အခု ဒီ တကြိမ် တင် ပေးချင်တာ ကတော့ မ Shin Htay
ရဲ့ သူ့  ဖေ့ ဘုတ် ဝေါ ပေါ် မှာ တင် ထား တဲ့ ဘိတ် ရှစ်ဆယ့် ရှစ် အကြောင်း
အရာ တခု့  ကို ဒီမှာ မှတ်တမ်း တခု့ အနေနှင့် ပြန် ပြီး ကူး ယူ တင် ပြလိုက်
ပါတယ်။ မ Shin Htay ဟာ ဒီ ဂရု ထဲ မှာ ရှိနေတဲ့ အတွက် ခွင့် မတောင်းဘဲ့ ကူးယူ ဖေါ် ပြ လိုက် တာ ကို နားလည် ခွင့် လွတ်ပါလို့ ။
အားလုံးဘဲ့ ရွှင်လန်း ချမ်း မြေ့ နိုင် ကြပါစေလို့...။
Shin Htay
အမှတ်ရနေဆဲ နေတနေ့ပေါ့
၈ ရက် ၈ လ ၁၉၈၈ ဆိုရင်
ကျွန်မ ၈တန်းကျောင်းသူပါ အရေးအခင်းမဖြစ်ခင်မှာကျောင်းသားကြီးတွေ
ထ ၁ မှာ စာတွေဝေပါတယ် ၈ ရက်နေ့ မှာ သပိတ်မှောက်မယ် ဆန္ဒပြမယ်ပေါ့ အားလုံးက သိကြပေမဲ့ အတွေအကြုံမရှိကြဘူး အဲဒီနေ့မှာ ကျွန်မတို့ကျောင်းကို အစောကြီးလာရမယ်လို့ ဆရာမတွေက မှာကြားပြီးသား ကျောင်းနောက်ကြရင် အပြစ်ပေးမယ်လို့ပြောပြီးသား
သို.ပေမဲ့ ထိုနေ့မှာ ၈ နာရီ ၃၀ လောက်မှ ကျွန်မကျောင်းရောက်တော့ ကျောင်းတံခါးက ပိတ်သွားပြီ ဆရာမတွေက စောစောလာဖို့ပြောထားရင်နှင့် ကျောင်းနောက်ကျနေတာက ကိုယ်အပြစ်
ဘယ်လိုလုပ်ရမလဲ စဉ်းစားနေချိန် လက်ရှိ ဘုရားသိမ်ဖက် နှင့် လေးဂိုးနား
မှ ကျောင်းသား ၁၀ ဦးခန့် တို့အရေး အော်ပြီး လာနေတာတွေ့ရတယ် ဘာလုပ်မှန်းမသိဘူးပေါ့
ကျွန်မ အနားရောက်တော့ ကျောင်းသားကြီးတစ်ယောက်က ကျွန်မ
လက်ကို ဆွဲပြီး ဆွဲခေါ်လို့ ကျွန်မပါသွားတယ် ကြောက်ကြောက်နှင့်ပါသွားတယ် ထ ၂ က ကျောင်းသားတွေပါ အသိတယောက်ပါလို့ ပြောနိုင်တာပါ ကျွန်မနှင့်နောက်ထပ် ထ ၁ မှ ကျောင်းသူတယောက်ထပ်ပါလာတယ်
ဘယ်သုမှန်းမသိဘူး ထိုနောက် ပလောက်စု လမ်းမှ ဖြတ်ပြီး
ထ ၄ ကို သွားကြတယ် ထ ၄ ရောက်တော့လည်း တံခါးတွေ ပိတ်ပြီး ကျောင်းသားကြီးတွေကို အပေါ်ထပ်ပို့ထားပြီး အတန်းငယ်တွေက အောက်ထပ်ပေါ့ ထိုအချိန် ကျွန်မတို့ကလေးတွေကို ထ ၄ ကျောင်းထဲ ဖက်တက်ပြီးကျောင်းဝင်းထဲ ၀င်ခိုင်းကြတယ်ပေါ့ သစ်တံခါးအမြင့်ကြီးတွေကို ဖြတ်ကျော်ဖို့ ကျွန်မတို့ကို ပြည်သူတွေက ချီပို့ပေးတယ် ကျွန်မတံခါးအပေါ် လည်းခွပြီး ခုန်ချဖို့လုပ်တော့
သံနှင့် ကျွန်မစကပ်နှင့် ညိပြီး ခုန်ချလို မရဖြစ်လို့ လူကြီးတဦး ကူဖြုတ်လိုက်လို့ ခွေးကျမကျ ကံကောင်းသွားတယ် ဘယ်သူတွေဆိုတာလည်းမသိကြဘူး လူက ၅၀ လောက်တာ့ဖြစ်လာပြီ ထ ၎
ရောက်တော့ ကျောင်းသူတွေကို လိုက်ခ်ဲဖို့ ခေါ်တယ် စည်းရုံးပေမဲ့ ဘယ်သုမှ မလိုက်ကြဘူး ပြီးမှ အပေါ်ထပ်က ကျောင်းသား ၂ယောက် ၃ယောက် ပါလာတာ
သိလိုက်တယ် ထိုမှ တဆင့် ကွက်သစ်မှ တဆင့် သိမ်တော်ကြီးကို တက်ကြတာကအဖွဲ့၃ ဖွဲကွဲသွားတယ် တစ်ဖွဲ့ ထ ၃ ၊ ကျန်တစ်ဖွဲ ကတော့ စည်ပင်ခြံဝင်းက ဓာတ်ပုံခိုးရိုက်လို့ဆိုပြီး လူကြီးတွေ ပြဿနာဖြစ်နေကြတာ တွေ့ တယ် ထိုအချိန်မှာ လူက
၂၀၀ လောက်ဖြစ်လာတယ် ကျွန်မက သိမ်တော်ကြီးတောင်ပေါ်တက်တဲ့အဖွဲ့ပါသွားတယ် လက်ရှိသိမ်တော်ကြီး မုဒ်ပေါက်နေရာက အရင်က
မရှိဘူး အဲဒီနေရာက ရဲအရာတယောက် သေနတ်အတိုနှင့် ပစ် လိုက်တာ ကျွန်မအရှေ့က လူတစ်ယောက်
လှဲကြသွားတာ ကျွန်မကြောင်ကြည်နေခိုက်
လူကြီးတယောက် ကျွန်မလက်ကို ဆွဲပြီး ၀ပ်လိုက်ပြီးတာနှင့်ကျွန်မကိုဆွဲခေါ်သွားပြီး လက်ရှိ ဓမ္မာရုံလုပ်ထားတဲ့နေရာက အရင်က တောကြီးပါ အဲဒီကနေပြီး လူတွေ ၀ိုင်းပြီးတောင်အောက်ကိုဖင်းစိုင်းဆင်းပြေးရတယ် ဈေးဖက်တောင်အောက် လက်ရှိ လျှပ်စ်ရုံးအနောက်ဖက်ကို ရောက်သွားတယ် အဲဒီမှ အိမ်ကိုပြန်ပြေး အိမ်ကအမေက လူသေတယ်ဆိုတော့ သမီးကို လိုက်ရှာ နောက်တော့ သပိတ် စခန်းဖွင့်တဲ့ ထ ၁. ၃ထပ်ဆောင်မှာ သပိတ်စခန်းမှာ နေလိုက်တယ်
နောက်တရက်တော့ ကျောင်းသားကြီးတွေက လုံခြုံရေးလုပ်ပေးတာတို့ စပယ်ခန်းမှာ ကိုကိုဦးအလောင်းကို သယ်ပြီး စခန်းချတာတို့လုပ်တယ် ကိုယ်တွေက ငယ်တော့ ခန်းမထဲလည်းမသွားရဲ မိန်းကလေးတွေကို သီးသန့် ၃ ထပ်ဆောင်မှာ နေခိုင်းတယ် မနက်ကြလာရင်
မိဘတွေကလာတွေတာနှင့် စားစရာလာပို့သူတွေနှင့် ပေါ့ စည်ကားလျှက်ပေါ့
ကျောင်းသားကြီးတွေက ခေါင်းမှာ အနီပတ်တွေစည်းပြီး ကျောင်အုတ်နံရံတွေမှာစောင့်လို့ လုံခြုံရေးလုပ်ပေးတယ်
ပြည်သု တွေနှင့်မိဘတွေက ကုက္ကိုလ်င်ပင်ကြီး
အောက်ကနေ နေတိုင်းလိုလို့လာအားပေးကြတာပေါ့
နေတိုင်းမြို့ထဲ ချီတက်ဆန္ဒပြကြတယ်
ုဒုတိယနေ့မှာ မြို့သစ် ရောက်တော့ မြမောင်အိမ်ကို ခဲနှင့်ပေါက် ၀ိုင်းဖြဲကြတယ် ထ ၁လမ်း
က ဂိုထောင်တွေ ဖောက်တော့ ပစ္စည်းတွေ အပြင်လူဝိုင်းသယ်ကြလို့ ကျောင်းသားတွေနှင့် အပြင်လူပြဿနာဖြစ်ခဲ့ကြတာ မှတ်မိတယ် ကျွန်မတို့က စာအုပ်တွေကို ကျောင်းကိုသယ်ကြတယ် အိမ်နေရာအခင်းမရှိတော့ စာအုပ်တွေ ဖြဲပြီး အခင်းလုပ်အိပ်ကြတာပေါ့
နောက်ပိုင်း တစတစလူထုအုံကြွမှုက တဖြည်းဖြည်းများလာတယ် မနက်ဆိုကျောင်းကိုလာမြို့ထဲလမ်းလျောက်ချီတက်ဆန္ဒပြ ညဘက်တွေဆို သတင်းတွေကို ဘုန်းကြီးကျောင်းတွေမှာ ခိုးနားထောင်ရတာ မှတ်မီတုန်းပဲ့ စစ်တပ်ကအကောင်တွေ အုပ်စုလိုက် ကျွန်မတို့ရပ်ကွက်ထဲ ကင်းလည့်ရင် သေနတ်နှင့် ချိန်လို့ ကြောက်ရတာကလည်း အမောပါပဲ့ အခုတော့လည်း ငယ်ကဖြစ်စဉ် ပြန်စဥ့်းစားရင်း ပြန်လည်မြင်ယောင်လာတယ် အရမ်းဝေကွာလွန်းလို့
မနည်းပြန်စဉ်းစားနေရတယ် အမှတ်တရပါပဲ့
သပိတ်စခန်းမှာ ထမင်းထုတ်လာပို့ပေးတဲ့ ပြည်သူများအားလုံး ညနေစာလာကူချက်ပေးတဲ့
ပြည်သုတွေ အားလုံးကို အမှတ်ရနေပါတယ်
ထမင်းထုတ်ထဲ ပိုက်ဆံထည့်ပေးလို့ မုန့်ဖိုးတောင်ရခဲ့ပါသေးတယ်
သတိရနေဆဲပါ
ကျွန်မတို့ လူငယ်ဘင်ခရာအဖွဲ့လည်း ဆန္ဒပြရာမှာ
ဆရာဦးစောလွင်ခေါင်းဆောင်ပြီးပါလာတာလည်းအမှတ်ရနေဆဲပါ ပြည်သုများနှင့်အတူပေါ့
ငယ်စဉ်ဘ၀ အမှန်တရလေးပေါ့
၈.၈.၈၈ ပထမနေ့ ကတည်းကပါလာသော
သူများရှိက ထိုနေ့က ဖြစ်စဉ်ကို ပြန်လည်အမှတ်ရရှိဖို့ သတိရသလောက် ၀င်ဆွေး
နွေးပေးပါ ဖိတ်ခေါ်ပါတယ်
https://www.facebook.com/groups/1396640697119767/permalink/1398490356934801/

No comments:
Post a Comment