Friday, September 27, 2013

* (၁၁) ဘီလျံကိစ္စ ဒီလိုဖြစ်သင့် ဖြစ်နိုင် *



ဦးကြည်မြင့် (လသာ) | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၅၈ မိနစ်ယခင်အပတ်များအတွင်း ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ဥစ်္စာဓနရံပုံငွေ Sovereign Wealth Fund (SWF) တို့ငွေတွေ နိုင်ငံခြားကို မသွားရအောင် ကြံဆောင်ပါရစေစသော ဆောင်းပါးများ ရေးဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင်လည်း အထူးစီးပွားရေးဇုံ ဥပဒေကြမ်းကို ၀င်ရောက် ဆွေးနွေးရာ တည်ဆောက်ရင်းနှီးမြှုပ်နှံသူ Builderinverstor နေရာ၌ နိုင်ငံသား၊ နိုင်ငံခြားသားတစ်ဦးတည်းထက် နိုင်ငံစုံ စုပေါင်းအဖွဲ့အစည်းကြီး conglomerate consortium နှင့် နိုင်ငံပိုင်ဥစ္စာဓန ရန်ပုံငွေ SWF က လုပ်ကိုင်ခြင်းဖြင့် ပိုမိုကျစ်လစ် ခိုင်မာရှင်းလင်းမည့်အကြောင်း ပါဝင်ခဲ့ပါသည်။ဒုဝန်ကြီးနှင့် ပြည်သူ့လွှတ်တော် ဥပဒေရေးနှင့် အခြားကိစ္စရပ်များ ကော်မရှင်အဖွဲ့ဝင် အချို့က SWF ကို ဘာကြောင့် ထည့်ပြောရသလဲဟု ကျွန်တော့်ကို ပြန်မေးကြပြီး မြန်မာပြည်တွင် ဖြစ်မလာသေးကြောင်း ယင်းအတွက် ဥပဒေသစ်ရေးဆွဲရန် လိုမည်ဖြစ်ကြောင်းများဖြင့် ပယ်ချပါသည်။ပါးနပ်သော အလေ့အကျင့်ရပြီးသည့် ဘောဂဗေဒပညာရှင် တစ်ဦးအနေဖြင့် နိုင်ငံတော်၏ နေ့စဉ် ဓာတ်ငွေ့ ရောင်းရငွေ ကျောက်မျက်၊ သတ်္တုထုတ်လုပ်မှုနှင့် အပေါ်ပွဲအောက်ပွဲများမှ ၀င်ငွေ၊ အောက်ဈေးနှင့် ပဲပြောပြော၊ သစ်သား၊ ငါး၊ ပဲတို့ တင်ပို့မှုမှဝင်ငွေတို့သည် ဗဟိုဘဏ်တွင် အသားတင် နိုင်ငံခြားငွေနှင့် ဈေးအကျအလျောက် ၀ယ်ယူကစားအပ်သည့် (ပြည်သူ့တို့အတွက် နစ်နာဆုံးရှုံးမှု ဖြစ်စရာမရှိသော ရှင်းလင်းသည့် ရောင်းဝယ် စုဆောင်း မှုဖြစ်သည့်) ရွှေတို့ကို နိုင်ငံတော်၏ နိုင်ငံခြားငွေကြေးနှင့် ရွှေအရံ State Foreign Exchange and Gold Reserve အဖြစ် သိုလှောင်ထားရှိကာ အမျိုးသားဥစ္စာဓန Wealth of A Nation အင်အားကို ပြသထားရှိနိုင်သော အနေအထားရှိကြောင်း ခန့်မှန်းမိသည့်အတိုင်း ရိုးရိုးသားသား နိုင်ငံသားတစ်ဦး၏ တာဝန်ဟူသော အသိဖြင့် as a citizen with a conscioud of duty လေ့လာ ရေးသားခဲ့ခြင်းဖြစ်ပါသည်။သို့သော် တိုက်တိုက်ဆိုင်ဆိုင် Daily