Posted by Phoe Cho on September 22, 2013
စစ်ပွဲတွေဖြစ်တိုင်း
ကိုယ်နဲ့စိတ်ဆင်းရဲ ရသူတွေဟာ ပြည်သူတွေပဲ ဖြစ်ပါတယ်။
စစ်ပွဲတွေဖြစ်တိုင်းပြည်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို
ထားပစ်ခဲ့ရတယ်။ သူတို့ရဲ့ အသက်ရှင်သန်မှုအတွက် သူတို့ဟာ စစ်ပွဲတွေကြားထဲက
ပြေးလွှားရင်း သူတို့မိသားစုတွေနဲ့ တသက်တာ ခွဲခွာသွားကြရတယ်။ လင်သေတဲ့
မုဆိုးမတွေ၊ သားပျောက်မိခင်တွေ
အများကြီးဖြစ် လာကြတယ်။ ဒါကြောင့် ပြည်သူလူထုဟာ စစ်ကို မလိုလားကြပါဘူး။
ဒါဖြင့်
ဘယ်သူတွေကများ စစ်ကိုလိုလားလဲလို့ မေးရင်တော့ စစ်ကြောင့်အကျိုး
ဖြစ်ထွန်းခဲ့သူတွေက
စစ်ကိုလိုချင်ကြ ပါတယ်။ စစ်ဖြစ်နေတဲ့အချိန်မှာ အကျိုးရှိနိုင်လို့လားလို့
မေးရင်တော့ ကမ္ဘာကျော် လေရူးသုန်သုန်ဝတ္တုထဲက ဇတ်လိုက်ကျော်
ရက်ဘတ်တလာပြောသလိုပဲ စစ်ဖြစ်နေတဲ့ အချိန်ဟာ စီးပွားရှာလို့အကောင်းဆုံး၊
သူဋ္ဌေးဖြစ်ဖို့အမြန်ဆုံးဆိုတဲ့ လူစားတွေအတွက်တော့ စစ်ဟာ
အကျိုးဖြစ်ထွန်းပါတယ်။
ငြိမ်းချမ်းရေးလို့ပြောရင်
စစ်မက်ကင်းဝေးတာ၊ ပြဿနာတွေမရှိတာ၊
အားလုံး အေးချမ်းနေတာပါ။ စစ်မက်ကင်းဝေးဖို့အတွက် အရင်ဆုံးတော့
အပစ်အခတ်ရပ်စဲရပါလိမ့်မယ်။ တကယ့် ပကတိအခြေအနေအရတော့ ကမ္ဘာကြီးမှာလဲ
ငြိမ်းချမ်းရေးမရှိဘူး။ မြန်မာပြည်မှာလဲ ငြိမ်းချမ်းရေးမရှိတာ သေချာပါတယ်။
စစ်အေးခေတ်မှာလဲ အမေရိကန်နဲ့ ရှရှားရဲ့ ပြိုင်ဆိုင်မှုကြောင့်
ကမ္ဘာ့ပြည်သူတွေ စိတ်တထင့်ထင့်နဲ့ နေခဲ့ရတာပါ။ ဒါကြောင့် ကမ္ဘာ့ပြည်သူတွေက
ငြိမ်းချမ်းရေးကို တောင်းဆိုလာပါတယ်။ ဒါကြောင့်လဲ ငြိမ်းရေးဆွေးနွေးပွဲတွေ
ကျင်းပလာခဲ့ပါတယ်။ ဒီလို ကျင်းပတဲ့ပွဲအတွင်းမှာပဲ ကွန်မြူနစ်တွေက
အနောက်အုပ်စုကို စစ်ကိုဖန်တီးသူတွေ၊ စစ်နဲ့ကြီး ပွားချမ်းသာလာသူတွေအဖြစ်
စွပ်စွဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ကွန်မြူနစ်အုပ်စု
ခွဲထွက်လာပါတယ်။ ဒီလိုခွဲထွက်ပြီးတဲ့နောက် ကွန်မြူနစ်အုပ်စုတွင်းမှာပဲ
တရုတ်နဲ့ ရှရှားရဲ့ အားပြိုင်မှုက ပြင်းထန်လာပြန်ပါတယ်။ တရုတ်က
ငြိမ်းချမ်းရေးကိုဆွေးနွေးရမည့် ဆိုတဲ့ အတွေးအခေါ်နဲ့ ရှရှားကတော့ လက်နက်ဖျက်သိမ်းရေးဆိုတဲ့ အတွေးအခေါ်ကို တင်လာကြပါတယ်။
စစ်အေးကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးနေရင်းက အုပ်စုကြီး ၃ စု ဖြစ်ပေါ်လာခဲ့ရတာပါ။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆို ရင် အကြောင်းအရာအားလုံးကို
ခြုံငုံဆွေးနွေးမှာ တကယ့် ငြိမ်းချမ်းရေးရလာမှာ ဖြစ်ပါတယ်။
