Saturday, 27 October 2012
ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး
သေဆုံးပြီး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ လေးမျက်နှာသို. မောင်းနှင်လာသော ၂ ခ/ ၈၈၁၀ မိဘမေတ္တာ မှန်လုံအမြန်ယာဉ်နှင့် ဟင်္သာတမှ ရန်ကုန်သို့ ပြန်လည်
ထွက်ခွာလာသော TOYOTA TOWNACE အဖြူရောင် ၈ဂ/ ၆၃၆၂ ဘုရားဖူးယာဉ်သည် ဇလွန်မြို.နယ်၊ ကျုံတုံးကျေးရွာအရောက်
အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည် ၁၁ နာရီအချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူနာ ၁၉ ဦးအား ဇလွန်ဆေးရုံသို.
ပို.ဆောင်ခဲ့ရပြီး ဇလွန်ဆေးရုံအရောက်တွင် လူနာ ၁၀ ဦး ( ကျား ၂၊ ကလေး(ကျား)
၂၊ မ ၆ ဦး) သေဆုံးသွားခဲ့ကြောင်းသိရပါသည်။ ကျန်ရှိသောလူနာ ၉ ဦး ( ကျား
၎၊ မ ၅ ဦး) အနက် ဒဏ်ရာပြင်းထန်သူ
၆ ဦး (ကျား ၂၊ မ ၄ ဦး) အား ဟင်္သာတခရိုင် ဆေးရုံကြီးသို. ဇလွန်ဆေးရုံမှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇလွန်ရဲစခန်းမှ လုပ်ထုံး
လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
Eleven Media Group
Saturday, 27 October 2012
ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး
သေဆုံးပြီး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ လေးမျက်နှာသို. မောင်းနှင်လာသော ၂ ခ/ ၈၈၁၀ မိဘမေတ္တာ မှန်လုံအမြန်ယာဉ်နှင့် ဟင်္သာတမှ ရန်ကုန်သို့ ပြန်လည်
ထွက်ခွာလာသော TOYOTA TOWNACE အဖြူရောင် ၈ဂ/ ၆၃၆၂ ဘုရားဖူးယာဉ်သည် ဇလွန်မြို.နယ်၊ ကျုံတုံးကျေးရွာအရောက်
အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည် ၁၁ နာရီအချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူနာ ၁၉ ဦးအား ဇလွန်ဆေးရုံသို. ပို.ဆောင်ခဲ့ရပြီး ဇလွန်ဆေးရုံအရောက်တွင် လူနာ ၁၀ ဦး ( ကျား ၂၊ ကလေး(ကျား) ၂၊ မ ၆ ဦး) သေဆုံးသွားခဲ့ကြောင်းသိရပါသည်။ ကျန်ရှိသောလူနာ ၉ ဦး ( ကျား ၄၊ မ ၅ ဦး) အနက် ဒဏ်ရာပြင်းထန်သူ
၆ ဦး (ကျား ၂၊ မ ၄ ဦး) အား ဟင်္သာတခရိုင် ဆေးရုံကြီးသို. ဇလွန်ဆေးရုံမှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇလွန်ရဲစခန်းမှ လုပ်ထုံး
လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
Eleven Media Group
1 comment:
နောက်ထပ်ယခုဖြစ်ရပ်မျိုးမကြုံတွေ့ပါစေနှင့်
Post a Comment