Tuesday, May 10, 2011

ညီညွတ်ရေးရဲ့အင်အား

အချိန်ပိုလေး နည်းနည်း ရှိနေလို့ ဝင်ရေးလိုက်တာပါ။ စိတ်ဝင်စားသွားတာကတော့ မူလတွန်းအားပေါ့။
 
ဘယ်လိုဆဲနည်းက နည်းမှန် လမ်းမှန် ဖြစ်တယ်။ ဘယ်လိုဆဲနည်းက နည်းလမ်း မမှန်ဘူး။ ဘယ်လိုဆဲနည်းက စံနစ်ကျတယ်။ ဘယ်လိုဆဲနည်းက စံနစ်မကျဘူးဆိုတာကို ဘယ်သူတွေက ဘာစံနှင့် သတ်မှတ်မှာလဲ။
 
အနည်းဆုံးအားဖြင့် ကာယကံရှင်တွေဖြစ်တဲ့ အဆဲခံရသူက သတ်မှတ်တာက အမှန်လား။ သို့မဟုတ် ဆဲသူက အဆုံးအဖြတ် ပေးမှာလား။ ပါတ်ဝန်းကျင်ကဘဲ ဆရာကြီး ဝင်လုပ်ပေးရမှာလား။
 
ဘူဘူချင်း ထဆဲနေလို့ လူချင်းများ ဆုံနေမိရင် ထသတ်ကြမှာက စိုးရိမ်စရာပါ။
 
လေးစားအပ်တဲ့ ဆရာသမားတို့၊ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းစသူတွေနှင့် ကိုယ်တွေကမှ မတူတာ။ စွန့်လွှတ်ပုံ၊ စေတနာ၊ အလေးစားခံရပုံ၊ တန်ဖိုးထားခံရပုံတွေက တခြားစီမို့ ဆဲတဲ့နေရာကို အတုမယူဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံပုံ၊ အမျှော်အမြင်ကြီးပုံ၊ စေတနာမှန်ပုံစတဲ့ နေရာတွေမှာ အတုယူတာက ပိုဘေးကင်း၊ အကျိုးများမယ်ထင်ပါတယ်။


Sincerely,

Aung Tin
ကိုဖုန်းကျော်ရဲ့ ဆဲဆိုခြင်းဒဿနကို ကျုပ်လက္ခံတယ် ကျုပ်တို့ချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလဲ လူထုရှေ့မှာဆဲခဲ့ဘူးတာပါပဲ ဗိုလ်ချုပ်လဲလူပဲ ထမ်းဆောင်ရတဲ့တာဝန်ပဲ ကွာခြားတာပါ။  ဆဲဆိုခြင်းဟာ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမူ့ရသပေါ်မှ အခြေခံဖြစ်ပေါ်လာတာပါ။ 

စိတ်ပိုင်းဆိုင်ရာခံစားမူ့ရသဆိုသည်မှာ ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းကြေကွဲသည်ဖြစ်စေ၊ တအန့်တအော် ဖြစ်မိတဲ့အခါမှာဖြစ်စေ၊ ဒေါသမီးလျံ တောက်လောင်းတဲ့အခါမှာဖြစ်စေ၊ မိမိကိုတဦးတယောက်က မိမိအားမတော်မတရား ပြုကျင့်ဆက်ဆံ ခံရသည့်အခါမှာဖြစ်စေ၊ မိမိအားခွဲခြားဆက်ဆံခံရသည့် အခါမှာဖြစ်၊  မိမိယုံကြည်ကိုးစားထားရသူက မိမိရဲ့ယုံကြည်ကိုးစားမူ့ကို အလွဲသုံးစားပြုလုပ်ခံရသည်အခါမှာဖြစ်စေ ယ္ခုကဲ့သို့ လူရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမူ့ကို အခြေခံ၍ဖြစ်ပေါ်လာ သော  မိမိခံစားရမူ့အတွက် မိမိအား မမျှမတဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ များစွာသောအကြောင်းအရာအပေါ်တွင် အခြေခံ ၍ ဆဲဆိုမူ့ဆိုတာဖြစ်ပေါ်လာတာပါ။

တခါတရံမှာ မိမိမနှစ်သက်သူ၊ မိမိမနှစ်သက်သော အကြောင်းအရာ၊ မိမိမနှစ်သက်သောကိစ္စ၊ အပေါ်မှာမူတည်ပြီး ထိုသိုဆဲဆိုလိုက်ပြီးတာနဲ့ မိမိစိတ်မှာ အလိုမကြမူ့ကိုဖြစ်နေတဲ့စိတ်ကို သက်သာမူရစေပါတယ်။ သို့သော် ထိုသို့ဆဲဆိုမူ့ကိုမိမိစိတ်သက်သာရာ ရရှိမူ့အတွက်မဟုတ် ရန်လို၍ဖြစ်စေ၊ တပါးသူ၏ ဂုဏ်သရေ ရုတ်လျော့ရန်ရည်ရွယ်၍ဖြစ်စေ၊ ပြုလုပ်ခဲ့မည်ဆိုပါက ခိုက်ရန်ဒေါသဖြစ်စေနိုင်ပါသည်။
 
ဆဲဆိုခြင်းဟာ အသက်အရွယ်၊ အဆင့်အတန်း၊ သိက္ခာ တွေနဲ့ဘာမှမဆိုင်ပါ အသက်အရွယ် ကြီးသူရော ငယ်သူတွေမှလဲ ခံစားမူ့ဆိုတာရှိတယ်။  ကျုပ်တို့လူမျိုးအများစုဟာ တခါတရံမှာ ကောင်းကောင်းမွန်မွန် ပြောဆိုရင် အလေးပေးနားထောင် နားလည်နိုင်မူမရှိဘူး ဒီအတွက်ကြောင့် ဗိုလ်ချုပ်မိန့်ခွန်း တခုမှာလူထုကို "ဖါနိုင်ငံဖြစ်သွားနိုင်တယ်" လို့ပြောခဲ့ဘူးတယ် မဟုတ်ပါလား။
 
 
 
အချုပ်အားဖြင့်ဆိုရရင် ဆဲဆိုခြင်းဟာ Freedom of expression ရဲ့တစိတ်တပိုင်းပဲဖြစ်ပါတယ် ရာဇဝတ်ပြစ်မူ့ကျူးလွန်တာ မဟုတ်သလို လူသားတွေနေထိုင်တဲ့ လောကလူဘောင်ကိုလဲ ဆန့်ကျင့်ရာမရောက်ပါဘူး။  ထိုကြောင့် ဆဲဆိုခြင်းဟာ လူသားတွေအတွက် သဘာဝပါဘဲ။   ဆဲမယ်ဆိုရင် သူတပါးကိုအဓိကထားဆဲတာထက် ကိုယ်ရဲ့စိတ်သက်သာရာ ရစေဖို့အတွက်သာဖြစ်ပါစေ။  ရည်ရွယ်ချက်ရှိလို ဆဲဆိုခဲ့ရင်လဲ ကိုဆဲဆိုတာထိရောက်အောင်ဆဲပါ ကိုဆဲဆိုတဲ့ရတဲ့ အကြာင်းကို ဆဲဆိုခံရမည်သူကို သိပါစေ ကိုရဲ့ဆဲဆိုမူ့ကိုလဲ ကိုကိုယ်တိုင်တာဝန်ယူရပါမယ်။ လူသားတိုင်း နည်းမှန် လမ်းမှန် နေရာမှန်  စံနစ်တကျ ဆဲဆိုတတ်ကြပါစေလို ပြောပြလိုက်ပါသည်။
 
ရွှေထီး (၈၈၈၈)   