ဗမာပြည်ဟာလည်း
လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကိုလည်း မွေးဖွားခဲ့ပါတယ်။ စစ်တွေရဲ့
ထုံးစံအတိုင်းဒေသခံ ပြည်သူတွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို ခါးစည်းခံခဲ့ရပါတယ်။
တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ အာဏာရအစိုးရကြား တဖွဲ့နဲ့တဖွဲ့
နားလည်မှုမရှိကြတဲ့ အခါမှာ ပြည်တွင်းစစ်ရဲ့ သက်တန်းလည်း
ရှည်ကြာလာပါတယ်။ ၁၉၆၂ ဝန်းကျင်မှာ ကမ္ဘာတဝှမ်းလုံး
ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာစူနေတာမို့ ၁၉၆၂ မှာ အာဏာသိမ်းခဲ့တဲ့
တော်လှန်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွ က် ၁၉၆၃ ခု၊
ဇွန်လ ၁ဝ ရက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကော်စီ၏
ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ့ကြေညာချက်အပေါ်မှာ
ပြည်သူများနှင့်
နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက
ကြိုဆိုခဲ့ပါတယ်။
ပထမဦးဆုံးအနေနှင့် သခင်စိုး ဦးဆောင်သော
အလံနီကွန်မြူနစ်ပါတီနှင့် ၃ ကြိမ်တွေ့ဆုံပြီးနောက် တော်လှန်ရေးကောင်စီမှ
အလံနီကွန်မြူနစ် ပါတီနှင့်တွေ့ဆုံဆွေးနွေးပွဲကို ရပ်စဲကြောင်း
ကြေညာခဲ့ပါတယ်။ ထို့နောက် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ၈
ကြိမ်တွေ့ဆုံခဲ့ပြီး
နောက်တွင်တော်လှန်ရေးကော်စီဘက်က အပစ်အခတ်ရဲစဲရေးနှင့် အပစ်ရပ်ထားစဉ်
စည်းရုံးရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းထားရမယ်လို့ တောင်းဆိုခဲ့တယ်။
ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ)၊ ကေအန်ယူ၊ မွန်ပြည်သစ်ပါတီ၊
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များနှ င့် တွေဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်အောင်
ညှိနှိုင်းနိုင်ခဲ့ခြင်းမရှိတဲ့ အတွက် ပြည်တွင်းငြိမ်းချမ်းရေး
မရခဲ့တာဘဲ ဖြစ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေးမရခဲ့ခြင်း၏ အဓိကအချက်အဖြစ်
တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေး အစစ်အမှန်ရလိုခဲ့မှု မရှိခြင်းကြောင့်
ဖြစ်တယ်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ တော်လှန်ရေးကောင်စီအနေနဲ့ မတူညီတဲ့
ရည်မှန်းချက်တေအပေါ်မှာ သဘောထားကြီးကြီးမထားဘဲ သူတို့လိုချင်တဲ့
အချက်အလက်တွေရအောင် သွေးခွဲချော့ မော့တာ၊ ဖြားယောင်းသွေးဆောင်တာတွေကြောင့် 
ပြည်တွင်းငြိမ်းချမ်းရေး မရခဲ့ခြင်း ဖြစ်တယ်။ အဲဒီ့နောက်မှာတော့
ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံကို အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ အရင်သွေးခွဲချော့မော့တဲ့နည်းလမ်းကိုပဲ
ဗျူဟာပြောင်းပြီး
သုံးခဲ့ပါတယ်။ ၁၉၈၉၊ မတ် ၁၄ ရက်မှစတင်ပြီး ဗကပ နှင့်
တပ်ပေါင်းစုဖွဲ့ထားသည့် ကိုးကန့်တပ်ဖွဲ့များမှ စတင်ပုန်ကန်ကာ
ကိုးကန့်တပ်ဖွဲ့များက နဝတနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနော က်
ကိုးကန့်အဖွဲ့တွေက အထူးဒေသ (၁) အဖြစ်တရားဝင် ရရှိခဲ့သလို
စီးပွားရေးလုပ်ပိုင်ခွင့်တွေကို လည်းရယူခဲ့ပါတယ်။ အဲဒီ့နောက်တော့ ဝ
တပ်ဖွဲ့တွေရဲ့ ပုန်ကန်မှုကိုရင်ဆိုင်ရပြီး ဗကပ
ပြိုကွဲခဲ့ရပါတယ်။ ဝ တပ်ဖွဲ့တွေဟာ နဝတအစိုးရနဲ့ အပြန်အလှန်
သဘောတူညီချက်ရရှိခဲ့ပြီး ‘ဝ’ အထူး ဒေသအဖြစ် ထူထောင်ခွင့်ရခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံအား စစ်တပ်မှ အာဏာသိမ်းဖြိုခွင်းလိုက်တဲ့အခါ မှာ
ကျောင်းသားအများစုဟာ တောတွင်းကို လက်နက်ကိုင်ဖို့အတွက် ရောက်ရှိခဲ့ပါတယ်။
ရောက်လာတဲ့ ကျောင်းသားတွေထဲကမှ အများစုဟာ ကေအန်ယူ ထိမ်းချုပ်တဲ့ ဒေသ၊
မာနယ်ပလောမှာ
အခြေချပြီး ကျောင်းသားတပ်မတော်ကို ထူထောင်ခဲ့ပါတယ်။ အဲဒီ့နောက်တော့
မာနယ်ပလောဟာ လက်နက်ကိုင် ဒီမိုကရေစီဘက်တော်သားတွေရဲ့ ဗဟိုချက်မ
ဖြစ်လာပါတယ်။ ဒါကြောင့် ကေအန်ယူဟာ စစ်အစိုးရရဲ့ ရန်သူတော် နံပါတ်(၁)
ဖြစ်လာပြီး ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ ငြိမ်းအဖွဲ့တွေဟာ
အခြားတိုင်းရင်းသားလက်နက်ကိုင်ေ တွကို မိမိလက်နက်မိမိကိုင်ထား၊
ကိုယ့်နယ်မြေကိုထိမ်းထား၊
ဒေသဖွံ့ဖြိုးရေးကို လက်တွဲလုပ်မယ်၊ နိုင်ငံရေးအရ ဆွေးနွေးတာတွေကိုတော့
ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတက်လာချိန်မှ ဆွေးနွေးမယ်ဆိုတဲ့
သဘောတူညီချက်အရယူပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေပေး ကာ အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ ကေအန်ယူ ဘက်မှာတော့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကရင်လူမျိုးတွေနဲ့ ခရစ်ယန်ကိုးကွယ်တဲ့ ကရင်လူမျိုးကြား သပ်လျှိုကာ
သွေးခွဲခဲ့ကြပါတယ်။
မြိုင်ကြီးငူ ဆရာတော်ကိုအကြောင်းပြုပြီး
KNUနဲ့ DKBA ဆိုပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ ကွဲရပါတယ်။ ၁၉၉၄
ခုမှာ KIA (ကချင်လွတ် မြောက်ရေးတပ်မတော်) က နဝတအစိုးရနဲ့ ငြိမ်းချမ်းရေး
လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါကြောင့် နဝတ အစိုးရအနေနဲ့
ခြေမှုန်းစရာလက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ ကေအန်ယူ တဖွဲ့ပဲ ကျန်တော့တဲ့
အခြေအနေကို ရခဲ့ပါတယ်။
ဒါကြောင့် ၁၉၉၅၊ ဇန်နဝါရီလဆန်းမှာ မာနယ်ပလော ကျခဲ့ရပါတယ်။
တော်လှန်ရေးကောင်စီရဲ့ အမွေခံ နဝတ အစိုးရဟာ သူတို့ကို
လက်နက်ကိုင်တိုက်ခိုက်သူတွေကို တစစီ ဖြိုခွဲလိုက်နိုင်ပါတယ်။ တကယ်တော့
အဲဒီ့အချိန်က ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးလက်မှတ်ဟာ အစစ်အမှန်
မဟုတ်တဲ့အကြောင်းကို ၂ဝ၁ဝ ရွေးကောက်ပွဲပြီး နောက်တနေ့မှာ DKBA နဲ့ အစိုးရ
တိုက်ပွဲဖြစ်ပွားတာက
ပြန်လည်စတင်ခဲ့ပါတယ်။ အဲဒီ့နောက်တော့ ၂ဝ၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့
ကချင်စစ်ပွဲတွေကနေ ဒီနေ့အထိဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သက်သေခံပါတယ်။
ဒီနေ့အချိန်မှာတော့ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်နေပေမဲ့ တိုင်းရင်းသား အဖွဲ့တွေကရော၊ ပြည်သူလူထုကပါ သံသယနဲ့စောင့်ကြည့်နေတာပါ။
လက်တွေ့မှာ
ငြိမ်းချမ်းရေးကို ဆွေးနွေးကြတဲ့အခါ
အပစ်အခတ်ရပ်စဲဖို့ရော၊ နိုင်ငံရေးအရ ဖြစ်ခဲ့တဲ့ ပြဿနာတွေအပေါ်မှာ
ဆွေးနွေးညှိနှိုင်းမှုရော လုပ်မှသာ ရေရှည်တည်တံတဲ့ ငြိမ်းချမ်းရေးကိုရမှာ
ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားပြောကြတဲ့အခါ မှာ အင်အားကြီးသူက
မိမိအသာရရေးကို ဦးမတည်ဘဲ မိမိသဘောထားကြီးကြောင်းနဲ့ အမှန်တကယ်
ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ ပြသနိုင်ရင်တော့ မရနိုင်ဘူးလို့ထင်နေတဲ့
ငြိမ်းချမ်းရေးအရသာကို ပြည်သူတွေ ခံစားလာရမှာ ဖြစ်ပါတယ်။
မှားယွင်းခဲ့တဲ့
သမိုင်းကြောင်းကြောင့် သယံဇာတတွေ အများအပြားထွက်ရှိတဲ့ မြန်မာနိုင်ငံဟာ
အဆင်းရဲဆုံး၊ ကျရှုံးစာရင်း ဝင်နိုင်ငံ ဖြစ်ခဲ့တာပါ။ နှစ်ရှည်လများ
စကားလုံးကျည်ဆံတွေနဲ့ အငြင်းပွားနေကြမဲ့အစား အားလုံးလက်ခံယုံကြည်နိုင်တဲ့
အခြေခံဥပဒေတခုအပေါ်မှာ အာဏာကိုအညီအမျှခွဲဝေနိုင်ရင်၊
သယံဇာတကို အားလုံး ခွဲဝေသုံးစွဲနိုင်ကြမယ်ဆိုရင် ဘာဖြစ်လို့ သာယာဝပြောတဲ့
နိုင်ငံတခု မဖြစ်ပေါ်ရမှာလဲ။ တကယ်ကိုငြိမ်းချမ်းလိုတယ်ဆိုရင် တော့
အားကြီးသူဘက်က သဘောထားကြီးမှုကိုပြသရင်း၊ အင်အားနည်းသူက
နားလည်သဘောပေါက်မှုကို ပြသခဲ့မယ်ဆိုရင်တော့ တနေ့မှာ ငြိမ်းချမ်းရေးဆိုတာကို
လက်ဝယ်ပိုင်ပိုင် ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။
ခင်ငြိမ်းသစ်
No comments:
Post a Comment