လူကုန်ကူးပြီး နိုင်ငံတကာကို ပို့ ဆောင်ပေးတော့ ပို့ ဆောင်ခဒေါ်လာတွေအများကြီး ရကြတယ် ။ အဲဒီလို ပို့ ဆောင်ပေးတဲ့ ခါ သက်ဆိုင်ရာအစိုးရက မဖမ်းဆီးမိအောင် အန္တရယ်တွေကို ရှောင်လွှဲဖို့ ကြိုးစားကြသူတွေ ရှိတယ် ။ ဒါပေမဲ့  ဥပဒေကို လက်တစ်လုံးလုပ်လို့ မရတော့ နောက်ဆုံးမှာ လည်ဂုတ်ကိုဆွဲပြီး လူတစ်ပုံကြားမှာ အချုပ်ခန်းကို ဆွဲခေါ်သွားတာပါဘဲ ။ အဲဒီလို လည်ဂုတ်ဆွဲပြီး အဖမ်းခံရသူကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါဘဲ ။
လွန်ခဲ့ တဲ့ -၁၀-နှစ်လောက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  လေဆိပ်မှာ လူတစ်ယောက်ကို လည်ဂုတ်ဆွဲပြီး ဖမ်းဆီးတာ သတင်းစာမှာမြင်ရတယ် ။ သတင်းတွေကို ဖတ်ကြည့်တော့ အဲဒီပုဂ္ဂိုလ်ဟာ အိန္ဒိယနိုင်ငံရဲ့  ပြည်နယ်တစ်ခုက အထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
လေဆိပ်မှာ ဖမ်းဆီးခံရတဲ့ နေ့ က သူ့ မိန်းမရဲ့  ပါစ်ပို့ အတုနဲ့  အခြားအဖေါ်တွေပါ စစ်ဆေးလိုက်တဲ့ အခါ -VIP-ခရီးစဉ်နဲ့  အခေါက်ခေါက်အခါခါ ကနေဒါနိုင်ငံကို ခရီးသွားနေတာကို လူဝင်မှူကြီးကြပ်ရေးဋ္ဌနက ဂိတ်ပေါက်မှာ စစ်ဆေးတွေ့ ရှိရတယ် ။ ကနေဒါနိုင်ငံမှာ အိန္ဒိယနိုင်ငံသားတွေဟာ တော်တော်များများ ရှိနေကြတယ် ။ လွှတ်တော်ကိုယ်စားလှယ်တွေတောင် ဖြစ်နေကြတယ် ။
ဒီလိုနဲ့  လူကုန်ကူးတဲ့  အဖြစ်ကို ရဲကသိသွားတော့ လေဆိပ်ထဲမှာတင် အိန္ဒိယနိုင်ငံရဲ့  အထက်လွှတ်တော်ကိုယ်စားလှယ်ကို လည်ဂုတ်ဆွဲပြီး ဖမ်းဆီးခေါ်သွားပါလေရော ။ လူဦးရေ ပြွတ်သိပ်နေတတ်တဲ့  နယူးဒေလီလေဆိပ်မှာ ဖမ်းဆီးခံရတယ် ဆိုတာ သတင်းစားမှာ ဟိုးလေးတစ်ကျော် ဖေါ်ပြခြင်းခံရတာပါဘဲ ။
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ တည်ဆဲ ဥပဒေတစ်ခုကို ကျူးလွန်ဖေါက်ပြား ချိုးဖေါက်ရင် ဒီမိုကရေစီရင့်သန်ပါတယ် ဆိုတဲ့  အိန္ဒိယနိုင်ငံမှာတောင် လည်ဂုတ်ဆွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ ဥပမာတစ်ခုကို ထုတ်နုတ်ပြလိုက်တာဖြစ်တယ် ။
မြန်မာနိုင်ငံမှာ ဘူးသီးတောင်မြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမော
ဒီတော့ခါ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ လိမ်ညာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးကို စော်ကားလိုက်တာဖြစ်တယ် ။ ပြည်သူကို ကူညီရန် အသင့်လို့ ဆောင်ပုဒ်နဲ့ အညီ တာဝန်ကို နေ့ နေ့ ညည မပြတ် ထမ်းဆောင်နေကြရတဲ့  ပြည်သူ့ ရဲတွေကို တိတိကျကျ စော်ကား လိုက်တာဖြစ်တယ် ။ ဒီ့ထက်ရင့်တဲ့  စကားလုံးများ ရှိလေသလားဆိုတာ ဆန်းစစ်လိုက်တော့ ဒီ့ထက်မက ပြောဆိုခဲ့ တဲ့ တဲ့  စကားလုံးတွေက ရှိနေပြီးသားဖြစ်တယ် ။
သူဟာ သမ္မတဦးသိန်းစိန်ကို တိတိကျကျ အားမနာပ စော်ကားမော်ကား ပြောဆိုဝေဖန်သူဖြစ်တယ် ။ သမ္မတက မြန်မာနိုင်ငံမှာ အဲဒီလူမျိုး မရှိပါဘူးလို့  ပြောရင် သူက အလကားညာပြောတာ- ဒီလူမျိုးဟာ သမိုးမှာ ရှိပါတယ်လို့ လွှတ်တော်ညီလာခံထဲမှာ ပြောကြားသူဖြစ်တယ် ။ ပြီးတော့-White Card -အဖြူရောင်ကဒ်နဲ့  ရွေးကောက်ပွဲကို ၀င်လာသူဖြစ်တယ် ။ - အဖြူရောင်ကဒ်ဆိုတာ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲ မဟုတ်တဲ့ သူတွေကို ကိုင်ဆောင်ခွင့်ပေးထားတာဖြစ်တယ် ။ ဒီကဒ်တွေနဲ့  ဗဟိုရွေးကောက်ပွဲကော်မရှင်က သူ့ ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခွင့်ပေးခဲ့ တယ် ။ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲ မဟုတ်သူကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်စေအောင် ပါတီဝင်လုပ်ပေးတာက ကြံ့ ခို်င်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဘဲဖြစ်တယ် ။ ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီဟာ အဓိက တရားခံဖြစ်တယ် ။ ခုတော့ နိုင်ငံတော်အာဏာကို ရယူထားတဲ့  ကြံ့ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဟာ ဘူးသီးတောင်မြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့  ရန်တိုက်ပေးနေပြီလားဆိုတာ စောင့်ကြည့်ရတော့မဲ့  ပြသနာဖြစ်တယ် ။
ဒီလိုလွှတ်တော်ကိုယ်စားလှယ်တစ်ဦ
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment