Saturday, February 25, 2012

ဖြစ်မြဲခန့်မျှသာဟုဆိုသော ကမ္ဘာ့အပူဆုံးနှစ်များ

  
၁၈၈ဝ ခုနှစ်မှသည် နှစ်ပေါင်း ၁၃ဝ ကြာကာလ အတွင်း ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်သည် အပူပြင်းဆုံး နှစ်ဟု အမေရိကန်ပြည်ထောင်စုအာကာသအေဂျင်စီ၊ နာဆာ - ဗြှဗ က ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်သည် ၁၈၈ဝ မှ စတင်သော ကာလအတွင်း အပူပြင်းဆုံးကိုး နှစ်တွင်ပါဝင်ခဲ့သည်။ ၁၈၈ဝ မှ ယနေ့အထိ အပူပြင်းဆုံး ၁၂ နှစ်တွင် ၁၁ နှစ်သည် ၂ဝဝ၁ မှ ၂ဝ၁၁ အတွင်း ဖြစ်ပေါ်ခဲ့သည်။ ၂၁ ရာစုသည် မြေကမ္ဘာ၏ အပူပြင်းဆုံး နှစ်များဖြင့်  စတင်ခဲ့ရခြင်းဖြစ်သည်။ ဤသို့ ကမ္ဘာ ကြီးပူပြင်းလာရခြင်းသည် လွန်ခဲ့သော နှစ်တစ်ရာ ကာလအတွင်း လူသားတို့က ကမ္ဘာ့လေထုအတွင်းသို့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ အဓိကပါဝင်သော မှန်စိမ်းအိမ်ဓာတ်ငွေ့များ တန်ပေါင်း ဘီလီယံချီကာ ထုတ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာ ရှင်များက အတည်ပြုလက်ခံခဲ့ကြပြီးဖြစ်သည်။
          ၂ဝ၁ဝ ခုနှစ်သည် လွန်ခဲ့သော နှစ်တစ်ရာကျော် အတွင်း အပူပြင်းဆုံး နှစ်ဖြစ်သကဲ့သို့ ကမ္ဘာ့ရာသီဥတု  ဖောက်ပြန်ဆိုးရွားမှုများသည်လည်း စံချိန်တင်ခဲ့သည်။ မုန်တိုင်းများ ပြင်းထန်ခဲ့သည်။ ရေကြီးမြေပြိုမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည်။ တောမီးများ ရက်ရှည်ကျယ် ပြန့်စွာ လောင်ကျွမ်းခဲ့သည်။ ဂရင်းလန်ရေခဲမြစ်များ၏ လေးပုံတစ်ပုံသည် အရည်ပျော် ဆုံးရှုံးခဲ့ရသည်။ ပင်လယ် ပြင်သည် ၃ဝ ရာ ခိုင်နှုန်းပို၍ အချဉ်ဓာတ်များလာသည်။ သန္တာကျောက်တန်းများသည် ပို၍ပျက်စီးခဲ့သည်။
          ရုရှားနိုင်ငံသည် မိုးခေါင်မှုနှင့် တောမီးအကြီး အကျယ်လောင်ကျွမ်းမှုကြောင့် ဂျုံအထွက် ၄ဝ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကမ္ဘာ့ဂျုံတင်ပို့မှုတွင် ဦးဆောင်နိုင်ငံ ဖြစ်ခဲ့သော ရုရှားသည် ဂျုံပြည်ပတင်ပို့မှုကို ပိတ်ပင်  ခဲ့ရသည်။ ပါကစ္စတန်နိုင်ငံသည် နွေရာသီတွင် ၅၃ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းခဲ့ပြီးနောက် နိုင်ငံ၏ ၂ဝ ရာခိုင်နှုန်းသည် ရေလွှမ်းမိုးမှုဒဏ်ကို  ရက်ရှည်ခံခဲ့ရ သည်။ ဟိမဝန္တာမှ ရေခဲမြစ်များ ခန်းခြောက်လျော့ပါးမှု သည် ဟိမဝန္တာမှ မြစ်ဖျားခံစီးဆင်းရသည့်  အိန္ဒုမြစ်ရေ ကို ဆုတ်ယုတ်လျော့နည်းစေခဲ့ရာ အိန္ဒုမြစ်ကို အားထား ရသည့် ပါကစ္စတန်အတွက် ရေအရင်းအမြစ် ဆုံးရှုံး လျော့ပါးခဲ့ရသည်။
          ၂ဝ၁ဝ ခုနှစ်တွင် တရုတ်နိုင်ငံ သည် အမေရိကန်ပြည်ထောင်စုကို ကျော်ဖြတ်ကာ စွမ်းအင်သုံးစွဲမှု အများ ဆုံးနိုင်ငံ၊ မှန်စိမ်းအိမ်ဓာတ်ငွေ့ ထုတ် လွှတ်မှု အများဆုံးနိုင်ငံဖြစ်လာသည်။  အမေရိကန်ပြည်ထောင်စုသည် မှန် စိမ်းအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့  ချရေးကိုငြင်းဆန်နေဆဲဖြစ်ရာ ပြည် နယ်အစိုးရတို့သည် မိမိတို့၏ အစီ အစဉ်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းကာ မှန်စိမ်းအိမ်ဓာတ်ငွေ့  ထုတ်လွှတ်မှု လျှော့ချရေးကို လုပ် ဆောင်နေကြရသည်။ အမေရိကန် ပြည်ထောင်စုသည် မိမိကိုယ်တိုင် မှန် စိမ်းအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မလျှော့ချနိုင်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ  များအားလုံး မှန်စိမ်းအိမ်ဓာတ်ငွေ့  ထုတ်လွှတ်မှုလျှော့ချရေး၊ သစ်တော များ ထိန်းသိမ်းရေးတို့ကိုလည်း မကူ ညီခဲ့ပေ။
          အမေရိကန်ပြည်ထောင်စု၊ မက္က ဆီကို ပင်လယ်ကွေ့၏ ကမ်းလွန်ရေနံတူးစင် ပေါက် ကွဲမှုတွင် လူ ၁၁ ဦးသေဆုံးခဲ့ရပြီး၊ ရေနံစိမ်း စည် ငါးသန်းကျော် ပင်လယ်အတွင်း လျှံကျကာ အကြီးမား ဆုံး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှုဖြစ်ပွား ခဲ့ရသည်။ အမေရိကန် အနောက်ဘက်ကမ်းခြေတွင် လူ ၉ဝဝဝ ကျော်ဖြင့် သန့်ရှင်းရေးဆောင်ရွက်ခဲ့သော် လည်း ၂ဝ၁ဝ နှစ်ကုန်သည်အထိမပြီးစီးခဲ့ပေ။ ဝါရှင်တန် သည် ၃၂ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းခဲ့သည်။  အမေရိကန်ပြည်ထောင်စုသည် အပူချိန်လွန်ကဲမှုကြောင့် နှစ်စဉ်ပျမ်းမျှ  လူ ၁၆၂ ဦး သေဆုံးလျက်ရှိသည်။ နွေရာသီတွင် အပူချိန်မြင့် တက်ခဲ့သော အမေရိကန် သည် ဆောင်း အအေးဒဏ်ကို လည်း ဆိုးဆိုး ရွားရွား ခံရပြန် သည်။ ဖေဖော် ဝါရီလတွင်ရှိ ပြီး နှင်းထု ၅ဝ စင်တီ အပေါ် တွင် ၉ဝ စင် တီ ထပ်မံကျ ဆင်းခဲ့သည်။ ကနေဒါနိုင်ငံ၏ မြို့ကြီး တစ်ဒါ ဇင်တွင် ၃၇.၉ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့် တက်ကာ အမြင့်ဆုံးအပူချိန်ကို ချိုးခဲ့သည်။
          ဆူးတောင်ပြာ တူနာငါးများသည်  မျိုးသုဉ်းပျက်စီး လုနီးပြီဖြစ်သော်လည်း  ဖမ်းဆီးမှုကို ရပ်တန့်ရန်၊ လျှော့ချ ရန် သဘောတူညီချက် မရနိုင်ခဲ့ပေ။  ဤနှစ်အတွင်း နော်ဝေနိုင်ငံသည် အင်ဒိုနီးရှား သစ်တောများ ထိန်းသိမ်း ရန် ဒေါ်လာ တစ်ဘီလီယံ လှူဒါန်းခဲ့သည်။
          ၂ဝ၁ဝ ခုနှစ်သည် ကမ္ဘာကြီး ပိုမိုပူပြင်းလာသောနှစ်၊ ပိုမို၍ ပူပြင်းလာမည့် လမ်းကြောင်းသို့ ဦးတည်နေသော နှစ်ဟု မှတ်တမ်းဝင်ခဲ့ရသည်။
          ၂ဝ၁၁ ခုနှစ်သည် ဖြစ်မြဲခန့်အသစ်
          ၂ဝ၁၁ သည် ကမ္ဘာ့ ရာသီဥတု  ဖောက်ပြန်ဆိုးရွားလာမှုကို ဆက် လက်၍ ဖော်ကျူးခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု သည် ရာသီဥတု ကပ်ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရသည်။  နှင်းမုန်တိုင်းကျမှု၊ ရေကြီးမှု၊ မိုးခေါင် မှုအဆိုးရွားဆုံး သုံးနှစ်၏ တစ်နှစ် ဖြစ်ခဲ့သည်။ တော်နေးဒိုးမုန်တိုင်း အကြိမ် ၁၆ဝဝ မွှေနှောက်ခဲ့သည်။ ရာသီဥတုဒဏ်ကြောင့် လူသန်းချီ၍ ထိခိုက်ခဲ့ရသည်။ လူ ၁ဝဝဝ ကျော် သေဆုံးခဲ့ရ၊ ၈ဝဝဝ ကျော် ဒဏ်ရာရ ရှိခဲ့သည်။  စီးပွားရေးအရ ဒေါ်လာ ၅၂ ဘီလီယံ ဆုံးရှုံးခဲ့ရသည်။ တောင် ပိုင်းလွင်ပြင်တွင် နှစ်လုံးပေါက် မိုး ခေါင်မှုသည်  အဆိုးရွားဆုံး ထိခိုက် နစ်နာစေခဲ့သည်။ တက္ကဆတ်၊ အိုက လာဟိုးမား၊ နယူးမက္ကဆီကို၊ အရီဇိုး နား၊ ကန်ဆတ်၊  အာကန်ဆတ်နှင့် လူဝီဆီးယားနားဒေသတို့တွင် မိုးခေါင် သွေ့ခြောက်လျက် အပူလှိုင်းများကျ ရောက်ကာ ဒေါ်လာ ငါးဘီလီယံ ကျော်ဖိုး ဆုံးရှုံးပျက်စီးခဲ့ရသည်။ နော့ ဝခ်ျနှင့် နယူးဂျာဆီတွင် အပူချိန်သည် ၄၂ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်၏ ရာသီဥတု  ဆိုးရွားဖောက်ပြန်မှုသည် ကမ္ဘာကြီး ပူပြင်းလာသည့် ခေတ် သစ်၏ ဖြစ်ရိုးဖြစ်စဉ်အသစ်- New Normal ဖြစ်လာသည်ဟု အမျိုးသား ရာသီဥတု လုပ်ငန်း၏ တာဝန်ရှိသူ ဗက္ကရို - UNEP က ပြောခဲ့သည်။ မြန်မာ့ မိုးလေဝသ၏ ဝေါဟာရအရ ဖြစ်မြဲခန့် အသစ်ဟုဆိုရပေမည်။ ကမ္ဘာ့ နေရာအနှံ့တွင်လည်း ၂ဝ၁၁ ခုနှစ်သည် ရာသီဥတု ဆိုးရွားဖောက် ပြန်မှုကို ပေါ်လွင်စွာ သရုပ်ဖော်ပြခဲ့ ပေသည်။
ငြိမ်းချမ်းလုံခြုံရေးနှင့် ရာသီဥတု
          ကမ္ဘာ့ ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် အစီအစဉ် UNEP ၏ တာဝန်ရှိသူ အာချင်စတိုင်နာ Achim Steiner က ကမ္ဘာ့ရာသီဥတု ဖောက် ပြန်ဆိုးရွားလာမှုသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်း ခြောက်လာပြီဟု ပြောခဲ့သည်။ ရာသီ ဥတု ဖောက်ပြန်မှုသည် သဘာဝ ကပ်ဘေးတို့ကို ပို၍ ပြင်းထန်ဆိုးရွား လာစေသည်။ လာမည့် ဆယ်စုခေတ် များတွင် ရာသီဥတု ဖောက်ပြန်မှု ကြောင့် တိုးတက်များပြားလာမည့်  ကပ်ဘေးများသည် ကမ္ဘာကြီး အတွက် အကြီးမားဆုံး စိန်ခေါ်မှုများ ဖြစ်လာမည်ဟု ပြောခဲ့သည်။
          ဆိုမာလီယာနိုင်ငံသည် ရာသီဥ တုဖောက်ပြန်မှုကြောင့် လုံခြုံရေး ပျက် ပြားခဲ့ရမှု၏ သရုပ်ပြနိုင်ငံဖြစ်သည်။ ဆိုမာလီ၏ ဒေသ နှစ်ခုတွင် နှစ် ၆ဝ အတွင်း အဆိုးရွားဆုံး မိုးခေါင် ခြောက်သွေ့မှုဒဏ်ကိုခံခဲ့ရသည်။ ကလေး ၃ဝ ရာခိုင်နှုန်းသည် ဆိုးရွား စွာ အစာငတ်မွတ်ခဲ့ရသည်။ လူ တစ် သောင်းတွင် ကလေး လေးယောက် သည် နေ့စဉ်သေဆုံးနေရသည်။ ပတ် ဝန်းကျင်အာဖရိက တိုင်းပြည်တို့မှ လူ ဆယ်သန်းသည် မိုးခေါင်ပူပြင်းခြောက် သွေ့မှုကြောင့် အစားအစာ ရှားပါးမှု ဒဏ်ကို တနင့်တပိုး ခံနေကြရသည်။ အစားအစာ လုယက်မှုများဖြစ်ပွားခဲ့ရ သည်။ အစားအစာ ပြတ်လပ်မှုကို  အခြေခံကာ၊ လူအုပ်စုလိုက်ရွှေ့ပြောင်း မှု၊ နယ်စပ်ဖြတ်ကျော်မှုများ၊ ဒုက္ခ သည်များဖြစ်လာရသည်။ ဒုက္ခသည်  စခန်းသို့ ရောက်ရှိလာသူများကိုပင်  အစားအစာလုံလောက်စွာ မကျွေး မွေးနိုင်ခဲ့ရာ စခန်းသို့ ရောက်မလာ နိုင်သူတို့ အခြေအနေမှာပို၍ပင် ဆိုး ရွားလှသည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့  အစည်းတို့သည် ဤအရေးအခင်းမျိုး ကို ဖြေရှင်းရန် အသင့်မရှိခဲ့ကြပေ။
          ကုလသမဂ္ဂသည် ဆိုမာလီ အကျပ်အတည်းအား လူသားမျိုးနွယ် ၏အကြီးမားဆုံး ကပ်ဘေးအဖြစ် သတ်မှတ်ခဲ့သည်။ ဤကပ်ဘေးသည် ယနေ့အထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။  ကမ္ဘာကြီးပူပြင်းလာကာ ရာသီဥတု ဖောက်ပြန်နေသည့် ယနေ့ခေတ်တွင် ဆိုမာလီကဲ့သို့သော ဖြစ်ရပ်တို့သည်  ဆက်လက်ပေါ်ပေါက်ရန် အလား အလာများ ရှိနေပေသည်။
          ယခု ဇန်နဝါရီလတွင် ဗြိတိန် နိုင်ငံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲ မှုကြောင့် ဖြစ်လာနိုင်မှုများကို ခန့်မှန်း  အကဲဖြတ်ချက်ထုတ်ပြန်ခဲ့သည်။ လန် ဒန်၏ သိမ်းမြစ်သည် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုကြောင့် ၃ဝ မှ ၁၉ဝ စင်တီမီတာအထိ  မြင့် တက်လာမည်။ အပူချိန်မြင့်တက်လာ  မှုကြောင့် ဗြိတိန်တောင်ပိုင်းနှင့် အရှေ့ ပိုင်းတွင် အထူးသဖြင့် သိမ်းမြစ်ဝှမ်း  တွင် ရေရှားပါးလာမည်။ ရေကြီးရေ လျှံမှုကြောင့် ပေါင်စတာလင် ၂.၁ မှ ၁၂ ဘီလီယံ အထိ ဆုံးရှုံး ပျက် စီးကြရမည်။ အပူချိန်မြင့်တက်မှု ကြောင့် နှစ်စဉ် လူ ၅၉ဝဝ ခန့် ပိုမို သေဆုံးနိုင်သည်ဟု ခန့်မှန်းထားသည်။  ပူနွေးသည့် ရက်များ ရှည်ကြာလာ မည်ဖြစ်၍ ဂျုံအထွက်နှုန်း သည် ၄ဝ မှ ၁၄ဝ ရာခိုင်နှုန်းအထိ တိုးလာ  မည်ဟု ဆိုသည်။ ပြောင်းလဲဆိုးရွား လာမည့် ရာသီဥတုကို လျော့နည်း သက်သာအောင် မဆောင်ရွက်နိုင်ပါ က စိုက်ပျိုးရေး၊ လူမှုရေးတို့တွင်  အပြောင်းအလဲများဖြစ်လာမည်ဟု အကဲဖြတ်ချက်တွင်ဖော်ပြထားသည်။
အာရှမုတ်သုံ
          လေထုအပူချိန် မြင့်လာမှုကြောင့် လေထု၏တည်မြဲနိုင်ခြေ ပျက်ယွင်း ခဲ့ရသည်။ မုတ်သုံသည် မြောက်နှင့် အနောက်ဘက်သို့ရွေ့သွားကာ အိန္ဒိယ၏ ဒေသအများအပြားတွင် မိုး ရွာသွန်းမှုလျော့နည်းသွားသည်။ စုစု ပေါင်းမိုးရွာသွန်းမှုပမာဏ လျော့မ သွားသော်လည်း မိုးရွာသွန်းသည့် ပုံစံ ပြောင်းလဲသွားသည်။ အချို့ဒေသတွင် မိုးရွာသွန်းမှု လျော့နည်းသွားပြီး၊ အချို့ ဒေသတွင် မိုးရွာသွန်းမှုများပြားလာ သည်။ အချို့ဒေသတွင် မိုးခေါင်၍ သွေ့ခြောက်ကာရေရှားပါးခဲ့ရသော် လည်း အချို့ဒေသတွင် မိုးသည် ရက် အနည်းငယ်အတွင်း အများအပြား ရွာသွန်းခဲ့သောကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ အိန္ဒိယသိပ္ပံပညာ ရှင်တို့သည် ကမ္ဘာကြီးပူပြင်းလာမှု ကြောင့် မုတ်သုံမိုးသည် ပုံပျက်ခဲ့ရ ကြောင်း အတည်ပြုခဲ့ကြသည်။ ကမ္ဘာကြီး၏ အပူချိန်မြင့်တက်လာမှု တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထင်း လောင်စာသုံးစွဲမှုစနစ်မကျခြင်းကြောင့် ထွက်ပေါ်လာရသော မီးခိုးမြူများ သည် အကြောင်းတစ်ရပ်အဖြစ်ပါဝင် သည်ဟု သုတေသီတို့က ထောက်ပြ ခဲ့ကြသည်။ ဤသို့ အရှေ့တောင် အာရှ၏ မုတ်သုံဖောက်ပြန်နေချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာတွင် မှန်စိမ်း အိမ်ဓာတ်ငွေ့ အများဆုံးထုတ်လွှတ် သူဖြစ်လာခဲ့သည်။ ကမ္ဘာ့စွမ်းအင် သုံးစွဲမှု၏ ၁၇ ရာခိုင်နှုန်း ရှိနေရာမှ ၂ဝ၃၅ တွင် ၂၂ ရာခိုင်နှုန်းအထိ တိုးများလာမည်ဖြစ်သည်။ အိန္ဒိယ၏ စွမ်းအင်သုံးစွဲမှုသည်လည်း ၁၈ ရာခိုင် နှုန်းအထိ တိုးများလာမည်ဖြစ်သည်။
မြန်မာ့မုတ်သုံ
          ကမ္ဘာကြီးပူပြင်းလာမှုကြောင့် မြန်မာ့မုတ်သုံသည်လည်း ပြောင်းလဲ ခဲ့ရသည်။ မုတ်သုံဝင်ရက်သည် ၁၅  ရက်နောက်ကျသွားသည်။ မုတ်သုံ ဆုတ်ခွာသောရက်သည် ရက် ၂ဝ-၂၅ ခန့်စောသွားသည်။ မိုးရာသီသည် ရက် ၄ဝ လျော့နည်းသွားသည်။ မုတ် သုံ၏ပုံသဏ္ဌာန်သည်လည်း ပြောင်းလဲ သွားသည်။ သဘာဝအရ အင်အားဖြင့် ဝင်ရောက်လေ့ရှိသော မုတ်သုံသည် အဝင်အင်အားနည်းသွားသည်။ အဝင် တွင်အင်အားနည်းနေသော မုတ်သုံကို မုန်တိုင်းက ဆွဲတင်အားဖြည့်ပေးနေရ သည်။ ထို့ကြောင့် မြန်မာ့မိုးကြိုကာ လတွင် ခြောက်နှစ်ဆက်၍ မုန်တိုင်း များဝင်ရောက်ခဲ့သည်။ ၄၅ နှစ်အတွင်း ဤသို့ ခြောက်နှစ်ဆက်တိုက် မိုးကြို မုန်တိုင်းဝင်မှုသည် မရှိခဲ့ဟု မိုးလေ ဝသပညာရှင် ဦးထွန်းလွင်က ပြော ကြားခဲ့သည်။ မုတ်သုံမိုးရွာရက် တို တောင်းသွားသောကြောင့် စိုက်ပျိုး မှုကို မိုးရွာရက်နှင့် ချိန်ညှိပြုပြင်ရန် လိုအပ်လာသည်။ ပြည်သူများစားသုံး ရန်နှင့် ပြည်ပတင်ပို့ရန် စပါးကို အဓိကစိုက်ပျိုးသော မြန်မာသည် တိုတောင်းသွားသော မိုးရာသီနှင့် သင့်လျော်သည့် စပါးမျိုးကို ပြောင်း လဲစိုက်ပျိုးရမည်ဖြစ်သည်။
          မုတ်သုံသည် ရက်အနည်းငယ် အတွင်းတွင် ရွာသွန်းရရာ မိုးရေချိန် များများကို ရက်အနည်းငယ်အတွင်း ရွာချရသဖြင့် ရေကြီးမှုများ ဖြစ်ပေါ် ကာ မိုးရေတို့သည် အသုံးမပြုလိုက် ရဘဲ ဆုံးရှုံးသွားရသည်။ ခါခါဘိုရာ ဇီဝန်းကျင်မှရေခဲမြစ်များ စောစီးစွာ အရည်ပျော် လျော့နည်းသွားသော ကြောင့် ဧရာဝတီ၏ ၁၂ ရာသီစီး ဆင်းမှုနရီသည် ပျက်ယွင်းခဲ့ရသည်။ ယခင်က အသင့်သောက်သုံးနိုင်ခဲ့ သည့် ဧရာဝတီမြစ်ရေ၏ အရည် အသွေးပျောက်ဆုံးခဲ့ရသည်။ ယခင် က ၁ဝဝံ ဖာရင်ဟိုက်အပူချိန်ကို ပူလှချည်ဟု ညည်းညူခဲ့ရသော်လည်း ယခုမူ ထိုအပူချိန်ကို ဖြစ်မြဲခန့် အသစ် အဖြစ်မှတ်ယူနေရပြီဖြစ် သည်။

          အိန္ဒိယတွင် ၂ဝ၁၁ ခုနှစ်အစနှင့် နှစ်အကုန်တွင် အအေးလှိုင်းများ ဝင် ရောက်ကာ လူအများအပြား သေဆုံး ခဲ့ရသည်။ အိန္ဒိယတောင်ပိုင်းနှင့် ကက်ရှ်မီးယားတွင် အပူချိန်သည် ရေခဲ မှတ်အောက်အထိ ကျဆင်းခဲ့သည်။  ပြည်နယ်အချို့တွင် နှစ် ၁ဝဝ ကျော်  အတွင်း အအေးဆုံး စံချိန်ကို ချိုးခဲ့ သည်။ မြို့တော်ဒေလီသည်လည်း အအေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံ ရကာ သေဆုံးမှုများရှိခဲ့သည်။ အထူး သဖြင့် အိုးအိမ်မဲ့တို့သည် ညစဉ်ပင်  အအေးဒဏ်ဖြင့် သေဆုံးကြရသည်။
          ထိုင်းနိုင်ငံသည် နှစ် ၅ဝ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ကိုခံရရာ မြို့တော် ဘန်ကောက်အပါ အဝင် နိုင်ငံ၏ သုံးပုံတစ်ပုံကျော် သည်  လချီ၍ ရေနစ်မြုပ်ခဲ့ရသည်။ လူများ စွာ သေဆုံးခဲ့ရသည်။ နှစ်စဉ် မုန် တိုင်းဒဏ်ကို အကြိမ် ၂ဝ ခန့် ခံရ လေ့ရှိသော ဖိလစ်ပိုင်သည် ၂ဝ၁၁ ခုနှစ်တွင်လည်း မုန်တိုင်း အကြိမ်များ စွာ ဝင်ရောက်မွှေနှောက်ခံခဲ့ရသည်။
          တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တွင် ဆီးနှင်း၊ မိုးနှင်းများ ထူထပ်စွာ ကျရောက်ခြင်း၊ မိုးသီြးေ<ွကကျခြင်း၊ အအေးလွန်ကဲခြင်းဒဏ်ကို ပြည်သူ ငါးသန်းခန့် ခံစားခဲ့ရသည်။ ရေချို အရင်းအမြစ်တို့သည်လည်း တစ်နှစ် ထက် တစ်နှစ် လျော့ပါးခန်းခြောက် လာသည်။ ဘရာဇီးနိုင်ငံ၌ ၄၄ နှစ် အတွင်း အဆိုးရွားဆုံး မြေပြိုရေကြီး  မှုများဖြစ်ပွားခဲ့ရာ လူ ၅ဝဝ ကျော်  သေဆုံးခဲ့ရသည်။ သြစတြေးလျကမ်း လွန်ရေပြင်အပူချိန်သည် တိုင်းတာခဲ့ သည့် ကာလအတွင်းတွင် အပူဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်။ သမုဒ္ဒရာ ရေပြင်ပူပြင်းမှုကြောင့် ရာသီဥတု  ဖြစ်စဉ် ဖောက်လွဲဖောက်ပြန် ဖြစ်ကာ ၃၇ နှစ်အတွင်း အဆိုးရွားဆုံး ရေဘေး ကို ခံစားခဲ့ရသည်။
          အာတိတ်သမုဒ္ဒရာ အတွင်းသို့ စီးဝင်သော မြောက်အတ္တလန္တိတ်ရေ စီးကြောင်းတစ်ခုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ထက် ပိုမိုပူနွေး လာသည်။ ၁၈၉ဝ မှ ၂ဝဝ၇ အထိ ပျှမ်းမျှ ၅.၂ ဒီဂရီစင်တီဂရိတ်၊ ၁၉ဝဝ ပြည့်နှစ်ခန့်က ၃.၄ ဒီဂရီ စင်တီ ဂရိတ်သာရှိခဲ့သော ရေစီးကြောင်း အပူချိန်သည် ၂ဝ၁၁ နွေရာသီတွင် ၆ ဒီဂရီ စင်တီဂရိတ်  အထိရှိခဲ့သည်။
          ၂ဝ၁၁ ခုနှစ်၊ ဇွန်လတွင် ဗြိတိန် နိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှု၊ စိုက်ပျိုးရေးနှင့် အစားအစာလုံခြုံမှု Climate Change, Agriculture and Food Security -CCAFS ဆိုင်ရာ ညီ လာခံတစ်ခုကျင်းပခဲ့သည်။ ညီလာခံ သည် ကမ္ဘာ့ကုလသမဂ္ဂ၏ ရာသီဥ တုနှင့် စိုက်ပျိုးရေး ကိန်းဂဏန်းများ ကို အခြေခံကာ လူဦးရေ ထူထပ်၍  အစားအစာရှားပါးလေ့ရှိသော အာရှနှင့် အာဖရိက ဒေသများကို အထူးပြု၍  လေ့လာသုံးသပ်ခဲ့သည်။ ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲဖောက်ပြန်လာမှု၏ စိုက်ပျိုးရေးအပေါ် သက်ရောက်မှု သည် ငတ်မွတ်မှုနှင့် ဆင်းရဲမှုကို ပိုမို  ဆိုးရွားစေလိမ့်မည်ဟု စိုက်ပျိုးရေး  စီးပွားပညာရှင် ပက်တီခရစ်ဂျန်ဆန်  Pattikristjanson က ပြောကြားခဲ့ သည်။ ဒေသထွက်သီးနှံတို့ကိုသာ အဓိကအားပြုစားသုံးရသည့် တောင် အာရှနှင့် ဆာဟာရဝန်းကျင်ရှိ အာဖ ရိက နိုင်ငံတို့သည် ရှေ့ကာလများတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် အပူ ချိန်မြင့်တက်၊ မိုးရွာသွန်းမှု ဖောက် ပြန်လာကာ ကောက်နှံအထွက်များ ဆုတ်ယုတ်မည်။ ရာသီဥတု ဖောက် ပြန်မှုဒဏ်ကို အဆိုးရွားဆုံး ထိခိုက် ခံစားကြရမည်ဟု သုံးသပ်ပြောကြား ခဲ့သည်။
          ကမ္ဘာကြီးအပူချိန်မြင့်တက် လာမှုကြောင့် အာဖရိက တိုင်းပြည် အများအပြားသည် ပို၍ ပူပြင်း ခြောက်သွေ့လာမည်။ မိုးခေါင်မှုဒဏ်  ကို ခံနိုင်သော သီးနှံများကို ပြောင်း လဲစိုက်ပျိုးရမည်ဖြစ်သည်။ တောင်အာ ဖရိကနှင့် အခြားတိုင်းပြည်တို့သည်  နှံစားပြောင်းနှင့် လူးဆပ်တို့ကို ပြောင်း လဲစိုက်ပျိုးခဲ့ကြပြီးဖြစ်သည်။ စားသုံး နိုင်သည့် ကောက်နှံရွေးချယ်ရန်မှာ ပို၍ ရှားပါးလာပြီး စိုက်ပျိုးရေး နယ် သည် ကျဉ်းမြောင်းလာပြီဖြစ်သည်။ အာဖရိကသည် အပူချိန် မြင့်တက် လာမှု၊ မိုးခေါင်ရေရှားမှုကို အခြေခံ သည့် စိုက်ပျိုးမှု တော်လှန်ရေး လုပ် ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ လူဦး ရေထူထပ်ပြီး ဒေသထွက်သီးနှံကို သာ အားပြုစားသုံးနေရသည့် တောင် အာရှတိုင်းပြည်တို့သည်လည်း အလား တူပင် ဆောင်ရွက်ကြရမည်ဖြစ်သည်။  စင်စစ်မူ ဖောက်ပြန်ဆိုးရွားလာသည့် ရာသီဥတု နှင့် လိုက်လျောအောင် ပြု ပြင်ပြောင်းလဲရန်မှာ ခက်ခဲလှပေ သည်။
          မကြာသေးမီက ပြုလုပ်ခဲ့သော  လေ့လာမှုများအရ ကမ္ဘာကြီး ပူပြင်း လာမှုကြောင့် သယံဇာတရင်းမြစ်တို့  သည် ဆုတ်ယုတ်လျော့ပါးလာလျက် ရှိရာ ရေနှင့်စွမ်းအင် စသော သယံ ဇာတရင်းမြစ်များပိုင်ဆိုင်ခွင့် ရရှိရေး တို့အတွက် ပြိုင်ဆိုင်မှု၊ အငြင်းပွားမှု များအရှိန်မြင့်လာမည်။  စိုက်ပျိုးရေး အခက်အခဲနှင့် စားနပ်ရိက္ခာ ရှားပါး မှုကြောင့် လူမှုရေးပဋိပက္ခများတိုးပွား လာမည်။ လူသားအုပ်စုလိုက် ဒေသ ပြောင်းရွှေ့မှုများ များပြားလာမည်ဟု အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ သိပ္ပံ ကပြောကြားခဲ့သည်။
          မြေကမ္ဘာလုံခြုံရေး ဦးဆောင် အဖွဲ့တည်ထောင်သူ အလီဂျန်ဒရိုလီ တော့စကီ- Alejandro Litovsky က ''၂ဝဝဝ ခုနှစ်ကစပြီး ကုန်ပစ္စည်း  ဈေးတွေ တက်လာတယ်။ အထူး သဖြင့် စားနပ်ရိက္ခာ ဈေးတွေ သိသိ သာသာ တက်လာတယ်။ သယံဇာ တရင်းမြစ်တွေ ပျက်စီးဆုတ်ယုတ်  ကုန်လို့ ဈေးနှုန်းတွေတက်လာရတာ ပဲ။ သစ်တော၊ ရေချိုရင်းမြစ်နဲ့ အခြား သယံဇာတရင်းမြစ်တွေ အရည် အသွေးကျ လျော့ကျလာမှု၊ ပျက်စီး လျော့ပါးလာမှုတွေကြောင့် လူမှုအဖွဲ့ အစည်းမှာ ခံနိုင်ရည် နည်းလာတယ်။ သေသေချချာ ခိုင်ခိုင်မာမာ ကြိုး ကြိုးစားစားမလုပ်ကြရင် သယံဇာ တရင်းမြစ်တွေက ပြန်တိုးမလာနိုင် တာကြောင့် ဈေးနှုန်းတွေ ပြန်ကျဖို့ အလားအလာမရှိဘူး''ဟု ပြောကြားခဲ့ သည်။
          စတားဘတ် ကော်ဖီဆိုင်ကြီး က ရာသီဥတုဖောက်ပြန်မှုကြောင့် နောက်လာမယ့် ဆယ်နှစ်ကျော်မှာ  ကော်ဖီ အလုံအလောက် ရရှိရေးမှာ   အခက်အခဲတွေဖြစ်လာမယ်ဟု ပြော ကြားခဲ့သည်။ ဝိုင်ချက်လုပ်သူတို့မှာ လည်း ရာသီဥတု ပို၍ပူပြင်းလာမှု ကြောင့်  လက်ရှိ စပျစ်ခြံများတွင် ဆက်လက် စိုက်ပျိုးရန်မဖြစ်နိုင်တော့ သဖြင့် ပို၍မြင့်သော၊ ပို၍အေးသော  နေရာများသို့ ပြောင်းရွှေ့စိုက်ပျိုးနေကြ ရသည်။
          စစ်ပွဲများသည်လည်း စွမ်းအင်ကို  များစွာအသုံးပြုကာ မှန်စိမ်းအိမ် ဓာတ် ငွေ့များကို တိုးများစေလျက်ရှိသည်။  အာဖဂန်စစ်ဒေသ သို့ ဒီဇယ်ဆီများ ကို ကုန်းလမ်းဖြင့် သယ်ပို့ရရာ ဒီဇယ် ဆီများစွာကိုပင် အသုံးပြုရပြန်သည်။  တာလီဘန်တို့ တိုက်ခိုက်မှုကြောင့် ဒီဇယ်ဆီများစွာသည် အလဟဿဆုံး ရှုံးရပြန်သည်။ တိုက်လေယာဉ် တစ် စီးသည် တစ်ပေရွေ့ရန်အတွက် လောင်စာဆီ တစ်ဂါလန်ကုန်ကျ သည်။ တပ်ဖွဲ့တစ်ခု၏ လေယာဉ်များ ပျံတက်သက်ဆင်းရန်အတွက် တစ် နာရီတွင် လောင်စာဆီ တန် ၂ဝ ခန့် သုံးစွဲနေရသည်။ စစ်ပွဲများရှိနေသမျှ မှန်စိမ်းအိမ်ဓာတ်ငွေ့များသည် တိုးများ နေမည်ဖြစ်ပေသည်။
          လူသား၏ ဆောင်ရွက်မှုများ ကြောင့် ဖြစ်လာရသော ကမ္ဘာကြီး ပူပြင်းလာမှု၊ ကမ္ဘာ့ရာသီဥတု ဖောက် ပြန်လာမှုသည် သယံဇာတ ရင်းမြစ် တို့ကိုလည်း လျော့ပါးပျက်စီးစေကာ  ကမ္ဘာ့အနှံရှိ လူမှုဘဝ အထွေထွေကို  အခက်အခဲမျိုးစုံပြဿနာမျိုးစုံ ကြုံ တွေ့စေခဲ့သည်။ ဘဝ အရည်အသွေး များ ဆုတ်ယုတ်ကျဆင်းစေခဲ့သည်။ လူ့ဘဝတန်ဖိုးများကို ညံ့ဖျင်းသေး သိမ်စေခဲ့သည်။
သစ်သီးသီးချိန် ပန်းပွင့်ချိန်
          ဗြိတိန်၏ နွေရာသီသည် လွန်ခဲ့ သော နှစ် ၃ဝ ထက် ၁၁ ရက်စော ၍ ကျရောက်ခဲ့သည်။ သုတေသန မှတ်တမ်းများအရ နွေဦးရာသီသည် ဆယ်စုတစ်ခေတ်တွင် ၃.၉ ရက်စော ၍ ကျရောက်လာခြင်းဖြစ်သည်။ ဖား လောင်းကလေးများသည် လွန်ခဲ့သော နှစ် ၃ဝ ထက် ရက် သတ္တသုံးပတ် စော၍ ဒေါင်းလိပ်ပြာတို့သည် ပုံမှန် ထက် တစ်လစော၍ ပေါက်ဖွားလာ ကြသည်။
          ဗြိတိန်၏ သစ်ပင်တို့သည် လွန် ခဲ့သော နှစ် ၂၅ဝ ထက်စော၍ ပန်း ပွင့်လာကြသည်။ ပန်းတို့သည် လွန်ခဲ့ သော နှစ် ၃ဝ၊ ၄ဝ ထက် ငါးရက် စော၍ ပွင့်လာကြသည်။ ဗြိတိန်နိုင်ငံ   တွင် အပူချိန်ကို ၁၆၅၉ ခုနှစ်မှစ၍  ပန်းများပွင့်ချိန်ကို ၁၈၇၅ ခုနှစ်မှစ၍  မှတ်တမ်းတင်ခဲ့သည်။ ၁၉၉ဝ ခုနှစ် ဗြိတိန်နိုင်ငံ၏ အပူချိန်သည် ၁၉၈ဝ ခုနှစ်ထက် တစ်ဒီဂရီစင်တီဂရိတ် ပို၍ ပူးပြင်းလာခဲ့သည်။ လွန်ခဲ့သော နှစ် များအတွင်း ပန်းများပွင့်ချိန် စောလာ မှုသည် ကမ္ဘာကြီး၏ အပူချိန်မြင့်လာ  မှုနှင့် ဆက်နွယ်နေကြောင်း ဗြိတိန်  နိုင်ငံ၊ The Woodland Trust မှ အကြံပေး ပုဂ္ဂိုလ် ရစ်ချတ် ဆမစ်  သာ- Richard Smithers က ပြော ကြားခဲ့သည်။ နှစ်နှစ်အတွင်း အပူချိန် တစ်ဒီဂရီစင်တီဂရိတ်တိုးမှုသည် ပန်း ပွင့်ချိန်ကို ငါးရက်စောစေခဲ့သည်။ အချို့မျိုးစိတ်တို့တွင် ငါးရက်ထက် ပို၍ စောသည်။ နွေဦးပန်းတို့သည် အခြားရာသီပန်းတို့ထက် အပူချိန် ပြောင်းလဲမှုအပေါ် ထိခိုက်လွယ်ကြ သည်။ သစ်ခွ သုတေသီတို့က အပူ ချိန် တစ်ဒီဂရီ စင်တီဂရိတ်  တိုးတိုင်း သစ်ခွပွင့်ချိန်သည် ခြောက်ရက်စော လာသည်ဟု ဆိုသည်။ အာရပ်နိုင်ငံ၊ အရှေ့အင်ဂလီယတက္ကသိုလ်၊ ဂေဟ ဗေဒပါမောက္ခ တိုနီဒေဗီ -Tiny Davy က နွေဦးအပူချိန်တိုးမှုသည် ပန်းများ ပွင့်ချိန်ကို ခြောက်ရက်စောစေသည်ဟု တွေ့ရှိမှတ်တမ်းတင်ခဲ့သည်။
          ဗြိတိန်၏ ဒေသခံ သစ်သီးတို့ သည် လွန်ခဲ့သော ဆယ်နှစ်ထက် ပျမ်းမျှ ၁၈ ရက်စော၍ ရင့်မှည့်ခဲ့ကြ သည်။ ဝက်သစ်ချသီးတို့သည် ၁၃ ရက်၊ ဘယ်ရီသီးတို့သည် တစ်လစော ၍ ရင့်မှည့်ခဲ့ကြသည်။ အသီးတို့ ၏  ရင့်မှည့်ရက်သည် ဧပြီလ အပူချိန်နှင့်  ဆက်စပ်မှုရှိကြောင်း၊ ဧပြီလ အပူချိန် မြင့်မှုသည် နေရောင်ခြည်ကောင်းစွာ  ရမှုနှင့် တိုက်ရိုက်ဆက်နွယ်နေ၍ ဖြစ်နိုင်ကြောင်း သုတေသီတို့က သုံး သပ်ကြသည်။
          အပွင့်၊ အသီးတို့သည် အစာ ကွန်ရက်တွင် အခြေခံအစားအစာများ ဖြစ်သည်။ အခြေခံအစားအစာဖြစ် ပေါ်လာမှု၏ အပြောင်းအလဲသည် အစာကွန်ရက်အဆင့်ဆင့်ရှိသော သတ္တဝါအဆင့်ဆင့်၏ အသက်ရှင် ရပ်တည်နိုင်မှုဘဝကို ထိခိုက်ပြောင်း လဲစေသည်။ ဤပြောင်းလဲမှုနှုန်းသည်  အစာကွန်ရက်အဆင့်အလိုက် မတူ ညီ၊ ကွဲပြားခြားနားသည်။ အစား အစာကွန်ရက်ထိပ်ပိုင်းရှိ အသား စားသတ္တဝါတို့၏ သားပေါက်မှုသည် သားပေါက်ကလေးများ အစာရရှိနိုင် မှုနှင့် ချိန်ညှိထားလေ့ရှိသည်။ အစာ ကွန်ရက်ထိပ်ပိုင်းဖြစ်သော  အသား စားသတ္တဝါတို့၏ ရာသီအလိုက် သဘာဝ ပြောင်းလဲမှုသည် အစာ ကွန်ရက် အောက်ခြေပိုင်းထက် နှေး ကွေးသည်။
          စောစောပွင့်သီးသော အစာတို့ သည် စောစောကုန်သွားသဖြင့် ဆောင်းရာသီတွင် စားစရာမရှိ ဖြစ် သွားမည်ဖြစ်သည်။ အပွင့်တို့သည် ဝတ်မှုန်ကူးပေးမည့် သတ္တဝါတို့ ထက် ကြို၍ပွင့်လာသောအခါ  ဝတ်မှုန်မကူးနိုင်ဖြစ်ရသည်။ ဤသို့  ဂေဟစနစ် ပျက်ယွင်းလာမှုကို ထုတ် ဖော်တင်ပြပေးသည်မှအပ ကျွန်တော် တို့ ဘာမှလုပ်ပေးနိုင်တာ မရှိပါဟု  တိုနီဒေဗီက ပြောကြားခဲ့သည်။ ကမ္ဘာ ကြီးပူပြင်းလာမှုသည် သဘာဝအစာ ကွန်ရက်ကို ချိန်သားပျက်စေခဲ့သည် ဟု ဂေဟစနစ်ကျွမ်းကျင်သူ စတက် ဖင်သက်ကာရေ -Stephen Thackeray ကပြောခဲ့သည်။ အစာကွန်ရက် ချိန်သားပျက်စီးမှုသည် ဂေဟစနစ်၏ လုပ်ဆောင်မှု၊ ကြိုးပမ်းမှုနှင့် ခံနိုင် ရည်တို့ကို သိသာစွာ  ထိခိုက်ကျဆင်း စေသည်ဟု သုတေသီတို့က ပြော ကြားခဲ့သည်။
          တောင်အမေရိကတွင် နွေရာသီ ရှည်လျားလာမှုနှင့် မိုးရွာသွန်းမှု လျော့ နည်းလာခြင်းတို့ကြောင့် တောမီးနှင့် မြို့ပြမီးများ ပိုမိုလောင်ကျွမ်းခဲ့ရသည်။  အမေဇုန်ဒေသ၏ မိုးရွာသွန်းမှုသည် အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာ ရေ မျက်နှာပြင် အပူချိန်မြင့်တက်မှု ကြောင့် ပြောင်းလဲခဲ့ရသည်။ ၁၉၉၈ မှ ၂ဝဝ၅ အတွင်းမိုးခေါင်ခြောက်သွေ့ မှုသည် ဒေသအတွင်းတွင် မီးများ ပိုမိုလောင်ကျွမ်းစေခဲ့ကြောင်း မှတ် တမ်းများကညွှန်ပြခဲ့သည်။ အမေဇုန် တောများသည်ပို၍ အစိတ်စိတ် အမြွှာမြွှာကွဲထွက်လာသည်။ သစ် တောများ အစိတ်စိတ်အမြွှာမြွှာကွဲမှု သည် သစ်တောမီးများလောင်ကျွမ်း ရန်ပိုမို လွယ်ကူလာသည်။ ပင်လယ် ရေသည် တစ်နေ့ထက်တစ်နေ့ အချဉ် ဓာတ် တိုးများလာကာ အဏ္ဏဝါ ဂေဟစနစ်နှင့် အဏ္ဏဝါမျိုးစိတ်တို့ကို ဖျက်ဆီးလျက်ရှိသည်။
          လူသားပယောဂကြောင့် ကမ္ဘာ ကြီးပိုမိုပူပြင်းလာမှုသည် လူသား၏  လူမှုဘဝအား ဘက်စုံမှ ပြဿနာ မျိုး စုံ၊ အကျပ်အတည်းပေါင်းစုံ၊ အခက် အခဲများစွာကို ဖြစ်ပေါ်စေလျက်ရှိ သည်။ လူသားသည် မိမိကြောင့် ဖြစ် လာရသည့် ပြဿနာကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်ဖြစ်နေရသည်။ တစ်ချိန် က ကမ္ဘာကြီး စိမ်းမြရေးကို အထူး အားထည့်လုပ်ဆောင်ခဲ့သော ဂျာမန် ဝန်ကြီးချုပ်သည် ဥရောပသမဂ္ဂအား ဘဏ္ဍာရေး အကျပ်အတည်းမှ ရုန်း ထွက်နိုင်ရေးကို ဦးစားပေးဆောင် ရွက်နေရ၍ ကမ္ဘာကြီး ပူပြင်းလာမှု ကို လှည့်မကြည့်နိုင်ဖြစ်နေရသည်။ အမေရိကန်ပြည်ထောင်စုသည် မှန်စိမ်း အိမ်ဓာတ်ငွေ့ လျှော့ချရေးကို မျက် ကွယ်ပြုထားဆဲပင်ဖြစ်သည်။ တရုတ် နိုင်ငံသည် ကမ္ဘာတွင် မှန်စိမ်းအိမ် ဓာတ်ငွေ့ အများဆုံးထုတ်လွှတ်သူ ဖြစ် လာသော်လည်း လျှော့ချမည့် အရိပ် အရောင်မပြသေးဘဲ ကျောက်မီးသွေး  လောင်စာကိုပင် တိုးတက်သုံးစွဲနေပြန် သည်။ အိန္ဒိယနိုင်ငံသည်လည်း တရုတ်နိုင်ငံနောက်မှ လိုက်ကာ မှန် စိမ်းအိမ်ဓာတ်ငွေ့များကို တိုးတက် ထုတ်လွှတ်လျက်ရှိသည်။
          ကမ္ဘာကြီး ပူပြင်းမလာစေရေး ကို ၁၉၉၂ ခုနှစ်တွင် စတင်စည်း ဝေးခဲ့ပြီး နောက်ဆုံးအစည်းအဝေးကို  တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့တွင်  ၂ဝ၁၁ ခု၊ နိုဝင်ဘာလတွင် ကျင်းပ  ခဲ့သည်။ သို့သော် အစည်းအဝေးသည်  ကမ္ဘာကြီးပူပြင်းမလာစေရန် ဆောင် ရွက်ရေးကို ၂ဝ၂ဝ အထိ ရွှေ့ဆိုင်းခဲ့ ရသည်။ ၁-၁-၂ဝဝ၁ နေ့မှ စတင် ခဲ့သော ၂၁ ရာစု အစ ၁၁ နှစ် သည် ရာစုခေတ်၏အပူဆုံးနှစ် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဤအခြေအနေ သည်ပင် ဖြစ်မြဲခန့်အသစ် ဖြစ်လာရ သည်။ ဖြစ်မြဲခန့်အသစ်သည်လည်း  ပို၍ ပူပြင်းသော၊ ပို၍ ဆိုးရွားသော  ဖြစ်မြဲခန့်သို့ ရောက်စေဦးမည်ဖြစ်ရာ  ကျွန်တော်တို့သည် ဖြစ်မြဲခန့်အသစ် ကိုပင် လက်ခံသိမ်းပိုက်ကြရတော့ မည်လားဟု စိုးရိမ်လျက်ဖြင့်။

ဖိုးဆွေ(သစ်လုပ်ငန်း)
Source; 1. BBC News, 2. VOA News. 3.
TV Guide, Vol-3, No.3,
ဦးထွန်းလွင်၏ ဟောပြောချက်။

No comments: