Posted: 06 Dec 2011 01:41 AM PST
ဒလမြို့နယ် တသီးပုဂ္ဂလအမတ် ဦးဝင်းချို၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ဘောက်ဂျာ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝေဠု၊ ဦးမင်းအောင်နဲ့ ဦးစိုကြည်တို့က လွတ်လပ်စွာ ဆန္ဒပြခွင့်အတွက် ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားတာကို သက်ဆိုင်ရာက ဒီကနေ့မှာ ပယ်ချလိုက်ပါတယ်။ ဒဂုံမြို့နယ်မှုး အကြောင်းပြန်လာတဲ့ စာကို အောက်မှာဆက်လက်ဖတ်ရှုပါ။
သို့
ဦးဝင်းချို
ဒဂုံမြို့နယ်
အကြောင်းအရာ။ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း ကိစ္စ
ရည်ညွှန်းချက် ။ ။ ၅.၁၂.၂၀၁ ရက်စွဲပါ ဦးဝင်းချိုပါ ၆ ဦး၏ တောင်းခံစာ၁ ။ ဦးဝင်းချို၏ ရည်ညွှန်းစာပါ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတောင်းခံခြင်းသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ြ ငိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် အညီ လျှောက်ထားတောင်းခံခြင်းဖြစ်သော်လည်း အဆိုပါ ဥပဒေပုဒ်မ ၂၄ ၌ ပြဌာန်းထားသည့်အတိုင်းဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန် လိုအပ်သော နည်းဥပဒေ စည်းမျည်း(သို့)စည်းကမ်းများ လိုအပ်သောအမိန့်ကြေညာစာ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ပေးရဦးမည် ဖြစ်ပါသည်။
၂ ။ ဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ ရရှိပြီးမှသာငြိမ်းချမ်းစွာစုေ ၀းခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားမှုများအပေါ် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများကို နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှ င့် အညီ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။
၃ ။ သို့ဖြစ်ပါ၍ ရည်ညွှန်းစာပါ ဦးဝင်းချိုပါ ၆ ဦး၏ လျှောက်ထားတောင်းခံမှုကို ပုဒ်မ ၂၄ အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန်ပြီးမှသာပြန် လည်လျှောက်ထားရန် အကြောင်းကြားပါသည်။
ကိုယ့် အ မြင် ကိုယ့် အတွေး
ဥပဒေ ဘောင် အတွင်း ကငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ကို သက်ဆိုင်ရာကခွင့် မပြု နှိင် ဘူး ဆို ရင်၊ ဘာ အရေး လဲ...
ကိုယ့်ဆန္ဒဖော်ထုတ် ပြ ဆို ခွင့် ဆို တာ ကိုယ့် မွေး ရာ ပါ အခွင့် အရေး ပါ ဘဲ့၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ဆို တဲ့ အခွင့်
အရေး ကို ကလေး နဲ့  ခွေး တွေ တောင် သိ နေ ကြ တယ်။ ဆာ ရင် ငို မယ်၊ မကြေ နပ့် ရင် ဟောင် မယ်၊ အမြင် ကတ် လွန်း
ရင်၊ သတိ ထား အကိုက် ခံ ထိ မယ်။ ဘာ မှတ် နေ လဲ.....ဟွင်း....မပြော ချင် လို့  ကြည့် နေ တာ၊ ဘဝင် လေ မ ဟတ် နေ နဲ...
ပေး ပေး မ ပေး ပေး၊ ငါ့ အခွင့် ရေး တွေ ပြန် ပေး ...ဒါ ဘဲ့..ထိပ့် ပြောင် ရေ...
No comments:
Post a Comment