Thursday, September 26, 2013

တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် တနင်္သာရီမြို့ပေါ်၌ ရေကြီးလျက်ရှိ



မြိတ် စက်တင်ဘာ ၂၆ ရက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် မိုးများအဆက် မပြတ်ရွာ သွန်းမှု ကြောင့် စက်တင်ဘာလ(၂၅)ရက် ညနေ(၆)နာရီတွင် တနင်္သာရီမြစ်ရေ သည် အန္တရာယ်ရေအမှတ်(၂၄.၆)ပေ အထိ ဆက်လက်မြင့်တက်လျက်ရှိသည်။ ချောင်းကြီး ရပ်တွင် (၇)ပေခန့် နှင့် ချောင်းငယ်ရပ်ကွက်တွင် (၇.၅)ပေ ခန့်မြင့်တက် နေပြီး လူနေအိမ်များ ရေနစ်မြုပ်လျက်ရှိရာ ပြည်သူများမှ ကယ်ဆယ်ရေး စခန်းများ သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ရေကြီးလျက် ရှိသော ကျေးရွာများတွင် ထပ်မံ၍ စက်တင်ဘာလ(၂၅)ရက်နေ့အထိ စာသင်ကျောင်းများပိတ်ထားလျက်ရှိရာ အမက(၁၅)ကျောင်း၊ မူလ တန်းလွန်(၈)ကျောင်း၊ အလကကျောင်း(၃)ကျောင်း၊ အထကကျောင်း(၄)ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၃၀)ကျောင်းကို ခေတ္တပိတ်ထားလျက်ရှိသည်။ မြစ်ရေ ကြီးမှုကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်း မပေါ်တွင်ရေကျော်မှု များဖြစ်ပွားလျက်ရှိပြီး အနိမ့်ပိုင်းကျသည့် ကျေးရွာဖြစ်သည့် အော်ကြီးကျေးရွာ တွင်(၅)ပေ ခန့်၊ ကော့မပြင်းကျေးရွာတွင်(၅)ပေခွဲခန့်၊ ဥယာဉ်ကွင်းကျေးရွာ တွင်(၅)ပေခန့်အထိနစ်မြုပ်လျက်ရသောကြောင့် မော်တော်ယာဉ်များဖြင့် ခရီးသွားပြည်သူများသွားလာရခက်ခဲလျက်ရှိပြီး ကုန်းလမ်းဖြင့်သွားလာ၍ မရ တော့ သဖြင့် ရေလမ်းကိုသာအသုံးပြုနေရကြောင်း သိရှိရသည်။

မြစ်ရေကြီးမှုကြောင့် ယာယီဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများ သို့ ရွှေ့ပြောင်းအိမ် ထောင်စုများသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးပို့သော ဆန် ဆီ မာမား ခေါက်ဆွဲများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့်တာဝန်ရှိ သူများက ကယ်ဆယ်ရေးစခန်းအလိုက် သွားရောက်ကာ ဆန်၊ ဆီ၊မာမားခြောက် များ ပံ့ပိုးပေးကြပြီး အမှတ်(၃၀၆) အမြှောက်တပ်နယ်မှ ဘာတီအထုပ်(၃၀၀)၊ ကြက်ဥများ မာမားခေါက်ဆွဲများ ၊မုန့်ခြောက်မျိုးစုံ တို့ကိုဝေငှ ပေးခဲ့ ကြသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းအေးနှင့်ဆရာဝန်၊ သူနာပြုများနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊အမှတ်(၅၅၇)ခြေမြန် တပ်ရင်း ဆေးအဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေးအဖွဲ့ကလည်း ကယ် ဆယ်ရေး စခန်းများတွင်နာမကျန်းသူများအား အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြသည်။ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းလျက် ပြောင်း ရွှေ့ရန် အခက်အခဲရှိကြသည့် သက်ကြီး ရွယ်အိုများ၊ ကလေးများ၊ အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေး စခန်းများသို့ ၀ိုင်းဝန်းကူညီ ပြောင်းရွှေ့ ပေးကြခဲ့ကြသည်။

တနင်္သာရီမြစ်ရေကြီးလျှံမှုကြောင့် ကျေးရွာအုပ်စု(၁၈)စုမှ ကွင်းပေါင်း(၁၀၂) ကွင်းရှိ တောင်သူ (၄၁၁) ဦး၏ စိုက်ပြီးလယ်ယာမြေ(၂၂၆၈၅)ဧကအနက်မှ စက်တင်ဘာလ(၂၅)ရက် ညနေ(၆)နာရီအချိန်အထိ ရေနစ် မြှုပ်ဧကပေါင်း (၁၆၃၅)ဧက ရှိပြီဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမသိရသေးသော်လည်း ပျက်စီးနိုင်ဘွယ် များရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရှိရသည်။
IPRD MYEIK

No comments: