ရှစ်
လေးလုံး မတိုင် ခင်မှာ ကျနော် တို့ အဓိ က ထားလုပ့် ဖြစ် တာ က အုပ့် စု အစု
လိုက် လေးတွေ နှင့် တက္ကသိုလ် ကောလိပ့် တွေ ပိတ် လိုက် လို့  အိမ်ပြန်လာကြ
သူတွေဆီ ကနေ ပါလာတဲ့ နိုင်ငံရေး စာ တွေ၊ ကဗျာ တွေ၊ ကြွေး ကျော် သံတွေ စတာ
တွေ ကို လက် ရေးတွေ နှင့် ပြန်ကူးရေး၊ ပြီး ရင် လက်ဆက်ကမ်း ဖြန့်  ဝေ၊
နောက် ဈေးတို့  လဘက်ရည် ဆိုင် တွေမှာ လိုက်ဖြန့်  တာ တို့ ၊
( ဒီနေရာမှာ အ. ထ. က (၁) က သူငယ် ချင်းတယောက် ကျနော့် ရဲ့ မက် ဆေ့ ဘောက် ထဲမှာ ပြောလာတာကို ပြန် တင် ပြပေးလိုက်ပါတယ်၊ “ကျွန်တော်တို့အဖွဲ့က မြေအောက်လှုပ်ရှားမှုပဲ လုပ်တော့ အသံသိပ်မထွက်ဘူး၊ ကျောင်းနေဖက် သုငယ်ချင်း ၁၀ ကျော် နဲ့ စာရွက်စာတမ်းတွေကို ရိုက်ထုတ်တာ ကျောင်းသားကြီးတွေဆီက ရတဲ့စာတွေ ပွားထုတ်ပေးတာလေ၊ လက်နှိပ်စက်က ဦး XXXXXX ရိုက်ပေးတာ သချိုင်းထဲက သူငယ်ချင်းရဲ့ကြက်ခြံထဲမှာ စာလှည့်ရတယ်၊ အဲအချိန်က 8.8.88 ကို မစ ကြ သေးဘူး၊ ထ၃ က ဆရာမ တယောက် ရဲ့ အဖေ ဆိပ်ငယ်ရပ် သင်္ဘောရုံးလမ်းက ဦးလောင်ဝါး အသုဘ ကို 7.8.1988 ချတယ် ။ အဲဒီအသုဘ အမှိ ကျောင်းသားတွေကို စာဝေလို့ရအောင် လုပ်ရတယ်၊ သချိုင်းထဲက ကြက်ခြံက သူငယ်ချင်း မောင် xxxxx ရဲ့ခြံ သူလည်း ကျွန်တော်တို့အဖွဲ့ထဲကပဲ၊ ကြက်ခြံကိုဝင်တဲ့လမ်းက ဗမာသချိုင်းအဝင် ဘယ်ဘက် ဘေးနားမှာ သာရနာဂုံတင်တဲ့ဇရပ်ရှိတယ် ချုံနဲနဲပိတ်နေတယ် လူသွားလမ်းလောက်ပဲရှိတယ် ။ သုဿ န်ကျောင်း နောက်ဘက်လောက်မှာရှိတယ် ။တခါတလေ ကျောင်းသားကြီးတွေ၊ဝင်လာပီးစာလာပေးတယ် ကျွန်တော်တို့ လှည့်ထားတဲ့စာတွေယူသွားတယ်၊ ဦးလောင်ဝါး အသုဘ စာဝေတဲ့အစီစဉ် ပေါက်ကြားသွားတော့ ရဲ စစစ အဖွဲ့တွေ သချိုင်းဘေးက ဂိုဒေါင်နားမှာ ကိုယ်ယောင်ဖျောက်စောင့်ကြတယ် ။
တကယ်တမ်းဝေတော့ ကောလိပ်ကုက္ကို ကျောင်းရှေ့နားလေးမှာ ဝေပေးပီး တပ်ပြင်လမ်းထဲဆင်းပြေးကြတယ်၊ “ )
ကိုယ့် နှင့် သိကြသူတွေသာ အတူလုပ့်ဖြစ် ကြပြိး။ တဦး နှင့် တဦး တဖွဲ့  နှင့် တဖွဲ့  လည်း မယုံ ကြ သလို နှင့် ယ္ခု့  လို ပွင့် လင်းစွာ မလုပ့် နိုင်ခဲ့ကြပါ။
မ၊ ဆ၊ လ ခေတ်မှာ သွေးခွဲ အုပ့်ချုပ့် ခံ ခဲ့ကြရတဲ့၊ ဦးနောက် တွေ ဖေါက် ဆေး ကျော တာတွေ ခံခဲ့ကြရတဲ့ ကျနော် တို့ တတွေ ဟာ ကိုယ့် အချင်းခြင်း တွေ အတွင်းမှာ ကို ယုံကြည်မူ့ ဆိုတာ မရှိ ကြသလောက် ကို စိုးရိမ်မူ့ တွေ ပြည့် နက် နေခဲ့ ကြရပါတယ်။ နောက် ဆုံး ဆရာ / ဆရာ မတွေ ကို မျက်နာလို ၊ မျက်နာရ သွားလုပ့် ပြိး သတင်းပေးလိုက်ရင် တောင် အဲ ကျောင်းသားမိဘတွေ ခေါ်တွေ့  ခံရ၊ ကျောင်းထုတ် ခံရတာ တွေ ဖြစ် နိုင်ကြတာမို့  လုပ့် နေကြတာာ ကိုသိလျှက် နှင့် ပင် ဒီလို အစု တွေ ကွဲပြီး ကို လုပ့် ခဲ့ ကြရတာပါ။ သို့ သော် ဒီလို ကွဲ ပြား ပြိး လုပ့် ခဲ့ရတာ က ပင် အစိုးရ ထှောက် လှမ်း ရေးတွေ လိုက် လို့ မရအောင် ဗျု ဟာ မြောက် လုပ့် သလိုလည်းဖြစ် နေခဲ့ပါတယ်။ ရီစရာ အနေနှင့် ပြောပြရပါက ကျောင်း အများသုံးအိမ်သာ တွေ ထဲ မှာ တောင် မှ ဘယ်သူက ကပ့် သွားမှန်း မသိ တဲ့ နိုင်ငံရေးစာရွတ် တွေ ကို ဆရာ ဆရာမတွေ က နေ ဖြုတ် သိမ်း လို့ မနိုင် ဖြစ် ခဲ့ရပါတယ်။ တချို့  တပ့် ဥိး ကျွံ တယ် လို့ ပြောရမယ့်  သူငယ် ချင်းတချို့  ကတော့ အထိမ်းသိမ်း ခံရတာ တွေခေါ်ယူ သတိ ပေးခံရတာ တွေ ရှိ ခဲ့ပါတယ်။ (ဥပမာ ကျနော့်  တို့ အစု ထဲ က မြတ်သူရ (ခ) ဖိုးမြတ် လိုပေါ့။ အရေးခင်းမစခင်မှာ ကို သက် ဆိုင်ရာ လူကြီး တွေ ခေါ်ယူ သတိ ပေးခံ ခဲ့ရပြီး ငြိမ် နေလိုက် ရပါတယ်။) နောက် ဘာ အစည်းဝေးဘဲ့ဖြစ်ဖြစ် သွားကြရင်လည်း လျှို့ လျှို့  ဝှက်ဝှက် နှင့် အစု အစု လိုက် သဲထိပ့် ရင်ဖို စွန့် စားခန်း တခု့ လို ပါ။ ကျနော် တို့  ကျောင်း မှာ တော့ အထက် မှာ ပြောခဲ့ သလိုပါဘဲ့ သက် ဆိုင် ရာ အတန်း အလိုက် ကွဲ နေတာရယ်၊ တဦး ကို တဦး မယုံ ကြည် သလို ဖြစ် နေကြတာရယ် ကြောင့် ရှစ် လေးလုံး နေ့  ရောက်သည့် တိုင် ဘယ်သူတွေ က ဦး ဆောင် ပြီး စတင် မယ် လို့  ကျနော်တို့  သေချာ မသိ ခဲ့ လိုက် ပါ။ ( နောက် ပိုင်းမှာ လင်းဇော် နှင့် နောက် တယောက် အထက(၂) စထွက် ချိန်မှာ ရောက်သသွားကြပြိး သွား ပူးပေါင်းခဲ့ ကြ တာ လို့ ပြန်ပြော လို့ သာ သိ လာ ရတာပါ။)
ဒီနေရာ မှာ ကတည်း က ကျောင်းပိတ် လို့ ပြန် ရောက် နေကြတဲ့ တက္ကသိုလ် ကော့  လိပ့် တွေ က ပြန် ရောက် နေတဲ့ ကျောင်းသား/ သူ တွေ ၊ နောက် ကျောင်းသားဟောင်းကြိးတွေ၊ နိုင်ငံ ရေးစိတ်ဝင်စားကြတဲ့ အရပ့် သူ/သား ရဲ့ အခန်း ကဏ္ဍ ကို မေ့ ချန် ထားခဲ့ လို့ မရပါ။ သူတို့ ရဲ့ ကူညီ ဖေးမမူ့ တွေ့ ကြောင့် ရှစ် လေးလုံး နေ့  တွေမှာ ကျနော် တို့  အဖြူ အစိမ်း တွေ အထိခိုက် ကျဆုံး မူ့ နဲ ပြီး ပွဲ ထွက် လှ ခဲ့ ကြတာပါ။
၈.၈.၈၈ နေ့ မှာ တော့ အ.ထ.က (၂) ကျောင်းက ကျောင်းသားလူငယ်တချို့  ရယ် တခြား ကျောင်း က ကျောင်းသား တွေ ရယ်၊ ဝန်းရံ ပန့်ပို့ ကြတဲ့ သူတွေ တချို့ နှင့် အ၊ ထ၊ က (၂) မြိတ် ကနေ ဘိတ် ရှစ် ဆယ့် ရှစ် အရေးအခင်း ကို စ တင် ခဲ့ကြပြီး၊ အ.ထ.က(၁) ၊ အ.ထ.က (၄) ၊ အ.ထ.က (၃) စသဖြင့် အရှိန်အဟုန်ပြင်းစွာနှင့် မြိတ်တမြို့ လုံးကို ပြန့် နံ့ သွားစေခဲ့ကြပါတယ်။ အဖြူ အစိမ်း ကျောင်းသားလူငယ် တွေ သာမက၊ ကျောင်းပိတ်ထားလို့ ပြန်ရောက်နေကြတဲ့ တက္ကသိုလ်၊ ကောလိပ့် တွေက ကျောင်းသားများ လည်းပါဝင်ခဲ့ကြ သလို ပြည်သူတွေ ကလည်း တခဲ တနက် ကို ထှောက်ခံ ခဲ့ ကြတာ ကို သတိရမှတ်မိနေပါတယ်။ စထွက်ကြတဲ့ ၈.၈.၈၈ နေ့  မှာပင် အသက်ပေးသွားခဲ့ကြရတဲ့ သူရဲကောင်းတွေ မြန်မာပြည်
အနံ့ အပြားမှာ ရှိခဲ့ကြပါတယ်။ ကျနော်တို့ မြိတ်(ဘိတ်) မှာလည်း ၈၊ ၈၊ ၁၉၈၈ နေ့ မှာ
သူတို့ ရဲ့ နှလုံးသွေးတွေ နှင့် ရှစ်ဆယ့်ရှစ် သမိုင်းတခေတ်ကိုဖွင့်လင့် ပေးခဲ့ကြတဲ့ ကျဆုံးသွားခဲ့ကြ တဲ့ ရဲဘော် (ကိုကိုဦး နှင့် ညီညီလွင်) တို့ ကိုလေးစားဦးညွတ်စွာနှင့် မှတ်တမ်းတင်အပ့် ပါတယ်။
ကိုကိုဦး ရော ညီညီလွင်ပါ သိမ်တော်ကြီးတောင်တက်မိခင်နှင့်ခလေး အနီး အနားရွှေကျောင်းနားကအတက်လမ်းမှာ (အခုမော်တော်ပီကယ်ရုံးရှေ့
မှာ) ၂ဦးလုံး အတူ ကျခဲ့ တာ လို့ မှတ် မိနေပါတယ်။
( မတူသော အမြင် အသိများ ကို ကြိုဆိုပါတယ်)
မဆလပါတီရုံးရှေ့ကိုရောက်တော့ရုံးပေါ်ကဓါတ်ပုံခိုးရိုက်တာနဲ့အစောင့်မီးသတ်တွေကိုစည်းရုံးပြီးပါတီရုံးပေါ်ကိုဝိုင်းတက်ကြတယ်။
ဖလင်တောင်းတာရခဲ့တယ်၊ လို့ ပြောတယ်။ ဘယ်သူဆီမှာ လည်း လို့ တော့ မသိတော့ပါ။ အဲ ကနေ တဆင့်မြို့ပတ်ဆန္ဒပြကြတယ်။
အစပိုင်းမှာကျောင်းသားလေး
တွေပဲအော်ပြီး
လူထုကဝန်းရံတာ။
ဈေးနားကမဆလရုံးကိစ္စပီး ဆက်ချီတက်မှအားလုံပါဝင်လာကြတယ်။
ချီတက်ရင်းနဲ့သပိတ်စခန်းကိုထ(၁)မှာဖွင့်ဖို့ဆုံးဖြတ်ကြတယ်။
ဦးပုတိုက်ပေါ်ကဗွီဒီယိုခိုးရိုက်ပြီး
ရဲစခန်းကိုရိုက်ကူးသူပြေးသွားလို့
ရဲစခန်းကို တကြောင်းခွဲလိုက်တယ်။ပင်မကြောင်းကထ(၁)ကိုဆက်တက်သွားတယ်။
ရဲစခန်းရှေ့မှာလူစုလူဝေးများလာတဲ့အချိန်မှာ
အခုကညနရုံးအရှေ့ဘက်
အဆောက်အဦးထဲမှစ ပစ်တယ်။
သေနတ်ပစ်သမားတွေကစနေမောင်မောင်နဲ့အောင်ငွေလို့ပြောကြပါတယ်။
မသေဘဲတခြားနေရာတွေကိုထိတဲ့ကျောင်းသားတွေလည်းရှိတယ်တဲ့။(အဲ နေရာမှာ အမည် ကွဲ လွဲ နေတာ ရှိပါတယ်) အလက(၂)ကျောင်းသားစိုးနိုင်ဆိုသူမှာလည်းလက်မောင်းထိသွားတယ်တဲ့ဆေးရုံကြီးသွားပြတာမလုပ်ပေးဘူးတဲ့။ ( အဲ ဒီ စိုးနိုင်ဆိုတာက ဦးပါလေးရဲ့သား၊ ပထက် တောင် ကမ်းမှာ ဘုန်းကြိးဝတ် နေသူ လို သိရပါတယ်)
နောက် တဦး ပြောတာက တော့
ထိသူသုံးဦး။
ကိုကိုဦး၊ညီညီလွင်၊ကိုသိန်းထွန်း။
ကိုသိန်းထွန်းကဒကောက်ကွေးမှာ
ထိပြီးဂုံညင်းထွက်သွားတယ်၊
ညီညီလွင်ကဆီးခုံ။
မိန်းခလေးတဉ်ီးလက်ချောင်းမှာ
အနည်းငယ်ဒါဏ်ရာရသည်။
ဆိုင်ကယ်အကူအညီနဲ့ဆေးရုံပို့တယ်၊
ပစ် ခတ်သံတွေ ဆက်တိုက်ဖြစ်လာတော့လူစုကွဲသွားကြတယ်။
ကိုကိုဦး၊ညီညီလွင်ဆေးရုံမှာကျဆုံးတယ်။
ကိုကိုဦးအလောင်းကို သူ့ မိဘ ခွင့် ပြုချက် နှင့် ဘိတ် ဆေးရုံကြီး မှ အ.ထ.က (၁) ကျောင်းကိုသယ်ဆောင်လာခဲ့ကြပြီး
သပိတ်စခန်းဖွင့်နိုင်ခဲ့ကြပါတယ်။
ညီညီလွင် ကိုတော့ သူ့ မိသားစုဆန္တအရအားခြင်းဘဲ့ မြုပ့်နံသင်္ဂြုလ်လိုက်ကြပါတယ်။
ညီညီလွင်မိသားစုသဘောအရ ထ(၁)သပိတ်စခန်းသို့မသယ်ခဲ့ရဘူး။
ဒီည နေမှာ ဘဲ့ အထက (၁) ကျောင်းနားက သမ ဂို ထောင် ကို မြစ် ငယ် ရပ့် က လူ တစု ကနေ ဖွင့် လိုက် ကြတယ်။
---------------------------------------------------------------
အထက (၁) သပိတ် စခန်း အကြောင်း ကို ဆက်ပါ့မယ်။
မတူသော အမြင်များ ဆွေးနွေး ချက်များ ကိုကြို ဆိုပါတယ်။
https://www.facebook.com/groups/1396640697119767/permalink/1396783287105508/

သိတဲ့သူတွေ ကို ကျနော် ရေးထားတဲ့ အကြောင်းရာတွေ အပေါ်မှာ စေတနာ မေတ္တာ ထားပြီး ဝင်ရောက် ဆွေးနွေးပြီး ပြင် ဆင်ပေးဘို့  အလေးနက်ထားဖိတ်ခေါ်ပါတယ်။
ကျနော်တို့  အ.ထ.က (၁) မှာ ဖွင့်ခဲ့ကြတဲ့ သပိတ်စခန်းကို၃ရက်ပဲ့  ဆက်တိုက် ဖွင့်နိုင်ခဲ့ကြ ပါတယ်။
ဒုတိယနေ့ မှာ ကိုကိုဦး အလောင်း နှင့် အတူ မြို့ လှည့် ကာ ဆန္တ ပြခဲ့ ကြပါတယ်။ ဟိုတယ်မားဂွီး ကနေ ဓါတ်ပုံ ရိုတ် လို့  ဆိုပြီး ပြဿနာ အနည်းငယ် တက်ခဲ့ ပါတယ်။ မြို့ သစ် မှာ ဦး မြမောင် နေအိမ် ကို ဖျက် ဆီး မူ့  ဖြစ် ခဲ့ ပါတယ်။
ယခုလက်ရှိ မြင်းစီးရုပ်တု နေရာမှာ အရင်က ရှိ ခဲ့ တဲ့ အစိုးရဓါတ်ဆီဆိုင် ကို အရေးခင်း မှာ ပြည်သူတွေ က အစိုး ရ ကို မကျေနပ်လို့မီးရှို့ခဲ့ကြပါတယ် ။ ကံအားလျှော်စွာဘဲ့ ဓါတ် ဆီဆိုင် မှာ ဓါတ်ဆီလုံးဝမရှိလို့ ဓါတ် ဆီဆိုင် မီးမလောင်ခဲ့ ပါ။ နောက်တော့ လမ်းပေါ်မောင်းနှင် လာ နေတဲ့ဆိုင်ကယ်တစ်စီးကိုတားပီး ဆိုင် ကယ် မှ ဓါတ်ဆီ ထုတ်ယူကာ အနီးရှိ ရုံး ထဲ က ရုံးစာရွက်စာတမ်းတွေနဲ့ မီးရှို့ မူ့  တခု့  ဖြစ်ခဲ့ ပါတယ်။
တတိယနေ့ မှာ တော့ မြို့ ခံ ပြည်သူတွေ တောင်းဆိုမူ့ နှင့် ကိုကိုဦး အလောင်း ကို မြေချ ပြီး
အခြေအနေ အရ အားလုံးတိုင်ပင်ပြီးသပိတ်လှန်ခဲ့ကြ ရပါ တယ်။
အ.ထ.က (၁) သပိတ် စခန်းမှာ အဓိ က တာဝန်ယူ ခဲ့ ကြတဲ့ ခေါင်း ဆောင် တွေ ကတော့
( ဘိတ်) တက္ကသိုလ်ကျောင်းသာကြီးတွေ ထဲက ကိုအေးသော်၊ ကိုတင်ဝင်း(ဆေး)၊ ကိုညီညီ၊ ကိုထွန်းအေး၊ ကိုကျော်ဝင်း တို့နဲ့ အတူ (ရန်ကုန်သား) ကိုအောင်ဇော်မင်း (ခ) ချို တူး ဇော် (YIT) နှင့် ကိုရဲလင်း တ-သင်္ချာ (လုပ်သားကောလိပ်)တို့တော့ အဓိက သပိတ် ခေါင်းဆောင်တွေပါ။
ကို မြင့်ဝေ (ရေမြွေ) နှင့် အဖွဲ့  က ကျောင်းဝင်းလုံခြုံရေးကို အဓိက တာဝန်ယူပေးခဲ့ ပါတယ်။
သပိတ် စခန်းဖွင့်ထားတဲ့ ကာလတွေမှာ ဂိုဒေါင် တွေ ပေါက်တော့ ကျနော်တို့  ကျောင်းသားတွေအတွက်ဆိုကာ၊ ကျနော်တို့ သပိတ်စခန်းဖွင့်ရာ အ.ထ.က (၁) ကျောင်း ကို ကိုယ်တိုင် ကိုယ်ကျ သယ်ယူလာပေး ကြတဲ့ ပြည်သူတွေရဲ့ စေတနာကို လေးစားစွာ မှတ်တမ်း တင် ပါတယ်။ ကျနော်တို့ မှလည်း ပြည်သူများ ယူလာပေးတဲ့ သမ ပစ္စည်းတွေကို ကျောင်းခန်းတွေထဲမှာ ထည့်ထားကြပြီး ကျနော်တို့ တတွေ အလေအလွင့်မရှိအောင် အတတ်နိုင်ဆုံး ထိမ်းသိမ်း စောင့်လျှောက်ပေးခဲ့ကြရတယ်။ နောက်လုံခြုံရေးတွေယူပေးခဲ့ကြတယ်။ သပိတ် လှန်တော့ အဲဒီသော့တွေကို ဆရာတယောက်ဆီသွားပေးထားခဲ့တယ်။ အဲဒီတုံးက ကျနော်တို့  လူငယ်အများစု ဟာ အဖွဲ့ စည်း တွေ အထဲမှာ နေရာတွေ ဘာတွေ ယူရကောင်းမှန်း မသိခဲ့ကြပါ။ ရိုးရိုးသားသား၊ တက်တက်ကြွကြွ နှင့် ပြည်သူတွေအတွက် ( အသက် ကိုပင် မူ မထားဘဲ) ပေးဆပ့် လုပ့်ပေး ချင်တဲ့ စိတ်ဆန္တ တွေသာရှိခဲ့ကြ ပါတယ်။
သို့ သော်………..
သပိတ် ပြီး သွားတဲ့ အခါ ကြတော့ လူတွေ ရင် ထဲမှာ မတင်မကျ ဖြစ် ကျန် နေခဲ့ တာ တခု့ ကတော့ သပိတ် ကို လာလှူ ကြတဲ့ အလှူ ငွေ တွေ ဟာ များလွန်း လို့  အိတ် တွေ နှင့် တောင် ထည့် သိမ်း ကြရပါတယ်။ အဲ ဒီ အလှူ ငွေ တွေ ဘယ် ကို ရောက် သွားကြတာလဲ ဆိုတာပါဘဲ့။
အရေးတော်ပုံ ကာလအတွင်း မှာ မြိတ်ကျောင်းသားသမဂ္ဂ၊ ကျောင်းအလိုက်ဖွဲ့ ဖြစ်ကြတဲ့ ကျောင်းတွင်းသမဂ္ဂ တွေ္ဂ နှင် ဗမာ့ မျိုး ချစ်လူငယ်( APBY ) အဖွဲ့  တို့ ဟာ ကျောင်းသားလူငယ် တွေ အများဆုံးပါဝင်ကြတဲ့ အမာခံ၊ အင် အားကောင်း တဲ့ သပိတ်အဖွဲ့ တွေဖြစ်ခဲ့ကြပါတယ်။ တခြား အရေးပါတဲ့ အဖွဲ့ စည်း တွေ မှတ်မိသလောက် ကတော့ ဆရာဦး ခင်မောင်ညိုအဖွဲ့။ ရှေ့နေများဖြစ်ကြတဲ့ ဦး ခင်မောင်လတ်၊ ဦး မြင့်စိန် တို့အဖွဲ့။ ဆရာဝန် ဦး ခင်မောင်ဦးနဲ့ ဒေါ်တင်တင်ရီတို့အဖွဲ့။ ဒေါက်တာဦး သာစိန်အဖွဲ့။ ဆရာမကြီးဒေါ်သန်းရှင်တို့၏ဘုံတိုက်စိမ်းအဖွဲ့။ ဆရာကနေဒီနဲ့ ကိုသန်းထွန်းတို့၏ တောင်ပိုင်းအဖွဲ့ ၊ အမှတ် (၃) ကျောင်းဘေးအခြေစိုက် မျိုးချစ်ဒီမိုကရေစီညီညွတ်ရေး အဖွဲ့ ချုပ်။……..အစရှိသည်ဖြစ်ပေါ့ မှတ်မိသလောက် ကိုမှတ်တမ်းတင်ထားပါတယ်။ ဖေါ်ပြပါ အဖွဲ့  စည်းများမှ ယနေ့  ထက်တိုင် သက်ရှိထင်ရှားရှိသူများကျန်ဦးမှာပါ။ ထိုအဖွဲ့တို့မှလှုပ်ရှားပုံနဲ့ အတွေ့အကြုံကို မှတိတမ်းပြု စုနိင်ရန် အတွက် သက်ဆိုင်ရာ လူ ပုဂ္ဂို လ် တွေ ကို ဝင်ဆွေးနွေး ပေးကြဘို့ ကို ဖိတ်ခေါ် ပါရစေ။ သို့ မှသာ ကျနော် တို့ ထုဆစ်လိုတဲ့ သမိုင်း ပုံ ပေါ် လာ မှာ ပါ။ အရေးတော် ပုံ ကာလမှာ ဘုန်းတော် ကြိး ၂ပါး ကနေ ဦး ဆောင် ပြီး ဟော ပြောလုပ့် ဆောင် ခဲ့တာ ကိုလည်းသတိထားမှတ်မိပါတယ်။ ထို ဘုန်း ဘုန်း တွေ ကို သိ သူများမှ ဖေါ် ထုတ် တင်ပြပေးစေလိုပါတယ်။
( ဒီ နေရာမှာ သမိုင်း မှတ်တမ်း အမှန် တခု့  ကို သူ သိခဲ့ သလို သိစေ ချင် ပါတယ် လို့  မှတ် ချက် ပေး ပြောဆို လာ တဲ့ “Waylwint Zin နောက်တခု ကျနော်သိတဲ့သေချာတာတခုရှိသေးတာက ထုံးစံအတိုင်း မြန်မာပီပီ အဖွဲတွေ မှိုလိုပေါက် သမဂ္ဂ တွေများလာတော့ လက်ကမ်းစာစောင်နဲ့ ဖိတ်ခေါ်ပြီး ဘိတ်တောင် ဘုရား ကိုင်ဘုန်းကြီးကျောင်းမှာ အဖွဲ့ပေါင်း ၃၄ ဖွဲ့ နဲ့ အများသဘောတူ မျိုးချစ်ဒီမိုကရေစီညီညွတ်ရေးအဖွဲ့ချုပ်ဆို ဖွဲ့လိုက်ပြီး အရေးအခင်းကာလ (မင်းမဲ့ကာလ) မှာ မြို့ကို ထိန်းကျောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်၊ အဲဒီနာမည်ကို ဒေါ်စုက သဘောကျလို့ပဲ အမျိုးသားဒီမိုကရေစီအဖွဲံချုပ် နာမည်ကို ပေးခဲ့တာ ဖြစ်ကြောင်း နေရာတကာ နံပါတ် (၁) မှာလားမသိ ထည့်ရေးဖူးပါတယ်။ ဒါ တိကျခိုင်လုံတဲ့ သက်သေတွေရှိတာမို့ ပြောရဲတာပါ၊ သမိုင်းမို့  အမှန်အတိုင်း သိစေချင်တာသက်သက်ပါခင်ဗျ၊ “ နေရာ တကာ ဂျာ နယ် အယ်ဒီတာ ကို ဖေသောင်း ရဲ့ မှတ် ချက် ကို မှတ်တမ်း တင် ပေးထားပါတယ်။
အဖွဲ့  စည်းတွေများလွန်လွန်း လို့  စိတ်ပျက် စရာ တွေ လို တွေ့ ကြုံ ခဲ့ရပါသေးတယ်။
မြိတ်ကျောင်းသားသမဂ္ဂ၊ ကို ဝက်တိုက်ကျောင်း၊ ဗမာ့ မျိုး ချစ်လူငယ်( APBY ) အဖွဲ ကို ဘုရားကြီးကျောင်း တွင်၎င်း မြိတ်မြို့  အ.ထ. က ကျောင်းများတွင် ကျောင်းအလိုက်
ကျောင်းတွင်း သမဂ္ဂ များကိုဖွင့်ပြီး ရဟန်းရှင်လူ မိဘပြည်သူများနှင့် တူညီစွာ လက်တွဲလုပ့်ဆောင်နိုင်ခဲ့ကြပါတယ်။
(ဒီနေရာမှာ ပါဝင် ဆောင် ရွက် ခဲ့ ကြသူတွေ ကို မှတ်တမ်း တင် ထားဘို့ လိုလာပါလိမ့်မယ်။ မှတ်မိ သလို ဝိုင်းစဉ်းစားပြီး အကြံ ပြု ကြစေလိုပါတယ်။)
အ.ထ.က (၁)ကျောင်းသား ခေါင်းဆောင်တွေက အောင်ခိုင၊် လှဦး၊ အုန်းကျော်၊ မောင်မင်း ၊ ၊( ထွေးညီ ) ငဗိုလ်(ခ) တင်သူရ
အထက(၂) သန်း ထိုက်ဦး၊ မျိုး မြင့် အောင်၊
အထက(၃) ရဲနိုင်ထွေး၊
အထက (၄) လင်းဇော်၊ အောင်မျိုးလွင်၊ အောင်မိုး၊ သိန်းထွန်း၊ အေးပို ၊ စိုးမိုးလှိုင်၊ အောင်နိုင်ဦး
မြိတ် ကျောင်းသားသမဂ္ဂ မှာ
ကိုမြင့်ဝေ (ဥပဒေ) ဥက္ကဋ္ဌ
သန်းထိုက်ဦး (ထ. ၂) ဒု ဥက္ကဋ္ဌ
ကိုသန်းဝင်း(RIT) အတွင်းရေးမူး
လင်းဇော် (ထ. ၄ တွဲဘက် အတွင်းရေးမူး)
----------------------------ဘဏ္ဍာရေး
----------------------------တွဲ ဘက် ဘဏ္ဍာရေး
ပြန်ကြားရေး
မျိုး မြင့် အောင် (ထ. ၂)
အောင်မျိုးလွင် (ထ.၄)
…………………………
လုံခြုံ ရေး နှင့် စည်းကမ်းထိမ်းသိမ်းရေး
(မှတ်မိသလို ဖြည့်ထားတဲ့ အတွက် အမှားအယွင်းများ ရှိနိုင်ပါတယ်။)
ကျနော်တို့ အ.ထ.က(၄)မှ ကျောင်းသူကျောင်းသားတချို့ မှ လည်း သပိတ်ကာလအတွင်း နယ်များသို့ စည်းရုံးရေးများထွက်ကြခြင်း၊ မြိတ်တွင် သပိတ် ကို တခြားအဖွဲ့ များနှင့်အတူ ပူးပေါ်င်း ဖေါ်ဆောင်ကြခြင်း၊ ရပ့်ကွက်အတွင်းလုပ်ခြုံရေးယူပေးခြင်း တို့ ကို ကျောင်းတွင်းတွင် ကျောင်းအိပ့် ကျောင်းစား နေထိုင်ပြီး လုပ့်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။
အ.ထ.က(၄) ကျောင်းတွင်း သမဂ္ဂ မှာ တာဝန် ယူသူ အမာခံ များ ကို ကျနော် မှတ်မှိသလို (ကျနော်မှတ်မိသလောက်) အောင်မျိုးလွင် (အေဘီ ၁၀၂) ၊ လင်းဇော် (AB 201)၊ ဇော်ကြီး၊ အောင်မိုး(AB 201) ၊ အေးပို(AB201)၊ စိုးမိုးလှိုင် (AB 102/ 201 and PDF) ၊ လွင်မိုး( AB 201)၊ အောင်သူဇာ(AB 201)၊ သန်းအေး(တပ့်ပြင်ရပ့်) ကျော် နိုင်(တပ့်ပြင်ရပ့်)၊ မောင် ဦး (ရွှေကျင် တိုက် မယ်သီလရှင် ကျောင်း ကို အဓိက လုံခြုံရေး ယူပေးခဲ့တဲ့သူ)၊ မြတ်သူရ (မြန်အောင်)၊ တင်မိုးထွန်း (AB 201)၊ ဇော်ဦး(AB 210)၊ အောင်နိုင်ဦး၊ (နိုင်နိုင်)၊ ညီညီ လွင်( ကွက်သစ်)၊ ………….( ကျနော့်  အနေဖြင့် တောခိုလာကြသူတွေ တချို့ တွေ ကိုသာ အထူးပြု မှတ်မိပြီး၊ တချို့  အမည်တွေကို တော့ မမှတ်မိတော့ပါ) အားလုံး လူ ၂၀ခန့်  အမာခံဖွဲ့ ကာ လှုပ့်ရှားနိုင်ခဲ့ကြပါတယ်။
အ.ထ.က (၄) ကျောင်းမှာ ကျနော် တို့ ကို ထှောက်ခံ အားပေး ကူညီ ခဲ့ ကြတဲ့ ဆရာ/ ဆရာမ တွေ အားလုံး ကို လေးစား ဂါ ရဝ ပြု စွာနှင့် ကျနော် မှတ်မိသမျှ ကို မှတ်တမ်း တင် လိုက်ပါတယ်။
ဆရာ မ ဒေါ်သန်းရီ
ဒေါ်အေးအေးဝင်း( မြန်မာစာ)
ဒေါ် ဟုန် ရွှေ (ဖိုးဝ) ( အင်္ဂလိပ်.)
ဒေါ်ကြည်လှ (သင်္ချာ)
ဒေါ် ကြည်ကြည်အေး (ရူ ပ ဗေဒ)
ဒေါ် စန်းစန်းမြင့် (ဓါတုဗေဒ)
ဒေါ်တင်လေးဝေ ( ဘိုင် အို လော်ဂျီ)………………………။
ဆရာ ဦးသန်းဝင်း……………။
ပြည်သူလူထုတရပ့်လုံးမှပါဝင်သော အထွေထွေ သပိတ်မှောက်မှုတွေကြောင့် ဘိတ်မှာ အစိုးရအုပ့်ချုပ့်ရေးများ ယိုယွင်းပျက်စီး ခဲ့ကြရ သော်လည်း
နောင်တွင်တက်လာမယ့် စစ်အစိုးရ ဝါဒဖြန့် သလို အရေးတော်ပုံ ကာလအတွင်းမှာ ဥပဒေမဲ့လုပ့်ရပ့် များ မဖြစ်ပွါးကြရအောင် အားလုံးမှထိမ်းသိမ်းလုပ့်ဆောင်နိုင်ခဲ့ကြပါတယ်။ သို့သော်
တဘက်မှာ လည်း ။ စစ် တပ်မြို့ထဲဝင်လာရင်..ဘယ်နည်းဘယ်ပုံ ကာကွယ်ကြမယ်.. လမ်းပိတ်ဆို့မယ်.. ဆိုပြီးတိုင်ပင်ကြ..လက်နက်တွေ စု ကြ..နဲ့..ပေါ့။ တချို့ နေရာတွေမှာ စစ်သင်တန်းတွေ၊ စစ်လက်နက်ပစ္စည်း တွေ ကိုဘယ်လို အသုံးပြုကြရတယ် ဆိုတဲ့ သင်တန်းတွေ၊ ပေးခဲ့ လုပ့်ခဲ့ ကြတာကိုလည်းမှတ်မိနေပါတယ်။
၁၉ရက် နေ့  ညနေပိုင်း စစ်တပ့်မှ အာဏာသိမ်း ပြီး ချိန်တွင် ခလရ (၁၇) တပ်ရင်းမှူး ဗိုလ်မှူးတင်အေးနဲ့ ဘုံတိုက်စိမ်း မှာ မြို့ မိမြို့ ဖ များ၊ ကျောင်းသားသမဂ္ဂ မှ တာဝန်ရှိသူများ ( ) တွေ့ ဆုံ စည်းဝေး ကြပါတယ်။ ဘုံတိုက်စိမ်းရှေ့ရင်ဆိုင်နေရစဉ် ၁၀၁နဲ့၁၀၃မှစစ်ကူလာသောကားများကို ပြည်သူတွေ လမ်းခုလတ် ကနေ တားဆီးပြီးပြန်ခိုင်းခဲ့ကြပါတယ်။ စစ် အကူမရောက်လာ၍ ၁၇တပ်ရင်းမူးပြန်ဆုတ်ခဲ့ရပြီးထိပ်တိုက် ရင်ဆိုင် ပစ်ခပ်မှုမဖြစ်ခဲ့ရ ပါ။
(ကိုမြင့် စိုး ရဲ့မှတ်ချက်အရ၊ (Myint Soe ဘုံတိုက်စိမ်းကအေးချမ်းသာယာရေး အကြောင်းအရာ အရာတွေအားလုံးမှတ်တမ်းများဒေါ်တင်တင်ရီမှာရှိနိုင်ပြီး ၁၉၈၉၊၉၀ခုနှစ်တွေမှာထုတ်ဝေတဲ့ မြိတ် မဂ္ဂဇင်းမှာလည်းဓါတ်ပုံမှတ်တမ်းများ ပါဘူးပါတယ်) လို့ မှတ်တမ်း တင်ပါတယ်။ )
စင်တင်ဘာ ၁၉ ရက်နေ့ မှာ နောက်ထပ့် စစ်တပ့် က မြို့ ထဲ ဝင်လာတော့ (ဧမာနွေလကျောင်းတောင်ကုန်း ဘက်က ဂျင်ဂလိ နဲ့ ချောင်းပစ်လို့ စစ် တပ်ဘက်မှာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။(သေဆုံးမူ့  တွေ တောင် ရှိ ခဲ့ ကြ တယ်လို့ တော့ မှတ် မိနေပါသေးတယ်။) ) နောက်ထပ့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြရပြီး ရဲဘော် မျိုး ဦး (ခ) နောင်မဲ ထပ့်မံကျဆုံးခဲ့ရတာကို ဝမ်းနဲစွာနှင့်မှတ်တမ်းတင် အပ့်ပါတယ်။
ရှစ် လေးလုံး အရေး တော် ပုံ ထဲ တွင် ကျ ဆုံး သွား ကြ သော ရဲ ဘော် ကို ကို ဦး၊ ညီ ညီလွင် နှင့် မျိုးဦး (ခ) နောင် မဲ တို့ ကို တပ်ပြင်သချိုင်းစောင့် (ဦးအိုငယ်(ပေါက်ခွန်း)) နှင့် - ပန်းရန်ဆရာ အဖွဲ့ ခေါင်းဆောင်က (ကိုကိုဦး) အဖေ ဦးတင့်ဟို တို့ မှ ဦး စီး ဦး ဆောင် ပြု ပြီး တနေရာ ထဲ တွင် တစု တစည်း တည်း အထိမ်း အမှတ်အုတ် ဂူ များ ပြု လုပ့် ပေးထားခဲ့ ပါသည်။
https://www.facebook.com/groups/1396640697119767/permalink/1398732006910636/

လွန်ခဲ့တဲ့
၁၉၈၈ ခုနှစ် ကတည်းကနေ ယနေ့ အချိန်အထိတိုင် အိမ်မပြန်နိုင်ခဲ့ကြသေးတဲ့၊
ဘဝပေး အခြေအနေတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန့် ကြဲ ရောက်ရှိသွား
ခဲ့ကြတဲ့ ကျနော်တို့  တတွေ ဟာ ၂၉နှစ် ဆိုတဲ့ ဆယ်စုနှစ် နှစ်ခုကျော်
ကြာခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် မှာ မမျှော်လင့်ကြဘဲ ပြန်လှယ် ဆုံတွေ
့ခဲ့ကြ ရပြန်ပါတယ်။
ဒီလိုဆုံဖြစ်ခဲ့ကြတော့ ရှေးဟောင်း၊ နှောင်းဖြစ်တွေ ပြောကြရင်းနဲ့ ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းတွေကို တတ်နိုင်သလောက် အနီးစပ့်ဆုံး မှန်မှန်ကန်ကန် မှတ်တမ်းတင်ထားပြီး၊ အတိတ် သမိုင်းအဖြစ်အပျက်တွေထဲမှ သင်ခန်းစာယူသင့်တာတွေ ကို သင်ခန်းစာ ယူနိုင်ကြ ဘို့ ၊ ဘဝတက္ကသိုလ်က သင်ကြားပို့ ချလိုက်တဲ့ ဒီသင်ခန်းစာကောင်းတွေကနေတဆင့် ကောင်းမွန်တဲ့ အနာဂတ်တွေကို နောင် ကျနော် တို့  မျိုး ဆက် သစ် တွေ အတွက် တည်ဆောက်ပေးနိုင် ကြမယ်ဆိုရင် ဆိုတဲ့ ဆန္တတွေ ရင်ထဲမှာဖြစ်ပေါ်လာခဲ့ကြရပါတယ်။
ဒီလို ဆန္တတွေ ကျနော်တို့  ရင်ထဲမှာဖြစ်ပေါ်လာခဲ့ကြ တယ် လို့ ဆို ပင် ဆိုငြား အတိတ်က အဖြစ်အပျက်တွေကို သမိုင်း တခု့ အဖြစ် မှတ်တမ်းတင်ကြတော့မယ်ဆိုတော့ ဘယ်လို အကြောင်းရာတွေ ကနေ၊ ဘယ်လိုအဖြစ်အပျက်တွေအပေါ်မှာ၊ ဘယ်သူတွေကို ဦးတည်ထားပြီး ဘယ်လို မှတ်တမ်းတင်ကြမယ်ဆိုတဲ့ ထင်မြင်ချက် တွေ အခြေခံအခက်ခဲတွေအပြင်၊ လက်တွေ့  လုပ့်ကြရမယ့်၊ စာစီ၊ စာရိုတ်၊ စာရေးတာတွေ၊ အချက်အလက်တွေစုစည်းတာတွေ၊ ကိုယ့်အမြင်ကို အမြင်အတိုင်းတင်ပြပေမယ့် ဒီ့အပေါ် ဖြစ်ပေါ်ရိုတ်ခတ်လာနိုင်တဲ့ ကောင်းကျိုး ၊ ဆိုးပြစ်၊သက်ရောက်မှု အကျိုးဆက်တွေ ကို ကြိုတင် စဉ်းစားရင်း၊ အဲဒါတွေကိုခံနိုင်ရည်ရှိရှိနဲ့  လက္ခံနိုင်ဘို့  ကို သတ္တိမွေးရတာတွေ၊ စတဲ့စတဲ့ အခက်အခဲတွေ ကို စတင် ရင်ဆိုင်ရပါတော့တယ်။
ဥပမာ ဆိုကြပါစို့ ၊ ကျနော်သိတဲ့ ကိုယ်တိုင်ကြုံခဲ့တဲ့ အဖြစ်အပျက်တခုကို ကျနော် ကြုံ ဆုံခဲ့ရတဲ့အတိုင်း မှတ်တမ်းတင်ပြီဆိုပါတော့၊ ပထမ ဆုံး ကျနော့်အနေနှင့် အဖြစ်အပျက်ထဲမှာပါဝင်တဲ့အကြောင်းအရာများ ကို အဂတိတရားလေးပါးနဲ့ ကင်း လွတ်အောင် မှတ်တမ်းတင်နိုင်ဘို့ လိုလာပါတော့တယ်။ ကျနော့်အနေနှင့် အကောင်းဆုံး အတတ်နိုင်ဆုံး မှတ်တမ်းတင်ထားပါတယ် ဆိုဦး အဲ ဒီ မှတ်တမ်း အပေါ်မှာ စာရှု့ သူတို့ မှ သမာသမတ် ကျစွာ ချင့် ချိန်ပြီး နားလည်ပေးနိုင် ကြပါမှအဖြစ်အပျက်မှန်ဆိုတာကို ကျနော် တို့  ရုပ့်လုံးမှန်ပေါ်လာအောင် ထုဆစ်နိုင်ကြ မှာဖြစ်ပါတယ်။
နားလည်မှုပေးနိုင်ဦးတော့ ၊ ဒီလို အဖြစ်ပျက်တွေ ထဲမှာ ပါခဲ့ကြတဲ့သူ အချင်းခြင်း တွေ ထဲမှာတောင၊် သူ့ ဘက် ကိုယ့်ဘက်ဆိုတဲ့ မတူတဲ့ အမြင်တွေ ဆိုတာ ရှိနေနိုင် ပါတယ်။
ဒီနေရာမှာ ကျနော့်သဘောထားအမြင်ကို အားလုံးသိအောင် ပွင့်လင်းစွာပြောထားချင်တာက၊
သမိုင်းတကွေ့ မှာ ကျနော်ကြုံခဲ့၊ သိခဲ့သမျှတွေအပေါ် တတ်နိုင်သမျှ ကျိုးစားပြီး မှတ်တမ်းတင်ထားနိုင်ဘို့  ရယ်၊ အဲ ဒီအကြောင်းအရာတွေကနေ ယူသင့်တဲ့ သင်ခန်းစာတွေထုတ်ယူအသုံးချနိုင်ကြစေဘို့ ဆိုတဲ့ အကြောင်းအရာတွေ ကလွဲလို့  မည်သည့် အဖွဲ့ အစည်း တွေ လူပုဂ္ဂိုလ် တွေ ကို ကိုးကွယ်မှုတွေတိုက်ခိုက်ရန်ရည်ရွယ် မှု တွေ မပါဘဲ၊ မပြောမဖြစ်ပြောရမယ့် အကြောင်းအရာတွေကို ပြန်ပြောခြင်းသာဖြစ်ပါတယ်..လို့  နားလည်ထားပေးစေလိုပါတယ်။
(မည်သည့်အဖွဲ့ အစည်းနှင့် မည်သူကိုမှ ဆန့် ကျင်တိုက်ခိုက် ရန်မရည်ရွယ်ပါ၊ တဦးချင်းစီမှာ မတူသောအမြင် သဘောထားများရှိနေကြမှာဖြစ်ပါတယ်။)
မှတ်တမ်း မှတ်ရာများ သိမ်းထားလေ့ မရှိတဲ့၊ တော်လှန်ရေး ကာလတွေအတွင်းမှာ ထမ်းဆောင်ခဲ့ရတဲ့ တာဝန်တွေ ကြောင့် မှတ်တမ်း မှတ်ရာများ မသိမ်းထားနိုင်ခဲ့ တဲ့ ကျနော့် အတွက် ၂၉ နှစ်ကြာခဲ့ပြီ ဆိုတဲ့အချိန်ကာလတခုရဲ့ ကွာဟမှုကလည်း ကျနော့်ရဲ့ မှတ်သားနိုင်မှု မှတ်ဥာဏ် ကိုစိမ်ခေါ် နေပါတယ်။
ဘာဖြစ်ဖြစ် ကျရာ ကဏ္ဍ တခု့ ကို သိသလောက် မှတ်တမ်း တင်ထားဘို့  လိုလာပြီဆိုတော့ လည်း
ကိုယ်ကျိုးစွန့် ၊ ပိုပြီး အနှစ်နာခံလုပ့်ခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေ မျက်နာကို မဝံ့မရဲ လှမ်းမြင်ကြည့်ရင်း ကိုယ်သိခဲ့တာတွေကို မဖြစ်လို့ သာ ထုတ်ဖေါ်ရတဲ့ ဒီလိုပြောဆိုရမှု အတွက်ကို စိုးရွံ့ အားငယ်မှု တွေဖြစ်မိပါတယ်။
ဒီလိုအခက်အခဲတွေရှိနေပေမယ့် ကျနော့်တို့ သမိုင်းအမှန်ပြုစု ထားနိုင်ကြဘို့ အတွက် တဒေါင့် တနေရာမှ အကျိုးပြုပေးနိုင်ခဲ့ရင် ဆိုတဲ့မျှော်လင့်ချက်ဖြင့် ဒီအကြောင်းအရာတွေကို ကျနော့်အမြင်ရှု့  ဒေါင့်တနေရာမှတင်ပြပေးလိုက်ရပါတယ်။
(ဆက်လက် ဖေါ်ပြပါမည်။ ကျနော့်  အမြင် များ ကို ဝင် ရောက် ဆွေးနွေးကြဘို့ ကိုလည်း ဖိတ်ခေါ်ပါတယ်။)

No comments:
Post a Comment