ဝါးတဲလေးပေါ်ကကျောင်းပေါ်မှာ
အတန်းလည်းတူတယ် ကျောင်းလည်းတူတယ်
အသက်တွေလည်းရွယ်သူတွေမို့
အတူစား အတူကစားချင်ပေမယ့်
ဆင်းရဲတဲ့သမီးကိုလေ
အတူမစား
အတူမကစားကြဘူး..။
သမီးဝမ်းနည်းမိတယ်
အတူမကစားရတဲ့ဘဝကို
ဒါပေမယ့်.....
သူတို့ကစားနေတာကြည့်ပြီး သမီးပျော်တယ်။
သမီးစိတ်မကောင်းဖြစ်မိတယ်
ဟင်းမပါတဲ့ ထမင်းကိုအမြဲလိုလိုစားနေရလို့
ဒါပေမယ့်.....သမီးပျော်တယ်
သူငယ်ချင်းတွေပျော်ပျော်ပါးပါး
သမီးအနားမှာ ဟင်းရနံ့သင်းသင်းနဲ့
ထမင်းလက်ဆုံစားနေကြတာ။
အမေကတော့ ညအိပ့်ရာဝင်တိုင်းဆုတောင်းနေတာပဲ
ဆင်းရဲတွင်း ဝဋ်ဒုက္ခကကျွတ်ပါစေလို့
ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။
တနေ့က....အဖေနဲ့ အမေ
တိုးတိုးတိတ်တိတ်ပြောဆိုသံတွေ
မအိပ့်သေးတဲ့သမီး
ကြားလိုက်မိတယ်၊
သမီးဟာ စာတော်ပေမယ့်
ငါတို့အခြေနေက သမီးကို
ပညာတတ်ကြီးဖြစ်စေဖို့ ဖြည့်ဆည်းမပေးနိုင်တော့ဘူးတဲ့။
သမီးဖြေပါတယ် တရှိုက်ရှိုက်ငိုရင်း
သမီးရဲ့ ဘဝပေးကံကြမ္မာက
ဒီလောက်ဆို ဒီလောက်ပဲပေါ့..။
ကျနော်လဲဒီလိုပဲ
မနိုင်ဝန်ကိုထမ်းပြီး ဝမ်းရေးကို
ငယ်ငယ်ကတည်းကကျောင်းနေရသူပါ..။
ဒီအလုပ်မှမလုပ်ရင် ကျမ္မာရေးချူချာနေတဲ့ အမေ့ဆေးဖိုး
ဘယ်သူကလာကူပေးမှာလဲ..။
ပျော်ချင်တာပေါ့ အခြားကလေးတွေနဲ့
အတူတူ
ဝတ်ချင်တာပေါ့ အခြာခလေးတွေနဲ့
တန်းတူ
သွားချင်တာပေါ့ အများခလေးများနည်းတူ ကျောင်းကို
စားချင်တာပေါ့ ဝက်သားတုံးကြီးဆီပြန်ဟင်း၊
ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။
တနေ့ကချောင်းတဟွန့်ဟွန့်နဲ့ အမေ
ကျနော်အုတ်သယ်နေတာတွေ့ပြီး
တရှိုက်ရှိုက်နဲ့ ငိုနေတယ်လေ၊
ကျနော်ကဘယ်ချော့တတ်မလဲ
အမေငိုတော့
ကျနော်လည်းငိုတာပေါ့၊
အငိုဆုံးတော့ အမေကပြောတယ်
သားကိုအမေမခိုင်းရက်ဘူး
အမေ့ကိုနားလည်ပေးပါနော်....လူလေးရယ်တဲ့။
ကျနော်ဘာပြန်ပြောရမလဲ အမေ
ကြောင်အန်းအန်းနဲ့
ပိန်လှီလှီ ပြားချပ်ချပ်အမေ့ခန္ဒာလေးကိုကြည့်ပြီး
ကျနော်ခေါင်းညိတ်လိုက်တယ်..။
ကျနော်မှမကူရင် အမေ့ကိုဘယ်သူကူမလဲ.....အမေရယ်။
ကျနော်ပျော်ပါတယ်.....အမေရယ်
တချို့ခလေးတွေက ခလေးသရုပ်ဆောင်နဲ့
အဖေအမေတွေကို လုပ်ကျွေးသမှုပြုကြတယ်၊
တချို့ခလေးတွေက သီချင်းတွေဆိုပြီး
အဖေအမေတွေကို လုပ်ကျွေးသမှုပြုကြတယ်၊
ပုံသဏ္ဍန်ကတော့
မတူဘူပေါ့
ဒါပေမယ့်.....ကျနော်ပျော်ပါတယ်။
( ကိုဗလိုင် )
ဤကဗျာဖြင့် အဖြစ်သနစ်ဆိုးတွေကိုခံစားနေကြရတဲ့ ခလေးငယ်များကို
ဂုဏ်ပြုအပ်ပါသည်..။ ခလေးငယ်များအားလုံး ဒုက္ခဘေးဆိုးမှ လွတ်မြောက်ကြပါစေ..။
(( ကျနော်- ဒီကဗျာကိုစပ်ဆိုရင်း မျက်ရည်လည်ခဲ့ရပါတယ်..အားလုံးမျှဝေခံစားတတ်ကြပါစေ..။ ))
၂၇. ၁၁. ၂၀၁၃ ၇း၀၀
No comments:
Post a Comment