Monday, December 12, 2011

ကျယ်ပြန့်လာသော မွေးငါးဈေးကွက် သို့မဟုတ် သဘာဝငါးရိုင်းတို့၏ နိဂုံး

ကျယ်ပြန့်လာသော မွေးငါးဈေးကွက် သို့မဟုတ် သဘာဝငါးရိုင်းတို့၏ နိဂုံး  
အရှေ့တောင်အာရှ ဇာတိဖြစ်သော အစာမျိုးစုံစားသည့် အလေးချိန် ၁၅ဝ ဂရမ်ခန့်ရှိ ထောင်ပေါင်းများစွာသော ဘာရမွန်ဒီ Barramundi-Lates Calcarifer ကျောက်ငါးများသည် ကလေးရေကူးကန် ခပ်ကြီးကြီး အရွယ်၊ အချင်း ၁၁ မီတာရှိ မွေးကန်ထဲတွင် ကူးခတ်နေ ကြသည်။ ငါးတို့သည် အစာစားလိုက်၊ အစာကျွေးစင် အနီးတွင်နားနေလိုက်ဖြင့် ငါးစက်ရုံလုပ်သားတို့၏မျက်စိ အောက်တွင်ပင် ဝဖြိုးလာကြသည်။ ရက်သတ္တပတ် ကြာသော် ဘာရမွန်ဒီတို့ကို ပို၍ကြီးသော၊ ပို၍မှောင် သော၊ ပို၍စောက်နက်သော မွေးကန်သစ်ဆီသို့ ရေလျှော လမ်းဖြင့် ပြောင်းရွှေ့ပေးလိုက်သည်။ ထုတ်လုပ်မှုလမ်း ကြောင်းအဆင့်ဆင့်ကို ဖြတ်သန်းပြီးနောက် တစ်ကီလို ဂရမ်ခန့်ရှိသော အခါတွင်မူ၊ ငါးတို့သည် ပင်လယ်ငါး စားသောက်ဆိုင်တို့၏ အဖြူရောင်ခင်းထားသည့် စား သောက်စားပွဲပေါ်သို့ ကျောက်ငါးဟင်းတစ်ပွဲအဖြစ် ရောက်ရှိလာရတော့သည်။ ဘာရမွန်ဒီတို့သည် ဥမှပေါက်သည့် ဝ.၂ မီလီမီတာ အရွယ်မှ ရောင်းချသည်အထိ၊ မြစ်ချောင်းများကို မမြင် ဖူး၊ မထိတွေ့ဖူး၊ အစာမရှာဖူး၊ ငါးဖမ်းပိုက်တွင် မငြိဖူးကြပေ။ သြစထရာလစ် ငါးထုတ်လုပ်ရေး Australis Aquaculture ၏စီအီးအို Josh Goldman က ''ကျွန်တော်တို့က ပင်လယ်တွေ၊ သဘာဝပတ်ဝန်းကျင် တွေကို ဘာမှမထိခိုက်စေဘဲ အရည်အသွေးမြင့်တဲ့ ငါးတွေထုတ်လုပ်နေတာပါ''ဟုပြောနေသည်။ သူသည် ဘာရမွန်ဒီတို့ကို ဖမ်းဆီးနေခြင်းမဟုတ်ပါ။ ထုတ်လုပ် နေခြင်းဖြစ်သည်။ ဤသို့သော ငါးထုတ်လုပ်ရေးလုပ် ငန်းများသည် ငါးများ၏အနာဂတ်အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်နေနိုင်ပေသည်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်၊ လူသားတို့ မြေလွှာကိုစတင်ထွန်ယက်ခဲ့သည့်အချိန်မှစ၍ လူသား သည် တောင်သူလယ်သမားတို့ ထွန်ယက်စိုက်ပျိုးပေး သော အစားအစာများကိုသာ စားသုံး လာခဲ့ကြသည်။ ကျွန်တော်တို့သည် ဂျုံပြောင်း စသော ကောက်နှံများ၊ ဘူး၊ ဖရုံ၊ ဂေါ်ဖီ၊ မုန်လာ စသော ဟင်း သီးဟင်းရွက်များ၊ သရက်၊ လိမ္မော် စသော သစ်သီးများကို စိုက်ပျိုးစား သုံးခဲ့ကြသည်။ ကြက်၊ ဝက်၊ သိုး၊ ဆိတ်တို့ကို မွေးမြူစားသုံးခဲ့ကြ သည်။ သို့သော် ငါးကိုမူ မြစ်ချောင်း အင်းအိုင် သမုဒ္ဒရာတို့တွင် စွမ်းရည် သတ္တိဖြင့် ရှာဖွေဖမ်းဆီးကြရသည်။ ငါးသည် မွေးမြူတိရစ္ဆာန် မဟုတ်ခဲ့။ သဘာဝအရိုင်းသတ္တဝါသာ ဖြစ်ပေ သည်။ ပင်လယ်ပြင်တွင် ငါးဖမ်းရ သည်မှာ သာတောင့်သာယာ ရှိသလို၊ အန္တရာယ်လည်းများလှသည်။ ကြည် နူးပျော်ရွှင်ရသလို စိုးရွှံ့ထိတ်လန့်ဖွယ် လည်းဖြစ်ကြရသည်။ ဒါသည်ပင် ဘဝဖြစ်ပေသည်။ Four Fish စာအုပ် ကိုရေးခဲ့သူ Paul Greenberg က ငါးဟာ နောက်ဆုံးအရိုင်းစားစရာပဲ ဟုပြောခဲ့သည်။ ယခု သင်စားနေသော ငါးသည် သဘာဝအရိုင်းငါးစစ်စစ် ဟုတ်ပါရဲ့လား။ ဤသို့မှတ်ယူခဲ့ပါက ကျွန်တော် တို့၏ မှတ်ယူမိမှုသည် နောက်ကျနေ ပေပြီ။ စင်စစ်မူ နက်ရှိုင်းလှသော ပင်လယ်တွင်ပင် ကန့်သတ်ချက်က ရှိနေပေသည်။ ကမ္ဘာ့ငါးသယံဇာတ သည် ၃၂ ရာခိုင်နှုန်း လျော့ကျသွားပြီ။ တူနာ၊ မာလင်စသောငါးကြီးများမှာ မူ ၉ဝ ရာခိုင်နှုန်းအထိ ပျောက်ကွယ် သွားပြီဟု ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြထားသည်။ တစ်ချိန်က ပေါ များလှသော အတ္တလန္တိတ်ကော့ဒ် ငါးကြီးများကို မေ့ ပျောက်ရပေတော့မည်။ နှစ်သက်ဖွယ်ကောင်းလှသော ဆူးတောင်ပြာတူနာ - Bluefin Funa တို့သည် မျိုးသုဉ်း တော့မည်ဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာအစီအစဉ် International Pro-gramme ၏ သမုဒ္ဒရာများ အခြေအနေ အစီရင်ခံစာက မြေကမ္ဘာရှိ ငါးမျိုးစိတ်များ၏ အခြေအနေသည် လူ့ သမိုင်းတွင် မကြုံစဖူးခြိမ်းခြောက်ခံရ၊ အန္တရာယ်ဖြစ်နေ ရသည်ဟုဖော်ပြထားသည်။ အစီရင်ခံစာတစ်ခုက ကမ္ဘာ တစ်ဝန်းငါးဖမ်းမှုသည် ၁၉၉ဝ ခုနှစ်မှစ၍ တန်သန်း ၈ဝ တွင် တန့်နေပါသည်ဟုဆိုသည်။ တန်သန်း ၈ဝ သည် ထာဝစဉ်တည်တံ့စွာ ငါးဖမ်းနိုင်သော ပမာဏ အမှန်ဖြစ်ပါသလား။ ကမ္ဘာ၏ ငါးစားသုံးမှုသည် ၁၉၆ဝ ခုနှစ်တွင် တစ်ဦး တစ်နှစ် ၁ဝ ကီလိုဂရမ်မှ ယနေ့တွင် ၁၇ ကီလိုဂရမ်အထိ တိုးများလာသည်။ လူလတ်တန်းစား ဦးရေတိုးများလာခြင်း၊ ငါးသည် နှလုံးအတွက်သင့် လျော်ကောင်းမွန်နေခြင်းတို့ကြောင့် ငါးစားသုံးမှုသည် ဆက်လက်တိုးပွားလာဦးမည်ဖြစ်သည်။ သို့သော် ရေပြင်ကျယ်လှပါသည်ဆို သော ပင်လယ်တွင် ငါးက ဤမျှ မကျန်တော့ပါ။ ကမ္ဘာ့ ငါးဗဟိုဌာန World Fish Center မှ စတက်ဖင် Stephen Hall က''ငါးအရိုင်း လက်ကျန်က ဒီလောက်မရှိတော့ဘူး။ ကျုပ်တို့ တစ်ခုခုလုပ်ရတော့မယ်''ဟု ပြောခဲ့သည်။ တစ်ခုခုလုပ်နေကြပါပြီ။ငါးတွေမွေးမြူနေပါပြီ။ ငါးတွေ ထုတ်လုပ်နေပါပြီ။ ငါးမွေးမြူခြင်း၏ သမိုင်းကြောင်း လူသားသည်ငါးစတင်မျှားခဲ့ သည့်အချိန်ကစ၍ ငါးကို မွေးခဲ့ကြ သည်။ ငါးမွေးမြူခြင်းကို ဘီစီ ၆ဝဝဝ ခန့်က သြစတြေးလျနိုင်ငံတွင် ဒေသခံ တိုင်းရင်းသားများက စတင်ခဲ့ကြောင်း အထောက်အထားများတွေ့ရှိခဲ့ရသည်။ ဒေသခံတို့သည် မီးတောင်လွင်ပြင် စတုရန်းကီလိုမီတာ ၁ဝဝ ခန့်တွင် တူးမြောင်းများ၊ တမံများပြုလုပ်ကာ ငါးရှဥ့်များကို ဖမ်းဆီးပိတ်လှောင် ထားပြီး ညအချိန်တွင် ခြင်းများဖြင့် ဖမ်းယူကာ တစ်နှစ်တာလုံး စားသုံး ခဲ့ကြသည်။ တရုတ်နိုင်ငံ၌ ငါးမွေးမြူခြင်း ကို ဘီစီ ၂၅ဝဝ ခန့်တွင် စတင်ခဲ့ ကြသည်။ တရုတ်တို့သည် မြစ်ရေ လျှံပြီးပြန်အကျတွင် ဖြစ်ပေါ်လာသည့် ရေအိုင်များ၌ ကျန်ရှိခဲ့သော ငါးသား ပေါက်များ၊ အဓိကအားဖြင့် ငါးကြင်း၊ ငါးသိုင်းများကို ပိုးကောင်များ၊ မစင် များကျွေးကာ မွေးမြူစားသုံးခဲ့ကြ သည်။ ဂျပန်တို့သည် ပင်လယ်ရေညှိနှင့် ကျောက်ပွင့်တို့ကို ဝါးလုံးတိုင်များဖြင့် လည်းကောင်း၊ နောက်ပိုင်းတွင် ပိုက် ကွန်များ၊ ယောက်ခွံများကို အသုံးပြု ၍လည်းကောင်း မွေးမြူခဲ့ကြသည်။ ပင်လယ်၊ မြစ်၊ ချောင်းနှင့်ဝေးသော အရပ်တို့တွင် ငါးသည် ဈေးကြီးလှရာ အလယ်ခေတ် ဥရောပတွင် ရောမ သားတို့သည် ခရစ်ယာန်ဘုရား ကျောင်းများ၌ ကန်များဖြင့်ငါးမွေး မြူခဲ့ကြသည်။ ဟာဝိုင်အီကျွန်း၊ အလက်ကိုကိုဒေသတွင် လွန်ခဲ့သော နှစ် ၁ဝဝဝ ခန့်က ငါးမွေးကန်များ ကို တွေ့ရှိခဲ့ရသည်။ ထိုကန်များကို ဒဏ္ဍာရီထဲမှ လူပုကလေးများက တည်ဆောက်ခဲ့ကြသည်ဟုဆိုသည်။ ၁၈၅၉ ခုနှစ်တွင် နယူးယောက်၊ အနောက်ဘလွန်းဖီး -West Blo-mfield တွင် -Stephen Ainsworth သည် ချောင်းထဲမှာ ထရောက်ငါး များကို စတင်မွေးမြူခဲ့သည်။ ၁၈၆၄ ခုနှစ်တွင် Seth Green သည် နယူး ယောက်မြို့၊ ကလီဒိုနီးယားစမ်း ချောင်းတွင် စီးပွားဖြစ် ငါးမွေးမြူ ခဲ့သည်။ ၁၈၆၆ ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စုနှင့် ကနေဒါတွင် ငါးများကို စီးပွားဖြစ် မွေးမြူခဲ့ကြ သည်။ ၁၈၈၉ ခုနှစ်တွင် ဒေလ်ဒို ကျွန်းတွင် ဖွင့်လှစ်ခဲ့သော ငါးကန် သည် ထိုအချိန်က ခေတ်အမီဆုံး ဖြစ် သည်။ ၁၉ဝဝ ပြည့်နှစ်ခန့်မှစ၍ ကယ်လီဖိုးနီးယားတွင် ငါးများမွေး မြူခဲ့ကြသည်။ လွန်ခဲ့သော နှစ် ၅ဝ အတွင်း ငါးမွေးမြူထုတ်လုပ်မှုသည် ၁၉၅ဝ ခုနှစ်တွင် တန်တစ်သန်းသာရှိခဲ့ရာ မှ ၂ဝဝ၈ ခုနှစ်တွင် အခြား အစား အစာ ထုတ်လုပ်မှုအားလုံးကို ကျော်တက် ကာ တန် ၄၇.၃ သန်းအထိ တိုး များလာခဲ့သည်။ ယနေ့ကမ္ဘာတွင် စားသုံးနေကြသည့် ငါးများ ၏ ထက် ဝက်သည် မွေးမြူထုတ်လုပ်ရေးမှ ရရှိ နေခြင်းဖြစ်သည်။ ဤအချိုးအစား သည် တိုးတက်လာဦးမည်ဖြစ်သည်။ ငါး ထုတ်လုပ်မှုမရှိပါက သမုဒ္ဒရာ ငါးအရင်းအမြစ်အပေါ်တွင် ဖိအား သည်ပိုမိုများပြားလာမည်ဖြစ်သည်။ ''ဒီနေ့ဟာ ငါးထုတ်လုပ်သင့်တယ်။ မထုတ်လုပ်သင့်ဘူး ငြင်းနေရမယ့် အချိန်မဟုတ်ဘူး။ ဘယ်လိုထုတ် လုပ်မလဲဆိုတာကိုသာ စဉ်းစားကြ ရမှာ''ဟု ပင်လယ်ငါး ရွေးချယ် ရေးအဖွဲ့ - Seafood Choice Alliance မှ အကြီးတန်းအကြံပေး အရာရှိ Ned Daly က ပြောသည်။ အထက်ပါမေးခွန်းကို ဖြေရန်မှာ မလွယ်လှပါ။ ယနေ့ ငါးထုတ်လုပ် ရေး လျင်မြန်စွာ ဖွံ့ဖြိုးလာနေမှုတွင် သဘာဝပတ်ဝန်းကျင်က စိုက်ထုတ် ပေးနေရသော အရင်းအမြစ် အရှုံး ပမာဏက များနေသေးရာ တံပိုး ထက် လက်ခကြီးဖြစ်ပေသည်။ ကနေဒါနှင့် မြောက်ဥရောပ၏ ဆော် လမွန်ငါးမွေးကန်တို့မှ စွန့်ထုတ်ရေ များတွင် ပါဝင်သည့် ရောဂါပိုးများ သည် သဘာဝငါးများကို ကူးစက်ခဲ့ ရသည်။ အဖိုးတန်လှသော မြစ်ဝ ကျွန်းပေါ် သဘာဝ စားကျက်မြေ များသည် ထိုင်းနိုင်ငံ၏ ငါးမွေးကန် များကြောင့် ကွယ်ပျောက်ခဲ့ရသည်။ ယနေ့ မွေးမြူထုတ်လုပ်နေသော ငါးတို့၏အများစုသည် အသားစား ငါးများဖြစ်သည်။ မွေးငါး တစ်ကီလို ဂရမ်အသားတိုးလာစေရန် သဘာဝ ငါးအသားနှစ်ကီလိုဂရမ်ကျွေးရသည်။ သဘာဝငါးများဘက်က အသားတင် ဆုံးရှုံးမှုပင်ဖြစ်သည်။ သို့သော် တရုတ်လူမျိုး ၁.၃ ဘီလီယံအား ဤ မွေးမြူရေးငါးများဖြင့် ဆူရှီလုပ်၍ စား ရန်မသင့်တော့ပါဟု မစည်းရုံးနိုင် သေးသရွေ့ ဤငါးထုတ်လုပ်မှုသည် ဖွံ့ဖြိုးနေဦးမည်သာဖြစ်သည်။ ငါး ထုတ်လုပ်မှုသည် ပို၍ အကျိုးသက် ရောက်မှုရှိရန် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချရန်လိုပါသည်။ ဘာရမွန် ဒီကဲ့သို့ ပရိုတိန်ြး<ွကယ်ဝ သော ငါးမျိုးသည် ကော့ဒ်ငါးများကို အစားထိုးလာနိုင်က ပို၍အကျိုးရှိလာ နိုင်ပါသည်။ ပို၍မြန်စွာ၊ ပို၍ကြီးနိုင် သော ငါးမျိုးကို မျိုးဗီဇနည်းပညာ ဖြင့်ရှာဖွေကြရပါမည်။ လူဦးရေ ခုနစ် ဘီလီယံရှိလာပြီး ဆက်၍တိုးများနေ ဦးမည့် ကမ္ဘာအတွက် သဘာဝငါး ဖြင့် ကျွေးမွေးဖို့ လုံးဝ မလုံလောက် နိုင်တော့ပါ။ ကုန်းပေါ်တွင် ကြက် ဝက်တို့ကို ထုတ်လုပ်သကဲ့သို့ ငါးကို လည်း ထုတ်လုပ်ကြရပါတော့မည်။ ဈေးတွင် သဘာဝငါးနှင့် ထုတ် လုပ်ငါးတို့ကို ဈေးနှုန်းဖြင့်သာ ခွဲ ခြားနိုင်ပါသည်။ အရသာ မကောင်း လှ၊ နှလုံးအတွက်အားထားရသည့် Omega-3 ပါဝင်မှုနည်းသော်လည်း ထုတ်လုပ်ရေးငါးသည် ဈေးသက်သာ ပါသည်။ အမေရိကန်ပြည်သူတို့အား ရက် သတ္တတစ်ပတ်အတွင်းငါး ၂၃ဝ ဂရမ် သို့မဟုတ် ပို၍စားရန် တိုက်တွန်း ထားသည်။ ဤပမာဏသည် အမေရိ ကန်တို့ယခုစားနေသည်ထက် နှစ်ဆ ပိုသည်။ ကိုယ်ဝန်ဆောင်မိခင်များကို ၃၄ဝ ဂရမ်အထိ စားရန်တိုက်တွန်း ထားသည်။ အမေရိကန်တို့သည် နှစ်စဉ်ပင်လယ်ငါး တန်ချိန် ငါးသန်း မှ ခြောက်သန်းစားသုံးနေကြရာ ထက် ဝက်သည် မွေးငါးများဖြစ်သည်။ ၁၉၆ဝ ခုနှစ်မှ ယနေ့အထိ ကမ္ဘာ့ ငါးစားသုံးမှုသည် ၆ဝ ရာခိုင် နှုန်းတိုးများလာခဲ့သည်။ ၂ဝ၅ဝ တွင် နှစ်ဆထပ်တိုးလာမည်ဟု ကုလသမဂ္ဂ ကခန့်မှန်းထားသည်။ ဤခန့်မှန်းချက် အရ ငါးလိုအပ်မှုသည် တိုးတက်လာ ဦးမည်ဖြစ်သည်။ ကျန်းမာရေး လို အပ်ချက်အရလည်းကောင်း အခြား အချက်များအရ ငါးလိုအပ်ချက်သည် တိုးများလာမည်သာဖြစ်ရာ ဤလိုအပ် ချက်ကို ထုတ်လုပ်ငါးများဖြင့်သာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ကမ္ဘာတွင် ငါးအများဆုံးမွေးမြူ ထုတ် လုပ်နေသည်မှာ တရုတ်နိုင်ငံဖြစ် သည်။ တရုတ်တို့ မွေးမြူထုတ်လုပ် သော ငါးခူ၊ ပုစွန်၊ တီလားဗီးယား စသည်တို့ကို လွန်ခဲ့သော နှစ်အနည်း ငယ်ကစ၍ ပြည်ပသို့တင်ပို့ရောင်းချ နိုင်ခဲ့ကြသည်။ တရုတ်တို့သည် ငါးများပိုမို ထုတ်လုပ်လာကြသည်။ ထုတ်လုပ်မှု တိုးတက်စေရန် ငါးကန်များကို ပို၍ လုံခြုံစွာပိတ်ကြ၊ ဆည်ကြသည်။ ထို့ကြောင့် ကန်များတွင် ငါးစွန့်ပစ် ပစ္စည်းများပိုများလာသည်။ ရောဂါ ပိုးတွေ ပိုများလာသည်။ ကမ်းစပ်ရေ ပြင်သည် ပို၍ညစ်ညမ်းလာကာ ငါး များအတွက် မရဏဇုန်ဖြစ်လာသည်။ တရုတ်တို့သည် Malachite Green စသော ကာဆီနိုဂျင် ပါဝင်မှုကြောင့် အစိုးရက တားမြစ်ထားသော မှိုသတ် ဆေးများကို သုံးစွဲလာကြသည်။ တရုတ်နိုင်ငံ၏ အစားအစာ လုံ ခြုံရေးဆောင်ရွက်မှုနှေးကွေးခြင်းတွင် ငါးမွေးမြူရေးလည်းပါဝင်ပေသည်။ ပင်လယ်ဝရှိ စနစ်မကျသော ဆော်လ မွန်ငါး နှစ်သိန်းမွေးသည့် လုပ်ငန်း၏ စွန့်ပစ်ပစ္စည်းပမာဏသည် လူ ၂ဝဝဝဝ နေထိုင်သည့် မြို့ငယ်တစ်ခု က စွန့်ပစ်သည့် အမှိုက်ပမာဏနှင့် ညီမျှသည်။ ကုန်းမြေပေါ်မှ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများသည် သက် တမ်းရှည်ကြာခဲ့ပြီဖြစ်ရာ ဖွံ့ဖြိုးသင့်သ လောက်ဖွံ့ဖြိုးခဲ့ပြီဖြစ်သည်။ ငါးမွေး မြူထုတ်လုပ်ရေးကို ဖွံ့ဖြိုးအကျိုး သက်ရောက်စေရန် များစွာဆောင် ရွက်ကြရဦးမည်ဖြစ်သည်။ ငါးမွေးမြူထုတ်လုပ်ရေးသည် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက် မှုနည်းပြီး ပရိုတိန်း တစ်ကီလိုဂရမ် ရရှိစေရန်အတွက် ကယ်လိုရီသုံးစွဲရ မှုသည် အသားထုတ်လုပ်မှုထက် နည်းသည်။ ငါးများသည်သွေးအေး သတ္တဝါဖြစ်ပြီး ရေထဲတွင် နေထိုင် ကြသည်ဖြစ်ရာ ခန္ဓာကိုယ် ဇီဝကမ္မ သဘော၊ လှုပ်ရှားမှုဖြစ်စဉ် နိယာမတို့ အရ ခန္ဓာကိုယ် ပူနွေးစေရန် အရိုး တည်ဆောက်ရန်အတွက် စွမ်းအင် သုံးစွဲရမှုနည်းသည်။ ဝက်များ၊ ကြက် များမွေးခဲ့ကြစဉ်က သဘာဝပတ်ဝန်း ကျင်ကို အရေးထားဖို့မစဉ်းစားမိခဲ့ ကြသော်လည်း ယနေ့ခေတ်သည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးတို့ နှင့်ပတ်သက်လျှင် အကဲဆတ်လွန်း လှသည်။ သဘာဝပတ်ဝန်းကျင် သမားတို့သည် ငါးမွေးမြူရေးကို လုပ် ငန်းအစကပင် သံသယဖြင့်စောင့်ကြည့် အကဲခတ်ခဲ့ကြပေသည်။ ဘရန်းစ် တက္ကသိုလ်၏ ဇီဝ ဗေဒပညာရှင်- Thierry Chopin သည် ငါးမွေးမြူခြင်းကို သဘာဝဖြစ်စဉ်နှင့် ပုံစံတူစေရန်အတွက် ငါးတို့၏ စွန့်ပစ် ပစ္စည်းကို အသုံးချရန် ကြံစည်ခဲ့ကြ သည်။ ချိုပင်သည် ပေါင်းစည်းဘက် စုံငါးမွေးမြူရေး -Intergrated Muil-trophic Aquaculture - IMTA တွင် ဆော်လမွန်နှင့် ပုစွန်တို့ကို ကောင် ရေ သင့်တင့်ရုံမျှသာ ထည့်ထားပြီး ပင်လယ်ရေညှိနှင့် ယောက်သွား စသော အခွံမာကောင်တို့လည်းထည့် ထားသည်။ ငါးပုစွန်တို့၏ စွန့်ပစ် ပစ္စည်းသည် ရေမှော်တို့အတွက်သြဇာ ဓာတ်ဖြစ်သည်။ ရေမှော်တို့သည် ငါး၊ ပုစွန်တို့အတွက် အစာပြန်ဖြစ်လာကြ သည်။ ယောက်သွားစသော အခွံမာ ကောင်တို့သည် ရေထုမညစ်ညမ်းစေ ရန်ထိန်းသိမ်းပေးသည်။ ''ငါးမွေး ကန်ရဲ့ဖြစ်စဉ်ဟာ ဂေဟစနစ်နဲ့တူ သွားပြီဆိုရင် ဒါဟာ မှန်ကန်တဲ့ ဖြစ်စဉ်ပါပဲ''ဟု ချိုပင်ကပြောသည်။ ဂေဟစနစ်နှင့် တူသွားသည့် တိုင် ပြဿနာများက ရှိနေဆဲဖြစ် သည်။ မွေးမြူသူတို့သည် လူကြိုက် များသော ဆော်လမွန်ငါးနှင့် Sea Bass ခေါ် ကျောက်ငါးနွယ်ဝင် ငါး မျိုးများကို ရွေးချယ်မွေးကြသည်။ သူတို့သည် အစာကွန်ရက်၏ ထိပ် ပိုင်းသတ္တဝါများဖြစ်သည်။ သူတို့ကို မွေးရသည်မှာ အသားစားကြူးသော ကျားရိုင်းကိုမွေးရသလို ဖြစ်နေသည်။ သစ်ရွက်သစ်ညွန့်ကို စားသောငါး တို့ကိုမွေးရန်မှာ ကြီးထွားနှုန်းက နှေး ကွေးလှသည်။ အစာကွန်ရက်၏ အခြေခံပိုင်းကို ပျက်စီးစေပါက ငါး မွေးခြင်းသည် ထာဝစဉ်တည်တံ့စေ သော လုပ်ငန်းမဖြစ်နိုင်တော့ပေ။ မွေး မြူငါးများအား ဘာကျွေးမည်ဆို သည်မှာ ငါးမွေးမြူခြင်းအတွက် အဓိကအချက်ပင်ဖြစ်သည်။ အစာ ကွန်ရက်၏ အခြေခံငါးများကို မွေး မြူရေးအတွက် သုံးစွဲပစ်ရန် မဖြစ်ပေ။ ကမ္ဘာ့မွေးမြူထုတ်လုပ်မှုများ ၂ဝဝ၄ ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် ငါး တန် ၁၄ဝ သန်း ဖမ်းဆီးမွေးမြူရရှိခဲ့ကြသည်။ လွန်ခဲ့သော ဆယ်နှစ်တွင် သဘာဝ ရေပြင်မှ ဖမ်းဆီးရရှိမှုသည် တိုး မလာတော့သော်လည်း မွေးမြူထုတ် လုပ်ငါးများသည်နှစ်စဉ် ရှစ်ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်းတိုးများလာလျက် ရှိသည်။ ၂ဝဝ၉ ခုနှစ်တွင် ငါး ဈေးကွက်တွင် ဒေါ်လာ ၈၆ ဘီလီ ယံဖိုး ရောင်းချဝယ်ယူခဲ့ကြသည်။ တစ်ကမ္ဘာလုံးတွင် တရုတ်နိုင်ငံ သည် ငါးတန် ၃ဝ.၆၁ သန်းမွေးမြူ ထုတ်လုပ်လျက်ပထမနေရာတွင် ရှိနေ သည်။ အိန္ဒိယသည် တန်သန်း ၂.၄၇၊ ဗီယက်နမ်သည် တန်သန်း ၁.၂၊ ထိုင်းသည် တန်သန်း ၁.၁၇၊ အင်ဒိုနီးရှားသည် တန်သန်း ၁.ဝ၅ မွေးမြူထုတ်လုပ်လျက် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနေရာတို့ တွင် အသီးသီးရှိနေကြသည်။ ၂ဝဝ၄ ခုနှစ်တွင် မွေးမြူငါး များတွင် Cyprinidae မျိုးစိတ်ဝင် မွေးမြူရေးငါးကြင်းတို့ကို တန် ၁၈.၃ သန်းဖြင့် အများဆုံးမွေးမြူခဲ့ ကြသည်။ ကမာတို့ကို တန် ၄.၆ သန်း၊ ခုံးကောင်တို့ကို တန် ၃.၇၄ သန်း၊ ရေချိုငါးမျိုးစုံတို့ကို တန် ၃.၇၄ သန်း၊ ပုစွန်ကို တန် ၂.၄၉ သန်း၊ ဆော်လမွန် စသော ငါးတို့ကို တန် ၁.၉၈ သန်း မွေးမြူခဲ့ကြသည်။ ယနေ့မွေးမြူရေးငါးစာရင်းဝင် ငါးများမှ ၄၃ဝ မျိုး (၉၇ ရာခိုင်နှုန်း) သည် ၂ဝ ရာစုအတွင်း စမ်းသပ်မွေး မြူစာရင်းတင်ခဲ့သော ငါးများဖြစ် သည်။ ၄င်းတို့အနက်မှ ၁ဝ၆ မျိုးသည် ၂ဝဝ၇ ခုနှစ်တွင် စမ်းသပ်စာရင်း တင်ခဲ့ခြင်းဖြစ်သည်။ နှိုင်းယှဉ်ချက် တစ်ရပ်အဖြစ်ကုန်းသတ္တဝါမျိုးစိတ် များမှ ဝ.ဝဝဝ၂ ရာခိုင်နှုန်းကိုသာ မွေးမြူရေးတွင်အသုံးပြုခဲ့သည်။ ကုန်း မြေအပင်များမှ ဝ.ဝ၈ ရာခိုင်နှုန်းကို သာစိုက်ပျိုးရေးအတွက် သုံးပြုခဲ့ကြ သည်။ အဏ္ဏဝါသတ္တဝါမျိုးစိတ်များ မှ ဝ.၁၃၂ ရာခိုင်နှုန်းကိုသာ မွေးမြူ ရေးတွင်အသုံးပြုခဲ့ကြသည်။ အဏ္ဏဝါ ပင်များမှ ဝ.၁၇ ရာခိုင်နှုန်း စိုက်ပျိုး ရေးတွင် အသုံးပြုခဲ့ကြသည်။ သဘာဝ မျိုးစိတ်များကို စိုက် ပျိုးမွေးမြူရန်အတွက် သုတေသန များစွာ ပြုလုပ်ကြရသည်။ ထိုတွင် အဏ္ဏဝါ မျိုးစိတ်တို့သည် ကုန်းမြေ မျိုးစိတ်တို့ထက် လူသားအပေါ် ထိ ခိုက်မှုနည်းပါးပေသည်။ ဆုံဆို့နာနှင့် ကျောက်ရောဂါတို့သည် တိရစ္ဆာန်တို့ မှတစ်ဆင့်ကူးစက်လာခြင်းဖြစ်သည်။ ယနေ့အထိ ရေသတ္တဝါမှ ကူးစက်ခံ ရသည့် ရောဂါကိုမူ မတွေ့ရသေးပေ။ လူတို့စားသုံးရန် သားငါး တိရစ္ဆာန်များမွေးမြူခြင်းကို ထုတ် ကုန်ရလဒ်ရှုထောင့်မှကြည့်လျှင် တိရစ္ဆာန်များကို ပရိုတိန်းကျွေးကာ ပရိုတိန်းပြန်လည် ထုတ်လုပ်စေခြင်း ပင်ဖြစ်သည်။ ကျွေးသည့်အစားအစာ ပေါ်မှ ပရိုတိန်း ပြန်လည်ထုတ်လုပ် ပေးရာတွင် ငါးတို့သည် အကောင်း ဆုံးဖြစ်နေသည်။ နွားသည် ကျွေး သောအစာ၏ ငါးရာခိုင်နှုန်းသော ပရို တိန်းကိုသာ ထုတ်လုပ်ပေးနိုင်သည်။ ဝက်တို့သည် ကျွေးသောအစာ၏ ၃ဝ ရာခိုင်နှုန်းအထိသာ ပရိုတိန်းထုတ် လုပ်ပေးနိုင်သည်။ ကမ္ဘာတွင် ၁၉၆ဝ ခုနှစ်မှစ၍ ငါးစားသုံးမှုသည် ၆ဝ ရာခိုင်နှုန်း တိုး တက်ခဲ့သည်။ ငါးစားသုံးမှုများပြား လာခြင်းကြောင့် ငါးကို ပိုမိုဖမ်းဆီး လာကြရသည်။ ၁၉၇၄ ခုနှစ်တွင် ငါး သယံဇာတ၏ ၄၇.၉ ရာခိုင်နှုန်း ဖမ်း ယူခဲ့ရာမှ ၂ဝဝ၈ ခုနှစ်တွင် ၆၅.၈ ရာ ခိုင်နှုန်းအထိ တိုးချဲ့ဖမ်းဆီးခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု ငါးများကို ပင်လယ်ကမ်းစပ် တွင် မွေးမြူကြရာ ကမ်းစပ်ဂေဟ စနစ်ကို အများဆုံး ထိခိုက်စေပေ သည်။ ၁၉၈ဝခုနှစ်မှစ၍ ကမ္ဘာ့ ဒီရေ တော ၂ဝ ရာခိုင်နှုန်းပျက်စီးခဲ့ရာ ကမ်း စပ်ငါးမွေးမြူရေးသည် အကြောင်း ရင်းတစ်ခုဖြစ်သည်။ ဒီရေတော ရှု ထောင့်မှ သုံးသပ်ပါက ကမ်းစပ် ငါး၊ ပုစွန် မွေးမြူခြင်းသည် အကျိုးထက် ဆုံးရှုံးမှုတန်ဖိုးက ပိုမိုများပြားပေ သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဒီရေ တော ဟက်တာ ၂၆၉ဝဝဝ သည် ငါး၊ ပုစွန်မွေးမြူကန်များဖြစ်သွားခဲ့ ရသည်။ မွေးမြူရေးလုပ်ငန်းရပ်ဆိုင်း သွားသောအခါ စွန့်ထားခဲ့သော ကန် များသည် အာဟာရများ ဆုံးရှုံးလျက် အဆိပ်သင့် ကျန်ရစ်ခဲ့ကြရသည်။ ဆော်လမွန် မွေးကန်များသည် ဂေဟစနစ်အား အဆိပ်သင့်စေမှု ပိုမို များပြားသည်။ ဆော်လမွန်ငါးကောင် ရေ နှစ်သိန်းမွေးကန်သည် လူ ၆ဝဝဝဝ နေထိုင်သောမြို့တစ်မြို့ထက် အညစ် အကြေးစွန့်ထုတ်မှု ပိုမိုများပြားသည်။ ငါးမွေးကန်များသည် အညစ်အကြေး များကို တစုံတရာပြုပြင်သန့်စင်ခြင်း မပြုဘဲ ပတ်ဝန်းကျင်ရေပြင်သို့ တိုက် ရိုက်စွန့်ထုတ်နေကြသည်။ စွန့်ပစ် ပစ္စည်းတွင် ပဋိဇီဝဆေးများ၊ ပိုးသတ် ဆေးများပါဝင်လာလေ့ရှိသည်။ ဤ ပစ္စည်းအားလုံးသည် ပင်လယ်ကြမ်း ပြင်တွင် အနည်ထိုင်ကာ အဏ္ဏဝါ ဂေဟစနစ်ကိုထိခိုက်စေသည်။ ငါးရွေးချယ်ခြင်း ချိုပင်သည် မွေးမည့်ငါးရွေးချယ် ရတော့မည်။ တီလာပီယားတို့က အရွက်အညွန့်ကိုစားကြ၍ ထာဝစဉ် တည်တံ့သော သဘောကိုဆောင်သော် လည်း Omega-3 ပါဝင်မှုနည်းလွန်း သည်။ ဆော်လမွန်တို့က Omega-3 များများပါသဖြင့် နှလုံးအားကောင်း စေသည်။ မွေးမြူရေး ငါးကြင်း၊ ငါးသိုင်း စသည်တို့ကလည်း ကရိ ကထများလှ၊ လက်ဝင်လှသည်။ ချို ပင်သည် သူရှာနေသော အိပ်မက်ထဲ ကငါးကိုတွေ့ခဲ့ရသည်။ သူတွေ့ရှိခဲ့ သော အိပ်မက်ငါးမှာ ဘာရမွန်ဒီ ကျောက်ငါးများပင်ဖြစ်သည်။ ဘာရမွန်ဒီသည် ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးတွင် ရှင်သန်နိုင် သည်။ ဥ မကြာခဏ ဥသည်။ အစာ မျိုးစုံကိုစားနိုင်သည်။ ဒူပေနာပေခံ သည်။ Josh Goldman သည် ၂ဝဝ၄ ခုနှစ်တွင် အိုကလာဟိုးမားပြည်နယ်၊ တူနာရေတံခွန်အနီးရှိ သြစထရားလစ် လုပ်ငန်းတွင် ဘာရမွန်ဒီငါးကို စတင် စမ်းသပ်ခဲ့ရာ၊ ၂ဝဝ၅ ခုနှစ်တွင်ပင် စီးပွားဖြစ် မွေးငါးဖြစ်လာခဲ့သည်။ ဘာရမွန်ဒီတို့သည် Omega-3 လည်းြ<ွကယ်ဝသည်။ ဘာရမွန်ဒီတို့သည် စား၍လည်းကောင်းသည်။ စားကြည့် သော အမေရိကန်တို့သည် ဘာရမွန် ဒီကိုကြိုက်သွားကြသည်။ ဂေဟစနစ် တည်တံ့ရေးအတွက် အလားအလာ ကောင်းသော ဘာရမွန်ဒီသည် လူ ကြိုက်များသောငါးဖြစ်လာခဲ့သည်။ တူနာရေတံခွန်တွင် ဘာရမွန်ဒီ အားစမ်းသပ်မွေးမြူခြင်းသည် အခန်း ပိတ်မွေးမြူခြင်းဖြစ်သည်။ ကုန်ကျ စရိတ်များပြားသည်။ Goldman က ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်တွင် ဈေးချိုချိုဖြင့် ရောင်းချလိုသည်။ ဗီ ယက်နမ်ကမ်းခြေတစ်နေရာ ပင်လယ် ကမ်းစပ်တွင် လှောင်အိမ်ဖြင့် မွေး မြူပါက တူနာရေတံခွန်လောက် မြစိမ်းရောင် မဆန်သော်လည်း ကုန် ကျစရိတ် သက်သာမည်ဖြစ်သည်။ မွေးမြူခဲ့သည့်ငါးများ စားသောက်စားပွဲပေါ်သို့ ရောက်လာသောမွေးငါးများတွင် အတ္တလန္တိတ် ဆော်လမွန် Atantic Salmon သည် ၉ဝ ရာခိုင်နှုန်းရှိသည်။ တစ်နှစ်လျှင် တန် ၁.၄ သန်းရှိသည်။ ဘာရမွန်ဒီသည် တန် ၄၅ဝဝဝ ရှိ သည်။ ဘာရမွန်ဒီမွေးမြူမှုသည် လွန် ခဲ့သော ဆယ်နှစ်အတွင်း နှစ်ဆတိုး များလာခဲ့သည်။ ငါးကြင်းသည် တန် သုံးသန်းခန့်ရှိသည်။ တရုတ်နိုင်ငံတွင် အများဆုံးမွေးမြူကြသည်။ ခရုနှင့် ကမာတို့ကို နှစ်စဉ် တန် ၁၂ သန်း မွေးမြူလျက်ရှိသည်။ ကမ္ဘာပေါ်တွင် စားသုံးနေသည် ပုစွန်တို့၏ ၄ဝ ရာ ခိုင်နှုန်းဖြစ်သော တန် ၁.၂ သန်းကို မွေးမြူရေးက ထုတ်ပေးနေခြင်းဖြစ် သည်။ အသီးအရွက်စားသော တီ လားပီးယား Tilapia ငါးတို့ကို နှစ် စဉ် တန် ၂.၃မွေးမြူထုတ်လုပ်ပေး လျက်ရှိသည်။ မွေးမြူမည့် ငါးများကို ထာဝစဉ် တည်တံ့မှုလည်းဖြစ်စေရန်၊ အစာကွန် ရက်တွင် အောက်ဆုံးအဆင့်လည်း ဖြစ်စေရန် တစ်နည်းမှာ မျိုးဗီဇပြုပြင် ယူရန်ဖြစ်သည်။ လွန်ခဲ့သော နှစ် အနည်းငယ်ကစ၍ပင် အစာအဖြစ် ငါးစိမ်းကျွေးရမှုနည်းပြီး အကြီးမြန် သော ငါးမျိုးရရှိနိုင်ရန်အတွက် ဆော် လမွန်အား အခြားငါးတို့နှင့် မျိုးစပ် ရန်ကြိုးစားခဲ့ကြသည်။ မက်ဆာချူး ဆက်တွင်အခြေစိုက်သော Aqua-bounty ကုမ္ပဏီသည် အတ္တလန္တိတ် ဆော်လမွန်ကို မျိုးပြုပြင်၍ နှစ်ဆ အကြီးမြန်သော ငါးမျိုးရရှိနိုင်ရန် ကြိုး စားလျက်ရှိသည်။ သူတို့မျိုးစပ်ရရှိ သော Aqu-Advantage Salmon တွင် အေးသော မြောက်ပိုင်းရေပြင်မှ Chinook Sal-mon ၏ မျိုးဗီဇပါရှိ သည်။ ဤမျိုးဗီဇသည် ကြီးထွားဟို မုန်းကို လှုံ့ဆော်ပေးသော သတ္တိရှိ သဖြင့် မွေးမြူငါးများကို ဈေးကွက် သို့ အမြန်ရောက်ရှိစေနိုင်ပေသည်။ အမေရိကန်ပြည်ထောင်စုသည် ပင်လယ်ငါးအများစုကို ပြည်ပမှာဝယ် ယူစားသုံးနေရာ သယ်ယူပို့ဆောင်မှု အတွက် ကာဘွန်ခြေရာသည် ကြီး လွန်းလှသည်။ ဤလိုအပ်ချက်ကို ငါးမျိုးစိတ်အသစ်ဖြစ်သော ဆော်လ မွန်ဖြင့် ကုန်းပေါ်တွင်ပင် ငါးမွေးမြူ လျက်ဖြေရှင်းနိုင်ဖွယ်ရှိပေသည်။ အမေရိကန်ပြည်ထောင်စု၊ အစား အစာနှင့် ဆေးဝါးများအုပ်ချုပ်ကွပ်ကဲ ရေးဌာန U.S Food and Drug Admin istration- FDA ၏ ကျွမ်း ကျင်သူများအဖွဲ့က မျိုးဗီဇပြုပြင်ထား သော ဆော်လမွန်တို့အတွက် Aqua-bounty ၏တင်ပြချက်ကို ကျေနပ် ခဲ့ကြသည်။ FDA အနေဖြင့်မူ အတည် မပြုရသေးပေ။ သဘာဝပတ်ဝန်းကျင် သမားတို့ကမူ ဤဆော်လမွန်ငါးများ ကို ဖုတ်သဘက်ငါး- Frankenfish ဟုအမည်ပေးခဲ့ကြသည်။ သူတို့က ဗီဇပြုပြင်ငါးများသည် သဘာဝရေပြင် သို့ လွတ်သွားကာ သဘာဝငါးများ အပေါ် လွှမ်းမိုးသွားမည်ကို စိုးရိမ်နေ ကြသည်။ Aquabounty ကုမ္ပဏီက သူတို့သည် အလုံပိတ်ကန်များဖြင့် မွေးမြူကြမည်ဖြစ်၍ ပင်လယ်ထဲသို့ လွတ်သွားရန် အကြောင်းမရှိပါ ကြောင်း ဖြေရှင်းကြသည်။ ဗီဇပြင် ဆော်လမွန်တို့ကို အမေ ရိကန်တွင် မွေးမြူခွင့်မရသည့်တိုင် တရုတ်နိုင်ငံတွင်မူ မွေးမြူနိုင်ဖွယ်ရှိ ပေသည်။ တရုတ်နိုင်ငံသည် သဘာ ဝပတ်ဝန်းကျင်ရေးရာများတွင် ထိန်း ချုပ်မှုမတင်းကြပ်လှပေ။ ဆော်လမွန် သာမက ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင် နှုန်းအထိ ပိုမိုအသားတက်နိုင်သော ဗီဇပြင်ထရောက်ငါးမျိုးကိုလည်း ဓာတ်ခွဲခန်းတွင်စမ်းသပ်လျက်ရှိသည်။ ဤသို့ဖြင့် စားသုံးရမည့်ငါးတို့သည် သဘာဝအရိုင်းငါးမှ မွေးငါးသို့ပြောင်း လဲလာခဲ့ပြီဖြစ်သည်။ သဘာဝငါးတွင် သဘာဝအရ သာနှင့် အာဟာရတို့အပြင် ငါးဖမ်းရ မှု၏ စိတ်ဝင်စားဖွယ်များလည်းရှိနေ ပေသည်။ ရေလုပ်သားတို့သည် စွန့် လွှတ်စွန့်စားမှုဖြင့် ပင်လယ်ပြင်ကျယ် တွင်ငါးဖမ်းကြရသည်။ သတ္ထုတွင်း လုပ်သားတို့ မိုင်းတွင်း မတော်တဆ ဖြစ်မှုကြောင့် သေဆုံးရမှုသည် ဝ.ဝ၁ ရာခိုင်နှုန်းသာရှိသော်လည်း ရေလုပ် သားတို့၏ ငါးဖမ်းရင်း အသက်ဆုံး ရမှုသည် ဝ.၂ ရာခိုင်နှုန်းရှိနေသည်။ ကမ္ဘာကြီးသည် လူဦးရေ ခုနစ် ဘီလီယံရှိလာပြီဖြစ်ရာ စိုက်ပျိုးရန်၊ မွေးမြူရန်နေရာသည် ပို၍ပို၍ ကျဉ်း မြောင်းလာသည်။ ပင်လယ်ပြင်တွင် ငါးဖမ်းမှုသည် ပျောက်ကွယ်သွားမည် မဟုတ်သော်လည်း ငါးမွေးမြူမှုနှင့် မွေးငါးစားသုံးမှုသည် သိသိသာသာ တိုးများလာမည်ဖြစ်သည်။ လူသားတို့နေ့စဉ် မက်မောနှစ် ခြိုက်စွာပြုလုပ်သော အမှုသည် အစား စားခြင်းဖြစ်သည်။ ထို့ကြောင့် အစား အစာသည် ကျန်းမာရေးနှင့်ညီညွတ် ရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် စေခြင်းမရှိဘဲ ထာဝစဉ်တည်တံ့စွာ ထုတ်လုပ်ပေးနိုင်ရန် လိုအပ်သကဲ့သို့ အရသာရှိရန်လည်း လိုအပ်ပေသည်။ လူသား၏လိုအပ်ချက်အရ မွေးငါး တို့ကို အရသာကောင်းအောင်၊ အသားတိုးအောင် မွေးမြူသကဲ့သို့ သဘာဝပတ်ဝန်းကျင်အပေါ်၊ လူသား ဦးဆောင်သော သတ္တဝါမျိုးစိတ်တို့ အပေါ်ထိခိုက်မှုနည်းစေရန်၊ ဂေဟ စနစ်ကို ထာဝစဉ်တည်တံ့စေရန်၊ ကမ္ဘာကြီးပူပြင်းမလာစေရန် ဦးတည် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဖြင့်...။ ဖိုးဆွေ(သစ်လုပ်ငန်း) Ref: 1.The End of the Line by Bryan Walsh, Time, July-18,2011. 2.Wikipedia, The Free Encyclopaedia.
ဖိုးဆွေ(သစ်လုပ်ငန်း)
 

No comments: