- Tuesday, 06 December 2011 00:00
- အကျိုးဆောင်ဂျာနယ်
ကွမ်းခြံကုန်း မြို့နယ်နေ အမျိုး သမီးတစ်ဦးမှာ နိုဝင်ဘာ ၁၈ရက် နေ့ နံနက်(၉း၃၀)အချိန်ခန့်တွင် သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် တစ်ရွာတည်းနေထိုင်သူ၏ မင်္ဂလာ ပွဲ၌ နံနက်(၃း၃၀)အချိန်ခန့်တွင် ဝိုင်းဝန်းလုပ်ကိုင်ပေးနေစဉ် မဏ္ဍပ်ခ ပေါ်၌ အိပ်ပျော်နေသည့် မိဘ အုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းရာ ပြည့်ဖြိုးအောင်(၁၈နှစ် က စက်ဘီးဖြင့်ခေါ်သွားကြောင်း သိရ၍ လိုက်လံရှာဖွေခဲ့သည်။ နံနက် ၇ နာရီအချိန်ခန့်တွင် သမီးဖြစ်သူကို ရွှာအရှေ့ဘက်ဓနိ တောအတွင်း သေဆုံးနေသည်ကို တွေ့ရသဖြင့် ပြညြ့်ဖိုးအောင် အ ပေါ် အရေးယူပေးရန် လက်ခုပ်ကုန်း ရဲစ ခန်းက (ပ) ၁၅/၁၁ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်း ဆီး စုံစမ်း ခဲ့သည်။ စုံစမ်းချက်အရ ၄င်းမှသေဆုံး သူကို စက်ဘီးဖြင့် ခေါ်သွားခဲ့ ကြောင်း ဓနိတောအရောက်နောက် မှလိုက်လာသည့် တင်မျိုးအောင် (၂၄နှစ်)တို့နှင့်အတူ သားမယားပြု ကျင့်ရန်ကြံစည်စဉ် အော်ဟစ်သဖြင့် ပါးစပ်ပိတ်လည်ပင်းညှစ်ရာက သေ ဆုံးခဲ့ကြောင်း သိရသည်။ အမှုကို သက်ဆိုင်ရာက ဆက်လက်စုံစမ်း လျက်ရှိကြောင်းသိရသည်။
No comments:
Post a Comment