Friday, September 20, 2013

ဝန်မင်းကြီးကိုမေးခွန်းလေးမေးမယ် ….

 
၁၉၉၆ ခုနှစ်က စလို့ တနှစ်လျင် ဒေါ်လာ သန်းပေါင်း ၆.၅ ထောင် (သဘာဝဂစ်နှင့် တွင်းထွက်ကျောက်မျက်) တို့၏ စာ၇င်းအား သမာသမတ်ကျကျ နှစ်ပေါင်း ၁၇ နှစ်အကြာ တိုင်းပြည်တိုးတက်မလာပဲ အဘယ်မှာ အပ်နှံထားသနည်း၊ မြောက်ကိုရီးယားအား ဒေါ်လာ သန်းပေါင်း ၃၈၂.၄ သန်းအား လွဲပြောင်းပေးသောပိုက်ဆံ အဘယ်ကနေ ၇သနည်း ၊ ရုရှားသို့ တိုက်လေယာဉ်နှင့် စစ်လက်နက် အပိုပစ္စည်းများအတွက် ပေးခဲ့သော ဒေါ်လာ သန်း ၇၂၀ အား မည်သည့် အကောင့်ဖြင့်ပေးခဲ့သနည်း၊ ယူကရိန်မှ ၀ယ်ယူထားသော စစ်ဘက်ဆိုင်ရာ အထောက်ကူပြုပစ္စည်းများအတွက် ဒေါ်ါလာ ၁၈၂ သန်းအား မည်သို့သော ဘဏ်စာ၇င်းမှ ပေးခဲ့သနည်း ? အစ္စရေးထံမှ ၀ယ်ယူသော လောင်ချာနှင့် တင့်ကားဝန်ဆောင်မှုပစ္စည်းများအတွက် ဒေါ်လာ ၁၄၄ သန်းအား ဒူးဘိုင်းမှ ပေးချေခဲ့ပုံလေး သိပါသလား? နေရွှေသွေးအောင် ဘာအလုပ်မှမလုပ်ပဲ တရုတ်ပြည်တွင် အမေရိကန်ဒေါ်လာ ၁၉၈ သန်း မည်သို့ အပ်နှံထားပါသနည်း? သန္ဒာရွှေတို့ ကာတာတွင် ရင်းနှီးမြုပ်နှံထားသော အမေရိကန်ဒေါ်လာ သန်း ၁ထောင် လေးရာအား မည်သို့ ရရှိသနည်း၊ ဒုချုပ်မောင်အေး၏ သမီး စကာင်္ပူနှင့် ဘရူနိုင်းတွင် အပ်နှံထားသော ငွေပမာဏ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂.၂ အား အတိလင်း ရှင်းပြစေလိုပါသည်။ အများကြီးကျန်ပါသေးသည် လက်ရှိမေးခွန်းလေးများ တိကျစွာ ဖြေပေးစေလိုပါသည်။
ဂိုလ်ရှယ်လေး

No comments: