Friday, August 10, 2018

မြိတ်(ဘိတ်) ရှစ် ဆယ့် ရှစ် အကြောင်း ပြောကြမယ်။ 1

အခု့  ဆက် ရေးမယ့် အပိုင်း များ ကို
(၁) ရှစ် လေးလုံး မတိုင်ခင်အကြို လှုပ်ရှားမှု ကာလ။
(၂) ၈ရက်၊၈လ၊၈၈နေ့  (ရှစ် လေးလုံးနေ့ ) မှ
၁၈ရက်၊၉လ၊၈၈ (စစ် အာဏာ သိမ်း လိုက် သည့် နေ့ ) အထိလှုပ်ရှားမှု။
(၃) စစ်တပ်အာဏာသိမ်းသော
၁၈ရက်၊၉လ၊၈၈နေ့ မှ နောက်ပိုင်းလှုပ်ရှားမှု။
ဟု အပိုင်း (၃) ပိုင်းခွဲ ကာ တငင် ဆက် ချင်ပါတယ်။
-----------------------------------------------------------
ရှစ်လေးလုံး အစပိုင်း ကာလများ နှင့် ကျနော်တို့ သူငယ်ချင်းတစု
-------------------------------------------------------------
ရှစ် ဆယ့် ရှစ် အရေးတော် ပုံကြိး ဖြစ် လာ တော့ ယ္ခု့ 
ကျနော်နှင့် ကျနော် ကိုယ်စားပြု ရေးသားမည့် ကျနော့် မိတ်ဆွေ သူငယ်ချင်းရဲဘော် များ ဟာ နုနယ်သေးတဲ့ ကျောင်းသားလူငယ် ကလေးဘဝ အရွယ်တွေ ပါ။ သို့ သော် အဲ လို ကေလး ဘဝ တွေ ကတည်းက၊ ကျနော်တို့  ပုခုံးတွေအပေါ် ကျရောက်လာခဲ့ တဲ့ ဘဝပေး၊ သမိုင်းပေး တာဝန်တွေကို ကိုယ်တိုင်ကိုယ်ကြ၊ ကျနော်တို့  တဦးချင်း စီရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနှင့် ကျေနပ့် နက်သက်စွာ၊ ကိုယ် တိုင် ကိုယ် ကျ ဆုံးဖြတ် ခံယူ ခဲ့ကြတာပါ။ ဆို လို တာက မည်သူ တဦး တယောက် ကမှ တိုက် တွန်း စေခိုင်းမူ့ မရှိဘဲ ကိုယ့်  ဘာသာ ကိုယ် တိုင်းပြည် တာဝန် ကို ကျရာ နေရာ တွေ ကနေ ပါဝင် ခဲ့ကြတာပါလို့ ။
ဒါ တင် ဘဲ့ လားဆို တော့ လည်း မဟုတ် ကြပါ၊
၂၉နှစ် တာ ကာလတွေမှာ ကျနော်တို့  တတွေဟာ ရောက်ရာ အရပ့်ဒေသတွေမှာ၊ ကျရာ ဘဝပေးတာဝန်တွေကို တိုင်းပြည်နဲ့  လူမျိုးအကျိုး အတွက် ဦးထိပ့်တင် ရည်ညွန်းကာ ကျနော် တို့ ရဲ့ တာဝန်တွေကို ကျေပျွန် အောင် ယနေ့ တိုင် ပါဝင် ထမ်းဆောင်နေ ခဲ့ကြတယ်။
ဒီလိုလုပ့်ခဲ့ကြတာတွေ ကလည်း ကျရောက်လာတဲ့ ဘဝပေး၊ သမိုင်းပေး တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင် ချင် ရုံမှတပါး၊ ကျနော်တို့ ကိုယ်ကျိုးတွေအတွက်၊ ဘာအကျိုး တရား တွေကိုမှ မျှော်လင့်ပြီး လုပ့်ခဲ့ကြတာတွေ မဟုတ် သလို၊ ဒီအတွက်လည်း ဘယ်တော့မှ နောင်တရကြမှာလည်းမဟုတ်ကြပါ။
ကျနော် တို့ တတွေတွေ့  ကြုံခဲ့ကြတဲ့ ရှစ်လေးလုံးပြည်သူ့  အရေးတော်ပုံကြီး ဟာ ရဟန်းရှင်လူကျောင်းသားပြည်သူတွေ အားလုံးပါဝင်ခဲ့ကြတဲ့ သမိုင်းဝင်ပြည်သူ့  အရေးတော်ပုံကြီး ဖြစ်ခဲ့တာနှင့် အညီ လူထုလူတန်းစားအလွှာအသီးသီးတို့ မှ မတူ ကြတဲ့ အတွေးအခေါ်၊ အမျှော်၊ အမြင်တွေနဲ့  လည်းနေ၊လှေအောင်းမြင်းဇောင်း မကျန် ပြည်သူလူထုတရပ့်လုံးက၊ အားလုံးကပါဝင်လာခဲ့ကြတဲ့ ပြည်သူ့ အရေးတော်ပုံကြီး ဆိုတာ အထွေအထူးပြောနေစရာမလိုပါ။
ရှစ်လေးလုံးပြည်သူ့  အရေးတော်ပုံကြီးမှာ ကျနော်တို့ အ.က.သ လို့ ခေါ်မယ့် အခြေခံပညာကျောင်းသား တွေ ပါဝင်လာခဲ့ကြတဲ့ အကြောင်းအရာတွေထဲ က အကြောင်းအရာတခု အနေနှင့် ကျနော်အပါအဝင် ကျနော့် ကျောင်းနေဘက် သူငယ်ချင်းတွေ ခံစားခဲ့ရတဲ့ ၊ အဲဒီအချိန် က (မ.ဆ.လ) ခေတ်ရဲ့ အစမ်းသပ့်ခံပညာရေး စံနှစ်ကြောင်း ကို ကျနော်တို့  သူငယ်ချင်းတစုရဲ့ အဖြစ်အပျက်ခံစားချက်တွေအပေါ်ထင်ဟပ့်ပြီး
တင်ပြချင်ပါတယ်။
ရှစ်လေးလုံးပြည်သူ့  အရေးတော်ပုံကြီးမတိုင် မှိ ၁၉၈၅ ခုနှစ် အချိန်ကာလတွေလောက် မှာ
စံနှစ်သစ် စံနှစ်ဟောင်းခွဲ တယ်၊ ဆိုပြီး ဝိဇ္ဖာ၊ သိပ္ပံဘာသာရပ့် တွေ အဖြစ် ကျနော်တို့  တတွေကို ရှစ်တန်းအောင်တာနှင့် စာမေးပွဲ က ရမှတ်တွေအပေါ်မှုတည်ပြီး ဝိဇ္ဖာ၊ သိပ္ပံ အတန်းများ ဟု ဆိုကာ စာသင်တန်းများ ကို ခွဲ ခြား လိုက်ကြပါတယ်။
သူငယ်တန်းကနေ ရှစ်တန်းအထိ၊ ဘဝ တလျှောက်လုံး စံနှစ်ဟောင်း ပညာရေး စံနှစ် ထဲမှာ ကျင်လည်ကြီးပြင်းခဲ့ကြရတာပါ။ ကျနော် တို့ ဟာ အင်္ဂလိပ့်စာကို ငါးတန်းရောက်မှ စသင်ခဲ့ကြရပြီး၊ ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းသင်ခန်းစာ တနှစ်စာတွေအတွက် မသင်မနေရ၊ မယူမနေရယူကြရတဲ့ ဘာသာရပ့် ၆ ခုမှာ၊ ဘာသာရပ့် ၅ခု က ဗမာလိုသင်လာခဲ့ကြရတာဖြစ်ပြီး၊ အင်္ဂလိပ့်စာ တဘာသာထည်းကို သာ အင်္ဂလိပ့်လိုသင်ယူ ခဲ့ကြရတာပါ။ ဒါပေမယ့်၊ ကျနော်တို့ ဟာ စံနှစ်သစ်ကိုလည်းပြောင်းခံလိုက်ရ ရော တခါတည်း ပြောင်းပြန် ဖြစ်သွာခဲ့ကြရပါတယ်။ ဗမာစာတခုတည်းကို မြန်မာလိုသင်ပြီး၊ ကျန် ၅ ဘာသာကို အင်္ဂလိပ့်လို သင်ကြရတော့ နကိုကတည်းကို က အင်္ဂလိပ့်စာ ညံ့ကြတဲ့ကျနော်တို့  တတွေဟာ ကျောင်းစာတွေမလိုက်နိုင် ကြတော့ပါ။ ကျောင်းစာမလိုက်နိုင်တော့၊ ကျောင်းလှုပ့်ရှားမှု့ တွေ၊ ကျောင်းတက်ရမှာတွေ၊ ကျောင်းသင်ခန်း စာတွေမှာစိတ်ဝင်စာမှု တွေနဲလာကြပြီး ဘာကိုမှန်းမသိတဲ့မကျနပ့် မှုတွေ ၊ အလိုမကျမှုတွေ ရင်ထဲမှာ ကိန်းအောင်းလာ ကြကာ၊ ထွက်ပေါက်တွေကို ကို ရှာဖွေနေမိကြပါတယ်။
အမှန်တကယ်တော့ လည်း ကမ္ဘာနှင့်ရင်ဘောင်တန်းလိုက်ရင်၊ နိုပ့်ကျနေပြီဖြစ်တဲ့မြန်မာ့ ပညာရေးစံနှစ်ကို မပြောင်းမဖြစ်လို့  ပြောင်းကြရတော့ မယ်ဆိုရင် လည်း စံနှစ်တကျ နဲ့  အချိန်ယူ ကာ ပြောင်းကြရမှာပါ။ လုပ့်သင့် သလို အချိန်ယူ ကာ စံနှစ်တကျ ကိုင်တွယ်ပြောင်းလဲခဲ့ခြင်း မရှိဘဲ၊ ရုတ်တရက် ချက်ခြင်း ကြီးကို ပြောင်းလဲလိုက်တော့ အဲဒီကာလမှာတွေ့  ကြုံခဲ့ကြရတဲ့ ကျနော့်တို့ တတွေ မှာတော့ အဲဒီ အပြောင်းအလဲကြောင့် ဖြစ်လာရတဲ့ ဆိုးကျိုးတွေ၊ အခက်အခဲတွေကို ကောင်းကောင်းကြီးကို ကြုံတွေ့  ခံစားကြရတော့တာပါဘဲ့။
ဒီ အပြင်၊ တခြား တဖက်မှာလည်း ဆင်းရဲ တွင်းတွေ နက်သထက်နက်ကာ၊ စားဝတ်နေရေး တွေ ကျပ့်တည်းသထက် ကျပ့်တည်း လာကြ ကာ ဒုက္ခရောက် လာတဲ့ မိသားစုတွေရဲ့ အခြေအနေတွေ၊ ကျောင်း ပတ်ဝန်းကျင်တွေအထိ ရိုတ်ခတ်လာတဲ့ နိုင်ငံရေး လှုပ့်ရှားမှုတွေ ဟာ ကျနော်တို့  အ.က.သ ကျောင်းသား လူငယ်တွေကို အခြေအနေတခုဆီကို တွန်းပို့  ဆွဲဆောင်လာစေခဲ့ကြပါတယ်။
ရှစ်လေးလုံးမတိုင်ခင် ကျောင်းတွင်းကျောင်းပြင်တွေ မှာ ပြန့် နံ့  ရောက်ရှိလာတဲ့ နိုင်ငံရေး
လှုပ့်ဆော်တဲ့ စာရွက်တာတမ်းတွေကို နီးစပ့်ရာ အစုအဖွဲ့  တွေကြားမှာ၊ ပြည်သူတွေ တွေ့  နိုင်ဖတ်နိုင်အောင် ပြည်သူတွေကြားမှာ လျှို့ လျှို့ ဝှက်ဝှက် ဖြန့် ဝေကြရင်း ၊ အဲဒီအချိန် တွေ တုံးက နိုင်ငံရေးအကြောင်း၊ တော်လှန်ရေးအကြောင်းတွေကို အသေအချာမသိခဲ့ကြပေမယ့် ဖြစ်လာမယ့်ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့ အစဦးပိုင်းမှာ ပါဝင်လှုပ့်ရှားခဲ့ကြပါတယ်။
ည အချိန် ခါ တွေမှာ၊ကျနော်တို့ သူငယ်ချင်းတစု၊ ဘီဘီစီ သတင်း ဝိုင်းစုကာ နားထောင်ပြီး စိတ်လှုပ့်ရှားကာပေါက်ကွဲခဲ့ကြတဲ့ သတင်းကတော့ လုံထိမ်းတွေက
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို ဖမ်းသွားပြီး ထောင်ထဲမှာ အဓမ္မ ပြုကျင့် တာခံရပါတယ်လို့ ကျောင်းသူတဦးရဲ့ ရင်ဖွင့်ပြောဆိုတာကိုကြား
ခဲ့ကြ ပြီးနောက် မှာတော့ အရင်က ကြောက်တတ်တဲ့သူငယ်ချင်းတွေတောင် လိုလိုချင်ချင် သူတို့ သဘောနှင့်သူတို့ ၊ ကျနော်တို့ နှင့် ပါလာဝင်ပူးပေါင်း လာကြပါတယ်။
ဒီလိုနဲ့  မခံချင်တဲ့ စိတ် တခုနှင့် နိုင်ငံရေး လှုပ့်ရှားမှုတွေထဲပါလာကြတဲ့ကျနော်တတွေဟာ အထင်မှတ် ကြဘဲ၊ ၂၉နှစ်ကြာအောင် ခရီးကြမ်းတွေနှင်ခဲ့ကြရပြီး ဘဝအမျိုးမျိုးတွေ တွေ့ ကြုံ ကျင်လည်ကျော်ဖြတ်ခဲ့ကြ ရကာ၊ ယနေ့ တိုင် အိမ်ပြန်မရောက်နိုင်ကြတော့ပါ။
( အခု့ ပိုစ် မှာ ပါတဲ့ ထင်မြင်ချက်ဟာ ကျနော် တို့  သူငယ် ချင်းတွေ တကယ် တွေ့ ကြုံ ခံစားခဲ့ ကြရတာ ကို တင် ပြထား တာပါ။ ၁၉၈၇ မှာ ကိုတန်း သိပ္ပံ ကို ဆရာ/ ဆရာမတွေ ရဲ့ သနားဂရုဏာ သက်မူ့ ကြောင့် အတန်းလုံးကျွတ် အောင် ပြီး ၁၀ တန်း ကို ရောက် ခဲ့ကြရတာပါ)

No comments: