ဒေါင်းမိခင်အိမ်ပြန်ခရီး
သခင်မျိုး
"အလို... ကြည့်စမ်းပ၊ ငါတို့ရဲ့ မြောင်းမြ၊
တပေါင်းအစ ကောင်းကြဖို့ အခါညီ
ဒေါင်းကြွလို့လာပြီ... ။"
သဲသဲရုတ်ရုတ်၊ ရဲရဲလှုပ်နေတဲ့
ဒေါင်းအုပ်ကြီးတွေ၊ ဟိုနေရာ သည်နေရာ
ဘယ်နေရာမှမလပ်၊ ပြည့်ကြပ်လို့နေပုံ
မြေကြီးတောင်တုန်မလားတွေးမိ...။
ရှေးကဝိတွေ ကဗျာတပိုင်းတစ
လှိုင်းထပြီးရင်ထဲဝင် ဘိုးတော်ရဲ့ရင်သွေးတဲ့
'ဒါးလွယ်ရွှေကွပ်လို့
ပြေညွတ်အောင်လာမည့်အရေး ဘိုးတော့်ရင်သွေး'
ဘိုးဘိုးအောင့်ရင်သွေး၊ သမိုင်းကိုသူရေးတော့
ပြေးကြိုတဲ့ဥဒေါင်းတွေ...
'ကောင်းကျိုးအထွေထွေ ချွန်စေမြစေသောဝ်
ဒေါင်းအိုးဝေတို့ တွန်စေကစေသောဝ်'။
မြင်ကွင်း(၁) Scene (1)
'ဒိန်းဒေါင်း..ဒိန်းဒေါင်းနဲ့ ဗိန်းမောင်းတိုက်ပြီး
လာလိုက်ကြတဲ့ လူတွေ..။
လွမ်းလောက်စရာ လမ်းလျှောက်လာသူတွေအကြောင်း
ပန်းကောက်ကဗျာ ရေးဖို့ကောင်းမှကောင်း
ဆိုင်ကယ်တွေ တဝီဝီ၊ ပဲ့ထောင်တွေစီလို့၊
ကားဟွန်းသံ တတီတီနဲ့၊ ရယ်(ရီ)နေတဲ့ မြောင်းမြသား၊
ပုသိမ်တောင် သွားကြိုကြဆို...။
အိမ်မဲ၊ လပွတ္တာ၊ ဝါးခယ်မ အနားနယ်ကလူတွေအကုန်
ဘယ်သူမှ မောင်းမတီးအကြောင်းကြီးလို့ လာဆုံကြလေရဲ့။
စိမ်းစိမ်းတောက်တောက်၊ ဒေါင်းပေါက်စလေးတွေ..
မပြုမပြင် ပင်ကိုယ်လှ ဒေါင်းပျိုမ ယဉ်ထက်ယဉ်တွေ
ဒေါင်းလုလင် ၊ဖော်တသင်းနဲ့ ပျော်ခင်းလေးသာပါဘိ..
အတိတ်ကောင်းယူမယ်၊ နိမိတ်ကောင်းယူမယ်ခင်
တောင်ဝှေးထောက်ပေမဲ့၊ အောင်သွေးမပျောက်ပါဘူးကွ..လို့
တတောက်တောက်ဆိုကြတဲ့ ဒေါင်းအိုကြီးတွေ...
နန်းတို့...မန်းတို့... ဒုံးတိုက်ရင်းပြုံးလိုက်ပုံများ
ကရင်ဗမာ မင်္ဂလာအပြည့် ဘာဆိုဘာမှမခွဲခြား
ကြည့်လေ မုတ်ဆိတ်ဖါးဖါးနဲ့ အရာကြီးလဲပါသဗျား
အင်း... နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံးဟာ
အတူတူပါပဲလေ...
အစည်းအဝေး၊ မပြီးသေးတဲ့ လူတစ်ချို့ကလွဲပြီး
အုံခဲနေတဲ့လူထု၊ ယူကျု (youtube) တောင်ဆန့်ပါတော့မလား...။
မန်းရေ(ဆန်းရေ)...အလွမ်းပြေလာကြည့်ပါဦး။
မုဆိုးကွင်းတာထိပ်က လူဝကြီးနဲ့ တစ်မိနစ်အင်တာဗျူး
လူတွေနှယ်ဗျာ...လာကြတာ လာကြတာ
ဘာရမှာမလို့လဲ...။
ဒီမှာကိုယ့်လူ...အူတူတူနဲ့ ယူဖို့သာသိ လူ့နတ္တိ...ရေ
ဘာမှမရပေမဲ့ လာကြတာချစ်လို့ဗျ...။
သူ ဘာလုပ်ပေးပေး၊ မပေးပေး
ကျုပ်တို့ကရွေးမယ်။
သူဘာဖြစ်ဖြစ် ကျုပ်တို့ကချစ်တယ်။
ကျုပ်တို့ရဲ့ အချစ်မှာ
နိုဘယ်ဆုမပါ၊ သူလှတာမပါ၊
ရာကျော်တဲ့ ဒေါက်တာဘွဲ့
စာဖွဲ့ပြီးမပြောဘူး...။
ချက်ဆိုရင်နားခွက်ကမီးတောက်
ခြင်္သေ့မင်းဟောက်သလို
ဒိုးဒိုးဒေါက်ဒေါက်၊ မကြောက်တရားအပြည့်
သူ့သတ္တိကို လေးစားမိတာမပါဘူး...။
အရှုံးအမြတ်အတွက်၊ သုံးသပ်ချက်မပါ
ရာထူးရူးတာလဲမလို
ဒါတွေကိုစာရင်းမသွင်းလို့ မင်းတို့ဦးနှောက်မပြည့်
သုံးယောက်ရှိလို့မှ သုံးတန်းမအောင်
ငတုံးတန်းက အကောင်တွေလို့
ကျုပ်တို့ကိုဆိုရင်လဲ ခံယုံပဲဗျာ...။
ဟုတ်တယ် ကျုပ်တို့မှာဦးနှောက်မပါဘူး...။
ဒါပေမယ့် နှလုံးသားပါတယ်။
ချစ်တာဗျ...ချစ်တာ၊ မေတ္တာဗျ...မေတ္တာ၊
ချစ်တယ်ဆိုတာ အလိုလိုပဲ...
ရင်ဘတ်ထဲမှာ စွဲနေတာလေ...။
ပြီးတော့... ကျုပ်တို့ရဲ့နှလုံးသားကို
သူ အလွဲသုံးစားမလုပ်ဘူးလို့ အသေယုံတယ်။
ဟုတ်တယ်နော်...
ရှေ့ဆုံးတန်းက ဘုန်းဘုန်း၊ ပြုံးပြုံး ပြုံးပြုံးနဲ့ ဆရာလေးရော
သဘောတူကြပါရဲ့လားခင်ဗျာ...။တဲ့။
ဒေါင်းအုပ်ကြီးထဲကအသံ
'ကျွန်တော်တို့ရဲ့ နှလုံးသားကို
ငွေနဲ့ပေးဝယ်လို့မရပါဘူး အမေ' တဲ့
ကွယ်လွယ်သားတစ်ယောက်ရဲ့အသံ၊ ကွင်းထဲကိုလျှံကြ၊
အူကလာတဲ့ အာဂလူပါလား...၊
မှတ်ထားကွဟေ့နော်...။
မြင်ကွင်း(၂) Scene (2)
၇-၂-၂၀၁၂ ညနေ ၁၅း၀၀ နာရီ
'မြစိမ်းရောင်ဆိုတာ ပုဝါဆင်ရင်လှတတ်ပါသတဲ့
ရာဇဝင်အစကတော့ ကျွန်မတို့မြန်မာပြည်'
ပုဝါဆင်ထားတဲ့၊ ရာဇဝင်အမေ
မြစိမ်းရောင်မြေကိုပြန်လာပြီလေ...။
အိုးဝေ အိုးဝေ...
အမျိုးအဆွေတွေ
မာကြပါစေ၊ သာကြပါစေ...။
ဒေါင်းပင်လယ်ကြော၊ တရွေ့ရွေ့စီးမျော
ပုသိမ်ထီးဆောင်းသော အမေ... အပြုံးတွေဝေလို့။
'အေမစု...အေမစု...ေဇယ်တုပါ'
'သပြေနုခက်ဝေ အမေစုအသက်ရှည်'
ကြိုနေရင်းဆုတောင်း၊ ကြည့်ပါဦး...ဥဒေါင်းတို့ပျော်နေပုံ
ရင်သိမ့်တုန်တတ်တဲ့ငါ၊ မာတာ့အတွက်
ကဗျာလက်ရွ၊ စာရွက်ချပြီးရေးဖြစ်တာက
ဒီလို...ဒီလိုပါခင်ဗျား....
"မြကြောရှိန်းရှိန်း၊ စိမ်းစိမ်းစိုစို
မြနဂိုဝယ်၊ မြကိုယ်ရုံလွှာ၊
မြပနာနှင့်၊ မြရောင်ဝင့်သည်
မြမင့်သူဇာ၊ နတ်မာတာလော...
တူစွဟုတ္ထာ။"
အလဲ့..တယ်ဟုတ်တဲ့ငါ
ဒါပေမဲ့ဆက်မစပ်တတ်၊ ရေးတတ်သလိုရေးတာလေးကို
ဆက်ဖတ်တော့ပေးကြပါဦးနော်...။
ဒေါင်းမိခင်၏မိန့်ခွန်း
ပြည်သူတွေ နေပူမှာစိုးတဲ့အမေ
တိုတိုလေး မိန့်ခွန်းခြွေခဲ့...
'ကျွန်မတို့ရဲ့ရည်ရွယ်ချက်က
ပြည်သူတွေအေးအေးချမ်းချမ်း
လုံလုံခြုံခြုံနေဖို့ပါပဲ...။
အဲသလိုနေနိုင်ဖို့
ကျွန်မတို့အားလုံးတက်ညီလက်ညီ
ဝိုင်းပြီးရုန်းကန်ကြရလိမ့်မယ်တဲ့'
ဘာမက်လုံးမှမပေး၊ ရိုးရိုးလေးပြောသွား
'အားလုံးကြိုးစားရမယ်တဲ့။'
အောင်ဩဘာသံ၊ အောင်လက်ခုပ်သံ
ဝေလျှံမိုးသို့တိုက်....
အို့၊ အိုး...ဒါမျိုးမှကြိုက်
ခိုက်လိုက်တဲ့အသဲ
လူထုကစွဲတာ ရိုးသားမှုပါဗျ...။
'လူထုကိုမလိမ်နဲ့'
'လူထုကိုမလိမ်နဲ့'၊ 'လူထုကိုမလိမ်နဲ့'
နိုင်ငံရေးသမားတွေ တနေ့(၉)ကြိမ်ရွတ်ရမဲ့ဂါထာ
မလိမ်တတ်တဲ့သခင်အောင်ဆန်း
ဒီနေ့အထိပြည်သူတွေ လွမ်းနေကြတာ
ဒီဂါထာတန်ခိုးပေါ့...
တစ်မျိုးတော့ မထင်ကြနဲ့နော်...။
ခုလဲလေ...သူမ၊ ဇာတိကပြပြီ
ဘာကတိမှမပေးပဲ၊
အလုပ်လုပ်ကြဖို့လူထုကိုဆွဲဆောင်
အမြဲအောင်တဲ့တရားကိုယ်၊ မှန်ကန်စွာဆိုခြင်း...။
လူထုကိုမလိမ်တတ်တဲ့အမျိုး
ထိုင်ရှိခိုးဖို့ကောင်းတယ်။
နောက်ကြောင်းပြန်/ Rewind
'ကျွန်မအမေဟာဒီမြို့မှာမွေးပြီး
ဒီမြို့မှာလူလားမြောက်ခဲ့တယ်'တဲ့။
ဟုတ်ပါရဲ့...
ကောင်းခြောက်ဆယ့်လေးရပ်၊ သွေးထပ်လို့ရုပ်ညီ
ဖုဿတီထွတ်ထား...၊
တို့ ဗိုလ်ချုပ်အတွက်
'ကြည်' ဆိုတဲ့အလှဘုရား မြောင်းမြကဖွားခဲ့တယ်။
နတ်မောက်သားဗိုလ်ချုပ်၊ ရုပ်ကြီးက ရှုတည်တည်
ကြည်နဲ့တွေ့သော် အရည်တွေပျော်ကျ
ကြည်တိုက်တဲ့ဆေးမှသောက်မယ်
ကြည်ကျွေးတဲ့ထမင်းမှစားမယ်နဲ့
ဒို့ဘကြီးရင်ဘတ်၊ ဟတ်ထိလို့သွားပုံများ
သနားရမလိုလို..ဟားရမလိုလိုနဲ့
ရင်ဖိုစရာ တသက်တာတွက်
သူ့ခမျာ ဒါလေးပဲရှိခဲ့ရှာတာကလား...။
မောင်နဲ့ကြည်တို့ရဲ့ အိမ်ထောင်ရေး
ရိုးရိုးလေးပါပဲ
နတ်မောက်သားကဓါးသွေး၊ မြောင်းမြသူကအားပေး
ကလေးတွေမွေးတော့ပျော်စရာ
အဲဒီအထဲမှာ
ကျွန်တော်တို့ 'ငွေသော်တာ'လေးလည်းပါတာပေါ့ခင်ဗျာ...
မောင်နဲ့ကြည်တို့ရဲ့အသက်
ထွက်ပြူတဲ့လမင်းလေး
ပြည်သူတွေအေးမြကြပါစေ..။
ဒီအခန်းကျော်,ကျော်
လူကိုခွေးသတ်၊ မတွေးတတ်တဲ့ကံကြမ္မာ
ဒါတွေကိုကျွန်တော်မသိ...
ကျွန်တော့်၏တစ်သက်၊ မဖတ်ရက်ခဲ့တဲ့စာ
မတွေးချင်ပါ၊ မရေးချင်ပါ
Foward ဖေါ်ဝဒ်နဲ့သာ၊
ဒီအခန်းကျော်,ကျော်၊ ကျော်ဖတ်တော်မူပါခင်ဗျာ...
× × × ×
× × × ×
× × × ×
× × × ×
ဂန္တဝင်ပန်းတစ်ပွင့်
လွတ်လပ်ရေးမှ တစ်ပါး
ဘာကိုမှမထားခဲ့တဲ့ဗိုလ်ချုပ်
ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်၊အဆက်ဆက်စားမကုန်၊
အခွင့်အရေးတွေကြုံသော်လည်း၊
မတုန်မလှုပ် သီလကိုအသက်လုပ်စောင့်ခဲ့
ဒါမှဟဲ့...တို့ခေါင်းဆောင်၊
အမြဲတန်းခေါင်းထောင်ပြီးနေနိုင်တယ်။
သခင်မျိုး
"အလို... ကြည့်စမ်းပ၊ ငါတို့ရဲ့ မြောင်းမြ၊
တပေါင်းအစ ကောင်းကြဖို့ အခါညီ
ဒေါင်းကြွလို့လာပြီ... ။"
သဲသဲရုတ်ရုတ်၊ ရဲရဲလှုပ်နေတဲ့
ဒေါင်းအုပ်ကြီးတွေ၊ ဟိုနေရာ သည်နေရာ
ဘယ်နေရာမှမလပ်၊ ပြည့်ကြပ်လို့နေပုံ
မြေကြီးတောင်တုန်မလားတွေးမိ...။
ရှေးကဝိတွေ ကဗျာတပိုင်းတစ
လှိုင်းထပြီးရင်ထဲဝင် ဘိုးတော်ရဲ့ရင်သွေးတဲ့
'ဒါးလွယ်ရွှေကွပ်လို့
ပြေညွတ်အောင်လာမည့်အရေး ဘိုးတော့်ရင်သွေး'
ဘိုးဘိုးအောင့်ရင်သွေး၊ သမိုင်းကိုသူရေးတော့
ပြေးကြိုတဲ့ဥဒေါင်းတွေ...
'ကောင်းကျိုးအထွေထွေ ချွန်စေမြစေသောဝ်
ဒေါင်းအိုးဝေတို့ တွန်စေကစေသောဝ်'။
မြင်ကွင်း(၁) Scene (1)
'ဒိန်းဒေါင်း..ဒိန်းဒေါင်းနဲ့ ဗိန်းမောင်းတိုက်ပြီး
လာလိုက်ကြတဲ့ လူတွေ..။
လွမ်းလောက်စရာ လမ်းလျှောက်လာသူတွေအကြောင်း
ပန်းကောက်ကဗျာ ရေးဖို့ကောင်းမှကောင်း
ဆိုင်ကယ်တွေ တဝီဝီ၊ ပဲ့ထောင်တွေစီလို့၊
ကားဟွန်းသံ တတီတီနဲ့၊ ရယ်(ရီ)နေတဲ့ မြောင်းမြသား၊
ပုသိမ်တောင် သွားကြိုကြဆို...။
အိမ်မဲ၊ လပွတ္တာ၊ ဝါးခယ်မ အနားနယ်ကလူတွေအကုန်
ဘယ်သူမှ မောင်းမတီးအကြောင်းကြီးလို့ လာဆုံကြလေရဲ့။
စိမ်းစိမ်းတောက်တောက်၊ ဒေါင်းပေါက်စလေးတွေ..
မပြုမပြင် ပင်ကိုယ်လှ ဒေါင်းပျိုမ ယဉ်ထက်ယဉ်တွေ
ဒေါင်းလုလင် ၊ဖော်တသင်းနဲ့ ပျော်ခင်းလေးသာပါဘိ..
အတိတ်ကောင်းယူမယ်၊ နိမိတ်ကောင်းယူမယ်ခင်
တောင်ဝှေးထောက်ပေမဲ့၊ အောင်သွေးမပျောက်ပါဘူးကွ..လို့
တတောက်တောက်ဆိုကြတဲ့ ဒေါင်းအိုကြီးတွေ...
နန်းတို့...မန်းတို့... ဒုံးတိုက်ရင်းပြုံးလိုက်ပုံများ
ကရင်ဗမာ မင်္ဂလာအပြည့် ဘာဆိုဘာမှမခွဲခြား
ကြည့်လေ မုတ်ဆိတ်ဖါးဖါးနဲ့ အရာကြီးလဲပါသဗျား
အင်း... နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံးဟာ
အတူတူပါပဲလေ...
အစည်းအဝေး၊ မပြီးသေးတဲ့ လူတစ်ချို့ကလွဲပြီး
အုံခဲနေတဲ့လူထု၊ ယူကျု (youtube) တောင်ဆန့်ပါတော့မလား...။
မန်းရေ(ဆန်းရေ)...အလွမ်းပြေလာကြည့်ပါဦး။
မုဆိုးကွင်းတာထိပ်က လူဝကြီးနဲ့ တစ်မိနစ်အင်တာဗျူး
လူတွေနှယ်ဗျာ...လာကြတာ လာကြတာ
ဘာရမှာမလို့လဲ...။
ဒီမှာကိုယ့်လူ...အူတူတူနဲ့ ယူဖို့သာသိ လူ့နတ္တိ...ရေ
ဘာမှမရပေမဲ့ လာကြတာချစ်လို့ဗျ...။
သူ ဘာလုပ်ပေးပေး၊ မပေးပေး
ကျုပ်တို့ကရွေးမယ်။
သူဘာဖြစ်ဖြစ် ကျုပ်တို့ကချစ်တယ်။
ကျုပ်တို့ရဲ့ အချစ်မှာ
နိုဘယ်ဆုမပါ၊ သူလှတာမပါ၊
ရာကျော်တဲ့ ဒေါက်တာဘွဲ့
စာဖွဲ့ပြီးမပြောဘူး...။
ချက်ဆိုရင်နားခွက်ကမီးတောက်
ခြင်္သေ့မင်းဟောက်သလို
ဒိုးဒိုးဒေါက်ဒေါက်၊ မကြောက်တရားအပြည့်
သူ့သတ္တိကို လေးစားမိတာမပါဘူး...။
အရှုံးအမြတ်အတွက်၊ သုံးသပ်ချက်မပါ
ရာထူးရူးတာလဲမလို
ဒါတွေကိုစာရင်းမသွင်းလို့ မင်းတို့ဦးနှောက်မပြည့်
သုံးယောက်ရှိလို့မှ သုံးတန်းမအောင်
ငတုံးတန်းက အကောင်တွေလို့
ကျုပ်တို့ကိုဆိုရင်လဲ ခံယုံပဲဗျာ...။
ဟုတ်တယ် ကျုပ်တို့မှာဦးနှောက်မပါဘူး...။
ဒါပေမယ့် နှလုံးသားပါတယ်။
ချစ်တာဗျ...ချစ်တာ၊ မေတ္တာဗျ...မေတ္တာ၊
ချစ်တယ်ဆိုတာ အလိုလိုပဲ...
ရင်ဘတ်ထဲမှာ စွဲနေတာလေ...။
ပြီးတော့... ကျုပ်တို့ရဲ့နှလုံးသားကို
သူ အလွဲသုံးစားမလုပ်ဘူးလို့ အသေယုံတယ်။
ဟုတ်တယ်နော်...
ရှေ့ဆုံးတန်းက ဘုန်းဘုန်း၊ ပြုံးပြုံး ပြုံးပြုံးနဲ့ ဆရာလေးရော
သဘောတူကြပါရဲ့လားခင်ဗျာ...။တဲ့။
ဒေါင်းအုပ်ကြီးထဲကအသံ
'ကျွန်တော်တို့ရဲ့ နှလုံးသားကို
ငွေနဲ့ပေးဝယ်လို့မရပါဘူး အမေ' တဲ့
ကွယ်လွယ်သားတစ်ယောက်ရဲ့အသံ၊ ကွင်းထဲကိုလျှံကြ၊
အူကလာတဲ့ အာဂလူပါလား...၊
မှတ်ထားကွဟေ့နော်...။
မြင်ကွင်း(၂) Scene (2)
၇-၂-၂၀၁၂ ညနေ ၁၅း၀၀ နာရီ
'မြစိမ်းရောင်ဆိုတာ ပုဝါဆင်ရင်လှတတ်ပါသတဲ့
ရာဇဝင်အစကတော့ ကျွန်မတို့မြန်မာပြည်'
ပုဝါဆင်ထားတဲ့၊ ရာဇဝင်အမေ
မြစိမ်းရောင်မြေကိုပြန်လာပြီလေ...။
အိုးဝေ အိုးဝေ...
အမျိုးအဆွေတွေ
မာကြပါစေ၊ သာကြပါစေ...။
ဒေါင်းပင်လယ်ကြော၊ တရွေ့ရွေ့စီးမျော
ပုသိမ်ထီးဆောင်းသော အမေ... အပြုံးတွေဝေလို့။
'အေမစု...အေမစု...ေဇယ်တုပါ'
'သပြေနုခက်ဝေ အမေစုအသက်ရှည်'
ကြိုနေရင်းဆုတောင်း၊ ကြည့်ပါဦး...ဥဒေါင်းတို့ပျော်နေပုံ
ရင်သိမ့်တုန်တတ်တဲ့ငါ၊ မာတာ့အတွက်
ကဗျာလက်ရွ၊ စာရွက်ချပြီးရေးဖြစ်တာက
ဒီလို...ဒီလိုပါခင်ဗျား....
"မြကြောရှိန်းရှိန်း၊ စိမ်းစိမ်းစိုစို
မြနဂိုဝယ်၊ မြကိုယ်ရုံလွှာ၊
မြပနာနှင့်၊ မြရောင်ဝင့်သည်
မြမင့်သူဇာ၊ နတ်မာတာလော...
တူစွဟုတ္ထာ။"
အလဲ့..တယ်ဟုတ်တဲ့ငါ
ဒါပေမဲ့ဆက်မစပ်တတ်၊ ရေးတတ်သလိုရေးတာလေးကို
ဆက်ဖတ်တော့ပေးကြပါဦးနော်...။
ဒေါင်းမိခင်၏မိန့်ခွန်း
ပြည်သူတွေ နေပူမှာစိုးတဲ့အမေ
တိုတိုလေး မိန့်ခွန်းခြွေခဲ့...
'ကျွန်မတို့ရဲ့ရည်ရွယ်ချက်က
ပြည်သူတွေအေးအေးချမ်းချမ်း
လုံလုံခြုံခြုံနေဖို့ပါပဲ...။
အဲသလိုနေနိုင်ဖို့
ကျွန်မတို့အားလုံးတက်ညီလက်ညီ
ဝိုင်းပြီးရုန်းကန်ကြရလိမ့်မယ်တဲ့'
ဘာမက်လုံးမှမပေး၊ ရိုးရိုးလေးပြောသွား
'အားလုံးကြိုးစားရမယ်တဲ့။'
အောင်ဩဘာသံ၊ အောင်လက်ခုပ်သံ
ဝေလျှံမိုးသို့တိုက်....
အို့၊ အိုး...ဒါမျိုးမှကြိုက်
ခိုက်လိုက်တဲ့အသဲ
လူထုကစွဲတာ ရိုးသားမှုပါဗျ...။
'လူထုကိုမလိမ်နဲ့'
'လူထုကိုမလိမ်နဲ့'၊ 'လူထုကိုမလိမ်နဲ့'
နိုင်ငံရေးသမားတွေ တနေ့(၉)ကြိမ်ရွတ်ရမဲ့ဂါထာ
မလိမ်တတ်တဲ့သခင်အောင်ဆန်း
ဒီနေ့အထိပြည်သူတွေ လွမ်းနေကြတာ
ဒီဂါထာတန်ခိုးပေါ့...
တစ်မျိုးတော့ မထင်ကြနဲ့နော်...။
ခုလဲလေ...သူမ၊ ဇာတိကပြပြီ
ဘာကတိမှမပေးပဲ၊
အလုပ်လုပ်ကြဖို့လူထုကိုဆွဲဆောင်
အမြဲအောင်တဲ့တရားကိုယ်၊ မှန်ကန်စွာဆိုခြင်း...။
လူထုကိုမလိမ်တတ်တဲ့အမျိုး
ထိုင်ရှိခိုးဖို့ကောင်းတယ်။
နောက်ကြောင်းပြန်/ Rewind
'ကျွန်မအမေဟာဒီမြို့မှာမွေးပြီး
ဒီမြို့မှာလူလားမြောက်ခဲ့တယ်'တဲ့။
ဟုတ်ပါရဲ့...
ကောင်းခြောက်ဆယ့်လေးရပ်၊ သွေးထပ်လို့ရုပ်ညီ
ဖုဿတီထွတ်ထား...၊
တို့ ဗိုလ်ချုပ်အတွက်
'ကြည်' ဆိုတဲ့အလှဘုရား မြောင်းမြကဖွားခဲ့တယ်။
နတ်မောက်သားဗိုလ်ချုပ်၊ ရုပ်ကြီးက ရှုတည်တည်
ကြည်နဲ့တွေ့သော် အရည်တွေပျော်ကျ
ကြည်တိုက်တဲ့ဆေးမှသောက်မယ်
ကြည်ကျွေးတဲ့ထမင်းမှစားမယ်နဲ့
ဒို့ဘကြီးရင်ဘတ်၊ ဟတ်ထိလို့သွားပုံများ
သနားရမလိုလို..ဟားရမလိုလိုနဲ့
ရင်ဖိုစရာ တသက်တာတွက်
သူ့ခမျာ ဒါလေးပဲရှိခဲ့ရှာတာကလား...။
မောင်နဲ့ကြည်တို့ရဲ့ အိမ်ထောင်ရေး
ရိုးရိုးလေးပါပဲ
နတ်မောက်သားကဓါးသွေး၊ မြောင်းမြသူကအားပေး
ကလေးတွေမွေးတော့ပျော်စရာ
အဲဒီအထဲမှာ
ကျွန်တော်တို့ 'ငွေသော်တာ'လေးလည်းပါတာပေါ့ခင်ဗျာ...
မောင်နဲ့ကြည်တို့ရဲ့အသက်
ထွက်ပြူတဲ့လမင်းလေး
ပြည်သူတွေအေးမြကြပါစေ..။
ဒီအခန်းကျော်,ကျော်
လူကိုခွေးသတ်၊ မတွေးတတ်တဲ့ကံကြမ္မာ
ဒါတွေကိုကျွန်တော်မသိ...
ကျွန်တော့်၏တစ်သက်၊ မဖတ်ရက်ခဲ့တဲ့စာ
မတွေးချင်ပါ၊ မရေးချင်ပါ
Foward ဖေါ်ဝဒ်နဲ့သာ၊
ဒီအခန်းကျော်,ကျော်၊ ကျော်ဖတ်တော်မူပါခင်ဗျာ...
× × × ×
× × × ×
× × × ×
× × × ×
ဂန္တဝင်ပန်းတစ်ပွင့်
လွတ်လပ်ရေးမှ တစ်ပါး
ဘာကိုမှမထားခဲ့တဲ့ဗိုလ်ချုပ်
ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်၊အဆက်ဆက်စားမကုန်၊
အခွင့်အရေးတွေကြုံသော်လည်း၊
မတုန်မလှုပ် သီလကိုအသက်လုပ်စောင့်ခဲ့
ဒါမှဟဲ့...တို့ခေါင်းဆောင်၊
အမြဲတန်းခေါင်းထောင်ပြီးနေနိုင်တယ်။
ချစ်လွန်းသူတစ်ချို့ကတော့
နုံလိုက်တဲ့ဗိုလ်ချုပ်၊ စစ်အင်္ကျီစုတ်လေးတွေချန်ထား
ဒါတောင်မှရန်များသေးတယ်နော်လို့
လေးစားစွာ ဒေါမနဿပွားကြတယ်။
ဒါပေမယ့်ဗျာ...
သူမရှိတဲ့အခါ အမေကြည့်ခမျာမှာ
ဘဝခရီးကိုအသော့နှင် အတော့်ကိုပင်ပန်းရှာခဲ့တာပါ..
တပင်ထည်း၊ ရင်ထဲကမောင်
မောင့်ကိုလွမ်းရင်၊ ပန်းပင်တွေပျိုး
ပန်းမိုးတွေရွာစွေ...ကမ္ဘာမြေကြီးလှပါစေ...။
အမေကြည်ပျိုးတဲ့ပန်းပင်
သဇင်၊ နှင်းဆီ၊ စံပယ်၊ ဂမုန်း
ပန်းမျိုးလေ့စုံလှစုံလှ၊ အဲဒီအထဲမှာမှ
မဟာမြိုင်အတွင်းမှာ၊ ကြိုင်သင်းရှာတဲ့
တစ်ကမ္ဘာလုံး အလှဆုံးပန်းတစ်ပွင့်
ဂုဏ်တင့်လို့နေ
ကောင်းကင်ဘုံကအမေကြည်
ခုတော့...ပြုံးရယ်၍နေသာပါပြီလေ။
ဒေါင်းအိမ်ပြန်ယာဉ်နံဘေးမှာ
ကြည့်လို့မှမဝ၊ ကြားလို့မှမငြီး
သိပ်ပြီးတော့မကြာ၊
ဒေါင်းမာတာပြန်မှာစိုးပေမယ့်...
မတားသာ၊ အနားမခွာနေလိုလျက်နဲ့
ရွှေလက်ကိုလှုပ်ခါရမ်းပြီး...
နှုတ်မှာတမ်းချွေ...
ပြန်လာဦးနော်အမေတဲ့ပေါ့...။
နေကပူပူ
ဖုံကထူထူ လူထုကိုနှုတ်ဆက်
တချို့များကံကောင်းချက်က
အမေစုလက်နဲ့ထိခွင့်ရလိုက်ပါသေးတယ်။
အမေစုလက်နဲ့ထိခဲ့တဲ့ကိုယ့်လက်ကလေးကို
တရှိုက်မက်မက် နမ်းရှုတ်လျက်နဲ့
အလို...ငိုနေတဲ့ဟိုကောင်လေး
မင်းဘာမှမတွေးပါတော့နဲ့ကွယ်...။
မြောင်းမြကပေးတဲ့သစ္စာလက်ဆောင်
အမေ...
ရှေ့ဆက်ရမည့်ခရီး
မြောင်းမြသမီးတွေက၊ အမေ့ရဲ့ထီးတွေပါ
မြောင်းမြသားတွေက၊ အမေ့ရဲ့အားတွေပါ
မြောင်းမြဘုန်းဘုန်းကြီးတို့ကလဲ
ပြုံးပြုံးပြီးမေတ္တာပို့နေပါတယ်။
တို့မြောင်းမြကပို့သတဲ့မေတ္တာ
ဥဒေတယံ၊ ဂါထာတန်ခိုးတွေနဲ့
အဇဋာမြန်မာတရိုးမှာ
ရတနာမိုးကြီး ရှစ်ကြိမ်ရွာပါစေသောဝ်....။
သခင်မျိုး
၁၃.၂.၂၀၁၂
No comments:
Post a Comment