ယူခြင်း မရှိတော့ဘဲ MPRL အားပြန်လည်ပေးအပ်ရန် EPD မှ ဆုံးဖြတ်ခဲ့ပါသည်။ ရေရှည်လုပ်ခဲ့သောကြောင့် တင်ဒါမခေါ်ဘဲပေးလားဟုတွေးကာ အနည်းငယ်နားလည် ခွင့်လွှတ်နိုင်စရာရှိသည်ဟု ဆိုနိုင်ပါသည်။
သို့သော် အံအားသင့်စရာကောင်းအောင်ဖြစ်လာသ
ဤဖြစ်ရပ်သည် စီးပွားရေးအရမှားယွင်းစွာလုပ်ရပ
ဒီမိုကရေစီစနစ်ကျင့်သုံးနေချိန်
ကျွန်ုပ်တို့တင်ပြထားသော သက်သေအထောက်အထားများအား ကြည့်ရှု၍ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်နိုင်ပါသည်။
လက်ရှိ MOGE ၏ စာရင်းဇယားအရ တစ်နေ့ထွက်ရှိ ရေနံစည် ပမဏ ၁၅၅၉ ( မှတ်ချက် MOGE ၏ စာရင်းဇယားများမှာ Non Economic Wells မှ ထွက်ရှိသော ရေနံမ ပါလျင် တစ်နေ့လျှင် ၁၈၀၀ ခန့်ရှိ)
MRPL မှ MOGE နှင့် ချုပ်ဆိုသော စာချုပ်အရ တစ်နေ့ ရေနံစည်ပမာဏ - ၅၇၀ စည်
နိုင်ငံတော်၏ တစ်နေ့ ဆုံးရှုံး မှုရေနံပမာဏ - ၁၀၀၀ စည်
နိုင်ငံတစ်ကာ ရေနံပေါက်ဈေး တစ်စည် - ဒေါ်လာတစ်ရာ
နိုင်ငံတော်၏ တစ်နေ့ဆုံးရှုံးမှု - ဒေါ်လာ တစ်သိန်း
အခြားသော ခရိုနီကြီးများသည် တစ်နေ့ တွင် သိန်းတစ်ထောင်ရှာရန် မနည်းကြိုးစား သည့်အချိန်တွင် MPRL မှ ဦးမိုးမြင့် မှာ မည်သူမှ မသိဘဲ၊ အစိုးရဌာနမှ အကျင့်ပျက် များနှင့်ပေါင်းကာ စက္ကူကိုခြစားသလို ထင်တိုင်းကြဲနိုင်နေသည်မှာ အံ့သြစရာ ကောင်းလှပေသည်။
ကျွန်ုပ်တို့သည် ဤ Email အား စာဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ သမ္မတရုံး တို့အား ပေးပို့ထားသော်လည်း မည်သူမျှအကြောင်းပြန်ခြင်း၊ အရေးတယူ စစ်ဆေးခြင်းများ မပြုလုပ်ကြ၍ (ခက်ခက်ခဲခဲ စစ်ဆေးစရာပင်မလို၊ ကျွန်ုပ်တို့၏ ယခုစာတွင် ပူးတွဲပါများအားလေ့လာမှုနှင့်လုံ
ထိုထက်ပိုဆိုးသည်မှာ MPRL မှဘဲ ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကုန်းတွင်း ပိုင်းလုပ်ကွက်များအား ပြောင်ပြောင်တင်းတင်း ၊ လေးကွက်ပြိုင် လေးကွက် စလုံးနိုင် ပုံစံဖြင့်ယူခဲ့ပါသည်။
ပွင့်လင်းမြင်သာမှုနှင့် လာဘ်လာဘကင်းစင်သန့်ရှင်းသော အစိုးရဟု သမ္မတကြီးက မိန့်ခွန်းတိုင်းထည့်ပြောနေလင့်
ကိုရင်သုတ
မှတ်ချက်
စွမ်းအင်ကဏ္ဍတွင် တိုင်းနှင့် ပြည်နယ် အစိုးရ၏ ပါဝင်မှု ကိုလည်းမဖြစ်မနေ စဉ်းစားရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနမျာ
No comments:
Post a Comment