ကျောင်းနေတယ်ဆိုတာ - ဒေါက်တာခင်မောင်ညို

တကယ်တော့ မောင်ဘသစ် ဟာ စကော်လာဖြစ်တယ်။ စကော် လာဆိုတာကတော့ ပညာရေးနဲ့
ပတ်သက်ပြီး စိတ်ဝင်စားသူ လေ့ လာသူပေါ့။ စကော်လာတွေဟာ ပညာတော်သလောက်
အမြင်စူးရှ တယ်။ သူအထူးပြုတဲ့ ပညာရပ်ကို သူကျွမ်းကျင်တယ်။ အချို့စကော်
လာတွေဟာ ပညာရှိတွေဖြစ်တယ်။
မောင်ဘသစ်က စကော်လာ ဘဝကနေ ဂျာနယ်လစ်ဖြစ်လာ တယ်။ အကြောင်းကတော့ သူ့ ဘကြီးက
သတင်းဂျာနယ်တည် ထောင်လိုက်တာကြောင့် ဖြစ်တယ်။
”မင်းငါ့ကိုကူပါ”
၂ဝဝဝပြည့် နှစ်ဦးပိုင်းမှာ ဂျာနယ်တွေ မှိုလိုပေါက်လာတော့
သတင်းဆောင်းပါးများစွာလိုတယ်။ ဒီလိုနဲ့ပဲ သူဟာဂျာနယ်တွင် ဘာသာ
ပြန်ဆောင်းပါးတွေ၊ သတင်းတွေကို ရေးပေးရင်း၊ ပြည်သူအသိအမှတ်ပြု
ဂျာနယ်လစ်တစ်ယောက်ဖြစ်လာ တယ်။ ဂျာနယ်လစ်ဖြစ်လာရတာကို မောင်ဘသစ်
သဘောကျနေမိ တယ်။ ဂျာနယ်လစ်ဆိုတာ ဟိုစပ် စပ်ဒီစပ်စပ်သိရတယ်။ ဂျာနယ်ဆို တာ
စတုတ္ထမဏ္ဍိုင်တဲ့။ ကောင်း လိုက်တာ။
နိုင်ငံတစ်နိုင်ငံမှာ တရားမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး
မဏ္ဍိုင်ဆိုပြီး မဏ္ဍိုင်သုံးခုရှိတယ်။ ဒါတွေဟာ အာဏာတွေရှိတဲ့အ တွက်
အာဏာကြီးသုံးရပ်လို့လည်း ခေါ်တယ်။ အာဏာမရှိတဲ့ စတုတ္ထ
မဏ္ဍိုင်ဆိုတာရှိသေးတယ်။ ဒါက တော့ မီဒီယာပါ။ မီဒီယာရဲ့အာဏာ ကတော့
ပြည်သူတွေပါ။ ဂျာနယ် လစ်တွေဟာ ပြည်သူကို စောင့်
ရှောက်ရပါတယ်။ကောင်းလိုက်တာ။
မောင်ဘသစ်ဟာ နိုင်ငံ့အကျိုး ပြုသူတစ်ယောက် အလိုအလျောက်
ဖြစ်လာတယ်မဟုတ်လား။ အလုပ် ဆိုတာ စားဝတ်နေရေး ငွေကြေးရ ဖို့အတွက်
လုပ်ကြတာပါပဲ။ အချို့ လည်း ချမ်းသာဖို့ လုပ်တယ်။ ဘယ် လိုလုပ်လုပ်ပါ။
မိမိလုပ်တဲ့ အလုပ်ကို မိမိကျေနပ်မှ စိတ်ချမ်းသာကိုယ်ချမ်း သာ ရှိကြတာပါ။
ယနေ့ ဂျာနယ် အရေအတွက်များလာတယ်။ စာမူခ တွေလည်း များလာတော့ မောင်
ဘသစ်အဆင်ပိုပြီး ပြေလာတယ်။  ဘကြီးတိုက်ကိုတော့ သတင်း ထောက်တွေ
လုံလုံလောက်လောက် နဲ့ မကည နိုင်နေပြီမို့ မောင်ဘသစ်က သူ့အလုပ်ကိုသာ
သူလုပ်တယ်။ သူ့ အလုပ်ကတော့ စာရေးစာဖတ်ပါပဲ။ တစ်ခါတစ်ခါတော့လည်း ဘကြီးက
သူ့ကိုတိုက်မှာလိုအပ်တဲ့ သတင်း ထောက်တွေခေါ်တဲ့နေရာမှာ အင်
တာဗျူးလုပ်ခိုင်းတယ်။
”ဖေဖော်ဝါရီလ၁၂ ရက်နေ့ကို သိလား ”
”သိပါတယ်၊ ပြည်ထောင်စု နေ့ပါ”
”ဖေဖော်ဝါရီလ ၁၄ ရက် ကော”
”ချစ်သူများနေ့ပါ”
ဒီမေးခွန်းတွေကို သတင်း ထောက်လာလျှောက်သူအများက ဒိုးဒိုးဒေါက်ဒေါက်နဲ့
ဖြေနိုင်ပါတယ်။
”ဒါဆိုရင် ဖေဖော်ဝါရီ ၁၃ရက် နေ့ကော”
သူတို့ မဖြေနိုင်ကြပါ။ သူတို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မသိ ကြပါ။
”ဒဂုံတက္ကသိုလ်ဘယ်မှာရှိလဲ”
”ကိုကိုကျွန်းဟာ ဘယ်တိုင်း (ဒေသံကြီး)မှာရှိလဲ”
သူတို့ မသိကြပါ။
သူတို့တတွေ စာတစ်ပုဒ်ဖြောင့် တန်းစွာ မရေးနိုင်ပါ။
”ဘွဲ့ရထားတယ် မဟုတ် လား”
”ဟုတ်ပါတယ်”
”ခု စာစီစာကုံးကို ဘာလို့မ ရေးနိုင်တာလဲ”
သူတို့က ဘွဲ့ဆိုတာအလွတ် များများ ကျက်နိုင်ရင်ရတဲ့အရာလို့ ထင်နေကြတယ်။
သူတို့ အလွတ် ကျက်ပြီးအောင်ခဲ့ကြတယ်လေ။
မောင်ဘသစ် ခုသားလေးကို ကျောင်းထားရတော့မယ်။ မူကြိုကို တစ်နှစ်ထားတယ်။
မူကြိုမှာသား လေးက စာတွေလည်း သင်ရ တယ်။ သီချင်းတွေ ကဗျာတွေ လည်း
သူရနေပြီ။
ခုသားလေးကို ကျောင်းထားရ တော့မယ်။
”သားကို ဘယ်ကျောင်းမျိုးမှာ ထားရမှာလဲ”
မောင်ဘသစ် စဉ်းစားတယ်။  သူငယ်ငယ်က မိဘတွေလည်း ဒီလို ရွေးချယ်ရတာပါပဲ။
သူတော ကနေ ကြီးပြင်းလာတယ်မဟုတ် လား။ ဘုန်းတော်ကြီးကျောင်းထား မှာလား။
အိမ်ကျောင်းထားမှာလား ဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။
အမေက အိမ်ကျောင်းမှာထား ပြီး နွေကျောင်းပိတ်တော့ ဘုန်းကြီး
ကျောင်းကိုပို့ပါတယ်။ ခုထက်ထိ အချို့တောက မိဘတွေ ဒီလိုရွေး
ချယ်နေကြဆဲပါပဲ။ ဂျာနယ်လစ်ဖြစ် လာတဲ့ မောင်ဘသစ်က ပြန်လည် ဆန်းစစ်နေပါတယ်။
ကျောင်းဘာ လို့ထားလဲ။ မိဘတွေက သားသမီး တွေကို အလုပ်မခိုင်းချင်ကြပါ။ ဘဝ
အတွက် ပြင်ဆင်စရာလေးတွေကို ပြင်စေချင်ကြတယ်။ ပညာတတ်စေ ချင်တယ်။
စာတတ်ပေတတ်ကြီး တွေ ဖြစ်စေချင်တယ်။
သေစာရှင်စာလောက် တတ် ရင်တော်ပါပြီလို့ လက်ခံကြသူတွေ ဘယ်လောက်များလဲ။
ရန်ကုန်မြို့ လယ်ကောင်မှာ စာမတတ်တဲ့သူ ဘယ်လောက်များလဲ။ တစ်ရက်မှာ
မောင်ဘသစ် အပြင်ကပြန်လာ တယ်။ အိမ်ပေါ်ကိုတက်ဖို့ ခပ်မြန် မြန်လှမ်းလိုက်ရာ
ဖိနစ်တစ်ဖက်ရေ မြောင်းထဲကျသွားတယ်။ ဒီရေမြောင်း မှာ
မြောင်းဖုံးရှိပေမယ့်အချို့နေရာ တွေမှာ ဟာနေတယ်။ နောက်ပြီး
ဖိနပ်ကကွင်းထိုးဆိုတော့ကျွတ်လွယ် တာပေါ့။ ရေမြောင်းက ရေစီးနေ တော့
ဖိနပ်မျောပါသွားပြီလို့ ထင် နေတယ်။ ဒါပေမဲ့ လမ်းဘေးမှာ ရေခပ်နေတဲ့ ကလေးက
အဘဖိနပ် ကျွန်တော်ဆယ်ပေးမယ်ဆိုပြီး ရေ မြောင်းဖုံးကို လှန်ကာဆယ်ပေး တယ်။
ဒီကလေးတွေကို သူသိတယ်။ သူတို့ဟာ လမ်းထိပ်ထမင်းဆိုင်မှာ
အလုပ်လုပ်နေကြသူတွေပါ။ သူတို့ ကို မုန့်ဖိုးပေးရင်း စကားပြောကြည့် တယ်။
”မင်းတို့ လခဘယ်လောက်ရ လဲ”
”တစ်သောင်းခွဲပါ”
”စားသောက်အပြီးအစီးလား”
”ဟုတ်တယ်အဘ၊ ပွဲစားခ တော့ တစ်ထောင်နုတ်တယ်”
”အေး မင်းတို့အားရင် စာလေး ဘာလေး မဖတ်ဘူးလား”
”ကျွန်တော်တို့ စာမတတ်ဘူး အဘ”
”ဟေ”
”ကျွန်တော်တို့ ကျောင်းမနေ ခဲ့ရဘူး”
”ခုစာသင်လည်း ရသေးတာပဲ”
”သင်နေပါတယ်အဘ”
”အတော်တတ်နေပြီလား”
”ကိုရီးယားကားကိုတောင် ဖတ်လို့ရလာပြီ”
မောင်ဘသစ်တို့ ငယ်ငယ်တုန်း က အသံတိတ်ရုပ်ရှင်တွေကို ကြည့် ရတာကို
သတိရမိတယ်။ စာမ တတ်ရင် တစ်ယောက်ကဖတ်ပြ တာကို နားထောင်ရတယ်။ ရုပ်ရှင်
ရုံထဲမှာ စာဖတ်တတ်သူတွေ အများ ကြီးပါ။ သူတို့တစ်တွေ အသံထွက် ဖတ်တတ်ကြတယ်။
ကိုရီးယားကား (ရုပ်သံစီးရီး)ကို မြန်မာစာသင်နိုင် တယ်လို့တော့ သူတစ်ခါမှ
မစဉ်းစား မိဘူး။ တစ်ချိန်က စကော်လာမောင် ဘသစ်မှာ ပါမောက္ခမိတ်ဆွေများ
စွာရှိတယ်။ မြန်မာစာ ပါမောက္ခ တွေကို ပြောပြပါသေးတယ်။
”ကိုရီးယားရုပ်သံစီးရီးတွေ က နေ မြန်မာစာသင်နိုင်တယ်”
”အင်း”
”စာတန်းထိုးတာတွေကို ဖတ် ရင်း စာတတ်လာတယ်”
”ဒါဟာ ပတ်ဝန်းကျင်မှာထိ တွေ့ အသုံးချနိုင်တာဆိုတော့ ပိုပြီး
ထိရောက်တာပေါ့”လို့ သူတို့က ထောက်ခံကြတယ်။
”ဒါပေမဲ့ ဒီရုပ်ရှင်တွေမှာ စာ တန်းထိုးတဲ့အခါ စာလုံးပေါင်းတွေ မှားတယ်။
အသုံးတွေလည်း မှား တယ်”
”မှားတဲ့အခါလည်း မှားပေမ ပေါ့ ”
”အဲဒီရုပ်သံတွေမှာ ရေးတာ တွေကို ခင်ဗျားတို့မစိစစ်ဘူးလား”
မိတ်ဆွေမြန်မာစာပါမောက္ခ က ပြုံးနေတယ်။
”စိစစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီလို စိစစ်ဖို့ထက် မိမိကိုယ်တိုင်တာဝန်
ယူတဲ့ စိတ်ဓာတ်နဲ့ စိစစ်ရင်အမှား ပိုစင်တယ်။ နေရာတကာ သူများ
လွှဲချနေတာမျိုးဟာ အကျင့်ပါနေ တယ်”
ဒါဆိုရင် သူတို့တစ်တွေမှားတာ ကို ဘယ်လိုလုပ်ရမလဲ။
ကိုယ်တိုင်တာဝန်ယူတတ်ဖို့ ပြန်လည်လေ့ကျင့်ပေးရမှာပါပဲ။
”ဒါတွေအားလုံးဟာ ကျောင်း နေတာနဲ့ ဆိုင်တယ်”လို့ သူပြော တော့ မောင်ဘသစ်
အံ့အားသင့် သွားတယ်။
”ကျောင်းနေတယ်ဆိုတာ တာဝန်ယူတတ်အောင် သင်ပေး တာတွေ ပါဝင်တယ်”
ခုတော့ ဆရာခေါ်ပေးတာကို လိုက်ရေး၊ ဆရာကျက်ခိုင်းတာကို အလွတ်လိုက်ဆိုနဲ့။
နေသည်ပူသည်။
မိုးသည်ရွာသည်။
ဆောင်းသည်အေးသည်။
ဆရာဆိုသည်။ ကျောင်းသား များက လိုက်ဆိုသည်။ ဒါပညာရေး မဟုတ်ဘူးလေ။
မောင်ဘသစ် သူ့ ရဲ့သားလေးကို ဘယ်ကျောင်းပို့ရမှာ လဲ။ အစိုးရကျောင်းကိုလား။
နိုင်ငံ ခြားကနေလာဖွင့်ထားတဲ့ ကျောင်း တွေကိုလား။ ဒါမှမဟုတ် အစိုးရက
ခွင့်ပြုထားတဲ့ မြန်မာအလွတ်ပညာ သင်ကျောင်းကိုလား။

ဒေါက်တာ ခင်မောင်ညို

______

မတူရင်မတုနဲ့  (၁၀)နှစ်


မရေးဘူးလို့ စိတ်ကိုထိမ်းချုပ်ထားပါတယ် ။ ကိုယ်ယုံကြည်တဲ့ခေါင်းဆောင် ကိုစော်ကားနေတဲ့ကိစ္စ သူ့ ရာဇ၀င်နဲ့
သူပဲလေ လို့  ဘာအစဉ်အလာမှ မရှိတဲ့သူရဲ့ တစ်ကျပ် တစ်မတ် တိုက်ကွက်ပဲ ဆိုတာ ကျမ တို့ ကြား သတ်
မှတ်ပြီးသားမို့  နေပါစေ လို့ ထားလိုက်တော့မလို့ ပါ ။ ဒါပေမဲ့ ကျမ ပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲ ကို
ဒီည ကိုလွဏ်းဆွေကိုယ်တိုင်ထပ်ပို့ လာတာတော့သူရဲ့အဲဒီအမြင်တွေကြောင့်ဆူညံပေါက်ကွဲသံတွေနဲ့ အက်ကြောင်း
ဖြစ်ခဲ့ရတဲ့ အင်အားတရပ် အဲဒီအင်အားထဲ က သူကိုလက်ခံနိုင်သူလက်ခံ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့
ကျမ ကိုစော်ကားလိုက်သလို ခံစားရပါတယ်။ ခြေလက်အေးစက်ပြီး လူသတ်ချင်စိတ်တောင်ကျမဖြစ်မိ
တယ် ဒါလည်း မောင်လွဏ်းဆွေ ရဲ့ တိုက်ကွက် တခု ဆိုတာ သိကိုသိပါတယ် ဒီတော့လည်း ရဲဘော်တွေကြား
ပြောနေကြ စကားလို --- အမုန်းမခံဘူးဟေ့ --ယုန်သူငယ်နှာစေးလိုက်ဦးမယ် - ကွယ်ရာမှာဆဲပြီး တွေ့ ရင်
မင်းအဖေ နေကောင်းလား ဆိုတာ အိရွှေစင်ညွန့် တော့ တသက်လုံးမကျင့်သုံးဖူးလို့  ရန်သူအကြိုက်လိုက်တဲ့
သူတွေ မုန်းချင်မုန်းပါစေ သူတို့ ချစ်တာခင်တာခံနေရရင် ကိုယ်တောင် သိက္ခါ မဲ့သေး လို့ တွေးပြီး ကိုလွဏ်းဆွေ
ရေ မတူရင် မတုပါနဲ့ လို့  ပြောပါရစေ --
ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်းတူတဲ့သူတွေသာ ကိုယ်ချင်းစာနားလည်ပေးနိုင်
မဲ့အခြေအနေအရပ်ရပ် မို့  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုတ်ရှားနေရတာကို
ကိုယ့်စိတ် ကိုယ့် ခန္တာ ကိုယ့်အသက် နဲ့ ကိုယ်ချင်းစာပြီး ကျမတို့ နားလည်ခံစားနိုင်တယ် ။ဒေါက်တာလွဏ်းဆွေ
ရေးထားတဲ့ အားလုံးပဲဟောင်းနွမ်းလို့  အသစ်က ပြန်စဖို့ ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက
ရှစ်လေးလုံးအရေးတော်ပုံ ကစတဲ့ တော်လှန်ရေးအင်အားစုကို စော်ကားတာ စမ်းသပ်ကြည့်တာ -သူများ ၀င်ဆန့် 
နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။ ဒါ့ကြောင့်အယဉ်ကျေးဆုံး စကားလုံး နဲ့ ကျမ တုန့် ပြန်ရမယ်ဆို
ရင် ဒူးနေရာဒူး တော်နေရာတော် --တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ် ။
ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈ မှာ မောင်လွဏ်းဆွေ ၁၈နှစ် အရွယ်ပါ - ဖြူစင်တဲ့လူငယ်အရွယ်မဟုတ်
မခံ တဲ့လူငယ်အရွယ် အဲဒီအရွယ်မှာ - ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တာ -သူ ဘယ်နေရာ မှာ မှမပါခဲ့ပါဘူး
၈၉မှာ ကျမထောင်ထဲရောက်ပြီးပါပြီ မောင်လွဏ်းဆွေ ထက် ကျမ ၂နှစ်ငယ်ပါတယ် ။
၁၉၉၆ မှာ ကျောင်းသားတွေက ကျောင်းသားသမဂ တောင်းဆိုလို့  မီးသတ်ပိုက်နဲ့ ထိုး အမှောင်ချ ရိုက်နှက်ပြီး
ထောင်ထဲထဲ့တဲ့အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ --သူဘယ်နေရာမှာ မှမပါ ---ခဲ့ပြန်ပါဘူး။
ကျမထောင်ထပ်ကျပါတယ် ။ ကျမ ၁၀တန်းနဲ့ကျောင်းကရာသက်ပန်ထုပ်လို့  ၁၀တန်းစာမေးပွဲ ကိုအပြင်ကဖြေခဲ့
ရပါတယ် ။
ပြည်ပ ထွက်လာတော့လည်း တော်လှန်ရေးနဲ့ ဘာမှ မစက်ဆက်တဲ့ကိစ္စ နဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့ ထုံးစံ
အရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက်ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆိုနေရာပေးတက်တဲ့
အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့ ထမင်းမငတ်ရာ က ထမင်းဝလာတော့ လူပါးလေးပါဝ
ချင်လာတော့တာပါပဲ -
အဲလိုပြောတော့ တော်လှန်ရေးမှာ မပေးဆပ်သူ မပါဝင်သူ က စာပေမဝေဖန်ရဖူးလား လို့ စောဒကတက်စရာရှိပါ
တယ် ဝေဖန်ရေးဟာ စော်ကားရေး မဟုတ်ပါဘူး သူ့ အရေးအသားတွေ ဘယ်လိုဖတ်ဖတ် တချို့ ဟာ ဘာသမိုင်း
မှမသိ ဘာမှ လက်တွေ့ မကြုံဖူးမတွေ့ ဖူးတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD ရဲ့ ဘယ်လို အကြတ်အ
တည်းမျိုးနဲ့ ရင်ဆိုင်လုပ်နေရတာတွေ ဗဟုသုတ (အသိတရား) ဘာမှမရှိပဲရေးထားတော့ လက်တွေ့ ကျော်ဖြတ်ခဲ့
ရတဲ့ ကျမတို့  က ဟားမိတာတွေ ဟာ ဒီကောင် မိုက်ရိုင်းလှချည်လားလို့ သြချရတာတွေ တွေ့ လာရပါတယ်။
တလောကပဲ စာပေနယ်ထဲ က ဆရာစိုးနေလင်း က သူ့ ကို နာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ဘယ်သူ့ ကိုရေးတယ်
ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။အဲဒီတော့ ကျမမေးချင်တယ် သူ့ ရဲ့ ဒေ၀ဒတ် ဥာဏ် တိုက်ကွက်ကိုထား---
(၁)ထောက်လှန်းရေး နဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့ စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကား
တွေ ပြောဖူးလား --ပြောရဲလား ( ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို
ကျင်လည်ခဲ့ရတယ်)
(၂)ရိုက်သတ်မယ် ပစ်သတ်မယ် သိသိ နဲ့ အာဏာပိုင်ရှေ့မှာ စစ်တပ်နားမှာ တရားဟောဖူးသလား
ကျမတို့ ဂွတ်တလိပ်လမ်းဆူံမှာ နှံပါတ်ဒုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။
(၃)အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်းရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား
(၄)ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေ့ ရေးရာနဲ့ တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား
အဲဒီလို မကျော်ဖြတ်ခဲ့စေဦး မတော်တဆ ခလုပ်တိုက်လို့ တောင် ထောင်ထဲရောက်ဖူးရင် ကျမ အော် မတော် တဆလည်း
တော်ပါသေးတယ် လို့ ယူဆပေးလို့ ရပါတယ် ။ အဲဒီလို ပေးဆပ်မှုကလည်းမရှိ ကျော်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းကလည်းမရှိ
ပေါ်ပျူလာဖြစ်နိုး နဲ့ ရေးချင်တာကိုရေး ပြောချင်တာကိုပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော် ကို ညံ့တဲ့
ပရိတ်သတ်က အူတက်အောင်ရီပြီး အားပေးနေပေမဲ့ အကြားမတော်အမြင်မတော်တာ ကိုဆုံးမဖို့ ကျမတို့ မှာ တာဝန်ရှိပါတယ်။

ကျမတို့ ထောင်ထဲမှာတချို့ ဝါဒါမ တွေ က ကျမတို့ ပုဒ်မနဲ့ လုပ်ရပ်ကြောင့် ရာဇ၀တ်သားတွေနဲ့ ကျမတို့ ကိုသီးခြား
ထားပြီး လေးစားမှုတွေ နဲ့ ဆက်ဆံတဲ့အခါ တာတီးဒီ ပုဒ်မနဲ့ ထောင်ကျတဲ့ အကျင့်ပျက်မိန်းကလေးတဦး က ကျမ
တို့ ကို ပုခုန်းချင်းယှဉ်ချင်လာပါတယ်။ကျမတို့ သီးသန့် တိုက်မှာနေ နေရတာကိုက သူတို့ က မိလ္လာချပေးနေရတယ် ဆိုပြီးကျမတို့ ၅ည
တွေကြားထဲရန်တိုက် ၅ညတွေစကားကို ၀ါဒါမ တွေကို အ၈င်္လိပ်
ခေတ် ပုလိပ်ခွေး လို ဖား--ချွန် အဲလိုတွေလုပ်တော့ ကျမ အဲဒီ့ တာတီးဒီ ကောင်မလေးကို မတူရင်မတုနဲ့  (၁၀)
နှစ်
ကြိုးစားလိုက်ဦးလို့  ပြောလိုက်ပါတယ် -- ဒါ ခုချိန်မှာပြန်တွေးမိတော့ ကိုလွဏ်းဆွေ က ၁၀နှစ်လောက်ကြိုး
စားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့  ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင်ပုခုန်းချင်းယှဉ်လို့ မရဘူး
လို့  အတိအလင်းပြောချင်ပါတယ်။

အဲဒီလိုပြောလို့  နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ ခုမှပါဝင်လာချင်တဲ့သူတွေ ကို အရင့်အရင်လုပ်ခဲ့သူတွေက နှိမ်တယ်
ချိုးတယ် သူတို့ လေးတွေ ဘယ်လိုတက်တက်ကြွကြွပါလာနိုင်ပါ့မလဲ မပြောသင့်ဘူး ဘာညာ --ပြောလာပါမယ် --
စုစုနွေး နဲ့ ဖြူဖြူသင်း က မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ ပြယုတ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ်
လို့ ပါ ၈၈မျိုးဆက် ပါလို့ သူတို့ မပြောဘူး ၈၈အရေးတော်ပုံမှာ ဘယ်နေရာဘယ်ဒေါင့်ကရယ်လို့ သူတို့ မပြောဘူး
သူတို့ စတင်ဝင်ရောက်လုပ်ကိုင်ကတည်းကိုကာ စေတနာဇော ရှိခဲ့လို့  သူရဲကောင်းမလေးတွေဖြစ်ခဲ့တာပါ ။ ဒါကိုကြည့်
ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှု ကရှိဖို့ လိုအပ်ပေမဲ့ စိတ်ရင်းစေတနာ ကလည်းအခရာပါပဲ ။ အကယ်၍သာသူဟာ
ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို စေတနာ၇ှိတယ် ပြည်သူ အပေါ်လည်းစေတနာမှန်တယ်ဆို ရင် NLD E-mail
တွေ ဒေါ်အောင်ဆန်းစုကြည်တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌွာနတွေ ရှိပြီးသားပဲ - ထောက်ပြ ဝေဖန်
သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့ လို့ ရပါတယ် - တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို
အားမလို အားမရ ဖြစ်နေကြချိန်မှာ - အချွန်နဲ့ လိုက်မပေးလိုက်တာကို က ညစ်နွန်းတဲ့ ပြယုတ်ပါပဲ ။ နောက်ဆုံးပိုဒ်
(ရ) မှာ အဖျားရှုးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာ အိုင်ဒီယာမှ မရှိတာအသေအချာပါ ။ ကိုလွဏ်းဆွေ
ကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ဆော်သြခေါ်ဆောင်မှုကြောင့်ကျမတို့ နဲ့ ကာလတခု မျက်နှာချင်းဆိုင် ထိုင်ပြီး
နိုင်ငံရေးတွေ တိုင်းပြည်နဲ့ ခေါင်းဆောင်တွေရဲ့လိုအပ်ချက်တွေအားနည်းအာသာချက်တွေ ဆွေးနွေးနေကြတာ ကျမတို့ 
ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ အယူအဆရေးရာဆွေးနွေးနေမှုတွေ ကို သံယောက်လိုက်အတုခိုးပြီး အဆိုး
မြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လောဘီ လုပ်နေနိုင်တာကိုက ကျမတို့  ဘက်ရွေးမှားခဲ့တာပါပဲ ။

တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့နောင်တော်တချို့ နဲ့ ကျမစကားပြောဖြစ်ပါတယ်။
တစ်ယောက်က ပြောတယ် ဒီလိုရေးနေတာတို့ တတွေ မှာတာဝန်ရှိတယ်တဲံ့  ကျမ ကလည်းဝင်ပြောလိုက်တယ် ကျမ
နဲ့ တွဲပြီး အင်တာဗျူးတခုတက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလား ဆိုလို့ ကျမအတော်ရှင်းယူ
နေရတယ် အကိုတို့ ပြောကြပါဦး လို့ ပြောမိတဲ့အခါ နောက်ထပ်အကိုတစ်ယောက် က ကိုလွဏ်းဆွေကို ပြောလို့ ရမယ်
လို့ တွေးတာကို က ခင်ဗျားတို့ အမှားဗျတဲ့ ---ဟာ ဟုတ်တာပေါ့ ဒီလူ က အက်စစ် ဆောင်းပါးမှာထဲ က ကျမ နဲ့ 
အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျဆိုတော့ ---

စာပေမူဝါဒ ဆိုလို့ အဲဒီ့တုန်း က ကျမအက်စစ်ကိုဖြုတ်ခိုင်းခဲ့တာ ကိုလွဏ်းဆွေ က ဖြုတ်မပေးနိုင်ဘူး ဒါစာပေးအခွင့်အရေး
လို့ ဆိုခဲ့ပေ မဲ့  အဲဒီတုန်း က အက်စစ်ဟာ သူမဟုတ်ဘူးငြင်းခဲ့လို့ ကျမမပြောဖြစ်ခဲ့တာတခုပြောပြပါမယ် ။
နိုက်တင်ဂေး မှာလည်း သူအယ်ဒီတာပဲ -- အဖွဲ့ ဝင်လား အချုပ်လား ကျမသေချာမသိဘူး အဲဒီ့ ဂျာနယ် ကို ၂၀၀၆-၇
လောက်မှာ ကျမ စာမူတွေပို့ ပါတယ် ကျမ စာမူကို ကိုလွဏ်းဆွေ ဆီကျမပို့ ပေးပါတယ် --အရွေးခံရပါတယ် -ထဲ့သွင်း
ဖေါ်ပြတာတွေရှိပါတယ် - တနေ့ မှာ ကျမပို့ ထားတဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း ဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာ
နေစဉ် ထိုင်း နာ(စ်) တွေရဲ့ပြုမှုဆက်ဆံပုံတွေ ကျမ ဘေးက ဗိုက်နာလို့ အော်နေသူ ကို ထိုင်းဆေးရုံတာဝန်ကျ နာ(စ်)
က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေ ကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ကျမတို့ ဘ၀ကို
သရုပ်ဖေါ်ထားတဲ့ဆောင်းပါးကို ကိုလွဏ်းဆွေ ဆီ ပို့ ပါတယ် ။ တလလောက်ကြာတော့ ကျမဆောင်းပါးကို သူရွေးချယ်
လိုက်တယ် အပြီးသတ်နေပြီမို့ -ပါလာတော့ စာမူခ လာယူပေါ့- စာမူခ က ၃၀၀ ဘတ်ပါ ။။ အဲဒီ့ လို နဲ့ အဲဒီအပတ်ရဲ့
နိုင်တင်ဂေး ဂျာနယ် ထွက်လာပါတယ် ။ အယ်ဒီတာ ကိုလွဏ်းဆွေ ရွေးချယ်ပြီးပြီ ဖြစ်တဲ့ ကျမရဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း စါမူ
ပါမလာပါဘူး ။ ကိုလွဏ်းဆွေ ကို ကျမမေးလိုက်ပါတယ် အဲဒီ့အခါ စာပေရဲ့မူဝါဒ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့
အယ်ဒီတာ ကိုလွဏ်းဆွေ က မရွှေစင်ရဲ့ဆောင်းပါး ကို ဒေါက်တာ စီသီတာမောင် ကဖြုတ်ခိုင်းပါတယ် တဲ့ြ
ဖုတ်ခိုင်းရ
တဲ့အကြောင်းရင်း က ဆေးခန်း ကိုထိခိုက်မှာစိုးလို့ တဲ့ ဘာကြောင့်လဲ ဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှု ကို
ကျမက ရေးထားလို့ တဲ့လေ --- ကဲ စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပါပြီ ဒေါက်တာစင်သီတာမောင် က ဖြုတ်
ခိုင်းလို့  အယ်ဒီတာ လွဏ်းဆွေ က ကျမစာမူကို ဖြူတ်ပေးရတယ် ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ -
မဲဆောက်လိုဒေသမှာတောင် ဆင်ဆာ ကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက် က ကျမတို့ တတွေအသက်နဲ့ 
ဘ၀ နဲ့ အချိန်တွေမြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွန်ကြားချင်ရတာလဲ -ကိုယ်နေရာကိုယ်နေ
ပါလို့ ပဲ အဆုံးသတ်ပြောပါရစေ - စာဖတ်ပရိတ်သတ်
သတိအထူးထားစေ့ချင်တာက သူ့ ဘလော့ကို လူတွေ ၀ိုင်းကြည့်ဝင်ဆဲ ပွက်လောရိုက်နေတာ ကို သူက တကယ့်ကိုနိုင်ငံရေး
လို့ ထင်နေတာမို့  အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင် ကိုလွဏ်းဆွေ ဘလော့ကို မကြည့်ဖြစ်တဲ့
နည်းနဲ့ ရှောင် ဖို့ ကျဉ်ဖို့ ဆန္ဒတူသူတွေ ကိုသာတိုက်တွန်းလိုက်ပါတယ် ။

မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ် -

အိရွှေစင်ညွန့် 

No comments: