(မြောက်ပိုင်းဒေသကျောင်းသားများအားသတ်သည့်အခင်းကိုရည်ညွှန်းပါသည်)
အာဏာရှင်လုပ်ရပ်
ယုတ်ပတ်တာကိုသိလို့
ဖိအားအသွယ်သွယ်
တွန်းအားအမယ်မယ်နဲ့
တွန်းဖယ်ရှောင်ရှား
တိုက်ဖျက်နေသည့်ကြားက
သင်တို့အချင်းချင်းကြားလည်း
အယူမှားစွဲပြီး အာဏာသားအလား
ကျင့်သုံးသွားလျှင်…….၊
အသင်သည်လည်း အာဏာရှင်ပဲ
သင့်ကိုလဲ(လည်း) မသွေ
တိုက်ဖျက်ရမှာ အမှန်ပေ။
အာဏာရှင်စနစ်
အမြစ်မတွယ်ရစ်အောင်
တိုက်ခိုက်ဖယ်ရှားပစ်ရမည်။
တက္ကသိုလ်ဘုန်းကြွယ်
ဖေဖော်ဝါရီ ၂၄ ၂၀၁၂
No comments:
Post a Comment