မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဖွတ်ကိုမမြင်ဘူးရင် မိချောင်းထင်
ဖွတ်ကိုမမြင်ဘူးရင်
မိချောင်းထင်ပြီးလန့် တတ်ကြတာလက်တွေ့ပါ၊အမှန်တော့ ဖွတ်က
ဟိတ်ဟန်ဘဲလုပ်တတ်တာပါ။ ဖွတ်ကတော့ ဖွတ်ပါဘဲ။ ၁၉၉၁ တုံးက ထိုင်းမြန်မာနယ်စပ်
မွန်ပြည်နယ်အစပ်တော အုပ်ကြီးများထဲက တနေရာမှာပါ။ အဲ့ ဒီဒေသကို မွန်တပ်ရင်း
၃၃၃ ကတာဝန်ယူထားပါတယ်၊ ကျနော်တို့ နေခဲ့ တဲ့စခန်းနာမည်က အလောင်းဘုရား
စခန်းပါ။ တောထဲအပြင် တောင်တွေကြားမှာဆိုတော့ အိမ်သာ သီးသန့်တူးဘို
့မလွယ်ပါဘူး၊ ဒါပေမဲ့ အိမ်သာကို ခက်ခက်ခဲခဲ တောင်နိမ့်နိမ့်လေးတလုံး ပေါ်မှာ
လုပ်ထားပါတယ်၊ အိမ်သာတက်လိုသူကျောင်းသားရဲဘော်များဟာ အရေးတကြီးဆိုရင်
အဲ့ ဒီတောင်ပုပုလေးပေါ် မတက်ကြတော့ ဘဲ စခန်းနဲ့ ဝေးရာ မြေပြန်
့ရာနေရာတွေကို သွားကြပါတယ်။ တနေ့ တော့ ဖွတ်ကိုမမြင်ဘူးတဲ့ ရန်ကုန်မြို
့ကြီးသား ကျောင်းသားရဲဘော်တယောက်က တောကြားမှာ အိမ်သာတက်မလို့ လုပ်တုံး
အိမ်သာမတက်တော့ဘဲ အော်ပြေးလာပါတယ်၊ "ဟောဒီမှာ ...
မိကျောင်းကြီးဟေ့...လုပ်ကြပါအုံးလို့ ... " အသံကုန်အော်ပါတယ်။
ဆရာဂျိုးထမင်းချက်မာတီးယားက ကောင်းကောင်းကြားလိုက်တော့ သေနတ်တွေယူကြပြီး
နောက်ထပ် ကျောင်းသားရဲဘော်တချို့ နဲ့ အပြေးသွားပါတယ်။ အဲ့ ဒီနေရာရောက်တော့ 
ငါးပေမကကြီးတဲ့  ဖွတ်ကြီးတကောင်က လျှာတထုတ်ထုတ်နဲ့ မာန်ဖီပြနေပါတယ်။ သိတဲ
့မာတီးယားနဲ့ နောက်တယောက်က အဲ့ ဒါ မိချောင်းမဟုတ်ဘူး ဖွတ်ကြီးဟ လို
့အော်ပြောပြီး အာလုံးက သေနတ်နဲ့ ဝိုင်းပစ်လိုက်တယ်။ အဲ့ ဒီညနေ တယောက်ကို
ဖွတ်သားနဲနဲစီ စားလိုက်ရပါတယ်။ မမြင်ဘူး ဖွတ် မိကျောင်းထင်ပေါ့ ။
(ဘုရင့်နောင်၊ မောရ၀တီ၊ အလောင်းဘုရား စခန်းများအမှန်တရ နဲ့  ဆရာဂျိုးတပည်
့ကျော် အားလုံးအတွက် ဖတ်ဖို့ )
No comments:
Post a Comment