- Post 14 November 2013
- By ကောင်းမြတ်ဖြိုး ( မြစ်မခ )
“ပန်းဘဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်း အစည်းအဝေးအတွင်း ရုတ်တရက် လဲကျ ။ ဝိုင်းဝန်းပြုစု သည့်ကြားကအသက်မကယ်နိုင်ဘဲ သေဆုံး ။” ဟု ၎င်း၏ လူမှုရေးစာမျက်နှာ၌ ဓါတ်ပုံနှင့်တကွဖော်ပြခဲ့သည်။
ယနေ့အစီအစဉ်တွင် SEA
ယနေ့လွှတ်တော်အစီအစဉ်တွင် ဦးအောင်ဆန်းမေးသည့်မေးခွန်းမှာ ၂၀၁၃ ခုနှစ်၊ဩဂုတ်လ ၄ ရက်နေ့၌ ဝဏ္ဏသိဒ္ဓိ အားကစားရုံ တွင် ဖြစ်ပွားခဲ့သောအပြုအမူမျိုးကြောင့် မကြာမီကျင်းပတော့မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ထပ်မံမဖြစ်ပွား စေရေးလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များထံသို့ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးကျင်းပစဉ်ကာလဖြစ်သဖြင့် ဆက်သွယ်၍ မရခဲ့ပေ။
No comments:
Post a Comment