Eleven ဂျာနယ် (၁၂ -၉-၂၀၁၃)က သတင်းဇစ်မြစ်တိကျစွာ ဖော်ပြနိုင်ခြင်း မရှိဘဲ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံပိုင်ငွေ ၁၁ ဘီလျှံ ဒေါ်လာကို ပြည်ပတွင် အပ်နှံထားခြင်းကြောင့် ကမ္ဘာဘဏ်နှင့် ဖွံ့ဖြိုးရေးဘဏ်တို့တွင် တင်ရှိနေသောကြွေးမြီများကို လျှော်ပေးခြင်း မခံရကြောင်း ရေးသားပါရှိလာသည်။ဒီတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ဗဟိုဘဏ်တို့က မီဒီယာများကို (၂၀-၉-၂၀၁၃) တွင် ခေါ်ရှင်းရပြီး ခေါ်ရှင်းမည့် သတင်းကို ပြင်ပဂျာနယ်တို့၌ တစ်ရက်ကြို ဖော်ပြသည်။အစိုးရအဖွဲ့ဝင်များက နိုင်ငံအသီးသီးရှိ သံရုံးများစသည့်တို့၏ သုံးစွဲမှုနှင့် ၀င်ငွေ၊ ကုန်သွယ်ရေးရငွေ ပေးငွေတို့ နိုင်ငံအနှံ့ ဘဏ်အနှံ့တွင် ဖွင့်ထားရကြောင်း ရေးသားပါရှိလာသည်။အစိုးရအဖွဲ့ဝင်များက နိုင်ငံအသီးသီးရှိ သံရုံးများစသည့်တို့၏ သုံးစွဲမှုနှင့်ဝင်ငွေ၊ ကုန်သွယ်ရေးရငွေပေးငွေတို့ နိုင်ငံအနှံ့ ဘဏ်အနှံ့တွင် ဖွင့်ထားရကြောင်း ပုဂ္ဂလိက လျှို့ဝှက်ဘဏ်စာရင်းဟူ၍ မရှိကြောင်း ယင်းတို့ရှိ စုစုပေါင်းအသားတင် ပိုငွေ၊ လိုငွေသည် အမြဲပြောင်းနေမည် ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ သိရသမျှ နောက်ဆုံး အသားတင် ပိုငွေ၊ နိုင်ငံပိုင် ဥစ္စာဓနရန်ပုံငွေ၇ ဒသမ ၆ ဘီလျှံဒေါ်လာဖြစ်ကြောင်း ဖြေကြားပါသည်။Daily Eleven သတင်းစာကမူ စကာင်္ပူနိုင်ငံ OCBC, UOB, DBS ဘဏ်တို့တွင် သိမ်းဆည်းထားသောငွေစာရင်းများ စုံစမ်းဖော်ထုတ်ရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍ သူတို့၏ မေးမြန်းချက်ကိုပြန်လည် ဖြေကြားခြင်း မရှိကြောင်း (၂၁.၉.၂၀၁၃) ရက်နေ့ ထုတ်သတင်းစာ၌ ဆက်လက်၍ ဖိရေးသည်။ကျွန်တော့်အနေဖြင့် ရှေးမဆွကပင် နိုင်ငံတော်တွင်ခိုင်မာသောနိုင်ငံခြားငွေ အပိုအလျှံများရှိလာခြင်းကို ယုံကြည်သည်။ ဒေါ်လာငွေနှင့် ကျပ်ငွေလဲနှုန်း (၂၀၁၁ သြဂုတ်လလောက်တွင် အနိမ့်ဆုံး ၇၅၀ ကျပ်ခန့်အထိ ၂၀၁၀ သြဂုတ်လအမြင့်ဆုံး ၁၀၀၀ ကျပ် နီးပါးမှ) ကျဆင်းလာကတည်းက ခေါင်းထောင် လေ့လာ မှတ်သားမိသည်။ ယင်းအပေါ် ကား တင်သွင်းခွင့် ဖြေလျှော့ခြင်းအစရှိသည့် လုပ်ရပ်များနှင့် ဒေါ်လာငွေ ဈေးဆွဲတင်ခြင်းကို ကျွန်တော် မကြိုက်ကြောင်း မကြာခဏ ဂျာနယ်များတွင် ဆောင်းပါးရေး ဖြစ်သည်။အထူးသဖြင့် စရိတ်လျော့ချခြင်း၊ နည်းပညာနှင့် စီမံခန့်ခွဲရေး စနစ်ကျအောင် ကိုင်တွယ်သုံးစွဲခြင်းစသည်အားဖြင့် ပြိုင်ဆိုင်နိုင်စွမ်း တိုးတက်အောင်မလုပ်ဘဲ ပြည်သူ့ဘဏ္ဍာသို့ ပေးသွင်းရသော ခိုင်ကြေး၊ လိုင်စင်ကြေး၊ အခွန် အကောက်တွေ လျှောပေးဖျက်ပေးဖို့အပြင် ဒေါ်လာငွေဈေးဆွဲတင်ပေးဖို့ပါ လွှတ်တော်ရောက် စီးပွားရေးသမားများနှင့် သူတို့၏ လက်ဝေခံအမတ်အုပ်စုတို့က ကြိုးပမ်းကြသည်။ လွှတ်တော်ပြင်ပ ပညာရှင် ဖိုရမ်တွေ ဟိုတယ်ပွဲတွေဖြင့်လည်း ချဉ်းကပ်ကြကာ ငါးမွေး၊ ပုဇွန်မွေး၊ စပါးပို့သူများက တောင်သူလယ်သမား အသင်းအဖွဲ့များ အမည်ခံ၊ သူတို့မရှိလျှင် ပြည်သူတွေ ငတ်သေတမ်းပြောကြသော အမျိုးသားစီးပွားရေး သူရဲကောင်း အသင်းအဖွဲ့များ၏ ချဉ်းကပ်မှု၊ လှုံ့ဆော်မှုများကို အတိုက်အခံ ပြုခဲ့ရသည်။နောက်တော့ ကျွန်တော့်ကို ဆွေးနွေးပွဲများဖိတ်ကြားမှုနည်းလာသည်။ အခေါ်အပြော မလုပ်ဘဲ ရှိလာသည်။မိခင်ပါတီကြီးကပင် ပြန်လက်ခံဖို့အရေး ဤအပြောအရေးများကို အကြောင်းပြချက် တစ်ရပ်အဖြစ် ငြင်းဆိုခြင်းခံရသည်။ဒေါ်လာငွေဆွဲတင် ပို့ကုန်တင်ပို့နိုင်ရေး မူဝါဒဘက်သားက အစိုးရအဖွဲ့ လွတ်တော်တွင်များသည်။ စက်မှုကုန်သည်ကြီးများက SME တို့ တောင်သူလယ်သမားတို့ အလုပ်သမားသမဂ္ဂတို့ကိုပင် အသုံးချလျက် ဒေါ်လာငွေဆွဲတင် ပို့ကုန်ဈေးကိုက်ရေးမူဝါဒကို “ခင်ဗျားတို့ အကျိုးဟူ၍ လှည့်ဖျားထောက်ခံစေခဲ့သည်။ ထို့ကြောင့်လည်းမြန်မာနိုင်ငံ၏ ကုန်သွယ်ရေးရှင်းတမ်း terms of trade အပါအ၀င် နိုင်ငံခြားငွေပေးငွေယူ ရှင်းတမ်း balance of payment (အတိုး၊ အမြတ်နှင့်တကွ ပြန်ဆပ် ပြန်ပေးရမည် FDI၊ ODC) များသည် ပိုငွေပြသထက် ပြလာနေစရာ အကြောင်း ရှိသည်။ ယင်းတို့ကို ယနေ့ (၇ ဒသမ ၆) ဘီလျံပဲ ရှိတာပါ။ ၁၁ ဘီလျှံ ရှိတာပါဟု ပြောကြားပြောဆိုနေရမည့်အစား၊ ဗဟိုဘဏ်တွင် တစ်လုံးတစ်ခဲတည်း နိုင်ငံပိုင် ဥစ္စာဓန ရန်ပုံငွေ SWF အဖြစ်ထားရှိရန် ကျွန်တော်က ဂျာနယ်များ၌ တိုက်တွန်းရေးသား ပြောဆိုခြင်း၊ လွှတ်တော်တွင် ထည့်သွင်းပြောကြားခြင်းများ ပြုရပါကြောင်း။

Mizzima - News in Burmese

No comments: