ထားရစ်ခဲ့ပြီ။ မျက်ရည်စက်လက်နှင့် ညီမငယ်၊ အမေနှင့်အဖေ့ကို ထားရစ်ခဲ့ပြီ။ နှစ် ၂၀ လုံးလုံး မွေးဖွားကြီးပြင်းလာခဲ့ရာ အိမ်ကို ကျနော် ထားရစ်ခဲ့ပြီ။ တဖက်သတ် ကြိတ်ချစ်နေသော ကောင်မလေးနှင့် တက္ကသီလာ ကျောင်းတော်ကြီး ကိုလည်း ကျနော် ထားရစ်ခဲ့ပြီ။
ခရစ်သက္ကရာဇ် ၁၉၈၈၊ မြန်မာသက္ကရာဇ် ၁၃၅၀ ပြည့်နှစ်၊ မြန်မာပြည်တ၀န်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုကြီး တောင်းဆို အုံကြွခဲ့သော ဒီမိုကရေစီ လမ်းမများပေါ် စစ်တပ်က သွေးချောင်းစီး သတ်ဖြတ်အပြီး ထိုင်း-မြန်မာ နယ်စပ်သို့ စိတ်တူကိုယ်တူ ရဲဘော်သူငယ်ချင်းများနှင့် ကျနော်ထွက်လာခဲ့သည်။
တောတောင်ချောင်းမြောင်း များကို ဖြတ်ကျော်ပြီး နယ်စပ်ဒေသသို့ ရောက်လာသူများကဲ့သို့ပင် ကျနော် အိပ်မက်မက်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်သော လက်နက်ကိုင် စစ်တပ်ကို တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာကွယ် စောင့်ရှောက်တတ်သော တပ်မတော်တရပ်နှင့် အစားထိုးမည်။ စစ်တပ်သည်သာ အမိအဖဟု သံန္နိဌာန်ပြုထားသည့် စစ်တပ်ကို ပြည်သူသည်သာ အမိအဖဟု ခံယူထားသည့် စစ်တပ်နှင့် အစားထိုးမည်ဟူ၍ ကျနော်တို့ အိပ်မက် မက်ခဲ့ကြသည်။
၂၂ နှစ်ကြာခဲ့ပြီ။ အိပ်မက်ကား အကောင်အထည် မပေါ်ခဲ့။ သို့သော် အိပ်မက်ကိုမူ တခုတ်တရ တကယ်မက်ခဲ့ကြသည်။
ဖလံတောင်ဝှေးတို့ ပေါက်ရောက်ရာ၊ သင်တိုင်းဖြူမလေးများ မွေးဖွားကြီးပြင်းရာ ကရင့်လက်နက်ကိုင်နယ်မြေတွင် အိပ်မက်ကို စတင် အကောင်အထည်ဖော်ကြသည်။ သို့နှင့် ကျောင်းသားတပ်မတော်ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါက်ဖွားလာခဲ့သည်။
မှတ်မိသေးသည်။ ကျနော် ရွေးချယ်ဝင်ရောက်ခဲ့သော တပ်ရင်း ၁၀၂ အခြေစိုက်သည်က မွန်တို့ ဌာနေ ရာမညပြည်၏ နယ်စွန်နယ်ဖျား ဘုရားသုံးဆူတောင်ကြား ဂျပန်ရေတွင်း အမည်ရ ရွာကလေးအနီး။ တပ်ထဲတွင် ရန်ကုန်သား တက္ကသိုလ် ကျောင်းသား အများအပြားပါသည်။
တပ်ခွဲအလိုက် ဘားတိုက်တတိုက်စီ ခွဲ၍ ဆောက်ရာ ကျနော်တို့ တပ်ခွဲ လူအယောက် ၃၀ စာ ဘားတိုက်တခုကို ဆောက်ရသည်။ ထိုအဆောက်အအုံအတွက် နာမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများက ဦးစီးဦးဆောင်ပြုကြသည်။ ကျောင်းတွင် သင်ကြားခဲ့သော ပညာစွမ်းဖြင့် ပုံစံထုတ်၊ မြေရှင်း၊ ပန္နက်ချ အရာရာစနစ်တကျ။ သက်ကယ် ဘယ်နှပျစ်၊ ၀ါးလုံးရေ မည်မျှ စသည်ဖြင့်။
ဆောက်ပြီး သိပ်ကြာကြာ မနေလိုက်ကြရ။ ဘားတိုက် တဲကြီး ပြိုစောင်းကျသွားသည်။ တဲဆောက်ကျွမ်းသည့် တခြားတပ်ခွဲမှ ရဲဘော်များက ပြန်ကူကြ၍ နေရာ ထိုင်ခင်း အဆင်ပြေသွားသည်။ နောက်ပိုင်း “ခင်ဗျားတို့ အာရ်အိုင်တီ ကျောင်းသားတွေ” ဟု အချင်းချင်း နောက်ပြောင် ပြောလျင် ပြုံးကြရသည်။
တကယ်တမ်းလည်း မိဘအိမ်တွင် ခူးခပ်ပြီးသော ထမင်းပွဲကို အခန့်သား လက်ဆေးစားရသည့် ဘ၀မှ ချက်ခြင်းဗြုန်းစားကြီး ကိုယ်ထူကိုယ်ထ လုပ်ကြရသည်။ ကျောင်းသင်ခန်းစာတွင် မပါသည်များကို လက်တွေ့သင်ကြားကြရသည်။ ကျနော်ဆိုလျင် ကြက်ဥတလုံး မည်သို့ ကြော်ရမည်၊ မီး ဘယ်သို့ မွှေးရမည်ကိုပင် မသိ။
အစားအသောက်တွင် ကကြီး မှ စကြရသည်။ တပ်ရင်းရှိလူအကုန် ၁၀၀ ကျော်အတွက် အလှူမှာ ချက်သလို မိုးပြဲဒယ် ၂ လုံးနှင့် ထမင်းတည်ရသည်။ မီးမညီ၍ တချို့နေရာက တူး၊ တချို့အပိုင်းက ပျော့၊ တချို့က မနပ်သောကြောင့် ကျနော်တို့က ပျော့တူးမနပ် ထမင်းဟု သမုတ်ကြသည်။ ယင်း ပျော့တူးမနပ်ထမင်းနှင့်အတူ ဗီတာမင်အတွက် စိတ်ချရသည့် ကုလားပဲကို အမျိုးမျိုး ဟင်းချက်စားကြသည်။ တခြား လျှာလည်စရာဆို၍ ငပိနှင့် ငရုတ်သီးသာ ရှိသည်။
ဝင်ငွေဆို၍လည်း ပြည်ပရောက် မြန်မာများ၏ အလှူငွေမှတပါး အခြားမရှိ။ တဘက်တလမ်းမှ ၀င်ငွေရှာဖွေရေး (income generating) အတွက် လူကြီးတချို့က အကြံထုတ်ကြသည်။ ကျနော်အမှတ်မမှားလျှင် ကိုကျော်ကြီး (ရန်ကုန် ပြန်ဝင် သွားပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူ) နှင့် ကိုဘစောထွန်း (ယခု ဂျာမနီတွင် ဂစ်တာတီးနေသူ) တို့ဖြစ်မည်။ တယောက်က ဘုရားသုံးဆူဈေးတွင် ရောင်းသော ကျောက်ဖရုံယိုထုပ်များကို မြင်ပြီး ရွှေဉာဏ်တော် စူးရောက်ကာ ကျောက်ဖရုံသီး စိုက်ရောင်းမည် အဆိုပြု၍ တပ်ရင်းတွင် စိုက်ခင်းဖော်တော့သည်။
တွက်ရေးက စက်သူဌေး။ ရာထောင်ချီထွက်လာသော ကျောက်ဖရုံသီးများကို မည်သူမျှ ၀ယ်မည့်သူမရှိ။ တပ်ရင်းရိက္ခာသာ ဖြစ်လာခဲ့သည်။ ကျနော်တို့၏ နေ့စဉ် စားမြိန်ဖွယ်စာရင်းတွင် အဖုံဖုံသော ကျောက်ဖရုံသီးဟင်းပါ တိုးလာခဲ့ပြီ။ မနက်ကုလားပဲဆို၊ ညနေ ကျောက်ဖရုံသီး။ မနက် ကျောက်ဖရုံသီးဆို၊ ညနေ ကုလားပဲ။ ကြာတော့ လူတွေက ညစ်လာကြသည်။ သည်းမခံနိုင်တော့။ တော်လှန်ရေးပဲဆိုပြီး တောင့်မထားနိုင်ကြတော့။
မည်သူက မည်သို့ အစပြုခဲ့သည်ကို မသိ။ မှတ်မိသည်က မနက်အလံတင် အလေးပြုအပြီး အခြေခံစစ်ရေးပြလေ့ကျင့်ရာတွင် တနေရာကနေ အသံထွက်လာသည်။ "ဘယ်ညာ ဘယ်ညာ" အော်နေရာက "ကျောက်ပဲ၊ ကျောက်ပဲ" ဟူလတ္တံ့။ လေ့ကျင့်ရေးဆင်း အမောင်ကျောင်းသားများ အားလုံး လိုက်အော်ကြတော့သည်။
"ကျောက်ပဲ ကျောက်ပဲ၊ ကျောက်ပဲ ကျောက်ပဲ"
အကျိုးရလဒ်ကား စခန်းကော်မတီဥက္ကဌ (ယခု အမေရိကားရှိ) ကိုသီရိညွှန့် နားပေါက်သွားပြီး နောက်ပိုင်း ချက်ပြုတ်စရာ စာရင်းထဲ တခါတရံကြက်ရိုး၊ တခါတရံ ကြက်ဒူးခေါင်းများ တိုးပွားလာခဲ့သည်။ ကျောက်ဖရုံသီးများကား ဘုရားသုံးဆူနယ်မြေ စစ်တပ် လက်ထဲ ကျသွားသည်အထိ တပ်ရင်းရိက္ခာဂိုဒေါင်တွင် အမြောက်အမြား ကျန်ရစ်ခဲ့သေးသည်။
ထောင်သောင်းချီသော ကျောင်းသားလူငယ်များ လက်နက်မစုံသော်လည်း ရန်သူ စစ်တပ်နှင့် နင်လားငါလား တိုက်ခဲ့သော တိုက်ပွဲ အရေအတွက်ထက် ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းပျက်ဝမ်းလျှော၊ ချောင်းဆိုး၊ ရင်ကျပ်စသည့် အပူပိုင်း တောတွင်း ဖြစ်ပွားတတ်သော ရောဂါများကို တိုက်ခိုက်ရသည့် အကြိမ်က အပုံကြီးများခဲ့ပါသည်။ ကွီနင်၊ တက်ထရာ၊ ပါရာစီတမော၊ ဘီစစ် ဟူသည် လူတိုင်း၏ ပါးစပ်ဖျားတွင် အလွတ်ရနေသည့် ဆေးရောင်စုံတွဲများ၏ အမည်နာမများဖြစ်သည်။
ဤ နေရာတွင် ဆေးမှူး၊ ဆေးကျောင်းသား ဆရာဝန် လောင်းများမှာ မျက်နှာ အပွင့်ဆုံးပင်။ ကျနော်တို့ အချင်းချင်းကြား အားကိုး အားထား ပြုရုံမက ရွာနီးချုပ်စပ်မှ လူအများ ကလည်း ဆရာ ဆရာနှင့်။ တခါတရံ ချက်ပြုတ် ထားသော ဖွယ်ဖွယ် ရာရာ ဟင်းကောင်း များနှင့်လည်း လာရောက် ဂါရ၀ပြု ကြသည်။
“စိတ်ဓာတ် ကလေး ဖြူစင် သန့်ရှင်းတယ်၊ ကျေးလက်က ဆရာဝန် သူငယ်ချင်းရယ်” ဟု ကျောင်းသား တပ်မတော် သားကြီး ကွယ်လွန်သူ တေးပြုစာဆို ထူးအိမ်သင်၏ သီချင်းကို ငှက်ဖျားသံနှင့် ဆိုခဲ့သည့် နေ့ရက် များအား အမှတ်ရနေ မိသေးတော့။
၂၂ နှစ်ကြာခဲ့ပြီဆိုသော်ငြား ပြန်တွေးလိုက်တိုင်း အမှတ်ရစရာများကား မနေ့တနေ့ကလိုပင်။ သေသောသူ ကြာပေမယ့်လည်း မမေ့နိုင်။ ပျောက်သောသူများကိုလည်း စာရင်း အင်းနှင့် စနစ်တကျ မှတ်တမ်းပြုစေချင်သည့် ဆန္ဒတို့သာ ရင်မှာ တိုးပွားလျက်။
သြော် ......... တခါက … ဒုက္ခက ပျားရည်လို ချိုသော နေ့ရက်တွေ ...........။
| |
ဧရာဝတီ သတင်းအယ်ဒီတာ ရဲနည်သည် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် သပိတ်မှောက် တက္ကသိုလ် ကျောင်းသား တဦးအဖြစ် ပါဝင်လှုပ်ရှား ခဲ့ပြီး ၁၉၈၉ တွင် ထိုင်း - မြန်မာ နယ်စပ်သို့ ထွက်ခွာ လာကာ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဖွဲ့ဝင် ဖြစ်လာ ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဧရာဝတီ မဂ္ဂဇင်း၌ စတင် တာဝန်ယူ ခဲ့သည်။ |
တောတောင်ချောင်းမြောင်း များကို ဖြတ်ကျော်ပြီး နယ်စပ်ဒေသသို့ ရောက်လာသူများကဲ့သို့ပင် ကျနော် အိပ်မက်မက်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်သော လက်နက်ကိုင် စစ်တပ်ကို တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာကွယ် စောင့်ရှောက်တတ်သော တပ်မတော်တရပ်နှင့် အစားထိုးမည်။ စစ်တပ်သည်သာ အမိအဖဟု သံန္နိဌာန်ပြုထားသည့် စစ်တပ်ကို ပြည်သူသည်သာ အမိအဖဟု ခံယူထားသည့် စစ်တပ်နှင့် အစားထိုးမည်ဟူ၍ ကျနော်တို့ အိပ်မက် မက်ခဲ့ကြသည်။
၂၂ နှစ်ကြာခဲ့ပြီ။ အိပ်မက်ကား အကောင်အထည် မပေါ်ခဲ့။ သို့သော် အိပ်မက်ကိုမူ တခုတ်တရ တကယ်မက်ခဲ့ကြသည်။
* * *
ဖလံတောင်ဝှေးတို့ ပေါက်ရောက်ရာ၊ သင်တိုင်းဖြူမလေးများ မွေးဖွားကြီးပြင်းရာ ကရင့်လက်နက်ကိုင်နယ်မြေတွင် အိပ်မက်ကို စတင် အကောင်အထည်ဖော်ကြသည်။ သို့နှင့် ကျောင်းသားတပ်မတော်ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါက်ဖွားလာခဲ့သည်။
မှတ်မိသေးသည်။ ကျနော် ရွေးချယ်ဝင်ရောက်ခဲ့သော တပ်ရင်း ၁၀၂ အခြေစိုက်သည်က မွန်တို့ ဌာနေ ရာမညပြည်၏ နယ်စွန်နယ်ဖျား ဘုရားသုံးဆူတောင်ကြား ဂျပန်ရေတွင်း အမည်ရ ရွာကလေးအနီး။ တပ်ထဲတွင် ရန်ကုန်သား တက္ကသိုလ် ကျောင်းသား အများအပြားပါသည်။
တပ်ခွဲအလိုက် ဘားတိုက်တတိုက်စီ ခွဲ၍ ဆောက်ရာ ကျနော်တို့ တပ်ခွဲ လူအယောက် ၃၀ စာ ဘားတိုက်တခုကို ဆောက်ရသည်။ ထိုအဆောက်အအုံအတွက် နာမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများက ဦးစီးဦးဆောင်ပြုကြသည်။ ကျောင်းတွင် သင်ကြားခဲ့သော ပညာစွမ်းဖြင့် ပုံစံထုတ်၊ မြေရှင်း၊ ပန္နက်ချ အရာရာစနစ်တကျ။ သက်ကယ် ဘယ်နှပျစ်၊ ၀ါးလုံးရေ မည်မျှ စသည်ဖြင့်။
ဆောက်ပြီး သိပ်ကြာကြာ မနေလိုက်ကြရ။ ဘားတိုက် တဲကြီး ပြိုစောင်းကျသွားသည်။ တဲဆောက်ကျွမ်းသည့် တခြားတပ်ခွဲမှ ရဲဘော်များက ပြန်ကူကြ၍ နေရာ ထိုင်ခင်း အဆင်ပြေသွားသည်။ နောက်ပိုင်း “ခင်ဗျားတို့ အာရ်အိုင်တီ ကျောင်းသားတွေ” ဟု အချင်းချင်း နောက်ပြောင် ပြောလျင် ပြုံးကြရသည်။
တကယ်တမ်းလည်း မိဘအိမ်တွင် ခူးခပ်ပြီးသော ထမင်းပွဲကို အခန့်သား လက်ဆေးစားရသည့် ဘ၀မှ ချက်ခြင်းဗြုန်းစားကြီး ကိုယ်ထူကိုယ်ထ လုပ်ကြရသည်။ ကျောင်းသင်ခန်းစာတွင် မပါသည်များကို လက်တွေ့သင်ကြားကြရသည်။ ကျနော်ဆိုလျင် ကြက်ဥတလုံး မည်သို့ ကြော်ရမည်၊ မီး ဘယ်သို့ မွှေးရမည်ကိုပင် မသိ။
အစားအသောက်တွင် ကကြီး မှ စကြရသည်။ တပ်ရင်းရှိလူအကုန် ၁၀၀ ကျော်အတွက် အလှူမှာ ချက်သလို မိုးပြဲဒယ် ၂ လုံးနှင့် ထမင်းတည်ရသည်။ မီးမညီ၍ တချို့နေရာက တူး၊ တချို့အပိုင်းက ပျော့၊ တချို့က မနပ်သောကြောင့် ကျနော်တို့က ပျော့တူးမနပ် ထမင်းဟု သမုတ်ကြသည်။ ယင်း ပျော့တူးမနပ်ထမင်းနှင့်အတူ ဗီတာမင်အတွက် စိတ်ချရသည့် ကုလားပဲကို အမျိုးမျိုး ဟင်းချက်စားကြသည်။ တခြား လျှာလည်စရာဆို၍ ငပိနှင့် ငရုတ်သီးသာ ရှိသည်။
ဝင်ငွေဆို၍လည်း ပြည်ပရောက် မြန်မာများ၏ အလှူငွေမှတပါး အခြားမရှိ။ တဘက်တလမ်းမှ ၀င်ငွေရှာဖွေရေး (income generating) အတွက် လူကြီးတချို့က အကြံထုတ်ကြသည်။ ကျနော်အမှတ်မမှားလျှင် ကိုကျော်ကြီး (ရန်ကုန် ပြန်ဝင် သွားပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူ) နှင့် ကိုဘစောထွန်း (ယခု ဂျာမနီတွင် ဂစ်တာတီးနေသူ) တို့ဖြစ်မည်။ တယောက်က ဘုရားသုံးဆူဈေးတွင် ရောင်းသော ကျောက်ဖရုံယိုထုပ်များကို မြင်ပြီး ရွှေဉာဏ်တော် စူးရောက်ကာ ကျောက်ဖရုံသီး စိုက်ရောင်းမည် အဆိုပြု၍ တပ်ရင်းတွင် စိုက်ခင်းဖော်တော့သည်။
တွက်ရေးက စက်သူဌေး။ ရာထောင်ချီထွက်လာသော ကျောက်ဖရုံသီးများကို မည်သူမျှ ၀ယ်မည့်သူမရှိ။ တပ်ရင်းရိက္ခာသာ ဖြစ်လာခဲ့သည်။ ကျနော်တို့၏ နေ့စဉ် စားမြိန်ဖွယ်စာရင်းတွင် အဖုံဖုံသော ကျောက်ဖရုံသီးဟင်းပါ တိုးလာခဲ့ပြီ။ မနက်ကုလားပဲဆို၊ ညနေ ကျောက်ဖရုံသီး။ မနက် ကျောက်ဖရုံသီးဆို၊ ညနေ ကုလားပဲ။ ကြာတော့ လူတွေက ညစ်လာကြသည်။ သည်းမခံနိုင်တော့။ တော်လှန်ရေးပဲဆိုပြီး တောင့်မထားနိုင်ကြတော့။
မည်သူက မည်သို့ အစပြုခဲ့သည်ကို မသိ။ မှတ်မိသည်က မနက်အလံတင် အလေးပြုအပြီး အခြေခံစစ်ရေးပြလေ့ကျင့်ရာတွင် တနေရာကနေ အသံထွက်လာသည်။ "ဘယ်ညာ ဘယ်ညာ" အော်နေရာက "ကျောက်ပဲ၊ ကျောက်ပဲ" ဟူလတ္တံ့။ လေ့ကျင့်ရေးဆင်း အမောင်ကျောင်းသားများ အားလုံး လိုက်အော်ကြတော့သည်။
"ကျောက်ပဲ ကျောက်ပဲ၊ ကျောက်ပဲ ကျောက်ပဲ"
အကျိုးရလဒ်ကား စခန်းကော်မတီဥက္ကဌ (ယခု အမေရိကားရှိ) ကိုသီရိညွှန့် နားပေါက်သွားပြီး နောက်ပိုင်း ချက်ပြုတ်စရာ စာရင်းထဲ တခါတရံကြက်ရိုး၊ တခါတရံ ကြက်ဒူးခေါင်းများ တိုးပွားလာခဲ့သည်။ ကျောက်ဖရုံသီးများကား ဘုရားသုံးဆူနယ်မြေ စစ်တပ် လက်ထဲ ကျသွားသည်အထိ တပ်ရင်းရိက္ခာဂိုဒေါင်တွင် အမြောက်အမြား ကျန်ရစ်ခဲ့သေးသည်။
ထောင်သောင်းချီသော ကျောင်းသားလူငယ်များ လက်နက်မစုံသော်လည်း ရန်သူ စစ်တပ်နှင့် နင်လားငါလား တိုက်ခဲ့သော တိုက်ပွဲ အရေအတွက်ထက် ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းပျက်ဝမ်းလျှော၊ ချောင်းဆိုး၊ ရင်ကျပ်စသည့် အပူပိုင်း တောတွင်း ဖြစ်ပွားတတ်သော ရောဂါများကို တိုက်ခိုက်ရသည့် အကြိမ်က အပုံကြီးများခဲ့ပါသည်။ ကွီနင်၊ တက်ထရာ၊ ပါရာစီတမော၊ ဘီစစ် ဟူသည် လူတိုင်း၏ ပါးစပ်ဖျားတွင် အလွတ်ရနေသည့် ဆေးရောင်စုံတွဲများ၏ အမည်နာမများဖြစ်သည်။
ဤ နေရာတွင် ဆေးမှူး၊ ဆေးကျောင်းသား ဆရာဝန် လောင်းများမှာ မျက်နှာ အပွင့်ဆုံးပင်။ ကျနော်တို့ အချင်းချင်းကြား အားကိုး အားထား ပြုရုံမက ရွာနီးချုပ်စပ်မှ လူအများ ကလည်း ဆရာ ဆရာနှင့်။ တခါတရံ ချက်ပြုတ် ထားသော ဖွယ်ဖွယ် ရာရာ ဟင်းကောင်း များနှင့်လည်း လာရောက် ဂါရ၀ပြု ကြသည်။
“စိတ်ဓာတ် ကလေး ဖြူစင် သန့်ရှင်းတယ်၊ ကျေးလက်က ဆရာဝန် သူငယ်ချင်းရယ်” ဟု ကျောင်းသား တပ်မတော် သားကြီး ကွယ်လွန်သူ တေးပြုစာဆို ထူးအိမ်သင်၏ သီချင်းကို ငှက်ဖျားသံနှင့် ဆိုခဲ့သည့် နေ့ရက် များအား အမှတ်ရနေ မိသေးတော့။
* * *
၂၂ နှစ်ကြာခဲ့ပြီဆိုသော်ငြား ပြန်တွေးလိုက်တိုင်း အမှတ်ရစရာများကား မနေ့တနေ့ကလိုပင်။ သေသောသူ ကြာပေမယ့်လည်း မမေ့နိုင်။ ပျောက်သောသူများကိုလည်း စာရင်း အင်းနှင့် စနစ်တကျ မှတ်တမ်းပြုစေချင်သည့် ဆန္ဒတို့သာ ရင်မှာ တိုးပွားလျက်။
သြော် ......... တခါက … ဒုက္ခက ပျားရည်လို ချိုသော နေ့ရက်တွေ ...........။
No comments:
Post a Comment