ဟံသာဝတီ ဦးဝင်းတင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃
တစ်တိုင်းတစ်ပြည်လုံး ဖိန့်ဖိန့်တုန်ကြောက်ချေးပါ
တစ်ဝါကျွတ်တွင်းမှာ ဘယာညွတ်ကွင်းက ငါလွတ်ကင်းအောင်ဟဲ့ဆိုတဲ့ သဘောလေးလား။ ၀ါကျွတ်မှာ ဆရာဖွတ်ကြီး အဲလေယောင်လို့ ဆရာကြံ့ကြီးကို တောပြောတောင်ပြော လုပ်အောင်ဆိုတဲ့ သဘောလေလား တော့မသိ။ စစ်အာဏာရှင်ဟောင်းဆီကို သူ့တပည့်ရင်းတွေက ယောဝစန အသံကြားရအောင် သြ၀ါဒခံသွားကြသတဲ့။ သခွပ်ပင်ရင်းမှာ အလွတ်သဘင်ကျင်းနေတဲ့ အသူရာ မင်းတရားကြီးဆီကို အသူရာပေါက်စနတွေရော၊ အသူရာမြောက်ကြွကြွတွေပါ ကန်တော့ပွဲ ၀င်ကြသတဲ့။
အဲဒီသက်ကြီးပူဇော်ပွဲမှာ စစ်အာဏာရှင်ဟောင်းကြီးက ကောင်းသောသြ၀ါဒစကားတွေကို စေတနာဗလ၀နဲ့ ခြွေချတော် မူလိုက်သတဲ့။ လက်ရှိမြန်မာ့ နိုင်ငံက ဖြစ်ပျက်ပြောင်းလဲနေတာတွေကိ
သူ့စကားကို ပြန်သယ်လာ၊ တဆင့်စကားတဆင့် နားကြားကြရလေအောင် ဖောက်သည်ချသူကတော့ ပြည်ထောင်စုလွှတ်တော်နာယကကြီ
ဦးရွှေမန်းက သူ့ရဲ့ဝါကျွတ်ကန်တော့ပွဲ ဇာတ်ကြောင်းပြန်တယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့စကားဖောက်သည်ချတယ
ဟား…ဟား ဒို့ကိုရွှေဗမာတို့က စစ်ဖိနပ်အောက်မှာ ရာစုနှစ်တစ်ဝက်လောက် ၀မ်းလျားမှောက် နေလာခဲ့ရဘူးတာ မဟုတ်လား…။ မျက်လုံးပြူးလွယ်၊ ဒူးတုန်လွယ်တာ မဆန်းဘူးပေါ့။
ကိုင်း ကိုယ့်လူတို့၊ ဒီလိုခြိမ်းခြောက်သံမျိုးတေ
ဆုံးမတယ်လဲ မထင်ပါနဲ့။ လေးစားပါတယ် ဗိုလ်ချုပ်မှူးကြီးခင်ဗျား။
ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံး ကြားနေရတဲ့ စကားက ဘာသာရေး၊ လူမျိုးရေး၊ ပဋိက္ခအကြမ်းဖက်ပွဲ တွေထဲက အာဏာသိမ်းသူရဲကြီး အစွယ်ဖြဲထွက်လာတော့မလိုလို။
တကယ်တော့ဗျာ။ ဒီလိုခြောက်လုံးတွေ ကျုပ်တို့ကြောက်တဲ့ခေတ်ကုန်
တပ်မတော်သည်ပင်လျှင် ဒီမိုကရေစီရေချိန်ညှိနေပြီ။
မြန်မာ့တပ်မတော်က ဒီိမိုကရေစီအပြောင်းအလဲကို လက်ခံတယ်တဲ့။
နိုင်ငံရေးတည်ငြိမ်မှုကို အာမခံတယ်တဲ့။
နောက်ကြောင်းပြန်ကိစ္စမျိုးမ
ဒီစကားကိုပဲ တရုတ်ပြည်မှာ တရုတ်သမ္မတနဲ့တွေ့လည်း ကာချုပ်ကြီးက ထပ်မနားပြောခဲ့တာဗျ။ တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကမ္ဘာသိပြောခဲ့တာဗျ။
ထားပါတော့ဗျာ။ တပ်ချုပ်ဟောင်းကြီးရဲ့ စိုးရိမ်စကားဆိုတာက သူ့ကိုယ်ရေးကိုယ်တာနဲ့ သူ့ဘဏ္ဍာဥစ္စာ တို့အတွက် စိုးရိမ်ချက်သက်သက် ဖြစ်လေသဗျ။
ကျုပ်တို့ကတော့ တပ်ချုပ်ဟောင်းကြီးရဲ့ စကားဆိုတိုင်း အရမ်းမကြောက်ချင်ဘူးဗျို့။
နာယကကြီး ဦးရွှေမန်းကတော့ ငယ်သေးတော့ ကြားဖူးပါ့မလား မသိဘူးပေါ့ဗျာ။ တစ်ခေတ်တစ်ခါက တပ်မတော်မှာ ကာချုပ်ကြီး တစ်ပါးရှိခဲ့ဖူးသဗျ။ သူလဲစိုးရိမ်ကြီးသူပဲ။ သူလဲ ဓါးတ၀င်းဝင်း ဗိုလ်ချုပ်ကြီးပဲ။ တပ်တလွှားမှာ `ဇာတ်ဓါး´လို့ ကျော်ကြားသူတဲ့။ ဇာတ်ဓါးဆိုတာ ဇာတ်ထဲမှာ ဇာတ်လူပြက်တွေကိုင်တဲ့ ဓါးကိုပြောတာ။ ဓါးကွက်လက်ပေမဲ့ ဒါးသွားမထက်ဘူး။ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းကပြောခဲ့တဲ့ နယ်ချဲ့သမား စက္ကူကျားဆိုတဲ့ စကားကို သတိရကြရမှာပေါ့။ ဒီနေ့ လူထုကဇာတ်ဓါးလဲ မတုန်ကြွေး စက္ကူကျားလည်း မဖြုံကျေးပါဗျာ။ ဟား…ဟား။
ကျပ်ကတော့ဗျာ။ သူငယ်ပြန်ချင်သလိုလိုများ ဖြစ်လာလေသလားမသိ။ ဆရာမင်းသုဝဏ်ရဲ့ ၀ါဆိုဝါခေါင် ရေတွေကြီးလို့ ကလေးကဗျာထဲက `မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့၊ မြွေနဂါးတောင် မကြောက်ဖူးကွယ်။ ဒို့လဲ ကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားကလေးထားခဲ့မယ်´
ကဲကဲ…နှစ်ဆယ့်တစ်ရာစု ဒီချုပ်နောက်က ဒေါ်စုနဲ့ အတူချီကြမယ့် ကျုပ်မြေးရဲတင်းမောင်သစ်ဆင်
အရှင်နဂါးလဲ မကြောက်ဘူးကွဟေ့။ အရုပ်နဂါးလည်း မကြောက်ဘူးကွဟေ့၊ တရုတ်နက် နဂါးလဲ မကြောက်ဘူးကွဟေ့။ ကုလားဖြူနဂါးလဲ မကြောက်ဘူးကွဟေ့။ ဟား…ဟား။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂) အမှတ် (၄၃)
No comments:
Post a Comment