မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း
From Dirty Methods and USDP |
From Dirty Methods and USDP |
From Dirty Methods and USDP |
From Dirty Methods and USDP |
စတုတ္ထမဏ္ဍိုင် များသို့-
ဒီနေ့ မနက် ၈ နာရီက မန္တလေးမြို့၊ ၈၂လမ်း- ၃၈လမ်းထောင့်မှာ
မန္တလေးစည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများနဲ့
ပြည်သူ့ရဲတပ်ဖွဲ့မှအရာရှိများပါဝင်တဲ့ ဌာနပိုင်ကားများကို တွေ့ရပါတယ်။
၎င်းယူနီဖောင်းဝတ်အရာရှိများဟာ စည်ပင်ဌာနရဲ့ သန့်ရှင်းရေးဝန်ထမ်း ၅၀ ခန့် ရဲ့
ရေစီးမြောင်းများသန့်ရှင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကိုသန့်ရှင်းခြင်း၊ စည်ပင်အမှိုက်သိမ်းဌာနရဲ့
ကားများပေါ်တင်ကြခြင်းတို့ ဆောင်ရွက်တာဝန်ထမ်းဆောင်ခြင်းတို့ကို ကြည့်ရှုကြတာ တွေ့ရပါတယ်။
ဒါပေမယ့်-
သူတို့အမှိုက်သိမ်းဝန်ထမ်းများဟာ ယူနီဖောင်းအစား ကြံ့ခိုင်ရေးပါတီရဲ့
တံဆိပ်များပါဝင်သောတီရှပ်များကိုဝတ်ဆင်ကြပြီး
အပေါ်ဝေ့ကုတ်စည်ပင်ဝတ်စုံများဝတ်ထားခြင်း၊ ကြံခိုင်ရေးပါတီအမှတ်တံဆိပ်ပါ
ဦးထုပ်အစိမ်းရောင်များ ဆောင်းထားခြင်း၊ စည်ပင်အမှိုက်သိမ်းကားယာဉ်မောင်းဟာ
စည်ပင်ဝတ်စုံဖြစ်တဲ့ နက်ပြာဝတ်စုံဝတ်ဆင်ပြီး ယင်းပါတီဦးထုပ်များ
ဆောင်းထားခြင်းတို့ကို တွေ့ခဲ့ရပါတယ်။
မနေ့ကမှဖတ်ခဲ့ရတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ စာမျက်နှာ၃၀ မှာ ဆောင်းပါးရှင်
ဝင်းထွဋ်ဇော်ရဲ့ ((ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ဖို့))
ဆောင်းပါးမှာရေးသားထားချက်နဲ့ဆိုရင်
ဒီလှုပ်ရှားမှုဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။
စတုတ္ထမဏ္ဍိုင်များ သိစေရန်တင်ပြအပ်ပါတယ်။
ကိုဝင်းဇော်ဦး
မန္တလေး
-----------------------------------------------------
(ဓာတ်ပုံများနှင့်တကွ သတင်းပေးပို့သော မန္တလေးမှ ကိုဝင်းဇော်ဦး အား ညိုကြီး က ကျေးဇူးအထူးတင်ပါကြောင်း)
No comments:
Post a Comment